Friday, November 8, 2013

B သွေးတွေရဲ့ မကောင်းတဲ့ အကျင့်စရိုက်များ

Photo: B သွေးတွေရဲ့ မကောင်းတဲ့ အကျင့်စရိုက်များ 

B သွေးတွေဟာဆိုရင် အဓိက အားဖြင့် ယုံကြည်မှုလွန်ကဲကြတယ်..
အစွဲအလန်းကြီးတယ်.. အစွန်းရောက်တတ်ကြတယ်.. 
အနိုင်ထက် အရှုံးကိုယှဉ်ဆိုင်ရမှာ မလိုလားတဲ့သူတွေဖြစ်ကြပါတယ်..

B သွေးအများစုကိုကြည့်မယ်ဆိုရင် သူငယ်ချင်းကို ချစ်သူထက် ပိုပြီး 
ခင်မင်တွယ်တာ တတ်တဲ့သဘောရှိပါတယ်.. ဒီအချက်ဟာဆိုရင်
B သွေးတွေရဲ့အဓိက အားနည်းချက်ဖြစ်ပါတယ်.. လောကမှာ 
သူငယ်ချင်းကောင်းဆိုတာနာမည်သာကြားကောင်းယုံဖြစ်ပြီး 
တကယ့်လက်တွေ့မှာ ရှာဖွေရန် အင်မတန်ခက်ခဲသော အရာတစ်ခု
ဖြစ်ပါတယ်.. ဒီတော့.. B သွေးတွေကြုံတွေ့ရတဲ့ ပြဿနာကဆိုလျှင်
သူငယ်ချင်းပေါ်အယုံကြည်လွန်ပြီး.. သူငယ်ချင်းများက B သွေးပိုင်ရှင်
များကိုခုတုံးလုပ်ပြီး အနိုင်ယူတတ်ခြင်းပါပဲ.. ဘီသွေးတွေရဲ့ သည်းခံခြင်း
ခွင့်လွှတ်ခြင်း အေးဆေးစွာပြုမူနေထိုင်ခြင်းကို အခွင့်ကောင်းယူကာ
အနိုင်ယူခြင်းကြောင့်.. B သွေးအများစုဟာ သူငယ်ချင်းများ၏ အနိုင်ယူမှု 
ကိုခံကြရတဲ့သူများဖြစ်တယ်..

ချစ်သူရည်းစားအနေဖြင့် ပြောရလျှင် B သွေးများဟာ သံယောဇဉ်ကြီးတတ်
ခြင်းသံယောဇဉ်အမျှင်တန်းတတ်ခြင်း ဆိုတဲ့အချက်များကြောင့် ခံစားချက်ကြီးတတ်ကြပါတယ်...မေ့ပျောက်ရခက်ခဲတတ်ပါတယ်..

နောက်ပြီး B သွေးတွေဟာ စိတ်ခံစားချက် အရမ်းပြင်းထန်တတ်ကြပါတယ်. 
ဒီတော့ ဘီသွေးတွေ ကြုံတွေ့ရတာဟာ စိတ်ကျလွယ်တယ်.. ညဘက်ဆို တော်တော်နဲ့ အိပ်မပျော်ခြင်း စိတ်ဖိစီးမှုများခြင်း စတဲ့အရာတွေကိုကြုံတွေ့ရတတ်ပါတယ်.. ဘီသွေးတွေဟာဆိုရင် ကိုယ့်ကိစ္စထက်သူများ ကိစ္စကို ခေါင်းထဲပိုထည့်ထားတတ်ကြပါတယ်.. ဒါကလဲ သူတို့ရဲ့ အားနည်းချက် တစ်ခုပါ.. 

B သွေးများဟာတော်တော်နဲ့ မရောင့်ရဲလွယ်ကြပါဘူး သူများအပေါ်ကောင်း
သလောက် ကိုယ့်အပေါ်ကိုလည်းပြန်ကောင်းစေချင်တဲ့သူမျိုးတွေပါ.. ဒါပေမဲ့ တစ်ဖက်လူက ကိုယ့်အပေါ်ကို ပြန်တော့ကောင်းပေးပေမဲ့. ကိုယ့်စိတ်ထဲမှာ အားမလို အားမရဖြစ်နေတတ်ပါတယ်.. ကိုယ့်တစ်ယောက်ထဲကိုပဲ ဂရုစိုက်စေချင် ကောင်းစေချင်တဲ့ အတ္တတွေလည်းသိပ်များတဲ့ သူတွေပါပဲ.. 

