Sunday, March 16, 2014

တရားရုံးညွှန်ကြားချက်ကို မလိုက်နာသဖြင့် ခရစ်ဘရောင်း ထောင်ကျ

Photo: တရားရုံးညွှန်ကြားချက်ကို မလိုက်နာသဖြင့် ခရစ်ဘရောင်း ထောင်ကျ
Sunday, March 16, 2014

နာမည်ကျော် အဆိုတော် ခရစ်ဘရောင်း တစ်ယောက် တရားရုံးရဲ့ ညွှန်ကြားချက်အတိုင်း မနေထိုင်တဲ့အတွက် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

အခုလို ထောင်ဒဏ်ချမှတ် မခံရမီက ခရစ်ဘရောင်းဟာ ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ပြန်လည် ပြုပြင်ရေး စင်တာမှာ လေးလကြာ နေထိုင်ဖို့အတွက် တရားရုံးရဲ့ ညွှန်ကြားခြင်းကို ခံထားရပါတယ်။

အဲဒီလို ပြန်လည် ပြုပြင်ရေးစင်တာမှာ နေထိုင်နေစဉ်အတွင်းမှာ ခရစ်ဘရောင်းဟာ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် တရားရုံးက သူ့ကို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ခရစ်ဘရောင်းဟာ ပြုပြင်ရေး စင်တာမှာ နေရမယ့် လေးလတာကို ယခုအခါမှာတော့ ထောင်ထဲမှာ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။

ခရစ်ဘရောင်းဟာ သူ့ရဲ့ချစ်သူဟောင်းဖြစ်တဲ့ ရီဟားနားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်း အပါအဝင် ဒေါသအလျောက် သူတစ်ပါးကို ကိုယ်ထိလက်ရောက် စော်ကားတဲ့ အပြုအမူတွေ ပြုလုပ်လေ့ ရှိတဲ့အတွက် ပြန်လည် ပြုပြင်ရေးစင်တာမှာ ကုသမှုခံယူဖို့ မကြာခဏ ညွှန်ကြားခံရလေ့ရှိသူ ဖြစ်ပါတယ်။

The Voice Weekly
နာမည်ကျော် အဆိုတော် ခရစ်ဘရောင်း တစ်ယောက် တရားရုံးရဲ့ ညွှန်ကြားချက်အတိုင်း မနေထိုင်တဲ့ အတွက် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ရွှေတိဂုံဘုရား ခြေတော်ရင်းက မြန်မာကျော်များ၏ ဂူဗိမာန်

Photo: ရွှေတိဂုံဘုရား ခြေတော်ရင်းက မြန်မာကျော်များ၏ ဂူဗိမာန်
Sunday, March 16, 2014

လူ့ဘဝ ခဏတာ အချိန်တိုတိုလေးမှာ လောကကောင်းကျိုး၊ အများကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး သယ်ပိုးခဲ့ကြသူ တွေဟာ လူသေသော်လည်း နာမည်မသေ ကမ္ဘာဆုံးတိုင် မှတ်ကျောက် တင်ခံကြရသလို ကိုယ့်အတ္တ အကျိုးကိုသာ ရှေးရှု လုပ်ဆောင်မှုကြောင့် လူမသေခင် နာမည်သေပြီး ခေတ်အဆက်ဆက် ရာဇဝင်ဆိုးနဲ့ ကျော်ကြားသူတွေဟာလည်း မှတ်တမ်း အတင်ခံကြရတယ်။ သူရဲကောင်း အာဇာနည်တွေ အများကြီးထဲကမှ မြန်မာမှာသာမက ကမ္ဘာကပါ လေးစား ကြည်ညိုရသူတွေရဲ့ မြန်မာ့ အကျော်တွေရဲ့ ဂူဗိမာန်ကို ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ်မှာ အများပြည်သူ လေ့လာနိုင်ဖို့ ထားရှိပါတယ်။

ကန်တော်မင် ပန်းခြံအနီးမှာ တည်ရှိတဲ့ ဒီဂူဗိမာန်တွေမှာ မြန်မာစာပေ ယဉ်ကျေးမှု၊ အမျိုးသားရေး၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ဖခင်ကြီးလို့ တင်စားခေါ်ဝေါ် ခံရတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်၊ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ ဂူဗိမာန်၊ မြန်မာနိုင်ငံရဲ့ နောက်ဆုံး မိဖုရားကြီး စုဖုရားလတ်ရဲ့ ဂူဗိမာန်နဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ဂူဗိမာန်တို့ကို သွားရောက် ကြည့်ရှု ဂါရဝ ပြုနိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်အကျိုး၊ အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူတွေရဲ့ ကျေးဇူးတရားကို အမှတ်ရ ဂုဏ်ပြုနိုင်ဖို့ နိုင်ငံတိုင်းမှာ သူရဲကောင်း ဂူဗိမာန်၊ အာဇာနည်ဗိမာန်တွေ ထားရှိပြီး နှစ်စဉ် ဂါရဝပြုလေ့ ရှိတာကို တွေ့ရပါတယ်။

စာပေယဉ်ကျေးမှု၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၁၈၇၅ ခုနှစ် ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာမှာ ဖွားမြင်ခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား ညီညွတ်ရေးတို့ကို စာပေကလောင် အစွမ်းဖြင့် မြှင့်တင်ခဲ့ကာ ထင်ရှား လက်ရာများအဖြစ် ဗိုလ်ဋီကာ၊ မျောက်ဋီကာ၊ မှာတော်ပုံဝတ္ထု စသည့် စာအုပ်ပေါင်း ၄၀ ကျော် ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မနားမနေ အားထုတ်ရင်း ဆရာမသေခင် တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေး အစစ်ကို တွေ့သွားချင်တယ်လို့ ဆိုခဲ့သူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ၁၉၆၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ဂူဗိမာန် အဓွန့်ရှည် တည်တံ့နိုင် စေဖို့အတွက် ထည့်ဝင်နိုင်စေရန် အမှတ်တရ အင်္ကျီ၊ ပို့စကတ်၊ ပြက္ခဒိန်နဲ့ စာအုပ်တွေကိုလည်း ရန်ပုံငွေအဖြစ် ရောင်းချနေတာကို တွေ့ရပါတယ်။

လွတ်လပ်ရေး ဗိသုကာ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပါရမီ ဖြည့်ဖက်အဖြစ် ဘဝတစ်လျှောက်လုံး အတူရှိနေခဲ့သူ၊ လွတ်လပ်ရေး ရပြီးနောက် အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့သူ၊ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည် တောင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးသမိခင် ကျေးဇူးရှင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ်တွင် ဖွားမြင်ပြီး ၁၉၈၈ ခုနှစ်တွင် ကွယ်လွန် ခဲ့ပါတယ်။ ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ စုဖုရားလတ်တို့ရဲ့ ဂူဗိမာန်အကြားမှာ ထားရှိပါတယ်။

ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ မြန်မာပြည်ကို နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ သီပေါမင်းရဲ့ မိဖုရားခေါင်ကြီး၊ ပြဿနာတိုင်းကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ကိုင်တွယ် ဖြေရှင်းတတ်သူ၊ တိုင်းတစ်ပါး နယ်ချဲ့တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ရာဇသွေး ရာဇမာန်အပြည့်နဲ့ ရင်ဆိုင်ခဲ့သူ စုဖုရားလတ်ဟာ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှာ ဖွားမြင်ပြီး ၁၂၈၇ ခုနှစ်မှာ ရန်ကုန်မြို့တွင် နတ်ရွာ စံတော်မူခဲ့ပါတယ်။

မြန်မာကို ကမ္ဘာက သိအောင်လုပ်ခဲ့သူ၊ ကျောင်းဆရာ ဘဝမှ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသန့်ရဲ့ ဂူဗိမာန်ကို ဂါရဝပြုရင်း ဦးသန့်ရဲ့အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကို လေ့လာနိုင်မှာပါ။ ကျောင်းဆရာဘဝ၊ ပညာရေး ဝန်ထမ်းဘဝ၊ စာရေးဆရာဘဝ၊ အစိုးရဝန်ထမ်း၊ သံတမန် ဘဝတွေကို ဖြတ်သန်းရင်း တတိယမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ရာမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး၊ ကမ္ဘာတစ်ဝန်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေ လွတ်မြောက်ရေးစတဲ့ အရေးကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းခဲ့တာကြောင့် ကမ္ဘာ့ခေါင်းဆောင်များကပါ လေးစားကြည်ညိုရသူ တစ်ဦး ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ပန်းတနော်မြို့သား ဦးသန့်ကို ၁၉၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

The Voice Weekly
လူ့ဘဝ ခဏတာ အချိန်တိုတိုလေးမှာ လောကကောင်းကျိုး၊ အများကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး သယ်ပိုးခဲ့ကြသူ တွေဟာ လူသေသော်လည်း နာမည်မသေ ကမ္ဘာဆုံးတိုင် မှတ်ကျောက် တင်ခံကြရသလို ကိုယ့်အတ္တ အကျိုးကိုသာ ရှေးရှု လုပ်ဆောင်မှုကြောင့် လူမသေခင် နာမည်သေပြီး ခေတ်အဆက်ဆက် ရာဇဝင်ဆိုးနဲ့ ကျော်ကြားသူတွေဟာလည်း မှတ်တမ်း အတင်ခံကြရတယ်။ သူရဲကောင်း အာဇာနည်တွေ အများကြီးထဲကမှ မြန်မာမှာသာမက ကမ္ဘာကပါ လေးစား ကြည်ညိုရသူတွေရဲ့ မြန်မာ့ အကျော်တွေရဲ့ ဂူဗိမာန်ကို ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ်မှာ အများပြည်သူ လေ့လာနိုင်ဖို့ ထားရှိပါတယ်။

မိုးညှင်းမြို့ ဒီဂရီကောလိပ်အနီး ထန်းတပင်ရွာသားနှစ်ဦး မိုင်းထိ

Photo: မိုးညှင်းမြို့ ဒီဂရီကောလိပ်အနီး ထန်းတပင်ရွာသားနှစ်ဦး မိုင်းထိ
Sunday, March 16, 2014

မြန်မာပြည် မြောက်ပိုင်း(ကချင်ပြည်နယ်) မိုးညှင်းမြို့နယ်က ထန်းတပင်ရွာသား ရှမ်းနီ တိုင်းရင်းသားများ ဖြစ်ကြတဲ့ ဦးအောင်မင်း အသက် (၄၂)နှစ်နှင့် မောင်ကျော်ဇင်အေး အသက် (၂၀)ကျော်တို့ နှစ်ဦးသည် မိုးညှင်း ဒီဂရီကောလိပ် အနီး ကျောက်ဖြူတောင် နှစ်မြွှာဆုံနေရာတွင် မိုင်းထိမှန်၍ ရွာသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိသည်။

မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်း အုပ်စု၊ ထန်းတပင်ရွာနေ ဦးအောင်မင်းသည် ၄င်းထန်းတပင်ရွာ၏ အရှေ့ဘက်၊ မိုးညှင်း ဒီဂရီကောလိပ်အအနီး ၃ မိုင်ခန့်အကွာ ကျောက်ဖြူတောင် နှစ်မြွှာဆုံ၊ တူးလမ်းတွင် ၂၀၁၄ ၊ မတ်လ ၁၂ ရက်နေ့ ၁၂ နာရီကျော် အချိန်၌ ဟင်းကြင်းရွက်ခူးစဉ် မိုးထိမှန်၍ ရင်အုံ၊ ညာဘက်ပေါင်နှင့် ခြေသလုံးတို့တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထန်းတပင်ရွာ ဒေသခံ ဦးရန်ခင်က ပြောကြားသည်။

