Wednesday, October 2, 2013

သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ

Photo: သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ
Wednesday, October 2, 2013

သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့က အကြမ်းဖက်ခံ ရမှုကြောင့် သေဆုံး သူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေး တာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံ အတိုင်း မြှုပ်နှံလိုက်ပြီ ဖြစ်ပါတယ်။

သေဆုံးသူ ၅-ဦးတွင် အမျိုးသမီး ၁-ဦး၊ အမျိုးသား ၄-ဦးဖြစ်ပြီး၊ ၄-ဦးမှာ ဓါးခုတ်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ပြီး ၁-ဦးမှာ မီးရှို့ခံရပြီးသေ ဆုံးသွားခြင်းဖြစ်ပါတယ်။

ဓါးခုတ်ခံရသူများမှာ ဒေါ်ခင်ကြည် (၉၃-နှစ်)၊ ကိုမြင့်လွင် (၄၅-နှစ်)၊ ဦးအဗ္ဗဒွလ်မီယာ (၆၀-နှစ်)၊ ဦးအဗ္ဗဒွလ်စမတ်စ် (၈၆-နှစ်)တို့ဖြစ်ပြီး ကိုခင်ဇော် (၅၀-နှစ်)မှာ ဗလီအတွင်း မီးရှို့ခံရပြီး သေဆုံးသွားခြင်းဖြစ် တယ်လို့ ဒေသခံများက ပြောပါတယ်။

ပြန်လည်ခုခံနိုင်စွမ်းအား မရှိသည့် အသက် ၉၃-နှစ်အရွယ်ရှိ အဘွားအို တစ်ယောက်အား ဓါးဖြင့် ရက်စက်စွာ ခုတ်ဖြတ်သတ်ဖြတ်နိုင်သည့် အကြမ်းဖက်သမားများကို မြင်ရခြင်းအားဖြင့် လူစိတ်ပျောက်နေပြီး အရိုင်းအစိုင်းတိရိစ္ဆာန်စိတ် ၀င်နေခြင်းသာဖြစ်တယ်လို့သည်း သံတွဲမြို့ခံ ဗုဒ္ဓဘာဝင်တစ်ဦးက M-Media ကို ပြောပါတယ်။

ဇာဏီ
M-Media
သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့ကအကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေး တာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံ အတိုင်း မြှုပ်နှံ လိုက်ပြီ ဖြစ် ပါတယ်။

မန်ယူ သို့ မပြောင်းမီ အာဆင်နယ် တွင် ရော်နယ်ဒို လေ့ကျင့် ခဲ့

Photo: မန်ယူ သို့ မပြောင်းမီ အာဆင်နယ် တွင် ရော်နယ်ဒို လေ့ကျင့် ခဲ့
Wednesday, October 2, 2013

အာဆင်နယ် မှာ ၎င်းတို့ အသင်း သမိုင်းတွင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ကို ခေါ်ယူ ရန် နီးစပ် ခဲ့ပြီးမှ လက်လွတ် ခဲ့ရကြောင်း နည်းပြ အာစင်ဝင်းဂါး က ၀န်ခံ ခဲ့သည်။ စပို့တင်း လစ္စဘွန်း ကစားသမား ရော်နယ်ဒို မှာ မန်ယူ နှင့် စာချုပ် မချုပ်ဆို မီ အာဆင်နယ် တွင် တစ်ပတ် ကြာ လာရောက် လေ့ကျင့် ခဲ့ပြီး ဖာဂူဆန် ၏ လက်ထောက် နည်းပြ ကားလို့စ် ကွီးရော့ဇ် ကြောင့် မန်ယူ သို့ ရောက်ရှိ ခဲ့ခြင်း ဟု အာစင်ဝင်းဂါး က ရှင်းလင်း သွားခဲ့သည်။

အာစင်ဝင်းဂါး က “ ကျွန်တော် တို့ အသင်းကို ရော်နယ်ဒို လာရောက် လေ့ကျင့် ခဲ့ပြီး အဲဒီ အချိန်တုန်းက နံပါတ် ( ၉ ) ဂျာစီ ကို သူဝတ် ခဲ့တာပါ။ ကျွန်တော်တို့ အသင်း ကို ပြောင်း လာဖို့ လည်း နီးစပ် ခဲ့ပါတယ်။ ဒါပေမဲ့ ကားလို့စ် ကွီရော့ဇ် ၀င်ရှုပ် ခဲ့ပြီးတဲ့ နောက်မှာ တော့ ရော်နယ်ဒို တစ်ယောက် မန်ယူ ကို ပြောင်းဖို့ ဆုံးဖြတ် ခဲ့တာပါ” ဟု ပြော ထား သည်။ ရော်နယ်ဒို မှာ လက်ရှိ အချိန်တွင် ရီးရဲလ် ၌ တစ်နှစ် လုပ်ခ ယူရို သန်း ( ၂၀ ) ကျော် ရရှိ နေပြီး ကမ္ဘာ့ လုပ်ခ လစာ အများဆုံး ကစား သမား အဖြစ် ရပ်တည် နေနိုင် သူ ဖြစ်သည်။

Football Cafe
အာဆင်နယ် မှာ ၎င်းတို့ အသင်း သမိုင်းတွင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ကို ခေါ်ယူ ရန် နီးစပ် ခဲ့ပြီးမှ လက်လွတ် ခဲ့ရကြောင်း နည်းပြ အာစင်ဝင်းဂါး က ၀န်ခံ ခဲ့သည်။

အာရှမှ အမျိုးသားများ လိင်အကြမ်းဖက်ခြင်း

Photo: အာရှမှ အမျိုးသားများ လိင်အကြမ်းဖက်ခြင်း
Wednesday, October 2, 2013

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အာရှတိုက်နေ အမျိုးသားများကို report ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား လေးဦးမှာတစ်ဦးဟာ ကာမကျူးလွန် မှုပြုနေကြတယ်လို့ ထုတ်ပြန်ထားပါ တယ်။ ဒါဟာ အာရှတိုက်နိုင်ငံ (၆)နိုင်ငံက လူတစ်သောင်းကျော်ကို စစ်တမ်းကောက် ယူခြင်းကနေ ထွက် ပေါ်လာတာဖြစ်ပြီး အာရှတိုက်မှာ ဖြစ်ပွားနေတဲ့ လိင်ဆိုင်ရာ အကြမ်း ဖက်မှုတွေရဲ့ အဓိကနောက်ခံကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

လိင်အကြမ်းဖက်မှု ကျူးလွန်သူ တွေထဲက တစ်ဝက်လောက်ဟာ တစ်ကြိမ်ထက်ပိုပြီး ကျူးလွန်ခဲ့တယ် လို့သိရပါတယ်။ အာရှရဲ့ လိင် အကြမ်းဖက်မှု အမြင့်ဆုံးတိုင်းပြည်ကတော့ ပါပူးအာနယူးဂီနီ ( Papua new Guinea )နိုင်ငံဖြစ်ပြီး အမျိုး သား (၁၀)ယောက်မှာ (၆)ယောက် ဟာ တစ်ဖက်အမျိုးသမီးအလိုမတူဘဲ လိင်ဆက်ဆံဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ အာရှ အမျိုးသားများရဲ့ ထက်ဝက်ခန့်ဟာ လိင်အကြမ်းဖက်မှုများရော၊ ဇနီး မယားကိုပါ အလိုမတူဘဲ လိင်အလွဲ သုံးစားလုပ်နေကြတယ်လို့ သိရပါ တယ်။ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက် မှု ကျူးလွန်သော အမျိုးသားရာခိုင်နှုန်း ( Source – ကမ္ဘာ့ကုလသမဂ္ဂ)
- ပါပူးအာနယူးဂီနီနိုင်ငံ -၆၂%
- အင်ဒိုနီးရှားနိုင်ငံ၊ ပါပူးအာဒေသ – ၄၈.၆ %
- အင်ဒိုနီးရှားမြို့ပြ – ၂၆.၂%
- တရုတ်နိုင်ငံ – ၂၂.၂%
- ကမ္ဘောဒီးယား – ၂၀.၄%
- သီရိလင်္ကာ – ၁၄.၅%
- ဘင်္ဂလားဒေ့ရှ် – ၁၄.၁%
ဖြစ်ပွားမှုနောက်ခံ အချက် အလက်များ
၁။ အမျိုးသားတွေဟာ အဖော်အမျိုး သမီးရဲ့သဘောထားကို မမေးဘဲ ဆက်ဆံနိုင်ခွင့်ရှိတယ်လို့ ယုံကြည်ကြ ပါတယ်။
၂။ အသိဉာဏ်နိမ့်ပါးသူတွေဟာ လိင်အကြမ်းဖက်မှုကို ပျော်ရွင်စရာ ဖျော်ဖြေမှုလို့ ယူဆကြပြီး ပျင်းရိတဲ့ အခါ ကျူးလွန်ကြပါတယ်။
၃။ ကလေးဘ၀က လိင်အကြမ်းဖက် မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုး သားတွေဟာ သူတို့ကိုယ်တိုင် ကျူးလွန်သူဖြစ်လာနိုင်ချေများပါတယ် ။
၎။ ဒေါသနဲ့ ယမကာကြောင့် ဖြစ် ပွားမှုကတော့ ရာခိုင်နှုန်းနည်းပါးပါတယ်။
ဒီလေ့လာမှုစာတမ်းကို The Lancet Global Health မှာ ဖော်ပြထားပါတယ်။
သက်ကို
Ref: Lancet
By Health Updates
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အာရှတိုက်နေ အမျိုးသားများကို report ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား လေး ဦး မှာတစ်ဦးဟာ ကာမကျူးလွန် မှုပြုနေကြတယ်လို့ ထုတ်ပြန်ထားပါ တယ်။

