Sunday, December 15, 2013

27th SEA Games Official at 15/12/2013 2:25 PM

ယနေ့ မြန်မာစံတော်ချိန် 11:55 အထိ နိုင်ငံအလိုက်ရပ်တည်မှု့


ယနေ့ မြန်မာစံတော်ချိန် 11:55 အထိ နိုင်ငံအလိုက်ရပ်တည်မှု့

ပွဲကတော့ ကြည့်ကောင်းနေပါပြီ။ ထိုင်းတို့ ရှေ့မှာ ကျောက်ချနေပြီး ဒီမနက်မှာတင် မြန်မာက ရွှေ(2) ခုထပ်ယူလိုက်တဲ့ အတွက် ထိုင်းကို ပခုံးခြင်း ယှဉ်လိုက်ပါပြီ။ အဲ့ဒီလိုပဲ ဗီယက်နမ်ကလဲ ဒီမနက်မှာ (၃)ခု ထပ်ရတာမို့ ပြိုင်မြင်း (၃) ကောင်ဖြစ်သွားပြီလို့ ဆိုရမှာပါ။ အင်ဒိုကလဲ လျော့တွက်လို့ မရပါဘူး၊ အချိန်မရွေး ကျော်တက်နိုင်ပါတယ်။ သူကငွေမှာ အများဆုံးရထား သူမို့လား။

Football Café

ဇနီးဖြစ်သူကို ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံလို့ ထောင်ကျသွားသူအမျိုးသား

စင်ကာပူ အမျိုးသား တဦးကို အရွယ်မရောက်သေးသူကို ကွန်ဒုံမပါဘဲ လိင်ဆက်ဆံမှု ပြုခဲ့တာကို ပြစ်မှု ထင်ရှားရှိလို့ မနေ့က ထောင်သွင်း အကျဉ်းချ ပြစ်ဒဏ်ပေးလိုက်ပါတယ်။

ခရိုင်တရားသူကြိး မက်သရူး ဂျိုးဆက်ပြောတာကတော့ ဒီ အခင်းဖြစ်မှုဟာ သာမန် သမရိုးကျမဟုတ်ပဲ ထူးဆန်း တယ်လို့ ပြောတာကို စင်ကာပူ အခြေစိုက်
The Straits Times သတင်းတပုဒ်က ဖော်ပြပါတယ်။

ညည တောက်ခေါက်သံတွေထွက်တဲ့ သစ်ကိုနိုင်တဲ့ သစ်မင်း


သစ်‌မင်း ပုံပါ။ သစ်‌ဆိုးဝါးဆိုး‌တွေကိုနိုင်‌နင်းတယ်‌လို့ဆိုပါတယ်‌။ အိမ်‌‌တွေမှာ သစ်‌ဆိုတာ မပါမဖြစ်‌ပါ။ သစ်‌၀ါး‌တွေ ဆိုတာကလည်း ‌တောမှာ‌ပေါက်‌ကြတယ်‌။

အချို့သစ်‌၀ါး‌တွေက အန္တရာယ်‌ဖြစ်‌‌စေတတ်‌တဲ့ ကမ္မစိဒ္ဓိရှင်‌‌တွေရဲ့ အရိပ်‌အ‌ငွေ့‌တွေပါလာတတ်‌ကြပါတယ်‌။ အဲလိုသစ်‌၀ါးမျိုးနဲ့ ‌ဆောက်‌မိရင်‌ အဲဒီအိမ်‌မှာ‌နေကြသူများအတွက်‌ မ‌ကောင်း‌တော့ ပါဘူး။ ပြဿနာဖြစ်‌တာ များလာ ပါတယ်‌။ သတိပြုမိရင်‌ ညည‌တောက်‌‌ခေါက်‌သံလိုမျိုး ကြာရတတ်‌ပါတယ်‌။ ဒါကတကယ်‌ပါ လက်‌သမား‌တွေသိကြပါတယ်‌။

ထိုင်းအသင်းထိပ်ဆုံးမှဦးဆောင်လိုက်သည့် ၂၀၁၃ ဆီးဂိမ်းစ် အားကစားပြိုင်ပွဲ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု နောက်ဆုံး အနေအထား´´

Facebook တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ မူးယစ်ဆေးဝါး ဆက်နွှယ်နေမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေး

Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးဆက်နွယ်နေမှုများနှင့် ပတ်သက်၍ အဆိုပါဖြစ်စဉ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူရဲမှူးကြီး ကိုကိုအောင် က ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်အင်တာနက် စာမျက်နှာများတွင် ၂၀၀၈ ခုနှစ် ဧပြီ ၃၀ ရက်တွင် စိုးမြတ်သူဇာ(ခ)မစိုးအား အစစ်ခံချက်နှင့် ၂၀၀၈ ခုနှစ် မေ ၂၈ ရက်တွင် စံပယ်ကိုကို (ခ)မဇာဇာသိမ့်(ခ)န၀ရတ်တို့၏ အစစ်ခံချက်များကို ဖော်ပြထားသည်။

တောင်ကြီး လက်လုပ်အသံမြည်ဗုံး တရားခံမိပြီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိနေအိမ်တစ်လုံး၌ လက်လုပ် ဗုံးပေါက် ကွဲမှု ဖြစ် စဉ်နှင့် ပတ်သက်၍ နောက်ဆုံးထပ်မံ စစ်ဆေးတွေ့ရှိချက်အရ လက်လက်ဗုံးတရားခံ စစ်ဆေး ရာ၌ တောင်ကြီးမြို့ ၊ကံသာရပ်၊ဂျိုးဖြူလမ်းတွင်နေထိုင်သူ ဦးရရှစ်ခန်း(ခ)ဦးရဲလွင်၊ (၅၃)နှစ်၊ (ဘ)ဦးရဲမြင့်က ပြုလုပ်ပေးခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

စင်္ကာပူမော်ဒယ် ၃ ဦး လမ်းပေါ်မှာ တိုက်ခိုက်ခံရ

စင်္ကာပူမော်ဒယ် ၃ ဦး လမ်းပေါ်မှာ တိုက်ခိုက်ခံရ
Saturday, December 14, 2013

ကြာသပတေးနေ့မနက် ၃း၀၀ နာရီလောက်က အမျိုးသမီးမော်ဒယ် ၃ ဦး လမ်းပေါ်မှာ ထိုးကြိတ်ခံရတယ်လို့ စင်္ကာပူ yahoo သတင်းစာမျက်နှာ
မှာ ရေးထားပါတယ်။ 

သူတို့ကတော့ Ziyi Kuek (၂၃ နှစ်)၊ Esther Lee (၁၉ နှစ်) နဲ့ Anna Huang (၂၁ နှစ်) တို့ဖြစ်ပါတယ်။

Ziyi Kuek ဆိုတဲ့ တယောက်က FHM မဂ္ဂဇင်းမော်ဒယ်ပါ။
အဲဒီ ပြဿနာတက်မယ့်အချိန်မှာ သူက ကားမောင်းပါတယ်၊ Circular လမ်းမကြီးပေါ်မှာ ကော်ဖီဆိုင်ထိုင်ဖို့အသွား ပြဿနာဖြစ်တယ် လို့ သတင်းမျာ ရေးထားပါတယ်။

ဆိုင်ရောက်ခါနီး လူဆယ်ယောက်လောက်ပါတဲ့ အုပ်စုတခုနဲ့တွေ့ရမှာ သူတို့ထဲက အမူးလွန်နေသူတဦးက ကားကို ရှေ့က ပိတ်ရပ်တယ်လို့ ဆိုတယ်။

ဟွန်းတီးပေမယ့် ဖယ်မပေးဘူး၊ ကားမှန်ကို ထုနှက်တယ် ကားဘေးကို ကန်တယ်လို့ ဆိုတယ်။
အဲဒီနောက် ကားဆက်မောင်းလာရာမှာ ဟိုလူက ကားနောက်လိုက်လာပြီး ကားကို ကန်ကျောက်တယ်၊ ကားတံခါးကို ဆွဲဖွင့်ပြီး ရန်ရှာတယ်၊ ဒါနဲ့ ပြဿနာ တက်ကြတယ်လို့ သတင်းမှာ ရေးပါတယ်။

