Thursday, August 21, 2014

မေတ္တာအိုးဝေ ဖောင်ဒေးရှင်းကို ရုပ်ရှင်အနုပညာရှင်တွေ ကျပ်သိန်း ၃၀ လှူဒါန်း

Photo: မေတ္တာအိုးဝေ ဖောင်ဒေးရှင်းကို ရုပ်ရှင်အနုပညာရှင်တွေ ကျပ်သိန်း ၃၀ လှူဒါန်း
Thursday, August 21, 2014

နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ မေတ္တာအိုးဝေဖောင်ဒေးရှင်းကို အနုပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟအဖွဲ့က ဒီနေ့ အလှူငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာရှိတဲ့ မေတ္တာအိုးဝေဖောင်ဒေးရှင်း နာယကဆရာတော် အရှင်ဆန္ဒာဓိကရဲ့ကျောင်းတိုက်မှာ အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး ဆရာတော်က အခုလိုသြ၀ါဒတရား ချီးမြှင့်ခဲ့ပါတယ်။
"နိုင်ငံရေးသမားတွေဆိုတာ နိုင်ငံရေးအလုပ်ကိုပဲ အချိန်ပြည့်စိတ်နှစ်ပြီးတော့ လုပ်နေကြတာဆိုတော့ ကိုယ့်ရဲ့ဘဝရပ်တည်ရေး၊ ကိုယ့်မိသားစုဘဝ တိုးတက်ရေးအတွက် အချိန်မပေးနိုင်ကြဘူး၊ အဲဒီတော့ မိသားစုရေးရာနဲ့ ပတ်သက်လို့ အခက်အခဲလေးတွေရှိတယ်၊ လိုအပ်ချက်လေးတွေရှိတယ်၊ ကွက်လပ်လေးတွေရှိတယ်၊ နိုင်ငံရေးသမားတွေရဲ့ လိုအပ်ချက်ကွက်လပ်ကို နိုင်ငံရေးမလုပ်တဲ့သူတွေက ဖြည့်ဆည်းပေးသင့်တယ်လို့ ဦးဇင်းက ယုံကြည်ပါတယ်၊ နိုင်ငံရေးသမားတွေ နိုင်ငံရေးအလုပ်ကို အင်နဲ့အားနဲ့အချိန်ပြည့် အရှိန်အဟုန် ကောင်းကောင်းလုပ်နိုင်ဖို့အတွက် နိုင်ငံရေးအလုပ် မလုပ်တဲ့သူတွေက သူတို့ရဲ့လိုအပ်ချက်တွေကို နောက်ကွယ်ကနေ ကူညီပံ့ပိုးပေးဖို့ အင်မတန်လိုအပ်ပါတယ်"
မေတ္တာအိုးဝေဖောင်ဒေးရှင်းကို ပြီးခဲ့တဲ့နှစ်ကကျင်းပခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနားမှာ ဆရာတော်အရှင်ဆန္ဒာဓိကက ငွေကျပ်သိန်း ၂၅၀ မတည်လှူဒါန်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဖောင်ဒေးရှင်းကို ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ယူလုပ်ကိုင်နေတာဖြစ်ပါတယ်။
ဒီနေ့အခမ်းအနားကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမြအေး၊ မနီလာသိန်း၊ မမီးမီးနဲ့ မေတ္တာသင်္ဂဟအဖွဲ့က ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ်၊ ကော်နီ၊ ဖြူဖြူကျော်သိန်းစတဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။
RFA Burmese
နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ မေတ္တာအိုးဝေဖောင်ဒေးရှင်းကို အနုပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟအဖွဲ့က ဒီနေ့ အလှူငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာရှိတဲ့ မေတ္တာအိုးဝေဖောင်ဒေးရှင်း နာယကဆရာတော် အရှင်ဆန္ဒာဓိကရဲ့ကျောင်းတိုက်မှာ အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး ဆရာတော်က အခုလိုသြ၀ါဒတရား ချီးမြှင့်ခဲ့ပါတယ်။

Sea Me We 5 ကေဘယ်ဆက်ကြောင်း ရေအောက်လိုင်းပြီးပါက လက်ရှိအင်တာနက်ထက် အဆ ၄၀ပိုမြန်မည်ဟုဆို

Sea Me We 5 ရေအောက်ကေဘယ် အင်တာနက် ဆက်ကြောင်း သွယ်တန်းမှုမှာ ကုန်းတွင်းပိုင်းတွင် သွယ်တန်းမှုပြီးစီးနေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်င န်းပြင်ပဆက်သွယ်ရေးဌာန မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြောသည်။ကုန်းတွင်းပိုင်း ဆက်သွယ်မှုအဖြစ် ရန်ကုန်မှ တဆင့် ညောင်တုန်း၊ ကျောင်းကုန်း၊ ပုသိမ်မြို့များ ဆက်လက်သွယ်တန်းထားပြီး ထိုမှတဆင့် ငွေဆောင်သို့ ထပ်မံချိတ်ဆက် သွယ်တန်းထားသည်ဟု၎င်းင်းက ဆိုသည်။
ဦးစိုင်းစောလင်းထွန်းက “ကုန်းတွင်းဆက်ကြောင်းကတော့ ချိတ်ဆက်ပြီးပါပြီ။ ရေအောက် ဆက်ကြောင်းကို ချိတ်ဆက်နိုင်ဖို့ ငွေဆောင်ကမ်းခြေကနေ စတင် ချိတ်ဆက်မှာပါ။ ချိတ်ဆက်မှုတွေ ပြီးသွားရင် Data Capacity က 1.3 Tbps (1300 Gbps) အထိ ရရှိလာနိုင်မယ့် မြန်နှုန်းမြင့် အင်တာနက်ဆက်ကြောင်းဖြစ် လာမှာပါ” ဟု ဆိုသည်။

ဘာလော့တယ်လီကို ပေါင် ၁၆ သန်းဖြင့်ခေါ်ရန် လီဗာပူးလ်သဘောတူညီမှုရ



Photo: ဘာလော့တယ်လီကို ပေါင် ၁၆ သန်းဖြင့်ခေါ်ရန် လီဗာပူးလ်သဘောတူညီမှုရ
Thursday, August 21, 2014
လီဗာပူးလ်အသင်းသည် အေစီမီလန်မှ အီတလီတိုက်စစ်မှူး မာရီယိုဘာလော့တယ်လီ ကို ပေါင် ၁၆ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရသွားပြီဖြစ်သည်။
လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာသည် ဘာလေ့တယ်လီကိုခေါ်ယူမည်မဟုတ်ဟုပြီးခဲ့သည့်လက ပြောကြားထားသော်လည်းသဘောထားပြောင်းသွားခြင်ြး ဖစ်သည်။
ဘာလော့တယ်လီသည် ကြာသပတေးနေ့မှာ မီလန်တွင်၎င်း၏နောက်ဆုံးနေ့ဖြစ်လာနိုင်သည်ဟုစကိုင်းအီတာလီယာသို့ ထုတ်ပြောထားသည်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးအတွက်ပရီးမီးယားလိဂ်သို့ ဒုတိယအကြိမ်ပြန်လာခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကမှမန်စီးတီးအသင်းကို စွန့်ခွာခဲ့သူဖြစ်သည်။
ဘာလော့တယ်လီ၏ကစားသမားဘ၀တစ်လျှောက်အငြင်းပွားဖွယ် ဖြစ်ရပ် များဖန်တီခဲ့ရာတွင်ပရီးမီးယားလိဂ် နေ့ရက်များက အဆိုးဆုံးဖြစ်သည်။
ဘာလော့တယ်လီ၏အေးဂျင့် ရိုင်ယိုလာသည် အပြောင်းအရွှေ့ကိစ္စဆွေးနွေးရန်ဗုဒ္ဓဟူးနေ့တွင် အင်္ဂလန်သို့ရောက်လာခဲ့သည်။ မန်စီးတီးတွင်ပွဲ ၈၀ ကစားပြီး ဂိုး၃၀ သွင်းခဲ့သော ဘာလော့တယ်လီသည် စီးရီးအေတွင်လည်း ၅၄ ပွဲ၌ ဂိုး ၃၀သွင်းနိုင်ခဲ့သည်။
၎င်းသည် နိုင်ငံနှစ်နိုင်ငံမှ လိဂ်နှစ်ခုတွင်ကစားပြီးချန်ပီယံလိဂ်၊ အက်ဖ်အေ၊ ပရီးမီးယားလိဂ်နှင့် ကိုပါအီတာလီယာဖလား ရရှိထားသည်။
Mizzima လီဗာပူးလ်အသင်းသည် အေစီမီလန်မှ အီတလီတိုက်စစ်မှူး မာရီယိုဘာလော့တယ်လီ ကို ပေါင် ၁၆ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရသွားပြီဖြစ်သည်။လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာသည် ဘာလေ့တယ်လီကိုခေါ်ယူမည်မဟုတ်ဟုပြီးခဲ့သည့်လက ပြောကြားထားသော်လည်းသဘောထားပြောင်းသွားခြင်ြး ဖစ်သည်။
ဘာလော့တယ်လီသည် ကြာသပတေးနေ့မှာ မီလန်တွင်၎င်း၏နောက်ဆုံးနေ့ဖြစ်လာနိုင်သည်ဟုစကိုင်းအီတာလီယာသို့ ထုတ်ပြောထားသည်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးအတွက်ပရီးမီးယားလိဂ်သို့ ဒုတိယအကြိမ်ပြန်လာခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကမှမန်စီးတီးအသင်းကို စွန့်ခွာခဲ့သူဖြစ်သည်။