ကမ္ဘာ့ အဆိပ်ပြင်း ဆုံး ရေဘဝဲ

Photo: ကမ္ဘာ့ အဆိပ်ပြင်း ဆုံး ရေဘဝဲ
Wednesday, October 2, 2013

အပြာရောင် အကွင်း အကွင်း လေး တွေ ပါရှိတဲ့ အတွက် သူ့ကို အင်္ဂလိပ် လို Blue - ringed octopus လို့ခေါ် ပါတယ်။ အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပို အတွေ့များပါတယ်။ သန္တာေ ကျာက် တန်းတွေ ကြား ထဲမှာ နေထိုင် တတ် ပါတယ်။ ကမ္ဘာ့ အဆိပ် အပြင်းဆုံး သတ္တဝါ စာရင်း ထဲမှာ သူ လည်း ပါဝင်ပါတယ်။ သူ့ အဆိပ် က အိမ်မှာ သုံးတဲ့ ပိုး သတ်ဆေး ဆိုင်ယာနိုက် ထက် အ ဆ ၁သောင်း မက ပြင်း ပါတယ်။ သူ ကိုက် လို့ အဆိပ်မိ သွားရင် ဖြေဆေး မရှိပါဘူး။ အပြာ ကွက် ရေဘဝဲ ကို မသိလို့ စားမိရင် လည်း သေဖို့ပဲ ရှိပါတယ်။

ဒီ အတွက် ဖြေဆေး ကို ယနေ့တိုင် ရှာဖွေ နေဆဲ ဖြစ်ပါတယ်။ သန္တာ ကျောက် တန်း လေ့လာ သူများ အတွက် အထူး သတိထားရ တဲ့ ရေအောက် သတ္တဝါ စာရင်း ထဲမှာ ပါဝင် ပါတယ်။ ဘာလို့လဲ ဆို အရောင်က တစ် လက်လက် နဲ့ လှ နေတတ်ပြီး အရွယ် ကလည်း ၆ လက်မ ထက် ပိုမကြီး ပါဘူး။ သေး လည်းသေး ဆိုတော့ မသိတဲ့ သူများ က သွားထိမိ ကြ ပါတယ်။ ဒီတော့ ရလဒ် က အဆိပ် သင့်သေ ဖို့ပဲ ဖြစ်ပါတယ်။

အဆိပ် မိ ပြီး မိနစ်ပိုင်း အတွင်း အသက်ရှု ရပ် ပါတယ်။ နှလုံးခုန် ရပ်ပါတယ်။ ဦးနှောက် သို့ အောက်ဆီဂျင် မရောက် တော့ပဲ မိနစ်ပိုင်း အတွင်း ကို သေနိုင် ပါတယ်။ ဂျပန် နိုင်ငံမှာ ဆိုရင် အပြာကွက် ရေဘဝဲ ကို ရှောင်ရှား ဖို့ တားမြစ်ချက် များ ထုတ်ပြန် ထားရပါတယ်။ ဒါကြောင့် Blue-ringed octopus ကို ကမ္ဘာ့ အဆိပ် အပြင်း ဆုံး သက်ရှိ သတ္တဝါ အဖြစ် မှတ်တမ်း တင် ထားကြောင်း သိရ ပါတယ်။

ရိုးရာလေး
အပြာရောင် အကွင်း အကွင်း လေး တွေ ပါရှိတဲ့ အတွက် သူ့ကို အင်္ဂလိပ် လို Blue - ringed octopus လို့ခေါ် ပါတယ်။ အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပို အတွေ့များပါတယ်။ သန္တာေ ကျာက် တန်းတွေ ကြား ထဲမှာ နေထိုင် တတ် ပါတယ်။

ယာဉ်အားမဆင်မခြင်မောင်းနှင်၍ ယာဉ်တိုက်လူသေဆုံး

၁.၁၀.၂၀၁၃ရက်နေ့ ၂၃၃၀အချိန် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်း အတိုင်း မြောက်မှတောင် သို့ ကောင်းမြတ်၊ (ဘ)ဦးတင်အောင် ၊တောင်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသော ၁ဂ/-----၊ပါရမီ

ရခိုင်ပြည်နယ်က ပဋိပက္ခတွေ အဆုံးသတ်ရေး ပူးပေါင်းကြိုးပမ်းဖို့ သမ္မတတိုက်တွန်း


ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွား ရအောင် ပြည်နယ်အစိုးရ အနေနဲ့ ပြည်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်းသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

သံတွဲမှာ ၅ ဦးသေ၊ အိမ် ၁၀၀ မီးရှို့ခံရ

Photo: သံတွဲမှာ ၅ ဦးသေ၊ အိမ် ၁၀၀ မီးရှို့ခံရ 
Wednesday, October 2, 2013

ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးနွယ်တဲ့ ပဋိပက္ခအတွင်း ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ သံတွဲမြို့နယ် အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကျေးရွာတခိျု့မှာ အိမ် ၁၀၀ ခန့်နဲ့ ဗလီတလုံးလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ သူက ပြောပါတယ်။

သမ္မတဦးသိန်းစိန်လည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို နဲ့အတူ ရခိုင်ပြည်နယ်တွင်းကို သွားရောက် ကြည့်ရှုနေပါတယ်။

ပဋိပက္ခတွေ ဖြစ်ပြီးနောက် သမ္မတအနေနဲ့ ရခိုင်ပြည်နယ်ကို ပထမဆုံး သွားရောက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံကလည်း လက်ရှိ အကြမ်းဖက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေး ယူပြီး အကြမ်းဖက်ခံရသူတွေကို လိုအပ်တဲ့ အကူအညီပေးဖို့ အာဏာ ပိုင်တွေကို တိုက်တွန်းကြောင်း ရန်ကုန်၊ အမေရိကန် သံရုံးက ထုတ်ပြန် တဲ့ ကြေငြာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာရေးအဖွဲ့ကြီးရဲ့ ကြေငြာချက်မှာတော့ အစ္စလာမ်ဘာသာဝင်တွေဟာ လုံခြံမှုကင်းမဲ့စွာ ခံစားနေရတဲ့အတွက် အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို အမြန်ဆုံး ထိရောက်စွာ ဆောင် ရွက်ပေးဖို့ ပန်ကြားကြောင်း ထုတ်ပြန်ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးနွယ်တဲ့ ပဋိပက္ခအတွင်း ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ သံတွဲမြို့နယ် အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သမ္မတဦးသိန်းစိန် သံတွဲရောက်

Photo: သမ္မတဦးသိန်းစိန် သံတွဲရောက်
Wednesday, October 2, 2013

 မနေ့ကတည်းက ရခိုင်ပြည်နယ်ကို ၃ ရက်ကြာ အလည်အပတ် ရောက် ရှိနေ တဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ညနေပိုင်းမှာတော့ သံတွဲမြို့ ဆီ ရောက် သွားပါပြီ။  သံတွဲမြို့နားမှာ အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် မတည်မငြိမ် ရှိနေချိန်မှာပဲ သမ္မတရောက်သွားတာပါ။ သံတွဲမြို့ကို မသွားခင် စစ်တွေမြို့မှာတော့   ရခိုင်ပြည်နယ်တွင်းက တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တွေ နဲ့  တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်မှာ ၃ ရက်ကြာ လည်ပတ်ဖို့ အတွက် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင် ဘာလ ၁ ရက်နေ့က ရောက်ရှိသွားတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ စစ်တွေမြို့မှာရှိတဲ့ တိုင်းရင်း သားခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မနက်ပိုင်း မှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ရခိုင်ပြည်နယ် သတင်း ထုတ်ပြန်ရေးကော် မီတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဗွီအိုအေကို ပြောပါတယ်။

" ဒီနေ့မနက်မှာ ရခိုင်ဘက်က ကိုယ်စားလှယ်တွေရော၊ ဘင်္ဂလီဘက်က ကိုယ်စားလှယ်တွေရော သမ္မတကြီးက ခေါ်တွေ့ပါတယ်။ စစ်တွေမှာပါ ခင်ဗျ။ ကျနော်တို့ တိုင်းရင်းသားတွေမှာတော့ ဘုန်းကြီးမပါပါဘူးခင်ဗျ။ မူစလင်တွေထဲမှာတော့ သူတို့ဘာသာရေးဆရာတွေပါပါတယ်။"

အဲဒီလို တွေ့ဆုံတဲ့အထဲ ရခိုင်တိုင်းရင်းသားမြို့မိမြို့ဖတွေ၊ အစ္စလာမ် လူမှုရေး ခေါင်းဆောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ဒီကနေ့ စစ်တွေမြို့အနီးဝန်းကျင်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပြီး သံတွဲမြို့မှာ ညအိပ် ရပ်နားမှာ ဖြစ်ပါတယ်။

"ဒီနေ့တော့ မြို့ကို လှည့်ကြည့်ပါတယ်ခင်ဗျ။ လှည့်ကြည့်ပြီးတော့ ဌာနဆိုင် ရာတွေနဲ့ အစည်းအဝေးလုပ်ပါတယ်ခင်ဗျ။  ပြီးတော့ ကျောက်ဖြူဘက် ကို ဆက်ပြီးတော့ ထွက်ခွာပါတယ်။ ကျောက်ဖြူ၊ ကျောက်ဖြူကနေပြီးမှ သံတွဲကို သွားမှာပါခင်ဗျ။"

သံတွဲမြို့ဟာ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက ဆူပူ အကြမ်းဖက်မှုတွေ ရက်ဆက် ဖြစ်ပေါ်တဲ့ မြို့ဖြစ်သလို အရင် ဆူပူ မှုတွေ ဖြစ်ပေါ်ကတည်းက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ဆက်လက် ထုတ်ပြန်ထားတဲ့ မြို့လည်း ဖြစ်ပါတယ်။

ဆူပူမှုတွေ ငြိမ်သက်သွားပြီးနောက် ပုဒ်မ ၁၄၄ ကို ည ၁၁ နာရီကနေ မနက် ၄ ရီအထိ လျော့ချပေးထားခဲ့ပေမယ့်လည်း အခု အသစ်ပြန်ဖြစ်တဲ့ ဆူပူ အကြမ်းဖက်မှုတွေကြောင့် ညနေ ၆ နာရီကနေ မနက် ၆ နာရီကို တိုးချဲ့ သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ဆူပူမှုတွေ ဖြစ်ပေါ်နေတဲ့ကြားကပဲ မူလက စီစဉ်ထားတဲ့အတိုင်း သံတွဲမြို့ကို ရောက်သွားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မီတီ အတွင်းရေးမှူး ဦးဝင်းမြိုင် ကတော့ အခု ဆူပူမှုတွေဟာ သံတွဲမြို့ပေါ်မှာ ဖြစ်နေတာ မဟုတ်ပဲ တခြား မြို့နဲ့ ဝေးတဲ့ဒေသတွေမှာဖြစ်နေတာကြောင့် သမ္မတ ခရီးစဉ်အတွက် ဘယ်လိုမှ အနှောက်အယှက် မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

