Friday, June 21, 2013

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။ 

အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါတယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။ 

Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွားမိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။

Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ်လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။ 

ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေတိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။ 

နောက်တော့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်းသမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံး သွားရရှာပါတယ်။ အလှကြောင့် သေတာ မဟုတ်ပါဘူး။ စကားကြောင့် သေတာပါ။

ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လိုအခြေအနေမျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါပြောဆိုခြင်းကို သတိထားရမယ်" ဆိုတာလေးပါ။ ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။ 
--
Ref: telegraph
International news for myanmar

.
http://www.innewsmyanmar.com/2013/06/tharpar.html
ရက်ရက်စက်စက်တော့လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက် စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

ဆေးဖက်ဝင် ခရမ်း ကစော့ပင်

ဆရာတော် ဦးဝီရသူအား Time မဂ္ဂဇင်းက "The Face of Buddhist Terror" ဟု ဖော်ပြထားချက်အပေါ် အမြင်များ

"Buddhist Terror လို့လုပ်တာက တော်တော်ဆိုးပါတယ်။ ဒီပြဿနာက နိုင်ငံခြားက လူတွေက မွတ်ဆလင်ဘက်ကနေ လိုက်တယ် ဘာညာဆိုတာကတော့ ရှိနေတာပေါ့ဗျာ။ ဗုဒ္ဓဘာသာ ဘက်ကလည်း

တိုင်းမ်းမဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး ရေးသားချက် ဆရာတော် ဦးဝီရသူ လက်မခံ

ဗုဒ္ဓဘာသာနဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ရှားလာသူ မန္တလေး မစိုးရိမ် တိုက်သစ်ကျောင်းတိုက်က ဆရာတော် အရှင်ဝီရသူကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာ

ကင်ဆာမဖြစ်အောင်နေထိုင်နည်း (၁၁)ချက်

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ် ၊ ကျီးပင်ကန်( အရှေ့) ရွာ အနီးမှာ အလေးချိန် ( ၁၆ ) ကျပ်သား ၀န်းကျင်းရှိတဲ့ နဂါးခေါင်းရုပ် ရွှေလက်ကောက် တစ်ကွင်း တွေ့ရှိခဲ့

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ် ၊ ကျီးပင်ကန်( အရှေ့) ရွာ အနီးမှာ အလေးချိန် ( ၁၆ ) ကျပ်သားဝန်းကျင်းရှိတဲ့ နဂါးခေါင်းရုပ် ရွှေလက်ကောက် တစ်ကွင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၀ ရက်နေ့ က လယ် ထွန်ယက် နေစဉ်မှာ လယ်သမားကြီး ဦးတင်ထွန်း ကတွေ့ရှိခဲ့တာဖြစ်ပြိး လက်ကောက်ကို မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို အပ်နှံ ခဲ့ ကြောင်းသိရှိရပါတယ်။ ရွှေအစစ်ဖြစ်ပေမဲ့ ရှေးဟောင်းပစ္စည်း ဟုတ်မဟုတ်ကို ရှေးဟောင်းသုတေသနကို ပို့ပြီး စစ်ဆေးမှာ ဖြစ်ပါတယ် ။ ပျူခေတ်လက်ရာလို တော့ အများက ခန့် မှန်းနေကြပါတယ်။

Credit to DVB TV News
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ် ၊ ကျီးပင်ကန်( အရှေ့) ရွာ အနီးမှာ အလေးချိန် ( ၁၆ ) ကျပ်သား ၀န်းကျင်းရှိတဲ့ နဂါးခေါင်းရုပ် ရွှေလက်ကောက် တစ်ကွင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၀

အနာဂတ်သယ်ယူပို့ ဆောင်ရေးတွင် အရေးပါလာမည့် မောင်းသူမဲ့ လေယာဉ်

ချောမွေ့သော ကားလမ်းမပေါ်မှ မောင်းနှင်ခြင်း မပြုဘဲ လမ်းကြမ်းကို သုံးသောကား များသည် လေးဘီး ယက်နှင့် ဧရာမ ထရပ်ကားကြီးများ ဖြစ်ကြသည်။

လှချင်၍ ဆံပင်ဆေးဆိုးရာမှ မျက်လုံးကွယ်၍ မျက်နှာအလှပါ ပျက်စီးခဲ့ရသည့် အမျိုးသမီး

လှချင်၍ ဆံပင်ဆေးဆိုးရာမှ မျက်လုံးကွယ်၍ မျက်နှာအလှပါ ပျက်စီးခဲ့ရသည့် အမျိုးသမီး 
================================== 

ဗြိတိန်မှ အမျိုးသမီးတစ်ဦး ၏အဖြစ်မှာ သိပ်လှချင်ကြသည့် ယနေ့ခေတ်အမျိုးသမီးလေးများ အတွက်
သင်ခန်းစာယူစရာပင် ဖြစ်သည်။ ဖြစ်ပုံမှာ အသက် ၂၅ နှစ်အရွယ်ရှိကားမင်းရိုးဟုအမည် ရသော
အမျိုးသမီးသည်သူမ၏ နီညိုရောင်ဆံပင်အား အရောင် ပြောင်းရန် အနက်ရောင်ကာလာ ဆိုးဆေးအသုံးပြုရာမှ
ဓာတ်မတည့် မှုများကြောင့် မျက်လုံးအမြင်များ ကွယ်၍ မျက်နှာတွင် ဖောင်းအစ် ပျက်စီးလာကာ
ဆေးရုံတက်ရောက် ကုသမှုခံခဲ့ရသည်။
ရိုးအသုံးပြုသော ဆိုးဆေးမှာ Claird nsice ဖြစ်ပြီးအသုံးမပြုခင် ဆိုးဆေးတွင်ဖော်ပြထားသော
အညွှန်းများအတိုင်း ၄၈ နာရီကြာ အရည်ပြားစမ်းသပ်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်းနှင့်
ယခုကဲ့သို့ ဖြစ်ရခြင်းကိုနားမလည်နိုင်ဟု သူမကဆိုသည်။
အသုံးပြုပြီးတစ် ရက်မပြည့်ခင်မှာပင် အမြင်များ ကွယ်သွားပြီးသူမ၏ဦးခေါင်းနှင့် မျက်နှာတွင်
ဖူးရောင်လာပြီး ဘောလုံးကြီးတစ်လုံးကဲ့သို့ပင်ခံစား ရကြောင်း The San သတင်းဌာန သို့ဆက်လက်ပြောကြားခဲ့သည်။