ဒီတော့ချစ်သူရည်းစားကြားတွေမှာလဲ ကိုယ့်ချစ်သူ B သွေးပိုင်ရှင်လေးကို နားလည်မှုအပြည့်အ၀ထားပြီး.. အပေါ်က ပြောခဲ့တဲ့ အချက်ကလေးကို ဂရုစိုက်ပြီး ရွှေလက်ခိုင်ခိုင်မြဲနိုင်ကြပါစေလို့..ဆုတောင်းပေးလိုက်ပါတယ်..

***Fans***အားလုံးကိုလေးစားချစ်ခင်လျှက်

credit>>>B သွေးပိုင်ရှင်ချောချောလေးများ
B သွေးတွေဟာဆိုရင် အဓိက အားဖြင့် ယုံကြည်မှုလွန်ကဲကြတယ်..
အစွဲအလန်းကြီးတယ်.. အစွန်းရောက်တတ်ကြတယ်.. 
အနိုင်ထက် အရှုံးကိုယှဉ်ဆိုင်ရမှာ မလိုလားတဲ့သူတွေဖြစ်ကြပါတယ်..

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ပြည်သူ့သဘောထား ရယူရေး ရန်ကုန်တိုင်း လုံးကျွတ် ဟောပြောပွဲ တရားဝင်ခွင့်ပြုမိန့်ရရှိ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြုလုပ်မည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းလုံးကျွတ် ဟောပြောပွဲအတွက် အောက်တိုဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ တရားဝင် ခွင့်ပြုမိန့် ရရှိခဲ့ကြောင်း သိရသည်

မြန်မာ-တောင်ကိုရီးယား ပူးပေါင်းထုတ်လုပ်သည့် ရိတ်သိမ်းခြွေလှေ့စက် အစီး ၄၀၀ ကို လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျပေးချေမှု စနစ်ဖြင့်လည်း ရောင်းချမည်



Photo: မြန်မာ-တောင်ကိုရီးယား ပူးပေါင်းထုတ်လုပ်သည့် ရိတ်သိမ်းခြွေလှေ့စက် အစီး ၄၀၀ ကို လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျပေးချေမှု စနစ်ဖြင့်လည်း ရောင်းချမည်
Friday, November 8, 2013

စက်မှုဝန်ကြီးဌာနနှင့် တောင်ကိုရီးယား နိုင်ငံတို့ ပူးပေါင်းထုတ်လုပ်သည့် ရိတ်သိမ်းခြွေလှေ့ စက်များကို လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျ ငွေပေးချေမှု စနစ်များဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ သိရသည်။

စက်မှုဝန်ကြီးဌာနတွင် မြင်းကောင်ရေ ၇၅ ကောင်အား အစီး ၂၀၀ နှင့် မြင်းကောင်ရေ ၈၅ ကောင်အား အစီး ၂၀၀ စုစုပေါင်း အစီး ၄၀၀ အသင့်ထုတ်လုပ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လိုအပ်ချက် ရှိနေသော ဒေသများသို့ လက်ငင်းငွေချေ စနစ်ဖြင့် လည်းကောင်း၊ အရစ်ကျ ငွေချေစနစ်ဖြင့် လည်းကောင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် After sale service များ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် spare part များရရှိရေး အပါအ၀င် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

''ခုချိန်မှာ ကုမ္ပဏီတွေကလည်း ပစ္စည်းဈေးနှုန်းကို သူတို့ထက်ဝက်ခံတယ်။ တောင်သူက ထက်ဝက်ကျခံဆိုတဲ့ စနစ်နဲ့ ကျေးရွာတွေမှာ လာရောင်းနေကြတာ ရှိပါတယ်။ တောင်သူတွေက ထက်ဝက်ခံရမယ် ဆိုရာမှာလည်း တောင်သူငါးဦး၊ ခုနစ်ဦးလောက်စုပြီး ၀ိုင်းကြီးချုပ်စနစ်နဲ့ ပြန်ဆပ်ရမယ်လို့ သိရပါ တယ်။ အစိုးရဘက်က လာရောင်းတာမျိုးတော့ မတွေ့ရသေးပါဘူး'' ဟု ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် အတွင်းမှ တောင်သူဦးသန်းမြင့်က ပြောကြားသည်။