"ဘာမှ ဖြစ်နိုင်စရာအကြောင်းမရှိပါဘူးခင်ဗျာ။ သံတွဲက ၂၉၊ ၃၀ရက်နေ့ ကတည်းက အေးအေးဆေးဆေးပါပဲခင်ဗျ။ ကောလဟာလတွေကြောင့်သာ လူတွေက သွားလာမှု၊ နည်းနည်းလေး တန့်သွားတာပါရှိပါတယ်။ သံတွဲမှာ ဘာမှမဖြစ်ပါဘူး။ အခုဖြစ်တာ သံတွဲနဲ့ မိုင် ၂၀၊ ၂၅မိုင်လောက် ဝေးတဲ့ ရွာတွေမှာ ဖြစ်တာပါခင်ဗျ။ အဲ့ဒီ့မှာ တာဝန်ပေးထားတဲ့ဝန်ကြီးက မနေ့က မနက်ကတည်းက သွားပါတယ်ခင်ဗျ။ ဝန်ကြီးမသွားခင် ကတည်း က ဖြစ်တဲ့နေရာတွေမှာ လုံခြုံရေးအဖွဲ့တွေက ချက်ခြင်းပဲ သွားကြပါတယ်။ တချို့နေရာလေးတွေက ချောင်းတဖက်ကမ်း မဖြစ်ဘူးလို့ ထင်တဲ့နေ ရာတွေကို ကျနော်တို့က လုံခြုံရေးကလည်း ဝေးတယ်လေ၊ အဲ့ဘက်တွေ ကျတော့။"

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရေရှည် ပြေလည်နိုင်ရေး လုပ်ဆောင်ဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ လက်ရှိ ရခိုင်အစိုးရအဖွဲ့ လုပ်ဆောင်နေတဲ့ တခြား လုပ်ငန်းတွေမှာ ဘယ်လို အခက်အခဲတွေ ရှိနေသလဲဆိုတာတွေကို ကိုယ်တိုင် လေ့လာ သိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သမ္မတ ဦးသိန်းစိန် ဒီ ခရီးစဉ်ကို သွားတာဖြစ်တဲ့အကြောင်း သမ္မတရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို မနေ့က ပြောပြခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ အတူ ပြည်ထဲရေး ၀န်ကြီးဌာ နပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဟိုတယ်နဲ့ ခရီးဝန်ကြီး ဦးဌေးအောင်၊ သမ္မတရုံး ၀န်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိမ်းနဲ့ ဦးတင်နိုင်သိန်း၊ ဒုတိယ ၀န်ကြီးတွေ နဲ့ စစ်ဖက် အရာရှိတွေလည်း လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ)
မနေ့ကတည်းက ရခိုင်ပြည်နယ်ကို ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဒီ ကနေ့ ညနေပိုင်းမှာတော့ သံတွဲမြို့ ဆီ ရောက်သွားပါပြီ။ 

သံတွဲအကြမ်းဖက်မှု ကုလ-ကန်စိုးရိမ်

Photo: သံတွဲအကြမ်းဖက်မှု ကုလ-ကန်စိုးရိမ်
Wednesday, October 2, 2013

 ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအသေအပျောက်တွေ ရှိခဲ့တဲ့ အထိ ဖြစ်ပွား ခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်း အ၀ိုင်း က စိုးရိမ်တဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ လူသေဆုံးမှုတွေ၊ အများအပြား ထိခိုက်ဒဏ်ရာတွေရမှုတွေနဲ့ မူဆလင် ဗလီတွေ၊ အိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ရာနဲ့ချီအိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတဲ့အကြောင်း ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု အနေနဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ် ပွားနေတဲ့ အခြေအနေတွေကို အမေရိကန် သံရုံး က ဆက် လက် စောင့်ကြည့်သွားမှာ ဖြစ် သလို၊ ဒေသခံတွေရဲ့ အသက်အိုးအိမ်တွေ ကို အကာအကွယ်ပေးနိုင်ဖို့ အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက်၊ မြန်မြန် ဆန်ဆန် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

အထူးသဖြင့် မူဆလင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြဖို့နဲ့ မတူကွဲပြားတဲ့ လူမှုအသိုင်းအ၀ိုင်းကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်အောင် ကြိုးစားကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။ သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အင်္ဂါနေ့မှာတုန်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရ အနေနဲ့ ဘေးအန္တာရာယ် ကြုံရနိုင်သူတွေကို အကာ အကွယ်ပေး ဖို့၊ အကြမ်းဖက်မှုတွေ ပျံ့နှံ့တာတွေကို အဆုံး သတ်အောင် လုပ်ဖို့ ပြဿနာရဲ့ အခြေခံဇစ်မြစ်ကို ရှာဖွေဖြေရှင်းဖို့နဲ့ အပြစ်ရှိသူတွေကို တရားဥပဒေအရ အရေးယူဖို့လည်း တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း ပေါ်ပေါက်လာတဲ့ အပြောင်း အလဲတွေအပေါ် အားရကျေနပ်မှု ရှိပေမဲ့လည်း မတူကွဲပြားတဲ့ လူမှုအသိုင်း အ၀ိုင်းကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတာဟာ အသွင်ကူးပြောင်းရေး အတွက် စိမ်ခေါ်မှုဖြစ်မယ် လို့လည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ နယူးယောက်မြို့မှာ အင်္ဂါနေ့က တွေ့ဆုံချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
 ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအသေအပျောက်တွေရှိခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိ ပက္ခတွေ နဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်း က စိုးရိမ်တဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန် ခဲ့ကြပါတယ်။

တေးသံရှင်ဆိုတေး ကျန်းမာရေးအခြေအနေတိုးတက်

Photo: တေးသံရှင်ဆိုတေး ကျန်းမာရေးအခြေအနေတိုးတက်
Wednesday, October 2, 2013

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တစ်လကျော်ကြာ တက်ရောက် ဆေး ကုသလျက်ရှိသော တေးသံရှင်ဆိုတေး၏ ကျန်းမာရေး အခြေအနေမှာ ပိုမို တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ မိသားစုဝင်များ က ပြော ကြား သည်။

တေးသံရှင် ဆိုတေးမှာ ကျန်းမာရေး ကောင်းမွန်လာမှုကြောင့် စက်တင် ဘာ၂ ရက်နေ့တွင် အထူးကြပ်မတ် ကုသဆောင်မှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင် သို့ ပြောင်းလဲ ကုသပြီးသည့် နောက်ပိုင်း တွင် သိသာစွာ တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ဖခင်ဖြစ် သူ ဦးမင်းလွင် က ပြောကြားသည်။ "လူနာ စကားပြောခြင်းတော့ မ ရှိသေး ပါဘူး။ အသိတော့ ဝင်လာပါတယ်။ အဆောင်ပြောင်းတဲ့ နေ့တုန်းကဆို ဝှီးချဲပေါ်မှာထိုင်ပြီး ဆေးရုံကို လျှောက်ပတ်ပြတယ်။ ပြောရရင်တော့ စိုးရိမ်ရတဲ့ အခြေ အနေကနေ လွတ်သွားတယ်ဆိုတဲ့ သဘောပေါ့" ဟု ဦးမင်းလွင်က ထပ်မံပြောကြားသည်။

တေးသံရှင် ဆိုတေးမှာ ဇနီး၊ ခယ်မတို့နှင့်အတူ တောင်သာမြို့သို့ သွားရောက် စဉ် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်၂၉၁/၃ နှင့် ၄ ကြားတွင် ယာဉ်မှာ ဘီးပေါက်၍ တိမ်းမှောက်ခဲ့ပြီး ၄င်းဖြစ်စဉ်ကြောင့် ဇနီးဖြစ်သူ မဝင့်ကုဋေသူ (ခ) ချောချောမှာ ကွယ်လွန်ခဲ့ပြီး ဆိုတေးမှာ ခြေထောက်နှင့် ဦးခေါင်း တွင် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်။

Today Myanmar
မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တစ်လကျော်ကြာ တက်ရောက် ဆေးကုသလျက်ရှိသော တေးသံရှင် ဆိုတေး၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိကြောင်း ဆိုတေး၏ မိသားစုဝင်များ က ပြော ကြားသည်။

ကျောက်ဖြူတွင် ယာဉ်တိုက်မှု ဖြစ်ပွား၊ ၁၈ ဦး ဒဏ်ရာရ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒီနေ့ မနက်စောစောက ယာဉ်တိုက်မှု ၁ ခုဖြစ်ပွားပြီး လူ ၁၈ ဦး ဒဏ်ရာ ရသွားပါတယ်။

မွန်ပြည်နယ်တွင် တရားမဝင်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော် ယာဉ် များစဖမ်း

Photo: မွန်ပြည်နယ်တွင် တရားမဝင်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော် ယာဉ် များစဖမ်း
Wednesday, October 2, 2013

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အခွန်ဆောင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် တရားမဝင် ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော် ယာဉ် များကို အောက်တိုဘာလမှ စတင်ကာ ရွေ့လျားစစ်ဆေးရေး အဖွဲ့ (Mobile Team) များဖြင့် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲအုပ်တင်မျိုးဇော်က ပြောကြားသည်။

အခွန်မဲ့ တင်သွင်းလာသော ကုန်ပစ္စည်းများ၊ ကျန်းမာရေး ထိခိုက်စေသည့် စားသောက်ကုန် အတုများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် ဆိုင်ကယ် များကို အဓိက ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ထိုင်းနိုင်ငံမှ မော်လမြိုင်သို့ ကုန်ပစ္စည်းများ ဝင်ရောက်နိုင်သည့် အတ္ထရံ ကြိုးတံတားထိပ်နှင့် မော်လမြိုင်-ကျိုက်မရော အဝိုင်းထိပ်တွင် ၂၄ နာရီလုံးလုံး အဖွဲ့ပေါင်းစုံက စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းရွေ့လျားစစ်ဆေး ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ တရားမဝင် သည့် ကုန်ပစ္စည်း များနှင့် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးရာတွင် လိုင်စင် မဲ့ မော်တော် ယာဉ် သုံးစီးကို ဖမ်းဆီး ရရှိထားကြောင်း ၄င်းက ရှင်းပြသည်။
အဆိုပါ တရားမဝင် ကုန်ပစ္စည်းနှင့် လိုင်စင်မဲ့မော်တော်ယာဉ် တင်သွင်း လာသူ များကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ ဖြင့်  အရေးယူ ဆောင် ရွက် သွားမည် ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၀၁၃ခု မတ်လ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ် ၁၁၇ စီးကို ဖမ်းဆီးထားကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။