ပထမတစ်ယောက်ထိတဲ့ မောင်ကျော်ဇင်အေးကတော့ KIA က မိုင်းဖိုးတောင်းမှာ ကြောက်လို့ဆိုပြီး ဆိုင်ကယ်မှောက်တယ်ဆိုပြီးတော့ ဆေးရုံသွားသွားတက်လိုက်တာဗျ၊ သူက ထင်းခုတ်သွားရင်းနဲ့ သစ်ပင်လှဲတဲ့အခါကျတော့ သစ်ပင်ရဲ့ အကိုင်းအဖျားက မိုင်းကို သွားထိမိတာ၊ အဲဒီမှာ မိုင်းက ထကွဲရော၊ သူကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ကြီး မရလိုက်ဘူးဗျ၊ ဦးအောင်မင်းကတော့ ဟင်းကြင်းရွက် ခူးရင်းနဲ့ထိတာ၊ ဘယ်သူမှ မသွားရဲလို့ မိုင်းကွဲတဲ့ နေရာကနေ တောင်ခြေအထိ ထမ်းစဉ်နဲ့ ထမ်းခဲ့ရတာ၊ တောင်ခြေကနေ ဘိုးဘွားရိပ်သာအထိ ကားနဲ့ပို့၊ ဘိုးဘွားရိပ်သာကနေ ဆေးရုံကားနဲ့ ပြန်ပို့ပေးတာ၊ ဦးအောင်မင်းက “ငါတို့ လုပ်စားတဲ့နေရာကို မိုင်းထောင်တယ်ဆိုပြီး” KIA နာမည်တပ်ကာ သတိရတိုင်း ဆဲဆိုကြိမ်းမောင်းနေတယ်လို့ သွေးသုံးပုလင်း၊ ပိုက်ဆံတစ်သိန်းနဲ့ ဆေးရုံအထိ လိုက်ပါ ရှာဖွေ ကူညီပေးခဲ့သူ ခြံလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မိုးညှင်းမြို့ ဒီဂရီကောလိပ်နှင့် ၃ မိုင်ခန့်သာ ကွာဝေးသော အဆိုပါ ကျောက်ဖြူတောင် နှစ်မြွှာဆုံနေရာဒေသသည် ဟင်းကြင်း၊ ကန်ဇင်းစတဲ့ ဟင်းသီးဟင်းရွက်တွေကို ရွာသူ/သားများ အမြဲတန်း ရှာစားတဲ့ နေရာဖြစ်ပြီး KIA ထိန်းချုပ်နယ်မြေ မဟုတ်ပေမယ့် KIA က မိုင်းတွေ ထောင်ထားတယ်၊ တစ်ချို့နေရာတွေမှာ စာတောင်ကပ်ထားသေးတယ်၊ စစ်တပ်က တခါတလေ အရောင်ပြပြီး စစ်ကြောင်းထိုးတာလောက်ပဲ ရှိတယ်၊ အရောင်ပြပြီး ပြန်ပြန်သွားတယ်လို့ ခြံလုပ်ငန်းရှင်ကပဲ ဆက်ပြောသည်။

မိုင်းထိဒဏ်ရာ ပြင်းထန်သူ ဦးအောင်မင်းသည် မိုးညှင်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး အိမ်ခြေ (၁၅၀)ကျော်ခန့်ရှိသော မိုးညှင်းမြို့နယ်၊ ထန်းတပင်ရွာသည် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ကြတာလည်း ဖြစ်သည်။

ဧရာဝတီမြစ်ဖျားဆီက
မြန်မာပြည် မြောက်ပိုင်း(ကချင်ပြည်နယ်) မိုးညှင်းမြို့နယ်က ထန်းတပင်ရွာသား ရှမ်းနီ တိုင်းရင်းသားများ ဖြစ်ကြတဲ့ ဦးအောင်မင်း အသက် (၄၂)နှစ်နှင့် မောင်ကျော်ဇင်အေး အသက် (၂၀)ကျော်တို့ နှစ်ဦးသည် မိုးညှင်း ဒီဂရီကောလိပ် အနီး ကျောက်ဖြူတောင် နှစ်မြွှာဆုံနေရာတွင် မိုင်းထိမှန်၍ ရွာသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိသည်။

မီးထလောင်နိုင်တဲ့ ကား ၉ သိန်းနီးပါး ဟွန်ဒါကားကုမ္ပဏီ ပြန်သိမ်း

Photo: မီးထလောင်နိုင်တဲ့ ကား ၉ သိန်းနီးပါး ဟွန်ဒါကားကုမ္ပဏီ ပြန်သိမ်း
Sunday, March 16, 2014

ဟွန်ဒါမော်တော်ကုမ္ပဏီဟာ မီးထလောင်နိုင်တဲ့ အော်ဒဲ့စီမော်ဒယ်လ်မီနီဗန် အမျိုးအစား ကားစီးရေ ကိုးသိန်း နီးပါးကို ပြန်သိမ်းနေတယ်လို့ အမေရိကန် အမျိုးသား ယဉ်ကြောဘေးကင်းရေး စီမံကွပ်ကဲမှုဌာန NHTSA က ကားပြန်ရုပ်သိမ်းမှုဆိုင်ရာ အကြောင်းကြားစာမှာ မတ်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။

အလာဘားမားပြည်နယ်မှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ကြား ထုတ်လုပ်ခဲ့တဲ့ အော်ဒဲ့စီ မီနီဗန်တွေမှာ ပါတဲ့ လောင်စာပန့် အစိတ်အပိုင်းက အက်ကွဲနိုင်ပြီး လောင်စာယိုစိမ့်နိုင်တာ ကြောင့် မီးလောင်မယ့်ဘေး တိုးလာလို့ ခုလို ပြန်သိမ်းတာလို့ ဟွန်ဒါက မတ်လ ၁၃ ရက်နေ့က ကြေညာခဲ့တာပါ။

လောလောဆယ်ထိတော့ ဒီပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုမီးလောင်မှုနဲ့ ဒဏ်ရာရမှုမှ အစီရင်ခံတာ မရှိသေးဘူးလို့လည်း ကုမ္ပဏီက ပြောပါတယ်။ သက်ဆိုင်ရာ ပြင်ဆင်ရေး အစိတ်အပိုင်းတွေက နွေရာသီထိ မရနိုင်သေးဘူးလို့လည်း ဟွန်ဒါက ပြောပါတယ်။ ဒီကြားထဲမှာတော့ ဟွန်ဒါကုမ္ပဏီက ဧပြီလက စပြီး အကြောင်းကြားတဲ့ ဖောက်သည်တွေကို ကြားဖြတ် အရံပစ္စည်းတွေ ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

အက်ကွဲဖို့ ဖြစ်နိုင်ချေတွေကို စုံစမ်းစစ်ဆေးရာမှာ လောင်စာပန့်ရဲ့အဖုံးကို ကားဆေးရာမှာ သုံးတဲ့ ဓာတုပစည်းတွေထဲက အက်ဆစ်တွေ ဓာတ်မြေသြဇာထဲမှာ သုံးတဲ့ pH အဆင့်နည်းတဲ့ ပစ္စည်းတွေနဲ့ ဖုန်ထိန်းချုပ်ရေး ပစ္စည်းတွေ အပါအ၀င် ဓာတုပစ္စည်းအတော်များများနဲ့ စမ်းသပ်ခဲ့တယ်လို့ ဟွန်ဒါက ပြောပါတယ်။

လောင်စာပန့်ရဲ့ ပုံစံတွေကို ဂျပန်ကုမ္ပဏီ ဒန်ဆိုက အမေရိကန်နိုင်ငံထဲမှာ ထုတ်လုပ်ခဲ့တာလို့ ဟွန်ဒါက ဆိုပါတယ်။ အလာဘားမားပြည်နယ် လင်ကွန်းမြို့စက်ရုံကနေ ၂၀၀၄ ဇွန် ၂၃ ကနေ ၂၀၁၀ စက်တင်ဘာ ၄ ရက်နေ့ကြားက ထုတ်လုပ်ခဲ့တဲ့ ဗန်ကားတွေကို ပြန်သိမ်းတာလို့ ဟွန်ဒါက ပြောပါတယ်။

ဒီဗွီဘီ
ဟွန်ဒါမော်တော်ကုမ္ပဏီဟာ မီးထလောင်နိုင်တဲ့ အော်ဒဲ့စီမော်ဒယ်လ်မီနီဗန် အမျိုးအစား ကားစီးရေ ကိုးသိန်း နီးပါးကို ပြန်သိမ်းနေတယ်လို့ အမေရိကန် အမျိုးသား ယဉ်ကြောဘေးကင်းရေး စီမံကွပ်ကဲမှုဌာန NHTSA က ကားပြန်ရုပ်သိမ်းမှုဆိုင်ရာ အကြောင်းကြားစာမှာ မတ်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။

ထိုင်းလူမျိုးအသတ်ခံရမှုကြောင့် ဖူးခက်ရောက် မြန်မာလုပ်သားများ ညမထွက်ရအမိန့်နှင့် ရင်ဆိုင်ရ

Photo: ထိုင်းလူမျိုးအသတ်ခံရမှုကြောင့် ဖူးခက်ရောက် မြန်မာလုပ်သားများ ညမထွက်ရအမိန့်နှင့် ရင်ဆိုင်ရ
Sunday, March 16, 2014

ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် ဖူးခက်ပြည်နယ် ပါတုံးကမ်းခြေမြို့ရှိ မြန်မာအလုပ်သမားများမှာ ထိုင်းလူမျိုးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ညမထွက်ရအမိန့်ထုတ်ပြန်ခံထားရကြောင်း မတ် ၁၄ ရက် သတင်းများတွင် ဖော်ပြသည်။

ပါတုံးမြို့တွင်း၌ မတ် ၁၁ ရက်တွင် မြန်မာနိုင်ငံသား အုပ်စုတစ်စုက ထိုင်း အမျိုးသားတစ်ဦးကို ရန်ပြုတိုက်ခိုက်ခဲ့ပြီး နောက်ပါတုံးမြို့တွင်းရှိ မြန်မာအလုပ်သမားများ ည ၁၀ နာရီနောက်ပိုင်း၎င်းတို့ နေထိုင်ရာ စခန်းပြင်ပသို့ ထွက်ပါက အဖမ်းခံရမည်ဖြစ်ကြောင်း ပါတုံးရဲတပ်ဖွဲ့ က ကြေညာထားသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် ထုံးစံအားဖြင့်အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်းထားတတ်ကြောင်း၊ သို့ဖြစ်ရာ ပါတုံးမြို့နေ မြန်မာအလုပ်သမားများ ည ၁၀ နာရီ နောက်ပိုင်း ၎င်းတို့၏ စခန်းပြင်ပသို့ ထွက်ခွာပါက နိုင်ငံကူးလက်မှတ်လက်ဝယ် မထားရှိမှုနှင့် ဖမ်းဆီးနိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်နိုင်ကြောင်း ပါတုံးမြို့ ရဲတပ်ဖွဲ့ က ပြောကြားသည်။

ပါတုံးရဲတပ်ဖွဲ့၏ အဆိုအရ မတ် ၁၁ ရက် နံနက်ပိုင်းက ဆာဇစ်ဖိုတုန်း အမည်ရှိ ထိုင်းအမျိုးသားတစ်ဦးကို မြန်မာနိုင်ငံသား ၁၁ ဦးတို့က ရန်ပြုတိုက်ခိုက်ခဲ့ရာ ထိုင်းအမျိုးသား သေဆုံးခဲ့ရကြောင်း သိရသည်။

သို့ရာတွင် လုံခြုံရေးကင်မရာ မှတ်တမ်းများကို အထောက်အထားပြု၍ သုံးရက်တိုင်တိုင် ရှာဖွေစုံစမ်းပြီးနောက် ပြစ်မှုကျူးလွန်သူအဖြစ်ယူဆ ရသူခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပါတုံးမြို့ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အရက်ဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့သည့် ရန်ပွဲတစ်ပွဲကိုအကြောင်းပြု၍ ပြန်လည်လက်စားချေလိုသဖြင့် သေဆုံးသူ ထိုင်းအမျိုးသားအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟူ၍ ဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမား များက ၀န်ခံထားကြကြောင်းရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။

ထိုင်းအမျိုးသား အသတ်ခံရမှုတွင် ပါဝင်ပတ်သက်ကြောင်း ယူဆရသူ အခြားမြန်မာနိုင်ငံသား ငါးဦးမှာ ဖူးခက်မှထွက်ခွာသွားပြီဟု ယူဆရကြောင်း ပါတုံးရဲတပ်ဖွဲ့က ပြောကြားသည်။တစ်ချိန်တည်း၌ပင် လိုအပ်သည့် ကာလအတိုင်းအတာတစ်ရပ်အထိ မြန်မာအလုပ်သမားများအပေါ် ညမထွက်ရအမိန့် ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပါတုံးမြို့ ရဲတပ်ဖွဲ့က ပြောကြားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် ဖူးခက်ပြည်နယ် ပါတုံးကမ်းခြေမြို့ရှိ မြန်မာအလုပ်သမားများ မှာ ထိုင်းလူမျိုးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ညမထွက်ရအမိန့်ထုတ်ပြန်ခံထားရကြောင်း မတ် ၁၄ ရက် သတင်းများတွင် ဖော်ပြသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်ထည့်သွင်း ကောက်ခံမည်ကို ကျောက်ဖြူတွင် ဆန္ဒပြကန့်ကွက်

