Friday, January 30, 2015

ဦးစီးဌာန ၂၀ လျှော့ချမည်ဖြစ်ပြီး ၀န်ထမ်းအချို့ ဌာနပြောင်းမည်

ဝန်ကြီးဌာနများရှိ ဦးစီးဌာန ၂၀ ကို လျှော့ချ သွားမည်ဖြစ်ပြီး ယင်းဌာနများမှ ၀န်ထမ်းများအား အခြားလိုအပ်နေသည့်ဌာနများသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနများကို ဖျက် သိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ပေါင်းစည်းခြင်းတို့ ပြုလုပ် သွားမည်ဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ်မှ အောက် ခြေ၀န်ထမ်းအထိ လျှော့ချမည်မဟုတ်ဘဲ လိုအပ် ချက်အရ ဦးစီးဌာနပြောင်းရွှေ့၍ တာဝန်ထမ်းဆောင် ရမည့်သူများရှိလာမည်ဖြစ်သည်။

‘‘အသစ်ဖွဲ့တဲ့နေရာတွေကို လိုအပ်သလို ၀န် ထမ်းတွေ ရွှေ့ရမှာပေါ့။ ကလေးရှိတဲ့ ၀န်ထမ်းတွေ အခက်အခဲ မဖြစ်ရအောင် ပညာသင်နှစ်ပြီးမှ ပြောင်း ရွှေ့ဖို့နဲ့ ရုံးနဲ့ ၀န်ထမ်းအဆောက် အအုံတွေ အ ဆင်သင့်ဖြစ်မှ ပြောင်းရွှေ့ဖို့ ပြောထားပါတယ်။ အခု ဦးစီးဌာနတွေကိုတော့ မူအရ လျှော့ချလိုက်ပါပြီ’’ ဟု သမ္မတရုံးဝန်ကြီးဌာန အမှတ် (၅) မှ ဒုညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောသည်။

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု KIA က စစ်ဆေးခံမည် မဟုတ်ဟုဆို

မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်၊ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကျောင်းဆရာမနှစ်ဦး၏ အမှုနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ဝင်များ၏ လက်ဗွေရာနှင့် DNA များကို လုံးဝအစစ်ဆေးခံမည် မဟုတ်ကြောင်း KIA မှ ဗိုလ်မှူးကြီးရာထူး အဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ ဖော်ယူဂွမ်က KIA တပ်ဖွဲ့ဝင် မဟုတ်ဘူး။ KIA ဘက်ကလည်း ဒီပြစ်မှုကို တပ်မတော်ဘက်က ကျူးလွန်တာလို့ မြင်တယ်။ KIA ရဲ့ ရာဇဝင်မှာ ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့တာ မရှိဘူး။ ဒါကြောင့် အမှုနဲ့ ပတ်သက်လို့ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးခွင့်ပေးပါ ကမ်းလှမ်းခဲ့လည်း KIA ဘက်က လုံးဝ အစစ်မခံနိုင်ဘူး” ဟု ပြည်နယ်အဆင့် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ဝင်ဖြစ်သူ ၎င်းက ဆက်လက်ပြောကြား သည်။

မင်္ဂလာဒုံမြို့နယ်ရှိ သားအမိနှစ်ဦး လည်လှီးအသတ်ခံရမှုဖြစ်စဉ်မှ ကျူးလွန်သူကို တစ်နှစ်ကျော်သည်အထိ မဖမ်းနိုင်သေး


၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် ညဥ့်နက်ပိုင်းက မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက် ဘောဂ ၂ လမ်း၌ ဖြစ်ပွားခဲ့သည့် သားအမိနှစ်ဦး လည်လှီးသတ်ခံရသည့်ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်ကျော်ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။

“ကျူးလွန်သူက မွန်ပြည်နယ်ဘက်ကလို့ သိရတဲ့တွက် အဲဒီဘက်ကို ထွက်ပြေးသွားလောက်တယ်လို့ ယူဆလို့ သွားရောက်စုံစမ်းပါသေးတယ်။ အဲဒီမွန်ပြည်နယ်ဘက်ကိုလည်း မရောက်ဘူးလို့ သိရတယ်။ လက်ရှိအချိန်အထိတော့ တရားခံကို မမိသေးပါဘူး”ဟု မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၉ ရက်က ဆိုသည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ မပြေလည်လျှင် သပိတ်ကို အရှိန်မြှင့်သွားမည်ဟု သပိတ်မှောက်ကျောင်းသားများပြော

