Saturday, July 26, 2014

သပြေတောကျေးရွာအုပ်စုတာဝန်ခံ အသတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို မဖမ်းဆီးနိုင်သေး

မောင်တော၊ ဇူလိုင် ၂၅- ဇူလိုင် ၁၆ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ အစည်းအဝေးတက်ရောက် ရန် လာစဉ် လမ်းတွင် အသတ်ခံခဲ့ရ သည့် သပြေတောကျေးရွာအုပ်စု တာဝန်ခံအသတ်ခံရမှုနှင့်ပတ်သက် ၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး မှု မပြုနိုင်သေးကြောင်း ရဲအရာရှိ တစ်ဦးကပြောကြားသည်။ကျေးရွာအုပ်စုတာဝန်ခံအား သတ်ဖြတ်ခဲ့သူများကို သက်ဆိုင်ရာ မှ စုံစမ်းဖော်ထုတ်ရရှိပြီးဖြစ်ပြီး အ ဆိုပါပြစ်မှုကျူးလွန်သူများမှာ တစ် ရွာတည်းနေ သပြေတောကျေးရွာမှ မာမောက်ဟာရှိန် ၄၅နှစ်၊ မာမောက် ဇူဘိုင် ၂၅နှစ်၊ အာမီအူလာ ၃၂နှစ် နှင့် နုမာမောက် ၄၅နှစ်တို့ လေး ဦးဖြစ်ပြီး ပြစ်မှုကျူးလွန်သူများမှာ ယခုအချိန်အထိ ထွက်ပြေးလွတ် မြောက်နေ ဆဲဖြစ်ကြောင်း သိရသည်။''မောင်တောနယ်စပ်ဒေသတွင် ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများလွယ် လင့်တကူ ထွက်ပြေးလွတ်မြောက်နေ ခြင်းမှာ တစ်ဖက်နိုင် ငံသို့ အလွယ် တကူထွက်ခွာနိုင်ခြင်းကြောင့် ဖြစ် ပါတယ်။ ပြစ်မှုကျူးလွန်သူတွေက မလုပ်ခင်ကတည်းက ထွက်ပြေးဖို့ အတွက် အဆင်သင့်လုပ်ပြီးသားဖြစ် မှာပါ။ သတ်ပြီးတာနဲ့ တစ်ခါတည်း တစ်ဖက်နိုင်ငံကိုကူးလိုက်ရင် လောင်း လှေနဲ့တောင် တစ်နာရီလောက်ပဲ ကြာပါတယ်''ဟု မြို့ခံတစ်ဦးကပြော ကြားသည်။ယင်းသို့ မောင်တောနယ်စပ် ဒေသတွင် ပြစ်မှုကျူးလွန်ပြီး တစ် ဖက်နိုင်ငံသို့ ထွက်ပြေးနေသူများမှာ တစ်ဖက်နိုင်ငံမှဖမ်း ဆီးရမိပါက လုံ ခြုံရေးဝန်ထမ်းများ နှိပ်စက်မှုကြောင့် ထွက်ပြေးလာရသည်ဟု လိမ်လည် ပြောဆိုမှုများ ရှိနေကြောင်း သိရ သည်။
Democracytoday

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တတိယအဆင့်အထိ တည်ဆောက်မှုပြီးစီး