Photo: သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်ထည့်သွင်း ကောက်ခံမည်ကို ကျောက်ဖြူတွင် ဆန္ဒပြကန့်ကွက်
Sunday, March 16, 2014 

ယခုလ ၃၀ရက်နေ့တွင် စတင်ကောက်ယူမည့် မြန်မာပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံမည်ကို ရခိုင်ပြည်နယ် ကျောက်ဖြူဒေသခံ ၅၀၀ ခန့်က ယနေ့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

“ သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ရိုဟင်ဂျာလို့ ဒီနိုင်ငံမှာ မရှိတဲ့ လူမျိုးတမျိုးကို ထည့်သွင်း ကောက်ယူမှာကို ကျနော်တို့က မလိုလားတဲ့အတွက် ကန့်ကွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ပြီးတော့ ရခိုင်လူထုအနေနဲ့လည်း အရင်ကလည်း မရှိခဲ့တဲ့ ဒီ ရိုဟင်ဂျာဆိုတဲ့လူမျိုးတမျိုး ပေါ်လာမှာကို စိုးရိမ်ကြတယ်။” ဟု ဆန္ဒပြပွဲတွင် ပါဝင်လှုပ်ရှားသူ ကျောက်ဖြူလူမှုကွန်ရက်အဖွဲ့မှ ဦးထွန်းလွင်က နိရဉ္စရာသို့ ပြောသည်။

ဆန္ဒပြပွဲတွင် တောင်းဆိုချက်များနှင့် ပတ်သက်၍လည်း ဦးထွန်းလွင်က“ တောင်းဆိုတာတွေကတော့ ၁၉၈၂ ဥပဒေအရ တရားမဝင် ဘင်္ဂါလီတွေကို ဖော်ထုတ်ဖို့ ကိစ္စ၊ သန်းခေါင်စာရင်းကောက်ခံတဲ့အခါ ဘင်္ဂါလီတွေကို အခြားနေရာမှာ ရိုဟင်ဂျာဆိုပြီးတော့ ထည့်သွင်း မကောက်ခံဖို့၊ ပြီးတော့ သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ ဘင်္ဂါလီစာရင်းကောက် အယောက် ၁၄၀ ကျော်ပါဝင်မယ်လို့ သိရတယ်။ ဒါကို ကန့်ကွက် တယ်။ အဓိက အချက်တွေကတော့ ဒါပါပဲ” ဟု သူက ဆက်ပြောသည်။

ယခုလ ၁၄ရက်နေ့က ကျောက်ဖြူမြို့သို့ ဝန်ကြီးဦးခင်ရီ ရောက်ရှိလာပြီး ဒေသခံများ၊ လူထုအခြေပြု အဖွဲ့အစည်းများဖြင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

၎င်းတွေ့ဆုံပွဲတွင် ရခိုင်ဒေသခံများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ခံမည်ကို ရခိုင်လူထုအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုကြရာတွင် ဝန်းကြီး ဦးခင်ရီက မထည့်ပါနဲ့လို့ ပြောလို့လည်း ရမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ကျောက်ဖြူ ဒေသခံတဦးက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို ယနေ့ နံနက် ၉နာရီခန့်မှ စတင်ပြီး ၁၀နာရီအထိ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသခံ ၅၀၀ ခန့်က ပိုစတာများ ကိုင်ဆောင်ပြီး မြို့ကိုလှည့်လည်ကာ ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။

အလားတူ ဆန္ဒပြပွဲတခုကိုလည်း ယနေ့တွင် စစ်တွေမြို့နှင့် ပုဏ္ဍားကျွန်းမြို့တို့တွင်လည်း ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။

နိရဉ္စရာ
ယခုလ ၃၀ရက်နေ့တွင် စတင်ကောက်ယူမည့် မြန်မာပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံမည်ကို ရခိုင်ပြည်နယ် ကျောက်ဖြူဒေသခံ ၅၀၀ ခန့်က ယနေ့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက် တရုတ်တောင်းဆို

ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်တဲ့ ပိုပြီး တိကျ အသေးစိတ်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပေးဖို့ တရုတ်အစိုးရက မတ်လ ၁၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

တပေါင်းလပြည့်နေ့ နေပြည်တော်ရှိစေတီပုထိုးများ၌ အထူးစည်ကား

Photo: တပေါင်းလပြည့်နေ့ နေပြည်တော်ရှိစေတီပုထိုးများ၌ အထူးစည်ကား
Sunday , March 16 , 2014

ယနေ့သည်တပေါင်းလပြည့်နေ့အခါသမယဖြစ်သည်နှင့်အညီ နေ ပြည်တော်ရှိဘုရား၊ ပုထိုးစေတီတို့၌ ဗုဒ္ဓပူဇနိယပွဲတော်များကို ကျင်းပ လျက်ရှိရာ ကုသိုလ်ပုညပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်၌ ယနေ့နံနက်ပိုင်း၌ ဆဋ္ဌမအကြိမ် ရွှေကြာသင်္ကန်းတော် ကပ်နှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင် မင်္ဂလာအခမ်းအနားကိုစည်ကား သိုက်မြိုက်စွာကျင်းပပြီး ညနေပိုင်း တွင်ဘုရားရှင်အား ရည်မှန်း၍ ဥပ္ပါတ သန္တိစေတီတော်အားဆီမီး ၁ဝဝဝ ဖြင့် ထွန်းညှိပူဇော်ခြင်း၊ နေပြည်တော်ရှိ တပ်ရင်း/တပ်ဖွဲ့များမှဝတ်အသင်း အဖွဲ့များ၊ ဝန်ကြီးဌာနများမှ ဝတ် အသင်းအဖွဲ့များက ဗုဒ္ဓဒေသနာ တော်များရွတ်ဆိုပူဇော်ခြင်း၊ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း ဆက်ကပ် လှူဒါန်း၍ ဒါန သီလ၊ ကုသိုလ်ပြုကြ သူများ၊ ဝိပဿနာဘဝနာပွားများကြ သူများဖြင့် အထူးစည်ကားလျက် ရှိသည်။
အလားတူ ပျဉ်းမနားမြို့ရှိ ဆုတောင်းပြည့်လောကမာရဇိန်စေတီ တော်၌ လည်း ပျဉ်းမနားမြို့ သံလမ်း ကျောင်းတိုက်ဆရာတော်နှင့် ဘုရား ပွဲတော်ကျင်းပရေးနာယကအဖွဲ့ဝင်ဆရာတော်ကြီးများကြီးမှူး၍ (၁၄၁)ကြိမ်မြောက် ဆုတောင်းပြည့်လောက မာရဇိန်ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို မတ် ၈ ရက် မှ ၂၂ ရက်အထိ ကျင်းပလျှက်ရှိရာ ကုသိုလ်ဘာဝနာ ပွားများကြသူများ၊ဘုရားဖူးလာပြည်သူ များဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့အတူ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ဓာတုဇယ ဓာတ်ပေါင်း စုစေတီတော်နှင့် စေတီ တော်ပရိဝုဏ်အတွင်းရှိ မဟာမုနိရုပ် ရှင်တော်မြတ်ကြီး၊ ပျဉ်းမနားမြို့ရှိ သမိုင်းဝင်ဘုရားကိုးဆူစေတီ၊ ကိုးခန်း ကြီးဘုရားနှင့် စေတီပုထိုးများတွင် သစ်သီး၊ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူသူများ၊ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်ပြုကြသူများ၊ မိသားစု ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

(သတင်းစဉ်)
The Mirror Daily
ယနေ့သည်တပေါင်းလပြည့်နေ့အခါသမယဖြစ်သည်နှင့်အညီ နေပြည်တော်ရှိဘုရား၊ ပုထိုးစေတီတို့၌ ဗုဒ္ဓပူ ဇနိယ ပွဲတော်များကို ကျင်းပ လျက်ရှိရာ ကုသိုလ်ပုညပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ကချင်ပြည်နယ်မှာ ရွှေထွက်သောနေရာ ၁၅၀ ရှိသည်

လွန်ခဲ့သော အနှစ် ၅၀ ကျော် ၁၉၆၁ ခုနှစ်က ကာကွယ်ရေးဝန်ကြီးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ် မှူးအောင်နှင့် အတူ ကချင်ပြည်နယ်သို့ သတင်းစာတိုက်တာဝန်ဖြင့် ရောက်သွားဖူးသည်။ ရွှေဘယ်လောက်ေ ပါ သည့် ဒေသမှန်းသိသာအောင် လက်ဖြင့် ဖမ်းယူရရှိသော ငါးကြင်းခေါင်းမှာပင်လျှင် ရွှေမှုန်ကလေးတွေ ကပ်ပါလာသည်။

မသန်စွမ်း ဥပဒေ ရေးဆွဲအပြီး ငါးနှစ်အကြာ ၂၀၁၅ တွင် ပြဋ္ဌာန်းနိုင်မည်ဟုဆို

Photo: မသန်စွမ်း ဥပဒေ ရေးဆွဲအပြီး ငါးနှစ်အကြာ ၂၀၁၅ တွင် ပြဋ္ဌာန်းနိုင်မည်ဟုဆို
Sunday , March 16 , 2014

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ ရင်ဆိုင်နေရသည့် အခက်အခဲ များစွာ ရှိနေဆဲ ဖြစ်ပြီး ထိုအခက်အခဲများ တစ်စိတ်တစ်ပိုင်း ဖြစ်စေ ဖြေရှင်းနိုင်ရန်၊ အခွင့်အရေးများ ရရှိစေရန်တို့ အတွက် ၂၀၁၀ ပြည့်နှစ် ကတည်းက ရေးဆွဲခဲ့သော မသန်စွမ်း ဥပဒေကို လာမည့် ၂၀၁၅ တွင် ပြဋ္ဌာန်းနိုင်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

မသန်စွမ်း ဥပဒေမူကြမ်းကို ၂၀၁၃ ဖေဖော်ဝါရီလတွင်းက အစိုးရထံ တင်ထားပြီး လွှတ်တော် ကိုယ်စားလှယ် များ၏ အကြံပြု ဆွေးနွေး အတည်ပြုပြီးပါက နိုင်ငံတော် သမ္မတထံ တင်ကာ နိုင်ငံတော် သမ္မတ လက်မှတ် ရေးထိုးပြီးလျှင် ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မသန်စွမ်း အမျိုးသမီးများ အသင်း၏ စည်းရုံး စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) ၌ မတ်လ ၁၅ ရက်နေ့တွင် စတင် ကျင်းပသည့် “အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အဆင့်အတန်းကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးမှုဆီသို့ လျှောက်လှမ်းကြပါစို့” ဖိုရမ် ပထမနေ့တွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်၍ မသန်စွမ်းသူများ အရေး ဦးဆောင်နေသော အဖွဲ့အစည်းများ၊ မသန်စွမ်းသူများ ကိုယ်တိုင် ဦးဆောင်နေသော အဖွဲ့များ၊ မသန်စွမ်းသူများ အရေး ပါဝင် ဆောင်ရွက်နေသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ ပါဝင်ကာ ၂၀၁၀ က စတင် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

မသန်စွမ်းသော အမျိုးသမီးများသည် အမျိုးသားများထက် အခြေခံ ဝန်ဆောင်မှု ရရှိရေး အခွင့်အရေး ပို၍ နည်းပါးသည်ကို သုတေသနပြုချက်များ အရ တွေ့ရှိရကြောင်း လူမှုရေးဆိုင်ရာ သုတေသန လုပ်ဆောင်မှု အဖွဲ့ (SPPRG) က ဒါရိုက်တာ Dr. Mike Griffiths က ပြောကြားသည်။

“သူများတွေမှာ ရှိတဲ့ အရည်အချင်းတွေ မသန်စွမ်းတွေမှာလည်း ရှိပါတယ်။ ဒီအရည်အချင်းကို ဖော်ထုတ်ပေးမယ့်သူ၊ လက်ကမ်း ကြိုဆိုပေးမယ့် သူမရှိလို့ တိမ်မြုပ် နေရတာပါ” ဟု မြန်မာနိုင်ငံ မသန်စွမ်း အမျိုးသမီးများ အသင်းမှ ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က ပြောကြားသည်။

မသန်စွမ်း အမျိုးသမီးများကို ချန်မထားဘဲ သန်စွမ်းသော အမျိုးသမီးများ ကဲ့သို့ ထည့်သွင်း စဉ်းစား၍ ကူညီ စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာပေါ်တွင် အမျိုးသမီး သုံးဦးတွင် တစ်ဦးသည် အနိုင်ကျင့် အကြမ်းဖက် ခံနေရသည့် အတွက် အမျိုးသမီး သန်းတစ်ထောင် ခန့်မှာ အနိုင်ကျင့် အကြမ်းဖက်ခြင်း ခံနေရကြောင်း WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) အစီရင်ခံစာအရ သိရသည်။

