Friday, February 21, 2014

ဘားအံမြို့လယ်ကောင် နာရီစင်အနီးတွင် ကျောက်တင်ကား တိမ်းမှောက်

 
ကရင်ပြည်နယ် ဘားအံမြို့ ဗိုလ်ချုပ်လမ်းမကြီး နာရီစင်အနီးတွင် တန်လေးထောင် ဘိလပ်မြေစက်ရုံ သို့ ဂေါဒန်တင်ပို့နေသော တန်ပိုတင် ကျောက်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၂ နာရီခွဲက ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံဘက်သို့မီးသွေးများ နေ့စဉ်ကားအစီး ၅၀ ထက်မနဲတင်ပို့နေ


သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှ တရုတ်နိုင်ငံဘက်သို့မီးသွေးများ နေ့စဉ်ကားအစီး ၅၀ ထက်မနဲ တင် ပို့နေကြောင်း သျှမ်းသံတော်ဆင့်မှစုံစမ်းသိရှိရသည်။

သာကေတမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ကာ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

 
 ၂၀.၂.၂၀၁၄ရက်နေ့ ၁၆၄၀အချိန် သာကေတမြို့နယ်၊ ယမုံနာလမ်းအတိုင်း သာကေတဘက်မှ သန်လျင် ဘက်သို့ ယာဉ်မောင်း စိုးရန်နောင်(ဘ)ဦးလှညွန့်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-----တိုယိုတာပရာဒို ခဲရောင်ယာဉ်သည် မြင်တော်သာလမ်းထိပ် ဂိတ်ဟောင်းမှတ်တိုင် အနီး အရောက် ၎င်း၏ရှေ့မှယာဉ်အားကျော်တက်စဉ် ကိုငယ်လေးချို (ဘ)ဦးသိန်းမောင်၊ သာကေတမြို့နယ်နေ သူ စီးနင်းလာသော ဆိုက္ကားနှင့် ကိုကြည်ဝင်း (ဘ)ဦးအေးလွင် သာကေတမြို့နယ်နေသူ စီးနင်းလာသော စက်ဘီးတို့အားတိုက်မိခဲ့ပါသည်။

မန္တလေး ဘူတာကြီး မြစ်ငယ်ဘက်သို့ ပြောင်းရန် NLD အကြံပြု

Photo: မန္တလေး ဘူတာကြီး မြစ်ငယ်ဘက်သို့ ပြောင်းရန် NLD အကြံပြု
Friday, February 21, 2014

မန္တလေးမြို့လယ် အချက်အချာ ရှိသည့် နေရာတွင် ကိုလိုနီခေတ်မှစ၍ တည်ရှိခဲ့သော မန္တလေး ဘူတာရုံကြီးကို မြစ်ငယ် ကျေးရွာဘက်သို့ ပြောင်းရွှေ့ရန် အမရပူရမြို့နယ် NLD ပါတီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) အကြံပေး အဖွဲ့သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ပါတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ထွဋ်က The Voice သို့ ပြောကြားသည်။

အမရပူရမြို့နယ် တောင်မင်းကြီး ဘုရားဝင်းအတွင်း ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကျင်းပသည့် MCDC အကြံပေးအဖွဲ့နှင့် နိုင်ငံရေး ပါတီဝင်များ၊ မြို့နယ် အထောက်အကူပြု အဖွဲ့များ၊ မြို့နယ် လူမှုရေး အသင်းများ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးပွဲတွင် ၎င်းက အထက်ပါအတိုင်း အကြံပြု တင်ပြ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေး ဘူတာကြီးသည် ချမ်းအေးသာစံ မြို့နယ်အတွင်း မြို့လယ်ကောင်တွင် တည်ရှိရာ ချမ်းအေးသာစံ မြို့နယ်သည် မြို့ပေါ် ငါးမြို့နယ်ထက် လူဦးရေ သိပ်သည်းမှုနှုန်းမှာ ၆၉ ဒသမ ၃၉ ရာခိုင်နှုန်း ရှိသဖြင့် မန္တလေး မြို့ပေါ်ရှိ လူဦးရေ သိပ်သည်းမှု အများဆုံး မြို့နယ်တွင် ပါဝင်သောကြောင့် ရေရှည်တွင် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲလာနိုင်မည် ဖြစ်သဖြင့် မြစ်ငယ် ကျေးရွာရှိ မီးရထားများကို ပြုပြင် မွမ်းမံ ထိန်းသိမ်းသော အလုပ်ရုံများ ရှိသည့် နေရာသည် ပိုမို သင့်လျော်သည့် နေရာဖြစ်နိုင်သောကြောင့် ပြောင်းရွှေ့ရန် တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

မြို့ပေါ်တွင် နေ့စဉ် ပြေးဆွဲနေသော ယာဉ်အချို့ကို မြို့ပြင်သို့ ထုတ်ခြင်းသည် အကောင်းဆုံးဖြစ်ကာ မြစ်ကြီးနား ရထားလိုင်းကိုမူ ရွာထောင်ဘက်သို့ ပြောင်းရွှေ့သင့်သည်ဟု အကြံပြုခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ခရီးသွားလာမှု ကျပ်တည်းရင် ဖြေရှင်းရမှာက အစိုးရမှာ တာဝန်ရှိတယ်လေ၊ ခုံးကျော် တံတားတွေ ထိုးပြီးတော့ ဖြေရှင်းရင်လည်း ရတာပဲ၊ နိုင်ငံတကာမှာလည်း ဘူတာတွေက မြို့လယ်မှာပဲ ရှိတယ်” ဟု မန္တလေးတိုင်း ဒေသကြီး NLD ပါတီ တိုင်းအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်သန်းက ဆိုသည်။

မန္တလေး ဘူတာကြီးကို မြို့ဟောင်း ဘူတာသို့ ပြောင်းရွှေ့သင့်ကြောင်းကို ၁၉၄၉ ခုနှစ်က မန္တလေး မြူနီစီပယ်က တင်ပြခဲ့ဖူးပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် မန္တလေး ဘူတာကြီးနှင့် တရုတ်တန်းဈေး စည်ကားမှုကြောင့် ယာဉ်ကြော ရှုပ်ထွေးခြင်း၊ ဘူတာကြီးနှင့် ဈေးတစ်ဝိုက် သန့်ရှင်းမှု မရှိခြင်း၊ ရေမြောင်း ပိတ်ဆို့ခြင်း၊ လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဈေးဆိုင် တည်ခင်းခြင်း၊ အခြေအနေမဲ့များ ညအိပ် နေထိုင်ခြင်းတို့ကြောင့် တရုတ်တန်းဈေးနှင့် ဘူတာကြီးကို မြို့လယ်မှ ရွှေ့ပြောင်းသင့်ကြောင်းကို မြို့ခံလူထုက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရအဖွဲ့သို့ တင်ပြခဲ့သော်လည်း ယခုအချိန်ထိ ဘူတာကြီးမှာ မြို့လယ်တွင် ရှိနေဆဲ ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး အကြံပေး အဖွဲ့ဝင် အမရပူရမြို့သား ဦးသန်းမြင့်က ပြောကြားသည်။

“ဘူတာကြီး ပြောင်းရွှေ့မယ်ဆိုရင် မြို့ဟောင်း ဘူတာကို ပြောင်းရင် ပိုသင့်တော်တယ်။ သွားလာရေး လွယ်ကူမယ်။ မြစ်ငယ်က မြို့နဲ့ အလှမ်းဝေးတဲ့ အတွက်ကြောင့် သွားရေးလာရေး ခက်ခဲနိုင်တယ်” ဟု အမရပူရမြို့ခံ ရက်ကန်း လုပ်ငန်းရှင် ဦးသန်းနိုင်ထွန်းက ဆိုသည်။

မန္တလေး ဘူတာကြီး ပြောင်းရွှေ့ရန် လိုအပ်ချက်များကို ၁၉၉၃ ခုနှစ်တွင် ဂျပန်နိုင်ငံသား အတိုင်ပင်ခံ ရေးဆွဲ တင်ပြခဲ့သည့် Star Ruby Project ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရေးဆွဲသည့် နှစ် (၃၀) စီမံကိန်း၊ မန္တလေးတိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက စုစည်း တင်ပြထားသည့် မန္တလေးမြို့ မြို့ပြ စီမံကိန်းနှင့် မြို့ဖွဲ့စည်း တည်ဆောက်ပုံ အစီရင်ခံစာများတွင် စီမံကိန်းကို ရေရှည် စဉ်းစားပြီး ဆောင်ရွက်ရန် အကြံပြုချက်များ တင်ပြထားခဲ့သည်ဟု MCDC တာဝန်ရှိသူများထံမှ သိရသည်။

မန္တလေး ဘူတာကြီးသည် ၇၈ လမ်းနှင့် ၃၀ လမ်းထောင့်တွင် တည်ရှိပြီး မြစ်ငယ် ကျေးရွာရှိ မီးရထား ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံ စခန်းများသည် မန္တလေးနှင့် ၁၂ မိုင် ဝေးသည်ဟု အမရပူရမြို့နယ် မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly
မန္တလေးမြို့လယ် အချက်အချာရှိသည့် နေရာတွင် ကိုလိုနီခေတ်မှစ၍ တည်ရှိခဲ့သော မန္တလေး ဘူတာရုံကြီး ကို မြစ်ငယ် ကျေးရွာဘက်သို့ ပြောင်းရွှေ့ရန် အမရပူရမြို့နယ် NLD ပါတီက မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီ (MCDC) အကြံပေး အဖွဲ့သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ပါတီ တွဲဖက် အတွင်းရေးမှူး ဦးတင်ထွဋ်က The Voice သို့ ပြောကြား သည်။

