Friday, April 19, 2013

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

 ဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံ သို့ ပြန် လည် ရောက်ရှိလာခဲ့သည်။

ဘုရားဆင်းတုတော်များတူးဖော်ရရှိ


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ နဂါးရုံဘုန်းတော် ကြီးကျောင်း ကျောင်း ထိုင်ဆရာတော် ဘဒ္ဒန္တဥူးပဏ္ဍ၀ သီတင်းသုံး ရာကျောင်းဆောင်ရှေ့ ကျောင်းဝင်း အတွင်းရှိပန်းခြံထဲတွင် ဘုရားဆင်းတုတော်များရှိနေကြောင်း အိမ်မက်အရ တူးဖော်ခဲ့ရာ ၂၅-၃-၂၀၁၃ ရက်နေ့ ၁၀၃၀

19.4.2013 မှ 25.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

 တနင်္ဂနွေ
စိတ်သစ်လူသစ် ဤနှစ်သစ်မှာ အောင်မြင်မှု့ အသစ်တွေ က သင့်ကို ကြိုဆိုနေပါတယ်။ ဤနှစ်မဟာဘုတ် အရ သင့်ကံဇာတာအရလည်း ကံကောင်းပြီ။ ရာထူးတက်ခြင်း ၊ စီးပွားတက်ခြင်း ၊ အလုပ်အကိုင် အဆင်ပြေခြင်း၊ အချစ်ရေး အိမ်ထောင်ရေး ကံကောင်းခြင်းတို့ ဖြစ်မည်။ ခရီး ယာယီ တွေရောက်မည်။ စိတ်ချမ်းသာမှု့ တွေဖြစ်မည်။ ချက်ချင်းအဆင်မပြေ၍ အားမလျော့နှင့် ပြေလာမည်။ ကြီးသူ တစ်ယောက် ချူချာမည်။ စက်အပျက် အ၀င်မတော်ပါ။ 
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇။
အထူးဟော - အောင်မြင်တိုးတက်မည်။
ယတြာ - အိမ်ဘုရားကို အုန်းပန်းကပ်ပါ။
 

ရန်ကုန်တွင် ခရမ်းချဉ်သီး ဈေးနှုန်း လေးဆခန့်မြင့်တက်

ရန်ကုန်ဈေးကွက်တွင်း ခရမ်းချဉ်သီး ၀င်ရောက်မှုကျဆင်းလာခြင်းအတူ တစ်သေတ္တာ လျှင် ဈေးနှုန်း လေး ဆ ခန့်မြင့်တက်လာလျက်ရှိကြောင်း ပွဲရုံပိုင်ရှင်များထံက သိရှိရသည်။

၂၀၁၃ ဆီးဂိမ်းဖွင့်ပွဲတွင် အာဆီယံ အနုပညာရှင် ၃၀၀ ပါဝင်ဖျော်ဖြေမည်

၂၀၁၃ ဆီးဂိမ်းဖွင့်ပွဲတွင် အာဆီယံ အနုပညာရှင် ၃၀၀ ပါဝင်ဖျော်ဖြေမည်
Friday, April 19, 2013 

၂၇ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် အာဆီယံ ၁၀ နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှု အနုပညာရှင် စုစုပေါင်း ၃၀၀ တို့က မြန်မာ ယဉ်ကျေးမှု ပညာရှင်များနှင့် တွဲဖက်ကာ ဖျော်ဖြေ တင်ဆက်သွားရန် စီစဉ်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ပြောသည်။

“နိုင်ငံတကာကနေ အားကစားပြိုင်ပွဲတွေမှာ အနုပညာ ပေါင်းစပ်ဖျော်ဖြေတာက နည်းပါးတယ်။ ရွှေနိုင်ငံက ကြိုနေမယ် ဆိုတဲ့ သီချင်းကို သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအကတွေနဲ့ ဖျော်ဖြေကြမှာပါ။ မြန်မာကောအပါအဝင် ၁၁ နိုင်ငံက အနုပညာ ရှင်တွေ ကပြကြမှာပါ” ဟု ၎င်းက ဧပြီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သော ဆီးဂိမ်းအကြို သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းပြသည်။

ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမော၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့မှ ယဉ်ကျေးမှု အနုပညာရှင်များက ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် လာရောက် ဖျော်ဖြေကြမည် ဖြစ်ပြီး တနိုင်ငံလျှင် အနုပညာရှင် ၃၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အနုပညာရှင်တွေက ယဉ်ကျေးမှုဝန်ကြီး ဌာနကရယ်၊ ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းတွေက ကလေးတွေရယ် ပါမယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ တ၀န်းလုံးမှာရှိတဲ့ အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်က ကူညီကြမှာပါ။ ဒီဆီးဂိမ်းမှာ ကဏ္ဍစုံ အနုပညာရှင်ပေါင်း သောင်းနဲ့ချီ ပါဝင်သွားမှာပါ။ အာဆီယံ နိုင်ငံတွေနဲ့ တွဲဖက်ကဖို့ အတွက်ကတော့ မြန်မာဘက်က အနုပညာရှင် ၁၆၀၀ လောက် ပါဝင်ပါမယ်” ဟု ဦးရန်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

အနုပညာ ဆိုင်ရာနှင့်ပတ်သတ်၍ ရုပ်ရှင်နှင့် သဘင်အစည်းအရုံးမှ အကြံဉာဏ်များ တောင်းခံထားကြောင်း၊ ပါဝင်မည့် နိုင်ငံတကာ အနုပညာရှင်များနှင့် အချိန် ၁ လကျော်ကြာ လေ့လာဆည်းပူး ဖလှယ်သွားရန် စီစဉ်ထားကြောင်း၊ နိုင်ငံတကာမှ ကကွက်များ၊ ကပြမည့် တေးသွားများကို ဧပြီလကုန်မှ စ၍ သက်ဆိုင်ရာ နိုင်ငံများမှ မြန်မာနိုင်ငံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု ယဉ်ကျေးမှု အကအလှ အနုပညာရှင် မစ္စစ် ဘွန်တရာဂျွန်တရာက “ကျမတို့ နိုင်ငံ ရိုးရာ အကတွေကို မြန်မာနိုင်ငံက ရိုးရာအကနဲ့ ပေါင်းစပ်သွားမှာပါ။ ဟာမိုနီဖြစ်အောင် ကပြသွားမှာပါ။ ကျမတို့ ရိုးရာအကကို မြန်မာပရိသတ်တွေ သိပ်ရင်းနှီးမှာ မဟုတ်ပေမယ့် ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ မြန်မာ့ရိုးရာ အကဟာ အနုစိတ်ပြီး တကယ့်ကို သိမ်မွေ့လှပတဲ့ အကတွေပါ။ ပူးတွဲကရင်း လေ့လာဖြစ်ခဲ့ရလို့ ကျေနပ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၁၃ ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ လက်ခံကျင်းပ သွားမည် ဖြစ်ကာ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ၁၀ နိုင်ငံ၊ ပေါင်း ၁၁ နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ၁၉၆၁ ခုနှစ်တွင် တကြိမ်၊ ၁၉၆၉ တွင် တကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအခါ ၄၄ နှစ်အကြာတွင် တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

ဧရာဝတီ


၂၇ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် အာဆီယံ ၁၀ နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှု အနုပညာရှင် စုစုပေါင်း ၃၀၀ တို့က မြန်မာ ယဉ်ကျေးမှု ပညာရှင် များနှင့် တွဲဖက်ကာ ဖျော်ဖြေ တင်ဆက်သွားရန် စီစဉ်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်း စာစစ်သူများအတွက် စားရိပ်သာ စီစဉ်ပေးသင့်