အရင်စစ်အစိုးရလက်ထက်က စတည်တည်ဆောက်လာတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကို အဆင့်လေးဆင့်နဲ့ အကောင်အထည်ဖော်နေရာမှာတော့ လက်ရှိမှာတတိယအဆင့်ထိ ရောက်ရှိလာပြီလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဇူလိုင်(၂၂)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒီလိုနယ်စပ်ခြံစည်းရိုးခတ်ခြင်းကို မြန်မာနိုင်ငံကတာဝန်ယူ တည်ဆောက်နေတာဖြစ်ပြီး တစ်ဖက်နိုင်ငံကနေ ခိုးဝင်မယ့်သူတွေ ပပျောက်သွားနိုင်ရေး အလေးထားဆောင်ရွက် နေတယ်လို့လည်းပြောပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိစပ်မှုဟာ ပင်လယ်ပြင်နဲ့ ကုန်းမြေနှစ်မျိုးလုံးမှာရှိနေပြီး စုစုပေါင်းနယ်စပ်အရှည် ၁၆၉ မိုင်ရှည်လျားပါတယ်။အဲ့ဒီနယ်စပ်ခြံစည်းရိုး ကာရံမှုတွေမှာတော့ လုံခြုံရေးကင်းစခန်းတွေနဲ့ နယ်စပ်မှတ်တိုင်တွေကိုလည်း တစ်ဆင့်နဲ့တစ်ဆင့် တိုးမြှင့်တည်ဆောက်နေတယ် လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာတော့ လက်ရှိအနေအထားအရ လူဝန်မှု ကြီးကြပ်ရေးဦးစီးဌာနကလည်း တစ်ဖက်နိုင်ငံမှ ၀င်ရောက်လာသူများနဲ့ တစ်ဖက်နိုင်ငံကို ထွက်ခွာသူများကို စနစ်တကျစစ်ဆေးနေပြီး တရားမ၀င်ဖြတ်ကျော် ၀င်ရောက်မှုများတွေ့ရှိပါက ချက်ချင်းအရေး ယူ ဆောင်ရွက် မှုတွေပြုလုပ်နေပါတယ်။ 
Credit To>>ME

MECTel 800 MHz ဖုန်းများ ထပ်တိုးဝန်ဆောင်မှုနှစ်ခုလျှောက်နိုင်

MECTel 800 MHz မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုနှစ်ခုကို စတင်လျှောက်ထားအသုံးပြုနိုင်ပြီ
ဖြစ်ရာ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် အထိ အခမဲ့သုံးစွဲနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ယခင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှရောင်းချပေးနေသည့် GSM နှင့် WCDMA မိုဘိုင်းဖုန်းများတွင်သာ လျှောက်ထားအသုံး ပြုနိုင်သည့် VMS (Voice Mail Service)နှင့် MCA (Missed Call Alert)ဝန်ဆောင်မှုများကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ရောင်းချပေးနေသည့် MECTel မိုဘိုင်းဖုန်းများတွင် စတင်ဝန် ဆောင်မှုရပြီဖြစ်သည်။‘၂၅ ရက်ကနေ ၃၁ ရက်အတွင်း အသုံးပြုမယ်ဆိုရင် Free အသုံးပြုလို့ရမှာပါ။ ဩဂုတ် ၃၁ ရက်ကစပြီးတော့ လစဉ်ကြေး ဖြတ်မှာပါ’’ဟု 1876 Call Center မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။VMS(Voice Mail Service)ဝန်ဆောင်မှုအသုံးပြုလိုသူများ အနေဖြင့် နံပါတ် ၂၃၃ သို့ Open VMS ဟု ရိုက်နှိပ်ပြီး မက်ဆေ့ခ်ျ ပေးပို့လျှောက်ထားနိုင်ပြီး MCA (Missed Call Alert)ဝန်ဆောင်မှု အတွက် နံပါတ် ၂၃၃ သို့ Open MCA ဟု မက်ဆေ့ခ်ျပို့လျှောက် ထားနိုင်ရာ ထိုဝန်ဆောင်မှုနှစ်ခုအတွက် လစဉ်ကြေးအဖြစ် ၁,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။

အော်ရီဒူး(မြန်မာ)ဆက်သွယ်ရေးကွန်ရက်စမ်းသပ်မှုများပြုလုပ် သြဂုတ်၁ရက်မှစ၍ မြို့ကြီးသုံးမြို့၌ဆင်းမ်ကတ်များရောင်းချပေးမည်