တရားမဝင် ကုန်ပစ္စည်းများ စစ်ဆေး ဖမ်းဆီးရေး ရွေ့လျားအဖွဲ့များတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ မွန်ပြည်နယ်ယာဉ် ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အကောက် အခွန်ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှု ကြည့်ကြပ်ရေးနှင့် ကျန်းမာရေးဦးစီးဌာန များပါဝင်ကြောင်း ယင်းမိုဘိုင်းလ် အဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။

အခွန်ဆောင်ခြင်းမရှိသည့် တရားမဝင် ကုန်ပစ္စည်းနှင့် မော်တော်ယာဉ် များကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ စစ်ဆေး ဖမ်းဆီးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

မော်လမြိုင်မြို့တွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော Surf နှင့် Mark 2 မော်တော်ယာဉ်များကို ကျပ်သိန်း ၅၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်ပြီး အချို့မှာ တရားမဝင် တင်သွင်းလာသော မော်တော် ယာဉ်များကို အစိတ်အပိုင်းအလိုက် ဖြုတ်ရောင်းလျက် ရှိကြောင်း မော်လမြိုင်မြို့ခံ တစ်ဦးက ဆိုသည်။

The Voice Weekly
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အခွန်ဆောင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် တရားမဝင် ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို အောက်တိုဘာလမှစတင်ကာ ရွေ့လျား စစ်ဆေးရေး အဖွဲ့ (Mobile Team) များဖြင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲအုပ် တင်မျိုးဇော် က ပြော ကြား သည်။

အရာရှိအဆင့် (ပြည်သူ့စစ်) မောင်းနှင်လာသော ကားပေါ်မှ ကျောက်စိမ်းတုံးများဖမ်းမိ


 မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီးမြို့နယ် ၊ ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၅ ရက်နေ့က မန္တလေးမှမူဆယ်သို့ ထွက်ခွာမည့် အရာရှိအဆင့်နှင့် ဒုဗိုလ်အဆင့်ရှိသူတို့ မောင်းနှင်လာသော စူပါကာစတန် ကားပေါ် မှ တရားမ၀င်ကျောက်စိမ်းတုံးများကို အကောက်ခွန်ဦးစီးဌာနနှင့် နယ်မြေခံရဲစခန်း၊ ၁၆ မိုင်ဂိတ် တာဝန်ကျတို့ ပူးပေါင်းရှာဖွေ ဖမ်းမိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နေအိမ်တွင်လာတည်းသူ အမျိုးသမီးထံမှ ရွှေများလု၊ လူကို မြစ်ထဲပစ်ချ

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ထုံးဗွက်ရွာတွင် စက်တင်ဘာလ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ခရီး သွားရင်း မိတ်ဆွေအိမ် ဝင်ရောက်တည်း ခိုသူအမျိုးသမီးတစ်ဦးကို အိမ်ရှင်ဇနီးမောင်နှံ က မြစ်ကမ်းနံဘေး သို့ ခေါ်ဆောင်ကာ ရွှေငွေများလုယက်၍ လူကိုမြစ်ထဲသို့ ပစ်ချခဲ့ကြောင်း ကာယကံရှင် အမျိုးသမီး က ပြောကြားသည်။

ကလေးတွင် တောင်ကျချောင်းရေကြောင့် တံတားငါးစင်းပျက်စီး


စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အချို့တွင် စက်တင်ဘာလ နှောင်းပိုင်းက မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် တောင်ကျချောင်းရေများကျဆင်းပြီး ကလေး မြို့နယ်တွင် ဒေသခံများအသုံးများသော အဓိက တံတားငါးစင်း ပျက်စီးခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

လုံခြုံရေး အားနည်းမှုကြောင့် ဆူးလေအနီးတွင် တရားမဝင် ငွေလဲလှယ် လုပ်ငန်းဖြင့် လိမ်လည်နေသူများ ရှိနေသေး

Photo: လုံခြုံရေး အားနည်းမှုကြောင့် ဆူးလေအနီးတွင် တရားမဝင် ငွေလဲလှယ် လုပ်ငန်းဖြင့် လိမ်လည်နေသူများ ရှိနေသေး 
Wednesday, October 2, 2013

လုံခြုံ ရေး အားနည်းမှုကြောင့် မဟာ ဗန္ဓုလပန်းခြံ အနီးတစ်ဝိုက်တွင် နိုင်ငံခြားငွေ တရားမဝင်ငွေလဲ လှယ်ခြင်း လုပ်ငန်းလုပ်ကိုင်သူ များက ငွေလာရောက်လဲလှယ်သူ များကို တစ်ပတ်ရိုက် လိမ်လည်မှု များ ပြုလုပ်နေခြင်းများ ယနေ့ တိုင် ရှိနေသေးကြောင်း ယင်း အနီးတစ်ဝိုက်တွင် တရားရုံးဝန် ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေ သူများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

''ကိုးတောင်ကျားတွေက အခုအချိန် အထိ ရှိနေကြတုန်း ပဲ။ စက်တင်ဘာ ၂၅ရက်ကပဲ မလေးရှားက ပြန်လာတဲ့သင်္ဘော သားတစ်ဦးကို ငွေကျပ် ၆၀၀၀၀ လောက်လိမ်သွားတယ်။ ငွေကို လက်လှည့်ပညာတွေနဲ့ အဖွဲ့ လိုက်လိမ်ယူကြတယ်''ဟု မဟာ ဗန္ဓုလပန်းခြံလမ်းတွင် တရားရုံး ဝန်ဆောင်မှုလုပ်ငန်းများ လုပ် ကိုင်သူ ကိုဝင်းထွန်းက ပြောသည်။
ကိုးတောင်ကျားဟု ခေါ်ရ ခြင်းမှာ ယင်းတို့သည် ငွေကျပ်တစ် သိန်းလျှင် ကျပ် ၉၀၀၀၀ သာပါ အောင် ပြုလုပ် လှည့်စားသော ကြောင့် ခေါ် ရခြင်းဖြစ်ကြောင်း၊ အစိုးရရုံးပိတ်ရက်များနှင့် ငွေ လွှဲ ကောင်တာ ပိတ်ရက်များ တွင် မဟာ ဗန္ဓုလပန်းခြံ အနီးတစ်ဝိုက်တွင် လှုပ်ရှားပြီး အဖွဲ့အင်အားမှာ လူ ၂၀ ခန့်ရှိကြောင်း သိရသည်။

''သူတို့တွေက အဖွဲ့လိုက် လှုပ်ရှားကြတယ်။ ဒါပေမဲ့ ရဲက လိုက်ဖမ်းမယ့်နေ့ ကျ ရင် ဘယ်က နေ သတင်းရလဲတော့ မသိဘူး။ တစ်ဦးမှ ပေါ်မလာဘူး။ ကျွန် တော် ထင်တာကတော့ လုံခြုံရေး အားနည်းမှုရယ်၊ အဂတိလိုက် စားမှုတွေကြောင့် ဒီလိုတွေဖြစ်နေ တုန်းလို့ထင်တာပဲ''ဟု ကိုဝင်းထွန်း က ပြောသည်။

ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ အရပ်ဝတ်တွေနဲ့ လုံခြုံရေးတွေ ချထားပါတယ်။ လာရောက် တိုင်ကြားတာမျိုး တော့ အခုတလောမရှိပါဘူး'' ဟု ဖြေသည်။
ရန်ကုန်သို့ လာရောက်အ လုပ်လုပ်ကိုင်နေသူတစ်ဦးက ''အဲဒီ နားရောက်တာနဲ့ အစ်ကိုငွေလဲ မလားဆိုပြီး မေးကြတယ်။ ကျွန် တော့် သူငယ်ချင်းတစ်ဦးလဲ ခံရ ဖူးတယ်။ သူတို့က ငွေလာလဲတဲ့ သူဆိုရင် ဝိုင်းထားပြီး အာရုံနောက် အောင် လုပ်ပြီးလိမ်ကြတာ။ လိမ် လို့မရရင် ဖြဲ ချင်ကြတယ်။ သူတို့ တွေကို နေ့တိုင်း တွေ့နေရတုန်း ပါ''ဟု ပြောသည်။

မဟာဗန္ဓုလပန်းခြံလမ်း သို့ နေ့စဉ်သွားရောက်သည့် အ ထက်တန်းရှေ့နေ ကိုသန့်စင်က ''ဒီလူတွေကို နေ့တိုင်းတွေ့နေ တာပဲလေ။ လုံခြုံရေးတွေလဲ တွေ့နေတာပဲလေ။ ဘာလို့ ဖမ်း ဆီး အရေးယူမှု မလုပ်တာလဲဆို တာကတော့ စဉ်းစားစရာပါပဲ။ ဒီလူတွေကို ထိထိရောက်ရောက် အရေးယူမှုမလုပ်ရင်တော့ ကြာ လာရင် မဟာဗန္ဓုလပန်းခြံရဲ့ ပုံ ရိပ်တစ်ခုလို ဖြစ်လာတော့မှာ သေ ချာတယ်'' ဟု ပြောသည်။

ငယ်ထွေး(ကလေး)
Yangon Media Group
လုံခြုံရေးအားနည်းမှုကြောင့် မဟာဗန္ဓုလပန်းခြံ အနီးတစ်ဝိုက်တွင် နိုင်ငံခြားငွေ တရားမဝင်ငွေလဲ လှယ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများက ငွေလာရောက်လဲလှယ်သူများကို တစ်ပတ်ရိုက်လိမ်လည်မှု များ ပြုလုပ်နေခြင်းများ ယနေ့တိုင်ရှိနေသေးကြောင်း ယင်းအနီးတစ်ဝိုက်တွင် တရားရုံးဝန် ဆောင်မှု လုပ်ငန်း လုပ်ဆောင်နေ သူများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး

Photo: မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး
Wednesday, October 2, 2013

 မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်း အချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော် ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ စတင်ကာ လမ်းသွားလမ်း လာ များ ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား ၄င်းတို့တွင် အဆင်သင့် ပါလာ သည့် ဓားများဖြင့် မော်တော် ဆိုင်ကယ် စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက် (၁၇)နှစ်၊ အောင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊ အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင် ခဲ့သည်။

အဆိုပါ ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်း မှ ဖမ်းဆီးထိန်းသိမ်းကာ (ပ) ၄၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၂၃၆/၂၉၄/၁၁၄ ဖြင့် အမှု ဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ
 မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့သွားလာကာ ညပိုင်းအချိန်များ တွင် လမ်းသွားလမ်းလာများ၊ မော်တော်ဆိုင်ကာစီးနင်းသူများအား အကြောင်းမဲ့ဓားဖြင့် လမ်းသရဲဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

လောင်းကစားဒိုင်ချုပ်ဖမ်းဆီးရန် ပျက်ကွက်၍ တောင်ငူခရိုင် ရဲအရာရှိ ငါးဦးကို စုံခုံဖွဲ့စစ်ဆေး


 ပြည်ထဲရေးဝန်ကြီးသို့ တိုက်ရိုက်တိုင်ကြားမှုဖြင့် တောင်ငူမြို့ရှိ လောင်းကစားဒိုင်ချုပ်ကို အထူးရဲတပ်ဖွဲ့ ၀င်များက ဖမ်းဆီးပြီးနောက် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးအပါအ၀င် သက်ဆိုင်ရာရဲအရာရှိငါးဦးကို အထူး စုံစမ်း စစ်ဆေးရေးခုံရုံး၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

လူငယ်နှင့်အမျိုးသမီး နိုင်ငံရေးဗဟုသုတသင်တန်း ဝမ့်ဟိုင်းတွင် ဒုတိယ အကြိမ်ကျင်းပ

Photo: လူငယ်နှင့်အမျိုးသမီး နိုင်ငံရေးဗဟုသုတသင်တန်း ဝမ့်ဟိုင်းတွင် ဒုတိယ အကြိမ်ကျင်းပ
Wednesday, October 2, 2013

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ် ဝမ့်ဟိုင်းတွင် ဒုတိယအကြိမ်မြောက် လူငယ်နှင့် အမျိုးသမီးများ နိုင်ငံရေး ဗဟုသုတုသင် တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။

သျှမ်းပြည်လူငယ်များဆက်သွယ်ပူးပေါင်း ဆောင်ရွက်ရေးအသင်း (SSYNC) က ကမကထပြုသည့် အဆိုပါသင်တန်းကို စက်တင်ဘာလ ၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးခဲ့ရာ သျှမ်းပြည်အလယ်ပိုင်း မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းနန်း၊ ကျေးသီး၊ မိုင်းရယ်၊ တန့်ယန်း၊ သီပေါ က လူငယ် ၈၀ ကျော်တက် ရောက်ခဲ့ပါသည်။

“ သျှမ်းပြည်လူငယ်တွေ ကိုယ့်အမျိုးသားရေးမှာ စိတ်ပါဝင်စားလာအောင်၊ နိုင်ငံရေးမှာ စိတ်ဝင်စားလာအောင် အစရှိတာတွေ သင်တန်းမှာ ပို့ချပေး ပါတယ် ” ဟု သင်တန်းသူ နန်းကောန်ခမ်းက ပြောဆိုပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး က သင်တန်းသား လူငယ်များအား မိမိသမိုင်းအမှန် သိအောင်ကြိုး စား ရန်၊ နိုင်ငံရေး အမျိုး သားရေးကိုပါ နားလည်အောင် ကြိုးစားရန်၊ ဖြစ်ပေါ်နေသည့် လက်ရှိ အခြေ အနေကို ကြည့် မြင် တတ်အောင်နှင့် လူငယ်အချင်းချင်းသာမက၊ လူငယ်နှင့် လူကြီး လက်တွဲပူးပေါင်း တတ်ကြရန် တိုက်တွန်းပြောဆိုခဲ့ ပါသည်။

“ သင်တန်းပို့ချပေးတဲ့ဆရာ တွေက ကျနော်တို့ကို ဦးဆောင်ဦးရွက် လုပ် တတ် ဖို့ ၊ ရဲဝံ့ဖို့ အသိအမြင်တွေဖလှယ် ပေးတယ်။ လူမှုရေးအဖွဲ့အစုံက လာတယ်။ အမျိုးသမီးတွေရဲ့ရပိုင်ခွင့် ၊ ဦးဆောင်ဦးရွက်တဲ့နေရာမှာ ပါဝင် လာနိုင်ဖို့နဲ့ သတင်းတွေ ယူတတ်အောင် ရေးတတ်အောင် ၊ အစီရင်ခံ စာရေး တတ်အောင်၊ ရုံးလုပ်ငန်းတွေ သိတတ်အောင်နဲ့ စည်းရုံး ရေး လုပ်သန်းတွေမှာ အဖွဲ့အစည်းတွေထူထောင်တဲ့နေရာမှာ ပါဝင်လာအောင် အစရှိ အသိပညာတွေ ပြောပြ သင်ပြ ပို့ချ ပေးခဲ့ပါတယ်” ဟု သင်တန်း သား စိုင်းခမ်းကလည်းပြောပါသည်။

အဆိုပါသင်တန်းတွင် သျှမ်းပြည်တွင်း လူဦးရေ စာရင်းကောက်ယူရေး အတွက်ပါ ပို့ချပေးခဲ့ကြောင်း သင်တန်းသား စိုင်းခမ်းကပြောပါသည်။

သင်တန်းမှပို့ချပေးချက်များအား လက်တွေ့အသုံးချသွားရန်နှင့် မိမိနီးစ ပ်ရာ များအား လက်ကမ်းပို့ချပေး သွားရန်လည်း သင်တန်းဆရာတဦးဖြစ် သ ည့် ဆရာစိုင်းဟင်ဆိုင်က မှာကြားကြောင်း သင်တန်းသားများ ကပြန် လည်ပြောပြသည်။

လူငယ်နှင့်အမျိုးသမီးများ နိုင်ငံရေးဆိုင်ရာ ဗဟုသုတသင်တန်းကို ယခုနှစ်မေလ က တကြိမ်ကျင်းပခဲ့ပြီး ယခုတကြိမ်မှာ်မူ ဒုတိယအကြိမ် သင်တန်းဖြစ်ကြောင်း ရှေ့ဆက်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိုင်းဟင်ဆိုင်က ပြောပါသည်။

အဆိုပါသင်တန်းကို ကမကထပြုသည့် သျှမ်းပြည်လူငယ်များ ဆက်သွယ် ပူးပေါင်း ဆောင်ရွက်ရေးအသင်း (SSYNC) မှာ ၂၀၁၂ ဒီဇင်ဘာလ၌ ဖွဲ့စည်း ခဲ့ပါသည်။

Panglong(Burmese)
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ့်ဟိုင်းတွင် ဒုတိယအကြိမ်မြောက် လူငယ်နှင့် အမျိုးသမီးများ နိုင်ငံရေး ဗဟုသုတုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။

ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွားပြီးနောက် မူစယ်ဒေသခံများ ညအပြင် မထွက်ရဲ

တရုတ်နယ်စပ် မူစယ်မြို့၌ ဓားဖြင့်ခုတ် ဆိုင်ကယ်လုယူမှု ဆက်တိုက်ဖြစ် ပွားပြီးနောက် ဒေသခံများ ညအချိန် အပြင်မထွက်ရဲတော့ကြောင်း ဒေသ တွင်း သတင်းအရ သိရှိရပါသည်။

လိုအပ်လျှင် စစ်မှုမထမ်းမနေရစနစ် အကောင်အထည်ဖော်မည်ဟုဆို

Photo: လိုအပ်လျှင် စစ်မှုမထမ်းမနေရစနစ် အကောင်အထည်ဖော်မည်ဟုဆို
Wednesday, October 2, 2013

နိုင်ငံအတွင်း လုံခြုံရေးအခြေအနေအရ လိုအပ်လာပါက အခြေခံဥပဒေ ပုဒ်မ ၃၄၀ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူအားလုံးပါဝင်သည့်  စစ်မဟာ ဗျူဟာ ကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က အောက်တိုဘာ ၁ ရက်တွင် ပြုလုပ် သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ပြည်သူအားလုံးပါဝင်သည့် စစ်မဟာဗျူဟာဆိုသည်မှာ စစ်မှုမထမ်း မနေရစနစ်ကိုဆိုလိုကြောင်း တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက အဓိပ္ပာယ်ဖွင့်ဆိုပြသည်။

တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တွင် ပြည်သူ တစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်ဟု အခြေခံ ဥပဒေ ပုဒ်မ ၃၄၀ တွင် ဖော်ပြထားသည်။

ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက နိုင်ငံအတွင်း မိမိတို့၏ ဆန္ဒ အလျောက် စစ်မှုထမ်းလိုသည့်သူများ နည်းပါးလာပါက တပ်မတော် အင်အားတောင့်တင်းစေရန် မည်ကဲ့သို့ဆောင်ရွက်ရန် ရှိပါသနည်း ဟူသည့် မေးခွန်းကို ဗိုလ်ချုပ်ကျော်ညွန့်က ထိုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။
““စွန့်လွှတ်စွန့်စားသူတွေ နည်းပါးလာရင်၊ မျိုးချစ်စိတ်နည်းပါးလာသူတွေ များလာရင် တပ်မတော်ဟာ အင်အားနည်းပါးလာနိုင်ပါတယ်။ တရားဥပဒေ စိုးမိုးမှုကို ထိပါးမှုများလာရင် ဒီမိုကရေစီနိုင်ငံတော် ထူထောင်မှုကို ထိခိုက် လာနိုင်တဲ့ အပြင် ပိုဆိုးလာရင် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးလာနိုင်တာ တွေ့ရပါတယ်”” ဟု ဦးတင်မောင်ဦးက ဆိုသည်။

