Friday, September 19, 2014

ဥပဒေရေးရာကိစ္စများ တိုင်းအင်န်ဒီအက်ဖ်ရုံးတွင် လာရောက် အကူအညီတောင်း ခံနိုင်

မန္တလေးတိုင်းအင်န်ဒီ အက်ဖ်ပါတီရုံးခန်းသို့ ဥပဒေဆိုင်ရာ အကူအညီများ လာရောက် တောင်းခံပါက အခမဲ့လိုက်လံကူ ညီပေးသွား မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ရွှေစင်

Shwe Zin with myanmar traditional dress

သရုပ်ဆောင်ရဲတိုက် ပုဒ်မနှစ်ခုအတွက်ထောင်ဒဏ်တစ်နှစ်စီချမှတ်ခံရ

၂၀၁၅ ကို မှန်မှန်ကန်ကန် ဖြတ်သန်းပါက ပြည်သူလိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ဒေါ်စုပြော

Aung-San-Su-Kyi
ပြည်သူ့လွတ်တော်အစည်းအဝေးသို့ ရောက်ရှိသည့် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
နေပြည်တော် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ဖြတ်သန်းနိုင်ပါက ပြည်သူများ လိုချင်သည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး အထောက်အကူပြုနိုင်မည်ဟု အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
၎င်းက “၂၀၁၅ ကို မှန်မှန်ကန်ကန်နဲ့ သွားမယ်ဆိုရင် ကျွန်မတို့ပြည်သူတွေလိုချင်တဲ့ ပြည်ထောင်စုတစ် ခုတည် ဆောက်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်ပါမယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါ တယ်” ဟု ပြောသည်

တာချီလိတ်၌ တစ်လအတွင်း ဒုတိယ အကြိမ်မြောက် ရေကြီးရေလျှံသည့်အတွက် ကယ်ဆယ်ရေးများ ပူးပေါင်းဆောင်ရွက်

ကလေးနည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံး ပြန်ဖြေခိုင်း၍ ကျောင်းသား၊ ကျောင်းသူများ ဆန္ဒပြ


ကလေးမြို့ နည်းပညာ တက္ကသိုလ်တွင် စာမေးပွဲအဖြေ လွှာများ ပျောက်ဆုံးသွားသော ကြောင့် ယင်းတက္ကသိုလ်မှလက် ထောက်ညွှန်ကြားရေးမှူးက ရဲစ ခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အဖြေလွှာများမှာ စက်တင် ဘာ ၁၇ ရက်က ပျောက်ဆုံးသွား ခြင်းဖြစ်ပြီး ကလေးမြို့ နည်းပညာ တက္ကသိုလ် လက်ထောက်ညွှန် ကြားရေးမှူး ဦးညီညီထွန်းက တရားလိုပြုလုပ် တိုင်ကြားခဲ့ ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးက အတည်ပြုသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Friday, September 19, 2014

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာ မရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် ကရင်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“အခု ကျွန်မတို့ ၂ဝ၁၅ ကျရင် ရွေးကောက်ပွဲရှိတယ်ဆိုတာ အားလုံးသိကြတာပဲ။ ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးအရ ဒီမိုကရေစီလိုချင်ရင် မဖြစ်မနေဖြတ်သန်းရမယ့် ကိစ္စမျိုးဖြစ်ပါတယ်။ ဒီတစ်ခုတည်းရှိရုံနဲ့ ဒီမိုကရေစီရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေမရှိဘဲနဲ့တော့ ဒီမိုကရေစီဆိုတာ မရှိနိုင်ဘူး။ ဒါရှိရုံနဲ့ မပြီးနိုင်ဘူး။ တခြားဟာတွေ အများကြီးလိုအပ်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စပြီး ထူထောင်စဉ်က တိုင်းရင်းသားအားလုံးပါဝင်သည့် အဖွဲ့ချုပ်ဖြစ်ကြောင်း၊ ဗမာပါတီမဟုတ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံးပါသည့် ပါတီဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
 
“ပြည်ထောင်စုဆိုတာ တိုင်းရင်းသားအားလုံးကို ကျွန်မတို့ကနေပြီးတော့ တန်းတူညီတူအဖွဲ့ဝင်တွေအနေနဲ့ ကြိုဆိုလက်ခံပြီးတော့ အတူလုပ်နေတဲ့ ပါတီဖြစ်ပါတယ်။အဲဒါကြောင့်မိုလို့ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခုအနေနဲ့ ဖြစ်သွားအောင်လို့ ကျွန်မတို့ အများကြီးအထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
 
ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က “ကရင်ပြည်နယ်ဆိုပေမယ့် အခြားတိုင်းရင်းသားလူမျိုးစုတွေရှိတယ်ဆိုတာ ကျွန်မ မမေ့ပါဘူး။ ကရင်လူမျိုးတွေသာ မဟုတ်ပါဘူး။ အခြားတိုင်းရင်းသား လူမျိုးစုတွေရှိပါတယ်။ နောက်ရွာလေး သေးသေးလေးတွေရောက်တဲ့အခါမှာ နွေးနွေးထွးထွေး ကြိုဆိုတာကတစ်ပိုင်းပေါ့။နောက်တစ်ပိုင်းက နိုင်ငံရေး နိုးကြားတက်ကြွမှုရှိတယ်ဆိုတာ တွေ့ခဲ့ရတယ်”ဟု ပြောကြားသည်။
 
ပြည်သူတွေသည် နိုင်ငံရေးအရ တက်ကြွမှ တကယ့်ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ကြောင်း၊ ဒီမိုကရေစီဆိုတာ ပြည်သူများ၏ အုပ်ချုပ်မှုဖြစ်ကြောင်း၊ ပြည်သူများက အုပ်ချုပ်သည့်သူဖြစ်ချင်ဖြစ်ပါက ကိုယ့်မှာ အရည်အချင်းရှိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
“အဲဒါကြောင့် ကျွန်မတို့ တိုင်းရင်းသားတွေက ဝိုင်းဝန်းပြီးတော့ ကြိုးစားကြပါ။အဲဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့အဖွဲ့ဝင်တွေဟာ ဒီမိုကရေစီအခွင့်အရေးတွေကို လိုချင်တာနဲ့အမျှ ဒီမိုကရေစီတာဝန်တွေကို ကျေပွန်ဖို့လိုတယ်ဆိုတာကို ခဏခဏပြောပါတယ်။အဲဒါကို ပြည်သူတွေနားလည်ရမယ်။ ကိုယ်လိုချင်တဲ့အခွင့်အရေးတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ရယူနိုင်ဖို့အတွက်က ကိုယ်က တာဝန်ကျေတဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အဖွဲ့ချုပ်က အားလုံးကြိုးစားကြပါ။ ကြိုးစားပြီးတော့ ၂ဝ၁၅ ကို မှန်မှန်ကန်ကန်နဲ့ ဖြတ်သန်းသွားလို့ရှိရင် ကျွန်မတို့ပြည်သူတွေလိုချင်တဲ့ ပြည်ထောင်စုတစ်ခုကို တည်ဆောက်ရေးအတွက် အများကြီးအထောက်အကူဖြစ်ပါမယ်”ဟု ဆိုသည်။
 
လွှတ်တော်သို့ လာရောက်လေ့လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ကရင်တိုင်းရင်းသား ဦးစောစံမင်းက “ကရင်ပြည်နယ် မြို့နယ်အများအပြားကလာ တွေ့ တာ။ လာပြီးတက်ရောက်တာက လွှတ်တော်ဆွေးနွေးပုံကို လေ့လာတဲ့သဘောပေါ့။ လူဦးရေ ၂၅ဝ လောက်ရှိတယ်။ ကရင်၊ မွန်၊ ပအို့ဝ်တိုင်းရင်းသားတွေ ပါတယ်”ဟု ပြောကြားသည်။
 
“ကျွန်မတို့အဖွဲ့ချုပ်ဝင်များဟာ စပြီးထူထောင်ခဲ့တုန်းက ကျွန်မတို့ အမြဲပဲ လက်ဆုပ်ကိုင်ခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့လို့ ကျွန်မသတိပေးပါရစေ။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ အားလုံးကျွန်မတို့ရဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေပြောရမယ်။ ပြည်ထောင်စုသားအားလုံး လူမျိုးမရွေး၊ ကိုးကွယ်တဲ့ဘာသာမရွေး ပြောဆိုတဲ့ ဘာသာစကားမရွေး၊ ကိုယ်မွေးဖွားလာတဲ့ နေရာဒေသမရွေး  အားလုံးဟာ တစ်ယောက်နဲ့ တစ်ယောက်  နားလည်မှုရှိပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်လေးစားပြီးတော့ အပြန်အလှန် ကူညီရိုင်းပင်းချင်တဲ့စိတ်တွေကို မွေးကြပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စက်တင်ဘာ ၁၈ ရက်က နေပြည်တော်လွှတ်တော်အဆောက်အအုံတွင် NLD ပါတီဝင်များနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Eleven Media Group
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာ မရှိနိုင်ကြောင်း အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ၁၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် ကရင်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ရသည့် ဘင်္ဂါလီများ ကတိပြုကျမ်းကျိန်မည်