အော်ရီဒူး(မြန်မာ)သည် ¤င်း၏ အရောင်းကိုယ်စားလှယ်များနှင့် မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက် စမ်းသပ်ခေါ်ဆိုမှုများကို ယမန်နေ့ တွင် စတင်ပြုလုပ်လျက်ရှိပြီး သြဂုတ် ၁ ရက်မှစ၍ မြို့ကြီး သုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့၌ စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။ကမ္ဘာအရပ်ရပ်ရှိ မိုဘိုင်းလ် ဆက်သွယ်ရေးလုပ်ငန်းများ၏ လုပ်ထုံးများအတိုင်း ဝန်ဆောင်မှု များနှင့် မိုဘိုင်းလ်ဆက်သွယ်ရေး ကိရိယာများ၊ဖုန်းများကို လူထုထံသို့ စတင်မိတ်ဆက်ခြင်းမတိုင်မီ လူ အများကိုဖိတ်ခေါ်၍ ကွန်ရက်ကို စမ်းသပ်စစ်ဆေးသည့်အနေဖြင့် ခေါ်ဆိုမှုများပြုလုပ်ခြင်းဖြစ်ကြောင်း အော်ရီဒူး(မြန်မာ)၏အရောင်းဌာန ဆိုင်ရာညွှန်ကြားရေးမှူးဦးမြင့်ဇော် က ပြောသည်။''အခုလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ မိုဘိုင်းလ်ဆက် သွယ်ရေးကွန်ရက်ရဲ့ စွမ်းဆောင် ရည်တွေ ပိုမိုကောင်းမွန်လာစေပါ တယ်။ ပြီးတော့လုပ်ငန်းအားလုံး ကောင်းကောင်းမွန်မွန်လည်ပတ် ဖို့လဲသေချာသွားပါမယ်။ လူတစ် ဦးချင်းစီကရော ကျွန်တော်တို့ရဲ့ Contact စင်တာကရော၊ ကိုယ် စားလှယ်တွေကရော ပေးလာမယ့် အသေးစိတ် တုံ့ပြန်ချက်တွေကို ကောက်ခံနေပါတယ်။ ဒါမှလဲဘယ် နေရာမှာလိုအပ်ချက်တွေရှိနေသလဲ ဆိုတာသိပြီး ဝန်ဆောင်မှုတွေစတင် မိတ်ဆက်တဲ့အချိန်မှာ အကောင်း ဆုံးဝန်ဆောင်မှုတွေကို အသုံးပြုနိုင် မှာဖြစ်ပါတယ်''ဟု၎င်းကပြောသည်။

ခရီးသည်တစ်ဦး သောင်းကျန်းမှုကြောင့် ကနေဒါ လေယာဉ်ကို တိုက်လေယာဉ်များ စောင့်ရှောက်ပျံသန်းခဲ့ရ

လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ခြိမ်းခြောက် ရန်လိုမှုကြောင့် ကနေဒါ ခရီးသည်တင် လေယာဉ်တစ်စီးကို လေတပ် တိုက်လေယာဉ်များက ခြံရံစောင့်ရှောက်ခဲ့ရကြောင်း သိရှိရသည်။
Sunwing လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ် အမှတ်(၇၇၂)သည် တိုရန်တိုမြို့မှ ပနားမားနိုင်ငံသို့ ဇူလိုင်(၂၅)ရက်နေ့က ဦးတည်ပျံသန်းခဲ့သော်လည်း ထိန်းမနိုင်သိမ်းမရ သောင်းကျန်းနေသည့် ခရီးသည် တစ်ဦးကြောင့် တိုရန်တိုသို့ ပြန်လှည့်လာကာ ဆင်းသက်ခဲ့ရသည်။ လေယာဉ်ပျံတက်သွားပြီး (၄၅)မိနစ်မျှ အကြာတွင် လေယာဉ်မှူးက ထိန်းသိမ်းရေး မျှော်စင်သို့ အခြေအနေကို အကြောင်းကြားခဲ့သည့်နောက် F16 ဂျက်တိုက်လေယာဉ် နှစ်စီးက ခရီးသည် (၁၈၁)ဦးနှင့် အမှုထမ်း(၆)ဦး ပါရှိသည့် လေယာဉ်ကို ဘေးတစ်ဖက်တစ်ချက်မှ ခြံရံပြီး လေဆိပ်သို့ ဆင်းသက်ချိန်အထိ လိုက်ပါ စောင့်ရှောက်ခဲ့ရသည်။

PR စနစ်ကို ပြည်သူ့လွှတ်တော်တွင် သုံးရက်တိုင်တိုင် ဆွေးနွေးမည်ဟု သူရဦးရွှေမန်းပြော