The Voice Weekly
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ ရင်ဆိုင်နေရသည့် အခက်အခဲ များစွာ ရှိနေဆဲ ဖြစ်ပြီး ထိုအခက်အခဲများ တစ်စိတ်တစ်ပိုင်း ဖြစ်စေ ဖြေရှင်းနိုင်ရန်၊ အခွင့်အရေးများ ရရှိစေရန်တို့ အတွက် ၂၀၁၀ ပြည့်နှစ် ကတည်းက ရေးဆွဲခဲ့သော မသန်စွမ်း ဥပဒေကို လာမည့် ၂၀၁၅ တွင် ပြဋ္ဌာန်းနိုင်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

အိန္ဒိယနိုင်ငံမှ အမျိုးသမီးတစ်ဦး ဦးခေါင်းနှစ်လုံးပါး ကလေးငယ်တစ်ဦးကို မွေးဖွား

Photo: အိန္ဒိယနိုင်ငံမှ အမျိုးသမီးတစ်ဦး ဦးခေါင်းနှစ်လုံးပါး ကလေးငယ်တစ်ဦးကို မွေးဖွား
Sunday , March 16 , 2014

အိန္ဒိယနိုင်ငံ မှ အမျိုးသမီး တစ်ဦးသည် ယခု သီတင်းပတ် အတွင်း ဦးခေါင်း နှစ်လုံး ပါရှိသည့် ကလေးငယ် တစ်ဦးကို မွေးဖွား ခဲ့ကြောင်း ဗြိတိန်နိုင်ငံ ထုတ် သတင်းစာကြီး တစ်စောင် က မတ်လ ၁၃ ရက်တွင် ဖော်ပြ ခဲ့သည်။

ဟာယာန ပြည်နယ်မှ အသက် ၂၈ ၊နှစ်အရွယ် အာမီလာရှာမာ အမည်ရှိ အမျိုးသမီး သည် ငွေကြေး ချို့တဲ့မှုကြောင့် ကိုယ်ဝန်ဆောင် ကာစ အချိန်တွင် ၄င်း လွယ်ထား ရသည့် ကလေးငယ် ကို အာထရာဆောင်း ရိုက်ရန် တတ်စွမ်းနိုင်ခြင်း မရှိဟု သိရသည်။ သူမသည် ထူးခြားသည့် ကလေးငယ် တစ်ဦးကို ကိုယ်ဝန်ဆောင် ထားရကြောင်းကို ကလေး မမွေးဖွားမီ သီတင်းပတ် နှစ်ပတ် အလိုမှသာ သိရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်းရှိ မီဒီယာ များက ဖော်ပြ ခဲ့သည်။ သူမသည် ယင်းကလေးငယ် ကို မတ်လ ၁၂ ရက် နံနက်ပိုင်းက မွေးဖွား ခဲ့ခြင်းဖြစ်ပြီး ကလေးငယ် မှာ ဦးခေါင်းနှစ်လုံး ပါရှိသော်လည်း ကျောရိုး ၊ လည်ပင်း နှင့် အခြား အင်္ဂါများမှာ တစ်စုံစီသာ ပါလာခဲ့ သောကြောင့် ဆရာဝန်များ အနေဖြင့် ခွဲစိတ် ကုသရန် အခက်အခဲ ကြုံနေရကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် ကိုယ်အင်္ဂါ တစ်ခုတည်းသာ ပါရှိသောကြောင့် ခွဲစိတ် ကုသရန် ခက်ခဲလှကြောင်း ဂျေကေဟင်ဒူ ဆေးရုံမှ ဆရာဝန် များက ပြောကြား ထားသည်။ ရှာမာသည် ပုံမှန် မဟုတ်သည့် သန္ဓေသားလောင်း ကို ကိုယ်ဝန်ဆောင် ထားရကြောင်း ကို အချိန်နှောင်းမှ သိရှိရခြင်းကြောင့် ယခုအခါ မည်သို့မျှ တတ်နိုင်ခြင်း မရှိကြောင်း ၊ မိမိတို့ အနေဖြင့် ကလေးငယ်ကို ကယ်တင်နိုင်ရန် အတွက် အစွမ်းကုန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ဆရာဝန် တစ်ဦး ဖြစ်သူ ဒေါက်တာ မာလစ် က ပြောကြား ခဲ့သည်။

ယခုကဲ့သို့ ကိုယ်အင်္ဂါချင်း ဆက်နေသည့် ကလေးငယ် မျိုးသည် ဖြစ်ထောင့် ဖြစ်ခဲလှပြီး ကလေးငယ် ၂၀၀၀၀၀ တွင် တစ်ဦးမျှသာ ဖြစ်ပွားလေ့ ရှိကြောင်း သုတေသီ များ၏ ပြောကြားချက် အရ သိရှိရသည်။

 (YGT)
PyiChitThar
အိန္ဒိယနိုင်ငံ မှ အမျိုးသမီး တစ်ဦးသည် ယခု သီတင်းပတ် အတွင်း ဦးခေါင်း နှစ်လုံး ပါရှိသည့် ကလေးငယ် တစ်ဦးကို မွေးဖွား ခဲ့ကြောင်း ဗြိတိန်နိုင်ငံ ထုတ် သတင်းစာကြီး တစ်စောင် က မတ်လ ၁၃ ရက်တွင် ဖော်ပြ ခဲ့သည်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတွင် f-18 ဂျက်လေယာဉ်နှင့် ရက်ဒ်ဘူးလ်အသင်း ၏ပြိုင်ကား တို့ အမောင်းပြိုင်ပွဲပြုလုပ်

Photo: သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတွင် f-18 ဂျက်လေယာဉ်နှင့် ရက်ဒ်ဘူးလ်အသင်း ၏ပြိုင်ကား တို့ အမောင်းပြိုင်ပွဲပြုလုပ်
Sunday , March 16 , 2014

မဲလ်ဘုန်း၊ မတ် ၁၄ ။ ။ ရုပ်ရှင်ထဲတွင်သာ ရံဖန်ရံခါ သာတွေ့မြင်နိုင်သည့် ကားနှင့် လေ ယာဉ်ပြိုင်ပွဲ တစ်ခု အား သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပ ခဲ့သည်။

မဲလ်ဘုန်းမြို့အနီးရှိ လေတပ်စခန်း တစ်ခုတွင် သြစတြေးလျတော်ဝင် လေတပ်၏ f-18 ဂျက်လေယာဉ် နှင့် ဖော်မြူလာ ၀မ်းပြိုင်ပွဲဝင် ရက်ဒ် ဘူးလ်အသင်း၏ ပြိုင်ကားတို့ ယှဉ် ပြိုင်မောင်းနှင်ခဲ့ခြင်းဖြစ်သည်။

ရက်ဒ် ဘူးအသင်း၏ ဒရိုင်ဘာသစ်ဒန်နီရယ် ရီကာဒိုမှ ပြိုင်ကားမောင်းနှင်ကာ f-18 ဂျက်လေယာဉ်နှင့်ယှဉ်ပြိုင်ခဲ့ သည်။ တာထွက်ချိန်တွင် ရက်ဒ်ဘူးလ် ၏ပြိုင်ကား က f-18 လေယာဉ်ရှေ့မှ ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် လေယာဉ်၏ ဂျက်အင်ဂျင်နှစ်လုံး ကိုမယှဉ်နိုင်ဘဲ လေယာဉ်ကအပြတ် အသတ်ဦးဆောင် ကာ လေထဲသို့ပျံ တက်သွားခဲ့သည်။

ယခုပြိုင်ပွဲသည် သြ စတြေးလျနိုင်ငံတွင် မကြာမီကျင်းပ တော့ မည့် ဖော်မြူလာ ၀မ်း ဂရင်း ဖရိုက်ဇ် ပြိုင်ပွဲ၏ အကြိုလှုံ့ဆော်မှု တစ်ခုဖြစ် ပြီး လက်ရှိဖော်မြူလာ ၀မ်းချန်ပီယံ ရက်ဒ်ဘူးလ်အသင်းကလည်း ၎င်းင်းတို့ ၏၂၀၁၄ပြိုင်ပွဲများ အတွက် ပြင် ဆင် ထားမှုများကို ထုတ်ဖော်ပြသကာ ဒရိုင်ဘာသစ်ရီကာဒိုကိုလည်း ပွဲထုတ် ခဲ့သည်။

ရက်ဒ်ဘူးအသင်းသည် လာ မည့် ၂၀၁၄ပြိုင်ပွဲများတွင် အောင်မြင် မှုများထပ်မံရယူရန် အကြီးစားပြင်ဆင် မှုများပြုလုပ်ထားပြီး လွန်ခဲ့သောနှစ် များတွင်အသုံးပြုခဲ့သည့် V8 အင် ဂျင်များအစား ပြိုင်ပွဲဝင်ကားများအ ကောင်းဆုံးစွမ်းဆောင်ရည်အတွက် V6 အင်ဂျင် အသစ်များဖြင့် အစားထိုး ထားသည်။

ရက်ဒ်ဘူးလ်အသင်းသည် ပြိုင်ပွဲဝင်ကားများတွင်သာမက ပြိုင် ကားမောင်း သမားများ ကိုပါ အပြောင်း အလဲပြုလုပ်ထားပြီး ဒရိုင်ဘာဟောင်း မက်ဒ်ဘက်ဘာအစား အသက် ၂၄ နှစ်အရွယ် ရီကာဒိုနှင့်အားဖြည့်ထား သည်။

REF :: Daily Mail

Myanmar News Network
ရုပ်ရှင်ထဲတွင်သာ ရံဖန်ရံခါ သာတွေ့မြင်နိုင်သည့် ကားနှင့် လေ ယာဉ်ပြိုင်ပွဲ တစ်ခု အား သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပ ခဲ့သည်။

မော်ဒယ်လ် အောန်ဆိုင်းကို ကချင် အနုပညာရှင်များ အသင်း ဂုဏ်ပြု

Photo: မော်ဒယ်လ် အောန်ဆိုင်းကို ကချင် အနုပညာရှင်များ အသင်း ဂုဏ်ပြု
Sunday , March 16 , 2014

ကိုရီးယားနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော ၂၀၁၄ Asia Model Festival Award ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုကာ Myanmar Model Award ဆုကို ရရှိခဲ့သည် ကချင်တိုင်းရင်းသူ သရုပ်ဆောင် မော်ဒယ်လ် အောန်ဆိုင်းအား ကချင် အနုပညာရှင်များ အသင်းက ဂုဏ်ပြုဆု ပေးအပ်ပွဲကို မတ်လ ၁၅ ရက်နေ့က မြစ်ကြီးနား မနောကွင်း အတွင်းရှိ မနောရိုးရာ အိမ်တော်တွင် ပြုလုပ်ခဲ့ကြောင်း ကချင် အနုပညာရှင်များ အသင်း ဥက္ကဋ္ဌ ကိုအဘားဒီးက The Voice သို့ ပြောကြားသည်။

“ကချင်တိုင်းရင်းသား အနုပညာရှင်တွေ ထဲက အာရှ အတိုင်းအတာထိ အောင်မြင်ခဲ့တဲ့ ရလဒ်အတွက် ကချင်အနုပညာရှင် အားလုံးကိုယ်စား ဂုဏ်ပြုခြင်း ဖြစ်ပါတယ်” ဟု ကိုအဘားဒီးက ဆိုသည်။

ကချင်တိုင်းရင်းသူ အနုပညာရှင် မော်ဒယ်လ် သရုပ်ဆောင် အောန်ဆိုင်း ရရှိခဲ့သော ဆုမှာ ကိုရီးယားနိုင်ငံက အာရှနိုင်ငံများ အတွင်းမှ မော်ဒယ်လ်များအား ရွေးချယ် ပေးအပ်သည့် ဆုဖြစ်ပြီး ၂၀၁၄ အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ဆုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သရုပ်ဆောင် မော်ဒယ်လ် အောန်ဆိုင်းက ဆိုသည်။

“အောန်ဆိုင်း အတွက်တော့ ဒီပွဲက ကြီးမားတဲ့ အတွေ့အကြုံပါပဲ။ ဒီဆုကလည်း အောန်ဆိုင်းကို အားပေးနေတဲ့ ပရိသတ် အတွက်ပါ။ အောန်ဆိုင်းကို ဆုတောင်းပေးပြီး အားပေးနေတဲ့ ပရိသတ် အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အောန်ဆိုင်းက ပြောကြားသည်။