နိုင်ငံတော်တွင် အခက်အခဲအတားအဆီးများ ဖြစ်ပေါ်လာပါက တပ်မတော် မှသာ အစဉ်အမြဲ အကူအညီပေးခဲ့ခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကိစ္စ ရပ်များကို တပ်မတော်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ် မည်သည့်ပါတီ မှ ဖြေ ရှင်းဆောင် ရွက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။ သို့သော် လက်ရှိ မြန် မာ့ တပ်မတော် တွင် တပ်သားဦးရေ လေးသိန်းနှင့် ငါးသိန်းကြား ရှိနိုင်ပြီး ကမ္ဘာပေါ်တွင် စစ်သည်အင်အားအများဆုံး စာရင်း တွင် အဆင့်  ၉ (သို့မဟုတ်) ၁၀ ၀န်းကျင် ရှိနိုင်ကြောင်း စစ်ဘက်ရေး ရာကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

လတ်တလောအခြေအနေအရ စစ်မှုမထမ်းမနေရစနစ်ကဲ့သို့ ပြည်သူ အားလုံး ပါဝင်သည့် တပ်မတော်စနစ်ကို ကျင့်သုံးရန် မလိုအပ်သေးသဖြင့် ကိုယ်တိုင်ခံယူချက်၊ ယုံကြည်ချက်၊ ၀ါသနာအလျောက် စစ်မှု ထမ်းဆောင်ခြင်း ကိုသာ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။ တပ်မတော်သို့ ၀င်ရောက်ကာ တာဝန်ထမ်းဆောင်လိုပါက အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ် ထက် မကြီးသူ၊ မျက်မြင် ၁၃ ချက် နှင့် ပြည့် စုံပြီး ဆေးအဆင့် က အဆင့်ရှိကာ ကိုယ်တိုင်ဆန္ဒပြုသူများ ကိုသာ စစ်မှုထမ်းဥပဒေနှင့်အညီ တပ်မတော်သို့ ၀င်ရောက်စစ်မှုထမ်း တာဝန်ထမ်းဆောင်စေကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

ယခင်အစိုးရလက်ထက်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်း ထားခြင်း ရှိသော်လည်း ယခုအချိန်အထိ ဥပဒေအရ ကျင့်သုံးဆောင်ရွက်ခြင်း မရှိသေးပေ။

7Day Daily

နေပြည်တော်တွင် ကျင်းပခဲ့သော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ
နေပြည်တော်တွင် ကျင်းပခဲ့သော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ
နိုင်ငံအတွင်းလုံခြုံရေးအခြေအနေအရ လိုအပ်လာပါက အခြေခံဥပဒေပုဒ်မ ၃၄၀ ပြဋ္ဌာန်းချက်နှင့် အညီ ပြည် သူအားလုံးပါဝင်သည့်  စစ်မဟာဗျူဟာကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က အောက်တိုဘာ ၁ ရက်တွင် ပြုလုပ် သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

အစိုးရ၏အားနည်းချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းပါးဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေရေးဆွဲ ပြဋ္ဌာန်းခဲ့သော်လည်း အစိုးရ အားနည်း ချက်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှု နည်းပါး နေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ပြောကြားသည်။

လက်နက်ပဋိပက္ခများ၏ ဇာစ်မြစ်ကိုအဖြေရှာကာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု သမ္မတကတိပြု

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်အခတ်ရပ်စဲရေး တစ်ခုတည်း ဖြင့် မလုံလောက်သောကြောင့် လက်နက်ကိုင် ပဋိပက္ခများ၏ ဇာစ်မြစ်များကို အဖြေ ရှာပြီး နိုင်ငံရေးနည်းလမ်း အရသာ ဖြေရှင်းမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယနေ့ ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်း တွင် ကတိပြုပြောကြားသွားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှား နိုင်ငံ ဘုရင်၏ Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces ဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်

နေပြည်တော် အောက်တိုဘာ ၁
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၁ ရက် ဒေသ စံတော်ချိန် ၉ နာရီတွင် National Palace၌ ကျင်းပ ပြုလုပ်သည့် မလေးရှား တပ်မတော်၏ နှစ် (၈ဝ) မြောက်နေ့တွင် မလေးရှားနိုင်ငံ ဘုရင်မှ ပေးအပ် ချီးမြှင့်သော ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဘွဲ့တံဆိပ် အား လက်ခံ ရယူသည်။

သံတွဲတွင် လူမျိုးရေးပဋိပက္ခအသွင် ဆူပူအကြမ်းဖက်မှုများ တစ်ကျော့ပြန် သက်ဝင်လာ


သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ် စု၌ အောက်တိုဘာ ၁ ရက်နေ့ မနက် ပိုင်းက ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုတို့ ရှိခဲ့ကြောင်း အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်က ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်မှု မအောင်မြင်


မူးယစ်ဆေးဝါးဆိုင်ရာ ကမ္ဘာ လုံးဆိုင်ရာစစ်ပွဲ အောင်မြင်ခြင်းမရှိဟု သုတေသီတို့ကယူဆခဲ့ကြ သည်။မူးယစ်ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခဲ့သော်လည်း မူးယစ် ဆေးဝါးများကို ထုတ်လုပ်မှုတိုး ပွားလာသည်ဟုဆိုသည်။

ဝေဖန်မှုတွေကြောင့် ဓာတ်ပုံရိုက်ကူးမှုကို ရပ်လိုက်တော့မယ်လို့ မော်ဒယ် မြနှင်းရည်လွင် ပြော



ဂျာနယ်တစ်ခုရဲ့မျက်နှာဖုံးမှာ ပြီးခဲ့တဲ့လအတွင်းက ဖော်ပြခံရတဲ့ ရင်ဟိုက် ဓာတ်ပုံကြောင့် ပရိသတ်တွေ ရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ မော်ဒယ်မြနှင်းရည်လွင်က လာမယ့်နှစ်
ကစပြီး ဓာတ် ပုံမော်ဒယ် အဖြစ် ဆက်ပြီးလုပ်ကိုင်သွားမှာ မဟုတ်တော့ဘူးလို့ မြန်မာတိုင်းမ်
ကို ပြော ပါတယ်။

ပြည်သူချစ်သော အကောင်းဆုံး ရဲဆု ဓမ္မစေတီလမ်းမှ ယာဉ်ထိန်းရဲ ရရှိ


ပြည် သူချစ်သော ပြည်သူ့ဝန်ထမ်း ရဲ ဒုတပ်ကြပ်ခင်မောင်မြင့်ကို (၄၉) နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ နေ့တွင် ရဲဒုတပ်ကြပ်ရာထူးမှ ရဲ တပ်ကြပ်ရာထူး တိုးမြှင့်ခံလိုက်ရ သည့်အပြင် အကောင်းဆုံးရဲတပ် ဖွဲ့ဝင်ဆုရရှိခဲ့ကြောင်း သိရသည်။
၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ် ထိန်း ရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)တွင် ကျင်းပသော (၄၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆုချီးမြှင့် ပွဲအခမ်းနားတွင် ရာထူး တိုးမြှင့် ခြင်းနှင့် အကောင်းဆုံးရဲတပ်ဖွဲ့ ဝင်ဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် သည်။

ရန်ကုန်လေဆိပ်တွင် ဂိမ်းစက်အတွင်း ထည့်သွင်းယူလာသည့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်လေဆိပ်တွင် တီဗီဂိမ်းစက်အတွင်း ထည့်သွင်းသယ်ဆောင်လာသော စိတ်ကြွဆေးပြားများကို စက်တင်ဘာ ၂၈ ရက်က ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

စနိုဒင် Sakharov Prize ဆု ရနိုင်ဖွယ်ရှိနေ



Photo: စနိုဒင် Sakharov Prize ဆု ရနိုင်ဖွယ်ရှိနေ 
Wednesday, October 2, 2013

အမေရိကန်ပြည်ထောင်စုရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့သူလို့ စွပ်စွဲခံထားရသူ အက်ဒ၀ပ် စနိုဒင်ဟာ ဥရောပ သမဂ္ဂက ပေးမယ့် လူ့အခွင့်အရေးဆု ( Sakharov Prize) အမည်စာရင်းရဲ့နောက်ဆုံး အဆင့် ထိပ်ဆုံး ဇကာတင် ၃ ဦးထဲ ပါ ၀င်လာပြီလို့ သိရပါတယ်။ 

ယူရို ၅ ထောင် ( အမေရိကန် ဒေါ်လာ ၆ သောင်းခွဲ) ဆုကြေးပါဝင်မယ့် နောက်ဆုံး အဆင့် ၃ ဦးမှာ ပါဝင် လာသူတွေကတော့ စနိုဒင်၊ ပါကစ္စတန်က ကျောင်းသူမလေး မာလာလာ ယူဆာဖ်ဇီနဲ့ ဘယ်လာရုစ်နိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ အတိုက်အခံနိုင်ငံရေးသမား တဦးတို့ဖြစ်တယ်လို့ မနေ့က အေပီ သတင်းတပုဒ်က ဆိုပါတယ်။ 

Greens က စနိုဒင်ကို စတင် အမည်စာရင်းတင်သွင်းခဲ့တာကတော့ စနိုဒင်ဟာ သူ့လွှတ်လပ်မှုတွေ အဆုံးရှုံး ခံပြီး ကျန်တဲ့သူတွေကို အကာအကွယ်ပေးခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတော့ စနိုဒင်ဟာ ရုရှားနိုင်ငံမှာ ခိုလှုံနေပါတယ်။

အသက် ၁၆ နှစ်အရွယ် မာလာလာ ကတော့ တာလီဘန် အစွန်းရောက်တွေက လုပ်ကြံပစ်ခတ်ဖို့ မနှစ်က ကြိုးစား ရာမှာ အလွန်ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့သူ အမျိုးသမီးတွေ ပညာသင်ကြားခွင့် ရရေးကြိုး စားဖော်ထုတ်သူပါ။ 

ဒီ ဆာကာရော့ဖ် ဆုကို မြန်မာနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်လည်း ရခဲ့ဖူးသလို တောင်အာဖရီက သမ္မတဟောင်း နယ်လ်ဆင်မန်တဲလားလည်း ရခဲ့ဖူးပါတယ်။ 

အခု ဥရောပ သမဂ္ဂက ပေးမယ့် လူ့အခွင့်အရေး ဆာကာရော့ဖ် ဆု ရရှိသူကိုတော့ လာမယ့် ရက်သတ္တပတ်မှာ ကြေညာမှာဖြစ်ပါတယ်။ 

