Tuesday, December 16, 2014

လယ်သမားများအရေးယူခံရခြင်းမှာ သွေးထိုးမှုများကြောင့်ဟု သူရဦးရွှေမန်းပြော

သွေးထိုးလှုံ့ဆော်သည့် ကိစ္စရပ်များကို နားမယောင်ကြရန်နှင့် ဥပဒေနည်းလမ်းများကို နား လည်ထားရန် ဧရာဝတီတိုင်းအ တွင်းရှိ လယ်သမားများအား သူရ ဦးရွှေမန်းက တိုက်တွန်းပြောကြား လိုက်သည်။

ဒီဇင်ဘာ ၁၅ ရက်က ပုသိမ် မြို့တွင် ပြုလုပ်သော တောင်သူ လယ်သမားများနှင့် တွေ့ဆုံပွဲ၌ လယ်သမားများအား အထက်ပါ အတိုင်း တိုက်တွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘သွေးထိုးတဲ့ ကိစ္စရပ်တွေ ကြောင့် တောင်သူတွေက ဥပဒေ အရ အပြစ်ပေးခံရတယ်။ ဒါတွေ ကို စိတ်မကောင်းစွာ ကြားနေရ တာ။ တောင်သူတွေဟာ နားမ ယောင်ကြဖို့ လိုတယ်။ ဥပဒေကို လည်း နားလည်ထားဖို့ လိုတယ်။ စာမဖတ်တတ်လို့ဆိုပြီး လုပ်လို့ မရဘူး။ လေ့လာထားကြပါ။ သိ အောင်လုပ်ထားကြပါလို့ တိုက် တွန်းပါတယ်’’ဟု ၎င်းက တွေ့ဆုံပွဲတွင် လယ်သမားများအား အသိ ပေးသည်။

စစ်တွေတွင် ဒေသခံ တစ်ဦး ဓားထိုးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဗျိုင်းဖြူရွာကျေးရွာမှ ဒေသခံ တစ်ဦး ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဓားထိုးခံလိုက်ရကြောင်း စစ်တွေ အမှတ်(၂)ရဲစခန်းမှ တဆင့် သိရသည်။

ရဲ၏အတည်ပြုချက်အရ ဓားဒဏ်ရာရရှိခဲ့သူမှာ အသက် ၃၉ နှစ်အရွယ် ထွန်းထွန်း(ခ) ဆောက်လုံး ဖြစ်ပြီး ယင်းကို ဗျိုင်းဖြူရွာကျေးရွာအနီး သံတော်လီကျေးရွာမှ ဘင်္ဂါလီ ၁ဝ ခန့်က တိုက်ခိုက်စဉ် ဓါးထိုးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီဖြစ်စဉ်ကြောင့် ထွန်းထွန်းရဲ့ ဘယ်ဘက်လက်မောင်းအောက်မှာ ထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိခဲ့ပါ တယ်။ ကျောကုန်းပေါ်မှာလည်း ဒဏ်ရာတစ်ချို့ ရတယ်”ဟု စစ်တွေအမှတ်(၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြော သည်။

ရန်ကုန်မြို့အတွင်းရှိ ATM ငွေထုတ်စက်များတွင် ငွေထုတ်ကတ်အတုများဖြင့် လိုက်လံငွေထုတ်နေသည့် နိုင်ငံခြားသားတစ်ဦး ထပ်မံဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ATM ငွေထုတ်စက်များတွင် ငွေထုတ်ကတ် အတုများပြုလုပ်ကာ လိုက်လံငွေထုတ်နေသည့် နိုင်ငံခြားသားတစ်ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်ရုံး မှ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက သိရသည်။

ထပ်မံဖမ်းဆီးခဲ့သည့် နိုင်ငံခြားသားမှာ ဘူဂေးရီးယားနိုင်ငံသားဖြစ်ပြီး ရန်ကုန်မြို့လယ်၌ ဒီဇင်ဘာ ဒုတိယပတ်အတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာအတွင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခု၏ ATM ငွေထုတ်စက် တစ်ခုတွင် နိုင်ငံခြားသားတစ်ဦးက ငွေထုတ်ကတ်များဖြင့် ထုတ်ယူနေမှုကို မသင်္ကာသဖြင့် စီစီတီဗွီကင်မရာ မှတ်တမ်းများကို ပြန်လည်ကြည့်ပြီးနောက် ရဲတပ်ဖွဲ့သို့ တိုင်တန်းခဲ့သည်။

လုပ်ခလစာ ပြန်လည်တိုးမြှင့်ပေးရန် တောင်းဆိုနေသည့် Bogart အထည်ချုပ်အလုပ်သမားသုံးဦး စက်ရုံပိုင်ကားတစ်စီး တိုက်မိ၍ ဒဏ်ရာရ