လေးပွင့် ဆိုင်ဆွေးနွေးပွဲ ပြုလုပ်မည့်နေ့ တွင် လမ်းလျှောက်သပိတ်လမ်း ကြောင်းကို ခေတ္တရပ်ဆိုင်းထား မည်ဖြစ်ပြီး ထိုနေ့တွင် တောင်းဆို ချက်များ ပြေလည်မှုမရရှိပါက သပိတ်ကို အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များက ပြောသည်။
‘‘ဆွေးနွေးပွဲလုပ်တဲ့ ဖေဖော် ၀ါရီ ၁ ရက်နေ့မှာ ရောက်တဲ့မြို့ မှာ သပိတ်ကို ထိုင်သပိတ်ပုံစံမျိုး လုပ်ပြီး ခဏရပ်ထားမယ်။ အဲဒီနေ့ မှာ ဟောပြောပွဲတွေလုပ်ချင်လုပ် မယ်။ ဆွေးနွေးပွဲမှာ တောင်းဆို ထားတဲ့ အချက်တွေမလိုက်လျော ဘူး။ နောက်ထပ်ဆွေးနွေးပွဲကို လည်း အချိန်အကြာကြီးမှ ပြန် ချိန်းထားတွေလုပ်ရင် နောက်နေ့ မှာ သပိတ်ကို အရှိန်မြှင့်သွား မယ်။ အစိုးရရုံးတွေ ပိတ်ဆို့တား ဆီးတာတွေ လုပ်မယ်။ ပုံစံအမျိုး မျိုးနဲ့ တိုက်ပွဲဝင်သွားမယ်။ ဒီ သပိတ်လမ်းကြောင်းကြီးကို ရပ် လိုက်မှာတော့ မဟုတ်ဘူး’’ ဟု သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က 7 Day Daily အား ပြောသည်။

လက်ဝါးကပ်တိုင်ရွှေ့ဆိုင်းရန် အမိန့် ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြ၊ ဟားခါးတွင်လည်းဆန္ဒဖော်ထုတ်မည်

ဟားခါးမြို့အထွက် ကြာရ်ကြန်တောင်ထိပ်ပေါ်ရှိ လက်ဝါးကပ်တိုင်ရွှေ့ခိုင်းမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၂၉ ရက် ညနေက မြို့ တော်ခန်းမရှေ့၌ ဆုတောင်းပွဲပြု လုပ်ခဲ့ပြီး ဟားခါးမြို့၌လည်း ဖေ ဖော်ဝါရီ လဆန်းတွင် ၂ ရက် ကြာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ချင်းပြည်နယ်အစိုးရက ဇန်န ၀ါရီ ၃၁ ရက်နောက်ဆုံးထားကာ အဆိုပါ လက်ဝါးကပ်တိုင်အား ကိုရွှေ့ခိုင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ် ရပ်မှာ အခြေခံဥပဒေတွင်ပါဝင် သည့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ကို တားဆီးချိုးဖောက်ခြင်း ဖြစ် ကြောင်း ရန်ကုန်မြို့ဆုတောင်းပွဲ တွင် ပါဝင်ခဲ့ပြီး လက်ဝါးကပ်တိုင် တည်ဆောက်သူ ဂျေဘီဗျက်သင် ဆန်း၏ သမီးအငယ်ဆုံး မရို့စ်သင်သင်ဆန်းက ပြောသည်။
လက်ဝါးကပ်တိုင်အား ဂျေ ဘီဗျက်သင်ဆန်း၏ ဥယျာဉ်ခြံအတွင်း ၂၀၁၂ ခုနှစ် မတ်လက ကွန်ကရစ်လောင်းဆောက်လုပ်ခဲ့ ပြီး တိုင်အမြင့်ပေ ၅၀၊ အလျားပေ၃၀ ရှိကြောင်း ရို့စ်သင်သင်ဆန်း က ရှင်းပြသည်။

သပိတ်မှောက်စစ်ကြောင်း ရပ်ဆိုင်းရေး ကျောင်းသားများ သဘောထားကွဲလွဲ

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များ နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်သို့ ချီတက်နေသော ကျောင်းသား သပိတ်မှောက်စစ်ကြောင်း ခေတ္တရပ်ဆိုင်းရေး ကျောင်းသားများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။
နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ် များ ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် ကျောင်းသားများ တောင်းဆိုထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံရေး ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ရန် ၊ တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း ကျောင်းသားသပိတ် ရပ်ဆိုင်း ထားရေး ဆိုသော အချက်ပါဝင်ကြောင်း၊ သို့ရာတွင် ကျောင်းသားသပိတ် ရပ်ဆိုင်းရေး နှင့်ပတ်သက်၍ ကျောင်း သား များအကြား သဘောထားကွဲလွဲနေကြောင်း သိရသည်။

