ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်း
အပါအ၀င် တံတားသစ်ငါးစင်း ထပ်မံ တည်ဆောက်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားခဲ့သည်။
လက်ရှိကာလတွင် ဘုရင့်နောင်တံတားအမှတ် (၂) တည်ဆောက်ရေး စီမံကိန်းများ
စတင်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း၊ အဆိုပါတံတားသည် (၇၅) တန်အထိ
ခံနိုင်ဝန်ရှိကြောင်းနှင့် ကုန်တင် ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရေးကို
အဓိကထား တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
"ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်းကို စတင်နေပါပြီ။ ခံနိုင်ဝန် ၇၅
တန်အထိရှိပြီး ကုန်ကားတွေ တကယ်တမ်းမှာ တန် ၃၀ အထိပဲ ပေးဖြတ်ပါတယ်။
ကုန်ကားတွေ ဖြတ်သန်းခွင့် မပြုပါဘူး။ ဘုရင့်နောင် ကိုလာတဲ့ ကုန်ကားမှန်သမျှ
အောင်ဇေယျတံတားကိုသာ အားထားသွားလာနေရတာပါ။ အခုတံတားစီမံကိန်း (၂)
ပြီးသွားရင်တော့ ကုန်ကားတွေ ပိုပြီးအဆင်ပြေနိုင်မှာပါ" ဟုလည်း
ဘုရင့်နောင်ရှိ စခန်းအကျိုးဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။