ရုံးလုပ်ငန်းသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုမည်ဟု သူရဦးရွှေမန်း ပြောကြား

Photo: ရုံးလုပ်ငန်းသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုမည်ဟု သူရဦးရွှေမန်း ပြောကြား
Friday, February 21, 2014

အစိုးရဝန်ကြီးဌာန ၃၆ ခု လက်အောက်ခံ ရုံးဌာနများ ရုံးလုပ်ငန်း အသုံးစရိတ်များကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရုံးဌာန အသီးသီးတွင် အမှန်တကယ် လိုအပ်သော သုံးစွဲငွေ ကုန်ကျစရိတ်များ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါက်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး၏ အသုံးစရိတ်မှာ ကျပ်ငါးသောင်းအထိ ရှိနေပြီး မြို့နယ်ရုံး၊ မြို့နယ် ကျန်းမာရေးဌာန တစ်ခုလုံး၏ အသုံးစရိတ်မှာ ကျပ် ၁၅,၀၀၀ နှင့် ၂၀,၀၀၀ ကျပ် ဝန်းကျင်သာ ရှိသောကြောင့် တိုးမြှင့်ပေးရန် လိုအပ်ကြောင်းဦးခင်မောင်ညိုက ပြောကြားသည်။

ဌာနဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ရဲဌာနများသည် ရုံးအသုံးစရိတ် မလုံလောက်သောကြောင့် မလုပ်သင့်သော တောင်းခံမှုများ ပြုလုပ်နေသောကြောင့် တိုင်း၊ ခရိုင်နှင့်မြို့နယ် အဆင့်ဆင့်မှ အသုံးစရိတ် အမှန်တကယ် ကုန်ကျငွေကို လွှတ်တော်သို့ တင်ပြရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
“လုံလောက်တဲ့ အသုံးစရိတ်မရရင် clean gorverment နဲ့ good governance ဆိုတာ စာထဲမှာပဲရှိမယ်။ ငွေထုတ်ပေးလို့ ကုန်တယ်ဆိုပေမယ့် တိုင်းပြည်နဲ့ ပြည်သူအတွက် အများကြီး တန်ဖိုးရှိသွားမယ်။ မဖွယ်မရာ လုပ်တယ်ဆိုရင် သူတို့မှာ တာဝန်ရှိသွားပြီ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ အသုံးစရိတ် တိုးမြှင့်ပေးပါက ဘဏ္ဍာငွေ ပိုမိုကုန်ကျခြင်းထက် ဝန်ထမ်းများ ဂုဏ်သိက္ခာ ရာနှုန်းပြည့်မြင့် တက်လာရန် တဖြည်းဖြည်း ထိန်းကျောင်းနိုင်မည် ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားခြင်းကို ကာကွယ်ရာ ရောက်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

The Voice Weekly
အစိုးရဝန်ကြီးဌာန ၃၆ ခု လက်အောက်ခံ ရုံးဌာနများ ရုံးလုပ်ငန်း အသုံးစရိတ်များကို ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် တိုးမြှင့်ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း က ပြော ကြားသည်။

အန္တရာယ်ရှိ စာသင်ကျောင်းများနှင့် ပြင်ဆင်ရန်ကျောင်းပေါင်း ၃ဝဝ ကျော်ရှိနေ

ပညာရေးဝန်ကြီးဌာန၊ အမှတ် ၂ အခြေခံ ပညာရေးဦးစီးဌာနက၂ဝ၁၄-၁၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် အန္တရာယ် ရှိကျောင်းများ၊ ဥပဓိရုပ်မကောင်းသော ကျောင်းများ၊ ကျောင်းဆောင်သစ်တိုးချဲ့ ခြင်းများနှင့် ပတ် သက်ပြီး မူလတင်ပြထားသည့် ကျောင်းပေါင်း ၂၂ဝ အစား ၃ဝ၃ ကျောင်းပြင်ဆင်ရန် ယနေ့ ပြည် ထောင်စု လွှတ်တော်၌ ပြည်သူ့ လွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီဝင်က အဆိုပြု တင်ပြ လိုက်သည်။

Social Media သတင်းအချက်အလက်များကို အမှန်အမှား ခွဲခြားပေးမည့်စနစ်

Photo: Social Media သတင်းအချက်အလက်များကို အမှန်အမှား ခွဲခြားပေးမည့်စနစ်
Friday, February 21, 2014 

ကောလာဟလများနှင့် သတင်းအချက်အလက်မှန်များ ခွဲခြားရန် ခက်ခဲလာသည့် ယနေ့ခေတ် Social Media လောကတွင် အဆိုပါ တီထွင်ဖန်တီးမှုက အစိုးရများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် အမှန်တရားကို ခန့်မှန်းဆွဲထုတ်နိုင်အောင် အကူအညီ ပေးလာဖွယ် ရှိသည်။

Social Media များပေါ်တွင် တင်ထားသည့် အကြောင်းအရာများ မှန်ကန်မှုရှိမရှိ စစ်ဆေးမည့် မုသားဖော်စနစ် တစ်ခုကို မကြာမီ လက်တွေ့စမ်းသပ်နိုင်ဖွယ် ရှိနေကြောင်း သိရသည်။ ကောလာဟလများနှင့် သတင်းအချက်အလက်မှန်များ ခွဲခြားရန် ခက်ခဲလာသည့် ယနေ့ခေတ် Social Media လောကတွင် အဆိုပါ တီထွင်ဖန်တီးမှုက အစိုးရများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် အမှန်တရားကို ခန့်မှန်းဆွဲထုတ်နိုင်အောင် အကူအညီ ပေးလာဖွယ် ရှိသည်။ အဆိုပါ စနစ်တွင် Social Mediaများပေါ်မှ အခြေအနေတိုင်းကို အချိန်နှင့် တစ်ပြေးညီ စစ်ဆေးနေမည်ဖြစ်ပြီး အင်တာနက်ပေါ်မှ ဖော်ပြချက်များသည် အမှန်အမှား ကွဲကွဲပြားပြား ဖြစ်နေအောင် စိစစ်သွားမည်ဟု သိရသည်။ ထို့အပြင် Social Media Account တစ်ခုသည် သတင်းမှားများ ဖြန့်ချီရန် သက်သက်သာ ဖန်တီးထားခြင်းမျိုး ဆိုလျှင်လည်း တိတိကျကျ သိရှိလာအောင် ဖော်ထုတ်ပေးမည်ဟု ဆိုသည်။

အဆိုပါ ပရောဂျက်သည် သုတေသန ရလဒ်များကို အခြေခံပြီး မုသားဖော်စက် စနစ်တစ်ခုအနေဖြင့် ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်။ (၂၀၁၁)ခုနှစ်က လန်ဒန်တွင် အဓိကရုဏ်း အခြေအနေအချို့ ဖြစ်ပေါ်ခဲ့စဉ်က အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့သော သတင်းအချက်အလက်များကို ပြန်လည်လေ့လာကာ ယခုစနစ်ကို တီထွင်ထားသည်။ Twitterနှင့် Facebookတို့ကဲ့သို့ Social Media ဝက်ဘ်ဆိုက်များပေါ်မှ ဖော်ပြချက်များ၊ မှတ်ချက်များကို သုတေသနပြုပြီးနောက် ကောလာဟလများ စတင်ပျံ့နှံ့လာသည့် အဓိက အကြောင်းရင်း (၄)ခုကို ပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတို့မှာ ထင်မြင်ယူဆမှု၊ အငြင်းပွားဖွယ် အခြေအနေ၊ သတင်းများဖြန့်ဖြူးမှု၊ နားယောင်မှုတို့ ဖြစ်ကြသည်။

ဗြိတိန်နိုင်ငံ၊ ရှက်ဖီးလ်တက္ကသိုလ်မှ ယခုသုတေသန စစ်တမ်းကို ဦးဆောင်သူ ဒေါက်တာ ကာလီနာ ဘွန်ချီဗာက "(၂၀၁၁)ခုနှစ်၊ ပဋိပက္ခနောက်ပိုင်း Social Mediaတွေကို ပိတ်ပစ်လိုက်ဖို့တောင် တောင်းဆိုမှုတွေ ရှိလာပါတယ်။ ဒါဟာ အုံကြွမှုကို လှုံ့ဆော်သူတွေက ဆိုးရွားတဲ့ နည်းလမ်းနဲ့ အသုံးချကြလို့ပါပဲ"ဟု ပြောကြားခဲ့သည်။ ၎င်းက "ဒါပေမဲ့လည်း Social Mediaတွေဟာ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကိုလည်း ထောက်ပံ့ပေးနေတယ်လေ။ တကယ့် အခက်ခဲဆုံး အကြောင်းအရာက မုသားဖြစ်ဖြစ်၊ အမှန်တရားဖြစ်ဖြစ် အရမ်းမြန်မြန်ဆန်ဆန် ပျံ့နှံ့သွားလေ့ ရှိနေတာပါပဲ။ ကောလာဟလတွေကို တုံ့ပြန်ဖို့က သိပ်ကိုခက်ခဲပါတယ်။ ဥပမာ ပြောရရင် အရေးပေါ်အခြေအနေမှာ ထိန်းသိမ်းကိုင်တွယ်ရတဲ့ အဖွဲ့အစည်းတွေက ဒီသတင်းတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ရတာ သိပ်ကို ကျပ်တည်းလွန်းတယ်။ ဒါကြောင့်လည်း Social Mediaတွေပေါ်က အချက်အလက်တွေကို အမှန်အမှား ခွဲခြားနိုင်ဖို့ သုတေသန ပြုခဲ့ကြတာပါပဲ"ဟုလည်း ရှင်းပြခဲ့သည်။

