Thursday, November 20, 2014

တပ်မတော်သားများသည် နိုင်ငံသားများဖြစ်သည့်အတွက် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ဟု တပ်မတော်သားကိုယ်စားလှယ် တုံ့ပြန်

တပ်မတော် သားများသည်လည်း နိုင်ငံသားများ ဖြစ်သည့်အတွက် နိုင်ငံရေးတွင် ပါ ဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်ဒုတိယဗိုလ်မှူးကြီးငွေစိုးက ပြည်ထောင်စုလွှတ်တော်တွင် ပြော ကြားခဲ့သည်။

နိုဝင်ဘာ ၁၉ရက်တွင်ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေးပြောဆိုရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

UWSA မှာ တရုတ်လုပ် ခေတ်မီ ဒုံးကျည်တွေ ရှိနေကြောင်း စစ်ရေးမဂ္ဂဇင်း ဖော်ပြ

Photo: UWSA မှာ တရုတ်လုပ် ခေတ်မီ ဒုံးကျည်တွေ ရှိနေကြောင်း စစ်ရေးမဂ္ဂဇင်း ဖော်ပြ
Thursday, November 20, 2014

UWSA ဝပြည်သွေးစည်းလုံးညီညွတ်ရေး တပ်မတော် မှာ တရုတ်နိုင်ငံလုပ် အနီအောက်ရောင်ခြည်သုံး FN-6 ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်တွေ ပိုင်ဆိုင်နေပြီလို့  ဂျိမ်းစ် စစ်ရေးမဂ္ဂဇင်းက ဖော်ပြပါတယ်။ တတိယ မျိုးဆက်နည်းပညာနဲ့ ထုတ်လုပ်ထား တဲ့ လေကြောင်း ရန်ကာကွယ်ရေး FN-6 ဒုံးကျည်တွေကို UWSA တပ်မှာ မြင်တွေ့ ခဲ့ရသူတစ်ဦးရဲ့ပြောဆိုချက်ကို ကိုးကားရေးသားထားတာဖြစ်ပါတယ်။

အဲ့ဒီဒုံးကျည်ဟာ အမြင့်မီတာ ၃၅၀၀ အထိ ပစ်ခတ် နိုင်ပြီး၊ ပစ်လွှတ်လိုက်တဲ့အခါမှာ နေရောင်ခြည် သက်ရောက် မှု၊ လောင်ကျွမ်းမှု နဲ့  လေထုတွင်းပွတ် တိုက်အားအပူတွေကို ခံနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ပုံမှန်တပ်အင်အား ၂ သောင်းလောက်ရှိမယ် လို့ ခန့် မှန်းရတဲ့ UWSA အဖွဲ့ က ဒီလက်နက်ကို ဘယ်ကာလလောက်ကတည်းက ရရှိနေခဲ့တာလဲဆိုတာ မသိရပေမဲ့၊ အဲ့ဒီအဖွဲ့ မှာ အပေါ့စားလက်နက်ငယ်တွေ အမြောက်အများနဲ့  လက်နက်ကြီးတွေလည်းရှိနေသလို၊ တရုတ်နိုင်ငံလုပ် သံချပ်ကာယာဉ်တွေ၊ ရဟတ်ယာဉ် အသေးစားတွေလည်း ပိုင်ဆိုင်ထားတယ်လို့  ဆိုပါတယ်။FN-6 လေယဉ်ပစ်ဒုံးတွေကို ဆီးရီးယားသူပုန်တွေက ၂၀၁၃ အစောပိုင်းလောက်မှာ အသုံးပြုခဲ့တယ် လို့သိရပါတယ်။

RFA
UWSA ဝပြည်သွေးစည်းလုံးညီညွတ်ရေး တပ်မတော် မှာ တရုတ်နိုင်ငံလုပ် အနီအောက်ရောင်ခြည်သုံး FN-6 ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်တွေ ပိုင်ဆိုင်နေပြီလို့ ဂျိမ်းစ် စစ်ရေးမဂ္ဂဇင်းက ဖော်ပြပါတယ်။ တတိယ မျိုးဆက်နည်းပညာနဲ့ ထုတ်လုပ်ထား တဲ့ လေကြောင်း ရန်ကာကွယ်ရေး FN-6 ဒုံးကျည်တွေကို UWSA တပ်မှာ မြင်တွေ့ ခဲ့ရသူတစ်ဦးရဲ့ပြောဆိုချက်ကို ကိုးကားရေးသားထားတာဖြစ်ပါတယ်။

KIO ဌာနချုပ် သေဆုံးသူတွေထဲမှာ ABSDF အဖွဲ့က၂ ယောက်ပါဝင်

ကေအိုင်အို ဌာနချုပ် အနီးရှိ ဗိုလ်လောင်းသင်တန်းကျောင်းကို အစိုးရတပ်က မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ် လို့ ကေအိုင်အို ဗိုလ်လောင်း ၂၀ ကျော်သေဆုံးသွားခဲ့ရာမှာ၊ အဲ့ဒီမှာသင်တန်းတက်နေတဲ့ ABSDF မြောက် ပိုင်းကျောင်းသားတပ်မတော်အဖွဲ့ က ၂ ယောက်လည်း ပါဝင်တယ်လို့ သတင်းရရှိပါတယ်။

