ရန် ကုန်တိုင်းဒေသကြီးရှိ စည်ပင် သာယာနယ်နိမိတ်အတွင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီမှ ၂၀၁၃ခုနှစ် ဧပြီ လအထိ နှစ်နှစ်နှင့်လေးလအတွင်း ယာဉ်တိုက်မှု ၂၁၅၆မှုဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။
Tuesday, September 17, 2013
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်တွဲဖက်ကာ ပြည်ပလုပ်ငန်းရှင်တချို့ အရင်းအနှီးငွေမရှိဘဲ ပွဲစားသဖွယ်လုပ်ကိုင်နေမှုများရှိနေဟုဆို
ပြည် တွင်း စီးပွားရေးလုပ်ငန်းရှင်များ နှင့်တွဲဖက်ကာ ရင်းနှီးမြှုပ်နှံမှုလာ ရောက်ပြု လုပ်သော ပြည်ပလုပ် ငန်းရှင်တချို့မှာ အမှန်တကယ် အရင်း အနှီးငွေမရှိဘဲ ပွဲစားသဖွယ် လုပ်နေမှုများရှိနေကြောင်း ပြည်တွင်း လုပ်ငန်းရှင် များထံမှ သိရ သည်။
မျက်ကြည်လွှာတစ်ခုတည်းဖြင့်လူနာသုံးဦးခန့် အစားထိုးကုသနိုင်ပြီ
မျက် ကြည်လွှာတစ်ခုကို ယခင်က လူတစ်ဦးကိုသာ အစားထိုးကုသ နိုင်ခဲ့ရာမှ ယခုအခါတွင် ပြောင်း လဲတိုးတက်လာသော နည်းပညာများကြောင့် မျက်ကြည်လွှာတစ်ခုကို လူသုံးဦးခန့်အား ကုသလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။ မျက်ကြည်လွှာတွင် Epithetiun,Stroma,Endot heliun ဟူ၍ အပိုင်းသုံးပိုင်းရှိသည့် အထဲတွင် မကောင်းသည့်အပိုင်းကိုသာ အစားထိုးကုသလာနိုင် ခြင်းဖြစ်ကြောင်း မျက်စိအထူး ကုဆရာဝန်ကြီးပါမောက္ခဒေါက် တာ တင်ဝင်းက ပြောသည်။
စားစရာအလှူခံတဲ့မြန်မာ ၂ဦးကို ထိုင်းရဲ၉ဦးက၀ိုင်းဖမ်း
လုပ်အားခမရသဖြင့် ထမင်းစားစရာ မရှိဖြစ်နေကြသည့် အလုပ်သမားတစ်ရာကျော်အတွက် စားစရာ ဆန်နှင့် သောက်စရာရေများအကူညီ ရလိုရငြားအလှူခံရန်ထွက်လာကြသည့် အလုပ်သမားဇနီးမောင်နှံ တို့အား ထိုင်းပုလိပ် ၉ ဦးက ၀ိုင်းဝန်းဖမ်း ဆီးခဲ့သည်။
ယောက္ခထီးနှင့် ချွေးမတို့ ဓာတ်လိုက်သေဆုံးခဲ့မှု ရွှေပြည်သာတွင် ဖြစ်ပွား
ယောက္ခထီးနှင့် ချွေးမတော်စပ်သူတို့ နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံးခဲ့မှုတစ်ခု ရွှေပြည်သာမြို့နယ်တွင် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
မန်မာနိုင်ငံရှိ ရဲဝန်ထမ်းများအား ပြုပြုပြောင်းလဲရေးလုပ်ရာတွင် UNODC ကကူညီမည်
မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များအား အမျိုးသားရဲအမှုထမ်းအဖြစ် အသွင်းပြောင်းရန်
စီစဉ်နေပြီး ထိုသို့ ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင်
လိုအပ်သောနည်းပညာပိုင်းနှင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့် သက် ဆိုင်သော
အကူအညီများကို ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး- UNODC
ကကူညီပေး မည်ဖြစ်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ
ဂျေဆန်အီလိုင်းက မဇ္ဈိမကိုပြောသည်။
စိတ်မထိန်းနိုင်ဘဲ ဒေါသအလျောက် ဇနီးဖြစ်သူကို လှံနှင့်ထိုး
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် လင်မယားချင်း စကားများရာမှ အသက်(၈၆ နှစ်) အရွယ်ရှိ လင်ယောက်ျားက ဒေါသအလျောက် လှံရိုးနှင့်ရိုက်၊ လှံနှင့်ထိုး သောကြောင့် ဇနီးဖြစ်သူ သေဆုံးသွား သည့်ဖြစ်ရပ် စက်တင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည်။
ရတနာပုံတက္ကသိုလ်အရှုပ်တော်ပုံ သမ္မတရုံးတိုက်ရိုက်စစ်ဆေး
မန္တလေးတိုင်းဒေသကြီး
ရတနာပုံတက္ကသိုလ်မှ အရှုပ်တစ်ခုသဖွယ်ဖြစ်နေ သည့် ကိစ္စများအားပါမောက္ခ ချုပ်
ဒေါက်တာခင်မောင်ဦး အပါအဝင် တာဝန်ရှိသူအချို့ကို
သမ္မတရုံးမှတာဝန်ရှိသူများနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ
ငွေကြေးအလွဲသုံးစားကိစ္စများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း တက္ကသိုလ်ဆရာ
အသိုင်း အဝိုင်းမှ သိရသည်။
