Monday, January 18, 2016

နယ်သာလန်မှ မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ လှူဒန်း

လယ်ယာစိုက်ပျိုးရေနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနကို နယ်သာလန်နိုင်ငံ နိုင်ငံတကာပူပေါင်းဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Mrs. Reina Buijs က တာ/တမံစစ်ဆေးရာတွင် အသုံးပြုသည့် Prikstok မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ အခု ၁၅၀ကို လှူဒါန်းခဲ့ကြောင်း နယ်သာလန်သံရုံးထုတ်ပြန်ချက်အရသိရသည်။
ရိုးရှင်းသည့်ကိရိယာတစ်ခုဖြစ်ပြီးနယ်သာလန်နိုင်ငံတွင်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများ၏ တာ/တမံများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် တာရှည်ခံနိုင်ဝန်အားကိုစမ်းသပ်စစ်ဆေးနိုင်သည့် အတွက် အလွန်အသုံးဝင်သည့် ကိရိယာတစ်ဖြစ်ကြောင်းယင်းအပြင် ရေစိမ့်လွှာများကြွက်တွင်းများနှင့်ခြတွင်းများကို တာ/တမံများအတွင်း ရှာဖွေရာတွင် အလွန်အသုံးဝင်သော ကိရိယာ သိရသည်။

ရန်ကုန်မြို့တွင် ကားပါကင် ခွင့်ပြုမိန့် ဆက်လက်ဆောင်ရွက်မည်

မော်တော်ယာဉ် ဝယ်ယူအသုံးပြုသူတစ်ဦး အနေဖြင့် မိမိပိုင်ဆိုင်သည့် ဧရိယာအတွင်းယာဉ်ထားရှိရန် နေရာရှိမှသာ ကားဝယ်ယူသင့်တာကြောင့် ကားပါကင် ခွင့်ပြုမိန့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်း က ပြောကြားသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကားပါကင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းဆိုင်ရာ ခရိုင်၊ မြို့နယ် စိစစ်ရေးအဖွဲ့များသို့ တင်းကြပ်စွာ ထိန်းကွပ် ဆောင်ရွက်လျက်ရှိပါတယ်၊ ကားပါကင် လျောက်ထားလို့ အခကြေးငွေ တောင်းခံမူများရှိပါက ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ်" ဟု ဇန်နဝါရီလ ၁၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုတိယဝန်ကြီးပွင့်ဆန်းက ပြောကြားခဲ့သည်။

မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၁၆ အတွက် အလားအလာကောင်း

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၆ ခုနှစ်တွင် အလားအလာကောင်းများ ရှိနေပြီး ကမ္ဘာလှည့်ဧည့်သည်ဦးရေ ပို၍ တိုးများလာနိုင်ဖွယ်ရှိနေသည်။ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအထိ ခရီးသွားဧည့်သည် လာရောက်မှုက ၄ ဒသမ ၂ သန်းအထိရှိခဲ့သည်။ ၂၀၁၆ ဧပြီမကုန်မီ ဧည့်ဝင်ရောက်မှု ငါးသန်းအထိ ရောက်ရှိလာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားသည်။မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်း ၄၇ ခု၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၄ သန်းကို ဆွဲဆောင်နိုင်ခဲ့သည်။ ၂၀၁၁ က စီမံကိန်း ၃၆ ခုမှ ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံရရှိခဲ့သည်ထက် ၁ ဒသမ ၅ ဘီလီယံ တိုးပွားလာခဲ့ခြင်းဖြစ်သည်။

မြန်မာ - တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလျော်ကြေးပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံး ပြန်လည်စစ်ဆေးသင့်ကြောင်း MCPWC အကြံပြု

မြန်မာ - တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လျော်ကြေးပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံးအား အထူးစုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ပြန်လည် စစ်ဆေးသင့်ကြောင်း မြန်မာ - တရုတ် ပိုက် လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC)က အစိုးရသို့ အကြံပြုပြောကြားလိုက်သည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Summit Park View Hotel တွင် ဇန်န၀ါရီ ၁၈ရက်နေ့က ပြုလုပ်သည့် " မြန်မာ - တရုတ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၏ လူမှုတရားမျှတမှုကိုရှာဖွေခြင်း " စာအုပ်မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲတွင် ယင်းကော်မတီ၏ ညှိနှိုင်းရေးမှူး ဦးရဲသိန်းဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။