လူအုပ်ထဲကတယောက်က သူ့ကို ဆက်မလုပ်ဖို့ ရပ်ဖို့ ပြောသေးတယ်လို့ ဆိုတယ်။ သို့သော်လည်း အဲဒါထက် ပိုပြီး မဟန့်တားကြဘူး မဆွဲကြဘူး တဲ့။
ခပ်လှမ်းလှမ်းဆိုင်ထဲက ပရိသတ်များကလည်း ဒီတိုက်ခိုက်မှုကို ၀င်ရောက် ဟန့်တားခြင်း မရှိဘူးလို့ ဆိုတယ်။

မော်ဒယ်တွေက အဲဒီလူကို ပြန်ပြီးတိုက်ခိုက်ချိန်မှာ ရဲကား ရောက်လာတယ်၊ ဟိုလူလည်း ထွက်သွားတယ်လို့ ဆိုတယ်။
ဘယ်သူမှန်း မသိရတဲ့ အဲဒီလူကို သူတို့ တရားစွဲချင်တယ်၊ ကား ဘော်ဒီ အပျက်အစီးအတွက် လျော်ကြေး တောင်းလိုတယ်၊ အဲဒီနေရာမှာ ရဲပတ္တရောင်လှည့်တာ နည်းနေတယ်လို့ မော်ဒယ်တွေက ဆိုပါတယ်။

FHM မဂ္ဂဇင်းမော်ဒယ် Ziyi Kuek က သူ့ဖေ့စ်ဘုတ်မှာ သူတို့ ဒဏ်ရာရပုံတွေကို တင်ထားပါတယ်။

ဧရာဝတီblog ကြာသပတေးနေ့မနက် ၃း၀၀ နာရီလောက်က အမျိုးသမီးမော်ဒယ် ၃ ဦး လမ်းပေါ်မှာ ထိုးကြိတ်ခံရတယ်လို့ စင်္ကာပူ yahoo သတင်းစာမျက်နှာမှာ ရေးထားပါတယ်။

သူတို့ကတော့ Ziyi Kuek (၂၃ နှစ်)၊ Esther Lee (၁၉ နှစ်) နဲ့ Anna Huang (၂၁ နှစ်) တို့ဖြစ်ပါတယ်။

မြန်မာဘီယာကုမ္ပဏီမှ ကုန်ကြမ်းဟုယူဆရသော ဖွဲနုများကြောင့် ယာဉ်တန်း များစလစ်ဖြစ်ကာ ခရီးသည်တင်ယာဉ်တစ်စီး ခုံးကျော်တံတားပေါ်မှထိုးကျ

မြန်မာဘီယာကုမ္ပဏီမှ ကုန်ကြမ်းဟုယူဆရသော ဖွဲနုများကြောင့် ယာဉ်တန်း များစလစ်ဖြစ်ကာ ခရီးသည်တင်ယာဉ်တစ်စီး ခုံးကျော်တံတားပေါ်မှထိုးကျ

ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး ရပ်ကွက်ရှိ နိုင်ငံရေးမှတ်တိုင်အနီးပြည် လမ်းမပေါ် ရထားလမ်းကူး ခုံးကျော် တံတားပေါ်တွင် မြန်မာဘီယာကုမ္ပဏီ၏ ကုန်ကြမ်းများဟု ယူဆရသော ဖွဲ့နုများ ကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ရန်ကုန်-မှော်ဘီဟိုင်းလတ်ယာဉ် အမျိုး အစား ခရီးသည်တင်ယာဉ်သည် ခုံးကျော် တံတားမှတစ်ဆင့် ရထားသံလမ်းပေါ်သို့ ထိုးကျခဲ့သောကြောင့် ၂ ဦးသေဆုံး၍ ၁၁ ဦး အရေးပေါ်ရောက် ရထားသံလမ်းပေါ် သို့ ထိုးကျခဲ့သောကြောင့် မင်္ဂလာမြို့နယ် မီးသတ်ဌာနမှ တာဝန်ကျ တပ်ကြပ်တစ်ဦး News Watch သို့ အတည်ပြုပြောကြားခဲ့သည်။