ဘွိုင်လာအိုးပေါက်ကွဲမှုတွင် ဆေးရုံရောက် မြန်မာအလုပ်သမား သေဆုံး


ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင်က ဆေးဆိုးစက်ရုံမှာ ပြီးခဲ့တဲ့ သြဂုတ် သြဂုတ် ၁၇ ရက်နေ့က ဘွိုင်လာအိုးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆေးရုံတက်ရောက် ကုသနေရတဲ့ မြန်မာအလုပ်သမားတွေထဲက အမျိုးသမီးတဦး သေဆုံးသွားခဲ့ပါတယ်။ဘွိုင်လာအိုးပေါက်ကွဲမှုမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတဲ့ လူနာ ၁၀ ဦးထဲက မယဉ်ယဉ်ထွေးဟာ သြဂုတ် ၁၉ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်မှာ ဆုံးပါးသွားခဲ့တယ်လို့ ဆေးရုံမှာ သွားကြည့်ခဲ့သူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားရေးရာသံမှူး ဦးသိန်းနိုင်က ပြောပါတယ်။မယဉ်ယဉ်ထွေးရဲ့ ခင်ပွန်းဖြစ်သူ ဦးမြင့်နိုင်ဦးကလည်း လောလောဆယ် စမွတ်ပရကန်ခရိုင် ချူလာလောင်ကွန်ဆေးရုံက အရေးပေါ်ခန်း (အိုင်စီယူ)မှာ ကုသမှုခံယူနေရတယ်လို့ သူကဆက်ပြောပါတယ်။
ဘွိုင်လာအိုးပေါက်ကွဲတုန်းက သူတို့တွေဟာ အိမ်မှာပဲ ရှိနေပြီး တကိုယ်လုံး အပူလောင်တဲ့ ဒဏ်ရာတွေရော၊ အဆောက်အအုံ ပြိုကျတဲ့ ဒဏ်ရာတွေနဲ့ပါ အရေးပေါ် ကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

မလေးထောင်မှ မြန်မာ ၅၂ ဦးရဲ့ဒုက္ခ

ကျောင်းထွက်၍ အဆင်ပြေလျှင် အလုပ်လုပ်မည်ဟု စိတ်ကူးကာဦးလေးရှိသော မလေးရှားသို့ တရားဝင်အလည်အပတ်သွားခဲ့သော အသက်(၂၀)အရွယ် မောင်ချမ်းမြေ့အောင်သည် မလေးရှားနိုင်ငံ လေဆိပ်အရောက်တွင် ဖမ်းဆီးခံလိုက်ရသည်။
မောင်ချမ်းမြေ့အောင်အပါအဝင် မြန်မာနိုင်ငံသား ၇၅ ဦး ကိုင်ဆောင်လာသော အလည်အပတ်ဗီဇာများသည် အတုဖြစ်နေ၍ မလေးရှားနိုင်ငံလေဆိပ်တွင် မလေးရှားရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး နှစ်ပတ်အကြာတွင် ၎င်းတို့အားလုံး ထောင်ချခံလိုက်ရသည်။ဖမ်းဆီးထိန်းသိမ်းခံရပြီး ၃၅ ရက်အကြာတွင် လေဆိပ်အနီးရှိ ဆီဗန်းတရားရုံး၌ ရုံးထုတ်စစ်ဆေးရာ ၎င်းတို့နိုင်ငံသို့ ဗီဇာအတုများဖြင့် ဝင်ရောက်လာမှုကြောင့် မလေးရှားနိုင်ငံတရားသူကြီးက မြန်မာနိုင်ငံသား ၅၂ ဦးကို ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်သည်။ဗီဇာအတုဖြင့် သွားရောက်ခဲ့သောသူများထဲမှ ၂၀ ခန့်သည် မလေးရှားနိုင်ငံသို့ အလည်အပတ်သွားရောက်ခြင်းဖြစ်ပြီး ကျန်သူများသည် အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်သူများဖြစ်သည်။

အင်ဒိုနီးရှားသို့သွားသော ထိုင်းငါးဖမ်းစက်လှေပေါ် ရောင်းစားခံ ခဲ့ရသည့် မြန်မာ လူမျိုး ၁၄ဦး ပြည်တော်ပြန်ရောက်


အင်ဒိုနီးရှားသို့ သွားသည့် ထိုင်း ငါးဖမ်းစက်လှေပေါ် သို့ ရောင်း စားခံခဲ့ရသည့် မြန်မာများ ထဲမှ ၁၄ဦး အင်ဒိုနီးရှားရှိ မြန်မာသံ ရုံးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးအဖွဲ့၏ အကူအညီဖြင့် ဩဂုတ် ၂ဝရက် က မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်မှ လူ၁၇ ဦးကို တစ်ရွာတည်းနေ ပွဲစားက နယ်စပ်တွင်အလုပ်သွား ရောက် လုပ်ကိုင်ရမည်ဟုဆို ကာ မြန် မာနိုင်ငံနယ် စပ်ရှိ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဟာချိုင်မြို့ဝင်ရောက်ခဲ့ ပြီး ထိုင်းမှအင်ဒိုနီး ရှားသို့သွားသည့် ငါးဖမ်းစက်လှေသို့ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း ယင်း၁၇ ဦးအနက်မှ ယနေ့တွင် ၁၄ဦး ပြန်လည်ရောက်ရှိခဲ့ ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမား အ ခွင့်အရေးကွန်ရက်မှသိရသည်။

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇ၀င်

မိုဘိုင်းလ်ဖုန်းတွေ လို့ ပြောရင် လက်ကိုင်ဖုန်း သေးသေးလေးတွေလို့ တွေးမိပါလိမ့်မယ်။
အခုလက်ရှိ သုံးနေတဲ့ မိုဘိုင်းလ်ဖုန်းတွေ ကတော့ဟုတ်ပါတယ်၊ ဒါပေမယ့် မိုဘိုင်းလ်ဖုန်းတွေ ပေါ်ကာစက အရွယ်အစားက ကြီးမား၊ လေးလံ၊ ပါဝါစားနူန်း မြင့်တဲ့ ဖုန်းကြီးတွေ၊ သယ်လို့ ရတယ်ဆိုရုံ အဆင့်ဖုန်းတွေ ဖြစ်နေပါတယ်။
မိုဘိုင်းလ်ဖုန်းတွေ စတင် တီထွင်လာခဲ့တာ ၁၉၄၀ လောက်ကတည်း ကဖြစ်ပြီး၊ ၁၉၈၀လောက် အထိ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်မလာခဲ့ပါဘူး။
ဒါပေမယ့်၂၀၁၁ ခုနှစ်အင်္ဂလန် နိုင်ငံမှာ မိုဘိုင်းလ်ဖုန်းတွေရဲ့ ဖုန်းခေါ်ဆိုမှု အကြိမ်ရေပေါင်း ဟာ ကြိုးသုံးဖုန်းတွေ ခေါ်ဆိုမှု ထက်သာခဲ့ပါတယ်။
ဒါဟာကြိုးသုံးဖုန်းတွေ အသုံးနည်းသွားပြီးနောက်ပိုင်း၊ လုံးဝမသုံးတော့တဲ့ အဆင့်ဖြစ်လာမယ့် လက္ခဏာ ဖြစ်ပါ  တယ်။
ကျနော်တို့ဆီမှာလည်း မိုဘိုင်းလ်ဖုန်းတွေ ပေါပေါများများ သုံးလာတဲ့ အတွက်လမ်းဘေး ကြိုးဖုန်းငှားတဲ့ သူတွေ ခွင်ပျက်ကုန် ပါတယ်။
ဒါဟာ နည်းပညာ တိုးတက်ပြောင်းလဲမှုရဲ့ သက်သေ ဖြစ်တဲ့အတွက်၊ အဲဒီ မိုဘိုင်းလ်ဖုန်းတွေ ဘယ်အချိန်က စပြီး၊ ဘယ်လို တီထွင်ခဲ့ ကြသလဲ ဆိုတာ စာဖတ်သူတွေ စိတ်ဝင်စားမယ် ထင်လို့ ဒီတပတ် အတွက် မိုဘိုင်းလ်ဖုန်း သမိုင်းကြောင်းလေး ရေးထားပါတယ်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်း နှစ်လုံး ရှာဖွေ တွေ့ရှိထား

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက် တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း
ဆယ်ယူရေးလုပ် ငန်းများ အောင်မြင်စေရန်မွန်ဘုရင်မ ကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။
နတ်စင်တစ်ရာဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေ ရာပြောင်းရှာရာမှ ခေါင်းလောင်းနှစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြုရန် စောနေသေးကြောင်း ခေါင်းလောင်းဆယ် ယူရေး အထောက်အကူပြု ဆပ်ကော်မ တီမှ သိရသည်။ ''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေးအဖွဲ့တွေက နတ်စင်တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက်နဲ့ အစကသင်္ဘော အောက်မှာ ခေါင်းလောင်းရှာနေရာက သင်္ဘောဘေးမှာ ရှာကြည့်ပါတယ်။ သြ ဂုတ် ၁၅ ရက်မှာ တွေ့တယ်။ တွေ့တယ် ဆိုတာက ရေငုပ်သမားတွေ ပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြုကော်မတီ)တွေက ဓမ္မ စေတီခေါင်းလောင်းလို့ အတည်ပြုပေး လို့မရသေးဘူး။ ခေါင်းလောင်းက ရေ ငုပ်သမားတွေပြောတဲ့ စကားအရ နှစ်လုံး တွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ် လုံး။ သူတို့ပြောတာကတွေ့ပြီ။

ဆက်သွယ်ရေးကွန်ရက်အဆင့်မြှင့်ရန် ကန်ဒေါ်လာသန်း ၁၀၀ ဂျပန်ထုတ်ချေးမည်

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းနှင့် အင်တာ နက်ဆိုင်ရာဆက်သွယ်ရေးကွန် ရက်များကို အဆင့်မြှင့်တင်နိုင်ရန် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်ထုတ်ချေးပေးသွား ရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။‘‘ချေးငွေကတော့ ကန်ဒေါ် လာ သန်း ၁၀၀ လောက်ထုတ်ပေး သွားမယ်လို့ သိရတယ်။ ဘယ်လို ပုံစံနဲ့လုပ်သွားမယ်ဆိုတာက တော့ အခုမှဆွေးနွေးနေတုန်းပဲရှိ ပါသေးတယ်’’ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ Internet Service Provider ဌာနမှ အင်ဂျင် နီယာချုပ်  ဦးမျိုးဆွေက  ပြော သည်။ဂျပန်နိုင်ငံမှ ချေးငွေရရှိပါက ဆက်သွယ်ရေးကွန်ရက်တစ်ခုလုံး အတွက်လိုအပ်သော အခြေခံ အဆောက်အအုံများတိုးချဲ့တည် ဆောက်ခြင်း၊ မိုဘိုင်းကွန်ရက်၊ ပြည်တွင်းအင်တာနက်ဆက် ကြောင်းများနှင့် ပြည်ပဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းများ စသည်တို့ကို အဆင့်မြှင့်တင်ခြင်း အပြင် ဆက်သွယ်ရေးကဏ္ဍဆိုင် ရာ လုပ်ငန်းများကို တိုးချဲ့လုပ် ဆောင်သွားမည်ဖြစ်သည်။