မနေ့နေ့လည်ပိုင်းက လိုင်ဇာမြို့အရှေ့ဖက် ကေအိုင်အို ဗိုလ်လောင်း သင်တန်းကျောင်း ကို စကခ ၃ လက်အောက် ခံတပ်တွေ နေရာယူထားတဲ့ ခါယာတောင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့

ပျဉ်းမနားမြို့နယ် ရွှေပြည်သာယာကျေးရွာတွင်အသက် ၁ဝ၈ နှစ်အရွယ် သက်ရှည်အဘွားတစ်ဦးရှိနေ

Photo: ပျဉ်းမနားမြို့နယ် ရွှေပြည်သာယာကျေးရွာတွင်အသက် ၁ဝ၈ နှစ်အရွယ် သက်ရှည်အဘွားတစ်ဦးရှိနေ
Thursday, November 20, 2014

ပျဉ်း မနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ အုပ်စု ရွှေပြည်သာယာကျေးရွာတွင် အသက် ၁ဝ၈ နှစ်အရွယ်ရှိ အဘွား ဒေါ်သောင်းသည် သမီးဖြစ်သူဒေါ် တင်ရွှေ ၅၆နှစ် နှင့်နေထိုင်လျှက် ရှိကြောင်း သိရသည်။

အသက် ၁ဝ၈နှစ် အရွယ်ရှိပြီ ဖြစ်သည့် အဘွားဒေါ်သောင်းသည် မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ် ဝါ ဆိုလဆန်း ၁၃ ရက်နေ့တွင် အဖ ဦးကြောင်၊ အမိဒေါ်အေးပုံတို့မှ ပျဉ်းမနားမြို့နယ် သစ်ဆိပ်ပင်ကျေး ရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံး ယောက်ရှိသည့်အနက် အဘွားဒေါ် သောင်း အသက် ၁ဝ၈နှစ် တစ်ဦး သာ ကျန်ရှိတော့ကြောင်း သိရသည်။

အဘွားဒေါ်သောင်းသည် ခင် ပွန်းဖြစ်သူ ဦးရှင်(ကွယ်လွန်)နှင့်သား သမီး ၁၂ ယောက် ကျားသုံးယောက် မ ကိုးယောက် မွေးဖွားခဲ့ပြီး သမီး ဖြစ်သူ ဒေါ်တင်ရွှေ အသက် ၅၆နှစ် တစ်ဦးသာကျန်ရှိကာ ယခုအခါ သ မီးဖြစ်သူ ဒေါ်တင်ရွှေသည် ခင်ပွန်း ဦးလှမြင့်နှင့် နေထိုင်လျက်ရှိသည်။

သမီးဖြစ်သူ ဒေါ်တင်ရွှေက''အ ခု အမေအဘွားဒေါ်သောင်းက အ သက် ၁ဝ၈နှစ်ရှိပြီ ဆိုတော့ မျက်စိ လည်းမမြင်၊ နားလည်းမကြားတော့ ဘူး၊ အမေက ကျန်းမာရေးကောင်း ပေမယ့် ဘယ်ဘက်ခြေထောက်ပေါင် ရိုးကျိုးနေတော့ သွားလို့လာလို့တော့ မရဘူး။ အမေ့ကို ကျွန်မတို့ကပဲ ပြုစု စောင့်ရှောက်ထားရတာပေါ့''ဟု ဒီမို ကရေစီတူဒေးသို့ ပြောသည်။

ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ် ကျေးရွာအုပ်စု ရွှေပြည်သာယာကျေး ရွာ ရာအိမ်မှူး ဦးချစ်ကိုကလည်း အဘွားဒေါ်သောင်း အသက် ၁ဝ၈ နှစ်ရှိပြီဆိုတာ မှန်ပါတယ်။ အဘွား ဒေါ်သောင်းဆီမှာ မှတ်ပုံတင် PMA- 070786 အထောက်အထားတွေ လည်း ရှိတယ်''ဟု ဒီမိုကရေစီတူဒေး သို့ ပြောသည်။

ယခုအခါ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ မြန်မာနိုင်ငံရှိ အသက် ၁ဝဝ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက် ရေးစီမံချက်ဖြင့် စစ်တမ်းကောက်ယူမှုများ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

MO
Yangon  Media Group
ပျဉ်း မနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ အုပ်စု ရွှေပြည်သာယာကျေးရွာတွင် အသက် ၁ဝ၈ နှစ်အရွယ်ရှိ အဘွား ဒေါ်သောင်းသည် သမီးဖြစ်သူဒေါ် တင်ရွှေ ၅၆နှစ် နှင့်နေထိုင်လျှက် ရှိကြောင်း သိရသည်။

အသက် ၁ဝ၈နှစ် အရွယ်ရှိပြီ ဖြစ်သည့် အဘွားဒေါ်သောင်းသည် မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ် ဝါ ဆိုလဆန်း ၁၃ ရက်နေ့တွင် အဖ ဦးကြောင်၊ အမိဒေါ်အေးပုံတို့မှ ပျဉ်းမနားမြို့နယ် သစ်ဆိပ်ပင်ကျေး ရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံး ယောက်ရှိသည့်အနက် အဘွားဒေါ် သောင်း အသက် ၁ဝ၈နှစ် တစ်ဦး သာ ကျန်ရှိတော့ကြောင်း သိရသည်။

