Friday, July 5, 2013

ဂျပန်နိုင်ငံမှ လေးထောင့်ဖရဲသီး

Photo: ဂျပန်နိုင်ငံမှ လေးထောင့်ဖရဲသီး

Friday, July 05, 2013

ထူးထူးခြားခြားတီထွင်ဖန်တီးတတ်သူတွေထဲမှာ ဂျပန်တွေကလည်း ဦးဆောင် နေပါတယ်။ လေးထောင့်ပုံသဏ္ဍာန် ဖရဲသီးဆိုတာကလည်း တစ်ကမ္ဘာလုံးမှာမှ သူတို့သာ တီထွင်စိုက်ပျိုးတဲ့ တကယ့် ဖရဲသီးများ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ သယ်သွားသယ်လာ လွယ်ကူပြီး ရေခဲသတ္တာ ထဲမှာရော အလွယ်တကူ သိမ်းဆည်း ထားနိုင်စေဖို့ ဖြစ်ပါတယ်။ ဒီတော့ ဖရဲ သီးကို လေးထောင့်ဖြစ်အောင် ဘယ်လိုစိုက်ပျိုးသလဲ ဆိုတာ လူတိုင်း စိတ်ဝင် စားပါတယ်။

ဖရဲသီးကို လေးထောင့် မှန်သတ္တောထဲမှာ ထည့်စိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ မြေမှာ စိုက်တာပါပဲ။ သို့ပေမယ့် ကြီးလာတဲ့ ဖရဲသီးလုံးကိုတော့ မှန်ဘောင်ထဲ ထည့်ပေးပါတယ်။ ဒီတော့ အရွယ်ကြီးလေလေ၊ လေးထောင့် ကျလေလေဖြစ်ပြီး ပုံမှာမြင်တွေ့ရသလို ဖြစ်လာပါတယ်။ သို့ပေမယ့် ဒီလောက်တော့ မလွယ်ပါဘူး။ သူ့စိုက်ပျိုးရေး နည်းပညာ များလည်း ရှိနေပါ သေးတယ်။

ဈေးလည်း ကြီးပါတယ်။ ဂျပန်မှာ သာမန် ဖရဲသီး တစ်လုံးက ကန်ဒေါ်လာ ၁၅ မှ ၂၀ ကြား ကုန်ကျနေချိန် လေးထောင်ဖရဲသီးကတော့ အမေရိကန် ဒေါ်လာ ၈၀ ကျော် ကုန်ကျကြောင်း သိရပါတယ်။
--

ရိုးရာလေး ထူးဆန်းထွေလာ
ထူးထူးခြားခြားတီထွင်ဖန်တီးတတ်သူတွေထဲမှာ ဂျပန်တွေကလည်း ဦးဆောင် နေပါ တယ်။ လေးထောင့်ပုံ သဏ္ဍာန် ဖရဲသီးဆိုတာကလည်း တစ်ကမ္ဘာလုံးမှာမှ သူတို့သာ တီထွင်စိုက်ပျိုးတဲ့ တကယ့် ဖရဲသီး များ ဖြစ်ပါတယ်။

ငွေကြေးများဖေါသီစွာသုံးစွဲနေသူဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်

ငွေကြေးများဖေါသီစွာသုံးစွဲနေသူဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်