“အခု ကျွန်တော်တို့ ဒီယာဉ်မတော် တဆမှုဖြစ်စဉ်မှာ မြန်မာဘီယာကုမ္ပဏီက ကုန်ကြမ်းလို့ ယူဆရတဲ့ ဖွဲနုတွေကြောင့် ဖြစ်သွားတာပါ။ ဒါကြောင့် ကျွန်တော်တို့က အခု ဖွဲနုတွေကိုယူပြီး စမ်းသပ်စစ်ဆေးနေ ပါပြီ။ အတည်ပြုချက်ရတာနဲ့ မြန်မာဘီယာ ကုမ္ပဏီကို ဥပဒေကြောင်းအရ အရေးယူ သွားမှာပါ” ဟု မင်္ဂလာဒုံမြို့နယ် စည်ပင် သာယာရေးကော်မတီ မြို့နယ်အုပ်ချုပ်ရေး မှူးက ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ် တွက် ဦးကျော်သင်း အသက် (၅၁) နှစ်နှင့် မအေးအေးလှိုင် အသက် (၂၃) နှစ်တို့မှာ အခင်းဖြစ်သည့်နေရာတွင် ပွဲခြင်းပြီး သေဆုံးခဲ့ပြီး ကျန်ရှိသည့် လူနာ ၁၁ ဦးအား အင်းစိန်ဆေးရုံတွင် အရေးပေါ်ကုသနေရ ကြောင်း မင်္ဂလာဒုံမြို့နယ် မီးသတ်ဦးစီး ဌာနမှ တာဝန်ကျရဲတပ်ကြပ်က အတည်ပြု ပြောကြားသည်။

ခုံးကျော်တံတားမှ ရထားသံလမ်း ပေါ်သို့ ထိုးကျခဲ့သည့် ခရီးသည်တင်ယာဉ် မှာ ပ/---- ရန်ကုန်-မှော်ဘီ ခရီးသည် တင်ယာဉ်ဖြစ်ပြီး အရှေ့မှ စလစ်ဖြစ်နေ သော အဲလ်ကမ္ဘောဇကားအားရှောင်လိုက် ရာမှ တံတားသံဘောင်များအား ဝင်တိုက် ဖြတ်ကျော်ကာ အမြင့်ပေ ငါးဆယ်ကျော် ရှိသော ရထားသံလမ်းပေါ်သို့ ထိုးကျသွား ခြင်းဖြစ်ကြောင်း သိရသည်။

ဤကဲ့သို့ ယာဉ်များတိမ်းမှောက်မှု မဖြစ်ခင် နှစ်ရက်၊ သုံးရက်ပိုင်းတွင် အဆိုပါ ဖွဲနုများကြောင့် ယာဉ်များလမ်းလျော်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း ယာဉ်တိုက်မှုအား လာရောက်ကြည့်ရှုသူများက ဆိုသည်။

စောင့်ကြည့်သတင်းဂျာနယ် ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး ရပ်ကွက်ရှိ နိုင်ငံရေးမှတ်တိုင်အနီးပြည် လမ်းမပေါ် ရထားလမ်းကူး ခုံးကျော် တံတားပေါ်တွင် မြန်မာဘီယာကုမ္ပဏီ၏ ကုန်ကြမ်းများဟု ယူဆရသော ဖွဲ့နုများ ကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ရန်ကုန်-မှော်ဘီဟိုင်းလတ်ယာဉ် အမျိုး အစား ခရီးသည်တင်ယာဉ်သည် ခုံးကျော် တံတားမှတစ်ဆင့် ရထားသံလမ်းပေါ်သို့ ထိုးကျခဲ့သောကြောင့် ၂ ဦးသေဆုံး၍ ၁၁ ဦး အရေးပေါ်ရောက် ရထားသံလမ်းပေါ် သို့ ထိုးကျခဲ့သောကြောင့် မင်္ဂလာမြို့နယ် မီးသတ်ဌာနမှ တာဝန်ကျ တပ်ကြပ်တစ်ဦး News Watch သို့ အတည်ပြုပြောကြားခဲ့သည်။

တပ်မတော်နဲ့ NLD ကြား သွေးထိုးစကားတွေ သတိထားဖို့ ဒေါ်စုပြော

Photo: တပ်မတော်နဲ့ NLD ကြား သွေးထိုးစကားတွေ သတိထားဖို့ ဒေါ်စုပြော
Sunday, December 15, 2013

ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာဖို့ အရေးတကြီး လိုအပ်ပြီး ပြည်သူ၊ တပ်မတော်နဲ့ NLD ကြား စိတ်ဝမ်း ကွဲအောင် သွေးခွဲနေမှုတွေကို သတိထားကြဖို့နဲ့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိအောင် အဓိက ကြိုးပမ်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သူမရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲမှာ အဲဒီလို ပြောသွားခဲ့တာပါ။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အလေးအနက်ထား ဖော်ဆောင်နေချိန်မှာ တပ်မတော်နဲ့ NLD ကြား ယုံမှားသံသယတွေနဲ့ သွေးထိုး လှုံ့ဆော်မှုတွေကို သတိထားကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက လူထုသဘောထားရယူပွဲမှာ သူ့မဲဆန္ဒရှင်ပြည်သူလူထုကို သတိပေးပြောဆို လိုက်တာပါ။  စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အရေးတကြီး လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာရေးကို အလေးအနက်ထား လုပ်ဆောင်ရမှာ ဖြစ်တယ်၊ ဒီဖွဲ့စည်းပုံခိုင်မာရေးမှာလည်း ပြည်သူ့အားကို အဓိက လုပ်အပ်တယ်လို့လည်း ပြောဆိုခဲ့တဲ့အကြောင်း အခြေခံဥပဒေဆိုင်ရာ လူထု သဘောထားရယူပွဲမှာ ပင်တိုင်ဆွေးနွေးသူထဲက တစ်ဦးဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ၊ တပ်မတော်နဲ့ NLD ကြားမှာ စိတ်ဝမ်းကွဲအောင် သွေးထိုးလှုံ့ဆော်နေတာတွေ ရှိတယ်။ ဒါတွေကိုလည်း သတိထားဖို့ ဆိုတဲ့အကြောင်း ပြောတယ်။ အမှန်ကတော့ ဒါ တပ်မတော်နဲ့ ပြည်သူကြားမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ NLD က တောက်လျှောက် လုပ်နေတာပေါ့နော်။ ပြည်သူဆိုတဲ့နေရာမှာ တပ်မတော် သားတွေလည်း ပြည်သူထဲမှာ ပါတယ်ပေါ့။ ဒါကိုလည်း ပြောပါတယ်။ နောက်တခါ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ် ဆိုလို့ရှိရင် ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့လိုတယ်၊ ဒီဟာကိုလည်း ဆွေးနွေးပါတယ်။ နောက်တခါ- NLD အနေနဲ့ကတော့ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူသာ အဓိကကျတဲ့အတွက် ပြည်သူကို အားကိုးသမှုနဲ့ပေါ့နော်- ပြည်သူကို အဓိကထားပြီး ပြည်သူတွေ ဆန္ဒနဲ့ ပြင်ဖို့လိုတယ်ဆိုတဲ့အကြောင်း ဒါတွေလည်း ဆွေးနွေးပါတယ်ခင်ဗျ။”

ကော့မှူးမြို့နယ် အားကစားကွင်းတွင်းက အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ သဘောထားဆန္ဒခံယူပွဲကို တက်ရောက်လာကြတဲ့ ကော့မှူးမဲဆန္ဒရှင် ပြည်သူတွေဆီက အခြေခံဥပဒေနဲ့ပြင်ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲရေးနဲ့ ပတ်သက်ပြီး သဘောထားခံယူရမှာတော့ အများစုက ပြင်ဆင်ရေးကို တခဲနက် ထုတ်ဖော်ပြသခဲ့ကြတယ်လို့ ဦးဝင်းမြင့်ကပြောပါတယ်။

“ဆန္ဒရယူတဲ့အခါမှာ ၉၉ % လောက်ကို ပြင်ဆင်ရေးဘက်ကို ထောက်ခံကြတယ်ဗျ။ အသစ်ရေးဆွဲချင်တဲ့သူက လက်ထောင်တဲ့သူတွေကို ကျနော် ကြည့်တာ အားလုံးထဲမှာ ဒီ ၃ သောင်းလောက် တက်တဲ့အထဲမှာ ဆယ်ယောက်ထက် မပိုဘူးဗျ။ အဲဒီတော့ ၉၉ % လောက်ကို ကော့မှူးက ပြင်ဆင်ရေးဘက်မှာ ဆန္ဒရှိတာပဲ။”