တက္ကသိုလ်ဝင်တန်း စာစစ်သူများအတွက် စားရိပ်သာ စီစဉ်ပေးသင့်
Friday, April 19, 2013
ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာစာစစ်ဆရာ၊ ဆရာမများ အတွက် နေ့လယ်စာစားသောက်ရန် နေရာနှင့် အခမဲ့စားသောက်ရန် စားရိပ်သာများကို သက်ဆိုင်ရာ ကစီစဉ်ပေးသင့်ကြောင်း ယင်းဒုက္ခခံစားနေရသူ ဆရာ ဆရာမအချို့က လူထုပုံရိပ်သို့ ပြောကြားသည်။

ယင်းကဲ့သို့ စာစစ်နေစဉ်ကာလအတွင်း စာစစ်လွှာများ လုံခြုံရေးအတွက် ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင် (ကန်တင်း) များကို မေလကုန်အထိ ပိတ်ထားရကြောင်းနှင့် ရန်ကုန်တက္ကသိုလ်ရှိ တောင်ငူဆောင်၊ ရာမညဆောင်များကို သွပ်ပြားများဖြင့် ပတ်လည်ကာရံထားပြီး နေ့လယ်စာစားချိန်တွင် ဆရာ၊ ဆရာမများအတွက် စားသောက်နိုင်ရန် စာစစ်ဌာနထိပ်ရှိ ဒဂုံလမ်းပေါ်၌ လမ်းဘေးဈေးသည်အချို့က ထမင်းဟင်းလျာများ လာရောက်ရောင်းချကြောင်း ရန်ကုန်တက္ကသိုလ်ရှိ ဝန်ထမ်းအချို့ထံမှ သိရသည်။

"ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာ ပဲခူးတိုင်းကလာတဲ့ ဆရာ၊ ဆရာမတွေရှိတယ်။ ကြို့ပင်ကောက်တို့၊ ပြည်တို့ကလာတဲ့ ဆရာ၊ ဆရာမတွေဆို တော်တော်ဒုက္ခရောက်ကြတယ်။ ဟိုတုန်းကလို မသမာမှုတွေ ရှိမှာစိုးလို့ ကျောင်းကိုလုံခြုံရေးအရ မနက် ၈ နာရီကနေ ၄ နာရီခွဲအထိ ပိတ်ထားတယ်။ မြို့ထဲဘက် ပြန်ရတဲ့၊ ဆရာ၊ ဆရာမတွေအတွက် ကားတွေကခပ်ကျဲကျဲဖြစ်သွားတော့ နောက်ကျတာတွေဖြစ် တယ်။ ဆရာ၊ ဆရာမတွေ ထမင်းချက်ရတာလည်း အရမ်းပဲခက်ခဲကြတယ်" ဟု ဒဂုံတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာဦးဇော်မျိုးလှိုင်က လူထုပုံရိပ်သို့ပြောသည်။

ထို့အပြင် ဆရာ၊ ဆရာမများအတွက် ပိုမိုအဆင်ပြေလွယ်ကူပြီး တိုကင်ဖြင့်စားသုံးနိုင်သော အခမဲ့စား ရိပ်သာများ၊ စီစဉ်ပေးသင့်ကြောင်း ၎င်းကဆိုသည်။

"ဆရာ၊ ဆရာမတွေ စိတ်ပင်ပန်းနေရင် စာစစ်တဲ့အခါမှာလည်း စိတ်ပညာအရ အနည်းနဲ့အများ ထိခိုက်မှုရှိနိုင်တယ်။ စာစစ်တဲ့ error မတက်အောင် စာစစ်သူတွေကို စိတ်ကျေနပ်အောင် ထားပေး သင့်တယ်" ဟုအငြိမ်းစား စိတ်ပညာပါမောက္ခတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

စာစစ်ဆရာ၊ ဆရာမများသည် စာစစ်ကြေးရရှိသော်လည်း ဘာသာရပ်အလိုက်မူတည်၍ ခရီးစရိတ်၊ စားစရိတ်ရရှိမှုမတူညီကြောင်းနှင့် ယခုနှစ် စာစစ်ကြေးသည် ယခင်နှစ်များထက်ပိုရကြောင်း ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခတစ်ဦးကဆိုသည်။

စာစစ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ အဖြေလွှာများကို ရန်ကုန်တိုင်းအတွင်း စစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီးရှိကျောင်းများမှ အဖြေလွှာများကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်အတွင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။ ဘာသာရပ်ဌာနတစ်ခုလျှင် တက္ကသိုလ်ဆရာများနှင့် အထက်တန်း ပြစုစုပေါင်း နှစ်ရာကျော်ရှိကြောင်း ဒဂုံတက္ကသိုလ်မှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ "မင်းတို့ကြားရင် ကြားတဲ့အတိုင်းရေး၊ မင်းတို့ ကိုဘယ်သူပြောတာလဲ၊ ပြောတဲ့လူရှိရင် ရေးလိုက်" ဟု ၎င်းကပြန်လည်ဖြေကြားသည်။

လူထုပုံရိပ်
ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာစာစစ်ဆရာ၊ ဆရာမများ အတွက် နေ့လယ်စာစားသောက်ရန် နေရာနှင့် အခမဲ့စားသောက်ရန် စားရိပ်သာများကို သက်ဆိုင်ရာ ကစီစဉ်ပေးသင့်ကြောင်း ယင်းဒုက္ခခံစားနေရသူ ဆရာ ဆရာမအချို့က လူထုပုံရိပ်သို့ ပြောကြားသည်။

ဧပြီ ၂၀ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

ဧပြီ ၂၀ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်

မန္တလေး မိုးထစ်ချူံးရွာမည် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်

ပျဉ်းမနား နေသာမည် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်

မော်လမြိုင် နေသာမည် အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်

တောင်ကြီး နေသာမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီ စင်တီဂရိတ်

စစ်တွေ မိုးဖွဲရွာမည် အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ်

ပုသိမ် နေသာမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ်

BBC News

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်

ဘော်စတွန် မာရသွန်တွင် ဗုံးဖောက်ခွဲခဲ့သူဟု သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိ

ဘော်စတွန် မာရသွန်တွင် ဗုံးဖောက်ခွဲခဲ့သူဟု သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိ
Friday, April 19, 2013

တနင်္လာ နေ့ က လူ ၃ ဦး သေဆုံး ပြီး တစ်ရာ့ငါးဆယ် ကျော် ဒဏ်ရာရရှိ
ခဲ့သည့် ဘော်စတွန် မာရသွန် ဗုံး ပေါက်ကွဲမှုတွင် သံသယရှိသူများအနက် တစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိသည်။

သောကြာ နေ့ နံနက်အစောပိုင်းတွင် ဘော်စတွန် မြို့  စွန်ဝါးတား တောင်းဉ်
ပစ်ခတ် ပေါက်ကွဲမှုများ ပြီး နောက် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ များက မဆာချုးဆက်နည်းပညာတက္ကသိုလ်တွင်ရဲအရာရှိ
အား ပစ်ခတ်သတ်ဖြတ်မှုအတွက် ခြေရာခံလိုက်ရင်း သံသယရှိသူ နေထိုင် ရာအား ၀ိုင်းဝန်းပိတ်ဆို့ ထားချိန်တွင် ပေါက်ကွဲ စေတတ်သည့် ပစ္စည်းများ
ဖြင့် ပြန်လည်ခုခံခဲ့ ခြင်း ဖြစ်သည်။

သံသယရှိသူ နှစ်ဦးအနက် တစ်ဦးမှာ သေဆုံးသွားသည်ဟု သိရသည်။

FNG

တနင်္လာ နေ့ က လူ ၃ ဦး သေဆုံး ပြီး တစ်ရာ့ငါးဆယ် ကျော် ဒဏ်ရာရရှိခဲ့သည့် ဘော်စတွန် မာရသွန် ဗုံး ပေါက်ကွဲမှုတွင် သံသယရှိသူများအနက် တစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိသည်။