5-7-2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊
အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊
ပေါက်ကုန်းရပ်ကွက် နေချစ်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ချစ် သည်တစ်နေ့လျင် ငွေကျပ် ၃၀၀၀ခန့်ရရှိသော ဆေးသုတ် သည့်ကျပန်းအလုပ်ကိုလုပ်ကိုင်နေရာမှ ဆက်လက်
လုပ်ကိုင်ခြင်းမရှိတော့ဘဲ စားသောက်ဆိုင်များတွင် အမေရိကန်ဒေါ်လာများအားကိုင်ဆောင်သုံးစွဲခြင်း၊ လက်ကိုင်ဖုန်းများဝယ်ယူခြင်းစသည့် ငွေကြေးများ
ဖောသီစွာသုံးစွဲလျက်ရှိကြောင်းသတင်းရရှိမသင်္ကာသဖြင့်
စောင့်ကြည့်စုံစမ်းလျက်ရှိစဉ် ကော့ကရိတ် မြို့သို့တိမ်းရှောင်သွားကြောင်းသတင်းအရ
လိုက်လံဖမ်းဆီးခဲ့ရာ၂၁.၆.၂၀၁၃ရက်နေ့တွင်ကော့ကရိတ်မြို့၊ (၆)ရပ်ကွက်ရှိ ရတနာပုံစားသောက် ဆိုင်တွင်
ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား စစ်ဆေးရာ၂၀၁၃ခုနှစ် ဧပြီလအတွင်း၌ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်မွန်အိမ်ယာတွင်
ဆေးသုတ်သည့်အလုပ်အားလုပ်ကိုင်နေစဉ်အတွင်းကထမင်းစား နားချိန်များတွင် အပေါ်ထပ်ရှိတိုက်ခန်းများသို့ တက်ရောက်
လေ့လာနေခဲ့ရာမှ အခန်းတစ်ခန်းတွင်လူနေထိုင်ခြင်းမရှိကြောင်း
သိရသောကြောင့် ၂၀၁၃ ခုနှစ် မေလအတွင်း နေ့လည်ပိုင်းတွင် အဆိုပါအခန်းသို့ နောက်ဘက်အရေးပေါ်လှေခါးမှ
တက်ရောက်ကာ ရေချိုးခန်းပြူတင်းပေါက်သံပန်း တွင်တပ်ဆင်ထားသောမူလီများအား ၀က်အူလှည့်ဖြင့်ဖြုတ်၍ ၀င်ရောက်ခဲ့ကြောင်း၊ အိပ်ခန်းအတွင်းရှိ LEECO အမျိုးအစား
မီးခံသေတ္တာအား ၎င်း၏နေအိမ်သို့ခိုးယူသယ်ဆောင်သွားပြီး
သံဖြတ်လွှဖြင့် တိုက်ဖြတ်ကာ မီးခံသေတ္တာအတွင်းရှိ မြန်မာငွေ၊ အမေရိကန်ဒေါ်လာနှင့် ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းတန်ဘိုး ကျပ်(၂၀၅၂၅၀၀၀)ခန့်အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ပြီး
သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိသဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၂၄၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။ 
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရဲဇာနည်
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ် ၊ ပေါက်ကုန်း ရပ်ကွက် နေချစ်ဦး၊

ပြေးနေရတဲ့ စနိုးဒင်ကို ရုရှ အမျိုးသမီး ကယ်တင်မယ်

 အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို ဖွင့်ချလိုက်ပြီး ထွက်ပြေးနေရတဲ့ စနိုးဒင်ကို ကယ်တင်မယ့်သူ
ပေါ်ပေါက်လာပါပြီ။