ယခုစနစ်သည် Postတစ်ခု ရေးသားသူ၏ သတင်းအချက်အလက်များနှင့် ယင်းဖော်ပြချက်အတွက် အကိုးအကားများကိုပါ ခြေရာခံ စစ်ဆေးပြီး အမှန်အမှား၊ ဖြစ်နိုင်ခြေ ရှိမရှိကို အဖြေထုတ်သွားမည် ဖြစ်သည်။ "ခုလောလောဆယ်တော့ စာသားတွေကိုပဲ စမ်းသပ်နိုင်လိမ့်ဦးမယ်။ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုတော့ စိစစ်နိုင်မှာ မဟုတ်သေးဘူး။ ဥပမာ၊ ဓာတ်ပုံတစ်ပုံပုံကို အပြောင်းအလဲ လုပ်ထားတာမျိုး ရှိသလား ဆိုတဲ့ ဒွိဟမျိုးအတွက် အဖြေမရှိသေးပါဘူး။ နည်းပညာပိုင်းအရ အဲဒီလုပ်ငန်းမျိုးကျတော့ အရမ်းရှုပ်ထွေးသွားတယ်လေ"ဟုလည်း ဒေါက်တာဘွန်ချီဗာက ပြောကြားသွားသည်။

Planet Myanmar Network
ကောလာဟလများနှင့် သတင်းအချက်အလက်မှန်များ ခွဲခြားရန် ခက်ခဲလာသည့် ယနေ့ခေတ် Social Media လောကတွင် အဆိုပါ တီထွင်ဖန်တီးမှုက အစိုးရများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် အမှန်တရားကို ခန့်မှန်းဆွဲထုတ်နိုင်အောင် အကူအညီ ပေးလာဖွယ် ရှိသည်။

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ

Photo: အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ
Friday, February 21, 2014 

ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။

အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။

သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို အကြောင်းကြားပြီးအကူအညီတောင်းခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ်ချက်အစီရင်ခံစာအရ အသက်၃၀ အရွယ်ရှိတဲ့ ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို ထိုးနှက်ချိန်တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

ကုရ်အာန်ကျမ်းစာလာ အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း၊မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး ကို အခြေခံထားတဲ့ ဒီဥပဒေကို အာရဗစ်နိုင်ငံအများစုက လက်ရှိတရားဝင်ကျင့်သုံးလျက်ရှိတယ်လို့  သိရပါတယ်။ ကိုရန်ကျမ်းစာမှာ မိဘဖြစ်သူဟာ ရိုသေလေးမြတ်ခြင်းခံရတဲ့ အတိုင်း အာရဗစ်နိုင်ငံတွေမှာ မိဘဖြစ်သူကို တိုက်ခိုက်စော်ကားလို့ ရှိရင် ကြီးမားပြင်းထန်တဲ့ အပြစ်ကို ချမှတ်ခံရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း မိခင်ဖြစ်သူကို လက်ကျိုးအောင်ရိုက်ခဲ့တဲ့လူတစ်ယောက်ကို သူ့ အမေကို ထောင်ထဲက ထွက်ခွင့်ပြုဖို့ သဘောမတူမချင်း အခုအချိန်ထိ ထောင်သွင်းအကျဉ်းချထားတယ်လို့ Gulf News သတင်းစာ ကိုဆိုပါတယ်။

Trend Myanmar
ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံ ခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံး တစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲ က နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။

ခေါင်းမူး ခေါင်းကိုက်အတွက် သံပုရာသီး

Photo: ခေါင်းမူး ခေါင်းကိုက်အတွက် သံပုရာသီး
Friday, February 21, 2014

တစ်ချို့သော သူတွေလည်း သိပြီးသား ဖြစ်ပါတယ်။ အဲဒါကတော့ သံပုရာသီး၏အစွမ်းထက်မှု ဖြစ်ပါတယ်။ ခေါင်းမှုးနေရင်ပဲ ဖြစ်ဖြစ် ခေါင်းကိုက်နေရင်ပဲ ဖြစ်ဖြစ်သံပုရာသီးကို အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံလေးကတော့ သုံပုရာသီးကို တစ်ခြမ်းခြမ်းပြီး အတွင်းသားလေးဖြင့် ပွတ်ပေးပါက သိသိသာသာ သက်သာလာပါလိမ့်မယ်။ ဒါ့အပြင် ပင်းပန်းနွမ်းနေပါက သံပုရာရည်ကို သောက်နိုင်ပါတယ်။

သံပုရာသီး၏ အနံ့နှင့် အရသာဟာ ခေါင်းမူးခေါင်းကိုက် အတွက်သာ မကဘဲ ပင်ပန်းနွမ်းနယ်မှုတွေ အတွက်ပါ ကောင်းမွန်ပါတယ်။

ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
တစ်ချို့သော သူတွေလည်း သိပြီးသား ဖြစ်ပါတယ်။ အဲဒါကတော့ သံပုရာသီး၏အစွမ်းထက်မှု ဖြစ်ပါတယ် ။ ခေါင်း မှုးနေ ရင်ပဲ ဖြစ်ဖြစ် ခေါင်းကိုက်နေရင်ပဲ ဖြစ်ဖြစ်သံပုရာသီးကို အသုံးပြုနိုင် ပါတယ်။

" University of British Columbia (UBC)မှ ဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ထူး ဆောင်ပါမောက္ခရာထူးနှင်းအပ် "

Photo: " University of British Columbia (UBC)မှ ဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ထူး ဆောင်ပါမောက္ခရာထူးနှင်းအပ် "
Friday, February 21, 2014

ကြီးမားသည့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်း လဲမှု ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် လိုအပ်နေသောစီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာ ဘာသာရပ်များကို သင်ကြားပို့နေ သူ ဒေါက်တာ အောင်ထွန်းသက်အား University of British Columbia (UBC) မှ ဂုဏ်ထူးဆောင် ပါမောက္ခရာထူး Honarary Professorship နှင်း အပ်ပွဲအခမ်းအနားကို ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMFCCI) ဇုန်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ယင်းUniversity of British Columbia (UBC) သည် ကနေဒါ နိုင်ငံမှ အကြီးဆုံးတက္ကသိုလ်များထဲမှ တစ်ခုဖြစ်ကာ Vancouver Campus၁၉၂၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ UBC တက္ကသိုလ်တွင် ပညာရေး၊ သစ်တောပညာ၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုမြေယာနှင့် စားနပ်ရိက္ခာစနစ်ပညာ၊ ဥပဒေနှင့် စီမံခန့်ခွဲမှုစသည့် ပညာသင်ကြားရေးဌာနများ ပါဝင်တည်ရှိသည်။ ဆရာဒေါက်တာအောင်ထွန်းသက် ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သော မှတ်သားစရာပို့ချချက်များထဲမှ တစ်ခုကို အောက်တွင် ဖော်ပြလိုက်ပါသည်။

''ဆရာတို့နိုင်ငံမှာ အနာဂတ်အ တွက် ဦးဆောင်မှုပေးတဲ့ သူတွေကို ပြောချင်တယ်။ ခေါင်းဆောင်၊ ဦးဆောင်မှုတွေကို စဉ်းစားတဲ့အခါမှာ အခြေခံ တစ်ခုကို ဆရာမျှဝေချင်တယ်။ အဲဒီအခြေခံကတော့ ဦးဆောင်မှုပေးတဲ့ Leadershipနဲ့ဦးဆောင်တဲ့သူ Leader နဲ့မတူဘူး ဆိုတဲ့အကြောင်းပါ။ Leadership မတူဘူး။ Leaderဆို တာ ဦးဆောင်တဲ့သူ၊ ခေါင်းဆောင်တဲ့ သူ၊Leadership ကတော့ ဦးဆောင်မှု ပေးတဲ့သူ၊ ကိုယ့်နေရာနဲ့ကိုယ် ဟာ ခေါင်းဆောင်တဲ့သူဖြစ်ရမယ်။ နိုင်ငံ တော်မှာလည်း ဦးဆောင်တဲ့သူ၊ ခေါင်းဆောင်တဲ့သူရှိတယ်။

ပြည်သူပြည်သား တွေအားလုံးသည် ဦးဆောင်တဲ့သူတွေ ဖြစ်နေမယ်။ ဦးဆောင်မှုပေးတဲ့ သူဟာ တာဝန်သိတယ်။ ဦးဆောင်မှုပေးတဲ့ ဟာက တာဝန်ခံတယ်။ တာဝန်ယူတယ်။ အဲဒါလေးတွေ အခြေခံပါတယ်။