သူမ ဆေးကုသမှုခံယူသော ဆွမ်းဆီးရှိ မောရစ်ဆင်ဆေးရုံမှ အရေပြားဆရာဝန်မှ ဆိုးဆေးတွင် 
ပါဝင်သောဓာတုပစ္စည်းများနှင့် ဓာတ်မတည့်မှုကြောင်အရည်ပြား မှ ဆိုးဆိုးရွားရွားတုန့်ပြန်ခဲ့၍
ယခု ကဲ့သို့ဖြစ်ရကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

ခိုင်မာ
ဗြိတိန်မှ အမျိုးသမီးတစ်ဦး ၏အဖြစ်မှာ သိပ်လှချင်ကြသည့် ယနေ့ခေတ်အမျိုးသမီးလေးများ အတွက်

ကျောက်ဖြူမြို့ အနီး ပင်လယ်ပြင်တွင် မီးလောင်နေသည့် စက်လှေ တစ်စီးအား တပ်မတော်(ရေ)မှ ကယ်ဆယ်

၂၀-၆-၂၀၁၃ ရက်နေ့တွင် ကျောက်ဖြူမြို့ ဇင်ချောင်း၏ အနောက်ဘက် ပင်လယ်ပြင် တစ်ဝိုက်၌် စက်လှေ

ရခိုင်ဒေသ ဒုက္ခသည်များ ပြန်လည် မထူထောင်နိုင်သေး

မြောက်ကိုရီးယား နိုင်ငံ၏ စစ်စွမ်းအား

မြောက်ကိုရီးယား နိုင်ငံ၏ စစ်စွမ်းအား
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ နှလုံး ရောဂါဖြင့် သေ ဆုံးပြီး နောက်ပိုင်း ၎င်း၏အရိုက်အရာကို ဆက်ခံမည့် တတိယမြောက်သား ကင်ဂျုံအွန် (အသက် ၂၇ နှစ်)

ကရင်ပြည်နယ်ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှ ထွက်သော ဓာတ်အားကို အခြားတိုင်းပြည်သို့ေ၇ာင်းပါက လက်ခံမည်မဟုတ်ပါ DKBA တာဝန်ရှိသူပြောကြား

ကရင်ပြည်နယ်ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှ ထွက်သော ဓာတ်အားကို အခြားတိုင်းပြည်သို့ေ၇ာင်းပါက လက်ခံမည်မဟုတ်ပါ DKBA တာဝန်ရှိသူပြောကြား
Friday, June 21, 2013

မကြာသေးမီက ကရင်ပြည် နယ်၊ ကော့ကရိတ်ခရိုင်ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် တည်ဆောက် ဆဲဖြစ်သော ဟက်ကြီးရေအား လျှပ်စစ်စီမံကိန်းမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပြည်တွင်း၌မဖြည့်တင်းဘဲအခြား တိုင်းပြည်များသို့ တင်ပို့ရောင်းချ ပါက လက်ခံမည်မဟုတ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ D.K.B.A ကပြောသည်။

“အခုကျွန်တော်တို့ကြားနေ တာဟက်ကြီးရေအားလျှပ်စစ်စီမံ ကိန်းက ထွက်တဲ့လျှပ်စစ်ဓာတ် အား ၇၀ ရာခိုင်နှုန်း ထိုင်းကို ရောင်းမယ်။
မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းလောက်ပဲရမယ်လို့ကြား တယ်။

ဒီလိုဆိုရင်ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားလိုအပ်တဲ့ နေရာတွေအများကြီးရှိနေသေးတယ်။ ဒါကိုအစိုးရအနေနဲ့ ဒီဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းကထွက် တဲ့ ဓာတ်အားတွေကို မြန်မာ အတွက်အသုံးမချဘဲအခြားနိုင်ငံ တွေကိုရောင်းချမယ်ဆိုရင် ဘယ်လို မှလက်ခံမှာမဟုတ်ပါဘူး”ဟု တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် D.K.B.A မှစစ်ဗျူဟာ မှူးဗိုလ်မှူးဆန်းအောင်ကပြော သည်။

၂၀၁၀ ခုနှစ်တွင် တပ်မတော် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ D.K.B.A တို့သည် အပစ်အခက်ရပ်စဲနိုင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ အပစ်အခတ်အနည်း အငယ်ဖြစ်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံကထွက်တဲ့ သယံဇာတကို မြန်မာနိုင်ငံသားတွေ ပဲခံစားသင့်တယ်။ ဒါကိုမှ မဟုတ်ဘဲတစ်ခြားနိုင်ငံတွေကို ထုတ်ရောင်းမယ်ဆိုရင်မဟုတ်ဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ စီမံကိန်းတစ်ခုလုပ်တော့ မယ်ဆိုရင် ပြည်သူတွေကို အရင် မချပြဘူး။ မတိုင်ပင်ဘူး။ မဆွေးနွေး ဘူး။ စီမံကိန်းကို လုပ်ကိုင်တော့ မယ်ဆိုတော့မှ ပြည်သူတွေကို ချပြတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ ကျွန်တော်တို့တပ်တွေ အပစ်အခတ်တွေရှိခဲ့တယ်”ဟု ဗိုလ်မှူးဆန်းအောင်ကပြောသည်။