Free ပါမစ်ဖြင့် ကားတင်သွင်းခွင့် ကားအရောင်းပြခန်းများ တောင်းဆို

ရန်ကုန်တိုင်းတွင် တက္က စီများပြားနေပြီဖြစ်၍ တင်သွင်း ရန်ရပ်နားလိုက်ပြီဆိုသော်လည်း ကားအရောင်းပြခန်းများအတွက် တင်သွင်းခွင့် တောင်းဆိုပေးသွား မည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သ တင်းရရှိသည်။
ကားအရောင်းပြခန်း ပိုင်ရှင် များက Free ပါမစ်ဖြင့် မော်တော် ယာဉ်တင်သွင်းခွင့်ပေးရန် စီးပွား ကူးသန်းဝန်ကြီးဌာနသို့ တောင်း ဆိုလာ၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တရားဝင်စာရေး တောင်းဆိုမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း မြင့်က ပြောသည်။
‘‘ရတာ၊ မရတာတော့ တစ် ပိုင်းပေါ့။ တောင်းဆိုလာတာဆို တော့ ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်ကို ကျွန်တော်ကိုယ်တိုင် စာရေးပြီးတော့ တင်ပြတောင်းဆို ပေးသွားပါမယ်’’ ဟု ပြည်ထောင် စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။တက္ကစီတင်သွင်းမှုသည် ရန် ကုန်တိုင်းဒေသကြီးအတွက် များ ပြားနေသဖြင့် တင်သွင်းခွင့် ရပ် နားထားပြီဟု ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

ပြည်သူ့လွှတ်တော် PR ကော်မတီ မြန်မာတစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များကို လေ့လာမည်

အချိုးကျကိုယ်စားပြုစနစ် (PR) ကို မြန်မာ့နိုင်ငံတွင် ကျင့်သုံးရေးအတွက် ကိုက်ညီမှု ရှိမရှိ လေ့လာမှုများ ပြုလုပ်နေသော ပြည်သူ့လွှတ်တော် PR ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီသည် မြန်မာတစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များ အခြေအနေကို လေ့လာမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးအောင်ဇင်က ပြောကြားသည်။
ယင်းသို့ လေ့လာရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထို့သို့ လေ့လာမှု ပြုလုပ်ရန်နှင့် ဝန်ကြီးဌာနများ တွေ့ဆုံရန် ပြည်သူ့လွှတ်တော် PR စနစ် ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းစဉ်များတွင် ထည့်သွင်း ရေးဆွဲထားကြောင်း ၎င်းကဆိုသည်။

ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာများ ၂၀၁၅ နှစ်ဆန်းတွင် အခန်းအပ်မည်

ဗိုလ်ဗထူးနှင့် ဗိုလ်မင်း ရောင်အိမ်ရာစီမံကိန်းတွင် မဲ ပေါက်၍ အခန်းဝယ်ယူခွင့် ရရှိသူ များအား ၂၀၁၅ နှစ်ဆန်း၌ အ ခန်းအပ်နှံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အ အုံဌာနမှ သတင်းရရှိသည်။
မြောက်ဒဂုံ ၄၂ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ မြေ ၁၁ ဧကတွင် အခန်းပေါင်း ၈၀၀ ကျော် ပါဝင်သည့် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်တွင် ပြီးစီးမည်ဖြစ်ရာ ၂၀၁၅ ဇူလိုင်တွင် ပိုင်ရှင်များထံ အခန်း အပ်နှံနိုင်မည်ဖြစ်သည်။
ထို့အတူ အခန်းပေါင်း ၄၀၀ ကျော်ပါဝင်သည့် ဗိုလ်ဗထူး အိမ် ရာစီမံကိန်းမှလည်း စီမံကိန်းကာ လကို ၂၀၁၃ ခုနှစ် မေလမှစတင် ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ပြီး စီးမည်ဖြစ်ရာ ၂၀၁၅ နှစ်ဆန်းမှ သာ အခန်းပိုင်ရှင်များအား  အပ်နှံနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ရောင်းချ သည့် အဆိုပါ အိမ်ရာစီမံကိန်း နှစ်ခုလုံးကို လျှောက်ထားသူများ ပြားပြီး မေလဆန်းက တိုင်းဒေသ ကြီး အစိုးရအဖွဲ့က မဲဖောက်စနစ် ဖြင့် ရောင်းချခဲ့သည်။

ဖုန်းကတ် လိုင်းပျောက်၊ လိုင်းပိတ်ခြင်းများအတွက် ပွဲစားများနှင့် ဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားထား

ဖုန်းကတ် လိုင်းပျောက်၊ လိုင်းပိတ်ခြင်းများအတွက် ပြန်လည်လျှောက်ထားရာတွင် မိမိကိုယ်တိုင်သာ ဆောင်ရွက်ရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။ ပွဲစားများအား အပ်နှံဆောင်ရွက်ခြင်းကြောင့် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဌာနမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း၊ မိမိတာဝန်သာဖြစ်ကြောင်း ကြေညာထားသည်။
ကတ်ပျောက်၊ ကတ်ပျက်လျှောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများကို ဆိုင်းဘုတ်ကပ် ကြေညာထားပြီးဖြစ်ကြောင်း၊ ကတ်ပျောက်ပါက လိုင်းပိတ်ပေးသော စာရင်းကိုလည်း ဆိုင်းဘုတ်ကပ် ကြေညာထားပြီးဖြစ်၍ ယခင်ကကဲ့သို့ တိုးဝှေ့မေးမြန်းစရာမလိုကြောင်း သိရသည်။

အူရီဒူး၏ ၀န်ဆောင်မှုအချို့ သုံးစွဲသူများ၏ မျှော်မှန်းချက်နှင့် မကိုက်ညီဘဲ အင်တာနက် အသုံးပြုခနှုန်းများပြားသည့် ဝေဖန်မှုများ ရှိနေ

အူရီဒူးမြန်မာ၏ ၀န်ဆောင်မှုအချို့မှာ သုံးစွဲသူ များ၏ မျှော်မှန်းချက်နှင့် မကိုက်ညီဘဲ အင် တာနက်အသုံးပြုခ နှုန်းထားများပြားခြင်း၊ ၀န်ဆောင်မှု အရည်အသွေးပိုင်းတွင် လိုအပ်ချက်ရှိခြင်း စသည့်ဝေဖန်မှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။
အူရီဒူး၏ အင်တာနက်အသုံးပြုခ သတ်မှတ်နှုန်းထားများမှာ နေ့စဉ် 30 Mb အသုံးပြုခြင်းအတွက် တစ်ရက်လျှင် ကျပ် ၅၀၀၊ တစ်ပတ်လျှင် 200 Mb အသုံးပြုခြင်းအတွက် ကျပ် ၃၀၀၀၊ တစ်လလျှင် 1 Gb အသုံးပြုခြင်းအတွက် ကျပ် ၁၂၀၀၀ ကောက်ခံမည်ဖြစ်ပြီး Facebook ကို သတ်မှတ်ပမာဏ တစ်ခုအထိ အခမဲ့သုံးစွဲနိုင်မည့် ပရိုမိုးရှင်း အစီအစဉ်များ ပါဝင်သော်လည်း ဈေးနှုန်းများပြားလွန်းကြောင်း ကျွမ်းကျင်သူများနှင့် သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။
တစ်ရက်လျှင် 30Mb (Facebook ကို 20 Mb အခမဲ့သုံးနိုင်) ဆိုသည်မှာ အင်တာနက်ကို ချွေတာစွာ သုံးစွဲရမည်ဖြစ်ပြီး တစ်ရက်လျှင် ကျပ် ၅၀၀ ကုန်ကျမည်ဖြစ်ရာ တစ်လလျှင် ၁၅၀၀၀ ကျပ်ခန့် ကုန်ကျမည်ဖြစ်သည်။

မကြာသေးမီက မြန်မာ့အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံတွင် အရပ်သားစစ်စစ် ဂျိုကိုဝီဒိုဒိုကို ပြည်သူများက

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြသည်။ ကိုယ်တိုင်ဝင်ပြိုင်လျှင် သေချာပေါက်ရှုံးနိုင်ကြောင်း သိထားသည့် ယခင် သမ္မတဟောင်း မီဂါဝတီသည် ပြိုင်ဘက်စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို သမ္မတဖြစ်မသွားစေရန် လူထုထောက်ခံမှုရရှိထားသော ဂျိုကိုဝီဒိုဒိုကို ပါတီသမ္မတလောင်းအဖြစ် ရဲရဲဝံ့ဝံ့စင်တင်ခဲ့သည်။မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြယုဂ်အဖြစ် တစ်ကမ္ဘာလုံး၏ ထောက်ခံမှုရရှိထားသူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ပါတီကိုဦးဆောင်မည့် ဒုတိယခေါင်းဆောင် မည်သူဖြစ်လာမည်လဲဆိုသည်ကို ပြည်တွင်းနိုင်ငံရေးလေ့လာသူများရော၊ တစ်ကမ္ဘာလုံးကပါ စိတ်ဝင်တစားစောင့်ကြည့်နေသည်။၂၀၁၅ အလွန် နိုင်ငံရေးအခင်းအကျင်းတွင် ဒီချုပ်မှ သမ္မတလောင်း ရွေးခွင့်ရခဲ့သော် ထိုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ကန့်သတ်ခံထားရသည့် ပုဒ်မ ၅၉(စ)ကို မပြင်ရသေးလျှင် ဒီချုပ်က မည်သူ့ကို သမ္မတလောင်းစာရင်း တင်မလဲဆိုသည်ကို နိုင်ငံရေးအင်အားစု အသိုင်းအ၀ိုင်းက မေးခွန်းထုတ်စ ပြုလာသည်။

(အီဘိုလာ ကူးစက်သည်ဟု သံသယဖြစ်ခံရသူ ကိုဇင်မင်းဦး၏မိခင် ဒေါ်စန်းစန်းမော်နှင့် တွေ့ဆုံခြင်း)

ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရကြောင်း သံသယ ရှိသည့်အတွက် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံတွင် ဆေးကုသမှု ခံယူနေရသူ အသက် ၂၂ နှစ်အရွယ် ကိုဇင်မင်းဦး၏ မိခင် ဒေါ်စန်းစန်းမော်နှင့် The Voice တို့ တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။Voice : ကိုဇင်မင်းဦးဖျားတာကို မိဘတွေက ဘယ်အချိန်က စသိတာလဲ။
DSSM : အာဖရိက ကနေပြန်လာပြီး ဘန်ကောက် ရောက်တော့ ဖုန်းဆက်တယ်။ သူ့အစ်ကိုက ဆက်တာ သူနေမကောင်း ဖြစ်နေပြောတယ်။ အရမ်းဖျားနေတယ်လည်း ပြောတယ်။ ဘန်ကောက် လေဆိပ်မှာလည်း သုံးခါလောက် ဆေးစစ်ခံခဲ့ရတယ် ပြောတာပဲ။ ရန်ကုန် လေဆိပ်ရောက်တော့ သူပိုဖျားလာတယ်။ ပြီးတော့ အဖျားကြီးပြီး ကယောင်ကတမ်းတွေ ဖြစ်နေလို့ လမ်းမလျှောက်နိုင်လို့ ဆိုပြီး ဝှီးချဲနဲ့ ခေါ်တင်သွားတာ တွေ့လိုက်တယ်။ ပိုးသတ်ထားတဲ့ အင်္ကျီသုံးလေးထပ် ဝတ်ထားတဲ့ ဆရာဝန် သုံး၊ လေးယောက်နဲ့ မှန်ခန်းထဲမှာ စစ်ဆေးနေတာ နှစ်နာရီခွဲလောက် ကြာပါတယ်။ ကျွန်မတို့ကလည်း ဒီဘက်ခြမ်းကနေပဲ လှမ်းမြင်နေရတာ။ ဘာပြောလဲ မကြားရဘူး။ သူ့ငယ်ချင်းတွေကတော့ လက်ဟန် ခြေဟန်နဲ့ ပြောပြတယ်။ မြင်သာမြင်ပြီး မကြင်ရဘူးပေါ့။ ထွေးထွေးပွေ့ပွေ့ မနေရဘူး။ တစ်ခါတည်း ဝေဘာဂီဆေးရုံကို ခေါ်သွားတယ်။

မကာအိုသို့ အိမ်အကူခြောက်ဦးတရားမ၀င် ပို့ဆောင်သည့် အေဂျင်စီကို ၀န်ကြီးဌာနထံတိုင်ကြား

မကာအိုသို့အမျိုးသမီးအိမ်အကူအလုပ်သမားခြောက်ဦးတရားမ၀င်ခိုးပို့ခဲ့သည့် လိုင်စင်ရအေဂျင်စီအားပြင်းပြင်း ထန်ထန်အရေးယူရန် ၀န်ကြီး ဌာန သို့ တိုင်ကြားထားကြောင်းပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသင်းချုပ်အတွင်းရေးမှူးဦးကျော်ထင်ကျော်ကပြောသည်။
ပြီးခဲ့သည့်နှစ်လခန့်က လိုင် စင်ရ လင်းယူနတီအေဂျင်စီမှ အမျိုးသမီး အိမ်အကူလုပ်သား ခြောက်ဦးကို သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် အေဂျင်စီအသင်းချုပ်ထံ အကြောင်းမကြားဘဲ တရားမ၀င် ပို့ဆောင်ခဲ့ခြင်းကိုဟောင်ကောင် ရှိ ကောင်စစ်ဝန်၏ တိုင်ကြားချက်အရ သိရှိခဲ့ခြင်းဖြစ်သည်။ယင်းအလုပ်သမားများ သည် နေအိမ်တစ်အိမ်ထက်မက ပို၍ လုပ်ကိုင်ခဲ့ရသည့်အပြင် လုပ် ခလစာမှာလည်း ပြည့်ဝစွာမရရှိ ခဲ့ ကြောင်းသတင်းရရှိသည်။‘‘ဒီကုမ္ပဏီက လိုင်စင်ရအေ ဂျင်စီတစ်ခုလေ။အဲဒီဟာကို ပြင်း ပြင်းထန်ထန်အရေးယူရမယ်။ငွေ လိမ်ယူတာ မဟုတ်ပေမယ့် ခိုးပို့ပြီး ပြဿနာဖြစ်မှ ကျိတ်ဖြေရှင်းတာ။ နောက်ပြီးအိမ်အကူလုပ်သားဖြစ် နေတယ်။ နောက်မကာအိုနဲ့ တ ရားဝင်လုပ်သားစေ လွှတ်မှု စာ ချုပ်(MOU)ထိုးထားတာမရှိဘူး’’ ဟုအတွင်းရေးမှူး ဦးကျော်ထင် ကျော်ကပြောသည်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ခုခံတိုက်ခိုက်ရန် ကာဒ့်တပ်ဖွဲ့ကို ဂျာမနီ လက်နက်ထောက်ပံ့

 
ဂျာမနီနိုင်ငံက အီရတ်မြောက်ပိုင်းမှာ အိုင်အက်စ်အကြမ်းဖက်တွေကို ခုခံတိုက်ခိုက်ပေးနေတဲ့ ကာဒ့်တပ်ဖွဲ့တွေကို စစ်လက်နက်တွေ ထောက်ပံ့ဖို့ ပြင်ဆင်နေပြီလို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့က သြဂုတ်လ ၂၀ ရက်နေ့က သတင်းထောက်တွေကို ပြောဆိုပါတယ်။စစ်လက်နက်မဟုတ်တဲ့ စစ်ဖက်ပစ္စည်းတွေကိုတော့ အရင်ဆုံးပေးပို့မှာဖြစ်ပြီး စစ်လက်နက်တွေ ထောက်ပံ့ဖို့ကိုလည်း ဂျာမန်အစိုးရက သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး စတိုင်းမီယာ က ပြောဆိုပါတယ်။
ဗြိတိန်၊ အီတလီနဲ့ ပြင်သစ်နိုင်ငံတို့က စစ်လက်နက်တွေ ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်တာကြောင့် ဂျာမနီနိုင်ငံကလည်း အလားတူထောက်ပံ့မယ်လို့ ပြောဆိုပါတယ်။

မဏ္ဍိုင်လေးရပ်ပါဝင်ဆွေးနွေးမည့်ဖိုရမ်ကျင်းပရန် စာနယ်ဇင်းကောင်စီနှင့် လွှတ်တော်ဥက္ကဋ္ဌများသဘောတူ

မဏ္ဍိုင်ကြီးလေး ရပ် ပူးပေါင်းပါဝင်သည့် ဖိုရမ်တစ် ခုကျင်းပနိုင်ရန် မြန်မာနိုင်ငံစာ နယ်ဇင်းကောင်စီ (ယာယီ)တာ ၀န်ရှိသူများ ပြည်ထောင်စု လွှတ် တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌတို့ နေပြည်တော် လွှတ်တော်ရှိ ဇမ္ဗူသီရိဆောင် တွင် တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။ ‘‘အဓိကကတော့ တိုင်းပြည်မှာ မဏ္ဍိုင်ကြီးသုံးရပ်နဲ့ စတုတ္ထ မဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာတွေကြားမှာ ပိုမိုပြီးတော့ နားလည်မှုရှိတဲ့ ဆက်ဆံရေး၊ တစ်ခုနဲ့ တစ်ခု ကျင့် ၀တ်တွေ၊ လုပ်ငန်းတာဝန်တွေ အပြန်အလှန်နားလည်တဲ့ ဖိုရမ် တစ်ခု ကျွန်တော်တို့ကျင်းပနိုင်ဖို့ အတွက် လာရောက်တွေ့ ဆုံခြင်း ဖြစ်ပါတယ်’’ဟု စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေး က ပြောသည်။နေပြည်တော် ဇမ္ဗူသီရိအ ဆောင်တွင် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး စာနယ်ဇင်းကောင်စီမှ ဖိုရမ်ကျင်းပနိုင်ရေးအတွက် တင်ပြခဲ့မှုအပေါ် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ သဘောတူခဲ့ကြောင်း သတင်းရရှိသည်။

ချောင်းဆိုးပျောက် ဆေးကို မူးယစ်ဆေးအဖြစ် ပုသိမ်က လူငယ်တချို့ သုံးစွဲနေ

Photo: ချောင်းဆိုးပျောက် ဆေးကို မူးယစ်ဆေးအဖြစ် ပုသိမ်က လူငယ်တချို့ သုံးစွဲနေ
Thursday, August 21, 2014