အကျဈေးဖြင့် ရွှေဝယ်စုသူ များပြား၍ ရွှေဈေးမငြိမ်ဖြစ်နေ မိနစ်ပိုင်းအတွင်း၌ပင် ဈေးအတက်အကျ ဖြစ်လျက်ရှိပြီး ပျမ်းမျှဈေးဖြင့် ရောင်းဝယ်နေရ

အကျဈေးဖြင့် ရွှေဝယ်စုသူများ၍ ဧပြီလ ၁၉ ရက်နေ့ မြန်မာ့ရွှေဈေးမှာ တည်ငြိမ်မှုမရှိပဲ အတက် အကျ မြန်ဆန်လျက်ရှိကြောင်း၊ မိနစ်ပိုင်း အတွင်း၌ပင် ဈေးအပြောင်းအလဲ မြန်ဆန်နေသည်ဟု သိရသည်။

ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရပြီ

ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရပြီ
Friday, April 19, 2013

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Service Provider တော့ Sony ရဲ့  ကုမ္မဏီခွဲဖြစ်တဲ့ So-net က ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းပါပဲ။ 2Gbps downloads, 1Gbps uploads ဆိုတော့ Google က လက်ရှိ အမေရိကန်မှာ ပေးတဲ့ Gigabyte ထက်၂ဆ တောင် သာပါတယ်။

ဈေးကလည်း သက်သာပါတယ်။ တစ်လလုံး သုံးမှ ၅၁ ဒေါ်လာပဲ ကုန်ကျတဲ့အတွက် မြန်မာငွေနဲ့ တွက်ရင် ၄သောင်းခွဲ ဝန်းကျင် လောက်ပါပဲ။ ကနဦးတပ်ဆင်ခ ကတော့ ၅၃၇ ဒေါ်လာ ဖြစ်ပြီး ၂ နှစ်စာချုပ်နဲ့ install ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ တွက်ကြည့် လိုက်ရင် ထူးထူးခြားခြား ဈေးကြီးသွားခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံမှ အင်တာနက်လိုင်းအခြေပြု စီးပွားရေး လုပ်ငန်းများ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ တစ်ယောက်တည်း 2GBs သုံးရုံတင်မက နောက်ထပ်ပါ လိုင်းထပ်ခွဲ သုံးတာတောင် HD movie ကို စက္ကန့်ပိုင်းအတွင်း ဒေါင်းနိုင်တဲ့ ကော်နက်ရှင် ဖြစ်ပါတယ်။

ဒါကြောင့် So-net ဟာ Google ကိုကျော်လွန်လို့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ထောက်ပံ့တဲ့ service provider အဖြစ် စံချိန် တင်စေခဲ့ကြောင်း သိရပါတယ်။
-
Ref: The Verge
Aung Kham (TSJ team)
TechSpace Journal

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိ နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ တိုကျိုနာရီတာ လေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိ
နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ တိုကျိုနာရီတာ လေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ
Friday, April 19, 2013

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေ
တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ယနေ့မနက် ၁၁း၀၅မိနစ်က တိုကျိုနာရီတာ လေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ
သွားပါတယ်..။

တိုကျိုလေဆိပ်မှာတော့ သတင်းထောက်များမှ ဆာရိုနာရာဟု နှုတ်ခွန်း
ဆက်သ နှုတ်ဆက်ခဲ့ကြသည်..။

ယနေ့ညပိုင်းမှာတော့ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
ထူးခြားတိုက်ဆိုင်စွာပဲ ရန်ကုန်မြို့မှာ မနေ့က မိုးရွာသွန်းမှုကြောင့် ပိတောက်
ပန်းများ လှိုင်လှိုင်ပွင့်လျှက်ရှိပြီး ရန်ကုန်မြို့မှ ကြိုဆိုထောက်ခံသူများမှ ပိတောက်ပန်းများဖြင့် ကြိုဆိုကြမည် ဖြစ်ကြောင်းသိရှိရသည်။

Wai Yan De Mo

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ယနေ့မနက် ၁၁း၀၅မိနစ်က တိုကျို နာရီ တာ လေ ဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ သွားပါတယ်..။

ပိန်စေရန်အတွက် မိုက်ခရိုချစ်ပြား (microchip)များ ထည့်သွင်းနိုင်

ပိန်စေရန်အတွက် မိုက်ခရိုချစ်ပြား (microchip)များ ထည့်သွင်းနိုင်
Friday, April 19, 2013

အင်္ဂလန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် အစားအစာ အလွန်အကျူး စားသုံးခြင်းက လျော့ပါးစေမည့် မိုက်ခရိုချစ်ပြားတစ်မျိုးကို တီထွင်နိုင်ခဲ့
ကြောင်းသိရှိရသည်။

အီလက်ထရောနစ် implant တစ်မျိုးဖြစ်ပြီး သတ္တ၀ါငယ်များတွင် စမ်းသပ်
မှုအောင်မြင်ပြီးဖြစ်သည်။ ကိုယ်အလေးချိန်ကျဆင်းစေရန် ခွဲစိတ်မှုပြု
ရခြင်းကို ရှောင်ရှားနိုင်သည့် ကုသမှုတစ်မျိုးရှိလာပြီဖြစ်ကြောင်း၊ လူသား
များတွင် အသုံးပြုနိုင်ရန်သုံးနှစ်ခန့်လေ့လာဖန်တီးရဦးမည်ဖြစ်ကြောင်း
လေ့လာမှုခေါင်းဆောင် တော်ဝင်လန်ဒန်တော်ဝင်ကောလိပ်မှ ဇီဝဆေးပညာပါမောက္ခ Dr. Chris Houmazou က ပြောကြားခဲ့သည်။

အဆိုပါမိုက်ခရိုချစ်ပြားကို intelligent implantable modulator ဟုအမည်ပေးထားပြီး ယင်းတွင်ပါဝင်သော အီလက်ထရုပ်ငယ်များကို ၀မ်းဗိုက်ခေါင်းတွင်းရှိနေသော vagus အာရုံကြောတွင် ချိတ်ဆက်ထား
ရကြောင်း၊ အဆိုပါချိတ်ဆက်ထားမှုက အာရုံကြောမှတစ်ဆင့်လူ၏ အစာစားလိုစိတ်ကို လျှော့ချပေးနိုင်ကြောင်း၊ အီလက်ထရုပ်များမှတစ် ဆင့် ဦးနှောက်သို့ပို့ဆောင်ပေးနိုင် သည့်အတွက် အစားအစာကိုထပ်ခါ ထပ်ခါ စားသုံးလိုခြင်းများကိုလည်း လျှော့ချပေးကြောင်း ဖော်ပြထားသည်။

Dr. Chris Houmazou က ယခုကဲ့သို့မိုက်ခရိုချစ်ငယ်က ပိန်စေသည်ကို
အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သော်လည်း လူသားများတွင် အန္တရာယ်
ဖြစ်နိုင်ချေရှိမရှိကိုမိမိတို့ဆက်လက်လေ့လာနေကြောင်း၊ အစာစားချင်
စိတ်ကို လျှော့ချပေးခြင်းသည် သာမန်လူများတွင် အန္တရာယ်ရှိသော်လည်း အ၀လွန်သူများတွင် ဦးနှောက်မှ အစားအလွန်အကျွံစားရန် လှုံ့ဆော်မှုများကို တားဆီးခြင်းသည်အကျိုးရှိ ကြောင်း ယခုသုတေသနတွင် ပြော ကြားထား
သည်။

သော်ဇင်
Health Updates Journal အင်္ဂလန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် အစားအစာ အလွန်အကျူး စားသုံးခြင်းက လျော့ပါးစေမည့် မိုက်ခရိုချစ်ပြားတစ်မျိုးကို တီထွင်နိုင်ခဲ့
ကြောင်းသိရှိရသည်။
အီလက်ထရောနစ် implant တစ်မျိုးဖြစ်ပြီး သတ္တ၀ါငယ်များတွင်

