Wednesday, November 6, 2013

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ

လိင်အလုပ်သမ, ကျန်းမာရေး, ဒေါ်နှင်းနှင်းယု
ရန်ကုန်မြို့မှ ညငှက်တချို့ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ – စိုင်းဇော်သိုက် / ဧရာဝတီ)
တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစီးဆိုက် လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့ အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့ ကောင်မလေးတယောက် ခေါ်ချင်တဲ့အကြောင်း ကိုအကြီးကောင် ကို ပြော လိုက်တယ်။

နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များနေ၍ ဝန်ကြီးဌာနများ လွှတ်တော် တွင် ဖြေရှင်း ရမည်


ပြည်ထောင်စု အစိုးရအဖွဲ့၏ ဝန်ကြီးဌာန များသည် နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များပြားနေ၍ အကြွေးပေးရန် ကျန်ရှိနေသော ဝန်ကြီးဌာနများက ပြည်ထောင်စု လွှတ်တော်တွင် လာရောက်ဖြေရှင်းရမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်နှင့်တိုင်း လွှတ်တော် ဆုံးဖြတ်ချက်များ ဝန်ကြီးချုပ်များ မဆောင်ရွက်ပါက သမ္မတထံ တိုင်နိုင်

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက ဆုံးဖြတ် အတည်ပြု ထားသော ဥပဒေများ၊ အဆိုများ၊ မေးခွန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက လိုက်နာလုပ်ဆောင်ခြင်း မရှိပါက နိုင်ငံတော်သမ္မတထံ တိုက်ရိုက် သဝဏ်လွှာပေးပို့ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ လွှတ်တော် ဥက္ကဋ္ဌများထံ သဝဏ်လွှာ ပေးပို့ ထားကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောကြားသည်။

သစ်ခိုးထုတ်မှု ကာကွယ်ရန် ရဲတပ်ရင်းနှစ်ရင်းအား သစ်တောသို့ လွှဲပြောင်းရန် စီစဉ်

သစ်ခိုးထုတ် မှုများကို ကာကွယ် နိုင်ရန်အတွက် ရဲတပ်ရင်းနှစ်ရင်းကို သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းပေးရန် ဖွဲ့စည်းပုံကျလာပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြော သည်။ သစ်တော ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ''ပြည်ထဲရေး ဝန်ကြီးဌာနကတော့ တရားဝင် မလွှဲအပ်သေးပါဘူး။ အင်အား စုဖွဲ့ပုံပြင်ဆင်နေဆဲပဲ ရှိပါသေး တယ်။ အင်အားဘယ်လောက်ပါ မယ်ဆိုတာလဲ မသိသေးပါဘူး။ ဒီလထဲမှာတော့ ရဲဝန် ထမ်း ၁၀၀ ကို သစ်တောနဲ့ပတ်သက်တာတွေ ကို

ထောက်လှမ်းရေးတပ်မှူး ၂၂ ဦး ပြန်လွှတ်ပေးရန် သမ္မတထံ ဦးခင်ညွန့် တင်ပြ

ထောက်လှမ်းရေးတပ်မှူး ၂၂ ဦး ပြန်လွှတ်ပေးရန် သမ္မတထံ ဦးခင်ညွန့် တင်ပြ

========================================

 ထိန်းသိမ်းခံထားရသော ထောက် လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂ဝ၁၃) ဒုတိယ နေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်သွင်းသော နိုင် ငံတော် လုံခြုံရေးအတွက် အမျိုးသားထောက် လှမ်းရေးအဖွဲ့ကဲ့သို့ အဖွဲ့အစည်း တစ်ခုအမြန်ဆုံးဖွဲ့စည်းတာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က   ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးရေး လွှတ်တော်ကတိုက်တွန်းသည်ဆိုသည့် အဆိုနှင့်စပ်လျဉ်း ၍ ဆွေးနွေးရာတွင် ကိုယ်စားလှယ် ဦးမြင့်ကြည်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

”ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ရဲ့တပ်မှူး ၂၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတကြီးထံ တင်ပြထားတာကို တွေ့ရပါတယ်။(NIB) လိုအဖွဲ့မျိုး ပေါ်ေ ပါက် လာရင် အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်ပါမယ်။ ငါးလောင်းပြိုင် လူသတ်မှု ကိုလည်း ဖော်ထုတ်နိုင်ပါမယ်”ဟု၎င်းက ဦးကျော်၏အဆို ကို ထောက်ခံဆွေးနွေး ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခြင်းနှင့်အတူ တပ်ဖွဲ့မှာပျောက်သွား ခြင်းမျိုး မဟုတ်ကြောင်း၊ လတ်တလောဖြစ်ပွားခဲ့သည့် ဗုံးခွဲကိစ္စရပ်များမှာလည်း အခြားစီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ယှဉ်လျှင် ပင် စောစီးစွာအရေးယူနိုင်ခဲ့ကြောင်း ပြောသည်။

 ဝန်ကြီးက အမျိုးသားထောက်လှမ်းရေးအဖွဲ့ အမြန်ဆုံးဖွဲ့စည်း ရန် ပြည်ထောင်စု အစိုးရသို့ တင်ပြသွားမည်ဟုပြောကြားခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က အတည်ပြု ခဲ့သည်။

 လက်ရှိထောက်လှမ်းရေး အဖွဲ့ များ ဖြင့်နိုင်ငံတော်လုံခြုံရေးကို ဆောင် ရွက်ရာတွင် လုံလောက်မှုမရှိဟု ထင်မြင် မိကြောင်း၊ ပြည်တွင်းသို့ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာချိန် တွင် ဖျက်ဆီးမှု ကိစ္စရပ်များ ဖြစ်ပေါ်စေ ရန် ကြိုတင်သတင်းရယူရေးမှာ အရေး ကြီးပြီး မြန်မာ့နိုင်ငံရေးကို ပြန်ပြောင်း ကြည့်မည်ဆိုပါက အမျိုးသားထောက် လှမ်းရေးအဖွဲ့များကို အရေးယူလိုက် သည့် ကာလနှင့် ဆက်စပ်၍ များမကြာ မီ အချိန်၌ ဗုံးခွဲဖျက်ဆီးမှုများ ကြုံတွေ့ ရပြီး နိုင်ငံရေးအမည်းစက်များ ဖြစ်ပေါ် ခဲ့သည်ဟု ဦးကျော်က ဆိုသည်။

မြန်မာနိုင်ငံ၌ ထောက်လှမ်းရေး အဖွဲ့အစည်းကို ဖျက်သိမ်းသည့် အလေ့ အထများ ရှိခဲ့ပြီး အကြောင်းအမျိုးမျိုး ကြောင့် ဖျက်ခဲ့သိမ်းခဲ့ရသူများ၌ ၁၉၈ဝ အစောပိုင်းက တစ်ကြိမ်နှင့် ၂ဝဝ၄ ခုနှစ်တွင် တစ်ကြိမ် ဖျက်သိမ်းခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံ လိုက်ရပြီးနောက် ၄င်း တပ်မတော်   ထောက်လှမ်း ရေးညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူထားသည့် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကိုလည်း ဖျက် သိမ်းခဲ့သည်။

ဝေမာထွန်း
ထိန်းသိမ်းခံထားရသော ထောက် လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။

ပုဇွန်တောင်မြို့နယ်မှ သိန်း(၁၀၀၀)ကျော်ခိုးသည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၅
၅.၁၁.၂၀၁၃ရက်နေ့ ၀၄၃၀အချိန် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ ဦးမောင်ကျော် (ဘ)ဦးမောင်မောင်သည် အိပ်ယာမှ ထစဉ် နေအိမ်နောက်ဖေးတံခါး ပွင့်နေပြီး ပစ္စည်းများပြန့်ကျဲနေ သဖြင့် စစ်ဆေးရာ အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းထားရှိသော စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲများပါ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ (၂၇)မျိုး၊ ငွေကျပ်သိန်း(၁၀၀)နှင့် ဆင်းကဒ်ပါ