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့် ကျောင်းသား တချို့နှင့် မြို့ပေါ်ရပ်ကွက်ရှိ လူငယ်တချို့မှာ အိမ်သုံးဆေးဝါးများကို မူးယစ်ဆေးအဖြစ် သုံးစွဲမှုများ ရှိနေကြောင်း သတင်းရရှိသည်။
Dextro Tablet ခေါ် ချောင်းဆိုးပျောက် ဆေးလုံးများကို မူးယစ်ရီဝေစေရန်အတွက် အလုံးရေများစွာ သောက်သုံး၍ မူးယစ်ဆေး သဖွယ် အသုံးပြုနေခြင်းများ တွေ့ရှိရကြောင်း ပုသိမ် အခြေစိုက် အမှတ် ၄၉ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး အထူးအဖွဲ့ တပ်ဖွဲ့စုမှူး မြင့်အောင်က ဧရာဝတီကို ပြောသည်။
“တက္ကသိုလ်အဆင့်မှာ အနည်းငယ်သုံးစွဲတာတွေ့ရတယ်။ အဓိက သုံးနေတာကတော့ အထက်တန်း ကျောင်းသားတွေပေါ့။ GTC (နည်းပညာတက္ကသိုလ်) ကျောင်းသားတချို့လည်း သုံးစွဲတာတွေ့ရတယ်။ ကျောင်းသားလူငယ်တွေ ဗန်းစကားအရတော့ အဲဒီဆေး ကို သခွားစေ့လို့ ခေါ်ကြတယ်။ သူက ချောင်းဆိုး၊ အအေးမိပျောက်ဆေးပါ။ ဒါကို တခါသောက်ရင် ၁၀ လုံး၊ အလုံး ၂၀ စသဖြင့် အလုံးရေ အများကြီးသောက်ပြီး မူးယစ်ဆေးလို သုံးနေတော့ သူတို့အတွက် ဘေးအန္တရယ်ဖြစ်လာတာပေါ့”ဟု သူက ပြောသည်။
အဆိုပါ Dextro Tablet ဆေးဝါးကို ထိုင်းနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်၍ ဖြန့်ဖြူးနေသော အိမ်သုံးဆေး တမျိုးဖြစ်သည်ဟုလည်း ဆိုသည်။
အလုံးရေ ၁၀၀၀ ပါသည့် ဘူးတဘူးလျှင် မြန်မာငွေ ၁၅၀၀၀ ကျပ် ဈေးနှုန်းရှိပြီး ယင်းဆေးများကို ပုသိမ်မြို့ပေါ်ရှိ ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်နှင့် ဆေးဆိုင်တချို့က ဆေးတလုံးလျှင် ၂၅ ကျပ်ဖြင့် ကျောင်းသားများနှင့် လူငယ်များကို ရောင်းချပေးနေကြောင်း စုံစမ်း သိရှိရသည်။
ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ရဲအုပ် သိန်းဇော်ဦးကလည်း “ကျနော်တို့ရထားတဲ့ သတင်းတွေအရ အလယ်တန်း၊ အထက် တန်း ကျောင်းသားလေးတွေက ဒီဆေးတွေကို အိမ်သာတို့ သန့်စင်ခန်းတို့မှာ သုံးတယ်။ သုံးပြီးတာနဲ့ မျက်လုံးလေးတွေ မှေးလာ တယ်။ ဒီဆေးက အိပ်ချင်တဲ့ သဘော ရှိတယ်။ ဒီသတင်းကို ကျောင်းသားတွေက ရုံးခန်းကိုသွားပြီးဆရာကြီးကို သတင်းပေးတဲ့အခါမှာ ဆရာက ကလေးကိုလာကြည့်တော့ ကလေးက ခေါင်းမထူနိုင်တော့ဘူး။ အဲ့ဒီလိုဖြစ်ခဲ့တာတွေ ရှိတယ်”ဟု ဧရာဝတီကို ပြော သည်။
အိမ်သုံးဆေးကို မူးယစ်ဆေးအဖြစ် တလွဲအသုံးပြုမှုမှာ Dextro Tablet ခေါ် သခွားစေ့သာမက ပန်းသီး၊ အာဒိန်း စသည့် ဆေးလုံးများကိုလည်း သုံးစွဲကြကြောင်း၊ ကျောင်းသားများသာမက အရပ်ထဲရှိ လူငယ်များလည်း သုံးစွဲနေကြောင်း ပုသိမ်မြို့ အမှတ် ၉ ရပ်ကွက် မှ အသက် ၂၁ နှစ်အရွယ် လူငယ်တဦးက ပြောပြသည်။
“ပန်းသီးဆိုရင် အဲဒါကစ်ပြီး ဆိုင်ကယ်စီးရင် လေထဲမှာပျံနေရသလို လွင့်နေတာ။ သခွားစေ့က ငြိမ်တယ်။ အေးဆေးပဲ မှိန်းနေချင် တယ်။ အာဒိန်းကတော့ မသုံးဘူးတော့ မသိဘူး။ ဒီဆေးတွေက တက္ကသိုလ် ကျောင်းသားတင် မဟုတ်ဘူး။ ရပ်ကွက်ထဲက လူငယ် တွေလည်း သုံးကြပါတယ်။ သင်္ကြန်ပွဲ၊ ဘုရားပွဲ၊ စတိတ်ရှိုးပွဲ စသဖြင့်ပေါ့။ ပွဲလမ်းသဘင် ရှိတဲ့နေ့တွေ သုံးကြတယ်။ ဟိုတလောက ရွာပြန်တော့ ဘုရားပွဲရှိတာ ရွာကလူငယ်တွေလည်း ဒီဆေးတွေသုံးပြီး ကောင်းနေတာ တွေ့ခဲ့ရတယ်”ဟု ဆေးသုံးဖူးသည့် အဆိုပါ လူငယ်က ရှင်းပြသည်။
Dextro Tablet ဆေးဝါးမှာ တီဘီ၊ HIV၊ နမိုးနီးယား (အဆုတ်ယောင်ရောဂါ)နှင့် အဆုတ်ကင်ဆာ ဝေဒနာရှင်များကို တိုက်ကျွေးသည့် ဆေးဖြစ်ပြီး အလုံးရေများစွာ သောက်သုံးပါက အာရုံကြောများနှင့် ကျောက်ကပ် ထိခိုက်ပျက်စီး နိုင်ကြောင်း ပုသိမ်မြို့မှ အထွေထွေရောဂါကု ဆရာဝန်တဦးက ရှင်းပြသည်။
“ဒီဆေးက အဆုတ်ငြိမ်ပြီး ချွဲပျော်စေတဲ့ဆေးပါ။ တီဘီသမား၊ အဆုတ်ကင်ဆာ သမားနဲ့ HIV ဝေဒနာသည်တွေ ကိုတောင် ဆရာ ၀န် ညွှန်ကြားချက်အရ ၁ လုံး ၂ လုံးပဲ တိုက်ရတဲ့ ဆေးမျိုးပါ။ ကလေးတွေက ၁ ခါသောက် ၁၀ လုံး၊ အလုံး ၂၀ ဆိုတာမျိုးသောက် လာရင်တော့ ကြာလာရင် အာရုံကြောတွေ ထိခိုက်လာမယ်။ ကျောက်ကပ် ပျက်စီးတာတွေ ဖြစ်လာမယ်”ဟု သူက ပြောသည်။
Dextro Tablet ဆေးဝါးများ မရောင်းချရန် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က မြို့ပေါ်ကျောင်းများအနီး ရောင်းချနေသည့် ကွမ်းယာဆိုင်များအားလုံးကို သတိပေးထားပြီး ပညာပေးကာလအဖြစ် သြဂုတ်လ ၁၆ ရက်နေ့က စတင်ကာ ၁၄ ရက် အချိန်ပေးထားသည်။
သတ်မှတ်ရက် ကျော်လွန်ချိန်တွင် ဆေးရောင်းချသည့် ကွမ်းယာဆိုင်များကို ရှာဖွေဖမ်းဆီး၍ အမျိုးသား ဆေးဝါးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။
ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စိုးက“ပညာပေးကာလ အချိန် ၂ ပတ်ပေးထားတယ်ဆိုတာက ရောင်းနေရင်လည်း မရောင်းဖို့၊ သူများကိုလည်း မရောင်းနဲ့လို့ သတိပေးနိုင်ဖို့ အချိန်ပေးထားတာပါ။ ၂ ပတ်ကျော်တာနဲ့ စည်ပင်အဖွဲ့ရယ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရယ်၊ ကျောင်းဆရာတွေရယ်၊ ရဲတပ်ဖွဲ့ရယ် ပူးပေါင်းပြီး ဥပဒေအရ လိုအပ်သလို အရေးယူသွားမှာပါ”ဟု ပြောသည်။
Dextro Tablet ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက် မပါဘဲ မရောင်းချရန်နှင့် ကျောင်းသားလူငယ်များကို လုံးဝရောင်းချခြင်းမပြုရန် ပုသိမ်မြို့ပေါ်ရှိ ဆေးဆိုင်များအားလုံးကိုလည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက သတိပေး ပြောဆိုထားသည်။
ပုသိမ်ရှိ ကျောင်းသားနှင့် လူငယ်တချို့ မူးယစ်ဆေးအဖြစ် အသုံးပြုနေသည့် Dextro Tablet ခေါ် ချောင်းဆိုပျောက် ဆေး လုံး များ(ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့် ကျောင်းသား တချို့နှင့် မြို့ပေါ်ရပ်ကွက်ရှိ လူငယ်တချို့မှာ အိမ်သုံးဆေးဝါးများကို မူးယစ်ဆေးအဖြစ် သုံးစွဲမှုများ ရှိနေကြောင်း သတင်းရရှိသည်။
Dextro Tablet ခေါ် ချောင်းဆိုးပျောက် ဆေးလုံးများကို မူးယစ်ရီဝေစေရန်အတွက် အလုံးရေများစွာ သောက်သုံး၍ မူးယစ်ဆေး သဖွယ် အသုံးပြုနေခြင်းများ တွေ့ရှိရကြောင်း ပုသိမ် အခြေစိုက် အမှတ် ၄၉ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး အထူးအဖွဲ့ တပ်ဖွဲ့စုမှူး မြင့်အောင်က ဧရာဝတီကို ပြောသည်။“တက္ကသိုလ်အဆင့်မှာ အနည်းငယ်သုံးစွဲတာတွေ့ရတယ်။