ရခိုင်ပြည်နယ်တွင် (၁၅၀၀)ကျပ်တန်း ဖုန်းကဒ်များကို စစ်တွေမြို့နှင့် အမ်းမြို့မှာသာ ရောင်းချမည်


ရခိုင်ပြည်နယ်တွင် (၁၅၀၀)ကျပ်တန်း ဖုန်းကဒ်များကို စစ်တွေမြို့နှင့် အမ်းမြို့မှာသာ ရောင်းချမည်
Friday, April 19, 2013

၂၄.၄.၂၀၁၃ ရက်နေ့ စတင်ရောင်းချမည့် (၁၅၀၀)ကျပ်တန်း ဖုန်း Sim Card များကို CDMA 800MHz လိုင်းသာ မိသော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် အမ်းမြို့တို့တွင်သာ ရောင်းချပေးသွားမည်ဟု သိရှိရပါသည်။ ရောင်းချပေးမည့်အစီအစဉ်အား 
၁။ အိမ်ထောင်စု စာရင်းဝင်များ မှ (၁)ဦး လျှောက်ထားနိုင်ပါသည်။

၂။ လျှောက်လွှာနှင့် အတူ အိမ်ထောင်စု စာရင်း မိတ္တူ ၊ နိုင်ငံသား ကဒ်မိတ္တူ ပူးတွဲ တင်ပြရမည်။

၃။ လျှောက်လွှာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် ၀ယ်ယူနိုင်ပါသည်။ လျှောက်လွှာ တစ်စောင်းလျှင် (၅၀)ကျပ်နှုန်းဖြင့် ၀ယ်ယူရမည်။

၎။ လျှောက်လွှာများကို (၂၁.၄.၂၀၁၃)ရက်နေ့ နောက်ဆုံး ဖြစ်ပါသည် ဟု ရခိုင်ပြည်နယ် ဆက်သွယ်ရုံးမှ ထုတ်ပြန်ထားပါသည်။

 လျှောက်လွှာများ ရောင်းချရာတွင် ဦးရာ လူစနစ်ဖြင့်သာ ရောင်းချသွားမည်ဟု သိရှိရပြီး CDMA 800 MHz သည် Sim Card များကို ဈေးချိုသော်လည်း ဖုန်းခွံများ ၀ယ်ယူရာတွင် ဈေးအကွက်အတွင်း ရှားပါးမှုကြောင်း ဖုန်းခွံတစ်လုံးလျှင် သိန်းဂဏန်းအားပတ်ဝန်ကျင်တွင်ရှိသောကြောင်း ဆင်းရဲသား လူတန်းစားအတွက် ကိုင်နိုင်ရန် မလွယ်ကူးနိုင်သေးကြောင်း ဖုန်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောပြသွားပါသည်။

RSV

၂၄.၄.၂၀၁၃ ရက်နေ့ စတင်ရောင်းချမည့် (၁၅၀၀)ကျပ်တန်း ဖုန်း Sim Card များကို CDMA 800MHz လိုင်းသာ မိသော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် အမ်းမြို့တို့တွင်သာ ရောင်းချပေးသွားမည်ဟု သိရှိရပါ သည်။ ရောင်းချပေးမည့်အစီအစဉ်အား၁။ အိမ်ထောင်စု စာရင်းဝင်များ မှ (၁)ဦး လျှောက်ထားနိုင် ပါသည်။

နိုင်ငံကာဘဏ်များ ရွှေထုတ်ရောင်း၍ ကမ္ဘာ့ရွှေဈေးကျပြီး မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ ပြုတ်ကျ

goldcostdrop-april19
ငွေကြေးအကျပ်အတည်းကြောင့် ဆိုက်ပရပ်စ်ဗဟိုဘဏ်မှ ရွှေထုတ်ရောင်းချမှု၊ ဆိုက်ပရပ်စ် ဗဟိုဘဏ်မှ IMF-EU ၏ Bailout အစီအစဉ်အရ အပေါင်တင်ထားသည့် ရွှေ ၁၄ တန်အား ထုတ်ရောင်းမည့် သတင်းထွက်ပေါ်မှုနှင့်အတူ ကမ္ဘာ့ရွှေဈေးမှာ ဧပြီလ ၁၂ ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၃၈ ဒေါ်လာအထိ ကျဆင်းခဲ့ရသည်။

ပြည့်တန်ဆာတွေကို အကာအကွယ်ပေးဖို့ ဥပဒေပြင်ရမယ်



Photo: ပြည့်တန်ဆာတွေကို အကာအကွယ်ပေးဖို့ ဥပဒေပြင်ရမယ်
Friday, April 19, 2013

မြန်မာပြည်မှာ ပြည့်တန်ဆာ အများအပြား ရှိပါတယ်။ သို့သော်လည်း လက်ရှိဥပဒေတွေအရ ပြည့်တန်ဆာတွေဟာ တရားဝင် ရပ်တည် လုပ်ကိုင်ခွင့် မရှိပါဘူး။ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ကြောင်း စစ်ဆေးတွေ့ရှိရင် ထောင်ကျနိုင်တဲ့အလုပ်ပါ။
သူတို့က ထောင်ကျ မခံနိုင်ပါဘူး။
ဒါကြောင့် ပြဿနာ တက်လာရင် ငွေကြေးပေးပြီး ဖြေရှင်းရတဲ့ နည်းလမ်းကိုလည်း သုံးရတဲ့အတွက် သူတို့ရှာသမျှဟာ ဥပဒေစိုးမိုးရေးအရာရှိကို လုပ်ကျွေးဖို့ ဖြစ်နေတယ်လို့ ဆိုတဲ့အသံလည်း ကြားရမှာပါ။

မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုသင့်ပါသလား၊ သို့မဟုတ် ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို ပြင်ဆင်သင့်ပါသလား။
ဒီမေးခွန်းများနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတချို့ ဖြေကြားထားချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
(ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ဆက်သွယ်မေးမြန်းချက်များထဲက ကောက်နုတ်ဖော်ပြလိုက်တာပါ။
လက်ရှိ ဥပဒေက ပြည့်တန်ဆာတွေအတွက် တဘက်သတ် ဖြစ်နေတယ်၊ ဒီဥပဒေကြောင့် သူတို့တွေ ခေါင်းပုံဖြတ်ခံနေရတယ် စသဖြင့် သုံးသပ်ထားကြတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။)

တဘက်က မြန်မာ့ရိုးရာယဉ်ကျေးမှု ရှိမယ်၊ တဘက်ကလည်း နစ်နာဆုံးရှုံးရတဲ့ ပြည့်တန်ဆာလုပ်သားတွေ  ရှိမယ်။
အရေးကြီးတာက လူ့အခွင့်အရေး ဆိုတာကို ပြည့်ပြည့်၀၀  အကောင်အထည် ဖော်နိုင်ရင် ဒီကိစ္စတွေက အလိုလို အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။
စိုင်းသူရိန်ဦး
 ပြည်နယ်လွှတ်တော်အမတ်
နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂

(ပြည့်တန်ဆာလုပ်ငန်းကို ဥပဒေပြဋ္ဌာန်းပြီး လုပ်ကိုင်ခွင့် ပြုတဲ့အခါ) ဥပဒေဘောင်ထဲက လုပ်ရင် ရောဂါတို့၊ ကူးစက်မှုတို့  သက်သာမယ်၊ သူတို့လည်း ပိုက်ဆံများများ ရမယ်။ သူတို့က ဆင်းရဲလို့ လုပ်စားတာ၊ ဒီဘ၀ ကျရောက်တာပေါ့။