ဘင်္ဂလီအယောက်၇၀ စီးနင်းလိုက်ပါသည့်လှေ တိမ်းမှောက်မှု အမေရိကန်သံရုံး ဝမ်းနည်းကြောင်း ထုတ်ပြန်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃ရက်က လူ ၇၀ နီးပါးပါဝင်သည့် လှေတိမ်းမှောက်မှုကို အမေရိကန်ပြည်ထောင်စုက ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး က နိုဝင်ဘာ လ ၅ရက်က ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူမည်

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူမည်
Wednesday, November 6, 2013

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေးယူ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင်
ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းအကောင်အထည်ဖော်မည့် Greater Yangon Water Improvement Project အား ODA ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်အစိုးရထံမှ ချေးငွေဂျပန်ယန်းငွေ ၂၃ ဒသမ ၆၈၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၇၄၁ သန်း) ရယူမှာ ဖြစ်ပါကြောင်း၊ အတိုးနှုန်း အနေဖြင့် ၀ ဒသမ ၀၁ ရာခိုင်နှုန်းကို ဆိုင်းငံ့ကာလ ၁၀ နှစ် အပါအ၀င် နှစ် ၄၀ စီမံကိန်းဖြင့် အကျေပြန်လည် ပေးဆပ်ရမည်ဖြစ်ကာ စီမံကိန်း လုပ်ငန်းများအား ၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အပြီးပြုလုပ် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

စီမံကိန်း ပြီးစီးပါက တစ်နေ့ရေဂါလန် သန်း ၄၀ ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ယင်းမှ ဒဂုံမြို့သစ် လေးမြို့နယ်၊ မြို့နယ်အချို့သို့ တစ်နေ့ရေဂါလန် သန်း ၃၀ နှင့် သီလ၀ါ စက်မှုများသို့ တစ်နေ့ဂါလန် ၁၀ သန်း ဖြန့်ဝေနိုင်
မည်ဖြစ်ကြောင်း၊ ယင်းမှ ရေဖိုးရေခ ပြန်လည်ရရှိငွေဖြင့် ချေးငွေများအား အတိုးရော အရင်းပါ သတ်မှတ်ကာလအတွင်း ကော်မတီ အနေဖြင့်
 ပေးဆပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေး
ဇုန်အား ရေပေးဝေပြီး စီးပွားရေး ရေသုံးခ နှုန်းထားဖြင့် ရေတစ်ဂါလန်လျှင် ၄ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး တစ်နေ့ရေဂါလန် ၁၀ သန်း ပေးဝေ
မည်ဖြစ်ပြီး ယင်းမှ ငွေကျပ်သိန်း ၄၀ ရရှိမည် ဖြစ်သည်။

ယင်းငွေကြေးဖြင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ရေစုကန်များ ဆောင်ရွက်ခြင်း၊ လဂွန်းပြင် ရေသန့်စက်ရုံနှင့် ပိုက်လိုင်းများ သွယ်တန်းခြင်း လုပ်ငန်း စသည်တို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။ယင်းချေးငွေများမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရယူမည့် ယန်းသန်း ၄၂၁ နှင့် ညီမျှသော မြန်မာငွေ ၄ ဒသမ ၂၁၀ ဘီလျံကို ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ရသုံးငွေတွင် ထည့်သွင်းတောင်းခံထားပြီး ချေးငွေရရှိရန်အတွက် JICA နှင့် သဘောတူစာချုပ် ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

eleven media group
ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေး ယူ ဆောင်ရွက် မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်ကြောင်း သိရသည်။

ဆီးဂိမ်းစ်အတွက် ဘတ်ဂျက်တောင်းခံသည့် ပညာရေး ၀န်ကြီးဌာနနှင့် ပတ်သက်၍ များစွာရှက်မိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား၊ ဒီမိုကရေစီနှင့် မကိုက်ညီသည့် လုပ်ဆောင်မှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝေဖန်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးအတွက် မဟုတ်ဘဲ အားကစားအတွက် အသုံးပြုရန် ထပ်မံတောင်းခံခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ထို့အတွက် များစွာရှက်မိသည်ဟု ပြောကြားသည်။