အိမ့်သံစဉ် ~ 

ဧရာဝတီblog
အမေရိကန်ပြည်ထောင်စုရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့သူလို့ စွပ်စွဲခံထားရသူ အက်ဒ၀ပ် စနိုဒင်ဟာ ဥရောပ သမဂ္ဂက ပေးမယ့် လူ့အခွင့်အရေးဆု ( Sakharov Prize) အမည်စာရင်းရဲ့နောက်ဆုံး အဆင့် ထိပ်ဆုံး ဇကာတင် ၃ ဦးထဲ ပါ ၀င်လာပြီလို့ သိရပါတယ်။

ယူရို ၅ ထောင် ( အမေရိကန် ဒေါ်လာ ၆ သောင်းခွဲ) ဆုကြေးပါဝင်မယ့် နောက်ဆုံး အဆင့် ၃ ဦးမှာ ပါဝင် လာသူတွေကတော့ စနိုဒင်၊ ပါကစ္စတန်က ကျောင်းသူမလေး မာလာလာ ယူဆာဖ်ဇီနဲ့ ဘယ်လာရုစ်နိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ အတိုက်အခံနိုင်ငံရေးသမား တဦးတို့ဖြစ်တယ်လို့ မနေ့က အေပီ သတင်းတပုဒ်က ဆိုပါတယ်။

ဘန်ကီမွန်းနဲ့ ဦးဝဏ္ဏမောင်လွင် နယူးယောက်မှာတွေ့ဆုံ




Photo: ဘန်ကီမွန်းနဲ့ ဦးဝဏ္ဏမောင်လွင် နယူးယောက်မှာတွေ့ဆုံ 
Wednesday, October 2, 2013

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အလွန်တရာ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မနေ့က တွေ့ဆုံစဉ်မှာ ပြောသွားပါတယ်။
 
အားနည်းတဲ့ လူနည်းစု အသိုင်းအ၀ိုင်းကို အစိုးရအနေနဲ့ အကာအကွယ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ဥပဒေစိုးမိုးမှု ဖြစ်စေဖို့၊ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့၊ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူဖို့အတွက် အလျှင်အမြန် ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မစ္စတာ ဘန်ကီမွန်းက ဦးဝဏ္ဏမောင်လွင်ကို ပြောဆိုခဲ့တဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
 
ဒါ့အပြင်တော့ လက်ရှိ မြန်မာနိုင်ငံအတွင်းက လူမှု စီးပွားဖွံ့ဖြိုးမှု အခြေအနေတွေ အမျိုးသား ပြန်လည် သင့်မြတ်ရေး အခြေအနေနဲ့ ဒီမိုကရေစီရေး ဖြစ်ထွန်းမှုတွေ အကြောင်းကိုလည်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

VOA
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အလွန်တရာ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မနေ့က တွေ့ဆုံစဉ်မှာ ပြောသွားပါတယ်။

သံတွဲအကြမ်းဖက်မှု ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင် ကင်တားနား သတိပေး



Photo: သံတွဲအကြမ်းဖက်မှု ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင် ကင်တားနား သတိပေး 
Wednesday, October 2, 2013

မြန်မာနိုင်ငံ အနောက်ခြမ်း သံတွဲမြို့မှာ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာတဲ့အပေါ်မှာ စိုးရိမ်မကင်းဖြစ်ရပြီး၊ ဒီလို အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။
 
အကြမ်းဖက်မှုမှာ တာဝန်ရှိတဲ့ အာဏာပိုင်တွေကို အရေးယူဖို့ သူပြောဆိုအကြံပြုထားပေမဲ့၊ လက်တွေ့မှာ ဒီလိုဆောင်ရွက်မှုမျိုးတွေ မတွေ့ရသေးဘူးလို့လည်း မစ္စတာ ကင်တာနား က ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။
 
ဘာသာရေးနဲ့ လူမျိုးရေးအရ အကြမ်းဖက်မှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မတည်ငြိမ်မှုတွေ တိုးလာတဲ့အထဲ မနေ့ကတော့ သံတွဲမြို့အနီး ကျေးရွာတရွာကို လူအုပ်စုလိုက် မီးဝင်ရှို့ တိုက်ခိုက်ရာကနေ အသေအပျောက်တွေပါ ရှိခဲ့တာပါ။ ဒီလိုအကြမ်းဖက်မှုမျိုးတွေဟာ မြန်မာနိုငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေအတွက် အန္တရာယ်ကြီးတဲ့ အခြေအနေဖြစ်တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက ပြောဆိုသွားပါတယ်။
 
“လူ့အခွင့်အရေး ကိုယ်စားလှယ်တဦးအနေနဲ့ လူတွေအကြမ်းဖက် သတ်ဖြတ်ခံရတာတွေ အထူးသဖြင့်တော့ မူဆလင် လူမှုအသိုင်းအ၀ိုင်းတွေကို ပစ်မှတ်ထား အကြမ်းဖက်တဲ့ လုပ်ရပ်တွေအပေါ်မှာ စိုးရိမ်ပူပင်မိပါတယ်။ ဒါဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ချက်လည်း ဖြစ်ပါတယ်။ အသွင်ကုးပြောင်းရေး လုပ်ဆောင်နေတဲ့အချိန်မှာ အခုလို အကြမ်းဖက်မှုမျိုးတွေ မရှိသင့်ပါဘူး။ စိုးရိမ်စရာကောင်းတဲ့ ဒီလို အကြမ်းဖက်မှုမျိုးတွေဟာ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေအပေါ်မှာ အန္တရာယ်ရှိပါတယ်။ ဒါကို မြန်မာအစိုးရအနေနဲ့ ကောင်းကောင်း နားလည်မယ်ထင်ပါတယ်။”
 
အခုလို သံတွဲမြို့ဝန်းကျင်မှာ မငြိမ်သက်မှုတွေ ဖြစ်နေချိန် မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေနဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေတွေကို ကိုယ်တိုင်လေ့လာဖို့ ရောက်ရှိနေတာလို့ သိရပါတယ်။
 
အခုလို အခြေအနေမျိုးမှာ သမ္မတကိုယ်တိုင် အဲဒီဒေသဘက်ကို သွားရောက်ဖို့ ဆုံးဖြတ်တာဟာ အင်မတန် သင့်တော်ကောင်းမွန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ မစ္စတာ ကင်တာနား က မြန်မာအစိုးရကို ချီးကျူးပါတယ်။
 
“သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်ကို ရောက်နေပြီး၊ အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့နေရာတွေကိုလည်း သွားရောက်ကောင်း သွားရောက်နိုင်ပါတယ်။ လူတွေ သေဆုံးပြီး အကြမ်းဖက်မှုတွေ ဖြစ်တဲ့နေရာကို သွားရောက်ဖို့ဆိုတာ မြန်မာအစိုးရအနေနဲ့ အရေးကြီးပြီး အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်ပါ။ ဒီလို ဆောင်ရွက်ချက်မျိုးအတွက် ကျနော့်အနေနဲ့ ၀မ်းမြောက်မိပါတယ်။”
 
မြန်မာအစိုးရအနေနဲ့လည်း မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်းအတွင်း ဖြစ်နေတဲ့ ဘာသာရေးနဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်မယ်လို့ ပြောသလို၊ မနေ့ကပဲ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီလိုအခြေအနေမျိုးဖြစ်အောင် လှုံ့ဆော်ကြိုးပမ်းသူတွေအပေါ် ဘယ်လိုမှ သည်းခံမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး က ကတိပေးခဲ့ပါတယ်။ မစ္စတာ ကင်တာနားကတော့ အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ လက်တွေ့ လုပ်ဆောင်သွားဖို့ လိုအပ်ပြီး၊ အထူးသဖြင့်တော့ အကြမ်းဖက်မှုမှာ တာဝန်မကင်းတဲ့ အာဏာပိုင်တွေကို ဖော်ထုတ်အရေးယူဖို့ကို တိုက်တွန်းပါတယ်။
 
“ဒီလိုကိစ္စတွေမှာ အစိုးရအနေနဲ့ ဘယ်လိုမှ သည်းခံမှာ မဟုတ်ဘူးလို့ ပြောဆိုတာတွေ ကြားရတာ ကျေနပ်စရာပါ။ ဒါပေမဲ့ ဒါ တကယ်အမှန် လက်တွေ့ဖြစ်ဖို့ လိုပါတယ်။ လက်ရှိ အခြေအနေအထိတော့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ ဆောင်ရွက်တာတွေ၊ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူတာမျိုးတွေ မတွေ့ရသေးပါဘူး။ အချို့နေရာတွေမှာ ဗုဒ္ဓဘာသာဝင်အချို့ကို တရားရုံးကနေ အပြစ်ပေး ထောင်ချတာတွေ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာက လုံခြုံရေးတပ်ဖွဲ့တွေ ကိစ္စပါ။ အခုလို အသွင်ကူးပြောင်းရေးမှာ ရဲတပ်ဖွဲ့ရဲ့အခန်းကဏ္ဍက ဘာလဲဆိုတာကို မေးခွန်းထုတ်ရပါလိမ့်မယ်။ ဒီအကြမ်းဖက်မှုမျိုး မဖြစ်အောင် ရဲတပ်ဖွဲ့တွေက အကာအကွယ် ပေးတာမျိုး မတွေ့ရပါဘူး။”
 
“တချိန်တည်းမှာပဲ စစ်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း မေးခွန်းထုတ်ရပါမယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို ၈ ကြိမ်တိုင်တိုင် ရောက်ပါတယ်။ အကြမ်းဖက်မှုတွေ မဖြစ်အောင် အစိုးရအာဏာပိုင်တွေအနေနဲ့ အရေးယူ လုပ်ဆောင်စရာတွေ ကျန်ရှိနေပါတယ်။ ဒီအထဲမှာ impunity လို့ခေါ်တဲ့ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို အရေးမယူနိုင်တဲ့ ကိစ္စလည်း ပါဝင်ပါတယ်။”
 
မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံက မူဆလင်လူနည်းစုတွေ အကြမ်းဖက် တိုက်ခိုက်ခံရမှု အခြေအနေကို ဝေဖန်ပြောဆိုခဲ့တာကြောင့်၊ သူ့ရဲ့ ပြီးခဲ့တဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ဆန္ဒပြကန့်ကွက်မှုတွေ ရင်ဆိုင်ခဲ့ရသလို ဘက်လိုက်တယ်ဆိုပြီး ဝေဖန်ပြစ်တင်တာတွေလည်း ခံခဲ့ရပါတယ်။
 