ယင်းဂုဏ်ထူးဆောင်ပါမောက္ခ ရာထူးနှင်းအပ်ပွဲ အခမ်းအနားက Myanagement Magazine မှ တာဝန် ယူဆောင်ရွက်ပေးသည်ဟု သိရသည်။

Popular Myanmar News Journal
ကြီးမားသည့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်း လဲမှု ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် လိုအပ်နေသောစီးပွားရေး ပညာ၊ စီမံခန့်ခွဲမှု ပညာ ဘာသာရပ်များကို သင်ကြားပို့နေ သူ ဒေါက်တာ အောင်ထွန်းသက်အား University of British Columbia (UBC) မှ ဂုဏ်ထူးဆောင် ပါမောက္ခရာထူး Honarary Professorship နှင်း အပ်ပွဲအခမ်းအနားကို ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMFCCI) ဇုန်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အမျိုးသမီးအသင်းအခွင့်အရေးရှိနေဟု နည်းပြပြော

၂၀၁၄ မေ ၁၈မှ ၂၅ရက်အထိ ယှဉ်ပြိုင်ကစားရန်ရှိသည့် အမျိုးသမီးအာရှဖလား ဘောလုံးပြိုင်ပွဲ အတွက် ခြေစစ်ပွဲအောင်မြင်ထားသည့် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ကုမာဒါက အာရှ ဖလား ပြိုင်ပွဲမှတစ်ဆင့် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ၀င်ခွင့်ရရန်မှာအာဆီယံ အသင်းသုံးသင်းလုံးတွင် အခွင့် အရေး ဆတူရှိနေကြောင်း သုံးသပ်ပြောကြားလိုက်သည်။ 

ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရား ပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူ တစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူ လိုက်သည်။

ကြက်ဥ စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်

Photo: ကြက်ဥ စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်
Friday, February 21, 2014

ကြက်ဥ တစ်နေ့ တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥအား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။

အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှု အများဆုံး အစားအစာများ ထဲမှ တစ်ခု ဖြစ်ပြီး နေ့စဉ် ကြက်ဥ တစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုး ကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု အကြံပြု တိုက်တွန်း ခဲ့ကြသည်။

သုတေသန ပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါးသော်လည်း ပရိုတင်းဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက် အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နို အက်စစ်ဓာတ်သည် ကလေးများ၊ ဆယ်ကျော် သက်များနှင့် လူငယ် လူရွယ်များ အတွက် မရှိမဖြစ် အရေး ပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။

ကြက်ဥတွင် ပါဝင်သော အင်တီအောက်ဆီးဒင့်ဓာတ် ပမာဏမှာ မြင့်မားလှပြီး အိုမင်း ရင့်ရော်ခြင်းကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှောင်ကြဉ်သူများအနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုး ကျေးဇူးကို ခံစား ရဖွယ်ရှိသည် ဟုဆိုသည်။

ကြက်ဥနှင့် ပတ်သက်၍ အရေးပါသော တွေ့ရှိမှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့် ပတ်သက်၍ အရေးပါသော ဓာတ်စာအရင်း အမြစ်တစ်ခု ဖြစ်သည်ဟု သုတေသန ပညာရှင်တို့က အစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

မြ၀တီ
ကြက်ဥ တစ်နေ့ တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြု ဖွယ်ရှိ ကြက်ဥ အား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ်ရှိသည်ဟု သုတေ သန ပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။

ဆေးပြတ်လူငယ် ဆေးပြန်မသုံးစေရန် စေတနာ့ဝန်ထမ်းအသင်းက စောင့်ရှောက်လျက်ရှိ

ပြန်လည်ထူထောင်ရေးစခန်းများမှ မူးယစ်ဆေးဝါးဖြတ်၍ ဆင်းသွားသော လူငယ်များအား နောက်ဆက် တွဲစောင့်ရှောက်မှု ပေးသွားရန်နှင့် မူးယစ်ဆေးဝါး ပြန်လည်မသုံးပြုမိအောင် စောင့်ကြည့် ကူညီရန် စေတနာ့ ၀န်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း၊ မန္တလေး(ဗဟို)က ဆောင်ရွက်လျက်ရှိကြောင်း ယင်းအ သင်းမှ အတွင်းရေးမှူး ဦးမြင့်သန်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

အင်းစိန် မီးရထားပိုင်မြေရှိ ကျူးကျော်များ ဖျက်သိမ်းရန်စီစဉ်

ရန်ကုန်တိုင်း အင်းစိန်၊ ဈေးကုန်းအရှေ့ စံကျော်စုရပ်ကွက် မီးရထားပိုင်နယ်မြေအတွင်း နှစ်၂၀ ကျော်နေ ထိုင်ခဲ့သည့် အိမ်ခြေ ၃၅ လုံးကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖျက်သိမ်းမည်ဖြစ်ပြီး မီးရထားရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူရမည်ဖြစ်သည်ဟု အင်းစိန်မြန်မာ့မီးရထားရဲတပ်ဖွဲ့ တပ်ခွဲ(၁၄)မှ တပ်ကြပ်ကြီးမြင့်ငွေက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၈၀ ကျော် အသစ်ပြန်ဆောက်ရန် လွှတ်တော်တင်

Photo: အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၈၀ ကျော် အသစ်ပြန်ဆောက်ရန် လွှတ်တော်တင်
Friday, February 21, 2014

အမှတ်(၂) အခြေခံပညာ ဦးစီးဌာန အထက်မြန်မာပြည် လက်အောက်ရှိ အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၈၃ ကျောင်းကို အသစ် ပြန်လည် ဆောက်လုပ်ရန် အတွက် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက အဆိုတင်သွင်းကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရက တင်သွင်းထားသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၌ ယင်းကျောင်းဆောင်များ ပြန်လည် ဆောက်လုပ်ရန် မပါရှိသဖြင့် ပညာရေး ဝန်ကြီးဌာနမှ အန္တရာယ်ရှိ ကျောင်းဆောင်များ ပြန်လည် ဆောက်လုပ်ရန် အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၂၂၀ ကို ဖျက်သိမ်းပြီး အသစ် ဆောက်လုပ်ရန် လျာထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက တင်ပြလာသော စာသင်ကြားရန် မသင့်သည့် ကျောင်းပေါင်း ၈၃ ကျောင်းကို ထပ်တိုး ဆောက်လုပ်ရန် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြဦးက ပြောကြားသည်။
“ကော်မတီ အနေနဲ့ မဖြစ်မနေ အသစ်ဆောက်ရန် လိုအပ်နေတဲ့ ကျောင်းတွေကို ဦးစားပေး စိစစ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အန္တရာယ်ရှိ ကျောင်းဆောင်များကို ဖျက်သိမ်းပြီး အသစ် ပြန်လည် ဆောက်လုပ်ရန်အတွက် ကျပ်သန်းပေါင်း ၁၃၃၃၆ ဒသမ ၃ သန်းကို လျာထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ အန္တရာယ်ရှိ ကျောင်းများကို အချိန်မီ ပြင်ဆင်နိုင်ရန် အတွက် အခြေခံပညာ ဦးစီးဌာနသို့ တင်ပြမှုများသည် ကြန့်ကြာမှုများ ရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် စိုးရိမ်ဖွယ် အခြေအနေများ ကြုံတွေ့နေရကြောင်း အသက် ၅၀ ကျော် မူလတန်းပြ ဆရာမ တစ်ဦးက ဆိုသည်။
“မြို့ပေါ်က ကျောင်းတွေကတော့ ကြီးကြီးမားမား မဟုတ်ရင် အလှူရှင်တွေနဲ့ ဆောက်လို့ ရပေမယ့် တချို့ရွာတွေမှာ ကိုယ့်ဝမ်း ကိုယ်ကျောင်းရတာ ဆိုတော့ ဖြစ်သလိုပဲ စာသင်ကြရတာ” ဟု ၎င်းက ဆိုသည်။

ယင်းသို့ လွှတ်တော် ကိုယ်စားလှယ်များက ဒေသဆိုင်ရာ ကျောင်းများ လိုအပ်ချက်ကို ဘဏ္ဍာနှစ် မကုန်မီ တင်ပြပေးရန်နှင့် ဘဏ္ဍာငွေ ခွင့်ပြုမှုအလိုက် ဦးစားပေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားထားသည်။

သို့သော်လည်း နိုင်ငံတော် လူ့စွမ်းအား အရင်းအမြစ်များ အတွက် အရေးပါသော ပညာရေး ဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာငွေ တောင်းခံမှုမှာ နည်းပါးနေသဖြင့် အခြား ဝန်ကြီးဌာနများ အနေနှင့် မျှဝေ သုံးစွဲပေးရန်အတွက် ပြည်သူ့ ငွေစာရင်း ကော်မတီက ထောက်ပြထားသည်။

The Voice Weekly
အမှတ်(၂) အခြေခံပညာ ဦးစီးဌာန အထက်မြန်မာပြည် လက်အောက်ရှိ အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၈၃ ကျောင်းကို အသစ် ပြန်လည် ဆောက်လုပ်ရန် အတွက် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက အဆိုတင်သွင်းကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