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ Bogart Lingerie အထည်ချုပ် စက်ရုံမှ လုပ်ခလစာကို လျော့ချလိုက်မှုကြောင့် တိုးမြှင့်ပေးရန် အလုပ်မဆင်းဘဲ တောင်းဆိုနေကြသည့် အလုပ်သမားများအနက် အမျိုးသမီး သုံးဦးကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက စက်ရုံပိုင်မော်တော်ကား တစ်စီးမှ တိုက်မိကာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ ခဲ့ရကြောင်း သတင်းရရှိသည်။

နေ့စဉ်ကြေးနှင့် ရှားပါးစရိတ် တိုးမြှင့်ပေးရန်အတွက် စက်ရုံအလုပ်သမား ၂ဝဝဝ ကျော်သည် ဒီဇင်ဘာ ၉ ရက်မှစ၍ အလုပ်မဆင်းဘဲ တောင်းဆိုနေကြခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ပြေလည်မှုမရရှိသေးဘဲ ဆက်လက်တောင်းဆိုနေကြကာ စက်ရုံဘက် မှ အလုပ်ခေါ်စာများကို ကပ်ထားသည်ကို မြင်တွေ့ခဲ့ရသည်။

ဆစ်ဒနီက ကော်ဖီဆိုင်ကို ရဲတွေ ၀င်ရောက် ရှင်းလင်း

Photo: ဆစ်ဒနီက ကော်ဖီဆိုင်ကို ရဲတွေ ၀င်ရောက် ရှင်းလင်း

ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၁၄

ဆစ်ဒနီ မြို့လယ်မှာ အီရန် နိုင်ငံသား ခိုလှုံသူ တစ်ဦး ဖြစ်သူ သေနတ်သမားက ကော်ဖီဆိုင် တစ်ဆိုင်ကို စီးနင်းပြီး ဓားစာခံတွေကို ဖမ်းဆီးထားရာမှာ လက်နက် အပြည့်အစုံနဲ့ သြစတြေးလျ ရဲတွေက ကော်ဖီဆိုင် အတွင်းကို ဝင်ရောက် ရှင်းလင်းခဲ့ကြပါတယ်။

ကော်ဖီဆိုင် ဘက်ကနေ သေနတ်သံတွေ ဆက်တိုက် ပေါ်ထွက် လာပြီးနောက် ဆေးဖက် ဝန်ထမ်းတွေက လူနာစင်တွေကို သယ်ပြီး အပြေးအလွှား သွားရောက်ခဲ့ကြပါတယ်။

အခုလို ရဲတွေ ၀င်ရောက် ရှင်းလင်းရာမှာ သေနတ်သမားနဲ့အတူ ဓားစာခံ တစ်ယောက်ပါ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။
သေနတ် သမားဟာ တနင်္လာနေ့ မနက် အစောပိုင်း ကတည်းက ကော်ဖီဆိုင်ကို ဝင်စီးခဲ့တာ ဖြစ်ပြီး အမည်းရောင် အစ္စလာမစ် အလံကို ပြတင်းပေါက် အနီးမှာ ဓားစာခံတွေကို ကိုင်ခိုင်းထားခဲ့ပါတယ်။

Man Haron Monis ဆိုတဲ့ သေနတ်သမားဟာ ၁၉၉၆ ခုနှစ်က သြစတြေးလျမှာ ခိုလှုံခွင့် ရခဲ့တဲ့ အီရန် နိုင်ငံသား ဖြစ်ပြီး လက်ရှိမှာ တခြား အမှုအခင်းတွေ ကိုလည်း ကျူးလွန်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

BBC
ဆစ်ဒနီ မြို့လယ်မှာ အီရန် နိုင်ငံသား ခိုလှုံသူ တစ်ဦး ဖြစ်သူ သေနတ်သမားက ကော်ဖီဆိုင် တစ်ဆိုင်ကို စီးနင်းပြီး ဓားစာခံတွေကို ဖမ်းဆီးထားရာမှာ လက်နက် အပြည့်အစုံနဲ့ သြစတြေးလျ ရဲတွေက ကော်ဖီဆိုင် အတွင်းကို ဝင်ရောက် ရှင်းလင်းခဲ့ကြပါတယ်။

ကော်ဖီဆိုင် ဘက်ကနေ သေနတ်သံတွေ ဆက်တိုက် ပေါ်ထွက် လာပြီးနောက် ဆေးဖက် ဝန်ထမ်းတွေက လူနာစင်တွေကို သယ်ပြီး အပြေးအလွှား သွားရောက်ခဲ့ကြပါတယ်။