သက်တမ်း ၂၀၀ရှိငါးကြီးတစ်ကောင် ဖမ်းမိ

သက်တမ်း ၂၀၀ရှိငါးကြီးတစ်ကောင် ဖမ်းမိ

ပြီးခဲ့တဲ့ ၂ရက်နေ့က အမေရိကန်နိုင်ငံ၊ အလက်စကာ ပြည်နယ်မှာ နေထိုင်တဲ့ Henery Liebmanဆိုသူဟာ ၃၉ပေါင် အလေးချိန်ရှိတဲ့ ရေချို ကျောက်ငါးအမျိုးအစား ငါးတစ်ကောင်အား ဖမ်းဆီး 
ရမိခဲ့ကြောင်းနှင့် အဆိုပါ ဖမ်းမိ ငါးကြီးမှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀၀ခန့် ရှိနိုင်ကြောင်း ဆိုပါတယ်။ အဆိုပါ ငါးကြီးအား ဖမ်းဆီး ရမိမှုနှင့် ပတ်သက်၍ Dialy Sitka Journalက ရှေးဦးစွာ သတင်းဖော်ပြခဲ့ပြီး စံချိန်သစ်များအား ရိုက်ချိုးနိုင်မည့် ဖမ်းဆီးရရှိမှု ဟူ၍ ဖော်ပြခဲ့ကြောင်း သိရပြီး နောက်ပိုင်းတွင် Yahoo!သို့ပါ တင်ပြသွားခဲ့ပါသေးတယ်။ အဆိုပါ ငါးအမျိုးအစားများမှာ အလက်စကာ မြစ်များအတွင်းတွင်သာ နေထိုင် ကျက်စားလေ့ရှိကြပြီး Liebmanဟာ ၄၁လက်မ အရွယ် ဆွဲပိုက်အမျိုးအစားဖြင့် ဖမ်းမိခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် အခြေစိုက် National Oceanic and Atmospheric Administrationအဖွဲ့ရဲ့ ပြောကြားချက်အရတော့ ဖမ်းမိငါးကြီးမှာ အရှေ့မြောက် ပစိဖိတ်ဒေသတွင်း သက်တမ်း အရှည်ဆုံး ငါးကြီး ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ လက်ရှိတွင် ငါးကြီးရဲ့ အသက်နှင့် ပတ်သက်၍ စမ်းသပ်ခန်းမှ အတည်ပြုချက်ရရန် လိုအပ်နေသေးပြီး လက်ရှိတွင်တော့ အဆိုပါ ငါးမျိုးထဲမှ သက်တမ်းအရှည်ဆုံး အဖြစ် ၁၇၅နှစ်ရှိ ငါးတစ်ကောင်က စံချိန်ရယူထားနိုင်ကြောင်း သိရပါတယ်။



Ref: www.businessinsider.com
ပြီးခဲ့တဲ့ ၂ရက်နေ့က အမေရိကန်နိုင်ငံ၊ အလက်စကာ ပြည်နယ်မှာ နေထိုင်တဲ့ Henery Liebmanဆို သူဟာ ၃၉ပေါင် အလေးချိန်ရှိတဲ့ ရေချို ကျောက်ငါးအမျိုးအစား ငါးတစ်ကောင်အား ဖမ်းဆီး

ရှမ်းသောင်းကျန်းသူ အဖွဲ့မှ မူဆယ်ရိုးမဘဏ် မန်နေဂျာထံ ကျပ်သိန်း (၁၀၀) ဆက်ကြေး တောင်းခံ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂/၃)၊ ပြည်ထောင်စု လမ်းမကြီး၊ တောင်ရပ်ကွက်ရှိ ရိုးမဘဏ် ဧည့်ကြို ဝန်ထမ်း ဖြစ်သူထံသို့  ၂ဝ၁၃ ခုနှစ်၊ ဇူလိုင် ၃ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင်

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်

သြစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲဝင်ခဲ့ရပြီး ၃ နာရီကြာအောင်ကိုးစားခဲ့ရတဲ့ အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့ ကလေးတစ်ဦးဖြစ်တဲ့ Jamie က အသက်မရှင်နိုင်တော့ပါဘူးတဲ့ ။ မိခင်ဟာ သူမ နားကို သူမ မယုံနိုင်အောင်ဖြစ်သွားရတယ် ။ ဆစ်ဒနီဆေး၇ုံမှာ Jamie ရဲ့အမွှာဖြစ်တဲ့ Emily ကတော့ ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေရှိပါတယ် ။ သူမအကို Jamie ကတော့မွေးစကတည်းက မိနစ်နှစ်ဆယ်လောက်အသက်ကယ်ခဲ့ရတယ် ။

ကုသမှုတွေကို မတုံ့ပြန်တော့တဲ့အခါ မိဘတွေကို စိတ်မကောင်းစရာသတင်းကိုပြောဖို့အခြေအနေဖြစ်လာပါပြီ ။ မိခင် Kate ဟာ သူ့ကလေးငယ်တစ်ယောက်ဆုံးတယ်ဆိုတဲ့သတင်းကိုလက်မခံနိုင်ပါဘူး ။ သူက မိခင်တစ်ယောက်အနေနဲ့ ခေါင်းကိုတွင်တွင်ခါတယ် ။ ပြီးတော့မျက်ရည်တွေ တွင်တွင်စီးကျတယ် ။ သားငယ်လေးကို အနှီးနဲ့လုံခြုံစွာထုပ်ပြီး သူပွေ့ချီလိုက်တယ် ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေးထားတယ် ။ ရှိုက်ကြီးတငင်ငိုပါတယ် ။