မြန်မာ့လုံထိန်း ၁၄၀၀ ကျော်ကို အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းနည်း ပို့ချပြီးဟု အီးယူသံအမတ်ကြီးဆို

Photo: မြန်မာ့လုံထိန်း ၁၄၀၀ ကျော်ကို အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းနည်း ပို့ချပြီးဟု အီးယူသံအမတ်ကြီးဆို
Friday, February 21, 2014

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂ၏ အစီအစဉ်ဖြင့် မြန်မာ့လုံထိန်း ၁၄၁၉ ဦးကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်းပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ပြောကြားသည်။

မြန်မာ့ရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂ၏ သင်တန်းများ ပို့ချခြင်း အစီအစဉ်များနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ် လေ့ကျင့်ရေးကွင်း အမှတ် (၈) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သံအမတ်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းအရ ဥရောပသမဂ္ဂက မြန်မာ့ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လေးစားလိုက်နာ၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လူထုအခြေခံ ယုံကြည်စိတ်ချရသော ရဲတပ်ဖွဲ့အဖြစ် ရပ်တည်နိုင်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာရိုလန် ကိုဘီယာက ဆိုသည်။

မြန်မာအစိုးရ၏ တောင်းဆိုချက်အရ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်ခဲ့သော အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းနည်း သင်တန်းကို ဥရောပသမဂ္ဂ နိုင်ငံများမှ အတွေ့အကြုံရှိ ဝါရင့် ရဲအရာရှိကြီးများက နိုင်ငံတကာ အဆင့်မီ နည်းစနစ်များဖြင့် ပို့ချပေးနေခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အထူးသဖြင့် ဆန္ဒပြပြည်သူများ၊ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ၊ အဓိကရုဏ်းများကို ဖြေရှင်း ထိန်းသိမ်းရာတွင် အင်အားသုံး နှိမ်နှင်းမှုများ မပြုလုပ်ရန်၊ ဒီမိုကရေစီ စံနှုန်းများအညီ ဖြေရှင်းနိုင်ရန်အတွက် မြန်မာ့ရဲတပ်ဖွဲ့ကို ယခုကဲ့သို့ ဥရောပသမဂ္ဂ နိုင်ငံများမှ ကျွမ်းကျင် ရဲအရာရှိများက သင်တန်းများ ပို့ချပေးခြင်း ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။ 

“လက်ပံတောင်းနဲ့ မိတ္ထီလာမြို့နယ်တွေမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းတွေ ပြောင်းလဲဖို့ လိုနေပြီဆိုတာ သက်သေပြလိုက်တာပဲ” ဟု ၎င်းကဆိုသည်။ 

ဥရောပသမဂ္ဂက မြန်မာ့ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေးအတွက် ၁၈ လ (၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိ) ကြာမြင့်မည့် စီမံကိန်းတစ်ရပ် ရေးဆွဲခဲ့ပြီး ယင်းစီမံကိန်းအတွက် ဥရောပ သမဂ္ဂက ယူရိုငွေ ၁၀ သန်း (မြန်မာကျပ်ငွေ ၁၃ ဒသမ၂ ဘီလီယံ) ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

အဆိုပါ စီမံကိန်းတွင် အစီအစဉ်သုံးခု ပါဝင်၍ ပထမဦးဆုံး အစီအစဉ်မှာ လူထုအခြေပြု ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် ဖြစ်ပြီး မြန်မာ့ရဲတပ်ဖွဲ့မှ ရဲအရာရှိ အချို့ကို ရွေးချယ်၍ ရဲတပ်ဖွဲ့နှင့် ပြည်သူ လူထု၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ ရင်းနှီးမှု တည်ဆောက်ရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရရှိစေရန်အတွက် သင်တန်းပို့ချခြင်း ဖြစ်သည်။

ဒုတိယ အစီအစဉ်မှာ အဓိကရုဏ်း ဖြေရှင်းနည်း သင်တန်းဖြစ်ပြီး စီမံကိန်း ကာလအတွင်း မြန်မာလုံထိန်း ၄၀၀၀ ကို သင်တန်းများ ပို့ချရန် ရည်ရွယ်ထားကြောင်း၊ တတိယ အစီအစဉ်မှာ ဒီမိုကရေစီစနစ် တစ်ခုတွင် အံဝင်ခွင်ကျ ဖြစ်စေမည့် အပြည့်အဝ တာဝန်ယူနိုင်စွမ်းရှိသည့် ခေတ်မီ ကျွမ်းကျင် ရဲတပ်ဖွဲ့တစ်ခု ဖြစ်တည် လာစေရေးအတွက် အဆင့်မြင့် သင်တန်းများ ပို့ချမည် အစီအစဉ် ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

The Voice Weekly
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂ၏ အစီအစဉ်ဖြင့် မြန်မာ့လုံထိန်း ၁၄၁၉ ဦးကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်းပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ပြောကြားသည်။

ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်

အသက် ၁၇ နှစ် အရွယ်ရှိ ဒုတိယနှစ် ကောလိပ်ကျောင်းသူကို ခိုးယူ ပေါင်းသင်းခဲ့စဉ်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့သည်ဟု ဆိုကာ ယု အသက် ၁၉ နှစ် အရွယ် လူငယ်ကို ကောလိပ်ကျောင်းသူ၏ အုပ်ထိန်းသူများက တာမွေမြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။ 

မလေးရှားနိုင်ငံသား သုံးဦးနှင့် စစ်တွေ ဒေသခံများ ရုန်းရင်း ဆန်ခတ်ဖြစ်

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အနီးတွင် တည်ရှိသော မြတည်းခိုရိပ်သာတွင် တည်းခိုနေသည့် မလေးရှား နိုင်ငံ သားသုံးဦးအနက် နှစ်ဦးသည်ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာ (အင်ဘာလာ)ရပ်ကွက်သို့ ဝင်ထွက်မှုများ ပြုလုပ်ခဲ့ သဖြင့် ၎င်းတို့ကိုစစ်ဆေးရန် မြို့ခံ၁၀၀ဝန်းကျော်က လူစုလူဝေးဖြင့် တောင်းဆိုမှု ဖေဖော်ဝါရီ ၂၀ ရက်ည ၆နာရီမှ ၁၁ နာရီကျော် အထိ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

မြန်မာ့ရေပိုင်နက်အတွင်း တရားမ၀င် ငါးခိုးဖမ်းသည့် ထိုင်းနှင့်အင်ဒို ငါးဖမ်းသင်္ဘော ငါးစင်းအား ဖမ်းဆီး

Photo: မန်မာ့ရေပိုင်နက်အတွင်း တရားမ၀င် ငါးခိုးဖမ်းသည့် ထိုင်းနှင့်အင်ဒို ငါးဖမ်းသင်္ဘော ငါးစင်းအား ဖမ်းဆီး
Friday, February 21, 2014

မြန်မာနိုင်ငံရေပိုင်နက် သီးသန့်စီးပွားရေးဇုန်အပြင်ဘက် စူလာကျွန်း၏ မြောက်ဘက်ရေပြင်တွင် တရားမ၀င် ငါးခိုးဖမ်းနေသည့် ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် ကျူနာ (Tuna) ငါးဖမ်းသင်္ဘော ငါးစင်းအား တနင်္သာရီရေတပ်စခန်းမှ စစ်သင်္ဘောများက ဖမ်းဆီးနိုင်ခဲ့သည်။

“ဖေဖော်ဝါရီ ၁၈ ရက်မှာ အင်ဒိုနီးရှားနိုင်ငံသား ၂၁ ဦး၊ ဖေဖော်ဝါရီ ၁၉ ရက်မှာ ထိုင်ဝမ်နိုင်ငံသားတစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၃၄ ဦးကို မြိတ်မြို့ကို ပို့ဆောင်ပေးခဲ့ပြီး လ၀က၊ ငါးဦးစီး ဥပဒေတွေနှင့် တရားစွဲဆိုသွားမှာပါ”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၆ ရက် နံနက်၂ နာရီတွင် ရေတပ်စစ်သင်္ဘော ၅၆၇ မှ ကင်းလှည့်နေစဉ် မသင်္ကာဖွယ် ရေဒါပစ်မှတ်နှစ်ခုကို တွေ့ရှိပြီး ဖမ်းဆီးခဲ့ရာ KM-REDJEKIBARD အမည်ရှိ သင်္ဘောကို အင်ဒိုနီးရှားနိုင်ငံသား ၁၁ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထို့နောက် YIHONG -66 အမည်ရ ကျူနာငါးဖမ်းသင်္ဘောပေါ်တွင် ထိုင်ဝမ်နိုင်ငံသားတစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ကိုးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။     