အိမ်နီးချင်းထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကိုမြန်မာနိုင်ငံ ကျေးရွာများအထိရောက်ရှိအောင် ဖြန့်ဖြူးပေးနိုင်သည့်နိုင်ငံတစ်ခုဖြစ် ကြောင်း သိရသည်။

ဖြိုးအောင်

hotnewsweekly
မကြာသေးမီက ကရင်ပြည် နယ်၊ ကော့ကရိတ်ခရိုင်ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် တည်ဆောက် ဆဲဖြစ်သော ဟက်ကြီးရေအား လျှပ်စစ်စီမံကိန်းမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အား များကို ပြည်တွင်း၌ မဖြည့်တင်းဘဲအခြား တိုင်းပြည်များသို့ တင်ပို့ရောင်းချ ပါက လက်ခံမည်မဟုတ်ကြောင်း တိုင်းရင်းသား

လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွင်း ပေါ်မှု ရဲ ၅ ဦးကို ဖမ်းပြီ

Photo: လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွင်း ပေါ်မှု ရဲ ၅ ဦးကို ဖမ်းပြီ
Friday, June 21, 2013

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိပ်တန်းလန်းဖြင့် သေဆုံးနေသော အမျိုးသမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့တလက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီး ထိမ်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ အမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်း နှင့် ဒုတပ်ကြပ် ကျော်လင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်း ချုပ်နှောင်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“ကောင်မလေး သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ၅ ဦးကို တိုင်းရဲရုံးမှာ ချုပ်ထားတယ်။ တိုင်းရဲမင်းကြီး အမိန့်နဲ့ ဖမ်းတာလား၊ ရဲချုပ်အမိန့်နဲ့ ဖမ်းတာလားတော့ မသိဘူး။ ရဲဥပဒေ အရတော့ သူတို့ ရာထူးက ပြုတ်ဖို့များတယ်။ ထောင်လည်း ကျနိုင်တယ်။ လက်ရှိမှာ စခန်းမှူးကိုလည်း မြို့နယ်ရဲမှူးက ခေါ်စစ်နေတယ်” ဟု သူက ရှင်းပြသည်။

လက်ထိပ်တန်းလန်းဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်ပြီး ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းမြင့်၊ ဒေါ်မြင့်မြင့်တို့ နေအိမ်မှ ရွှေထည်ပစ္စည်း ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက် ၃ ရက်အကြာ ဇွန်လ ၁၁ ရက်နေ့တွင် မသန်းသန်းအေးအား သင်္ဘောကျင်း ရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များက လာရောက် ဖမ်းဆီးခဲ့သည်။

“သူ့ယောက်ျား အဖမ်းခံရတော့ ကျနော့်သမီးကို ကျနော်နေတဲ့ ထိန်ချောင်အုပ်စု လက်ပံရွာကို ခေါ်ထားတယ်။ နောက်ရက် လည်း ကျရော ရဲ ၇ ယောက်က သေနတ်တွေနဲ့ ကျနော့်တဲကို လာဝိုင်းတယ်။ ပြီးတော့ တဲထဲမှာ ရွှေတွေကို ၀င်ရှာတယ်၊ မတွေ့ဘူး။ မတွေ့တော့ ပြန်ခါနီးမှာ ကျနော့်သမီး မသန်းသန်းအေးကို ခဏ မေးစရာရှိလို့ပါ၊ ဘာမှ မဖြစ်စေရဘူး၊ ညတွင်းချင်း ပြန်ပို့ပေးပါမယ်ဆိုပြီး ဒုရဲအုပ် နိုင်အောင်ကျော်က အာမခံတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မှတ်ကလည်း တာဝန် ယူပါတယ်ဆိုလို့ သူတို့နဲ့ ထည့်ပေးလိုက်တယ်” ဟု မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းက ဧရာဝတီကို ပြောသည်။

မသန်းသန်းအေးအား ရဲများက ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း)၊ ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရွှေထည် ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ချုပ်နှောင်စစ်ဆေးခဲ့ကြောင်း ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီ ၁၇ ရက်နေ့က သပြေပင်ရွာမှာ ကောင်မလေးက ပစ္စည်းလိုက်ပြတော့ ရေငုပ်သမားတွေ ခေါ်ပြီးသွားတယ်။ ရွာ ရောက်တော့ ကောင်မလေးပြတဲ့ နေရာမှာ ငုပ်တယ်။ ရွှေထည် ပစ္စည်းတွေ မတွေ့ဘူး။ နောက်ထပ် ၂ နေရာလောက် ပြတယ်၊ ငုပ်တယ်၊ မတွေ့ဘူး။ အဲဒါနဲ့ မှောင်လာတော့ ရွာကပြန်လာကြတယ်။ ကြက်တန်းကူးတို့နား ရောက်တော့ ကောင်မလေး ခြေထောက်က ခြေကျင်းကို ညာဘက်က ကွင်းဖြုတ်ပြီး ဘယ်ဘက်မှာ ၂ ကွင်း ခတ်လိုက်တယ်။ လက်မှာက ရိုးရိုးလက်ထိပ် ၁ ကွင်း၊ ကြိုးလက်ထိပ်က ၁ ကွင်း ခတ်ထားတယ်။ အဲဒါနဲ့ ကောင်မလေးက ရဲတွေအလစ်မှာ လှေနံရံပေါ်ကနေ ရေထဲကို ပက်လက် လှန်ချလိုက်တာ လိုက်ဆွဲတာ မမီတော့ဘူး။ အဲဒါနဲ့ ရဲတွေလည်း ဒိုက်ဗင်ထိုးပြီး ရေထဲ လိုက်ဆယ်ပေမယ့် မမီတော့ဘူး” ဟု အခင်းဖြစ်ခဲ့သည့် စက်လှေပေါ်တွင် အတူလိုက်ပါ စီးနင်းခဲ့သူ ပုသိမ်မြို့တဘက်ကမ်း အမှတ် ၉ ရပ်ကွက်မှ ဆယ်အိမ်မှူး ကိုငယ်ဇော်က ပြောသည်။

