သင်္ဘောစောင့်၊ ကားစောင့်ရင်းနဲ့ အပျင်းပြေ ဖတ်ရှုနိုင်ပါတယ်။ စာအုပ်တွေကို ယူပြီးတဲ့နေရာမှာ ပြန်ထားပေးဖို့ပဲ လိုပါတယ်။
Friday, February 8, 2013
စာအုပ်က လူတွေရှိရာ သွားနေပြီ
သင်္ဘောစောင့်၊ ကားစောင့်ရင်းနဲ့ အပျင်းပြေ ဖတ်ရှုနိုင်ပါတယ်။ စာအုပ်တွေကို ယူပြီးတဲ့နေရာမှာ ပြန်ထားပေးဖို့ပဲ လိုပါတယ်။
မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ် ပြည်သူများ၏ အမြင်များ
မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ်ပြည်သူများ၏ အမြင်ကို စုစည်း ဖေါ်ပြလိုက်ပါသည်.
ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦး
ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့တော့ နံမည် ပို ကောင်းလာမယ် ထင်ပါတယ်။ အရင်တုန်းက လူတွေ က ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်လို့ မီဒီယာတွေမှာ တွေမှာ ဝေဖန်ခံနေရတယ်လေ
ဌာန နံမည်ပျက်တာပေါ့ဗျာ ၊ အခု လူကြီး အသစ် မူဝါဒ အသစ်တွေ နဲ့ လုပ်ရတော့မယ်ထင်တယ်'' လို့ ပြောသွားပါသည်။
ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦး
ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့တော့ နံမည် ပို ကောင်းလာမယ် ထင်ပါတယ်။ အရင်တုန်းက လူတွေ က ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်လို့ မီဒီယာတွေမှာ တွေမှာ ဝေဖန်ခံနေရတယ်လေ
ဌာန နံမည်ပျက်တာပေါ့ဗျာ ၊ အခု လူကြီး အသစ် မူဝါဒ အသစ်တွေ နဲ့ လုပ်ရတော့မယ်ထင်တယ်'' လို့ ပြောသွားပါသည်။
ဆက်သွယ်ရေး ၀န်ကြီး အဖြစ် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နှင့် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးမည်
ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ခန့်အပ် တာဝန်ပေးနိုင်ရန်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို စစ်ဘက် ရာထူးပြန်လည် ထမ်းဆောင်ရန်နှင့် နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီးနေရာကို ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း လွှတ်တော်က လာသော သတင်းများအရ သိရသည်။
နေပြည်တော်သို့ အသက် ၈၆ နှစ်ရှိ တစ်ကိုယ်တော်စက်ဘီးအဘိုးအို အဘပြူးရောက်ရှိခဲ့
ယခုခရီးစဉ်မှာ ၆ကြိမ်မြောက် ဖြစ်ကြောင်း၊ ၂၀၀၀ခုနှစ်က တစ်ကိုယ်တော်စက်ဘီးစီးကာ တိုင်းနှင့် ပြည်နယ်ဒေသများတွင် သက်ရှည်ကျန်းမာရန် ကိုယ်လက်လှုပ်ရှား အားကစားစိတ်ဓာတ်ရှင်သန်ရေး
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အား ရောင်းချ
ထိုင်းနယ်စပ်အနီးက မြဝတီမြို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ကတဆင့် ရရှိမယ့်လျှပ်စစ်ဓါတ်အား ကို မြဝတီမြို့ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ် ရဲ့ National Grip Line ကုမ္ပဏီက မြဝတီမြို့မှာ ဖြန့်ဖြူးရောင်းချမှာဖြစ်ပါတယ်။
ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါ တယ်။
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်း သဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့
စင်ကာပူက ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ထိုင်းနိုင်ငံက သုဝဏ္ဏဘူမိလေဆိပ်ကြီးတွေလိုပဲ အရေးပါလာမည့်ဟံသာဝတီလေဆိပ်ကြီးကို ဒီနှစ်အတွင်း စတင်ဆောက်လုပ်တော့မည်
အာရှဒေသမှာ ကြားခံအဖြစ် အဓိကချိတ်ဆက်နိုင်မယ့် ဟံသာဝတီ
အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တစ်ခုကို ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့်
အကွာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အခုနှစ်အတွင်း
စတင်တည်ဆောက်ဖို့ ကုမ္ပဏီ ၇ ခုကို လေလံတွေ စတင်ချထားတော့မယ်လို့
ပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက RFA ကို ဖေဖေါ်ဝါရီလ ၇
ရက်နေ့ ဒီကနေ့မှာ ပြောကြားပါတယ်။
ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်ရ
ဖေဖော်ဝါရီလ ၇ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို
ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းပါတီတွေအပါအ၀င် အစိုးရဖက်ကလည်း တက်ရောက်ကြပြီး
စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။
နိုင်ငံနဲ့အဝှမ်းဆန္ဒပြဖို့ တူနီးရှားအလုပ်သမားသမဂ္ဂ လှုံ့ဆော်
လုပ်ကြံခံရတဲ့ တူနေးရှားခေါင်းဆောင်ရဲ့ ရုပ်ကလာပ်ကို သယ်ဆောင်လာစဉ်။
Tunisia နိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Chokri Belaid
ရဲ့ အသုဘ အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး ပြည်လုံးကျွတ် သပိတ်မှောက်ကြဖို့
နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂက ဆော်သြ လိုက်ပါတယ်၊ Tunisia
အလုပ်သမားများအတွက် အထွေထွေသမဂ္ဂကြီးက သပိတ်မှောက်ကြဖို့
ကြာသပတေးနေ့နှောင်းပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလဲ
နိုင်ငံရေးပါတီ နဲ့
အမေရိကန် အရှေ့မြောက် နှင်းမုန်တိုင်းဝင်မည်
NOAA မုန်တိုင်းစောင့်ကြည့်ရေးက ထုတ်ပြန် တဲ့ နှင်းမုန်တိုင်းဖြစ်ပေါ် လာနိုင်တဲ့ ဂြိုလ်တုဓာတ်ပုံ (ဖေဖော်ဝါရီ ၇၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းဖက်ကို သမိုင်းမှာ အဆိုးဆုံး
ဖြစ်နိုင်တဲ့ အင်အားပြင်း နှင်းမုန်တိုင်းတခု ဦးတည်နေတဲ့အတွက်
အဲဒီ့ဒေသတွေမှာ နေထိုင်သူတွေကို အိမ်ထဲမှာပဲနေကြဖို့နဲ့ တတ်နိုင်ရင်
ကားတွေ မသွားကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။
ခိုင်မြဲတဲ့ ကချင်ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှုးချုပ် တိုက်တွန်း
ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေ ကို ရှေ့တန်းစစ်စခန်း တွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းက အကြမ်းဖက် ပဋိပက္ခတွေ
လျှော့ကျစေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့
ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား သဘောတူညီချက်ရတဲ့အပေါ်
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး၊ ခိုင်မြဲတဲ့
ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး ဆောင်ရွက်ကြဖို့လည်း
တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
Subscribe to:
Posts (Atom)