အီဘိုလာသံသယလူနာတွေ့၊ လူထုကြားစိုးရိမ်မှုမြင့်

 Photo: အီဘိုလာသံသယလူနာတွေ့၊ လူထုကြားစိုးရိမ်မှုမြင့်
Thursday, August 21, 2014

ဝေဘာဂီကူးစက်ဆေးရုံ တွင် အီဘိုလာသံသယရှိလူနာ ရောက်ရှိလာပြီးနောက် မြန်မာ ပြည်တွင်းသို့ အီဘိုလာ ရောဂါပိုး ရောက်ရှိလာ ပြီဟုဆိုကာ ပြည်သူ များအကြား စိုးရိမ်မှု များ မြင့်တက်နေ ကြောင်း သတင်း ရရှိသည်။
အီဘိုလာရော ဂါ စတင်ဖြစ် ပွားခဲ့သည့် အာဖရိက နိုင်ငံများဖြစ် သော ဂီနီနိုင်ငံနှင့် လိုက်ဘေး ရီးယားနိုင်ငံများတွင် အလုပ်လုပ် ကိုင်ပြီး ပြန်ရောက်လာသည့် မြန်မာနိုင်ငံသား ငါးဦးအနက် တစ်ဦးမှာ အပူချိန်မြင့်မားနေသ ဖြင့် သံသယဖြင့် စစ်ဆေးနေ ခြင်းဖြစ်သည်။
၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်လာရာတွင် ထိုင်းနိုင်ငံမှတစ် ဆင့် MAI လေကြောင်းလိုင်း ဖြင့် ပြန်လာသော အမျိုးသား ငါးဦးသည် ဩဂုတ် ၁၉ ရက် ညက မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။
၎င်းတို့ထဲမှ အသက် (၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးသည် အပူချိန်များနေခြင်း၊ ကိုယ်လက်မအီမသာဖြစ်နေသည့် ရောဂါဖြစ်နေခြင်းကြောင့် လေဆိပ်ရှိ ကျန်းမာရေး စောင့်ကြည့်ဌာနက စစ်ဆေးရာ မသင်္ကာသဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီကူးစက်ဆေးရုံသို့ ပို့ဆောင်ထားသည်။
ဝေဘာဂီ ကူးစက်ဆေးရုံ တွင် စစ်ဆေးကုသနေသောသူ များသည် ကူးစက်မြန်အီဘိုလာ ရောဂါရှိ၊ မရှိ မသိရသေးသော် လည်း အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ဓာတ်ခွဲခန်းသို့ ပေး ပို့စစ်ဆေးနေစဉ် သာမန်ပြည်သူ များကြား စိုးရိမ်မှု မြင့်တက်နေ ခြင်းဖြစ်သည်။
‘‘ရပ်ကွက်ထဲက သူတွေက အီဘိုလာရောဂါ မြန်မာပြည် ရောက်နေတယ်လို့ ပြောနေကြ တယ်။ ဒီရောဂါအကြောင်းဘာမှ မသိပေမယ့် ဖြစ်ရင်သေတယ်၊ မြန်တယ်လို့ကြားတယ်။ ဘယ်လို ကာကွယ်ရမှာလဲမသိဘူး။ ဟုတ် တယ်ဆိုရင်လည်း အစိုးရက သတင်းထုတ်ပြန်သင့်တယ်။ ဓာတ်ပုံကြည့်တာ အဲဒီထဲက တစ် ယောက်က ဝှီးချဲနဲ့ဆေးရုံလာတာ’’ ဟု မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီကူးစက်ဆေးရုံအနီးတွင် နေထိုင်သော အသက်(၄၀)အရွယ် ဦးစိုးသိန်းက ပြောသည်။
ဝေဘာဂီ ကူးစက်ဆေးရုံ တွင် စစ်ဆေးကုသနေသူများနှင့် ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်သံလိုင်း က ဩဂုတ် ၂၀ ရက်တွင် အကြိမ် ကြိမ်ထုတ်လွှင့်ကြေညာခဲ့သည်။
အသက်(၂၂) နှစ်အရွယ် အီဘိုလာဟု သံသယရှိသူ အမျိုး သား၏သွေးကို အိန္ဒိယနိုင်ငံ၊ ပူးနေမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲ ခန်း WHO သို့ပို့ဆောင်ထားပြီး အီဘိုလာရောဂါဟုတ်၊ မဟုတ် သိရှိရန် သီတင်းတစ်ပတ်ကြာစောင့်ဆိုင်းရမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းက ကြေညာခဲ့သည်။
‘‘ဒီနေ့ မနက် ၈ နာရီခွဲ သတင်းကတည်းက ကြေညာနေ တာ။ အတည်မပြုသေးပေမယ့် အခုလူတွေက တော်တော်လန့်နေ ကြပြီ။ ဒီလောက်ကြေညာနေရင် တကယ်ဖြစ်နေလောက်ပြီ ထင် တယ်’’ဟု လှည်းတန်း၊ (၆)လမ်း တွင်နေထိုင်သော ကိုဉာဏ်ဉာဏ် က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန ဘက်ကမူ လူထုအကြား ကော လာဟလဖြင့် ထိတ်လန့်ကြမည် စိုး၍ အဆိုပါသတင်းကို အကြိမ် ကြိမ်ထုတ်လွှင့်နေခြင်းဖြစ်သည်။
‘‘တစ်ယောက်က နေမကောင်းဘဲ ကိုယ်လက်မအီမသာဖြစ်နေတဲ့ အတွက်ကြောင့် စစ်ဆေးနေတယ်။ သူနဲ့ပါလာတဲ့ လေးယောက်ကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သွေးကို ဖောက်ထုတ်ပြီး WHO ကိုပို့ထား တယ်။ သူတို့ဆီက ပြန်လာမယ့် အဖြေက အနည်းဆုံးသုံး၊ လေး ရက်ကြာမယ်။ သွေးဖောက်စစ်ပြီး လေဆိပ်ကိုပို့ထားတယ်။ သက် ဆိုင်ရာတွေက လာယူပြီးစစ်ဆေး မှာပါ’’ဟု ဝေဘာဂီကူးစက်ဆေး ရုံအုပ် ဒေါက်တာသန်းသန်းဌေး က ပြောသည်။
အပူချိန်များ၍ စစ်ဆေးရန် လိုအပ်သော အသက်(၂၂)နှစ် အရွယ် အမျိုးသားတစ်ဦးကို သီးသန့်ထားရှိကာ ၎င်းအားကိုင်တွယ်၍ အတူပါလာသော ကျန်အမျိုးသား လေးဦးကိုလည်း သီးသန့်ထားသည်ဟု ဆိုသည်။
ဩဂုတ်လ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူး စက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများက ဆိုက်ရောက် လာကြသော ခရီးသည်များကို ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်နေ သည်။
‘‘ကျွန်မတို့ လေယာဉ်ကို လည်း ဆေးဖျန်းတာတွေ၊ စစ် ဆေးတာတွေ ပြုလုပ်ပြီးပါပြီ။ အခုတော့ သာမန်အတိုင်း ပြေးဆွဲ ခွင့်ပြုထားပါတယ်’’ ဟု မြန်မာ့ လေကြောင်းလိုင်း (MAI)မှ ဈေးကွက်ဖြန့်ချိရေးမန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။
‘‘လေဆိပ်ရောက်တော့ ပါလာတဲ့သူ တစ်ယောက်က အပူ ချိန်တွေများနေတာ၊ မေးကြည့် တော့ အာဖရိကနိုင်ငံမှာ အလုပ် လုပ်လာတာဆိုတော့ ဆေးရုံကို တန်းပို့လိုက်တာ’’ ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လေကြောင်းလိုင်း ရဲတပ်ဖွဲ့မှ ရဲအုပ်အေးမြင့်ဝင်းက 7Day Daily အားပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ ကြေညာချက်အရ ယခုနှစ်အတွင်း အီဘိုလာကြောင့် သေဆုံးသူအရေအတွက်သည် ၁,၂၉၉ ဦးအထိ ရှိနေပြီဟု BBC သတင်းဌာနက ကြေညာထား သည်။ ထို့အပြင် ဩဂုတ် ၁၄ မှ ၁၆ ရက်အထိ သုံးရက်အတွင်း လိုက်ဘေးရီးယား၊ ဆီယာရာလီ ယွန်၊ ဂီနီနှင့် နိုင်ဂျီးရီးယားတို့ တွင် အီဘိုလာကြောင့် လူ ၈၄ ဦးအထိ အသက်ဆုံးရှုံးခဲ့သည်။ အနောက်အာဖရိကတွင် ကူးစက် နေသည့် အီဘိုလာရောဂါသည် သမိုင်းတစ်လျှောက် အီဘိုလာ ကပ်ဘေးများတွင် သေနှုန်းအမြင့် ဆုံးဖြစ်သည်။ အဆိုပါရောဂါကို ကုသနိုင်သည့် ဆေးဝါးမျိုးမရှိ သေးကြောင်း အဆိုပါသတင်း ဌာနက ဖော်ပြထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်စစ်ဆေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းဌေး မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily
ဝေဘာဂီကူးစက်ဆေးရုံတွင် အီဘိုလာသံသယရှိလူနာ ရောက်ရှိလာပြီးနောက် မြန်မာပြည်တွင်းသို့ အီဘိုလာ ရောဂါ ပိုး ရောက်ရှိလာ ပြီဟုဆိုကာ ပြည်သူများအကြား စိုးရိမ်မှု များ မြင့်တက်နေ ကြောင်း သတင်း ရရှိသည်။အီဘိုလာရော ဂါ စတင်ဖြစ် ပွားခဲ့သည့် အာဖရိကင်ငံများဖြစ် သော ဂီနီနိုင်ငံနှင့် လိုက်ဘေး ရီးယားနိုင်ငံများတွင် အလုပ်လုပ် ကိုင်ပြီး ပြန်ရောက်လာသည့် မြန်မာနိုင်ငံသား ငါးဦးအနက် တစ်ဦးမှာ အပူချိန်မြင့်မားနေသ ဖြင့် သံသယဖြင့် စစ်ဆေးနေ ခြင်းဖြစ်သည်။၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်လာရာတွင် ထိုင်းနိုင်ငံမှတစ် ဆင့် MAI လေကြောင်းလိုင်း ဖြင့် ပြန်လာသော အမျိုးသား ငါးဦးသည် ဩဂုတ် ၁၉ ရက် ညက မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။၎င်းတို့ထဲမှ အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးသည် အပူချိန်များနေခြင်း၊ ကိုယ်လက်မအီမသာဖြစ်နေ သည့် ရောဂါဖြစ်နေခြင်းကြောင့် လေဆိပ်ရှိ ကျန်းမာရေး စောင့်ကြည့်ဌာနက စစ်ဆေးရာ မသင်္ကာသဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီ ကူးစက်ဆေးရုံသို့ ပို့ဆောင်ထားသည်။

ယခုဘဏ္ဍာနှစ်အတွင်း ရုရှားနိုင်ငံသို့ ပေါင်းဆန်တင်ပို့ရမှုများနေပြီး သြဂုတ် ၁၅ ရက်အထိ ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁၉၆ သန်းရရှိထား

 Photo: ယခုဘဏ္ဍာနှစ်အတွင်း ရုရှားနိုင်ငံသို့ ပေါင်းဆန်တင်ပို့ရမှုများနေပြီး သြဂုတ် ၁၅ ရက်အထိ ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁၉၆ သန်းရရှိထား
Thursday, August 21, 2014