မယ်ကမ္ဘာပြိုင်ပွဲ ဝင်ပြိုင်မည့် ဟွန်ဒူးရပ်စ် အလှမယ် အသတ်ခံရ

Photo: မယ်ကမ္ဘာပြိုင်ပွဲ ဝင်ပြိုင်မည့် ဟွန်ဒူးရပ်စ် အလှမယ် အသတ်ခံရ
Thursday, November 20, 2014

လန်ဒန်မှာ ကျင်းပမယ့် မယ်ကမ္ဘာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရက်ပိုင်းအလိုမှာ ပျောက်ဆုံးနေတဲ့ ဟွန်ဒူးရပ်စ် အလှမယ်ကို သူ့ညီမနဲ့အတူ အသတ်ခံထားရတာကို ပြန်တွေ့ပြီလို့ ရဲက နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောပါတယ်။အသက် ၁၉ နှစ်အရွယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒိုကို သူ့ညီမ ဆိုဖီယာနဲ့အတူ တောင်ထူတဲ့ စန်တာဘာဘရာဒေသ မြစ်တခုဘေးမှာ မြုပ်ထားတာ တွေ့ခဲ့တာလို့ ရာဇဝတ်မှု စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ခေါင်းဆောင် လေအန်ဒရို အိုစိုရီယိုက ပြောပါတယ်။

သူတို့နဲ့ အတူ လူသတ်ပစ္စည်းနဲ့ သူတို့ကိုမြုပ်မယ့်နေရာကို သယ်လာတဲ့ ကားတို့နဲ့အတူ တွေ့ခဲ့တာလို့ အာဏာပိုင်တွေက မီဒီယာကို ပြောပါတယ်။ ဒီရာဇဝတ်မှုကို အလှမယ်ရဲ့ ညီမဖြစ်သူရဲ့ ရည်းစား ပလူတာကို ရူးအိစ်က လုပ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး အာတူရို ကော်ရေးစ်က ဟွန်ဒူရပ်စ်မီဒီယာကိုပြောပါတယ်။

ရဲတွေက ရူးအိစ်နဲ့ အာရစ် မာလ်ဒိုနာဒိုလို့ခေါ်တဲ့ တခြားယောက်ျားတယောက်ကို နိုဝင်ဘာ ၁၈ ရက်နေ့က ပစ္စတိုသေနတ် ၂ လက်နဲ့အတူ ဖမ်းခဲ့ပါတယ်။

“ပါတီပွဲမှာ သူတို့ညီအမနဲ့ အနီးဆုံးမှာ ရှိတဲ့လူအဖြစ် စဉ်းစား ဖော်ထုတ်နိုင်ခဲ့တယ်၊ ဒီအမှုကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးနေတုန်းပဲ” လို့ ဒုရဲမင်းကြီး ရိုလန်ဒို ကက်စ်ကိုက ပြောပါတယ်။

ဟွန်ဒူးရပ်စ်အလှမယ်ဟာ ဧပြီလက မယ်ကမ္ဘာပြိုင်ပွဲဝင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ သံတမန် ဖြစ်ချင်သူ ကျောင်းသူတယောက်ပါ။

ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့လူသတ်မှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံပါ။ လူအယောက် ၁ သိန်းမှာ အယောက် ၉၀ အသတ်ခံရလေ့ရှိပြီး ဗင်နီဇွဲလား၊ ဘေလိုက်ဇ်နဲ့ အယ်လ်ဆာဗေဒို နိုင်ငံတွေရဲ့ လူသတ်မှုနှုန်းထက် ၂ ဆ ရှိပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ အလယ်အမေရိကနိုင်ငံ ဟွန်ဒူးရပ်စ်အထဲကို မက်ဆီကို မူးယစ်ဂိုဏ်းတွေ လတ်တလောနှစ်တွေအတွင်း နယ်ချဲ့ခဲ့တာပါ။ တောင်အမေရိကက ကိုကင်းတွေ အမေရိကန်နိုင်ငံဆီ တင်ပို့ ကုန်ကူးခဲ့လို့ အကြမ်းဖက်မှုတွေ ပိုတိုးလာခဲ့ပါတယ်။

DVB
လန်ဒန်မှာ ကျင်းပမယ့် မယ်ကမ္ဘာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရက်ပိုင်းအလိုမှာ ပျောက်ဆုံးနေတဲ့ ဟွန်ဒူးရပ်စ် အလှမယ်ကို သူ့ညီမနဲ့အတူ အသတ်ခံထားရတာကို ပြန်တွေ့ပြီလို့ ရဲက နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောပါတယ်။အသက် ၁၉ နှစ်အရွယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒိုကို သူ့ညီမ ဆိုဖီယာနဲ့အတူ တောင်ထူတဲ့ စန်တာဘာဘရာဒေသ မြစ်တခုဘေးမှာ မြုပ်ထားတာ တွေ့ခဲ့တာလို့ ရာဇဝတ်မှု စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ခေါင်းဆောင် လေအန်ဒရို အိုစိုရီယိုက ပြောပါတယ်။