''ရိတ်သိမ်းခြွေလှေ့စက်က တစ်စီးကို ကျပ်သိန်း ၁၆၀ လောက် ရှိတယ်ပြောတယ်။ သဲကုန်းမြို့နယ် ဘက်မှာတော့ ရိတ်သိမ်းခြွေလှေ့စက်တွေ အသုံးများတယ်။ ပေါင်းတည်ဘက်မှာတော့ မြေကျွံလို့ သိပ်မသုံးကြဘူး။ ရောင်းတာတွေကတော့ အရစ်ကျစနစ်ဆိုတော့ တောင်သူတွေ ၀ယ်သုံးကြပါတယ်။ တချို့ကုမ္ပဏီတွေဆို ရောင်းချင်လွန်းလို့ လက်ငင်း ၁၀ သိန်းပဲပေး၊ ကျန်တာနောက်မှပေး ဆိုပြီးတောင် ရောင်းကြတယ်'' ဟု ပဲခူးတိုင်းဒေသကြီးမှ တောင်သူတစ်ဦးက ဆိုသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် တောင်သူများသို့ ရိတ်သိမ်းခြွေလှေ့စက်များ ဖြန့်ဖြူးရောင်းချမည် ဖြစ်သောကြောင့် စက်မှုဝန်ကြီးဌာနသို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group 

ရိတ်သိမ်းခြွေလှေ့စက်ကို အသုံးပြုပြီး စပါးခြွေနေသည့် တောင်သူများ
စက်မှုဝန်ကြီးဌာနနှင့် တောင်ကိုရီးယား နိုင်ငံတို့ ပူးပေါင်းထုတ်လုပ်သည့် ရိတ်သိမ်းခြွေလှေ့ စက်များကို လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျ ငွေပေးချေမှု စနစ်များဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ သိရသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိပြီး အနံ့ဆိုးထွက်စက်ရုံများ အစိုးရသို့ တိုင်ကြားနိုင်

ငါးပုပ်နံ့ထွက်သည့် ငွေပင်လယ် ငါးမုန့်စက်ရုံ ပိတ်ထားရ

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး စွန့်ပစ်ပစ္စည်းများမှ အနံ့ဆိုးထွက်သော စက်ရုံ၊ အလုပ်ရုံများကို ရန်ကုန်တိုင်းအစိုးရက ဖွဲ့စည်းထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆပ်ကော်မတီသို့ တိုင် ကြားနိုင်သည်ဟု တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက ပြောဆိုလိုက်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလ၌ တစ်နေ့လျှင် ပြည်ပဧည့်သည် ၁၆၀၀၀ အထိ ၀င်ရောက်ရန် မျှော်မှန်းထားပြီး တည်းခိုရန် ဟိုတယ်အခန်းများ သတ်မှတ်ပြီးစီး

8.1.1
ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လျာထားသော Sedona Hotel ၏ အခန်းတိုးချဲ့ ပြင်ဆင်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း တစ်နေ့လျှင် ပြည်ပဧည့်သည် ၁၆၀၀၀ ထိ ၀င်ရောက်ရန် မျှော်မှန်းထားပြီး တည်းခိုရန် ဟိုတယ် အခန်းများမှာလည်း သတ်မှတ်ပြီးစီး ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

Haiyan တိုက်ဖုန်း မုန်တိုင်းကြီး ဖိလစ်ပိုင် အလယ်ပိုင်း တာစူ


Photo: Haiyan တိုက်ဖုန်း မုန်တိုင်းကြီး ဖိလစ်ပိုင် အလယ်ပိုင်း တာစူ
Friday, November 8, 2013

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသကို အားပြင်း တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန် Haiyan ဝင်ရောက်လာတော့မှာမို့  မုန်တိုင်းလာရာ လမ်းကြောင်း တလျှောက်က ထောင်သောင်းချီတဲ့ ဒေသခံတွေဟာ အာဏာပိုင်တွေရဲ့ သတိပေးချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

