မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူဈေးကွက်နှင့် ကုန်သည်လှောင်လက် အချို့၏ အရောင်းဈေးကွက်၌ မေလ ဒုတိယပတ်မှ စတင်ကာ ငရုတ်သီး အခြောက်မျိုးစုံ ဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ်ရှစ်ထောင်ခန့် မြင့်တက်ခဲ့ကြောင်း စားသုံးသူများ၊ အရောင်းဆိုင်များနှင့် ကုန်သည်များက ပြောကြားသည်။
Tuesday, May 13, 2014
နေပြည်တော်-ရန်ကုန် ရာဇာမင်း ခရီးသည်တင်ယာဉ် အမြန်လမ်း ၁၉၇ မိုင်တွင် တံတားပေါ်မှ ထိုးကျပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရ
နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင်ယာဉ် တစ်စီးသည် မေ ၁၂ ရက်
ည ၇ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ
ပျဉ်မနား-တောင်တွင်းကြီး မီးရထားခုံးကျော် တံတားအောက် ထိုးကျခဲ့ရာ
ယာဉ်ပေါ်ပါခရီးသည် ၁၄ ဦးသေဆုံး ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် ချောက်ထဲထိုးကျမှုကြောင့် ကျား ၁၁ ဦး၊ မ နှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ကာ ကျား၊ မခွဲခြားနိုင်ရန် စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ် ချောက်ထဲထိုးကျမှုကြောင့် ကျား ၁၁ ဦး၊ မ နှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ကာ ကျား၊ မခွဲခြားနိုင်ရန် စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)