ဒီခရီးစဉ်နောက်ဆက်တွဲအဖြစ် လာမယ့် လ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာပြည် အစီရင်ခံစာ တင်သွင်းမှာဖြစ်သလို၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သူ့ရဲ့တာဝန်ယူမှု သက်တမ်းဟာလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

VOA

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana.

http://www.myanmaronlinenews.net/2013/10/blog-post_1977.html
မြန်မာနိုင်ငံ အနောက်ခြမ်း သံတွဲမြို့မှာ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာတဲ့အပေါ်မှာ စိုးရိမ်မကင်းဖြစ်ရပြီး၊ ဒီလို အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍ ကို မေးခွန်း ထုတ်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။

လက်ပံတောင်းမှာ ထုတ်မယူတဲ့ လျော်ကြေးတွေနဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ထူထောင်

Photo: လက်ပံတောင်းမှာ ထုတ်မယူတဲ့ လျော်ကြေးတွေနဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ထူထောင်
Wednesday, October 2, 2013

စက်တင်ဘာလ ၃၀ ရက် မနေ့ကအထိ လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်းနယ်မြေက လျော်ကြေး မထုတ်ကြတဲ့ ဒေသခံတွေ ရဲ့လျော်ကြေး
ငွေတွေကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အဖြစ် ထားရှိသွားမယ်လို့ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်
မတီ တာဝန်ရှိသူက အာအက်ဖ်အေ ကို ပြောပါတယ်။

မြေယာလျော်ကြေးငွေတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး
ထားထုတ်ရမယ်လို့ အစိုးရက တရားဝင်ကြေငြာထားတာဖြစ်ပါတယ်။ အဲဒီငွေတွေကို ၁၈၉၄ မြေသိမ်းဥပဒေအတိုင်း ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲတာဖြစ်တယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်ကပြောပါတယ်။

"လျော်ကြေးလာထုတ်တာ ၇ဝ ရာခိုင်နှုန်းရှိပြီ၊ သက်သက်ကို လာမထုတ်တဲ့ လူအတွက်ကတော့ သူတို့ရွာရဲ့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေမှာ သုံးစွဲပေးမယ်၊ ကျနော်တို့ ၁၈၉ ၄ မြေသိမ်းဥပဒေမှာ လည်း လျော်ကြေးနဲ့ ပတ်သက်ပြီးတော့မှ ပေးမယ်၊ ပေးလို့လာမယူရင် နောက်ဆုံးကျနော်တို့က ဒေသခံတွေ အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ပေးဖို့ပါပါတယ်၊ အဲဒါကြောင့် ကျနော်တို့လုပ်တာ ဥပဒေနဲ့အညီဖြစ်ပါတယ်"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာနဲ့ သီးနှံလျော်ကြေးငွေကို ၀မ်ပေါင်ကုမ္ပဏီက လျော်ကြေးပေးတာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာထဲမှာ ကျေးရွာ ၂၆ ရွာပါဝင်ပြီး ၀က်မှေး၊ ကံတော၊ ဆည်တဲနဲ့ ဇီးတောရွာတွေကတော့ စီမံကိန်းနဲ့ မလွတ်
ကင်းတဲ့အတွက် အပြီးတိုင်ပြောင်းရွှေ့ရမှာ ဖြစ်တယ်လို့လည်း ကော်မတီ
အတွင်းရေးမှူးက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သီးနှံလျော်ကြေးနဲ့
မြေယာလျော်ကြေးကို စက်တင်ဘာလအထိ ကျပ်ငွေသိန်းပေါင်း ရှစ်သောင်း
နီးပါး လျော်ကြေးပေးပြီးဖြစ်တယ်လို့ ကော်မတီက ပြောပါတယ်။

RFA Burmese

စက်တင်ဘာလ ၃၀ ရက် မနေ့ကအထိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေက လျော်ကြေး မထုတ်ကြတဲ့ ဒေသခံတွေ ရဲ့လျော်ကြေး ငွေတွေကို အောက်တိုဘာလ ၁ ရက်နေ့က စပြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အဖြစ် ထားရှိသွားမယ်လို့ စီမံကိန်း အကောင် အထည်ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူက အာအက်ဖ်အေ ကို ပြောပါတယ်။

နိုင်ငံရေးအရ ပွင့်လင်းလာမှုကို အကြမ်းဖက်မှုများ လှုံ့ဆော်ရန်အတွက် အသုံးချခံမည် မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောကြား

အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲရေးများနှင့် ပိုမိုပွင့်လင်းသော ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုသို့ သွားရာလမ်းကြောင်းကို ပျက်စီးသွားစေအောင် ကြံဆောင်ပြုလုပ်သည့် မည်သည့် လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော် ကြံစည်မှုများကိုမှ ခွင့်ပြုနေမည်မဟုတ်ကြောင်း တနင်္လာနေ့ တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆို သည်။

လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား လှုံ့ဆော်မှုများကို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် ထိရောက်စွာအရေးယူမည်

လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား အထိတ်တလန့်၊ စိတ် အနှောင့်အယှက် ဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် လှုံ့ဆော်သည့် ဖြစ်စဉ်များကို စစ်ဆေးတွေ့ ရှိပါက အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မြင့်အေးက ပြောကြား သည်။

သူ့လောက်ရဲတင်းသူ ရှိပါအုံးမလား



ဆိုးသွမ်းလှတဲ့ စပိန်သား ဂျင်မီဂျန် ဟာ ကမ္ဘာ့ဘောလုံးရာဇ၀င်၌ ပြိုင်ပွဲတွေမှာ ကျူးကျော် အနှောက်ယှက်ပြုကြသူများထဲမှာမှ အဆိုးဆုံး သူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါသည်။
၂၀၀၆ နှင့် ၂၀၀၇ ကာလ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲကွင်းထဲ ကို ၀င်ရောက်နှောက်မယှက်မှီ ယူရို ၂၀၀၄ ကာလတုန်းကလည်း ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်ဖြစ်တဲ့ ဘာစီလိုနာကနေ ရီးရဲလ်မက်ဒရစ်ပြောင်းရွှေ့ ကစားသွားသည့် လူးဝစ်ဖီဂိုကို ဘာစီလိုနာ အင်္ကျီနဲ့ ပစ်ပေါက်ခဲ့ဖူး ပါသေး သည်။ 

ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သွားရောက်

ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ်အဖြစ် အောက် တိုဘာ ၁ ရက်က သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကာ မြို့ကို ကားဖြင့် လှည့်ပတ်ကြည့် ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။ နှစ်ဖက် လူမှုအဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တော မြို့သို့ ရောက်  ရှိပြီး နှစ်ဖက် လူမှုအဖွဲ့အစည်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်သူလူထု စားဝတ်နေရေး မြင့်တက်လာခြင်း မရှိသောကြောင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူလူထု၏ စားဝတ်နေရေးလူနေမှု အဆင့်အတန်း မြင့်တက်လာခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ်မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်၍ ဝေဖန်ပြောကြားသည်။
အောက်တိုဘာ ၁ ရက်က နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံဝင်းအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြား သည်။

ချန်ပီယံလိဂ် ပွဲပြီးရလာဒ်များ

ဇင်းနစ် စိန့်ပီတာစဘတ် ၀ - ၀ သြစတြီးယား ဝီယင်

အေဂျက် ၁-၁ အေစီ

အာဆင်နယ် ၂ - ၀ နာပိုလီ

သမ္မတဦးသိန်းစိန် ရခိုင်ပြည်ခရီးစဉ်


 
သံတွဲမြို့ အနီးပတ်ဝန်းကျင် ဒေသတွေမှာ အခြေအနေတွေ မတည်မငြိမ် ဆက်ဖြစ်နေချိန်မှာပဲ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကိုရောက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိ ပက္ခတွေ ရေရှည် ပြေလည်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လက်ရှိ ရခိုင်အစိုးရအဖွဲ့ လုပ်ဆောင်နေတဲ့ တခြားလုပ်ငန်းတွေမှာ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ ဆိုတာတွေကို ကိုယ်တိုင် လေ့လာသိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။

သံတွဲ၌ ပုဒ်မ(၁၄၄)အား ညနေ ၆နာရီမှ မနက် ၆နာရီသို့ စတင်သတ်မှတ်

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို အမြန်ဆုံး တည်ငြိမ်မှု ရရှိစေရန် ဒေသအာဏာပိုင် များက ကြိုးစားဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ၁ရက်နေ့တွင် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄)ကို ညနေ၆နာရီမှမနက်၆နာရီ အထိ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

သံတွဲအကြမ်းဖက်မှု ၂ ဦးထက်မနည်း သေဆုံး

ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီကနေ့လည်း မီးရှို့ဖျက် ဆီးတဲ့ အဓိကရုဏ်းအခြေအနေတွေ ဆက်ဖြစ်ခဲ့ပါတယ်။ သံတွဲမြို့နဲ့ ၁၈ မိုင်လောက်ဝေးတဲ့ရွာကို လူအုပ်စု တစ်စုက ၀င်ပြီး မီးရှို့သွားတယ်လို့ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူတစ်ဦးက ဗွီအိုအေ ကို ပြောပါတယ်။
နဂိုကတည်းက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနက် ၆ နာရီကနေ ည နေ ၆ နာရီအထိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့လည်း သံတွဲမြို့ခံတွေအနေနဲ့ အကာအကွယ်မဲ့သလို ခံစားနေ ရကြောင်း ပြောကြ ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေး ပို့ထားပါတယ်။

အနားယူဖို့ လိုအပ်ကြောင်း ခန္ဓာကိုယ်က ဖော်ပြနေသောအချက်များ


၁။ ခေါင်းကိုက်ခြင်း

တစ်ပတ်လုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေက စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ရောက်တဲ့ အခါ ခေါင်း တစ်ခြမ်း ကိုက် ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရတာမျိုးဖြ...စ်တတ်ပါတယ်။
အဲဒီလို မဖြစ်ရလေအောင် သင်ဘယ်လောက်ပဲ အလုပ်များများ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် ကြိုး စားပါ။