၁၇ ရက်နေ့ညတွင် မသန်းသန်းအေး ရေထဲ ကျသွားသည့်ဖြစ်ရပ်အား သင်္ဘောကျင်း စခန်းမှ ရဲအရာရှိများက သက်ဆိုင်ရာ မိဘဆွေမျိုးများထံ လုံးဝ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးပြည်သိမ်းက ဆိုသည်။

“ကျနော့်သမီးကို မြက်တိုကနေ အသည်ကြီးစခန်း (အမှတ် ၁ ရဲစခန်း) ကို ရွှေ့ထားတုန်းက အချုပ်မို့လို့ ထမင်းကို နေ့တိုင်း လာပို့ပါဆိုလို့ ထမင်းနေ့တိုင်း ပို့တယ်။ ဒါပေမယ့် သမီးကိုတော့ တွေ့ခွင့်မရခဲ့ဘူး။ ၁၈ ရက်နေ့ကျတော့ သင်္ဘောကျင်း စခန်းမှာ ထမင်း လာပို့တော့ ဟိုဘက်ကမ်းက ထောင်ကြီးချုပ်ကို ပို့ထားလိုက်ပြီ၊ နောက်နေ့တွေ ထမင်း လာမပို့နဲ့တော့လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့လည်း ရွာပြန်ရောက်ရော ဘေးကနေ သူများပြောလို့ လူကိုယ်တိုင် လိုက်လာပြီးစုံစမ်းတော့မှ ကျနော့်သမီး ဆုံးပြီဆိုတာ သိတာ။ ရဲက ကျနော်တို့ဆီ လုံးဝ အကြောင်းမကြားခဲ့ပါဘူး” ဟု သူက ပြောသည်။

ဇွန် ၁၇ ရက်နေ့ ည ၇ နာရီဝန်းကျင် ခန့်က ရေနစ်သေဆုံးသွားခဲ့သည့် မသန်းသန်းအေး၏ သက်မဲ့ ခန္ဓာကိုယ်မှာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်ထိပ် ၃ ခု ခတ်လျှက်သား အနေအထားဖြင့် ပြန်ပေါ်လာခဲ့ပြီး ပုသိမ်မြို့ခံများ ရာနှင့်ချီ၍ လာရောက် ကြည့်ရှုကြသည်။

ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ မသန်းသန်းအေးအား ဒုရဲအုပ် နိုင်အောင်ကျော်က ရိုက်နှက် စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေများ သပြေပင် ကျေးရွာတွင် ရှိကြောင်း၊ ရိုက်နှက်သည့် ဒဏ်ကို မခံနိုင်သည့် အဆုံး ယခုကဲ့သို့ ရေထဲခုန်ချ အဆုံးစီရင် သွားသည်ဟု ထင်မိကြောင်း မသန်းသန်းအေး၏ မိသားစုဝင်များက ပြောသည်။

ကွယ်လွန်သူ မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းနှင့် အစ်မဖြစ်သူ မမွှေးမွှေးဦး တို့အား ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်က ယမန်နေ့တွင် ခရိုင်ရဲရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

“သူ အားလုံးကို စိစစ်ပေးပါ့မယ်၊ အမှန်အတိုင်း ဖြစ်စေရမယ်၊ ဥပဒေအရ အရေးယူပေးပါ့မယ်လို့ ပြောတယ်။ ကျနော့် သမီးနဲ့ ပတ်သက်လို့ ငွေကြေးတစုံတရာ ကူညီထောက်ပံ့ခြင်းတော့ မရှိပါဘူး” ဟု ဦးပြည်သိမ်းက ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်ထားမှုများ၊ မသန်းသန်းအေး၏ အမှုဖြစ်စဉ်များ သိရှိ နိုင်ရန်အတွက် ဧရာဝတီက ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်အား တွေ့ဆုံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဦးဇော်ဝင်းကျော်က လက်ခံတွေ့ဆုံခြင်း မရှိပေ။

ကွယ်လွန်ခဲ့ပြီဖြစ်သည့် မသန်းသန်းအေး၏ ရုပ်အလောင်းအား ယမန်နေ့ နေ့လည် ၂ နာရီက ပုသိမ်မြို့ရှိ လူမှုကွန်ရက်များ၊ မြို့ခံများနှင့် ဂရုဏာ နာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာ သင်္ဂြိုဟ်ကုန်း သုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်။