တစ်နိုင်ငံလုံးအပစ်ရပ် ဆွေးနွေးပွဲများ ယခုနှစ်အတွင်း မဖြစ်နိုင်တော့ဟုဆို

အောက်တိုဘာအတွင်း ပြန်လည်တွေ့ဆုံရန် မူလက သဘောတူထားသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲများ ၂၀၁၄ အတွင်း မဖြစ်နိုင်တော့ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလနှောင်ပိုင်းက ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၏ ဆဋ္ဌမ အကြိမ် ဆွေးနွေးပွဲအပြီးတွင် အောက်တိုဘာအတွင်း ပြန် လည်တွေ့ဆုံရန် သဘောတူညီ ထားခြင်းဖြစ်သည်။

အင်းထဲတွင် ရခိုင်ရေလုပ်သားများနှင့် ဘင်္ဂါလီအချို့ ခိုက်ရန်ဖြစ်ပွား

စစ်တွေမြို့ အမှတ်(၂) ရဲစခန်းပိုင် ဗျိုင်းဖြူရွာရှိ အင်းတွင် ဒီဇင်ဘာ ၁၄ ရက်၌ ရေလုပ်သား ရခိုင်ခြောက်ဦးနှင့် ဘင်္ဂါလီ ဆယ် ဦး ခိုက်ရန်ဖြစ်ပွားကြောင်း ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

ရခိုင်ရေလုပ်သားတစ်ဦး လှံဒဏ်ရာတစ်ချက်နှင့် ဓားခုတ်ဒဏ် ရာရရှိကာ စစ်တွေမြို့ ဆေးရုံတွင်တင်ထားရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောကြား သည်။‘‘ဖြစ်လေ့ဖြစ်ထရှိတာမျိုး ပါ။ ပြဿနာကြီးကြီးမားမားမဖြစ် ခဲ့ဘူး။ အားလုံးအေးဆေးပါပဲ’’ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး နေမျိုးကပြောသည်။

မြ၀တီမြို့ ဆောင်းရာသီ လမ်းလျှောက်ပွဲတွင် အုပ်စုဖွဲ့ရိုက်မှုဖြစ်

မြ၀တီမြို့တွင် မြို့နယ် အား/ကာမှ ဦးဆောင်ပြုလုပ် သည့် ဆောင်းရာသီလမ်းလျှောက် ပွဲတွင် ကျောင်းသားများပါဝင် သည့် လူငယ်ချင်းအုပ်စုဖွဲ့ရိုက်နှက် မှု ဖြစ်ပွားခဲ့ကာ တစ်ဦးဓားဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၃ရက် နံနက် ၂ နာရီခန့်က မြ၀တီမြို့ ပြည်ခိုင်ဖြိုး ရုံးအနီးတွင် အဆိုပါရန်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး (၁၄)နှစ်အရွယ်အရပ်သားလူငယ်တစ်ဦး ဓားဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူနေရကြောင်း မြ၀တီမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။

အပွင့်အမျိုးမျိုး ဖြစ်နေချိန်တွင် ပြည်ခိုင်ဖြိုးပါတီ မူဝါဒများ လိုက်နာရန် ပါတီဝင်များကိုပြော

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ၁၂ ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေးအဆိုကို အ တည်ပြုပြီးနောက် ပြည်ခိုင်ဖြိုးပါ တီဝင်များအနေဖြင့် ပါတီ၏ မူဝါ ဒများ လိုက်နာရန် ပြည်ခိုင်ဖြိုးပါ တီဗဟိုက ထုတ်ပြန်ချက် တစ် စောင်ထုတ်ပြန်လိုက်ကြောင်း သ တင်းရရှိသည်။

‘‘ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အဆိုက ပါတီရဲ့မူ ၀ါဒအတိုင်း လုပ်တာဖြစ်တဲ့အ တွက် ဒါကိုေ၀၀ါးစေမယ့် ၁၂ ပွင့်ဆိုင်တို့လိုမျိုး ထပ်မလုပ်ဖို့ ဆို လိုတဲ့သဘောပါ’’ ဟု မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

မောင်တောနယ်စပ်ရှိ တောင်ပေါ် တိုင်းရင်းသားများအား ပြည်နယ်အစိုးရအဖွဲ့ စားနပ်ရိက္ခာ ထောက်ပံ့မည်

ဆက်သွယ်သွား လာမှုခက်ခဲသည့် မောင်တောနယ်စပ်ဒေသရှိ တောင်ပေါ်တိုင်း ရင်းသားများအတွက် ပြည်နယ်အ စိုးရအဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေး သွားမည်ဟု သ တင်းရရှိသည်။

တောင်ပေါ်တိုင်းရင်းသား ကျေးရွာများမှာ တောင်ယာလုပ် ငန်းကို အဓိကထား လုပ်ကိုင်စား သောက်နေကြသည့် ကျေးရွာများ ဖြစ်ပြီး ဆက်သွယ်သွားလာမှု အလွန်ခက်ခဲသည့်ကျေးရွာများဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးရန် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားသည်ဟု စစ်တွေမြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းကပြောသည်။