ဖမ်းဆီးခံ မြန်မာ ၂ ဦးကို ရမန်ထပ်ယူချုပ်နှောင်ထားမှု ကန့်ကွက်မည်

Koa Toa
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးရဲ့ ပဉ္စမမြောက် ရမန်ကို ကန့်ကွက်သွားမယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ဒီကနေ့ မနက် ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့အချိန်မှာတော့ ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ဦးဟာ အကျဉ်းဦးစီးဌာနကားနဲ့ ပါလာပြီး  တရားရုံးအချုပ်ကို ရောက်ရှိလာပြီလို့ ပြောပါတယ်။

အင်ဂျင်နီယာ ဘီအီးဘွဲ့ ၆ နှစ်သင်တန်းများ စဖွင့်လှစ်တော့မည်

Universaty Mone Ywar
သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ နည်းပညာတက္ကသိုလ်တွေမှာ အခု ပညာသင်နှစ်ကစပြီး အင်ဂျင်နီယာဘွဲ့(ဘီအီး) ၆ နှစ်သင်တန်းတွေ စတင်သင်ကြားပေး တော့မယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောပါတယ်။လက်ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံ ဂျီတီအိုင်ကျောင်း ၁၀ ကျောင်းအပြင် အခု စာသင်နှစ်မှာ ဂျီတီအိုင်ကျောင်း ၁၀ ကျောင်း ထပ်မံ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် မှာ နောက်ထပ် ဂျီတီအိုင်ကျောင်း ၁၀ ကျောင်း ထပ်ပြီး ဖွင့်လှစ်သွားမယ်လို့လည်း မီဒီယာတွေနဲ့ မနေ့က တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြောသွားတာပါ။

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်းကျေးရွာအနီးတွင် တပ်မတော်နှင့်ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်းကျေးရွာအနီးတွင် တပ်မတော်မှ ခလရ (၆၆)နှင့် ကေအိုင်အေတပ်ရင်း (၂၆ )တို့  နိုဝင်ဘာ ၁၉ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နှစ်ဖက်တပ်များသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၃ နာရီခွဲဝန်းကျင်တွင် စတင်ဖြစ်ပွားခဲ့ပြီး နံနက် ၇ နာရီကျော်တွင် ပြီးဆုံးသွားကြောင်း သိရသည်။ မိုင်းနောင်းကျေးရွာအနီးတွင်ဖြစ်ပွားမှုကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်မှုရှိခဲ့ပြီး နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းတွင် ပြည်လည်တည်ငြိမ် လာကြောင်း ဒေသခံများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

တစ်ဒေါ်လာကို ကျပ် ၁၀၈၀ အထိရောက်လာ၊ ဒေါ်လာလဲနှုန်းကိုဈေးကစားခြင်းမပြုရန် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များအား ခေါ်ယူဆွေးနွေးသတိပေး

ရက်ပိုင်းအတွင်း ဆက်တိုက်ဈေးမြင့်တက်လာသော ဒေါ်လာလဲနှုန်းနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးရန်နှင့် ဈေးကွက်အတွင်း မလိုအပ်ဘဲ ဈေးကစားခြင်းမပြုလုပ်ရန် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နိုဝင်ဘာ ၁၉ ရက်မှာ ခေါ်ယူဆွေးနွေးသတိပေးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။

လိုင်ဇာမြို့အနီး ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းရှိ သင်တန်းသားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ၂၂ ဦးသေဆုံးပြီး ၁၄ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ကချင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ အရှေ့မြောက်ဘက် ငါးမိုင်ကျော်အကွာတွင် တည်ရှိသော ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဗိုလ်သင်တန်းကျောင်းရှိ သင်တန်းသားများသည် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ ခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ၂၂ ဦး သေဆုံးပြီး ၁၄ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ပေးကမ်းမှုအများဆုံး နိုင်ငံများတွင် အမေရိကန်နှင့် မြန်မာ ထိပ်ဆုံးက နေရာယူ

ဝါရှင်တန်− ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်သည့် အမေရိကန်သည် ကမ္ဘာပေါ်တွင် ပေးကမ်းကူညီမှု အများဆုံး နိုင်ငံဖြစ်နေခြင်းမှာ အံ့ဩစရာတော့မဟုတ်ပေ။ သို့သော် ယင်း ထိပ်ဆုံးနေရာကို ဘားမားခေါ် မြန်မာနိုင်ငံကလည်း အလားတူရရှိထားလေသည်။