(ဥပဒေအရ ခွင့်ပြုလိုက်ရင်  အားသာချက်တွေက)     ကျန်းမာရေးမှာလည်း ကောင်းတယ်။ သူတို့ကို သက်ဆိုင်ရာက စစ်ဆေးလို့ ရတာပေါ့။
နောက်တချက်က သူတို့ လုပ်အားခကို အပြည့်အ၀ ရမယ်။
အခုက မတော်မတရားခေါင်းပုံဖြတ်တာ၊ အဲဒီ ခေါင်းကဖြတ်တာတမျိုး၊ တည်းခိုရိပ်သာတို့ဘာတို့က ဖြတ်တာတမျိုး၊ သူတို့ တကယ့် ငွေကို သူတို့ မရဘူး။ 
သူတို့ လုံခြုံမှုလည်း မရှိဘူး။

(ဥပဒေအရ ခွင့်ပြုလိုက်ရင် အားနည်းချက်တွေက) သိပ်မရှိနိုင်ဘူး။ ဥပဒေမပြုမှ သူတို့ မတော်မတရားတွေ ခံနေရတာ၊ ရာဇ၀တ်မှုတွေ ဖြစ်နေတာ ရှိတယ်။

ဦးခင်မောင်လတ် အမျိုးသားလွှတ်တော်အမတ်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)


ပြည့်တန်ဆာဥပဒေနဲ့ ပတ်သက်ပြီး သိပ်တော့ မှတ်ချက် မပေးလိုဘူး။ ဘာလို့လဲ ဆိုတော့ နိုင်ငံတော်ကလည်း ပြင်ဆင်ဖို့ အစီအစဉ် ရှိတယ်။
ပြည့်တန်ဆာဥပဒေနဲ့ ပတ်သက်ပြီး ကျနော် သိပ်မကျွမ်းဘူး။
ဦးဒီထွန်းလင်း
ကရင်ပြည်သူ့ပါတီ (KPP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်

ဥပဒေပညာရှင်တွေ သုံးသပ်ဖို့ လိုသလို၊ နိုင်ငံတကာမှာ ထုံးတမ်းစဉ်လာတွေ ရှိပါတယ်။
 အမျိုးသမီးတွေအတွက်က သူတို့အတွက် အကာအကွယ်ကတော့ ရှိသင့်ပါတယ်၊ တဖက်သတ်ကြီးလိုဖြစ်နေတာပေါ့နော်။
ဦးသက်ထွန်းမောင်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်


အခွင့်အရေးချိုးဖောက်ခံနေကြရသူများအတွက် ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ ပြောသူက ပြောနေပါပြီ။
ဘယ်အတိုင်းအတာအထိ ပြင်ဆင်မလဲ ဆိုတာကိုတော့ လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုပြီးမှ သိရမှာဖြစ်ပါတယ်။

irrawaddy blog

မြန်မာပြည်မှာ ပြည့်တန်ဆာအများအပြားရှိပါတယ်။ သို့သော်လည်း လက်ရှိဥပဒေတွေအရ ပြည့် တန်ဆာတွေဟာ တရားဝင်ရပ်တည်လုပ်ကိုင်ခွင့် မရှိပါဘူး။ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ကြောင်း စစ်ဆေးတွေ့ရှိရင် ထောင်ကျနိုင်တဲ့အလုပ်ပါ။

"HAPPY BIRTHDAY OUR PRESIDENT" >>U THEIN SEIN<< ***Born 20 April 1945***

နှလုံး ခုန်စက် တပ်ပြီး အလုပ်လုပ်နေရသော်လည်း တိုင်းပြည်နဲ့ လူမျိုး အတွက် အပင်ပန်းခံကာ အလုပ်လုပ်ပေးနေသော ရိုးသားကြိုးစားတဲ့ သမ္မတကြီးရဲ့ 20ရက်နေ့ တွင် ကျရောက်မည့် ၆၈ နှစ်မြောက် မွေးနေ့ အား ကြိုဆို ဂုဏ်ပြုပါ၏

ကယ်ရီ မလိုတဲ့ Golf လှည်း

ဂေါက်သီး ကစားတဲ့ အခါမှာ ကယ်ရီတွေက အနှောက်အယှက် ဖြစ်စေပါ သလား။ အသုံးမကျ၊ ပုံဆိုးပန်း ဆိုး ကယ်ရီနဲ့ ကျလို့ သင့်ကစားပွဲကလဲအရှုံးကြီးပဲ ဆိုရင် ကယ်ရီကို Tip ပေးချင်စိတ် ရှိတော့မှာ မဟုတ်ဘူး မဟုတ်လား။

"အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုးမကြီးခြင်း၏အကြောင်း

"အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုးမကြီးခြင်း၏အကြောင်း(သို့) ဒါနမဟပ္ဖလသုတ်"
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္မာမြို့အနီး ဂဂ္ဂရာအမည်ရှိတဲ့ရေကန်ရဲ့အနီးမှာ သီတင်းသုံးခိုက် အရှင်သာရိပုတ္တရာသည် စမ္မာပြည်သား ဒကာများနှင့်အတူတကွဘုရားရှင်ထံ
ကို ချဉ်းကပ်ရှိခိုးပြီး ``အရှင်ဘုရား ပေးလှူတဲ့အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုး
မကြီးဖြစ်တတ်ပါသလား´´လို့ မေးလျှောက်တယ်။

ဘုရားရှင်က-
``သာရိပုတ္တရာ မှန်တယ်။ ပေးလှူတဲ့အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုးမကြီး
ဖြစ်တတ်တယ်´´လို့မိန့်တော်မူတယ်။

``အရှင်ဘုရား အလှူရဲ့အကျိုးဟာ ဘယ်အတွက် ရံခါ အကျိုးကြီးပြီး ဘယ်အတွက်
ရံခါအကျိုးမကြီးဖြစ်ရပါသလဲ´´လို့လျှောက်ထားတော့ ဘုရားရှင်က-

``သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များဟာ-
(၁) ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့အပ်သော စိတ်ရှိသည်ဖြစ်၍ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို ငဲ့ကွက်လျှက် အလှူကိုပေးတယ်။
(၄) အလှူရဲ့အကျိုးကို နောက်ဘ၀ ခံစားရမှာပဲလို့ရည်ရွယ်ပြီး အလှူကိုပေးတယ်။ အဲဒီအလှူရှင်ဟာ ကွယ်လွန်ပြီးတဲ့နောက် နတ်ဖြစ်ခြင်းဆိုတဲ့အကျိုးကို ခံစားနိုင်ခွင့်ရှိတယ်။
သူ့အကျိုးပေးကုန်သွားလျှင် အောက်ဘုံသို့ပြန်ကျလိမ့်မယ်။

သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များကတော့-
(၁) ငဲ့ကွက်ခြင်းမရှိဘဲ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့တဲ့ စိတ်မရှိဘဲ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို မငဲ့ကွက်ဘဲ အလှူကိုပေးတယ်။
(၄) နောက်ဘ၀ဆိုတဲ့ ရုပ်နာမ်ရဲ့ အထောက်အပံ့အတွက် မဟုတ်ပါဘဲအလှူပေးခြင်းဟာ
ကောင်းမွန်မြင့်မြတ်တဲ့တရားဖြစ်တယ်လို့နှလုံးသွင်းပြီး အလှူကိုပေးတယ်။
(၅) မိဘရိုးရာရှေးအခါက ပြုခဲ့တဲ့တရားမို့ မိဘဘိုးဘွားတို့ရဲ့အစဉ်ကိုမပျက်စေချင်လို့ အလှူကိုပေးတယ်။
(၆) ရဟန်းဆိုတာ လူတို့လိုဝမ်းရေးအတွက်အခြားအလုပ်မျိုး လုပ်ကိုင်နိုင်ခွင့်မရှိဘူး။ အလှူခံစားတဲ့ အလုပ်မျှသာရှိတယ်။
အခြားအလုပ်မျိုးလုပ်ကိုင်ခွင့်ရှိတဲ့ ငါတို့က လုပ်ကိုင်ခွင့်မရှိတဲ့ ရဟန်းတို့အား အထိုက်အလျှောက် ပေးလှူသင့်တယ်လို့ယူဆပြီး အလှူကိုပေးတယ်။
(၇) အလှူရှင်ကြီးတွေကို အားကျပြီးတော့လည်း ပေးလှူတတ်ကြတယ်။
(၈) အလှူပေးတယ်ဆိုတာဟာ စိတ်ကိုကြည်လင်စေတယ်။ နှစ်သက်ဝမ်းမြောက်စရာ
ဖြစ်တယ်လို့ ယူဆပြီး ပေးလှူတာလည်းရှိတယ်။
(၉) သမထ၊ ၀ိပဿနာစိတ်ရဲ့ အဆင်တန်ဆာဖြစ်အောင် အခြံအရံဖြစ်အောင်အထောက်
အပံ့ဖြစ်အောင်ပေးလှူတာလည်းရှိတယ်။ 