သောကြာနေ့မှာ အားပြင်းပြင်းနဲ့ ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ ဟိုင်ယန် မုန်တိုင်းရဲ့ အရှိန်ကြောင့် အခုကတည်းက ဒေသတွင်းမှာ လေပြင်းအားဟာ တနာရီ  ၁၅၅ မိုင်နှုံးလောက်အထိ ရှိနေပြီဖြစ်ပါတယ်။

ဒေသခံတချို့ကတော့ နိုဝင်ဘာ- ဒီဇင်ဘာ လတွေရောက်တိုင်း ဖိလစ်ပိုင်မှာ အားပြင်းတိုင်ဖုန်းမုန်တိုင်းအန္တရာယ်နဲ့ ကြုံနေကြမို့ အခုလို အားပြင်းမုန်တိုင်း တိုက်ခတ်မှာကို မျှော်လင့်ပြီးသားဖြစ်နေပါတယ်။  ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဒီမုန်တိုင်းဖြတ်ကျော်ချိန်မှာ လေတိုက်ခတ်နှုံး ပြင်းထန်ပြီး မိုးသည်းထန်မယ်လို့ မိုးလေဝဿပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဖြတ်သွားမယ့် နေရာတွေထဲမှာ ပြီးခဲ့တဲ့လက ပြင်းအား ၇.၂ ရှိတဲ့ ငလျင်ဒဏ်ခံရပြီး အခုထိနလံမထူနိုင်သေးတဲ့ ဒေသတွေလည်း ပါပါတယ်။
အာဏာပိုင်တွေက ရေကြောင်းပို့ဆောင်ရေး ကူးတို့သင်္ဘောတွေကို ရပ်နားထားပြီး ငါးဖမ်းသင်္ဘောတွေကိုလည်း မထွက်ကြဖို့ သတိပေးထားပါတယ်။ အရေးပေါ်အကူညီတွေ ပေးပို့နိုင်ဖို့အတွက် ဖိလစ်ပိုင်စစ်တပ်တွေကိုလည်း အသင့်ပြင်ထားပါတယ်။

တိုင်ဖုန်းဟိုင်ယန်ဟာ မနှစ်က အသေအပျောက်များခဲ့တဲ့ Bopha မုန်တိုင်းထက် ပိုပြီးဆိုးဝါးနိုင်တယ်လို့ ဖိလစ်ပိုင်မိုးလေဝဿပညာရှင်တွေက သတိပေးထားပါတယ်။ ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ကျော်ဖြတ်ပြီး ဗီယက်နမ်နိုင်ငံဘက် ဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

Haiyan တိုက်ဖုန်းမုန်တိုင်း လမ်းကြောင်းပြမြေပုံ။
VOA

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသကို အားပြင်း တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန် Haiyan ဝင်ရောက်လာတော့မှာမို့ မုန်တိုင်းလာရာ လမ်းကြောင်း တလျှောက်က ထောင်သောင်း ချီတဲ့ ဒေသခံတွေဟာ အာဏာပိုင်တွေရဲ့ သတိပေးချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်နေကြပြီဖြစ် ပါတယ်။