ဒီမိုကရေစီကူးပြောင်းရေး ရုန်းကန်နေရသည့် လူ့အခွင့် အရေး ဖိနှိပ်မှုဖြင့် လုံးလည်ချာ လည်လိုက်နေသည့် အစိုးရနှင့် သူ၏ သန်း ၅၀ သော လူထု အတွက်မဖြစ်နိုင်ဟု ထင်စရာရှိ နေသည်။ သို့သော် မြန်မာတို့ သည် သူတို့ပိုင်ဆိုင်သောငွေကို အလှူအတန်းပြုရာတွင် အမြင့် မားဆုံးဖြစ်ကြောင်း ကမ္ဘာ့ပေး လှူခြင်းအညွှန်းကိန်း၏ (၅)ကြိမ် မြောက် နှစ်ပတ်လည်မှတ်တမ်း တွင် ဖော်ပြသည်။ ကမ္ဘာအနှံ့ အလှူငွေများပေးနေသည့် Chari−table Aid Foundation America က ယင်းစုံစမ်း သုတေသနပြု လုပ်ချက်ကို ပံ့ပိုးခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗကပ ကွန်မြူနစ် UG များ ကျောင်းသားလှုပ်ရှားမှုထဲ စိမ့်ဝင်နေပြီလား

Photo: ဗကပ ကွန်မြူနစ် UG များ ကျောင်းသားလှုပ်ရှားမှုထဲ စိမ့်ဝင်နေပြီလား
Thursday, November 20, 2014

ယနေ့အချိန်တွင် မြန်မာနိုင်ငံအမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်သည်ဟုဆိုကာ ကျောင်းသား လူငယ်အချို့ဆန္ဒပြ တောင်းဆိုနေသည်ကို အားလုံးတွေ့မြင်ကြရမည်ဖြစ်ပေသည်။ ဥပဒေမူကြမ်းသည် ဗဟိုချုပ်ကိုင်မှု များလွန်းသည်ဟုဆိုကာ လမ်းမပေါ်ထွက်၍ဆန္ဒပြခဲ့ကြသော ကျောင်းသားလူငယ်အချို့မှာ ဆန္ဒဖော်ထုတ်ရာမှ တစ်ဖြေး ဖြေး သပိတ်အသွင်ဆောင်လာခဲ့ပြီး တောင်းဆိုသံများမှတဆင့်ခြိမ်းခြောက်သံများ၊ တိုက်ပွဲဝင် မည်ဆိုသောအသံများကို လည်းကြားသိခဲ့ရပြန်ပါသည်။ ထို့အပြင်ပိုမိုဆိုးရွား လာသည်ကတော့ ဒီမိုကရေစီအရေခြုံထားသော ဗကပ ကွန်မြူနစ် သရုပ်သကန်များ တစ်ဖြေးဖြေး ရုပ်လုံးကြွလာသည်ကို တွေ့မြင်လာရခြင်းပင်ဖြစ်ပေသည်။ 

ပြိုကွဲသွားသော ဗကပ ကွန်မြူနစ်ဝါဒီများထဲမှအချို့သည် ယနေ့အချိန်ထိမြေအောက်အဖွဲ့အစည်းများ အဖြစ် ရှင်သန်နေဆဲဖြစ်ပြီး ၁၉၈၈ ကာလများကဲ့သို့ ပြန်လည်အသက်သွင်းရန် အမြဲတစ်စေကြံစည်နေသူများလည်းဖြစ်ကြပေ သည်။ ယခုလို ကျောင်းသားလှုပ်ရှားမှုမျိုးတွင် ၎င်းတို့အနေဖြင့် စိမ့်ဝင်သွေးထိုးကာ ကွန်မြူနစ်ဝါဒကို အသက်သွင်း လာကြခြင်းဖြစ်ပေသည်။ ကျွန်ပ်အနေဖြင့် ဆန္ဒဖော်ထုတ်နေသော ကျောင်းသားကျောင်းသူများကို ဗကပ ဟုစွတ်စွဲ နေခြင်းမဟုတ်ပါ။ ဆန္ဒဖော်ထုတ်သူများထဲတွင် အမှန်တကယ်ပင် ပညာရေးမူကြမ်းကို ပြုပြင်လိုသည့် ရိုးရှင်းသောစိတ် တစ်ခုတည်းဖြင့် ၀င်ရောက်ဆန္ဒဖော်ထုတ်နေသူ ကျောင်းသားကျောင်းသူများ ပါဝင်မည်ကို ယုံကြည်မိပါသည်။ သို့သော် ၁၉၈၈ အရေးအခင်းကာလတွင် မြေအောက်လှုပ်ရှားမှုများပြုလုပ်ကာ အာဏာသိမ်းမည့် အကြံအစည်အားမအောင် မြင်ခဲ့သော ကွန်မြူနစ် ဗကပ များအနေဖြင့် ယခုအခါတွင် ထိုကျောင်းသား ကျောင်းသူများကိုခုတုံးလုပ် ဗန်းပြကာ ဗကသ အမည်ခံ၍ အရေးအခင်းတစ်ခု ထပ်မံဖန်တီးနေသလားဟူ၍ သံသယဖြစ်မိပါသည်။ 