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင်ကျော်ရှိသည့်အနက် အစိုးရက နှစ်ရာကျော်ကို နိုင်ငံ သားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် ပေး လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံ သားပြုခွင့်ပေးလိုက်သည့် ဘင်္ဂါ လီ ၂၀၉ ဦးကို စက်တင်ဘာ ၂၂ ရက်တွင် ကတိပြုကျမ်းကျိန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ကြေညာ

Photo: အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ကြေညာ
Friday, September 19, 2014

အတုအပပြုလုပ်ခြင်းမှကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ်က စက်တင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။
 
 ၂ဝဝ၉ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သော ကျပ် ၅ဝဝဝ တန် ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေရေး၊ အရည်အသွေးပိုမိုကောင်းမွန်စေရန် အသုံးပြု နိုင်မှုသက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးကြိုးပုံစံအသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ ၏မျက်နှာပြင်နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ထားသည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူကို ထုတ်ဝေမည်ဟု ကြေညာချက်တွင် ပါရှိသည်။
 
မူလ ကျပ် ၅ဝဝဝ တန်ငွေစက္ကူ၏ မျက်နှာစာတွင် ဒေါင်လိုက်ထည့်သွင်းထားသော အကန့်လိုက်ဆစ်ပိုင်းပြီး မြှုပ်နှံထားသော လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအသစ်ကို အကန့်လိုက်အဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်းထားမည်ဖြစ်ကြောင်း၊ လုံခြုံရေးကြိုးအသစ်သည် ယခင် လုံခြုံရေးကြိုးအဟောင်းထက် အရွယ်အစားပိုမိုကြီး၍ အရောင်လည်း ပြောင်းလဲနိုင်ပြီး ငွေစက္ကူကို ကြည့်သည့်အနေအထားပေါ်မူတည်၍ ကြိုး၏ အရောင်သည် ရွှေဝါရောင်မှ အစိမ်းရောင်းသို့ ပြောင်းလဲနိုင်ကြောင်း၊ ငွေစက္ကူ ၏ မျက်နှာစာဘက် လက်ယာဘက်အပိုင်းတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ထားသည့် ဆင် ဖြူတော်ပုံရေစာပါရှိပြီး  ငွေစက္ကူကိုဖုံးအုပ်ထားသည့် ဗားနစ်(Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်းနိုင်သည့်အရာများကြောင့် ငွေစက္ကူ၏ အရောင်းအသွေးနိမ့်ကျ၍ ပျက်စီးခြင်းကို ကာကွယ်နိုင်ကြောင်းကြေညာချက်တွင် ပါရှိသည်။
 
ယခုထုတ်ဝေမည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူ၏ ငွေစက္ကူအရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အရောင်သတ်မှတ်ချက်များမှာ မူလ ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတိုင်းဖြစ်ကြောင်းနှင့် လက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသော ကျပ် ၅ဝဝဝ တန်ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ဗဟိုဘဏ်က ကြေညာခဲ့သည်။
 
ကျပ် ၅ဝဝဝ တန်ငွေစက္ကူ အတုများ နှင့် ကျပ် ၁ဝဝဝဝ တန်ငွေစက္ကူအတုများလည်း ပျံ့နှံ့ခဲ့ကြောင်း၊ စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျပ် ၁ဝဝဝဝ တန်ငွေစက္ကူအတု ရှစ်ရွက်နှင့် ထုတ်လုပ်သည့် ကာလာပရင်တာများကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ယင်းသို့ ငွေစက္ကူအတုများ ပျံ့နှံ့ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ကျပ် ၅ဝဝဝ တန်ငွေစက္ကူအား အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဟု ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

အသစ်ထုတ်ဝေမည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူပုံစံအား တွေ့ရစဉ်(ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်)
Eleven Media Group
အတုအပပြုလုပ်ခြင်းမှကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅ဝဝဝ တန်ငွေ စက္ကူများကို အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ်က စက်တင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။

၂ဝဝ၉ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သော ကျပ် ၅ဝဝဝ တန် ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေရေး၊ အရည်အသွေးပိုမိုကောင်းမွန်စေရန် အသုံးပြု နိုင်မှုသက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးကြိုးပုံစံအသစ်၊ ရေစာ အသစ်နှင့် ငွေစက္ကူ ၏မျက်နှာပြင်နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ထားသည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူကို ထုတ်ဝေမည်ဟု ကြေညာချက်တွင် ပါရှိသည်။