အဲဒီလို အသီးသီးသော ရည်မှန်းချက်တွေနှင့် ပေးလှူကြရာမှာ 
ရုပ်နာမ်ကို ငဲ့ကွက်ခြင်း စသည်မရှိဘဲ သမထ ၀ိပဿနာစိတ်ရဲ့အဆင်တန်
ဆာဖြစ်အောင် ပေးလှူခဲ့လျှင် ထိုအလှူဒါနဟာ 
ဘုံအားဖြင့်ဗြဟ္မာဘုံရောက်အောင်အကျိုးပေး
နိုင်တယ်။ ပုဂ္ဂိုလ်အားဖြင့်ဆိုလျှင် အနာဂါမ်ထိအောင်အကျိုးပေးနိုင်တယ်။

``ချစ်သား သာရိပုတ္တရာ အလှူဒါနရဲ့အကျိုးကြီးခြင်း မကြီးခြင်းဟာ
ဤလိုပေးလှူသူရဲ့ "စိတ်ဓါတ်" ကွာခြားမှုကြောင့်ဖြစ်တယ်။´´

(ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး၏ ဒါနဟူသည်မှ-)
----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္မာမြို့အနီး ဂဂ္ဂရာအမည်ရှိတဲ့ရေကန်ရဲ့အနီးမှာ သီတင်းသုံးခိုက် အရှင်သာရိပုတ္တရာသည် စမ္မာပြည်သား ဒကာများနှင့်အတူတကွဘုရားရှင်ထံကို ချဉ်းကပ်ရှိခိုးပြီး ``အရှင် ဘုရား ပေးလှူတဲ့အလှူဒါနဟာ ရံခါအကျိုးကြီးပြီး ရံခါအကျိုးမကြီးဖြစ် တတ်ပါသလား´´ လို့ မေးလျှောက်တယ်။

ကမ္ဘာ့ ပထမဦးဆုံးသော မီးပွိုင့်ကို တီထွင်ခဲ့သူ သင် သိပါရဲ့လား


ကမ္ဘာ့ ပထမဦးဆုံးသော မီးပွိုင့်ကို တီထွင်ခဲ့သူ သင် သိပါရဲ့လား
Friday, April 19, 2013 

ကမ္ဘာ့ ပထမဦးဆုံးသော မီးပွိုင့်များကို ၁၉၂၀ ခုနှစ် အစောပိုင်းမှာ စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ ကားမြို့တော်ဟု လူသိများသည့် ဒက်ထရွိုက်မြို့မှ ရဲအရာရှိတစ်ဦးက ဤယာဉ်ထိန်းမီးပွိုင့်ကို လွန်စွာများပြားလို့ လာနေတဲ့
 မော်တော်ယာဉ်များအတွက် ရည်ရွယ်ပြီး တီထွင်ခဲ့ပါတယ်။

သင့်အနေနဲ့လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အချက်ပြမီးပွိုင်များနှင့် လမ်းညွှန်ဆိုင်းဘုဒ်များအား သေချာစွာ လိုက်နာဖို့ လိုအပ်ကြောင်းတိုက်တွန်း
လိုက်ပါတယ်။

AD Board Myanmar

ကမ္ဘာ့ ပထမဦးဆုံးသော မီးပွိုင့်များကို ၁၉၂၀ ခုနှစ် အစောပိုင်းမှာ စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။

မန်ယူထက် ပိုချမ်းသာသည့် ရီးရဲလ်မက်ဒရစ် …


မန်ယူထက် ပိုချမ်းသာသည့် ရီးရဲလ်မက်ဒရစ် …
Friday, April 19, 2013

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ်
ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို ကျော်လွန်ကာ
ကမ္ဘာ့ တန်ဖိုးအရှိဆုံး ဘောလုံးအသင်းဖြစ်လာကြောင်း နာမည်ကျော်
စီးပွားရေး မဂ္ဂဇင်း Forbes က ဖော်ပြသွားခဲ့သည်။

အဆိုပါ စာရင်းအား 2004 တွင် Forbes မဂ္ဂဇင်းက စတင်ကောက်ခဲ့ပြီး
နောက်ပိုင်း မန်ယူအသင်းအနေဖြင့် ပထမဆုံးအကြိမ် ထိပ်ဆုံးနေရာမှ
ကျဆင်းခဲ့ခြင်းဖြစ်သည်။

Forbes မဂ္ဂဇင်းက ဖော်ပြထားသည့် လက်ရှိတန်ဖိုးများမှာ ရီးရဲလ်မက်ဒရစ်
သည် အမေရိကန်ဒေါ်လာ( 3.3 )ဘီလျံ နှင့် ဒုတိယနေရာမှ မန်ယူအသင်းမှာ
အမေရိကန်ဒေါ်လာ( 3.17 )ဘီလျံဖြစ်ပြီး ဘာစီလိုနာအသင်းမှာ တတိယ
နေရာတွင်ရှိနေသည်။ စတုတ္ထနေရာတွင် အာဆင်နယ် အသင်းကအမေရိကန်
ဒေါ်လာ( 1.33 ) ဘီလျံ ၊ ၄င်းနောက်တွင် ဘိုင်ယန်မြူးနစ်အသင်းက
အမေရိကန် ဒေါ်လာ ( 1.31 )ဘီလျံ ၊ အေစီမီလန်သည်အမေရိကန် ဒေါ်လာ
( 945 )သန်း၊ချဲလ်ဆီးသည် အမေရိကန်ဒေါ်လာ( 901 )သန်း ၊ ဂျူဗင်တပ်
အသင်းသည် အမေရိကန်ဒေါ်လာ( 694 ) သန်း ၊ မန်စီးတီးသည် အမေရိကန်
ဒေါ်လာ( 689 )သန်းနှင့် လီဗာပူးလ်အသင်း၏ တန်ကြေးမှာ အမေရိကန်
ဒေါ်လာ( 651 )သန်းရှိကြောင်း အသီးသီးဖော်ပြခဲ့သည်။

ဒါ့အပြင် ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးဘောလုံးသမားအဖြစ် ယခု ပီအက်စ်ဂျီ
အသင်းတွင် ကစားနေသည့်ဒေးဗစ်ဘက်ခမ်းက ရပ်တည်နေပြီး ၄င်းနောက်
တွင် ရီးရဲလ်မက်ဒရစ်မှခရစ္စတီယာနို ရော်နယ်ဒို က ဒုတိယ အဖြစ်ရှိနေ
ကြောင်း သိရသည်။

SkyNet TV Browser

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းကို ကျော်လွန်ကာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းဖြစ်လာကြောင်း နာမည်ကျော် စီးပွားရေးမဂ္ဂဇင်း Forbes က ဖော်ပြသွားခဲ့သည်။

မွတ်ဆလင်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် တိုကျိုတွင် ဘာပြောခဲ့သလဲ