အောင်ဘာလေ သိန်းထီဌာနခွဲအနီး တိုက်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
ရန်ကုန်မြို့
ပန်းဆိုးတန်းနှင့်၃၇လမ်းကြားရှိ အောင်ဘာလေ သိန်းထီဌာနခွဲအနီး တိုက်ပေါ်မှ
အသက် ၂၅ နှစ် ၀န်းကျင်အမျိုးသား တစ်ဦး ပြုတ်ကျသေဆုံးခဲ့မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ငူဘူတာ စက်ရုံဝင်းအတွင်း သိုလှောင်ထားသော ဒီဇယ်ဂါလန် ခုနှစ်သောင်းကျော် ပျောက်ဆုံးမှု ခုံရုံးဖွဲ့စစ်ဆေး
တောင်ငူမီးရထား စက်ရုံဝင်း ဂိတ်တံခါး |
လတ်တလောဖြစ်ပေါ်နေသော ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား တောင်ငူဘူတာစက်ရုံ ဝင်းအတွင်း သိုလှောင်ထားရှိသော နိုင်ငံပိုင်ဒီဇယ်ဆီဂါလန်ပေါင်း များစွာစာရင်းကွာဟ လျော့နည်း ပျောက် ဆုံး နေမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအကြီး အကဲများ ကိုယ်တိုင်ခုံရုံးဖွဲ့ကာ တောင်ငူ သို့ရောက် ရှိလာလျက် အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စတင်စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။
ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အို လက်မခံ
မြန်မာနိုင်ငံနယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ်နယ်မြေများတွင် သန်းခေါင် စာရင်း ကောက်ရန် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်းသဘော တူညီမှု ရပြီ ဖြစ်သော် လည်း ကေအိုင်အိုအဖွဲ့ကမူ လက်မခံသေးကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ကော့သောင်းအကျဉ်းထောင်ဆူပူမှု ထောင်ပိုင်ကို ခုံရုံးဖွဲ့စစ်ဆေးနေ
ကော့သောင်းအကျဉ်းထောင်၌ ဖြစ်ပွားခဲ့သော ထောင်တွင်းဆူပူမှုဖြစ်စဉ်တွင် အဓိကတာဝန် ရှိသော ထောင် ပိုင်ကို အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ခရီးသည်ထံမှပစ္စည်းများလုယူခဲ့ကြသည့် ဆိုင်ကယ်ကယ်ရီသမားနှင့်အဖော်တို့အား ဖော်ထုတ်ဖမ်းဆီး
၁၃.၉.၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ ကိုမင်း သူအောင်သည် အောင်မင်္ဂလာ
ကာကွယ်ဆေးမှားပေးခံရသော ကလေး၅ရဦး ဆေးရုံရောက်
ပိုလီယိုအစက်ချဆေးပေး ရမည့်အစား အသည်းရောင်ဘီ ပိုးကာကွယ်ဆေးသာက်ရန် မှားယွင်း ၍ ညွှန်ကြားခံရပြီးနောက် အိန္ဒိယအရှေ့ပိုင်းတွင် ကလေး ငယ်၆ဝနီးပါး ဆေးရုံတင်လိုက်ရ ကြောင်း အရာရှိ များက တနင်္လာ နေ့တွင် ပြောကြားခဲ့သည်။
ဂျပန် Nissan မြန်မာပြည်တွင် ကားထုတ်မည်
ဂျပန် ကုမ္ပဏီ Nissan သည် ယခုနှစ်အတွင်း မြန်မာပြည်တွင် ကားများ ထုတ်လုပ်သွားမည်ဟု သိရသည်။
မလေးရှား စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး အသေးစားကားများနှင့် ထရပ်ကားများကို မြန် မာပြည် တွင် ယခုနှစ်အတွင်း စောနိုင်သမျှ စောအောင် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း AFP က Nikkei Business daily သတင်းကို ကိုးကားပြီး ယနေ့ သတင်း ဖေါ်ပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက် ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက အချုပ်အခြာအာဏာ မထိခိုက်ရန် အရေးကြီးေ ကြာင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထောက် များနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။
ပခုက္ကူမြို့အနီး ကျေးရွာများတွင် မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက်များအထိ မြစ်ရေ၀င်ရောက်
ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများနှင့် ရေလယ်ကျွန်း ကျေးရွာတွင် မြစ်ရေ ကြီး မှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး မြို့ပေါ်ရပ်ကွက် အချို့တွင်လည်း မြစ်ရေ ၀င်ရောက် လာခြင်းကြောင့် ရေလွတ်ရာနေရာများ သို့ရွှေ့ပြောင်းနေကြကြောင်း သိရသည်။
Subscribe to:
Posts (Atom)