နိုင်ငံတကာ NGO တချို့ ရခိုင်လူထု မောင်းထုတ်


Photo: နိုင်ငံတကာ NGO တချို့ ရခိုင်လူထု မောင်းထုတ်
Friday, November 8, 2013

ပြီးခဲ့တဲ့ စနေနေ့က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ဆင်တက်မော် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေနဲ့ ဆင်အံရွာက ဒေသခံတွေ အကြမ်းဖက်ခံရတဲ့ ပဋိပက္ခတွေ အတွင်း ဒဏ်ရာရ လူနာတွေကို ဆေးရုံပို့တဲ့ အခါမှာ ခွဲခြားဆက်ဆံမှုတွေရှိ တယ်ဆိုပြီးတော့ ပေါက်တောမြို့ က ဒေသခံလူထုက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကို ကန့်ကွက်နေကြပါတယ်။ဒီ့နောက် လူထုအင်အားသုံးထောင်လောက် အစည်းအဝေးလုပ်ပြီးတော့ နှစ်ရက်အတွင်း ထွက်ခွာဖို့ ကန့်ကွက်ခဲ့တာကြောင့် ပေါက်တောမြို့နယ်အတွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့သုံးဖွဲ့ ထွက်ခွာသွားပြီလို့ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် နဲ့ ၁၂မိုင်ခန့်ကွာဝေးတဲ့ ပေါက်တောမြို့နယ်တွင်းက ဆင်တက်မော် ဒုက္ခသည်စခန်းကလူတွေဟာ ထင်းခုတ်ဖို့ သွားရာမှာ ဒေသခံ ရခိုင်လူထုတွေက ဘုရားအနားက အပင်တွေကို မခုတ်ဖို့ပြောဆိုရာကနေ တင်းမာမူဖြစ်ပြီး ဒုက္ခသည်တဦး သတ်ဖြတ်ခံခဲ့ရပါတယ် ။ ဒီနောက် ဆင်တက်မော် ဒုက္ခသည်စခန်းက လူစုလူဝေးနဲ့ စုဝေးလာတဲ့ အတွေက် ဒေသခံစစ်တပ်က ပစ်ခတ်ဖြိုခွဲရာမှာတစ်ဦး သေဆုံးပြီး  နှစ်ဦးဒဏ်ရာရရှိခဲ့တာပါ ။

အလားတူ တနေ့ထဲမှာပဲ ဆင်အိုင်ရွာက ဒေသခံရခိုင်တိုင်းရင်းသူတွေဟာ ကမ်းနားအနီးမှာ ငါးရှာရင်းနဲ့ အကြမ်းဖက်လိုတဲ့အုပ်စုတွေက သတ်ဖြတ်မူ ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဖြစ်ပွားအပြီးမှာတော့ အစိုးရမဟုတ်တဲ့အဖွဲ့တွေက  ဒဏ်ရာရသူတွေကို အမြန်ဆုံးဆေးရုံပို့ကုသဖို့ လုပ်ဆောင်ရာမှာခွဲခြား ဆက်ဆံမူတွေရှိတယ်ဆိုပြီး ကန့်ကွက်ရာကနေ အစိုးရမဟုတ်တဲ့ အန်ဂျီအိုတွေကို ထွက်ခွါပေးဖို့တောင်းဆိုခဲ့ တာဖြစ်ကြောင်း ပေါက်တောမြို့နယ် အမှတ်၂မဲဆန္ဒနယ် လွတ်တော် ကိုယ်စားလှယ်လည်းဖြစ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးတက်ထွန်းအောင်က ပြောပါတယ်။

ထွက်ခွာသွားကြတဲ့  နိုင်ငံတကာ အန်ဂျီအိုတွေကတော့ မာတေဇာ၊ Save the children နှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC  တို့ဖြစ်တယ်လို့ ဦးတက်ထွန်းအောင်က ဆိုပါတယ်။ ဒေသခံ အင်အား ၃ ထောင်လောက် ပေါက်တောမြို့နယ်မှာ   စုဝေးပြီး လူထု အစည်းအဝေး လုပ်ပြီးတဲ့နောက် ရခိုင်ပြည်နယ် အစိုးရထံကိုလည်း စာပိုခဲ့ကြောင်း လွတ်တော်ကို စာပို့ခဲ့ရာမှာ အဓိက အချက်ဖြစ်တဲ့ ခွဲခြားဆက်ဆံမူတွေနဲ့ ပတ်သက်ပြီး ဖေါ်ပြခဲ့တယ်လို့ ဆိုပါတယ်ပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ထွက်ခွါသွားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ် အစိုးရကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့စနေနေ့ကတော့ ဒေသခံရခိုင်ဗုဒ္ဓဘာသာဝင် နဲ့ မူဆလင်တချို့တို့ကြား အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ ၃ဦးသေဆုံး ခဲ့ရကြောင်း လည်း ပြည်နယ်အစိုးရအဖွဲ့  ကတော့ အတည်ပြုပြောကြား ထားပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့နှစ်တွေကစလို့ ပဋိပက္ခတွေကြောင့်လူပေါင်း ၂၀၀လောက်သေဆုံးခဲ့ပြိး အိုးအိမ်မဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီရှိခဲ့ပါတယ်။

ဒါကတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် ဒေါ်အေးအေးမာ သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။ ဆင်တပ်မော်ကျေးရွာရဲ့ ပဋိပက္ခမှာ ဒဏ်ရာရတဲ့လူအချင်းချင်း၊ မွတ်စလင် ဒဏ်ရာရတဲ့သူတွေကိုတော့ MSF အဖွဲ့ စစ်တွေဆေးရုံကို ပို့ခဲ့ပြီး၊ ဒေသခံရခိုင်တွေကို ဆေးရုံမပို့ခဲ့ကြဘူးလို့ ဆိုပြီး ဒေသခံတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၊ MSF အဖွဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က စစ်တွေအခြေစိုက် တာဝန်ရှိသူတဦးဖြစ်တဲ့ Michele Tranite ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အခုလိုရှင်းပြခဲ့ပါတယ်။

"ဒါမမှန်ပါဘူး။ စနေနေ့ကဖြစ်တာကို ရှင်းပြရမယ်ဆိုရင်တော့ ညနေ ၄နာရီခွဲလောက်မှာ မူစလင်တွေဘက်က ဖုန်းဆက်လာပါတယ်။ သေနတ်ဒဏ်ရာ ရတဲ့သူတချို့ရှိတယ်။ အရေးပေါ်အကူအညီတွေ လိုနေတယ်လို့ပြောပါတယ်။ ကျနော်တို့က သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရယူပြီး စပိဘုတ်နဲ့ဒဏ်ရာရသူသုံးယောက်ကို သယ်လာပြီး စစ်တွေဆေးရုံကိုပို့ပါတယ်။ အဲ့ဒီ့နေ့ ညနေမှာပဲ နောက်ထပ် ဒဏ်ရာရနေတဲ့ ရခိုင် အမျိုးသမီးနှစ်ယောက် ရှိတယ်လို့လည်း ကျနော်တို့သိရပါတယ်။ ကျနော်တို့ ဒီသတင်းရတဲ့အချိန်မှာ ဒီအမျိုးသမီးနှစ်ဦးက စစ်တွေဆေးရုံကိုရောက်နေပါပြီ။ ကျနော်တို့ ကြိုသိခဲ့ရတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တကယ်ပဲ အကူအညီပေးမှာပါ။ ကျနော်တို့ဟာ ကျမ်းမာရေးအဖွဲ့အစည်းဖြစ်ပါတယ်။ ဘယ်လူနာကိုမှ ခွဲခြားဆက်ဆံတာမျိုးမရှိပါဘူး။

မေး။   ။ "ဟုတ်ကဲ့။ ဒဏ်ရာရတဲ့လူနာတွေကို ဆေးရုံပို့တဲ့နေရာမှာ မွတ်စလင် ဘက်ကိုပဲ ဘက်လိုက်တယ် ဆိုပြီး ပြောနေတာတွေရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘာများပြောလိုပါသလဲ။"

" ဒေသခံရခိုင်လူမျိုးတွေကြားမှာ ဒဏ်ရာရတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို ဘယ်သူကမှ အကြောင်းမကြားခဲ့ပါဘူး။ ဒေသခံတွေ ကရော၊ ဒေသခံအာဏာပိုင်တွေဘက်ကပါ မပြောခဲ့ပါဘူး။ ကျနော်တို့ကို အကြောင်းကြားခဲ့မယ်ဆိုရင်တော့ ၊ ကျနော်တို့အနေနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးသွားမှာဖြစ်သလို၊ ဆေးရုံကိုလည်း ပို့ဆောင်ပေးမယ်ဆိုတာ ကျနော့်အနေနဲ့ ကျိန်းသေပေါက် အာမခံရဲပါတယ်။ ကျနော်တို့ဟာ ကျန်းမာရေး အကူအညီပေးနေတဲ့အဖွဲ့ဖြစ်တာကြောင့် အရေးပေါ် ဘယ်လူနာကိုမဆို အကူအညီပေးသွားမှာဖြစ်ပါတယ်။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ်ပါ။ မွတ်စလင်လား ရခိုင်လူမျိုးလား ဆိုတာကို ကျနော်တို့ မမေးပါဘူး။ ကျနော်တို့က ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးနေတာပါ။"