မိခင်ရောဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး သူ့နာမည်ကိုဘယ်လိုခေါ်ကြောင်းနဲ့သူ့မှာ ညီမတစ်ဦးရှိကြောင်းကို တတွတ်တွတ်ပြောဆိုနေတယ် ။ “ သားမရှိပဲ ညီမလေးဘယ်လို ဆက်လက်ရှင်သန်နေထိုင်မလဲ .. သားမရှိပဲအဖေနဲ့အမေရောဘယ်လိုဆက်လက်ရှင်သန်နေထိုင်မလဲ မိသားစုဆိုတာ ဟာ အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက သားဖြစ်သူကိုကြည့်ပြီးငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ ဒီလိုနဲ့ပွေ့ချီထားခဲ့တာ ၂ နာရီတိုင်ကြာမင့်ခဲ့တယ် ။ ကလေးငယ်အသက်ပြန်မရှူလာခင်အထိပေါ့ ။

ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက်လုံးဝမရှိခဲ့ဘူး ။ ၂ နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက်ကလေးငယ်ဟာ စတင်ပြီး အသက်ရှူလာပါပြီ တဖြည်းဖြည်းပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီးမိခင်နို့ကို တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ဖြစ်ပျက်လာခဲ့ရပါပြီ ။ ကလေးငယ်က ကောင်းမွန်စွာ အသက်ရှူနေပါပြီ ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံးပွင့်လာတယ် သူ့မျက်လုံးတွေက မိခင်ကိုကြည့်နေတယ် ။

ဆရာဝန်တွေအားလုံးတုန်လှုပ်ခြောက်ခြားပြီး အားလုံးပျော်ရွှင်ခဲ့ရပါတယ် ။

===========================

မိခင်မေတ္တာဟာ ဆရာဝန်တွေသေဆုံးပြီလို့အတည်ပြုထားတဲ့ ကလေးငယ်ကို အသက်ပြင်ရှင်စေနိုင်ခဲ့တယ်လို့ပဲထင်ပါတယ် ။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ ဆေးလောကတစ်ခုလုံး အံ့သြတုန်လှုပ်သွားအောင်စွမ်းဆောင်နိုင်ခဲ့တယ် ။

မိခင်အားလုံးအား ဂုဏ်ပြုဦးညွှတ်လျှက် ...။

( သက်တန့်ချို )

မူရင်း - http://www.dailymail.co.uk/health/article-1306283/Miracle-premature-baby-declared-dead-doctors-revived-mothers-touch.html
သြစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲ ၀င်ခဲ့ရပြီး ၃ နာရီကြာအောင်ကိုးစားခဲ့ရတဲ့ အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့

အင်္ဂလန်အတွက် ငါးနှစ်အတွင်း အဆိုးရွားဆုံး ကမ္ဘာ့အဆင့် သတ်မှတ်ချက်ဖြစ်လာ


အင်္ဂလန်အတွက် ငါးနှစ်အတွင်း  အဆိုးရွားဆုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက်ဖြစ်လာ
ဇူလိုင်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ဖီဖာမှ ထုတ်ပြန်ခဲ့ရာတွင် တိုက်ကြီးများဖလား ချန်ပီယံ ဘရာဇီးမှာအဆင့် ၁၃ဆင့် မြင့်တက်လာခဲ့ပြီး အဆင့် ၉ နေရာတွင် ရပ်တည်ခဲ့သည်။ အဆင့် ၁နေရာတွင်