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ရုရှားနိုင်ငံသို့ ပေါင်းဆန်တင်ပို့ရမှုများနေပြီး ဩဂုတ် ၁၅ ရက်အထိ ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁၉၆ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“လက်ရှိမှာရုရှားကို oversea ကနေ ပေါင်းဆန်တင်ပို့မှု များနေပါတယ်။ ဥရောပဘက်ကိုလည်း GSP အခွင့်အရေးရလို့ တင်ပို့တာတွေရှိတယ်။ ဩဂုတ် ၁၅ ရက်အထိ ပြည်ပကိုဆန်နဲ့ ဆန်ကွဲတန်ချိန် ၅၃ဝဝဝဝ တင် ပို့ထားပြီး ရငွေ ၁၉၆ သန်းရှိပါတယ်။ ကာလတူတင်ပို့မှုထက်ကို တန်ချိန်ရော ရငွေပါ ပိုမိုရရှိထားပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် ယခင်ဘဏ္ဍာနှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၆ဝဝဝဝ ကျော် ပိုမိုတင်ပို့ထားနိုင်ပြီး ရငွေမှာ ဒေါ်လာ ၅၇ သန်းကျော် ပိုမိုရရှိထားကြောင်း သိရသည်။
ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ဆန်တင်ပို့ရာတွင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်တွင် တန်ချိန် ၈၉၅၈၇ဝ တင်ပို့မှုမှ ဒေါ်လာ ၂၇၉ သန်းကျော်၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၂၇ဝဝဝ တင်ပို့မှုမှ ဒေါ်လာ ၁၉၄ သန်းကျော်၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၉၁ဝ၈၇ တင်ပို့မှုမှ ဒေါ်လာ ၃ဝ၈ သန်းကျော်၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၃၄၂၆၅ တင်ပို့မှုမှဒေါ်လာ ၅၂၈ သန်းကျော်၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ဝ၆၆၄၁၄ ခန့်တင်ပို့မှုမှ ဒေါ်လာ ၃၈ဝ သန်းကျော် အသီးသီးရရှိထားကြောင်း သိရသည်။
သို့ဖြစ်၍ ဘဏ္ဍာနှစ် ငါးနှစ်အတွင်း တင်ပို့မှုကိုကြည့်မည် ဆိုပါက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် တင်ပို့သည့် တန်ချိန်နှင့် ရရှိသည့် ငွေပမာဏမှာ စံချိန်တင်များပြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရားဝင်ကုန်သွယ်မှုလိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့သော်လည်း ဩဂုတ် ၁ ရက်တွင် တရုတ်ဗဟို အစိုးရစီမံချက်ဖြင့် ဆန်များအား တရုတ်နိုင်ငံ ရွှေလီမြို့နှင့် နေရာအနှံ့အပြားတွင် ဖမ်းဆီးခြင်း၊ တရုတ် ဘက်ရွှေလီရှိကုန်သည်များ၏ ဂိုဒေါင်များအား ဝင်ရောက်စစ်ဆေး၍ မြန်မာဆန်များအား ဖမ်းဆီးခြင်းတို့ကို ပြုလုပ်ခဲ့သဖြင့် မူဆယ်ဆန်စပါး ကုန်စည်ဒိုင်ဈေးကွက်တွင် အရောင်းအဝယ်များ ရပ်နားထားရခြင်းကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရုတ်သံရုံးတို့ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် တရားဝင်တင်ပို့ခွင့် ရရှိရေးအတွက် စက်တင်ဘာလတွင် နှစ်နိုင်ငံ စာချုပ်ချုပ်ဆို သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းမှတစ်ဆင့် ရုရှား၊ ဥရောပ၊ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့်ဂျပန်သို့ တင်ပို့မှုရှိပြီး တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုကာ တင်ပို့မှုရှိနေကြောင်း သိရသည်။
Eleven Media Group
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ရုရှားနိုင်ငံသို့ ပေါင်းဆန်တင်ပို့ရမှုများနေပြီး ဩဂုတ် ၁၅ ရက်အထိ ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁၉၆ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“လက်ရှိမှာရုရှားကို oversea ကနေ ပေါင်းဆန်တင်ပို့မှု များနေပါတယ်။ ဥရောပဘက်ကိုလည်း GSP အခွင့်အရေးရလို့ တင်ပို့တာတွေရှိတယ်။ ဩဂုတ် ၁၅ ရက်အထိ ပြည်ပကိုဆန်နဲ့ ဆန်ကွဲတန်ချိန် ၅၃ဝဝဝဝ တင် ပို့ထားပြီး ရငွေ ၁၉၆ သန်းရှိပါတယ်။ ကာလတူတင်ပို့မှုထက်ကို တန်ချိန်ရော ရငွေပါ ပိုမိုရရှိထားပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် ယခင်ဘဏ္ဍာနှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၆ဝဝဝဝ ကျော် ပိုမိုတင်ပို့ထားနိုင်ပြီး ရငွေမှာ ဒေါ်လာ ၅၇ သန်းကျော် ပိုမိုရရှိထားကြောင်း သိရသည်။

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်ရန် NCCT လိုလား

Photo: ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်ရန် NCCT လိုလား
Thursday, August 21, 2014

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံ၏ထင်ရှားသော လူထုခေါင်းဆောင်တစ်ဦးအနေဖြင့်ပါဝင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကလိုလားနေကြောင်း NCCT အဖွဲ့ခေါင်းဆောင်များ၏ ပြောကြားချက်များအရ သိရသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စဲရေးလုပ်ဆောင်ပါက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားတိုင်းရင်းသားခေါင်းဆောင်များကို သက်သေအဖြစ်ပါဝင်ရန် တင်ပြထားသည်ဟု NCCT ခေါင်းဆောင်များကဆိုသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာနိုင်မည့်အခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာက "ဒီနှစ်ဖက်ကတော့ အပစ်အခတ်ရပ်ပြီဆိုပြီး သက်သေတစ်ယောက်အနေနဲ့ ပါကောင်းပါမယ်။ အဲဒီအပစ်ရပ်တဲ့စာချုပ်ပြီးလို့ သက်သေပါပြီးတဲ့နောက်ဆိုရင်တော့ လွယ်သွားပြီ။ အဲဒီမှာကတော့ မူဘောင်ပဲရေးဆွဲမလား။ နောက်ထပ်အကောင်အထည်ဖော်တဲ့ ကော်မတီပဲဖွဲ့မလား။ အဲဒီမှာတော့ သူ့ရဲ့ ပါသင့်ပါထိုက်တဲ့ သူ့ရဲ့အနေအထားနဲ့ ဆက်လက်ပါသွားနိုင်တယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ်အလွန် လုပ်ငန်းတွေမှာတော့ ဦးဆောင်ဦးရွက်ပါသွားမယ်။ အပစ်အခတ်ရပ်စဲရေး နိဂုံးချုပ်တဲ့အချိန်မှာတော့ သက်သေအဖြစ်ပါသွားမယ်" ဟု ပြောကြားသည်။
NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကလည်း "ကျွန်တော်တို့ဖိတ်မယ်ဆိုရင် သူလာမယ်လို့တော့ပြောပါတယ်။ သူကတော့ နိုင်ငံမှာထင်ရှားတဲ့ လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်စေချင်တာပါ" ဟု ပြောကြားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် NCCT တို့ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းစဉ်မှာ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှည်ကြာမည်ဖြစ်ကြောင်း၊ အပစ်ရပ်စဲရေးလုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရန် ဖိတ်ကြားလိုသော်လည်း ဆွေးနွေးဖက်ဖြစ်သည့် အစိုးရ၏သဘောတူညီချက်ရမှသာ ဖိတ်ကြားလို့ရကြောင်း NCCT မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
"နှစ်ဖက်သဘောတူမှ လူတစ်ယောက်ကိုဖိတ်လို့ရတယ်။ ဥပမာ နမ်ဘီးယားကိုဖိတ်တယ်ဆိုတာ ကျွန်တော်တို့လည်းသဘောတူတယ်။ အစိုးရလည်းသဘောတူတယ်။ ဆွေးနွေးဖက်နှစ်ဖက်သဘောတူမှ အလယ်လူတစ်ယောက်ကို ပြောလို့ရတာ" ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၀ိုင်းကူပေးရန် နိုင်ငံတော်သမ္မတမှ ပြောကြားထားပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကူညီချင်သည့်အခန်းကဏ္ဍမှ ၀င်ရောက်ကူညီလို့ရသည်ဟု ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်ဆိုပါက ၀မ်းသာပါကြောင်းနှင့် တစ်နေ့နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်ဖြစ်သည်ဟု ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော အရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံပွဲတွင် သတင်းမီဒီယာများအား ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရသူ ဦးဥာဏ်ဝင်းက "ဥက္ကဋ္ဌက ပြည်တွင်းငြိမ်းချမ်းရေးမှာ သူကိုယ်တိုင်ပါဝင်ဖို့ ဆန္ဒရှိတယ်ဆိုတာ သုံးခါလောက်ရှိပြီပြောတာ။ အန်ကယ်သိသလောက်ပြောရင် ဒီနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်တာ မရှိသေးဘူး" ဟု သြဂုတ် ၁၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြန်လည်ဖြေကြားသည်။
NCCT အဖွဲ့ခေါင်းဆောင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာတို့သည် ရန်ကုန်မြို့သို့ အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အပစ်ရပ်စဲရေးညှိနှိုင်းမှုဆောင်ရွက်ရန်လာရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလေ့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့၏ သြဂုတ် ၁၈ ရက်က တွေ့ဆုံမှုတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်လည်း ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်ဂွမ်မော်က "ကျွန်တော်တို့က လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်များပါဝင်ဖို့ လိုလားပါတယ်။ အချိန်မတိုင်ခင်မှာ မလိုအပ်သေးတဲ့အချိန်မှာ ကျွန်တော်တို့က မဖိတ်ခေါ်တာဘဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ တကယ်ပဲဖိတ်ခေါ်ဖို့ဖြစ်ပါတယ်" ဟု သြဂုတ် ၁၈ ရက်က ပြောကြားသည်။
Eleven Media Group
ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံ၏ထင်ရှားသော လူထုခေါင်းဆောင် တစ်ဦးအနေဖြင့်ပါဝင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကလိုလားနေကြောင်း NCCT အဖွဲ့ခေါင်းဆောင်များ၏ ပြောကြားချက်များအရ သိရသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အကြား အပစ်ရပ်စဲရေးလုပ်ဆောင်ပါက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားတိုင်းရင်းသားခေါင်းဆောင်များကို သက်သေအဖြစ် ပါဝင်ရန် တင်ပြထားသည်ဟု NCCT ခေါင်းဆောင်များကဆိုသည်။