The Voice Weekly
ကိုရီးယားနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော ၂၀၁၄ Asia Model Festival Award ပွဲတွင် မြန်မာနိုင်ငံ ကိုယ် စားပြုကာ Myanmar Model Award ဆုကို ရရှိခဲ့သည် ကချင်တိုင်းရင်းသူ သရုပ်ဆောင် မော်ဒယ်လ် အောန်ဆိုင်း အား ကချင် အနုပညာရှင်များ အသင်းက ဂုဏ်ပြုဆု ပေးအပ်ပွဲကို မတ်လ ၁၅ ရက်နေ့က မြစ်ကြီးနား မနောကွင်း အတွင်းရှိ မနောရိုးရာ အိမ်တော်တွင် ပြုလုပ်ခဲ့ကြောင်း ကချင် အနုပညာရှင်များ အသင်း ဥက္ကဋ္ဌ ကိုအဘားဒီးက The Voice သို့ ပြောကြားသည်။

အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံနှံ့မှုတွေ့ရှိ

Photo: အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံနှံ့မှုတွေ့ရှိ
Sunday , March 16 , 2014

အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံ့နှံ့မှု တစ်ခုကို ရှာဖွေတွေ့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဋ္ဌာန (CDC)က သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန် တက္ကဆက်ပြည်နယ်နေ အမျိုးသမီးတစ်ယောက်ဟာ တခြားအမျိုးသမီးတစ်ယောက်နဲ့ လိင်ဆက်ဆံရာကတဆင့် HIV ကူဆက်ခဲ့တာပါ။

အသက် ၄၆နှစ်ရှိ အဲ့ဒီ့အမျိုးသမီးဟာ သူမရဲ့ အမျိုးသမီးဖော်ဆီကတဆင့် ကူးစက်တယ်လို့ သိရတဲ့ HIV ရောဂါပိုးကို အသစ်ရှာဖွေတွေ့ရှိတယ်လို့ စမ်းသပ်စစ်ဆေးမှုက အတည်ပြုခဲ့ပါတယ်။ သူမရဲ့ အမျိုးသမီးဖော်ဟာ အရင်က HIV ရောဂါပိုးရှိခဲ့သူဖြစ်ပြီး ၂၀၁၀ခုနှစ်မှာ HIVရောဂါ ကုသခံယူမှုကို ရပ်ဆိုင်းခဲ့ သူပါ။

အမျိုးသမီးကတဆင့် အမျိုးသမီးကို လိင်ဆက်ဆံမှုအရ ကူးစက်တဲ့ HIVရောဂါပိုးဟာ ရှားပါးပြီး သေသေချာ လေ့လာစိစစ်ဖို့လည်း ခက်ခဲတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:wdam.com

Thiha Naing
Trend Myanmar
အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံ့နှံ့မှု တစ်ခုကို ရှာဖွေတွေ့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဋ္ဌာန (CDC)က သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန် တက္ကဆက်ပြည်နယ်နေ အမျိုးသမီးတစ်ယောက်ဟာ တခြားအမျိုးသမီးတစ်ယောက်နဲ့ လိင်ဆက်ဆံရာကတဆင့် HIV ကူဆက်ခဲ့တာပါ။

သန္ဓေတားဆေးတွေဟာ အန္တရာယ်များတဲ့ လိင်ဆက်ဆံမှုကို ဦးဆောင်နေခြင်း မရှိ

Photo: သန္ဓေတားဆေးတွေဟာ အန္တရာယ်များတဲ့ လိင်ဆက်ဆံမှုကို ဦးဆောင်နေခြင်း မရှိ
Sunday , March 16 , 2014

လူတချို့တွေးထင်နေတာနဲ့ ပတ်သက်ပြီး ပြောင်းပြန်ဖြစ်နေတဲ့ အချက်ကတော့ သန္ဓေတားဆေးတွေ အသုံးပြုခြင်းဟာ အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုကို မဖြစ်စေနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒါကတော့ ဂျာနယ် Obstetrics & Gynecology ရဲ့ လေ့လာတွေ့ရှိချက် အသစ်တရပ်ပဲ ဖြစ်ပါတယ်။

ဒီလေ့လာတွေ့ရှိချက် အသစ်ဟာ အသက် ၁၄နှစ်ကနေ ၁၅ နှစ်အတွင်းမှာရှိတဲ့ အမျိုးသမီးပေါင်း ၉၀၀၀ ကို စမ်းသပ်မှုပြုလုပ်တဲ့ “CHOICE” လို့အမည်ရတဲ့ စီမံချက်တစ်ရပ်ကနေ ရရှိလာတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်အရောက်မှာတော့ သုတေသနပြုသူတွေဟာ ကာလကြာရှည် သန္ဓေတားဆေး (ဥပမာ- IUD , implant) စတာတွေဟာ ကလေးပျက်ကျခြင်း ၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ရှိခြင်းတွေကို လျော့ကျစေနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အဲ့ဒီ ကာလ၀န်းကျင်တွေ လောက်တုန်းကပဲ သုသေသနပြုသူတွေဆီက သန္ဓေတားဆေးတွေဟာ လိင်ဆက်ဆံမှု အကြိမ်ရေ ပိုများတယ် ၊ လိင်ဆက်ဆံဖက်တွေလည်း ပိုများတတ်တယ်လို့ ယုံတမ်းစကားတွေ ထွက်လာပါသေးတယ်။ မကြာသေးခင်က သန္ဓေတားဆေး ခြောက်လ ကနေ တစ်နှစ်အထိ သုံးစွဲပြီးသွားတဲ့ အမျိုးသမီး ၇၇၅၁ ယောက်လောက်ကို ဖုန်းနဲ့ အတွင်းကျကျ မေးခွန်းတွေ မေးမြန်းပြီး သုသေသနပြုကြည့်တဲ့အခါ သူမတို့ကလည်း အမှန်အတိုင်း ဖြေဆိုဖို့ သဘောတူခဲ့ကြပါတယ်။

အမျိုးသမီး ၇၇၅၁ ယောက်အနက် ၇၀၀၀ ကျော်လောက်ရဲ့ အင်အားပြည့်ဝတဲ့ သတင်းစကားတွေအရ သန္ဓေတားဆေးဟာ အသုံးပြုသူ အမျိုးသမီးတွေကို ပျက်စီးစေတတ်တဲ့ ဆုံးဖြတ်ချက်တွေ မပြုလုပ်မိစေဘူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကာလရှည်ကြ သန္ဓေတားဆေး သုံးစွဲတော့မယ်ဆိုရင် အများပြောသလို အထက်ပါ ယုံတမ်းစကားတွေ မဖြစ်ပွားနိုင်တဲ့အပြင် အကျိုးကျေးဇူးအချို့ပါ ရရှိစေနိုင်တယ်လို့ ခြုံငုံ သုံးသပ်လိုက်ရပါတယ်။

မြ၀တီ
လူတချို့တွေးထင်နေတာနဲ့ ပတ်သက်ပြီး ပြောင်းပြန်ဖြစ်နေတဲ့ အချက်ကတော့ သန္ဓေတားဆေးတွေ အသုံးပြုခြင်း ဟာ အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုကို မဖြစ်စေနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒါကတော့ ဂျာနယ် Obstetrics & Gynecology ရဲ့ လေ့လာတွေ့ရှိချက် အသစ်တရပ်ပဲ ဖြစ်ပါတယ်။

အသည်းရောင် အသားဝါ ဘီပိုးကြောင့် နောက်ဆက်တွဲ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ရောဂါတို့ ဖြစ်လာနိုင်

Photo: အသည်းရောင် အသားဝါ ဘီပိုးကြောင့် နောက်ဆက်တွဲ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ရောဂါတို့ ဖြစ်လာနိုင်
Sunday , March 16 , 2014

အသည်းရောင် အသားဝါ ဘီရောဂါပိုးသည် ကမ္ဘာ့ လူဦးရေ တစ်ဝက်ခန့် ကူးစက် ပြန့်ပွားနေပြီး ယင်း၏ နောက်ဆက်တွဲ ရောဂါများ ဖြစ်သော အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ရောဂါများ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

နှစ်စဉ်နှစ်တိုင်း အသည်းရောဂါ ဖြစ်ပွားသူဦးရေမှာ သန်းပေါင်း ၅ဝ ခန့် တိုးပွားနေပြီး နာတာရှည် အသည်းရောင် အသားဝါဘီ ရောဂါခံစားနေရသူမှာ သန်းပေါင်း ၃၅ဝခန့်ရှိကာ ယင်းတို့အနက် လူဦးရေ ၁ ဒသမ ၅ သန်းခန့်မှာ ရောဂါ၏ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်သော အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ တို့ကြောင့် သေဆုံးရကြောင်း အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ဟောပြောပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

ဘီပိုးသည်HIV ပိုးထက် အဆတစ်ရာခန့် ပိုမို ကူးစက်လွယ်ပြီး ရောဂါပိုး ရှိနေသော မိခင်မှတစ်ဆင့် သန္ဓေသားသို့ ကူးစက်ခြင်း၊ ပွန်းပဲ့ဒဏ်ရာ ရသော အရေပြားတို့မှ တစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုး ရှိသူနှင့် လိင်ဆက်ဆံခြင်း တို့ကြောင့် ကူးစက်နိုင်ကာ ရောဂါပိုး ကူးစက်ရန် အလားအလာ ရှိသူများမှာ ကျန်းမာရေး ဝန်ထမ်းများ၊ အရေးပေါ် ကုသမှုတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများနှင့် တခြားလုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းခွင်များမှ တစ်ဆင့် ရောဂါပိုး ဝင်ရောက်နိုင်ကြောင်း သိရပြီး အကြောဆေး သွင်းသူများတွင်လည်း ရောဂါပိုး ဝင်ရောက်ရန် အလားအလာ ရှိ၍ သွေးသွင်းခြင်းနှင့် သွေးသန့်စင်ခြင်းတို့ ပြုလုပ်ရာမှ တစ်ဆင့်လည်း ကူးစက်ဝင်ရောက်နိုင်သည်။

အဆိုပါ ရောဂါကို ကာကွယ်နိုင်သည့် နည်းလမ်း နှစ်မျိုးရှိနေပြီး ပထမ နည်းလမ်း သည် အသည်းရောင် အသားဝါဘီ ရောဂါဖြစ်ပွားပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသော သူ၏ သွေးမှ သီးခြားပဋိဇီဝ ပစ္စည်း အင်တီဘော်ဒီကို ယူ၍ ပိုးသေစေရန် အသုံးပြုကာ ဆေးထိုးပေးခြင်း အားဖြင့် ရောဂါကို ဆေးထိုးပြီး ၁၅ မိနစ်အတွင်း ကာကွယ်နိုင်သည်။ ဒုတိယ နည်းလမ်းမှာ Hepatitis B Vaccine ခေါ် ကာကွယ်ဆေး ဖြစ်သော တဆေးနှင့် သွေးရည်ကြည်တို့မှ ပြုလုပ်သော ကာကွယ်ဆေးကို အသုံးပြု၍ ကာကွယ်နိုင်ကြောင်း သိရသည်။

Written by ကေတု
မြ၀တီ
အသည်းရောင် အသားဝါ ဘီရောဂါပိုးသည် ကမ္ဘာ့ လူဦးရေ တစ်ဝက်ခန့် ကူးစက် ပြန့်ပွားနေပြီး ယင်း၏ နောက်ဆက်တွဲ ရောဂါများ ဖြစ်သော အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ရောဂါများ ဖြစ်ပွား လာနိုင်ကြောင်း သိရသည်။

ကမ္ဘောဒီးယား သစ်ခုတ် သမား ၁၅ ဦး ကို ထိုင်း စစ်တပ် ပစ်သတ်

ထိုင်း နယ်မြေ တွင်း သို့ တရား မဝင် ဝင်ရောက် ပြီး အဖိုးတန် သစ်များ ခုတ်ယူ ရန် ကြံစည် သည့် ကမ္ဘောဒီးယား ရွာသား ၁၅ ဦး ကို ထိုင်း စစ်သား များ က သောကြာနေ့ တွင် ပစ်သတ် ခဲ့သည်ဟု ကမ္ဘောဒီးယား တပ်မတော် က စွပ်စွဲ ပြောကြား လိုက်ကြောင်း CNA သတင်း တွင် ဖော်ပြ ထားသည်။ သစ်ခုတ် သမားများ ကို ထိုင်း တပ်မတော် က ပစ်သတ် သည်ဟု ကမ္ဘောဒီးယား က စွပ်စွဲ ပြောကြား ခဲ့သော်လည်း ထိုင်း အရာရှိ များ က ၎င်း သတင်း ကို ငြင်းဆို ထားသည်။