သင်္ဘောကျင်း ရဲစခန်းမှ “ပြစ်မှုအမှတ် ၄၂/ ၂၀၁၃၊ ပုဒ်မ ၃၀၈ တို့ဖြင့်စွဲ၍ တရားခံအဖြစ် ဖမ်းဆီးခံထားရသော မအသန်း (ခ) မသန်းသန်းအေးသည် ဇွန်လ ၁၇ ရက်နေ့က ဘ၀တပါးသို့ ကူးပြောင်းသွားသည့်အတွက် ၎င်းအား ချုပ်နှောင်ထားသော အချုပ်မှ လွှတ်လိုက်သည်” ဟူ၍ အမိန့်ပြန်တမ်း ထုတ်ပေးခဲ့သော်လည်း သုဿာန်တွင် မြေချချိန်၌ ပြန်တမ်းလိုက်ပါ ရွတ်ပေးခြင်း မရှိသည့်အတွက် ပုသိမ်မြို့မှ ကွန်ရက်အဖွဲ့ဝင် တဦးက ပြန်တမ်းကို ဖတ်ကြားပေးခဲ့ရသည်။

လက်ရှိတွင် မသန်းသန်းအေး၏ ခင်ပွန်း ကိုနန်းဝင်းအား ပုသိမ်မြို့ရှိ ထောင်ကြီးချုပ်တွင် ချုပ်နှောင်ထားပြီး ယခုလ ၂၅ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ
လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ ဧရာဝတီ)
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိပ်တန်းလန်းဖြင့် သေဆုံးနေသော အမျိုး သမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့တလက်ကမ်း သင်္ဘော

အကျင့်ပျက် ရဲများကို ပြည်သူက ဝိုင်းဝန်းဖမ်းဆီး

ယမန်နေ့ ညနေ(၆)နာရီခန့်တွင် ကလေးမြို့၊ ရပ်ကွက်တစ်ခုမှ ကြက်စာဆိုင်ပိုင်ရှင်၏ ခြံဝင်းအတွင်းသို့ လိုင်စင်မဲ့ကားရှိမရှိ စစ်ဆေးမည်ဟုဆိုကာ ခြံအတွင်းသို့ ခွင့်ပြုချက် မရဘဲ ကျော် ၀င်ပြီး ငွေလေး သိန်း တောင်းသည့် မြို့နယ်ရဲစခန်းမှရဲတပ်သားနှစ်ဦးကို အထက်ချင်းတွင်း ဒေသလူငယ်များ ကွန်ယက်က

21.6.2013 မှ 27.6.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
ဆန္ဒမစောနှင့်။ ဆုံးဖြတ်ချက်မမြန်နှင့်။ အခြေအနေ တစ်ခု အတွက် အချိန်တစ်ခုစောင့်လိုက်ပါ။ သင်ကံကောင်းလာပါလိမ့်မည်။ တစ်ချိန်က မျှော်လင့်ထားခြင်းများ ယခု တစ်ပတ်အတွင်း ကောင်း သတင်း

Sexy ခန်းတွေကိုလည်း လိုအပ်ရင် ရိုက်ရလိမ့်မယ်လို့ ဆိုလာတဲ့ ခန့်စည်သူ

 
ဂျာနယ်များ၊ သတင်းမီဒီများ နှင့် အင်တာနက်စာမျက်နှာများတွင် လက်ရှိ မြန်မာဗီဒီယိုဇာတ်ကားများ ပွင့်လင်းလာမှုကို ဝေဖန်မှုများစွာနဲ့ ရေးသားဖွဲ့နွဲ့ထားကြတာကိုလည်းတွေ့ရပါတယ်။ တစ်ချို့က လက်ခံ

နေ့စဉ်မိုးလေ၀သသတင်း၊ (၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း

အမျိုးသမီးများကို ခွဲခြား မဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်

အမျိုးသမီးများကို ခွဲခြား မဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်
Friday, June 21, 2013

အမျိုးသမီးများကို ခွဲခြား မဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်သရုပ်ဆောင် အဆိုတော် စန္ဒီမြင့် လွင်က အမျိုးသမီးများ ခွဲခြား ဆက်ဆံ ခြင်းကို မကြိုက်ကြောင်း ပြောသည်။ ”မိန်းမတွေ မို့လို့ နောက်မှာ ပဲနေရမယ် ဆိုတာမျိုးကို ဒီးဒီ မကြိုက်ဘူး။ ငယ်ငယ်တုန်း က သင်တန်းတွေ တက်ရင် မိန်းကလေး က သတ်သတ် နေရ တယ် ။ ယောက်ျားလေး က သတ်သတ်နေရ တယ်။ တို့ယောက်ျားလေးက ပိုမြင့်တယ် ပြောကြတယ်။

ယောက်ျားတွေ အလုပ် လုပ်နိုင်သလို မိန်းကလေးလည်း အလုပ် လုပ်နိုင် ရမယ်လို့ ထင်တာပဲ။ အဲဒီလိုဖြစ် သင့်တာ ကြာပါပြီ။ နိုင်ငံတကာ မှာလည်း မိန်းကလေးတွေ ရင်ပေါင် တန်းပြီး ရှေ့ ကနေ အမြဲ ရပ်နိုင်တာတွေ ရှိတာပါပဲ”ဟု ၄င်း က ဆိုသည်။

”ဒီးဒီတို့ စဆိုချိန်က ဆိုရင် ပိုဆိုး တယ်။ ဟစ်ဟော့ပ် လိုင်းကိုဆိုတဲ့ မိန်း ကလေး တအား နည်းတယ်။ ဘယ်နေရာ သွားသွား ဟစ်ဟော့ပ် ဆိုရင် အမျိုးသား တွေက များတယ်။ တီးဝိုင်း သမားတွေ လည်းပါတော့ မိန်းကလေးက ဒီးဒီတစ် ယောက်တည်းရယ်။ ခက်ခဲတာပေါ့။ ကိုယ့်သီချင်းကို ကြိုက်မှ ကြိုက်ပါ့မလား။ နယ်ပရိ သတ်တွေ ဆို ပိုဆိုးတယ်။