ယနေ့ဗကသ၏ ဥက္ကဋ္ဌမှာ ကျော်ကိုကိုဖြစ်ပေသည်။ သို့သော်ကျော်ကိုကိုမှာ လက်ရှိကျောင်းသား တစ်ယောက် မဟုတ်ပေ။ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းပြီးမြောက်ထားသူ တစ်ဦးဖြစ်ပြီး All Burma Federation of Student Unions (ABFSU) တွင် ဥက္ကဌ တာဝန်ထမ်းဆောင်ကာ ကျောင်းသားအချင်းချင်း သတ်ဖြတ် နှိပ်စက်သည့် (ABFDS) နှင့်ဆက်သွယ်ကာ မြန်မာနိုင်ငံဆူပူမှုဖြစ်စေရန် အတွက်တောက်လျှောက်ပြုလုပ်ခဲ့သူဖြစ်သည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ABSDF မှ ဖွင့်လှစ်သောစစ်သင်တန်းကို တက်ရောက်ပြီးသူလည်းဖြစ်ပေ သည်။ ကျောင်းတက်စဉ်ကာလကတည်းက သူ့ကိုယ်သူ ဗကသ ရဲဘော်ဟုခံယူကာ ကွန်မြူနစ်စာအုပ်များဖြင့်သာ လုံးပန်းခဲ့သူဖြစ်ပြီး ကျောင်းပြီးသွားသော်လည်း ကျောင်းသားယောင်ယောင်ဖြင့် အသက်ငယ်ရွယ်သောအမှန်တစ်ကယ် ကျောင်းသားများကို သွေးထိုးမြှောက်ပင့်စည်းရုံးကာ သွေးထိုးလှုံဆော်နေသော ကွန်မြူနစ်ဝါဒီတစ်ဦး ဖြစ်ပေသည်။ 

ထို့အပြင် ကျော်ကိုကိုမှာအွန်လိုင်းဖေ့ဘွတ်ပေါ်တွင် ကွန်မြူနစ် ကဗျာများရေးသား၍ လှုံ့ဆော်နေသော ကလောင်အမည် (အောင်သာ-ပီးသုံးလုံး)ခေါ် ဦးလှရွှေဆိုသူ ကွန်မြူနစ်စစ်စစ်တစ်ဦး၏ တပည့်အရင်း အချာတစ်ဦး လည်းဖြစ်ပေသည်။ ဦးလှရွှေဆိုသူမှာ ၁၉၈၉ ခုနှစ်က မြေပေါ် ဗကပ ကွန်မြူနစ် ပါတီများဖျက်သိမ်းရာတွင် ပါဝင်ခဲ့ သောပီသုံးလုံး(အလံဖြူ) ပါတီဝင်တစ်ဦးဖြစ်ပေသည်။ ထို့အပြင် ဗကသ အတွင်းရေးမှုး ဖြိုးဖြိုးအောင်ဆိုသူ မှာလည်း ၁၉၈၈ ကာလများက ၄၈၂၈ ဗကပမြေအောက် UG လှုပ်ရှားမှုအဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့ဖူးသော ဒေါက်တာနေ၀င်း၏ သမီးအရင်းဖြစ်ပြီး ဖြိုးဖြိုးအောင်၏ အဖိုးမှာ တရုတ်လူမျိုး ကွန်မြူနစ်စစ်စစ် တစ်ဦးဖြစ်ပေသည်။ ယခုလှုပ်ရှားမှုတွင် ထိပ်ဆုံးမှ လှုံ့ဆော် နေသော မေလင်းခဆိုသူမှာလည်း ကျော်ကိုကို၏ဇနီးဖြစ်ပြီး ဖေ့ဘွတ် ပေါ်တွင်လည်း ကွန်မြူနစ် တံဆိပ် တူ/တံစဉ် နှင့်ခမောက်ဆောင်းကာ ကွန်မြူနစ်အလေးပြု ပုံစံနှင့်ရိုက်ထားသော ဓါတ်ပုံကိုတင်ထားသူ ဖြစ်ပေ သည်။ ကျော်ကိုကိုကဲ့သို့ပင် ABSDF စစ်သင်တန်းအား တက်ရောက်ပြီးသူဖြစ်ပေသည်။

 
ယခုကျောင်းသားလှုပ်ရှားမှုတွင်အမေရိကန်မ ABSDF ဟောင်းများဖြစ်သူ မိုးသီးဇွန်နှင့် ချိုတူးဇော် တို့မှလည်း အွန်လိုင်းတွင်အစွမ်းကုန်လှုံ့ဆော် မှုများပြုလုပ် နေသည်ကိုမြင်တွေ့ရပေသည်။ ထို့ကြောင့် ဗကသအနေဖြင့် ABSDF ဟောင်းများနှင့် ဗကပ လက်ကျန်များ၏ လက်ဝေခံများဖြင့် ကျောင်းသားထုကြားသို့ဝင်ရောက်ကာ အစိုးရနှင့် ကျောင်းသား ထုအား ထိပ်တိုက်ရင်ဆိုင်စေရန် ကွန်မြူနစ်ကြွေးကြော်သံများဖြင့် လှုံ့ဆော်သွေးထိုးနေသည်ကိုမြင် တွေ့ရပေသည်။ ကျောင်းသားထုများအကြားတွင်လည်း ပြင်သစ် ကွန်မြူနစ်တေးသီချင်းမှ ဆင်းသက်လာသော International သီချင်းအား ရှေ့မှတိုင်ပေးကာ ကွန်မြူနစ်ဝါဒီကို ပုံဖော်အသက်သွင်းလာသည်ကို လည်းမြင်တွေ့နေရ ပေသည်။ 