မိတ္ထီလာမြို့မ ဈေးပတ်လည် သုံးတန် အထက်ယာဉ် ဝင်ခွင့် ပိတ်မည်

မိတ္ထီလာမြို့မ ဈေးကြီး၏ ဈေးပတ်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် မီးဘေးအန္တာရယ် ကင်း ရှင်းရေး တို့ အတွက် မတ်လ ၂၀ ရက်နေ့မှစ၍ သုံးတန်နှင့် သုံးတန်အထက် ကုန်တင်ယာဉ်များ ယာဉ်ဝင်ခွင့် ပိတ်မည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် ယာဉ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောကြားသည်။

စိတ်ကြွရူးသွပ်ဆေးပြား သိန်းနှစ်ထောင်ကျော်ဖိုး ဖမ်းဆီးရမိ

လားရှိုးမြို့တွင် မူးယစ်တပ်ဖွဲ့စု(၂၄)မှတပ်ဖွဲ့ဝင်များသည် မူးယစ်သတင်းအရ ဟိုပိတ်အေးရှားဝေါလ် တိုးဂိတ် တွင် ယာဉ်အမှတ်DD/—–NISSAN  AD  VAN၏ ကြမ်းခင်းခြေနင်းအတွင်းမှ ကျပ်သိန်းနှစ်ထောင် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို မတ်၁၃ရက်တွင် ဖမ်းဆီးရကြောင်း သိရရှိသည်။

ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ် အချင်းချင်းပြေလည်၍ အမှုဖွင့်ခြင်းမရှိ

လားရှိုးမြို့တွင် ရပ်ကွက်(၃)လမ်းဆုံတစ်ခုတွင် ယာဉ်သုံးစီးဆင့်တိုက်မှု မတ်၁၄ရက်နံနက် ဆယ်နာရီခွဲခန့် တွင်ဖြစ်ခဲ့သည်။

ခရိုင်းမီးယား ဆိုင်ရာ ဆုံးဖြတ်ချက် ရုရှားဗီတိုသုံး ပယ်ချ

Photo: ခရိုင်းမီးယား ဆိုင်ရာ ဆုံးဖြတ်ချက် ရုရှားဗီတိုသုံး ပယ်ချ
Sunday, March 16, 2014

ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသမှာ တနင်္ဂနွေနေ့ကျရင်လုပ်မယ့် လူထုဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ်မပြုဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ကို ရုရှားနိုင်ငံက ဗီတိုသုံး ပယ်ချလိုက်ပါတယ်။

စနေနေ့က လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကြား မဲခွဲဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့တာ ရုရှားတစ်နိုင်ငံထဲဖြစ်ပြီး တရုတ်က မဲမပေးဘဲနေခဲ့ပါတယ်။ တခြားအဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။

တနင်္ဂနွေလုပ်မယ့် ခရိုင်းမီးယား ဆန္ဒခံယူပွဲဟာ တရားဝင်မှုမရှိဘူးလို့ ဒီဆုံးဖြတ်ချက်ကနေ ကြေညာခြင်းအားဖြင့် ယူကရိန်း ပိုင်နက်နယ်မြေ ခိုင်မာမှုကို အတည်ပြုပေးမှာဖြစ်ပါတယ်။

တရုတ်က မဲမပေးဘဲနေခဲ့တာကြောင့် ခရိုင်းမီးယားလူထုဆန္ဒခံယူပွဲကို ထောက်ခံတာ ရုရှားတစ်နိုင်ငံထဲပဲ ဖြစ်သွားပါပြီ။

ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို ရုရှားက ကျူးကျော်တာဟာ ကြီးမားတဲ့ အကျိုးဆက်တွေကိုဖြစ်စေပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်ကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းက ပြောလိုက်ပါတယ်။

ယူကရိန်း ယာယီအစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ အတိုက်အခံတွေနဲ့တွေ့ဆုံဖို့ အမေရိကန် အထက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ ရောက်နေပြီး မစ္စတာမက်ကိန်းက ကိယက်ဗ်မြို့တော်ကနေ ပြောခဲ့တာဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့တွေ ယူကရိန်းအရှေ့ပိုင်းနယ်စပ်နားထိကပ်ပြီး စစ်ရေးလေ့ကျင့်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် သူ အထူးပဲ စိုးရိမ် မိတယ်လို့ ဂျွန် မက်ကိန်းက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသမှာ တနင်္ဂနွေနေ့ကျရင်လုပ်မယ့် လူထုဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ် မပြုဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ကို ရုရှားနိုင်ငံက ဗီတိုသုံး ပယ်ချလိုက်ပါတယ်။

ပျောက်ဆုံးလေယာဉ် အချက်ပေးစံနစ် တမင်ပိတ်တာဖြစ်နိုင်ဟု မလေးရှား ဝန်ကြီးချုပ်ဆို

Photo: ပျောက်ဆုံးလေယာဉ် အချက်ပေးစံနစ် တမင်ပိတ်တာဖြစ်နိုင်ဟု မလေးရှား ဝန်ကြီးချုပ်ဆို
Sunday, March 16, 2014

ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ပျံရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ပျံသန်းမှုအချက်ပေးစက်ကို တယောက်ယောက်က တမင်သက်သက် ပိတ်လိုက်တာ သေချာသလောက်ရှိသွားပြီလို့ မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဂြိုဟ်တု ဆက်သွယ်ရေး အချက်ပေးမှုတွေအရ မလေးရှားနဲ့ ဗီယက်နမ် လေကြောင်းထိန်းချုပ်ရေး နယ်နိမိတ်နားမှာ လေယာဉ်ပျံသန်းမှု အချက်ပေးစက်ကို ပိတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် Najib Razak က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

မလေးရှား တော်ဝင်လေတပ်က ရရှိတဲ့ ရေဒါ အချက်ပေးမှုအရ မလေးရှားလေကြောင်း အမှတ်စဉ် MH370 လေယာဉ်ဟာ မလေးရှားကျွန်းဆွယ် အနောက်ဘက်ကို ပြန်လှည့်သွားခဲ့ပြီး အနောက်မြောက်ဘက်ကို ကွေ့သွားတယ်လို့ ယုံကြည်ရတဲ့အကြောင်း ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ဘက်မှာ ရှာဖွေရေးလုပ်နေတာတွေကို ရပ်လိုက်ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

လေယာဉ်နဲ့အဆက်အသွယ်ပြတ်သွားပြီး ၆ နာရီခွဲကျော် ကြာတဲ့အထိ လေယာဉ်နဲ့ဂြိုဟ်တုကြား အဆက်အသွယ်တွေ ရှိနေခဲ့တာကိုလည်း မလေးရှားလေကြောင်းလိုင်း အာဏာပိုင်တွေ၊ နိုင်ငံတကာ အာဏာပိုင်တွေက သုံးသပ်တာကိုလည်း ရှင်းပြပါတယ်။

Kazakhstan နယ်စပ်ကနေ ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ မြောက်ဘက် လမ်းကြောင်း၊ ဒါမှ မဟုတ် အင်ဒိုနီးရှားတောင်ပိုင်းကနေ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းအထိ တောင်ဘက်လမ်းကြောင်း တခုခုကနေ လေယာဉ်နဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကြား နောက်ဆုံး အဆက်အသွယ် ရှိခဲ့တယ်ဆိုတာကိုလည်း ပြောပြပါတယ်။

တချို့ သတင်းတွေထဲမှာရေးနေသလို လေယာဉ် ပြန်ပေးဆွဲခံသွားရတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ မလေးရှား ဝန်ကြီးချုပ်က တိတိကျကျ မဖြေခဲ့ဘဲ ဖြစ်နိုင်ခြေရှိတာတွေ အားလုံးကို စုံစမ်းနေတယ်လို့ ပြောကြားသွားပါတယ်။

အခုလေယာဉ် ပျောက်သွားတဲ့ပုံစံဟာ တမင်သက်သက်လုပ်တဲ့ လုပ်ရပ်မျိုးဖြစ်ပြီး လေယာဉ်ပေါ်ပါသွားသူတွေနဲ့ ခရီးသည်တွေအပေါ် စုံစမ်းမှုကို အာရုံစိုက်နေတယ်လို့လည်း သတင်းစာရှင်းပွဲမှာ မလေးရှားဝန်ကြီးချုပ် Najib Razak က ပြောသွားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ဆီအသွား Boeing 777 လေယာဉ်ပျောက်သွားတာ ဒီကနေ့ ၇ ရက်ရှိသွားပါပြီ။

ဗွီအိုအေ (မြန်မာဌာန)
ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ပျံရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ပျံသန်းမှု အချက်ပေးစက်ကို တယောက်ယောက်က တမင်သက်သက် ပိတ်လိုက်တာ သေချာသလောက်ရှိသွားပြီလို့ မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

EU ကုန်သွယ်ရေးကော်မရှင်နာ မြန်မာနိုင်ငံ ပထမဆုံးခရီး

Photo: EU ကုန်သွယ်ရေးကော်မရှင်နာ မြန်မာနိုင်ငံ ပထမဆုံးခရီး
Sunday, March 16, 2014

EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး  Karel De Gucht ဟာ မြန်မာနိုင်ငံကို ရှေ့သီတင်းပါတ်ထဲမှာ လာရောက်မှာ ဖြစ်ပါတယ်။  သူ့ရဲ့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်တဲ့ ခရီးစဉ်အတွင်း EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို  နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။

မစ္စတာ ဂေါ့ခ်ျဟာ မြန်မာနိုင်ငံမှာ ရောက်နေစဉ်အတွင်း  အမျိုးသား စီမံကိန်းနဲ့ စီးပွါးဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးကံဇော်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို  တွေ့ဆုံမှာဖြစ်သလို  အတိုက်အခံခေါင်းဆောင်  NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

ဝန်ကြီး ဦးကံဇော်နဲ့ တွေ့ဆုံတဲ့အခါ အီးယူနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ အကာကွယ်ပေးနိုင်ရေး သဘောတူညီချက်တွေကို ညှိနှိုင်းဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။  ဒါဟာ အီးယူက မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး မကြာသေးခင်ကမှ ကုန်သွယ်ရေးဆိုင်ရာ  မူဝါဒ ပြုပြင်ပြောင်းလဲလိုက်တဲ့နောက်ဆက်တွဲအဖြစ် မနှစ်က ဇူလိုင်လမှာ ပြဌာန်းခဲ့တဲ့  လက်နက်ကလွဲလို့  ကျန်ကုန်ပစ္စည်း ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်အကျဆုံး နိုင်ငံတွေထဲမှာ ပါဝင်တာမို့ EBA ခေါ် ဥရောပ ဘဏ်အဖွဲ့ဆီက  အခွန်အတုပ်ဆိုင်ရာ အထူးခံစားခွင့်တွေ ရမှာဖြစ်ကြောင်း အီးယူက ထုတ်ပြန်တဲ့ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။  မြန်မာနိုင်ငံမှာ လုပ်အားအဓမ္မခိုင်းစေမှုတွေနဲ့ ILO အလုပ်သမား အဖွဲ့ကြီးက ပြဌာန်းထားချက်တွေကို ချိုးဖေါက်ခဲ့တာကြောင့် ၁၉၉၇ ခုနှစ်ကစပြီး ဒီခံစားခွင့်ကို ရပ်ဆိုင်းပစ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာတဲ့ နောက်ပိုင်း အိုင်အယ်လ်အိုရဲ့ ထောက်ခံမှုနဲ့ မနှစ်က ဇူလိုင်လမှာ ကန့်သတ်မှုတွေ ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။ 

အီးယူနဲ့ မြန်မာကုန်သွယ်ရေးဟာ ၂၀၁၂ ခုနှစ်မှာ ယူရို သန်းလေးရာကျော်ရှိနေရာကနေ  ၂၀၁၃ မှာတော့ သန်းပေါင်း ၅၇၀ လောက်ဖြစ်လာ ပြီး ၄၁ ရာနှုံးတိုးခဲ့ပါတယ်။  မြန်မာက အီးယူကို ကုန်ပစ္စည်းတင်ပို့မှုဟာလည်း ၃၅ ရာနှုံး တိုးလာခဲ့တာပါ။   ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး ဂေါ့ခ်ျဟာ မတ်လ ၁၇ ရက်မှာ သူ့ရဲ့ အာရှ ၄ ရက်ကြာခရီးစဉ်ကို စတင်မှာဖြစ်ပြီး မြန်မာနိုင်ငံအပြင်  ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကို သွားရောက်မှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht
EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht

EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး  Karel De Gucht ဟာ မြန်မာနိုင်ငံကို ရှေ့သီ တင်းပါတ် ထဲမှာ လာရောက်မှာ ဖြစ်ပါတယ်။  သူ့ရဲ့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်တဲ့ ခရီးစဉ် အတွင်း EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို  နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။

ယာဉ်မောင်း အလုပ်လာလျှောက်သူ အများအပြား နင်းမိသေဆုံး

Photo: ယာဉ်မောင်း အလုပ်လာလျှောက်သူ အများအပြား နင်းမိသေဆုံး
Sunday, March 16, 2014

နိုင်ဂျီးရီးယား နိုင်ငံက မြို့ကြီး တချို့မှာ အစိုးရရဲ့ ယာဉ်မောင်း အလုပ်အကိုင်နေရာချထား အစီအစဉ်မှာ လာရောက် လျှောက်ထားသူ အများအပြား တယောက်နဲ့တယောက် နင်းမိကုန်တာကြောင့် လူအတော်များများ သေဆုံးကာ ဆယ်ဂဏန်းနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

အလုပ်လိုချင်နေတဲ့ သောင်းနဲ့ချီတဲ့ လူတွေ လူဝင်မှု ကြီးကြပ်ရေး ရုံးရှေ့မှာ ဝင်ခွင့်ဖြေဖို့ လာရင်း အခုလို ထိခိုက်ကုန်တာ ဖြစ်ပါတယ်။

အဘူဂျာမြို့က အားကစားရုံရှေ့မှာ အလုပ်လာလျှောက်တဲ့ လူတွေ ပြုံတိုးကြတာကြောင့် အနည်းဆုံး လူ၇ယောက် သေဆုံးသွားတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

ပေါ့ထ် ဟားကော့ထ် က အားကစားရုံနဲ့ မင်နာ မြို့က ကျောင်းတကျောင်းမှာလည်း အခုလိုဘဲ ယာဉ်မောင်း အလုပ်လာလျှောက်သူတွေ ပြုံတိုးမှုကြောင့် သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ဂျီးရီယားမှာ လူငယ် အလုပ်လက်မဲ့ ပြဿနာ ကြီးထွားလာနေပြီး အသက် ၂၅နှစ်အောက်လူငယ်တွေရဲ့ သုံးပုံတပုံကျော်ဟာ အလုပ်မရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
နိုင်ဂျီးရီးယား နိုင်ငံက မြို့ကြီး တချို့မှာ အစိုးရရဲ့ ယာဉ်မောင်း အလုပ်အကိုင်နေရာချထား အစီအစဉ်မှာ လာရောက် လျှောက်ထားသူ အများအပြား တယောက်နဲ့တယောက် နင်းမိကုန်တာကြောင့် လူအတော်များ များ သေဆုံးကာ ဆယ်ဂဏန်းနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကွန်ဒိုမီနီယံ ကုမ္ပဏီ ရန်ကုန်၌ ကွန်ဒိုဖွင့်မည်

ကမ္ဘာ့အကြီးဆုံး အဆင့်မြင့် ကွန်ဒိုမီနီယံနှင့် အိမ်ရာစီမံခန့်ခွဲမှု ကုမ္ပဏီ The Ascott Ltd. က ၎င်းတို့၏ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်မည့် အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်းကို ရန်ကုန်မြို့၌ ၂၀၁၈ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း The Ascott Ltd. မှ အမှုဆောင် အရာရှိချုပ် Lee Chee Koon က ဆိုသည်။ 

သီလဝါ အများပိုင် ရှယ်ယာ ခုနစ်သိန်းခန့် အဆိုပြုလွှာ လက်ခံ ရရှိထားဟုဆို

မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ (MTSH) ၏ အစုရှယ်ယာ များကို ယခုနှစ် မတ်လ ၃ ရက်နေ့က စတင် ရောင်းချချိန်မှ စပြီး မတ်လ ၁၃ ရက်နေ့အထိ ဝယ်ယူရန် အဆိုပြုသည့် ရှယ်ယာပေါင်း ခုနစ်သိန်းခန့် ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။

မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို အော်ရီဒူးက ပြည်တွင်း၌သာ သင်တန်းပေးမည်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိထားသော အော်ရီဒူး၏ Women အစီအစဉ်အရမန်မာ အမျိုးသမီး ၃၀,၀၀၀ ကို မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု ရောင်းချရေး လေ့ကျင့် သင်တန်းကို ပြည်တွင်း၌သာ ပြုလုပ်သွား မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန် ပြောဆိုသည်။

မြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာ မဆောက်ရန် ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့တွင် ဆန္ဒပြ

Photo: မြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာ မဆောက်ရန် ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့တွင် ဆန္ဒပြ 
Sunday, March 16, 2014

ဧရာဝတီမြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာများ မဆောက်ရန် နိုင်ငံတကာက ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့ အဖြစ် အသိအမှတ် ပြုထားသော မတ်လ ၁၅ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း ဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူ များက ပြောကြားသည်။ 

တရုတ်ရေအား လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ဒေသတွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းကို နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းထားရာမှ အပြီးတိုင် ဖျက်သိမ်းရေး အတွက် ဧရာဝတီအရေး လုပ်ရှားသူများ အဖွဲ့ ၃၂ ဖွဲ့က မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး သံလွင်မြစ် အတွင်း ရေကာတာနှင့် ရေအားလျှပ်စစ် လုပ်ငန်းများ မလုပ်ကိုင်ရန် မွန်ပြည်နယ် ချောင်းဆုံ မြို့နယ်မှ တက်ကြွ လှုပ်ရှားသူ လူငယ် ၁၅၀ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ 

မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည် မဖော်ရန် ဆန္ဒဖော်ထုတ်ပွဲသို့ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ငါးခုမှ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ကချင်ပြည်နယ်ရှိ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်း များမှ လူအင်အား သုံးရာကျော်ဖြင့် စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသည့် မန္တလေး စိမ်းရောင်စို အဖွဲ့ ဥက္ကဋ္ဌ ဦးတင်က ပြောကြားသည်။ 

“ဒီစီမံကိန်းက မြန်မာပြည်သူတွေရဲ့ ဆန္ဒမပါဘဲ စခဲ့တဲ့ စီမံကိန်း၊ တရားဝင် နည်းလမ်းတကျ ရထားတဲ့ စီမံကိန်းလည်း မဟုတ်ဘူးလို့ ယူဆတယ်။ ဒါ့ကြောင့် စီမံကိန်း ဖျက်သိမ်းတဲ့ အထိ လူအင်အားနဲ့ ဆန္ဒဖော်ထုတ်မယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဒေသခံများနှင့် ဧရာဝတီအရေး လှုပ်ရှားသူများ အဖွဲ့၏ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ တရုတ်ရေအား လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ကုမ္ပဏီ၏ မှတ်ချက်ကို ကုမ္ပဏီ တာဝန်ခံထံ ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းတာဝန်ခံ မရှိကြောင်း တာဝန်ကျ ဝန်ထမ်းက ပြန်လည် ဖြေကြားခဲ့သည်။

ကမ္ဘာ့အရှည်ဆုံး မြစ်များ စာရင်းတွင် ပါဝင်သည့် သံလွင်မြစ်၏ လွတ်လပ်စွာ စီးဆင်းနေခြင်းကို ရေကာတာ ခြောက်ခု တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ၁၅၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် စီမံကိန်းကို တိုင်းရင်းသားများက သဘောမတူကြောင်း ဆန္ဒထုတ်ဖော်ခြင်းကို ချောင်းဆုံ မြို့နယ်ရှိ ကော့မုပွန် ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ် လူငယ် ကိုယ်စားလှယ် ဦးကြည်ဇော်လွင်က ပြောကြားသည်။

စီမံကိန်း၏ ဆိုးကျိုး သက်ရောက်မှုကို အများဆုံး ခံစားရမည့် သူများမှာ စီမံကိန်း တည်ရှိရာ ဒေသများမှ ဒေသခံများ ဖြစ်သော်လည်း စီမံကိန်းမှ ရရှိမည့် လျှပ်စစ်ဓာတ်အား အများစုသည် တရုတ်နှင့် ထိုင်းနိုင်ငံများ အတွက်သာ ဖြစ်ကြောင်းနှင့် လက်ရှိ အချိန်၌ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြုလုပ်သည့် ကွမ်းလုံရေကာတာ စီမံကိန်းအတွက် လမ်းများ ဖောက်လုပ်ခြင်းကြောင့် ကျေးရွာပေါင်း ၆၀ မှ ဒေသခံများ မြေယာနှင့် အိုးအိမ်များ ဆုံးရှံးမှုနှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့် ဦးစောသာဘိုးက ပြောကြားသည်။

ယင်းဆန္ဒ ဖော်ထုတ်ပွဲ မစတင်မီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး၊ ခရစ်ယာန် ဘုန်းတော်ကြီး၊ အစ္စလာမ် ဓမ္မဆရာ၊ ဟိန္ဒူ ဆရာများက ဝတ်ပြု ဆုတောင်းခြင်းမျာ ပြုလုပ်ခဲ့ပြီး၊ ကချင်၊ ရှမ်း၊ ကယား၊ ပအိုဝ့် တိုင်းရင်းသား၊ တာအာင်းတိုင်းရင်းသား၊ ဇိုမီးတိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား များနှင့် မွန်တိုင်းရင်းသား ကိုယ်စားလှယ်များက ရေကာတာကြောင့် ခံစားရမည့် အကြောင်း အရာများကို ဆွေးနွေး ဟောပြောခဲ့ကြောင်း မွန်တိုင်းရင်းသား ကိုယ်စားလှယ်များ ပြောဆိုသည်။

မြန်မာ့မြစ်ချောင်း ကွန်ရက်ကို ရှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့၊ ကယား လူမှုအဖွဲ့အစည်းများ ကွန်ရက်၊ သံလွင်ချစ်သူ၊ တိုးတက်သော မွန်လူငယ်များ အစည်းအရုံးနှင့် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့များ အပါအဝင် အဖွဲ့ပေါင်း ၁၅ ခုဖြင့် ဖွဲ့စည်းထားသည်။

The Voice Weekly
ဧရာဝတီမြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာများ မဆောက်ရန် နိုင်ငံတကာက ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့ အဖြစ် အသိအမှတ် ပြုထားသော မတ်လ ၁၅ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း ဆန္ဒ ထုတ်ဖော် မှုကို ဦးဆောင်ခဲ့သူ များက ပြောကြားသည်။ 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက ပြည်ခိုင်ဖြိုးပါတီနှင့် အတိုက်အခံ NLD ပါတီ အပါအ၀င်နိုင်ငံရေး ပါတီအများစု ၀င်ရောက် ယှဉ်ပြိုင်သွားမည်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ  ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်မည်ဆိုပါက အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပါအ၀င် နိုင်ငံရေးပါတီအများစု ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသူဟု ယူဆရသည့် အမျိုးသမီးအိမ်အကူတစ်ဦး စင်ကာပူနိုင်ငံတွင် သေဆုံးလျက်တွေ့ရှိ

မြန်မာနိုင်ငံသူ အိမ်အကူတစ်ဦးဟု ယူဆရသည့် အမျိုးသမီးတစ်ဦး အလောင်းအား စင်ကာပူနိုင်ငံ ဘီရှန်ရပ်ကွက်၌ မတ် ၁၃ ရက် ညပိုင်း၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် Channel News Asia သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခံရပြီး လမ်းကြောင်းပြောင်းလျက် ၇ နာရီကြာ ခြေရာဖျောက် ပျံသန်းခဲ့ဖွယ်ရှိသော်လည်း ပြန်ပေးဆွဲခံရဟု မလေးရှားဝန်ကြီးချုပ် အတည်မပြုခဲ့

မလေးရှားလေယာဉ်မှ ခရီးသည်များ ဘေးကင်းစေကြောင်း ဆုတောင်းသည့်စာကို ကိုင်ဆောင်ထားသော အင်ဒိုနီးရှားကျောင်းသူ တစ်ဦး 

ပြီးခဲ့သည့် မတ် ၈ ရက်က ပျောက်ဆုံးခဲ့သော မလေးရှားလေကြောင်းလိုင်း လေယာဉ်၏ ဆက်သွယ်ရေးစနစ် ကို လေယာဉ်ပေါ်ရှိ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့်  လေယာဉ်သည် ရေဒါမှ ပျောက်သွားခဲ့ပြီးနောက် ၇ နာရီခန့်အထိ ကြာအောင် ပျံသန်းခဲ့ဖွယ်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်က မတ် ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရွှေတိဂုံစေတီတော်၏ ၂၆၀၂ နှစ်မြောက် တပေါင်းလပြည့်နေ့တွင် ပဋ္ဌာန်းရေစင် ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကား

Photo: ရွှေတိဂုံစေတီတော်၏ ၂၆၀၂ နှစ်မြောက် တပေါင်းလပြည့်နေ့တွင် ပဋ္ဌာန်းရေစင် ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကား
Sunday, March 16, 2014

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၀၂ နှစ်မြောက် တပေါင်းလပြည့်နေ့တွင် သံဃာတော်အပါး ၁၂၀ မှ ၁၀ ရက်တိုင် ရွတ်ဖတ်ပူဇော်ထားသည့် ပဋ္ဌာန်းရေစင် ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

သံဃာတော်များ ရွတ်ဖတ်ပူဇော်ထားသည့် ပဋ္ဌာန်းရေစင်ကိုယူဆောင်မည့် ဘုရားဖူးပရိသတ်များပြားသဖြင့် သံပန်းအကာအရံများအတိုင်း အလှည့်ကျစနစ်ဖြင့် ၀င်ရောက်ကာ အချိန်နာရီဝက်ခန့် ကြာအောင်တန်းစီစနစ်ဖြင့် စောင့်ဆိုင်းကာ ရယူခဲ့ရကြောင်း ဘုရားဖူးပရိသတ်များက ပြောကြားသည်။

အဆိုပါ ပဋ္ဌာန်းရေစင်ကို ဘုရားဖူးပရိတ်သတ်များ ယူဆောင်နိုင်ရန် ရွှေတိဂုံစေတီတော် အထက်ပစ္စယံ တံမြက်လှည်းအသင်းမှ ကြီးမှူး၍ ၎င်းအသင်းမှ မဟာပဋ္ဌာန်း ပရိတ်ချည်ကြိုးလေးမျိုး၊ မဟာပဋ္ဌာန်း အလွတ်ကျက်မှတ်နည်းစာအုပ်အသေးနှင့် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ၏ တရားခွေများကိုပါ ရေစင်လာရောက်ယူဆောင်သူများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

“တစ်နှစ်မှ တစ်ခါ ဒီလိုယုံယုံကြည်ကြည်နဲ့ အသင်းသား/သူတွေ အားလုံးစုပေါင်းပြီး ဒီလိုဒါနမျိုး လုပ်ရတာပါ။ ပဋ္ဌာန်းရေလာယူတဲ့ ဘုရားဖူးပရိသတ်များပေမယ့် စေတနာထက်သန်စွာ လှူဒါန်းနိုင်လို့ အားလုံးပီတိတွေ ဖြစ်ရပါတယ်”ဟု ရွှေတိဂုံစေတီတော် အထက်ပစ္စယံ တံမြက်လှည်းအသင်း မှ အမှုဆောင်ဖြစ်သူ ဦးခင်မောင်ဝင်းက ပြောကြားသည်။

တပေါင်းလပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင်မှ မိမိ၏ မွေးဖွားရာဒေသဖြစ်သည့် ကပိလ၀တ်ပြည့်သို့ ဖွားဖက်တော် ကာဋ္ဌုဒါယီအမတ်၏ လျှောက်ထားချက်ဖြင့် ဆွေမျိုးတော်တို့ကို ချီးမြောက်ရန်ကြွလှမ်းသောနေ့ ဖြစ်သဖြင့် “ပြည်တော်ဝင်နေ့”ဟု လည်းခေါ်ဆိုကာ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဘုရားစေတီများတွင် နေ့ထူးနေ့မြတ်တစ်ခုအဖြစ် အလှူအတန်းများ ပြုလုပ်သည့်နေ့လည်း ဖြစ်သည်။

“အန်တီတို့ကုမ္ပဏီက ဒီနေ့တပေါင်းလပြည့်နေ့မှာ အလှူဒါနအနေနဲ့ ရွှေတိဂုံဘုရားလာဖူးတဲ့ ပရိသတ်တွေကို ဖျော်ရည်အလှူ လုပ်တာပါ။ အားလုံးလူဦးရေ ရှစ်ထောင်ကနေ တစ်သောင်းကြား လှူဒါန်းနိုင်မယ်လို့ ရည်ရွှယ်ထားပြီး မွန်းလွဲ ၂ နာရီကတည်းက လှူနေတာပါ” ဟု Governor' Residence ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီမှ HR ဒါရိုက်တာ ဒေါ်ခင်အေးမူက ပြောကြားသည်။

Eleven Media Group

တပေါင်းလပြည့်နေ့တွင် သံဃာတော်အပါး ၁၂၀ မှ ၁၀ ရက်တိုင် ရွတ်ဖတ် ပူဇော်ထားသည့် ပဋ္ဌာန်းရေစင်ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကားနေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
တပေါင်းလပြည့်နေ့တွင် သံဃာတော်အပါး ၁၂၀ မှ ၁၀ ရက်တိုင် ရွတ်ဖတ် ပူဇော်ထားသည့် ပဋ္ဌာန်းရေစင်ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကားနေသည်ကိုတွေ့ရစဉ်

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၀၂ နှစ်မြောက် တပေါင်းလပြည့်နေ့တွင် သံဃာတော်အပါး ၁၂၀ မှ ၁၀ ရက် တိုင် ရွတ်ဖတ်ပူဇော်ထားသည့် ပဋ္ဌာန်းရေစင် ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကား ခဲ့ကြောင်း သိရသည်။

တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ရာဂဏန်းဝန်းကျင်မှ ၎င်းတို့အား ကယ်တင်ရန် ရဲတပ်ဖွဲ့သို့ ဆက်သွယ်

Photo: တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ရာဂဏန်းဝန်းကျင်မှ ၎င်းတို့အား ကယ်တင်ရန် ရဲတပ်ဖွဲ့သို့ ဆက်သွယ်
Sunday, March 16, 2014

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့ကို ကယ်တင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ဌာနမှူး ရဲမှူးချုပ် စိုးမြိုင်က မတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ပြည်တွင်း၌ အိမ်နီးချင်းနိုင်ငံအချို့သို့ လူကုန်ကူးခံခဲ့ရသူအများစုမှာ ဗဟုသုတနှင့် အတတ်ပညာ အားနည်းခြင်း၊ ဘ၀ရပ်တည်မှု ခက်ခဲပြီး စားဝတ်နေရေး အဆင်မပြေမှုများကြောင့် လူကုန်ကူးခံနေရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားအများစုမှာ ပြည်ပနိုင်ငံများ၌ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊အမျိုးသမီးအများစုမှာ အလိုမတူဘဲ ဇနီးမယားအဖြစ် ပေါင်းသင်းရခြင်း၊ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နေရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က “ပြည်ပနိုင်ငံအချို့မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိပြီးတော့ အခက်အခဲတွေ ဖြစ်နေတာ အများကြီးရှိတယ်။ ဒါတွေကိုလည်း အစိုးရအနေနဲ့ ဌာနဆိုင်ရာတွေ အချင်းချင်း ချိတ်ဆက်ပြီးတော့ ပြန်ခေါ်နေတာ ရှိတယ်။ ဒါ့အပြင် လူကုန်ကူးခံရလို့ သူတို့ကို လာကယ်တင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်သွယ်ထားတာတွေ ရာဂဏန်းလောက် ရှိတယ်။ ဒါတွေကို ကယ်တင်ဖို့အတွက် ရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်တယ်။ လူမှုအဖွဲ့စည်းတွေနဲ့ ချိတ်ဆက်တယ်။ ဒါ့ပြင် NGO တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတယ်။ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုပေမယ့်လည်း မှန်ကန်ကြောင်းကို အရင်ဆုံးသေသေချာချာ စစ်ဆေးနေရပါတယ်”ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ “မူဆယ်မှာ အလုပ် လုပ်ရမယ်ဆိုပြီးတော့ ရရှိမယ့်လစာကို မက်လုံးပေးပြီး အလုပ်ခေါ်တာတွေကို သတိထားဖို့ လိုအပ်ပါတယ်။ မူဆယ်ကနေတစ်ဆင့် တရုတ်နိုင်ငံကို သွားဖို့အတွက် အရမ်းလွယ်ကူသွားပါပြီ။ မြန်မာအမျိုးသမီးတွေအနေနဲ့ တရုတ်နိုင်ငံမှာ တရုတ်နိုင်ငံသားတွေနဲ့ ပေါင်းသင်းဖို့ ဇနီးအဖြစ် အများဆုံးရောင်းစား ခံနေရပါတယ်”ဟု ရဲမှူးချုပ် စိုးမြိုင်က ပြောကြားခဲ့သည်။

Eleven Media Group

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မတ် ၁၂ ရက်က တွေ့ရစဉ်
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မတ် ၁၂ ရက်က တွေ့ရစဉ်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့ကို ကယ်တင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ဌာနမှူး ရဲမှူးချုပ် စိုးမြိုင်က မတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများမှ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်အတွက် တန်ဖိုးနည်းဆင်းမ်ကတ် ပြင်ပပေါက်ဈေး ကျပ်သုံးသောင်းဝန်ကျင်အောက် ကျဆင်းလာ

ပြည်ပဆက်သွယ်ရေးကုမ္ပဏီများမှ မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချမည့်အတွက် မြန်မာ့ စီးပွားရေးေ က်ာပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများမှ ရောင်းချပေးသည့် ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ် များမှာ လက်ရှိတွင် ပြင်ပပေါက်ဈေး ကျပ်သုံးသောင်း ၀န်းကျင်ခန့်သာ ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသခံများ၏ တောင်းဆိုချက်များအား လျစ်လျူရှု၍ မဆုံးဖြတ်ရန် ရခိုင်အမျိုးသားကွန်ရက် တောင်းဆို

ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထု၏ တောင်းဆိုချက်တို့အား လျစ်လျူရှု၍ ဆုံးဖြတ်သည်တို့ကို ရှောင်ရှားရန် အထူးလို အပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်က မတ် ၁၅ ရက်က ပြုလုပ်သည့် နှစ်နှစ်ပြည့်အခမ်းအနား သဘော ထားကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ၁၀ ရာခိုင်နှုန်းနီးပါး ရှိ

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာအရ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ၁၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ကြောင်း စာမေးပွဲစတင်ဖြေဆိုရသည့် မြန်မာစာနေ့မှ သင်္ချာနေ့အထိ စာမေးပွဲဖြေဆိုခဲ့သည့် စာရင်းမှတ်တမ်းများအရ သိရသည်။

ပွဲစားဖြင့် ကျောင်းအပ်ခြင်းကို တားမြစ်ရန် မကွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ခြောက်ရာခန့် တောင်းဆို

မကွေးတက္ကသိုလ် တက်ရောက်ရန် အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ပွဲစားများမှ တစ်ဆင့် ကျောင်းအပ်နှံ နေခြင်းကို တားမြစ်ပေးရန် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ခန့်က လက်မှတ်ထိုး တောင်းဆိုလိုက်ကြောင်း ယင်းလက်မှတ်များကို ဦးဆောင် ကောက်ယူသော ကျောင်းသားတစ်ဦး ဖြစ်သည့် ကိုသူရပြည့်စုံက သတင်း မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းစဉ် ပြောကြားသည်။ 

ကုန်ပစ္စည်းများကို ကြော်ငြာရာတွင် အနုပညာရှင်များ တာဝန်ယူရန် အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်

နိုင်ငံတကာတွင် စားသောက်ကုန်နှင့် ပစ္စည်းများကို ကြော်ငြာရာတွင် လုပ်ငန်းရှင်များသာမက ကြော်ငြာသော အနုပညာရှင်များ၊ မော်ဒယ်လ်များပါ တာဝန်ယူရသည့် အတွက် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများကို ဖိတ်ကြား၍ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်သွားမည် ဖြစ်ကြောင်း စားသုံးသူ ကြိုတင် ကာကွယ်ရေး အသင်း (မြန်မာနိုင်ငံ) ၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။

ဥရောပသမဂ္ဂ ကုန်သွယ်ရေး အကြီးအကဲ မြန်မာသို့ ပထမဆုံး လာရောက်မည်

အရှေ့တောင်အာရှ နိုင်ငံများနှင့် ကုန်သွယ်မှု မြှင့်တင်ရန် ကြိုးပမ်းနေသော ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး ဆိုင်ရာ အကြီးအကဲ (Trade Commissioner) Mr. Karel De Gucht သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်သည်။