ဒါပေမဲ့ ပရိသတ်တွေ ကိုယ့်ကို ဆိုစေချင်လို့ကို ငှားတာလေ။ ကိုယ့်သီချင်းကို သိအောင် ဟစ်ဟော့ပ် သီချင်းတွေကို ပရိသတ်တွေ သိအောင် ကြိုးစားပြီး ဆိုလာ ရတယ်။ နောက်ပိုင်း ကျတော့ နယ်တွေမှာ ပွင့် လင်းမြင်သာ ပြီးတော့ ဟစ်ဟော့ပ်ကို ပို ပြီး နားလည် လက်ခံလာကြပါတယ်”ဟု ၄င်းက ပြောသည်။

နေပြည်တော်က ကျောက်မျက်ပြပွဲ မှာ ဖျော်ဖြေဖို့ ရှိသလို နယ်ရှိုးပွဲတွေနဲ့ ဘန်ကောက် မှာလည်း ဖျော်ဖြေရေးသွား ရောက်ဖို့ ရှိကြောင်း၊ လတ်တလော မှာ သူ့ရဲ့တတိယ တစ်ကိုယ်တော် အခွေ အ တွက် သီချင်းတွေ စုနေသလို အတွဲခွေ အတွက်လည်း သီချင်းတွေ ပါဝင်သီဆို ပေးဖို့ရှိကြောင်း စန္ဒီမြင့်လွင်က ပြောသည်။

Popular News
အမျိုးသမီးများကို ခွဲခြားမဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်က အမျိုးသမီး

အိန္ဒိယမှာ ရေကြီးလို့ လူတွေ သေ

အိန္ဒိယမှာ ရေကြီးလို့ လူတွေ သေ
Friday, June 21, 2013

အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဥတ္တရာခန်ပြည်နယ်မှာ မိုးတွေကြီးပြီး ရေလျှံတက်လာလို့ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပြီး တဲ့နောက် ရေတွေဝိုင်းလို့ ပိတ်မိနေတဲ့ နေတဲ့ လူတွေကို ကယ်ဆယ်ဖို့ ပြည်နယ်အာဏာပိုင်တွေ ကြိုးစားနေကြပါတယ်။

လမ်းတွေ ရေလွှမ်း အိမ်တွေ ရေထဲ မြောပါကုန်လို့ လူပေါင်း ၆ သောင်းကျော်လည်း ရေတွေထဲမှာ ပိတ်မိနေကြပါတယ်။ ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ဘာဟူကူးဒနားကတော့ ရေကြီးမှုတွေကို ဟိမဝန္တာ ဆူနာမီလို့ ခေါ်ဝေါ်ခဲ့ပြီး သေဆုံးမှုတွေ အများကြီး ပိုတိုးလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အိန္ဒိယစစ်တပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးဆောင်နေပါတယ်။ အဓိက အာရုံစိုက်နေကြတဲ့ နေရာကတော့ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ ကေဒါနတ်သ်မြို့ပါ။ အဲဒီကို ရောက်နေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဘုရားဖူး တော်တော်များများလဲ ပျောက်ဆုံးနေပါတယ်။

မြို့ထဲက နာမည်ကြီး ဟိန္ဒူဘုရားကျောင်း တချို့လည်း ရေနဲ့ မျောပါသွားတဲ့ အဆောက်အဦကပါသွားပြီး ကျန်နေသေးတဲ့ ဘုရားကျောင်းတွေမှာလည်း ရေတွေ ရွှံ့တွေ နဲ့ ဖုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးတွေသည်းပြီး ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းလည်း နည်းနေလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကြာသပတေးနေ့မနက်က ရပ်နားထားရပါသေးတယ်။အနားက ဥတာပရာဒက်ရှ်၊ ဟိမာချာ ပရာဒက်ရှ် နဲ့ နီပေါနိုင်ငံတွေမှာလည်း မိုးကြီး ရေလျှံတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

BBC
အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဥတ္တရာခန်ပြည်နယ်မှာ မိုးတွေကြီးပြီး ရေလျှံတက်လာလို့ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပြီး တဲ့နောက် ရေတွေဝိုင်းလို့ ပိတ်မိနေတဲ့ နေတဲ့ လူတွေကို ကယ်ဆယ် ဖို့ ပြည်နယ်

ဦးဝီရသူတို့ ဦးဆောင်ပြီး ကျင်းပမယ့် မျိုးစောင့်ဥပဒေညီလာခံကို သီတဂူဆရာတော်တက်ရောက်မည်

ဦးဝီရသူတို့ ဦးဆောင်ပြီး ကျင်းပမယ့် မျိုးစောင့်ဥပဒေညီလာခံကို သီတဂူဆရာတော်တက်ရောက်မည်

21/6/2013

မြန်မာနိုင်ငံမှာ အခုတလော ရေပန်းစားနေတဲ့ ဥပဒေ။ “မျိုးစောင့်ဥပဒေ”တဲ့။ နာမည်လေးကိုက လေးစားစရာကောင်းတယ်။ ဒါကိုမှ မကြိုက်ဘူးဆိုရင် အမျိုးမစောင့်သူ၊ ဒါမှ မဟုတ်၊ သစ္စာမဲ့နိုင်ငံသားပဲ ဖြစ်မှာပါ။