၃၃၃၃၃ ၉၆၉ ကို ဘုန်းတော်ကြီးသင် ပညာရေးအတွက် သိန်း ၂၀ ဖြင့်ဝယ်

၃၃၃၃၃ ၉၆၉ ကို ဘုန်းတော်ကြီးသင် ပညာရေးအတွက် သိန်း ၂၀ ဖြင့်ဝယ်

သထုံ- ဇူလိုင်-၃

ဘုန်းတော်ကြီး ပညာရေးကျောင်းတစ်ကျောင်းရှိ ကျောင်းသားများ၏ ပညာသင် စရိတ်လှူဒါန်းရန်အတွက် ဆရာ တော်တစ်ပါး၏ မွေးနေ့လက် ဆောင်ရရှိထားသော ကျပ်၁၅၀၀ တန်မိုဘိုင်းဖုန်းနံပါတ်တစ်ခုကို အမျိုးသား တစ်ဦးက ကျပ်သိန်း ၂ဝဖြင့် ဈေးအမြင့်ဆုံးပေးကာ ဝယ်ယူလှူဒါန်းခဲ့ကြောင်း သိရ သည်။

မွန်ပြည်နယ် မော်လမြိုင် မြို့ ရွှေပြည်အေးရပ်ကွက်ရှိ ကင်း ရွာဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ကလေးသူငယ်များ၏ ပညာသင်စရိတ်လှူဒါန်းရန် ဆရာ တော်ရှင်စန္ဒဇောတိ (သာသနာ နွယ်)က ဒကာတစ်ဦးထံမှ မွေးနေ့ လက်ဆောင် အဖြစ် ရရှိထားသည့် ၁၅ဝဝတန်မိုဘိုင်းဖုန်းနံပါတ် ၃၃၃- ၃၃၉၆၉ကို အမြင့်ဆုံးဈေးနှုန်းပေး ၍ ဝယ်ယူမည့် ဗုဒ္ဓဘာသာဝင်များ အားဖိတ်ခေါ်ခဲ့ရာ ရန်ကုန်မြို့မှ ကိုအောင်ပိုင်ထွန်း (Excellent, Aquarium Fish, Hamster, Pet & Accessories Centre)က ဇူ လိုင် ၁ရရက်တွင်ကျရောက်မည့် သူ၏မွေးနေ့အလှူအဖြစ် ကျပ် သိန်း၂ဝဖြင့် အမြင့်ဆုံးဈေးပေး ကာ ဝယ်လှူဒါန်းခဲ့ကြောင်း သိ ရသည်။

အဆိုပါကင်းရွာဘုန်းတော် ကြီးသင် ပညာရေးကျောင်းတွင် ကလေး၅ဝဝကျော်ရှိပြီး ဆရာတော် အရှင်စန္ဒဇောတိ(သာသနာနွယ်) နှင့် တပည့်ဒါယကာ၊ ဒါယိကာမ များက ဇူလိုင်၁ရရက်တွင် စုပေါင်း ၍ စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ လှူဒါန်းပွဲ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ဈာန်မိုးသစ်
Yangon Media
ဘုန်းတော်ကြီး ပညာရေးကျောင်းတစ်ကျောင်းရှိ ကျောင်းသားများ၏ ပညာသင် စရိတ်လှူဒါန်းရန်အတွက် ဆရာ တော်တစ်ပါး၏ မွေးနေ့လက် ဆောင်ရရှိထားသော ကျပ်၁၅၀၀ တန်မိုဘိုင်းဖုန်းနံပါတ်တစ်ခုကို အမျိုးသား တစ်ဦးက ကျပ်သိန်း ၂ဝဖြင့် ဈေးအမြင့်ဆုံးပေးကာ ဝယ်ယူလှူဒါန်းခဲ့ကြောင်း သိရ သည်။
 

ခြေထောက် လေးချောင်းပါ ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသမည်

7.4.4
မိခင်နှင့်အတူ တွေ့ရှိရသည့် ခြေလေးချောင်းပါ ကလေးငယ် (ဓာတ်ပုံ-ဧရာဝတီ ဖောင်ဒေးရှင်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက် လေးချောင်းပါ သုံးလခွဲအရွယ်ကလေးငယ်ကို

အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော အမှုကို နှစ်ဦးနှစ်ဖက် ကျေအေး

ဆုထူးပန်တာဝါ ဆောက်လုပ်မှုကိစ္စနှင့်ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက် လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော ဥပဒေကြောင်းဆိုင်ရာကိစ္စများအား ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် နှစ်ဦးနှစ်ဖက် ကျေအေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။