ဆက်လက်ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက်နံနက် ၇ နာရီကျော်တွင် စစ်ရေယာဉ် ၅၅၉ မှ တရားမ၀င် ငါးဖမ်းသင်္ဘောသုံးစင်းပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား ၃၅ ဦးအား ဖမ်းဆီးရမိခဲ့သည်။ ယခုဖမ်းဆီးရမိခဲ့သော ကျူနာ ငါးဖမ်းသင်္ဘော ငါးစင်းမှ ထိုင်ဝမ်နိုင်ငံသားတစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၅၅ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ယင်းသင်္ဘောများမှာ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများမှ ၂၀၁၃ သြဂုတ်၊ စက်တင်ဘာနှင့် ဒီဇင်ဘာလများကတည်းက ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖမ်းဆီးရမိခဲ့သော တရားမ၀င် ကျူနာ ငါးဖမ်းသင်္ဘောမှ ထိုင်ဝမ်နိုင်ငံသားတစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၅၅ ဦးတို့ အား လ၀က အက်ဥပဒေ-၁၃ (၁)၊ ငါးဦးစီးမှ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃၈ (က) (ခ) အရ အမှုဖွင့်ထားပြီး မြိတ်မြို့မရဲစခန်းမှ (ပ) ၁၄၅၊ ၁၄၇ /၂၀၁၄ အရ အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

Eleven Media Group

တရားမ၀င် ငါးခိုးဖမ်းသည့် သင်္ဘောပေါ်မှ ဖမ်းဆီးရမိသူများအား မြိတ်မြို့သို့ ခေါ်ဆောင်လာစဉ်
တရားမ၀င် ငါးခိုးဖမ်းသည့် သင်္ဘောပေါ်မှ ဖမ်းဆီးရမိသူများအား မြိတ်မြို့သို့ ခေါ်ဆောင်လာစဉ်

မြန်မာနိုင်ငံရေပိုင်နက် သီးသန့်စီးပွားရေးဇုန်အပြင်ဘက် စူလာကျွန်း၏ မြောက်ဘက်ရေပြင်တွင် တရား မ၀င် ငါးခိုးဖမ်းနေသည့် ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် ကျူနာ (Tuna) ငါးဖမ်းသင်္ဘော ငါးစင်းအား တနင်္သာရီရေတပ် စခန်းမှ စစ်သင်္ဘောများက ဖမ်းဆီးနိုင်ခဲ့သည်။

မြေပုံမြေကြီး ကွဲလွဲနေသော မြေယာသိမ်းမှုဖြစ်စဉ်များအား ဥပဒေကြောင်း အရ ဖြေရှင်းပါက ပြည်သူများနစ်နာပြီး အစိုးရအပေါ် အထင်သေးအမြင်သေး မှု များ ဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

မြေပုံမြေကြီး ကွဲလွဲနေသော မြေယာသိမ်းမှုဖြစ်စဉ်များအား ဥပဒေကြောင်းအရ ဖြေရှင်းပါက ပြည်သူများ နစ်နာပြီး အစိုးရအပေါ် အထင် အမြင်သေးမှုများ ဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ပြောကြားသည်။

လယ်ယာမြေတိုင်ကြားမှု ၇၄၅ မှုတွင် မြေဧက ငါးသိန်းကျော်ရှိသည့်အနက် အကြောင်းခိုင်မာ၍ ပြန်မပေးနိုင်သည့် မြေဧက သုံးသိန်းကျော်ရှိကြောင်း အစိုးရကိုယ်စား ပြည်ထဲရေးဒုဝန်ကြီး ကာကွယ်ပြောကြား

Photo: လယ်ယာမြေတိုင်ကြားမှု ၇၄၅ မှုတွင် မြေဧက ငါးသိန်းကျော်ရှိသည့်အနက် အကြောင်းခိုင်မာ၍ ပြန်မပေးနိုင်သည့် မြေဧက သုံးသိန်းကျော်ရှိကြောင်း အစိုးရကိုယ်စား ပြည်ထဲရေးဒုဝန်ကြီး ကာကွယ်ပြောကြား
Friday, February 21, 2014

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ တွင် လယ်ယာမြေတိုင်ကြားမှု ၇၄၅ မှု တွင် မြေဧရိယာဧက ငါးသိန်းကျော်ရှိသည့်အနက် အကြောင်းရင်း ခိုင်မာ၍ စွန့်လွှတ်ခြင်းမပြုနိုင်သည့် မြေဧရိယာ ဧကသုံးသိန်းကျော် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

အဆိုပါ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁ တွင် အမှု ၅၆၅ မှုတွင် ၃၂၁၅၆၇ ဒသမ ၄၉၈ ဧက၊ အပိုင်း ၂ တွင် ဖော်ပြထားသည့်  ၆၃ မှုတွင် ၅၃၂၁၆ ဒသမ ၀၀၄ ဧက၊ အပိုင်း ၃ ၌ ၁၁၇ မှုတွင် ၁၃၇၄၂၁ ဒသမ ၁၈၉ ဧက စုစုပေါင်းမြေဧရိယာ ၅၁၂၂၀၄ ဒသမ ၇၀၁ ဧကရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက “ဒီပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အထား ခိုင်မာစွာရရှိရေးအတွက် ဆောင်ရွက်နေတဲ့အတွက် ကြန့်ကြာနေခြင်းဖြစ်ပါတယ်။ စွန့်လွှတ်မြေတွေကို သက်ဆိုင်သူ လက်ဝယ်ပြန်ပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်စီမံကိန်းတွေဖြစ်တဲ့ လမ်းဖောက်တာတွေ၊ တံတားဆောက်တာတွေ၊ စက်ရုံတည်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံတည်ဆောက်တာတွေ၊ တပ်ရင်း တပ်ဖွဲ့များ တည်ဆောက်ခြင်း၊
စိုက်ပျိုးရေး၊ မွေးမြူရေးခြံများ တည်ဆောက်ခြင်းတွေအတွက် ဥပဒေနဲ့အညီ မြေသိမ်းမြေလွှဲခြင်းတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ အကြောင်းရင်း ခိုင်မာသည့်အတွက် စွန့်လွှတ်ခြင်းမပြုနိုင်သည့် မြေယာမှု ၃၅၈ မှု၊ ဧရိယာ ၃၃၂၈၉၄ ဒသမ ၇၂၃ ဧက၊ လျော်ကြေးပေးကာ ညှိနှိုင်းပြေလည်သည့်အတွက် မစွန့်လွှတ်သည့် မြေမှုငါးမှု၊ ဧရိယာ ၁၆၉၈ ဒသမ ၉၈ ဧကဖြစ်ကြောင်း၊ အမှုပေါင်း ၃၆၃ မှုတွင် မြေဧရိယာ ၃၃၄၅၉၃ ဒသမ ၇၀၃ ဧက ကို စွန့်လွှတ်ခြင်း မပြုနိုင်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံကိန်းများ ဆောင်ရွက်ပြီး ပိုနေသည့်မြေများကို ပြန်လည်ပေးအပ်ရန် စိစစ်ရာတွင် မြေယာ ၅၁ မှု သိမ်းဆည်းမြေဧရိယာ ၇၉၀၂၆ ဒသမ ၆၉ ဧက ရှိသည့်အနက် ဧရိယာ ၃၈၉၅၆ ဒသမ ၀၆ ဧက ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း၊ အဆိုပါမြေများအနက်မှ ၅၈၇၂ ဒသမ ၆၅ ဧကအား သက်ဆိုင်သူများထံ ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် မြေများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် တိုင်ကြားစာပါ ဧကမှာ ၁၁၀၆ ဧကဖြစ်သော်လည်း တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးသည့် ဧကမှာ ၁၆၃၇ ဧကဖြစ်ကြောင်း၊ တပ်မတော်မှ ပြန်လည်ပေးအပ်ခဲ့သော်လည်း မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်ပွားနေ၍ သက်ဆိုင်သူများထံ ပြန်လည်ပေးအပ်နိုင်ခြင်း မရှိသေးကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ပုဂ္ဂလိကမှ သိမ်းယူထားသည့် မြေယာကိစ္စ ၁၃၅ မှုမှ မြေဧရိယာ ၃၈၃၀ ဒသမ ၉၁ ဧကသည် လုပ်ငန်းရှင်များက တည်ဆဲဥပဒေနှင့်အညီ လျှောက်ထားရယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စများအတွက် တိုင်ကြားသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ညှိနှိုင်း၍ မရသဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မြေယာကိစ္စ ၇၄၅ မှုအနက် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အထိ မြေယာကိစ္စ ၆၈၈ မှုကို စိစစ်ပြီးဖြစ်ကြောင်း၊ စွန့်လွှတ်မြေများအား သက်ဆိုင်သူများ၏ လက်ဝယ်သို့ ပြန်လည်လွှဲပြောင်းနိုင်ရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အကြောင်းရင်း ခိုင်မာ၍မစွန့်သည့် မြေအချို့တွင် မြေယာနစ်နာကြေးနှင့် လျော်ကြေးပေးရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စုငွေစာရင်း၌ တောင်းခံထားဆဲဖြစ်ကြောင်း၊ မူလပိုင်ရှင်များ၏ လက်ဝယ်သို့ မှန်မှန်ကန်ကန် ရောက်ရှိရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ဆဲဖြစ်ခြင်းတို့ကြောင့် အချိန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထပ်မံပေးပို့ထားသည့် တိုင်ကြားစာ ၃၃၈၇ စောင်၊ အစီရင်ခံစာအပိုင်း ၄ တိုင်ကြားစာနှစ်စောင် ကိုလည်း စိစစ်ဆဲဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