ပြည်သူတွေကတော့ သောသောညံအောင် ထောက်ခံနေကြပြီ။ ဒါပေမဲ့ တချို့ နိုင်ငံရေးသမားဆိုသူတွေကတော့ “မကြိုက်ရေးချ မကြိုက်”တဲ့။ ပြဿနာ မရှိပါ။

ပြည်သူတွေရဲ့ ဆန္ဒနှင့် ကိုက်ညီရင် အဲဒီဥပဒေဟာ အတည်ဖြစ်တာပဲ။
အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြဋ္ဌာန်းဖြစ်ဖို့အတွက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာ “မျိုးစောင့်ဥပဒေညီလာခံကြီး”ကို ခြိမ့်ခြိမ့်သဲကျင်းပတော့မယ်။

ဒီပွဲမှာ သာသနာ့ဦးသျှောင် ဖြစ်သော သီတဂူဆရာတော်ကြီးက တက်မယ်တဲ့။ ဆရာတော်ကြီးကလဲ တက်တက်ကြွကြွပါပဲ။

သီတဂူဆရာတော်ဆိုတာ . . .

အမျိုးသားရေးအတွက်ဆိုရင် နောက်မဆုတ်၊ ပြောသင့်က ပြော၊ ရေးသင့်ကရေး။ ဆိုရေးရှိက ဆိုအပ်လှ၏ မဟုတ်လား။

မိတ္ထီလာအရေးအခင်းတုံးကလည်း “ကုလားဆိုတာ ဧည့်သည်၊ မြန်မာဆိုတာ အိမ်ရှင်”ဆိုပြီး နိုင်ငံရေးသမားတွေကို အသိပေးခဲ့။

လက်ပတောင်းအရေးအခင်းတုံးက ဒုက္ခရောက်ခဲ့ကြတဲ့ သံဃာလေးတွေကို ဆရာတော်သည် အခုထိ ဆေးကုပေးနေဆဲပါပဲ။ ဖြစ်ခါစကတော့ နိုင်ငံရေးသမားတွေ လာလိုက်ကြတာ။ စိတ်မကောင်းဘူးတို့၊“ နိုငံရေးလောကမှာ သံဃာမပါရင် မပြီးဘူး”တဲ့။

ပြောလိုက်ကြတဲ့ စကားလုံးလှလှလေးတွ။ အခုတော့ နိုင်ငံရေးသမားတွေ ဘယ်ရောက်လို့ ရောက်မှန်း မသိတော့။

အခု ၂၄-ရက်နေ့မှာ မလေးရှားမှာ ကြွမြန်းတော်မူမည်။ ဘာ့ကြောင့် မွတ်စလင်ကုလားတွေရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒေါ်လာ တွေ သွားလှူတော့မယ်။

အမျိုးအတွက်ဆိုရင် ရှေ့တန်းက မားမားမတ်မတ် ရပ်တော်မူတဲ့ဆရာတ်ာကြီးပါ။ လူ့အခွင့်အရေးသမားတွေ ဘယ်ရောက်နေကြလဲ။ အပေါ်ယံရွှေမှုန့်ကြဲတွေပါလား။

ဒီကနေ့ အင်းစိန်ညီလာခံကြီးကို စီစဉ်နေကြတဲ့ သံဃာတွေကို မိန့်တယ်။

“လူ့အခွင့်အရေးဆိုတာ ဥပဒေ မဟုတ်ပါဘူး။ အမိန့်ပေးလို့ မရပါဘူး၊ သူတို့ဖာသာသူတို ကြိုက်သလောက် အော်ပါစေ၊ ငါတို့ကတော့ “အမျိုးသားရေးဝါဒ” ကို ဆုပ်ကိုင်ထားရမယ်”ဆိုတာပါပဲ။

Ashin Dayweinda
မြန်မာနိုင်ငံမှာ အခုတလော ရေပန်းစားနေတဲ့ ဥပဒေ။ “မျိုးစောင့်ဥပဒေ”တဲ့။ နာမည်လေးကို က လေးစားစရာကောင်းတယ်။ ဒါကိုမှ မကြိုက်ဘူးဆိုရင် အမျိုးမစောင့်သူ၊ ဒါမှ မဟုတ်၊ သစ္စာမဲ့နိုင်ငံ သားပဲ ဖြစ်မှာပါ။

မြန်မာနိုင်ငံ အပြောင်းအလဲအချို့မှာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောကြား

မြန်မာနိုင်ငံ အပြောင်းအလဲအချို့မှာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောကြား

Thursday, 20 June 2013 23:42 

၈၈ မျိုးဆက်အဖွဲ့ ဗြိတိန်ခရီးစဉ်တွင် ဘီဘီစီ အသံလွှင့်ဌာန၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားနေစဉ် (ဓာတ်ပုံ-၈၈ မျိုးဆက် Facebook)

မြန်မာနိုင်ငံ အပြောင်းအလဲကို အများကြီး ပြောင်းလဲသည်ဟု စွဲမှတ်မထားသင့်ကြောင်း၊ အချို့မှာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားသည်။

ယင်းကဲ့သို့ ပြောကြားမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ဗြိတိန်ခရီးစဉ်အဖြစ် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိစဉ် ဇွန် ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ဘီဘီစီ အသံလွှင့်ဌာနမှ သတင်းသမားများနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းသမား တစ်ဦးက မြန်မာနိုင်ငံ၏ လတ်တလော ပြောင်းလဲမှုများအား အဓိက အကြောင်းအရင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဦးမင်းကိုနိုင်က မြန်မာပြည်သူလူထု တစ်ရပ်လုံးက အပြောင်းအလဲကို လိုလားတဲ့အပြင် ပြောင်းလဲမှုများအတွက် အားထုတ် ကြိုးပမ်းမှုများလည်း ရှိခဲ့သဖြင့် မပြောင်းမဖြစ် ပြောင်းလဲခဲ့ရသည့် အခြေအနေ ရောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း အများကြီး ပြောင်းလဲတယ်လို့ စွဲမှတ်မထားသင့်ကြောင်း၊ အပြောင်းအလဲ တချို့ဟာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားခဲ့သည်။