ပီအာ စနစ်ကို ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် သုံးရက်တိုင်တိုင်ဆွေး နွေးမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အများစု၏ထောက်ခံမှုဖြင့် ပြည်သူ့ လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမည့် စနစ်တစ်ခု ဖော်ဆောင် နိုင်ရေး ပီအာစနစ်ကျင့်သုံးရေးအဆို အား လွှတ်တော်တွင် ဆွေးနွေးရန် ကိုယ်စားလှယ် ၄၇ ဦးမှ တင်ပြ ထား ခြင်းကြောင့် ဆွေးနွေးမည့်ကိုယ်စား လှယ်ဦးရေနှင့်ဆွေးနွေးရန် အချိန်တို့ ကြောင့် ဇူလိုင် ၂၅ရက်တွင် ကျင်းပ သည့် ပြည် သူ့  လွှတ်တော် အစည်းအ ဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်၏သ ဘောတူ ညီချက်ဖြင့် ယင်းကဲ့ သို့ ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ကန့်ကွက်ဆွေးနွေးမယ့်သူနဲ့ ထောက်ခံဆွေးနွေးမယ့်သူ မျှနေတာ တွေ့ရပါတယ်''ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။
PR စနစ် ပြောင်းလဲကျင့်သုံးပါ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့် ကျင်ရာ၊ ကျော်လွန်ရာရောက်ကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း တိုင်း ရင်းသားလွှတ်တော်ကိုယ်စားလှယ် များမှ ဆွေးနွေးတင်ပြခဲ့သည်။

ဇာတာခွင်ကပြောပြတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ကာရိုက်တာများ

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကို ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ကွန်ပျူတာဖြင့် ဇာတာဖွဲ့လိုက်သောအခါ ထိုနေ့တွင် နေမင်းခေါ် တနင်္ဂနွေဂြို ဟ်သည် မိဿရာသီ၌ ဥစ်မူလျက်ရှိပြီး လမင်းခေါ်တနလာင်္ ဂြိုဟ်လည်း မိမိပိုင်အိမ် ကရကဋ်ရာသီတွင် ကသစ်စံလျက် ရှိပေသည်။ ခြင်္သေ့မင်းခေါ် အင်္ဂါဂြိုဟ်က ကုမ် ရာသီတွင် ရန်အသွင်ဆောင်ကာ မင်းမူလျက်ရှိပြီး ကြာသပတေးဂြိုဟ်က သိဟ်ရာသီတွင် Retro အပြန်သွားနေပါသည်။ ဗုဒ္ဓဟူး သောကြာနှစ်လုံးလုံး Retro အပြန် သွားနေပြီး မိန်ရာသီတွင် နိစ်၊ ဥစ်တွဲလျက် ရှိပါသည်။ စနေ၊ ရာဟုတို့ မေထုန်ရာသီတွင် ပူးယှဉ်နေပြီး ကိတ်ဂြိုဟ်ကတော့ ဓနုရာသီတွင် ရပ်တည်နေပါသည်။
ထို့ကြောင့် သမ္မတကြီးသည် ကိုယ် နေဟန် တည်တံ့သလောက် စိတ်မြန်လွန်း၏။ မြန်သော်လည်း မှန်မှန်ဣနြေ္ဒ မပျက်သွားလာတတ်ပါသည်။ ကိုယ် တိုင်စီမံရမှ ကျေနပ် တဲ့သဘော ရှိပါ သည်။ တာဝန်နှင့်ဝတ္တရားအရ လုပ်ငန်းများဆောင်ရွက်ရာတွင် စေ့စပ်သေချာ တတ်ပေသည်။ လက်ထဲရောက်လာ သော အခွင့်အလမ်းများကို မလွတ် တမ်း ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ပါသည်။ ထူးခြားသော အတွေးသစ် အမြင်သစ် များရှိပြီး ယင်းအတွေးများကို ဖော်ထုတ်နိုင်စွမ်းလည်း ရှိပါသည်။ စိတ်တန်ခိုး ပါဝါ ထက်မြ က်ပြီး ရဲစွမ်းသတ္တိရှိပါသည်။