ကော်မရှင်က နစ်နာသူ တောင်သူများ၏ တိုင်ကြားစာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၄၂၄၃ စောင်၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ ၂၁၉၂ စောင်၊ စုစုပေါင်း ၆၄၃၅ စောင်ပေးပို့သည်ဆိုသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ၃၃၈၉ စောင်သာ လက်ခံရရှိကြောင်း၊ တိုက်ရိုက်ပေးပို့သည့်အတွက် ပြည်ထောင်စုအစိုးရက မသိရှိသည့်အတွက် အမြန်ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်၊ ခရိုင်နှင့်မြို့နယ်အသီးသီးတွင် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံးများကို ဖွင့်လှစ်ထားကြောင်း၊ ပြန်လည်စွန့်ပစ်သည့် မြေများတွင် တိုင်ကြားထားသည့် မြေများပါဝင်ခြင်း ရှိမရှိစုံစမ်းနိုင်ကြောင်း၊ ပါဝင်ပါက သက်ဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီများသို့ ခိုင်လုံသော အထောက်အထားဖြင့် လျှောက်ထားနိုင်ကြောင်း၊ မှန်ကန်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းဖယ်ရှားမှုနှင့် ပတ်သက်၍ အချို့ကိစ္စရပ်များသည် စာရွက်ပေါ်နှင့် ပကတိအခြေအနေများအပေါ်၌ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် လိုရာဆွဲ လုပ်ဆောင်မှုများ ရှိနေကြောင်း၊ ထို့အပြင် လာဘ်ပေးလာဘ်ယူ ပြဿနာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့် ပြန့် အရေးယူဆောင်ရွက်ခြင်းများ မရှိ၍ ယခုကဲ့သို့သောပြဿနာများ ပိုမိုဆိုးရွားလာခြင်း ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။

တပ်ပိုင်မြေဟုဆိုကာ ဖယ်ရှားခံရသော သမီးကလေးကျေးရွာဒေသခံများက ၎င်းတို့ကျေးရွာသည် ၂၀၁၃ ခုနှစ်မှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း ၂၀ မှ ၃၇ နှစ်အတွင်း အခြေချနေထိုင်ခဲ့သော ကျေးရွာဖြစ်သည်ဟု ပြောဆိုကြသည်။
သမီးကလေး ကျေးရွာ၌ရှိသော လဂွမ်းပြင်ရေလှောင်တမံ စီမံကိန်း၏ ကျောက်စာကမ္ပည်း မော်ကွန်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၀ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေလှောင်တမံ စီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီး တည်ရှိနေကြောင်း ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက် နေ့စွဲဖြင့် ရေးထိုးဖော်ပြထားသည်။

Eleven Media Group

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ရှင်းလင်းစဉ်
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ရှင်းလင်းစဉ်

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ တွင် လယ်ယာမြေတိုင်ကြားမှု ၇၄၅ မှု တွင် မြေဧရိယာဧက ငါးသိန်းကျော်ရှိသည့်အနက် အကြောင်းရင်း ခိုင်မာ၍ စွန့်လွှတ်ခြင်းမပြုနိုင်သည့် မြေဧရိယာ ဧကသုံးသိန်းကျော် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီ၏ လုပ်ငန်းစီမံကိန်းများအတွက် လျာထားတောင်းခံသည့် ငွေများထဲမှ ကျပ် ၈၆ ဘီလျံကျော် ဖြတ်တောက်၍ ကျေးလက်မီးလင်းရေး လုပ်ငန်းများတွင် ခွဲဝေအသုံးပြုရန် ပြည်သူ့ငွေစာရင်း ကော်မတီ အဆိုတင်သွင်း

Photo: နေပြည်တော်ကောင်စီ၏ လုပ်ငန်းစီမံကိန်းများအတွက် လျာထားတောင်းခံသည့် ငွေများထဲမှ ကျပ် ၈၆ ဘီလျံကျော် ဖြတ်တောက်၍ ကျေးလက်မီးလင်းရေး လုပ်ငန်းများတွင် ခွဲဝေအသုံးပြုရန် ပြည်သူ့ငွေစာရင်း ကော်မတီ အဆိုတင်သွင်း
Friday, February 21, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီ၏ လုပ်ငန်းစီမံကိန်းများ အတွက် လျာထားတောင်းခံထား ငွေများထဲမှ ငွေကျပ် ၈၆ ဒသမ ၇၂၁  ဒသမ  ဖြတ်တောက်၍ ၇၉ ဒသမ ၁၁၈ ဘီလျံအား ကျေးလက်ဒေသ မီးလင်းရေး လုပ်ငန်းများတွင် ပြောင်းလဲအသုံး ပြုရန် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကိုယ်စား ကသာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်သိန်းက ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့သည်။

နေပြည်တော်ကောင်စီမှ စီမံကိန်းများအတွက် စုစုပေါင်း လျာထားတောင်း ခံငွေမှာ ငွေကျပ် ၁၉၆ ဒသမ ၉၄၅ ဘီလျံဖြစ်ပြီး နေပြည်တော်ကောင်စီ ဘက်မှပင် အဆိုပြုတင်ပြလာသည့် လျှော့ချဖြတ်တောက်ငွေကျပ် ၅၃ ဒသမ ၆၅၁ ဘီလျံနှင့် ကော်မတီဖြတ်တောက် ငွေ ၃၃ ဒသမ ၀၇၂ ဘီလျံ စုစုပေါင်း ၈၆ ဒသမ ၇၂၁ ဘီလျံဖြစ်ကာကျန်ငွေ ၁၁၀ ဒသမ ၂၂၃ အား ခွင့်ပြုရန် ကော်မတီမှ အဆိုတင် သွင်းခြင်းဖြစ်သည်။

အဆိုပါဖြတ်တောက်မည့် ငွေကျပ် ၈၆ ဒသမ ၇၂၁ ဘီလျံထဲမှ ကျန်ရှိသည့် နေပြည်တော် ဇမ္ဗူသီရိအထူးကု ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည် ကုသစက်ကြီးအတွက် လျာထားငွေကျပ် ၇ ဒသမ ၄၄၈ ဘီလျံနှင့် ဆေးရုံသုံး ပစ္စည်း ခုနစ်မျိုးအတွက် ကျပ်သန်းပေါင်း ၁၅၅ ဒသမ ၀၅၊ စုစုပေါင်းကျပ် ၇ ဒသမ ၆၀၃ ဘီလျံကိုလည်း ကျန်းမာရေး ၀န်ကြီးဌာန၏ ရသုံးငွေစာရင်းသို့ ပြောင်းလဲ၍ ကျေးလက်ဒေသ ကျန်းမာရေးအတွက် တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများအတွက် ပြောင်းလဲသုံးစွဲရန် ပြင်ဆင်ချက် တင်သွင်းခဲ့သည်။

“အဆိုပါလျာထားတဲ့ ငွေကြေးဟာ ပြည်သူတွေ တိုက်ရိုက် အကျိုးကျေးဇူးခံစားရမယ့် တိုက်နယ်ဆေးရုံများ ဆောက်မယ်ဆိုရင် တိုက်နယ်ဆေးရုံ တစ်လုံးဟာ သိန်း ၃၅၀၀ တွက် မယ်ဆိုရင် ဒီငွေကြေးဟာ တိုက်နယ်ဆေးရုံ အလုံးပေါင်း ၂၀ အထိ ထွက်လာနိုင်တာ ဖြစ်တဲ့အတွက် အခုကဲ့သို့ ကျန်းမာရေး ၀န်ကြီးဌာနကို ပြောင်းလဲထည့်သွင်း လျာထားသင့်ကြောင်း တင်ပြရခြင်းဖြစ်ပါတယ်” ဟု ဦးမိုးဇော်သိန်းက ပြောကြားသည်။

အဆိုပါ ဖြတ်တောက်မည့် ငွေများမှ နေပြည်တော်ကောင်စီ၏ လမ်းနှင့်တံတား တည်ဆောက်ခြင်း လုပ်ငန်းများတွင် လမ်းခင်းခြင်း လုပ်ငန်းများအတွက် လျာထားတောင်းခံငွေကျပ် ၁၀၈ ဒသမ ၀၅၇ ဘီလျံမှ ၂၇ ဒသမ ၁၃၄ ဘီလျံကို ဖြတ်တောက်ပြီး ကျန်ငွေများကို ခွင့်ပြုသင့်ကြောင်းနှင့် ခွင့်ပြုငွေဖြင့်ခင်းမည့် ကွန်ကရစ်လမ်း၊ နိုင်လွန်ကတ္တရာလမ်းနှင့် ကတ္တရာလမ်းများ၏ စံချိန်စံညွှန်းအမီ ဆောင်ရွက်နိုင်ရန် ယင်းလမ်းများ အမည်စာရင်းတစ် ခုချင်းစီနှင့် လမ်းမိုင်အရှည်များကိုလည်း နေပြည်တော် ကောင်စီအနေဖြင့် ကော်မတီသို့ ပြန်လည်တင်ပြရန် တိုက်တွန်းကြောင်း ပြင် ဆင်ချက်အဆို တင်သွင်းခဲ့သည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းအတွက် လျာထားတောင်းခံသည့် ငွေကျပ် ၁၄ ဒသမ ၈၉၈ ဘီလျံမှ ၅ ဒသမ ၁၈၆ ဘီလျံအား ဖြတ်တောက်သင့်ကြောင်း၊ ဆက်သွယ်ရေးလုပ်ငန်း ခေါင်းစဉ်အောက်ရှိ လျာထားတောင်းခံငွေ ကျပ်သန်းပေါင်း ၃၅၇ ဒသမ ၂၈၆ ကို ခွင့်ပြုသင့်ကြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ခေါင်းစဉ်အောက်ရှိ ပျဉ်းမနားမြို့နယ်အတွင်း၌ ကျေးရွာချင်းဆက် လမ်းများဖောက်ခြင်း၊ လယ်ဝေးမြို့နယ်၌ စပါးခြွေလှေ့စက်များ ၀ယ်ယူခြင်းအတွက် လျာထားတောင်းခံငွေကျပ် ၁၀ ဒသမ ၇၂၉ ဘီလျံမှ ၅ ဘီလျံအား ဖြတ်တောက်သင့်ကြောင်း အဆိုပြုခဲ့သည်။