ရခိုင်ဒေသနှင့်မိထ္ထီလာ ဒေသတွင် ဖြစ်ပွားခဲ့သောပဋိပက္ခများနှင့်ပတ်သက်၍ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ မွတ်ဆလင်များအတွက် အလွန်ဝမ်းနည်းကြောင်း ပြောဆိုခဲ့တယ်လို့ RFA သ တင်း အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားခဲ့ပါတယ်။

OIC ကိုယ်စားလှယ် လာရောက်ဆွေးနွေးမှာကို လက်မခံ


မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ OIC ခေါ် အစ္စလာမ်ဘာသာဝင် နိုင်ငံများအဖွဲ့ချုပ်က လာရောက်ဆွေးနွေးလိုပါကြောင်း နိုင်ငံတော် သမ္မတရုံးကို အကြောင်းကြားထားတဲ့ကိစ္စကို မကွေးတိုင်းမြို့နယ် ၈ မြို့နယ်မှာရှိကြတဲ့ သံဃာတော်တွေက ကန့် ကွက်ကြောင်း သမ္မတရုံးကို စာပေးပို့လိုက်ပါတယ်။

ရိုးသားပြီး မြန်မာပြည်သူတို့အတွက် မေတ္တာရှေ့ထား အလုပ်လုပ်နေသည့် နှလုံးရောဂါသည် သမ္မတကြီးဦးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်တိုက်ခိုက်


ရိုးသားပြီး မြန်မာပြည်သူတို့အတွက် မေတ္တာရှေ့ထား အလုပ်လုပ်နေသည့် နှလုံးရောဂါသည် သမ္မတ ကြီးဦးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်တိုက်ခိုက် ကာ စည်းမရှိ ကမ်းမရှိ ပြောဆိုခဲ့သည်။

လွတ်မြောက်တဲ့စိတ်


လွတ်မြောက်တဲ့စိတ်ဆိုတာ အရဟတ္တဖိုလ်စိတ်ပဲ။
လွတ်မြောက်မှုဆိုတဲ့စိတ်ကို ရဖို့ရာအတွက်--

ကိုရီးယားအဆိုတော့ PSY ၏ Gentleman M/V အား တောင်ကိုရီးယား KBS ရုပ်သံလိုင်း ပိတ်ပင်

ကိုရီးယားအဆိုတော့ PSY ၏ Gentleman M/V အား တောင်ကိုရီးယား KBS ရုပ်သံလိုင်း ပိတ်ပင်

Friday, April 19,2013

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Korean Broadcasting Service (KBS) အနေဖြင့် ကမ္ဘာကျော် ကိုရီးယားအဆိုတော် PSY ၏ Music Video အသစ်ဖြစ်သည့် Gentleman အား ထုတ်လွှင့်ပြသခြင်းမှ ပိတ်ပင်ခဲ့သည်။ 

အကြောင်းမှာ PSY အနေဖြင့် အဆိုပါ M/V ထဲ၌ အများပိုင် ပစ္စည်းများအား ဖျက်ဆီးပြသည့် ရိုက်ကွက်များ ပါဝင်နေခြင်းကြောင့်ဟု ဆိုသည်။ ဥပမာအားဖြင့် ယာဉ်မရပ်ရဟု သတ်မှတ်ကန့်သတ်ထားသည့် ကတော့ချွန်များအား လမ်းလျှောက်ရင်း ကန်ကျောက်ခဲ့သည့် ရိုက်ကွက်မှာ အများပြည်သူအား ပြသရန် မသင့်တော်ဟု KBS မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

Gentleman သည် ကမ္ဘာကျော် Gagnam Style M/V ၏ အဆက်အဖြစ် ပြီးခဲ့သည့် သတင်းပတ်အတွင်းက YouTube ပေါ်၌ စတင်ပြသခဲ့ပြီး တစ်ပတ်အတွင်း ကြည့်ရှုမှုအကြိမ်ပေါင်း ၁၃၉ သန်း ရှိခဲ့သည်။ 

အသက် ၃၉ နှစ်အရွယ် ကိုရီးယားအဆိုတော့ PSY ၏ Gangnam Style M/V သည် ကြည့်ရှုကြိမ်ပေါင်း ၁.၅ ဘီလီယံကျော်ဖြင့် YouTube ပေါ်တွင် သရဖူဆောင်းထားပြီး PSY အားလည်း YouTube ၏ ဘုရင်ဟု ကင်ပွန်းတပ်ထားကြသည်။

 Myanmar Consumer Guide

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Korean Broadcasting Service (KBS) အနေဖြင့် ကမ္ဘာကျော် ကိုရီးယားအဆိုတော် PSY ၏ Music Video အသစ်ဖြစ်သည့် Gentleman အား ထုတ်လွှင့်ပြသခြင်းမှ ပိတ်ပင်ခဲ့သည်။

Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်


Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်

Friday, April 19, 2013

အမေရိကန်ပြည်ထောင်စု Boston မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးပေါက်ကွဲမှုနဲ့ပါတ်သက်ပြီး သံသယရှိသူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို ဗဟိုအစိုးရ ထောက်လှမ်းရေးဗြူရို FBI က ထုတ်ပြန်လိုက်ပါတယ်၊ ရရှိတဲ့ ဓါတ်ပုံတွေ၊ Video ပုံတွေကို အသေးစိတ်လေ့ လာပြီးတဲ့နောက် မှာ ကျောပိုးအိတ်လွယ်ထားပြီး ဦးထုပ်ဆောင်ထားကြတဲ့ သူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို FBI က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သံသယရှိသူ ပထမတယောက်က ဦးထုပ် အမဲရောင်ကို ဆောင်းထားပြီး၊ ဒုတိယတယောက်က ဦးထုပ် အဖြူရောင်ကို ဆောင်းထားကြပါတယ်၊ စားသောက်ဆိုင်တခုရဲ့ အပြင်ဖက် ဒုတိယမြောက် ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ ဦးထုပ်အဖြူရောင်ဆောင်းထားသူက ကျော်ပိုးအိတ်ကို ချထားခဲ့တယ်လို့ ဒီဗုံးကွဲမှုကို ဦးဆောင် စုံစမ်းနေတဲ့ FBI တာဝန်ရှိသူ Richard ဒီလိုဗီရေး DesLauriers ကပြောပါတယ်။ ဒီလူ ၂ ယောက်လုံးဟာ အင်မတန်မှ အန္တရာယ်ရှိပြီး လုံခြုံရေးအာဏာပိုင်တွေကလွဲလို့ သူတို့ကို မချဉ်းကပ်သင့်ဘူးလို့လဲ စုံစမ်းစစ်ဆေးမှုနဲ့ ပါတ်သက်တဲ့ ကြာသပတေးနေ့ သတင်းစာရှင်းပွဲမှာ FBI တာဝန်ရှိသူက ပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ ဗုံးကွဲမှုမှာ သေဆုံး ဒဏ်ရာရသူတွေ အတွက်ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို သမ္မတ Barack Obama တက်ရောက်ခဲ့ပါတယ်၊ Boston မြို့ ဘုရားရှိခိုးကျောင်းတခုမှာ ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ သမ္မတက တနိုင်ငံလုံး စည်းလုံးပြခြင်းဟာ အကောင်းဆုံး တုံ့ပြန်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ ဆုတောင်းပွဲအပြီးမှာတော့ Boston ဆေးရုံမှာ ကုသခံနေသူတွေကို သမ္မတအိုဘားမား သွားရောက် အားပေးခဲ့ပါတယ်။

VOA

အမေရိကန်ပြည်ထောင်စု Boston မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးပေါက်ကွဲမှုနဲ့ ပါတ်သက်ပြီး သံသယရှိသူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို ဗဟိုအစိုးရ ထောက်လှမ်းရေးဗြူရို FBI က ထုတ်ပြန်လိုက်ပါတယ်၊ ရရှိတဲ့ ဓါတ်ပုံတွေ၊ Video ပုံတွေကို အသေးစိတ်လေ့ လာပြီးတဲ့နောက် မှာ ကျောပိုးအိတ်လွယ်ထားပြီး ဦးထုပ်ဆောင်ထားကြတဲ့ သူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို FBI က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

"တမူးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား"

(မြန်မာ့အလင်း ၁၉-၄-၂၀၁၃၊ စာ -၁၁)
From....Popular Myanmar News Journal
 "တမူးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား"

(မြန်မာ့အလင်း ၁၉-၄-၂၀၁၃၊ စာ -၁၁)

ခါးနာခြင်းကို သက်သာစေမည့် အချက် ခုနစ်ချက်


Photo: ခါးနာခြင်းကို သက်သာစေမည့် အချက် ခုနစ်ချက်

၁။ လေ့ကျင့်ခန်း ပြုလုပ်မှု မှန်ကန်ပါစေ

ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တတ်သူတွေမှာ ခါးနာတဲ့ ပြဿနာဖြစ်ရတာဟာ လေ့ကျင့်မှုပုံစံ မမှန်တာကြောင့်ပါ။ နေ့စဉ် သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်း၊ သက်သောင့်သက်သာ ဖြစ်စေမယ့် လေ့ကျင့်ခန်း၊ အကြောဆန့် လေ့ကျင့်ခန်းတွေနဲ့ စွမ်းအားပြည့် လေ့ကျင့်ခန်းတွေကို ပုံမှန် လေ့ကျင့်ပေမယ့် ခါးနာနေတယ်ဆိုရင် သင့်လေ့ကျင့်မှုပုံစံ မှားယွင်းနေတာကြောင့်နဲ့ သင့်ခန္ဓာကိုယ်က လေ့ကျင့်မှုပုံစံကို နားမလည်တာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ လှုပ်ရှားမှုပုံစံ မှန်ကန်ပါစေ

ထိုင်ခုံပေါ်မှာ ထိုင်ချိန်ပဲဖြစ်စေ၊ ကြမ်းပြင်ပေါ် ထိုင်ချိန်မှာပဲဖြစ်စေ ခါးနေရာကို ဆန့်ထားပြီး ရင်ဖွင့်ကာ ထိုင်ပါ။ ခါးကုန်းပြီး ထိုင်တတ်၊ လမ်းလျှောက်တတ်တဲ့ အကျင့်ကြောင့် သင့်ခါးကို နာကျင်မှု ဖြစ်စေပါတယ်။ ဖုန်းစကားပြောချိန်မျိုးမှာ ခေါင်းနဲ့ပခုံးကြားကို ဖုန်းညှပ်ပြီး စကားပြောတာကြောင့် သင့်ခါးနဲ့ နောက်ကျော နာကျင်မှုကို ဖြစ်စေပါတယ်။

၃။ ကိုယ်အလေးချိန် မှန်ကန်ပါစေ

အရမ်းကို ဝလွန်းတဲ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် သင့်ခါးနေရာမှာ ဒဏ်ဖြစ်ပြီး ခါးနာတတ်ပါတယ်။ မှန်ကန်တဲ့ စားသောက်မှုပုံစံအတိုင်း နေထိုင်ရင်း ခန္ဓာကိုယ်အလေးချိန် ထိန်းကာ လေ့ကျင့်ခန်း အကူအညီနဲ့ ခါးနာတာကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

၎။ ပစ္စည်းသယ်ယူမှု မှန်ကန်ပါစေ

သင်သယ်ယူမယ့် ကုန်ပစ္စည်းရဲ့ အလေးချိန်ဟာ သင့်ခန္ဓာ ကိုယ်အလေးချိန်ရဲ့ သုံးပုံနှစ်ပုံ အများဆုံး ရှိသင့်ပါတယ်။ ဒီ့ထက်လေးတဲ့ အလေးမျိုးကို မမယ်ဆိုရင်တော့ ခါးနာတတ်ပါတယ်။ လေးတဲ့ ပစ္စည်းတွေကို သယ်ယူမယ် ဆိုရင်တော့ အရင်ဆုံး ထိုင်လိုက်ပြီးမှ သယ်ယူမယ့်ပစ္စည်းကို ယူပါ။ ခါးကုန်းပြီး လှမ်းသယ်တာမျိုးကို ရှောင်ပါ။

၅။ ဖိနပ်အနေအထား မှန်ကန်ပါစေ

ဒေါက်မြင့်ဖိနပ် စီးတတ်သူတွေက သင်သွားမယ့် နေရာအနေအထားကို သေချာ နားလည်တတ်ဖို့ လိုပါတယ်။ ဒေါက်မြင့်ဖိနပ် အချိန်ကြာကြာ စီးပြီး လမ်းလျှောက်တာနဲ့ မတ်တတ်ရပ်တာကြောင့် သင့်ခြေထောက်ကို ဒဏ်ဖြစ်စေတဲ့အပြင် သင့်ခါးနေရာကိုပါ နာကျင်မှု ဖြစ်စေပါတယ်။

၆။ အိပ်စက်မှုပုံစံ မှန်ကန်ပါစေ

အမျိုးသမီး အများစု ခါးနာရတဲ့ အကြောင်းရင်းတွေထဲမှာ အိပ်စက်မှုပုံစံ မမှန်တာနဲ့ အိပ်ရာ အနေအထားကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ မွေ့ရာဟာ အရမ်းမာလွန်းတာမျိုး ဆိုရင် သင့်ခါးနေရာကို နာကျင်မှုဖြစ်စေပါတယ်။ အိပ်စက်ချိန်မှာ ပက်လက်အိပ်တာနဲ့ ခေါင်းအုံး အရမ်း မြင့်လွန်းတာကြောင့် ခါးနဲ့ နောက်ကျော နာကျင်တတ်ပါတယ်။ ပက်လက်အိပ်ချိန်မှာ သင့်ခြေထောက် ဒူးခေါင်း အောက်နားမှာ ခေါင်းအုံးတစ်လုံး ခုအိပ်ပါ။

၇။ ဆွေးနွေးမှု မှန်ကန်ပါစေ

ခါးနာတာဟာ သုံးရက်ထက်ပိုပြီး ကြာနေမယ် ဆိုရင်တော့ နားလည်တတ်ကြွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ သင်နေထိုင်မှုပုံစံနဲ့ ပြောင်းလဲ နေထိုင်သင့်တဲ့ ဘဝနေထိုင်မှု ပုံစံတွေကို လမ်းညွှန်ပေးနိုင်ပြီး တခြား စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

သဲသဲ
BY GOOD HEALTH

............................................
Copy from ကျန်းမာရေးစာတိုများစုစည်းမှု

၁။ လေ့ကျင့်ခန်း ပြုလုပ်မှု မှန်ကန်ပါစေ

ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တတ်သူတွေမှာ ခါးနာတဲ့ ပြဿနာဖြစ်ရတာဟာ လေ့ကျင့်မှုပုံစံ မမှန် တာကြောင့်ပါ။ နေ့စဉ် သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်း၊ သက်သောင့်သက်သာ ဖြစ်စေ မယ့် လေ့ကျင့်ခန်း၊ အကြောဆန့် လေ့ကျင့်ခန်းတွေနဲ့ စွမ်းအားပြည့် လေ့ကျင့်ခန်းတွေကို ပုံမှန် လေ့ ကျင့်ပေမယ့် ခါးနာနေတယ်ဆိုရင် သင့်လေ့ကျင့်မှုပုံစံ မှားယွင်းနေတာကြောင့်နဲ့ သင့်ခန္ဓာကိုယ် က လေ့ကျင့်မှုပုံစံကို နားမလည်တာကြောင့် ဖြစ်နိုင်ပါတယ်။

ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် မိုးရွာသွန်းမှု ဖြစ်ပေါ်

AddThis Social Bookmark Button
w1-18-4-3
ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။