ယခုအခါတွင် ကျောင်းသားထုအချို့ကြားတွင် ကွန်မြူနစ်အလေးပြုပုံစံများကိုမြင်တွေ့လာရပြီဖြစ် ပေသည်။ International သီချင်းသံကို ခပ်သဲ့သဲ့ကြားလာရပြီဖြစ်ချေသည်။ တူ/တံစဉ်တံဆိပ်များကိုလည်း တစ်ချို့ကျောင်းသား များထံတွင် မြင်တွေ့လာရပြီဖြစ်ချေသည်။ သပိတ်ဆိုတာ စားပွဲဝိုင်းမဟုတ်တိုက်ပွဲ ဆိုသည့်စကား သံများကြားလာရပြီ ဖြစ်သည်။ ကွန်မြူနစ်ခေါင်းဆောင် ကားလ်မတ်စ်သာလျှင်ဘုရားသခင်ဟု ရေးသားထားမှုများကို မြင်တွေ့လာရပြီ ဖြစ်ချေသည်။ ၎င်းတို့မှာလွန်စွာစိုးရိန်ဖွယ်အခြေအနေဖြစ်ပြီး ရိုးသားဖြူစင်သော ကျောင်းသားများကြား ကွန်မြူနစ်ဇာတ် သွတ်သွင်းမည့်အခြေအနေကို တစ်ဖြေးဖြေးမြင်တွေ့လာရပြီဖြစ်ချေသည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူများ မိဘ များနှင့် ဆရာဆရာမများ မှအထူးသတိရှိကြရန်လိုအပ်ပြီး အစိုးရနှင့် ပြည်သူတစ်ရပ်လုံးမှလည်း ဗကပ ကွန်မြူနစ် များစိမ့်ဝင်လာသော ကျောင်းသားလှုပ်ရှားမှုအား ၀ိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း ဖော်ထုတ် ရေးသားအပ်ပါသည်။ 

လက်ယျာ
ယနေ့အချိန်တွင် မြန်မာနိုင်ငံအမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်သည်ဟုဆိုကာ ကျောင်းသား လူငယ်အချို့ဆန္ဒပြ တောင်းဆိုနေသည်ကို အားလုံးတွေ့မြင်ကြရမည်ဖြစ်ပေသည်။ ဥပဒေမူကြမ်းသည် ဗဟိုချုပ်ကိုင်မှု များလွန်းသည်ဟုဆိုကာ လမ်းမပေါ်ထွက်၍ဆန္ဒပြခဲ့ကြသော ကျောင်းသားလူငယ်အချို့မှာ ဆန္ဒဖော်ထုတ်ရာမှ တစ်ဖြေး ဖြေး သပိတ်အသွင်ဆောင်လာခဲ့ပြီး တောင်းဆိုသံများမှ တဆင့်ခြိမ်းခြောက် သံများ၊ တိုက်ပွဲဝင် မည်ဆိုသောအသံများကို လည်းကြားသိခဲ့ရပြန်ပါသည်။ ထို့အပြင်ပိုမိုဆိုးရွား လာသည်ကတော့ ဒီမိုကရေစီအရေခြုံထားသော ဗကပ ကွန်မြူနစ် သရုပ်သကန်များ တစ်ဖြေးဖြေး ရုပ်လုံးကြွလာသည်ကို တွေ့မြင်လာရခြင်းပင်ဖြစ်ပေသည်။ 

ပညာရေးဝန်ကြီးဌာန ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲမည်

ပညာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲဖွဲ့ စည်းသွားရန် ဆောင်ရွက်နေ ကြောင်း သတင်းရရှိသည်။

လက်ရှိ ပညာရေးဝန်ကြီး ဌာနလက်အောက်တွင် အဆင့် မြင့် ပညာဦးစီးဌာန( အထက် မြန်မာပြည်)၊ အဆင့်မြင့်ပညာဦး စီးဌာန( အောက်မြန်မာပြည်)၊ အမှတ်(၁)အခြေခံပညာဦးစီးဌာန အမှတ်(၂) အခြေခံပညာ ဦးစီး ဌာန၊ အမှတ်(၃)အခြေခံပညာဦး စီးဌာန၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီး ဌာနနှင့် မြန်မာစာအဖွဲ့ဦးစီးဌာန စသည့်ဌာန ကိုးခု ရှိသည်။

နိုင်ငံသားပြုခွင့် ဖြစ်ခွင့်ရသည့် ဘင်္ဂါလီများ၏သားသမီးများ သီးသန့်လျှောက်ရန်မလိုတော့

Photo: နိုင်ငံသားပြုခွင့် ဖြစ်ခွင့်ရသည့် ဘင်္ဂါလီများ၏သားသမီးများ သီးသန့်လျှောက်ရန်မလိုတော့
Thursday, November 20, 2014

နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီများ ၏ (၁၈)နှစ်အောက် ကလေးငယ် များမှာ မိဘများ၏ ခွင့်ပြုချက်ရပါက အလိုအလျောက်ရရှိသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့် လျှောက် ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင့်တစ်ရာခန့် ရှိသည့်အနက် ဘင်္ဂါလီ ၃၈၈ ဦီးသည် နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် လျှောက်ထားသည့် မိဘများက မွေးဖွားလာသူများဖြစ်၍ ၎င်းတို့၏ မိဘများနိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရရှိပါက အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် ရရှိကြမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