မေး ။   ။ " MSF အပါအဝင် ဒေသတွင်းမှာ လာပြီးတော့ လုပ်ကိုင်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့တွေဟာ မူစလင်တွေကိုပဲ အဖွဲ့အစည်းအတွင်း မှာ နေရာပေးတယ်လို့ပြောနေပါတယ်။ အဲ့တာတွေရော ဟုတ်ပါသလားခင်ဗျ။"

"ကျနော်တို့ ရာထူးခန့်ထားမှုဟာ လုံးဝမျှတပါတယ်။  စစ်တွေက ဒေသခံတွေကို တခြားအဖွဲ့အစည်းတွေကပါ ခန့်ထားတဲ့အတွက် ရဖို့ခက်ခဲပါတယ်။ ဒါကြောင့် ကျနော်တို့ ဆေးဝန်ထမ်းအများစုကို ရန်ကုန်က ခန့်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင် ၈၀ က ၁၀၀ အထိ ကတော့ စစ်တွေက ခန့်ထားတဲ့ ၀န်ထမ်းတွေ ရှိပါတယ်။ ဒီအထဲမှာ အကုန်လုံး မျှမျှတတ ခန့်ထားခြင်းဖြစ်ပါတယ်။"

MSF အပါအ၀င် ရခိုင်ဒေသထဲကို ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း နိုင်ငံတကာ NGO အဖွဲ့တွေဟာ UNHCR နဲ့ အတူ ဘင်္ဂလားဒေ့ရှ်က ပြန်လည် ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေ နေရာချထားရေးနဲ့ ကူညီရေးအတွက် မူလရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို စတင်ဝင်ရောက်ပြီး တာဝန်ယူ လာခဲ့တာဖြစ်တဲ့အတွက် ရခိုင်ဒေသခံတွေဘက်ကလည်း နိုင်ငံတကာ NGO အဖွဲ့တွေအပေါ်မှာ ဘက်လိုက်တယ် ဆိုပြီးတော့ ပြောဆိုနေကြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း လုံခြုံရေးတင်းကျပ်စွာချထားစဉ်။
VOA

ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း လုံခြုံရေးတင်းကျပ်စွာချထားစဉ်။
ပြီးခဲ့တဲ့ စနေနေ့က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ဆင်တက်မော် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေနဲ့ ဆင်အံရွာက ဒေသခံတွေ အကြမ်းဖက်ခံရတဲ့ ပဋိပက္ခတွေ အတွင်း ဒဏ်ရာရ လူနာတွေကို ဆေးရုံပို့တဲ့ အခါမှာ ခွဲခြားဆက်ဆံမှုတွေရှိ တယ်ဆိုပြီးတော့ ပေါက်တောမြို့

လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်

8.1.1
နိုဝင်ဘာ ၆ ရက် ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအပေါ် ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
လျှပ်စစ်ဓာတ်အားဈေးနှုန်း တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လျှော့ပေးရန် အရေးကြီး အဆိုကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားငွေကျပ် ၃၃၄ ဘီလျံကျော်အနက် အချို့အား ပြန်လည်စိစစ် သင့်ကြောင်း ထောက်ပြဆွေးနွေးမှုအပြီး တိုင်းဒေသကြီး လွှတ်တော်ကခွင့်ပြု

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားငွေ ကျပ် ၃၃၄ ဒသမ ၉၀၈ ဘီလျံအနက် အချို့အသုံးစရိတ်များအား ပြန်လည်စိစစ် သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ ထောက်ပြဆွေးနွေးမှုအပြီး နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် အတည်ပြုခဲ့သည်။

လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ

8.1.1
နိုဝင်ဘာ ၇ ရက် ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအပေါ် ဆန္ဒပြနေ သူများကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ- မင်းသိန်းနိုင်)
ရန်ကုန်မြို့အတွင်း လျှပ်စစ်မီတာခ ပုံမှန်ပြန်ဖြစ် စေရေးအတွက် ဖယောင်းတိုင်မီး ကိုင်ဆောင်ကာ လမ်းလျှောက်ပြီး ဒုတိယအကြိမ် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။