အရှေ့မြောက်ပိုင်းဒေသသူပုန်များ တရုတ်နှင့် မြန်မာမှ လက်နက်ရရှိဟုဆို

အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသရှိ လက်နက်ကိုင်စစ်သွေး ကြွများသည် မြန်မာနှင့်တရုတ်နိုင်ငံတို့မှတရားမဝင်လက်နက် နှင့်ကျည် အမြောက်အမြားဆက် လက်ရရှိနေကြောင်း နယ်ခြားလုံ ခြုံရေးတပ်မှ အကြီးတန်းအရာရှိ တစ်ဦးက သြဂုတ် ၁၉ ရက်၌ ပြောကြားလိုက်သည်။
‘‘ဘင်္ဂလားဒေ့ရှ်နယ်စပ်က နေ နိုင်ငံတကာနယ်စပ်ကိုဖြတ်ပြီး ဒီနိုင်ငံထဲကို လက်နက်နဲ့ကျည် တွေသွင်းထားတာ။ တစ်ခါတစ်ရံ တော့ရှိပါတယ်။ ဒါပေမဲ့ အတော် များများဟာ တရုတ်နဲ့ မြန်မာနယ် စပ်တွေကိုဖြတ်ပြီး ဝင်လာနေကြ တယ်’’ဟု မေဂါလာယာရှေ့တန်း ကို ကြီးကြပ်ရသူအရာရှိဆူဒက်ရှိ ကူးမားက သတင်းထောက်များအားပြောသည်။‘‘အနောက်ပိုင်းက ရှေ့တန်း နဲ့မတူတာက အဲဒီမှာဆိုရင် နယ် စပ်ကိုစောင့်ကြည့်ရတာလွယ်ပေ မယ့် အရှေ့ဘက်နယ်စပ်ကတော့ တောင်တန်းတွေရှိတာကြောင့် စောင့်ကြပ်ရတာပိုခက်ခဲပါတယ်။ အဝေးကိုလှမ်းမမြင်နိုင်တာက လည်း ကျွန်တော်တို့တပ်တွေ အတွက် ပိုဆိုးစေပါတယ်’’ဟုဆို သည်။

မျိုးစောင့်ဥပဒေဟောပြောပွဲတွင် ဒီချုပ်ကို သိက္ခာချခဲ့သည်ဟု စွပ်စွဲခံရသူ စက်တင်ဘာ ၁ ရက်တွင် ထပ်မံစစ်ဆေးမည်

မျိုးစောင့်ဥပဒေဟော ပြောပွဲတွင် လက်ကမ်းစာစောင် များနှင့် ဗီနိုင်းများအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ် ပါတီအား ဂုဏ်သိက္ခာကျဆင်း စေရန်လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရသည့်အမျိုးသားတစ်ဦးကိုပွင့်ဖြူ NLD မှ တရားစွဲဆိုထားသည့်အမှု စက်တင်ဘာ ၁ ရက်တွင် ထပ်မံကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။တရားစွဲဆိုခံရသည့်အမျိုး သားသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့တွင် ဧပြီ ၃၀ ရက်ကပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေဟောပြောပွဲ၌ လက်ကမ်းစာစောင်များနှင့် ဗီနီုင်းများအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရပြီး တရားစွဲဆိုခံရခြင်းဖြစ်သည်။အဆိုပါတရားစွဲဆိုမှုမှာ မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ဟောပြောမှုများအတွက် တရားစွဲ ဆိုခြင်းမဟုတ်ဘဲ ပါတီခေါင်း ဆောင်တစ်ဦးနှင့် နိုင်ငံရေးပါတီ တစ်ခုအပေါ် ပုတ်ခတ်တိုက်ခိုက် ခြင်းကြောင့် တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းခြင်းဖြစ်ကြောင်း မကွေး NLD ၏ တိုင်းအတွင်းရေးမှူးဦးနေမျိုးကျော်က ပြောသည်။‘‘မျိုးစောင့်ဥပဒေအရေးလှုပ် ရှားသူတစ်ဦးအား NLD က တရားစွဲတယ်ဆိုပြီး ထင်ယောင် ထင်မှားမဖြစ်စေချင်ဘူး။ ကျွန် တော်တို့က မျိုးစောင့်ဥပဒေဟော ပြောလို့ တရားစွဲတာမဟုတ်ဘူး။ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လို့ တရားစွဲတာ’’ဟု ဦးနေမျိုးကျော် က ပြောသည်။

လူစည်ကားရာ နေရာသုံးခုတွင် လူကူးခုံးကျော်တံတားသုံးစင်း ဆောက်လုပ်မည်

ရန်ကုန်မြို့ရှိ လူစည် ကားသည့်နေရာသုံးခု၌ လူကူးခုံး ကျော်တံတား သုံးစင်း ယခုနှစ်အတွင်း အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။အဆိုပါ လူကူးခုံးကျော်တံ တား သုံးစင်းကို ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်အ နီး၌ လည်းကောင်း၊ ပန်းဆိုးတန်း- နန်းသီတာဆိပ်ကမ်းအနီးနှင့် မင်္ဂ လာဒုံမြို့နယ် အောင်ဆန်းသူရိယ လှသောင်းကျောင်းအနီး၌လည်း ကောင်း အသီးသီး ဆောက်လုပ် သွားမည်ဖြစ်သည်။‘‘လူသွားများတဲ့ နေရာတွေ ဆိုတော့ ယာဉ်ကြောပိတ်ဆို့မှု တွေလည်း ရှိတယ်။ ဒီတော့ လမ်း ဖြတ်ကူးသူတွေအနေနဲ့ အန္တရာယ် များတယ်။ ယာဉ်မတော်တဆမှု တွေ လျှော့ချဖို့အတွက်နဲ့ ခရီး သည်တွေ အန္တရာယ်ကင်းစေဖို့အ တွက် လူကူးခုံးကျော်တံတားတွေ ကို ဒီနှစ်ထဲ အပြီးဆောက်သွား မယ်’’ ဟု မြို့တော်စည်ပင် (လမ်း နှင့်တံတားဌာန) မှ လက်ထောက် ဌာနမှူး ဦးတင်ထွန်းဦးက ဆိုသည်။

ပြန်ပေးဆွဲခံခဲ့ရသည့် နိုင်ဂျီးယားမိန်းကလေး ၂၀၀ ကျော်အား ကူညီရှာဖွေရန် ဗြိတိန်က တိုနေဒိုး လေယာဉ်များ စေလွှတ်မည်

ဘိုကိုဟာရမ်သူပုန်များက ပြန်ပေးဆွဲသွားပြီး ပျောက်ဆုံးနေဆဲဖြစ်သည့် နိုင်ဂျီးရီးယားအမျိုးသမီး ၂၀၀ ကျော်အား ကူညီရှာဖွေပေးရန် ဗြိတိန်က တိုနေဒိုးထောက်လှမ်းရေး ဂျက်တိုက်လေယာဉ်များ စေလွှတ်ပေးသွားမည်ဟု သိရသည်။

နေပြည်တော်-မန္တလေး အမြန်လမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် ၂၉ ဦးဒဏ်ရာရ

သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် နေပြည်တော်-မန္တလေး လမ်းပိုင်း၌ ဂျေဂျေခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် ခရီးသည် ၂၈ ဦးနှင့် ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိကာ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ တင်ပို့ထားကြောင်း သတင်းရရှိသည်။

မဟာဗန္ဓုလတံတားပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာ ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် တံတား လက်ရန်းဘောင် အား ၀င်တိုက်

Photo: မဟာဗန္ဓုလတံတားပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာ ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် တံတား လက်ရန်းဘောင် အား ၀င်တိုက်
Thursday, August 21, 2014

မဟာဗန္ဓုလတံတားပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် တံတားလက်ရန်းဘောင်အား ဝင်တိုက်မှု ဩဂုတ် ၂ဝ ရက်ည နေ ၅ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်တွင် ဗိုလ်တထောင်ဘက်မှ ဒေါပုံဘက်သို့ လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ  လမ်းလယ်ဘလောက်တုံးများကို ဝင်တိုက်ခဲ့သည်။ ထို့နောက် လမ်းမှန်ဘက်သို့ ချိုးကွေ့ကာ ပါဂျဲရိုးအမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီးအား ထပ်မံတိုက်မိခဲ့ပြီးနောက် တံတားလက်ရန်းဘောင်ကို ဝင်တိုက်မိခဲ့ကာ အဆိုပါ ကွန်တိန်နာယာဉ်၏ ရှေ့ဘီးနှစ်ဘီးကျွံကျခဲ့ကြောင်း သိရသည်။

“ညနေ ၅ နာရီလောက်က လမ်းပြောင်းပြန်မောင်းလာတဲ့ ကွန်တိန်နာကားကြီး လမ်းလယ်က ဘလောက်တုံးတွေကို ဝင်တိုက်တယ်။ နောက်ပြီး ဒေါပုံဘက်ကို ဆင်းလာတဲ့ ပါဂျဲရိုးကားကို ထပ်တိုက်ပြီးတော့  တံတားလက်ရန်းဘောင်ပေါ်ကို ရှေ့ဘီးနှစ်ဘီးကျွံ ကျသွားတယ်။ ကွန်တိန်နာကားမောင်းသမားကတော့ ထွက်ပြေးသွားတယ်။ ပါဂျဲရိုး ကားပေါ်က အမျိုးသမီးတစ်ယောက်ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်” ဟု အဆိုပါ ယာဉ်တိုက်မှုအား တွေ့မြင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိယာဉ်ထိန်းရဲတစ်ဦးက “ ကားကို မဆင်မခြင်မောင်းနှင်လာတဲ့ ကွန်တိန်နာ ယာဉ်မောင်းက ထွက်ပြေးသွားတဲ့အတွက် သူ့ကိုမော်တော်ယာဉ် ဥပဒေအတိုင်း စုံစမ်းစစ်ဆေးပြီး အရေးယူသွားမှာပါ” ဟု ပြောကြားသည်။

ယင်းကဲ့သို့ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သောကြောင့် မဟာဗန္ဓုလတံတားပေါ်၊ ဒေါပုံမြို့နယ် ယမုံနာလမ်းမကြီးတစ်လျှောက်နှင့် သာကေတတံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ယခင်ကထက် ပိုမိုဖြစ်ပွားခဲ့သည်။ အဆိုပါမဟာဗန္ဓုလတံတား အဆင်းနှင့်ယမုံနာလမ်းဆုံရာ မီးပွိုင့်အနီးလမ်းကွေ့တွင် ကွန်တိန်နာယာဉ် တိမ်းမှောက်မှုများ၊ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Eleven Media Group 

မဟာဗန္ဓုလတံတားပေါ်တွင် ရှေ့ဘီးနှစ်ဘီး ကျွံကျသွားသော ကွန်တိန်နာ ယာဉ်အား သြဂုတ်၂၀ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- အောင်ထက်ခိုင် )
မဟာဗန္ဓုလတံတားပေါ်တွင် ရှေ့ဘီးနှစ်ဘီးကျွံကျသွားသော ကွန်တိန်နာယာဉ်အား သြဂုတ်၂၀ ရက်ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- အောင်ထက်ခိုင် )
မဟာဗန္ဓုလတံတားပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကိုယ်ပိုင်ယာဉ် တစ်စီးနှင့် တံတားလက်ရန်းဘောင်အား ဝင်တိုက်မှု ဩဂုတ် ၂ဝ ရက်ည နေ ၅ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။