‘‘သူတို့တွေက စိစစ်စရာ မလိုပါဘူး။ သူတို့မိဘတွေက စိစစ်ပြီးရင် နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားပြုခွင့် အသီးသီးဖြစ်သွားကြမယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင်ကျော် ရှိသည့်အနက် ဘင်္ဂါလီလူမျိုး ၂၀၉ဦးကို ယခုနှစ် စက်တင်ဘာတွင် နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ပေးခဲ့ပြီး ဒုတိယအသုတ်အဖြစ် ခွင့်ပြုရန် ဘင်္ဂါလီလူမျိုး နှစ်ရာ့လေးဆယ် ကျော်ကို သက်ဆိုင်ရာ အာဏာ ပိုင်များက စတင်စစ်ဆေးနေပြီ ဖြစ်သည်။

‘‘ဒုတိယအသုတ်ခွင့်ပြုပေးဖို့ စတင်စစ်ဆေးနေပါတယ်။ စစ် ဆေးနေတာကတော့ ၂၄၄ ဦးပါ။ ဗဟိုက စစ်ဆေးနေတာမို့ နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့် ဘယ်နှယောက် ရနိုင်တယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး’’ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြား သည်။

ဘင်္ဂါလီလူမျိုးများနိုင်ငံသား ပြုခွင့်လျှောက်ထားမှုကို ယခုနှစ် ဇွန် ၁၅ရက်မှ စတင်ပြီး မြေပုံမြို့ နယ်ကို စမ်းသပ်ဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ လျှောက်ထားသူ ၁,၀၉၄ ဦး ရှိသည့်အနက် နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦးအား ပထမအကြိမ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံသား ဖြစ်ခွင့်ကို ၁၉၈၂ခုနှစ် ဥပဒေအရ သုံးမျိုး ခွင့်ပြုလျက်ရှိပြီး ယင်းတို့မှာ နိုင်ငံသားဖြစ်ခွင့်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဟူ၍ ဖြစ်သည်။

ဘင်္ဂါလီလူမျိုးများကို နိုင်ငံ သားဖြစ်ခွင့်ရွေးချယ်ရာတွင် ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ဗဟိုအဆင့် သုံးမျိုးခွဲခြား၍ ဆောင်ရွက်မည်ဖြစ်သည်။ ထပ်မံခွင့်ပြုရန် သင့်၊ မသင့် စဉ်းစားနေ သော အဆိုပါလူဦးရေသည် ပြည် နယ်အဆင့်နှင့် ပြည်ထောင်စုအ ဆင့် ပြီးစီးနေပြီး ဗဟိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ပြည်နယ်အဆင့်စစ်ဆေးရာ တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ဥပဒေအရာရှိ၊ မြို့နယ်ဦးစီးမှူး၊ ဒေသခံရခိုင်နှင့် ဘင်္ဂါလီကိုယ်စား လှယ်တစ်ဦးစီထားကာ ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်မှ စိစစ်ပြီး စာရင်း များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြန်လည်စိစစ်ပြီး ပြည်ထဲရေးဝန် ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စသည့် ၀န်ကြီးဌာနလေးခု ပါဝင် သော ကော်မတီက ပြန်လည်စိစစ် ခွင့်ပြုပေးခြင်း ဖြစ်သည်။

ဘင်္ဂါလီအမျိုးသမီးများနှင့် ကလေးငယ်များ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily
နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီများ ၏ (၁၈)နှစ်အောက် ကလေးငယ် များမှာ မိဘများ၏ ခွင့်ပြုချက်ရပါက အလိုအလျောက်ရရှိသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့် လျှောက် ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင့်တစ်ရာခန့် ရှိသည့်အနက် ဘင်္ဂါလီ ၃၈၈ ဦီးသည် နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် လျှောက်ထားသည့် မိဘများက မွေးဖွားလာသူများဖြစ်၍ ၎င်းတို့၏ မိဘများနိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရရှိပါက အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် ရရှိကြမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အင်အားကြီးနိုင်ငံများ၏ ဖိအားပေးစွက်ဖက်မှုများ လက်မခံဟု ကာချုပ်ပြော

မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်ခြင်းကို လက် မခံကြောင်းနှင့် အင်အားကြီးနိုင်ငံ ကြီးများက နိုင်ငံငယ်များအပေါ် ဖိအားပေးဆက်ဆံခြင်းကို လက် မခံနိုင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် ဖိအားပေးဆက် ဆံမှုကိုလည်း လက်မခံဘဲ လွတ် လပ်သည့်အချုပ်အခြာအာဏာ ပိုင်နိုင်ငံတစ်ခုအနေဖြင့် ရပ်တည် နိုင်ရန် တပ်မတော် အနေဖြင့် ခိုင်မာစွာ လုပ်ဆောင်ပိုင်ခွင့် ရှိ ကြောင်း ကာကွယ်ရေးဦးစီးချုပ် က ပြောသည်။