ကျောင်းသားသပိတ်စစ်ကြောင်းကို ကျောက်ပန်းတောင်းမြို့ရှိ ကျောင်းသူကျောင်းသားများအပါအ၀င် ဒေသခံသောင်းချီ ကြိုဆို


အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက် လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသား သပိတ် စစ်ကြောင်းသည် ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိခဲ့ရာ ကျောင်းသူ ကျောင်းသားများ အပါအဝင် ဒေသခံ သောင်းချီ ကြိုဆိုခဲ့ကြသည်။

သပိတ်မှောက်ကျောင်းသားများသည် ကျောက်ပန်းတောင်း စက်မှုလက်မှုသိပ္ပံရှေ့တွင် ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး မြို့ခံကျောင်းသားကျောင်းသူများက တစ်ခဲနက် ကြိုဆိုပြီး ကျောင်းသားများနှင့်အတူ လမ်းလျှောက် ချီတက်ခဲ့သည့်အပြင် မြို့ခံများပါ အတူလမ်းလျှောက် ချီတက်ခဲ့ကြသည်။ ယင်းနောက်

ဆရာမနှစ်ဦးအသတ်ခံရမှု တရားခံမှာ တပ်မတော်သားများမဖြစ်နိုင်ဘဲ အမှုမှန်ပေါ်လျှင် တပ်ကို ပုတ်ခတ်စွပ်စွဲရေးသားမှုများ ဥပဒေနှင့်ဆောင်ရွက်မည်ဟုဆို


ကောင်းခါးကျေးရွာမှ ဆရာမနှစ်ဦး အသတ်ခံရသည့် အမှုတွင် ရဲတပ်ဖွဲ့၏ မျက်မြင်စစ် ဆေးချက်များနှင့် ပူးပေါင်းစစ် ဆေးရေးအဖွဲ့၏ စစ်ဆေးဖော် ထုတ်ချက်များအရ တရားခံမှာ တပ်မတော်သားများမဖြစ်နိုင်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော် ပြထားသည်။ ထို့အပြင်စုံစမ်းစစ် ဆေးမှုများပြီးဆုံး၍ အမှုမှန်ပေါ် ပေါက်လျှင် တပ်မတော်ကို ပုတ် ခတ်စွပ်စွဲမှုများပေါ်ပေါက်ပါက ဥပဒေနှင့်အညီ အရေးယူသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။
ဇန်န၀ါရီ ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် သတင်း ထုတ်ပြန်လိုက်ခြင်း ဖြစ် ပြီး ဆရာမနှစ်ဦးသေဆုံးမှုနှင့်ပတ် သက်၍ အစိုးရတပ်မတော်က ပထမဆုံးအကြိမ် သတင်းထုတ် ပြန်ခြင်းဖြစ်သည်။

ဆရာမ နှစ်ဦးသေဆုံးမှု အမှုမှန်ဖော်ရေး သမ္မတက ပြည်ထဲရေးကို ညွှန်ကြားထား

ဆရာမ နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ဖော်ပေးရန် နိုင်ငံတော်သမ္မတက ပြည်ထဲရေး ၀န်ကြီးအား ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတက ကချင်ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) သို့ အသိ ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က နိုင်ငံတော် သမ္မတထံ တရားဥပဒေစိုးမိုးမှုရှိလာရန်နှင့် တရား စီရင်ရေးမှ မှန်ကန်သည့် အမှုမှန် ဖော်ထုတ်ပေးရန် စာပေးပို့တောင်းဆိုခဲ့သည်။
ယင်းသို့တောင်းဆိုမှုကြောင့် သမ္မတက ပြည် ထဲရေးဝန်ကြီးဌာနအား ညွှန်ကြားထားသည့် အကြောင်းကို ကချင်ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် KBC သို့ ၂၀၁၅ ဇန်န၀ါရီ ၂၈ ရက် ညနေတွင် ကချင်ပြည်နယ် အစိုးရရုံး၌ ပြောကြားခဲ့ခြင်းဖြစ် သည်။

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများ သံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူးက ရှင်းလင်းခဲ့ကြောင်း သိရ