တက်ရောက်လာတဲ့ ပြည်သူလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံမေးမြန်းကြတဲ့အခါ ပြည်သူဘက်က လွှတ်တော်တွင်း လူနည်းစုဖြစ်တဲ့ အတိုက်အခံအင်အားစုအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေ ဘယ်လို ရှိနိုင်သလဲဆိုတာကို မေးမြန်းခဲ့ကြတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်ကို သူကပြောပြပါတယ်။

“ပြည်သူဘက်က မေးတဲ့အခါကတော့ဗျာ- ဒီဟာ မပြင်လို့ရှိရင် ကျနော်တို့က လွှတ်တော်ထဲမှာ အနည်းစု၊ အများစုက အာဏာရပါတီဖြစ်နေတယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်လို့ရှိရင် ဘယ်လို အခြေအနေမျိုးနဲ့ နိုင်ငံရေး သွားမလဲဆိုတာကို ကျနော်တို့ခေါင်းဆောင်ကတော့ ပြောပါတယ်။ တရား ဥပဒေဘောင်အတွင်းကပဲ ပြင်ဆင်ရေးကို လုပ်သွားမယ်။ ဥပဒေဘောင် အတွင်းကပဲ နိုင်ငံရေးကို ဆက်ပြီးတော့ လျှောက်လှမ်းသွားမယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါကို ပြောပါတယ်ဗျ။”

ပြည်သူ့သဘောထားရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဥပဒေ ပညာရှင် ဦးဌေးဦးတို့ သုံးဦး ပင်တိုင်ဆွေးနွေးခဲ့ကြပြီး သူ့အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ ပြင်ဆင်သင့်တဲ့အချက်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား စတာတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကပြောပါတယ်။

“လူထုနဲ့တွေ့တဲ့အခါမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်လို သန္ဓေတည်လာသလဲပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေဇစ်မြစ်ပေါ့။ ၁၉၉၃ အမျိုးသား ညီလာခံစပြီးတော့ ၂၀၀၄ ညောင်နှစ်ပင်ညီလာခံမှာရော၊ ၁၉၉၃ ကျိုက္ကဆံ အမျိုးသားညီလာခံမှာရောက ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဆွဲခွင့် မရဘူးပေါ့ဗျာ။ နောက်တစ်ခုက ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ခွင့် မရခဲ့ဘူးပေါ့ဗျာ။ ဒီမိုကရေစီအခွင့်အရေးမရတာတွေ၊ လူ့အခွင့်အရေး အာမခံချက် မရှိတာတွေ၊ ပြည်ထောင်စုမူ ကင်းလွတ်နေတာတွေ၊ တန်းတူညီမျှတဲ့အခွင့်အရေး မရတာတွေ၊ အဲဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဥပဒိရုပ်ကလည်း မူလကတည်းကိုက မကောင်းဘူးပေါ့ဗျာ။ အဲဒါတွေပါ ကျနော်ဆွေးနွေးပါတယ်။”

ဒီဇင်ဘာလ ၁၅ရက်နေ့ တနင်္ဂနွေနေ့မှာလည်း ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးတင်ဦး၊ အပါအဝင် ဦးဝင်းမြင့်နဲ့ ဦးဌေးဦး (စိန်ဂျွန်း) တို့က ၂၀၀၈ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံနဲ့ ဖွဲ့စည်းပုံ အတွင်း ပြင်ဆင်သင့်တဲ့ အချက်တွေကို လူထုကို သွားရောက် တွေ့ဆုံရှင်းလင်းဆွေးနွေးကြမယ်လို့သိရပါတယ်။


VOA
ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာဖို့ အရေးတကြီး လိုအပ်ပြီး ပြည်သူ၊ တပ်မတော်နဲ့ NLD ကြား စိတ်ဝမ်း ကွဲအောင် သွေးခွဲနေမှုတွေကို သတိထားကြဖို့နဲ့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိအောင် အဓိက ကြိုးပမ်းနေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြော ဆိုလိုက်ပါတယ်။ သူမရဲ့ မဲဆန္ဒနယ်မြေဖြစ် တဲ့ ကော့မှူးမြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲမှာ အဲဒီလို ပြောသွားခဲ့တာပါ။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။