ထို့ပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် နိုင်ငံရေး ပါတီဖွဲ့ရန် ဆွေးနွေးဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ ၈၈ မျိုးဆက်အဖွဲ့မှ လွှတ်တော်တွင်း ၀င်လိုသူများ ရှိပါကလည်း ခွဲခြားတာဝန် ခွဲဝေမှုဖြင့် လုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် အရပ်ဘက် အဖွဲ့အစည်းများ ဖွံ့ဖြိုးရန် အင်မတန် အရေးကြီးကြောင်း၊ ၎င်းအနေဖြင့် လွှတ်တော်ပြင်ပ နိုင်ငံရေး၊ ပြည်သူ့ ဒီမိုကရေစီတို့တွင် အာရုံစိုက်ကာ တစိုက်မတ်မတ် လုပ်မည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ဆိုသည်။

ဗြိတိန်အစိုးရ၏ ဖိတ်ကြားမှုအရ ဗြိတိသျကောင်စီနှင့် ဗြိတိသျှသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် သွားရောက်ခဲ့သည့် ယခုခရီးစဉ်တွင် ၈၈ မျိုးဆက်များ အနေဖြင့် ဗြိတိန် အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး ၀န်ကြီးများနှင့် တွေ့ဆုံခြင်း၊ ဗြိတိသျှပါလီမန် လွှတ်တော်သို့ သွားရောက်ကာ ပါလီမန်ဆိုင်ရာ အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘက်ကင်ဟမ်နန်းတော်သို့ သွားရောက်လေ့လာခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေ့လာရန်အတွက် မြောက်အိုင်ယာလန်သို့ လည်းကောင်း၊ ပညာရေးဆိုင်ရာ လေ့လာမှုများအတွက် ဥထ်သမိ တက္ကသိုလ်သို့ လည်းကောင်း သွားရောက်လေ့လာမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်ရောက် မြန်မာမိသားစုများဖြင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိသျှကောင်စီသို့ သွားရောက်ပြီး လူမှုအဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံ ဆွေးနွေးကြမည်ဟု သိရသည်။
၈၈ မျိုးဆက်အဖွဲ့ ဗြိတိန်ခရီးစဉ်တွင် ဘီဘီစီ အသံလွှင့်ဌာန၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားနေစဉ် (ဓာတ်ပုံ-၈၈ မျိုးဆက် Facebook)
မြန်မာနိုင်ငံ အပြောင်းအလဲကို အများကြီး ပြောင်းလဲသည်ဟု စွဲမှတ်မထားသင့်ကြောင်း၊ အချို့မှာ

အခြေခံပညာအတန်းများအားလုံး စာမေးပွဲအကျမရှိသည့်စနစ် ကျင့်သုံးရန် လွှတ်တော်တွင်ဆွေးနွေးမည်

သူငယ်တန်းမှ အထက်တန်း ပြီးဆုံးသည်အထိ ကျောင်းသားများအားလုံး စာမေးပွဲအကျပေးခြင်း မရှိသော

ပုဂံအာနန္ဒာဘုရား ဆင်းတုတော်ရှေ့ ကြမ်းပြင်ဖောင်းကြွ လာခြင်းကို ရှေးဟောင်း သုတေသနမှ စောင့်ကြည့် လေ့လာခဲ့

6.20.18
ပုဂံ ရှေးဟောင်းနယ်မြေရှိ အာနန္ဒာဘုရား ဆင်းတုတော်ရှေ့ရှိ ကြမ်းခင်းကြွေပြား ဖောင်းကြွ လာသည် ကို တွေ့ရစဉ်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား (အေဒီ၁၁ရာစု) အတွင်း လိုဏ်ပတ်လမ်း၊ အရှေ့ဘက်

မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား အများစု နေရပ်မပြန်လိုဘဲ ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်ကတ်ပြား ရရှိရန် စောင့်စားနေ

မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန လက်အောက်ရှိ ထိန်းသိမ်းရေး စခန်းများတွင် ဖမ်းဆီး ခံထား

မလေးရှားနိုင်ငံ၌ စာချုပ်ဖြင့် လုပ်ကိုင်နေရသော မြန်မာအလုပ်သမားများ ပြည်တော်ပြန်လိုပါက လျော်ကြေးပေးရန် မလေးရှား လုပ်ငန်းရှင်များ တောင်းဆို

မလေးရှားနိုင်ငံသို့ ရောက်ရှိပြီး စာချုပ်ဖြင့် တရားဝင်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ စာချုပ် သက်တမ်း မပြည့်မီ မြန်မာနိုင်ငံ ပြန်လိုပါကလျော်ကြေးပေးပြီးမှ ပြန်ရန် မလေးရှား လုပ်ငန်းရှင်

သရုပ်ဆောင်မေဇွန်အား အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ လချမှတ်

6.20.21
သရုပ်ဆောင်မေဇွန်အား အမိန့်ချမှတ် ပြီးနောက် ခေါ်ဆောင်လာစဉ်
အိမ်အကူမလေး သေဆုံးမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခြင်း ခံထား