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများ သံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းနိုင်ဦးက ရှင်းလင်းပြောဆိုမှုရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းပြောဆိုမှုကို အခင်းဖြစ်ပွားရာ ကောင်းခါးရွာ၌ ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်သော အမှုမှန်ပေါ်ပေါက်ရေးအတွက် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် ဘာသာရေးခေါင်းဆောင်များ၊ တပ်မတော်ပိုင်းနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဒေသခံများနှင့် တွေ့ဆုံချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိ ရသည်။

မြန်မာအစိုးရနှင့်အလှူရှင်များ အိပ်ရင်းလက်တွဲလမ်းလျှောက်နေဟု လူ့အခွင့်အရေးအဖွဲ့ဝေဖန်

မြန်မာနိုင်ငံမှာ ပြုပြုင်ပြောင်းလဲရေး ဖြစ်စဉ်တွေ စတင်ခဲ့တဲ့ ၃ နှစ်အတွင်း ၂၀၁၄ ခုနှစ်မှာ လူ့အခွင့်အရေးအခြေအနေဟာ လျော့ပါးကျဆင်းခဲ့ပြီး တိုးတက်မှုတွေ နောက်ပြန်လှည့် နေတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။
၂၀၁၅ ကမ္ဘာ့လုံးဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာမှာ အခုလိုဖော်ပြထား တာဖြစ်ပြီး နိုင်ငံတကာအလှူရှင်တွေနဲ့ သြဇာညောင်းတဲ့ အစိုးရတွေက မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ စစ်တပ်နဲ့ အစိုးရကို အနည်းငယ်ပဲ ဖိအားပေးနိုင်တယ်လို့လည်း ထောက်ပြဝေဖန်လိုက်ပါတယ်။
HRW အာရှ ညွှန်ကြားရေးမှူး တိုနီအဒမ်က “မြန်မာအစိုးရနဲ့ အလှူရှင်တွေဟာ အိပ်ပျော်လျက် လက်ချင်းချိတ်လမ်းလျှောက်ရင်း ၂၀၁၅ မှာ ရွေးကောက်ပွဲ ကပ်ဘေးဒုက္ခဆီကို ဦးတည်နေတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့ ရပ်ကွက်များတွင် လေလွင့်ခွေးကိုက်မှု များပြားလာ

ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာရှိ လေလွင့်ခွေးများ စောင့်ရှောက်ထားသည့် ဂေဟာကိုတွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ကျော်စိုးပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာရှိ လေလွင့်ခွေးများ စောင့်ရှောက်ထားသည့် ဂေဟာကိုတွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ကျော်စိုး
မန္တလေးမြို့ရှိ ရပ်ကွက်နှင့် လမ်းများတွင် လေလွင့်ခွေးများ များပြားလာပြီး အုပ်စု ဖြင့် လိုက်လံ
ဆွဲတတ်သောကြောင့် ခွေးများကို မြင်လျှင်ကြောက်နေရကြောင်း ညပိုင်း အလုပ် မှပြန်လာသူ
များနှင့် ဆိုင်ကယ်တက္ကစီသမား များက ပြောသည်။ ရပ်ကွက်များထဲတွင် ညပိုင်းဆိုင်ကယ်ဖြင့်
အလုပ်ကပြန်လာလျှင် ခွေးအကောင်ရေ အများအပြားနောက်က လိုက်လံဆွဲခြင်း များဖြစ်ပေါ်
လျက်ရှိကြောင်း ညပိုင်းအလုပ်က ပြန်လာသူ ကိုဝေလင်းက ပြောသည်။

Telenor ၏ အင်တာနက်ဆက်ကြောင်း ဖေဖော်ဝါရီလအတွင်း ချိတ်ဆက်မိမည်ဟုဆို

ပြိုင်ဘက်အော်ပရေတာများအကြား အင်တာနက်အမြန်နှုန်း နှေးကွေးနေ သည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် Telenor Myanmar သည် အင်တာနက် အမြန်နှုန်းမြှင့်တင်နိုင်ရန် ထိုင်းနိုင်ငံဘက်မှ ဆက်ကြောင်း တစ်ခုနှင့် ချိတ်ဆက်နေသည်ဟု သိရသည်။
Telenor အနေဖြင့် ထိုင်းနိုင်ငံဘက်က အင်တာနက်ဆက်ကြောင်းနှင့် ချိတ် ဆက်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လာမည့် ဖေဖော်ဝါရီလ အတွင်း အပြီးသတ် ချိတ်ဆက်နိုင်တော့မည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။