နေပြည်တော်ကောင်စီမှ တင်ပြတောင်းခံသည့် လုပ်ငန်းများထဲတွင် ရေရရှိရေးလုပ်ငန်းအတွက် ၃၆ ဒသမ ၄၂၈ ဘီလျံပါဝင်သော်လည်း ကော်မတီအနေဖြင့် ညှိနှိုင်းခဲ့ရာတွင် လုပ်ငန်းအသစ်များ ဖြစ်နေပြီး ယခုနှစ်တွင် ဆောင်ရွက်ရန် မလိုအပ်သော လုပ်ငန်းဖြစ်သဖြင့် ယင်းငွေများအား ဖြတ်တောက်ရန်ကိုလည်း တင်ပြထားသည်။    

Eleven Media Group

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကိုယ်စား ကသာ မဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်သိန်းက ပြောကြားနေစဉ်
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကိုယ်စားကသာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်သိန်းက ပြော ကြားနေစဉ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီ၏ လုပ်ငန်းစီမံကိန်းများ အတွက် လျာထားတောင်းခံထား ငွေများထဲမှ ငွေကျပ် ၈၆ ဒသမ ၇၂၁  ဒသမ  ဖြတ်တောက်၍ ၇၉ ဒသမ ၁၁၈ ဘီလျံအား ကျေးလက်ဒေသ မီးလင်းရေး လုပ်ငန်းများတွင် ပြောင်းလဲအသုံး ပြုရန် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကိုယ်စား ကသာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်သိန်းက ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့သည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ပထမအကြိမ် ညှိနှိုင်းမှုပြီးစီး

Photo: ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ပထမအကြိမ် ညှိနှိုင်းမှုပြီးစီး
Friday, February 21, 2014

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ပထမအကြိမ်ညှိနှိုင်းမှု ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီသည် မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် လေဆိပ်တည်ဆောက်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များနှင့် ကွဲလွဲချက်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် Yongnam-CAPE-JGC ကုမ္ပဏီနှင့် လေဆိပ်သစ် တည်ဆောက်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"Back up tenderer အဖြစ် ရွေးချယ်ထားတဲ့ Yongnam-CAPE-JGC ကုမ္ပဏီနဲ့ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးမှု ပြီးခဲ့တဲ့ရက် အနည်းငယ်အတွင်း ပြီးစီးခဲ့ပါပြီ။ သူတို့ဘက်ကတော့ လေဆိပ်တည်ဆောက်ခွင့်ရဖို့ အတော်လေးကို စိတ်ဝင်စားနေပါတယ်" ဟုလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက်တစ်ခု ဖြစ်သည့်အပြင် အကြီးဆုံးလေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် Successful tenderer အဖြစ်ရွေးချယ်ခံခဲ့ရသည်။ Back up tenderer အဖြစ် Yongnam-CAPE-JGC ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။ Yongnam-CAPE-JGC ကုမ္ပဏီသည် စင်ကာပူနိုင်ငံမှ Yongnam Holdings Limited၊ ဂျပန်နိုင်ငံမှ JGC Corporation၊ စင်ကာပူနိုင်ငံမှ Changi Airport Planners & Engineers Pte ltd စသည့် ကုမ္ပဏီသုံးခုတို့ ပူးပေါင်းထားခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား ကုမ္ပဏီသည် လေဆိပ်တင်ဒါ တင်သွင်းစဉ်က လေဆိပ်တည်ဆောက်ရေး ပထမအဆင့် အနေဖြင့် ဟံသာဝတီလေဆိပ်အား တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်အဆောက်အုံ တည်ဆောက်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့ညှိနှိုင်းမှုတွင် ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ ဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အချက်သည် အရေးကြီးသည့် အဓိကအချက် ဖြစ်သောကြောင့် မြန်မာနိုင်ငံဘက်မှ လက်ခံခြင်းမရှိဘဲ လေဆိပ်တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီသည် တင်ဒါတင်သွင်းစဉ်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့်အဖြစ် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ် လုပ်ငန်းနှင့် ဆက်စပ် ၀န်ဆောင်မှုလုပ်ငန်းများ၊ ဒုတိယအဆင့် ခရီးသည်သန်း ၃၀ ၀င်ဆံ့နိုင်မည့် လေဆိပ်နှင့် ဆက်စပ်အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် ပေးမည်ဟု တင်ပြထားသည်။     

Eleven Media Group

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်မည့် မြေနေရာ အား ဖေဖော်ဝါရီလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ထင်ပေါ်)
ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်မည့် မြေနေရာ အား ဖေဖော်ဝါရီလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ထင်ပေါ်)

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ပထမ အကြိမ်ညှိနှိုင်းမှု ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးကို သွားရာတွင် လူထုအပေါ် လက်တွေ့အကျိုးဖြစ်နိုင်သည့် လမ်းကြောင်းကိုသာ သွားစေလိုဟု KNU/KNLA ရှင်းလင်း

ဖေဖော်ဝါရီ ၂၀ ရက်က KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ်ဒေါက်တာတင်မိုသီ မီဒီယာများနှင့် တွေ့ဆုံနေစဉ်

ငြိမ်းချမ်းရေးကို သွားရာတွင် လူထုအပေါ် လက်တွေ့အကျိုးဖြစ်နိုင်သည့် လမ်းကြောင်းကိုသာ သွားစေ လိုပြီး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်ဖွယ် မရှိဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် ဒေါက်တာတင်မိုသီက ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အစီရင်ခံစာပါ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှုနှင့် ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့က ပွင့်လင်းမြင်သာစွာဖြင့် ယခုနှစ် ဇွန်နှင့်စက်တင်ဘာ နောက်ဆုံးထား ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

Photo: အစီရင်ခံစာပါ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှုနှင့် ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့က ပွင့်လင်းမြင်သာစွာဖြင့် ယခုနှစ် ဇွန်နှင့်စက်တင်ဘာ နောက်ဆုံးထား ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း
Friday, February 21, 2014

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ ပါ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှုများနှင့်ပတ်သက်၍ မိုးသီးနှံစိုက်မြေများကို ယခုနှစ် ဇွန်လကုန်မတိုင်မီ၊ ဆောင်းသီးနှံစိုက်မြေများကို ယခုနှစ် စက်တင်ဘာလမတိုင်မီ ပွင့်လင်းမြင်သာစွာ အပြီးသတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား လွှတ်တော်က တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် “ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ အပေါ် အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်မှ ဖြေရှင်းဆောင်ရွက်မှုများနှင့် ပွင့်လင်းမြင်သာစွာဖြင့် မိုးသီးနှံများကို ၂၀၁၄ ဇွန်လကုန်မတိုင်မီ၊ ဆောင်းသီးနှံများကို  ၂၀၁၄ စက်တင်ဘာလကုန်မတိုင်မီ ပြီးပြတ်အောင် ဆောင်ရွက်ပေးရေး”အဆိုအား အတည်ပြုခဲ့ပြီး တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေသိမ်းဆည်းခြင်းနှင့် ပတ်သက်၍ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာအပိုင်း ၁ အဖြစ်လည်းကောင်း၊ မြို့ပြများ တိုးချဲ့တည်ဆောက်ခြင်းနှင့် စက်မှုဇုန်များ တည်ဆောက်ခြင်းအတွက် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ အပိုင်း ၂ အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီများသို့ မြေနေရာချထားပေးခြင်းနှင့် နိုင်ငံတော်စီမံကိန်းများအတွက် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အပိုင်း ၃ အဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့အချိန်အထိ အကြံပြုချက်များအား ဖြေရှင်းဆောင်ရွက်မှုမရှိခြင်း၊ အသုံးမလို၍ မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပြီးဟု ဆိုသော်လည်း အမှန်တကယ် လက်ဝယ်သို့ မရောက်ရှိခြင်းများ ရှိနေကြောင်း၊ မြေပြန်လည်ရရှိပါက စိုက်ပျိုးရာသီအမီ စိုက်ပျိုးရန် တောင်သူများ မျှော်လင့်လျက်ရှိကြောင်း မိုင်းပြင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က အဆိုတင်သွင်းစဉ် ပြောကြားသည်။ ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ တွင် မြေယာသိမ်းဆည်းမှုကြောင့် တိုင်ကြားမှု ၇၄၅ မှု၊ မြေဧက ၅၁၂၂၀၄ ဒသမ ၇၀၄ ဧက ပါဝင်ကြောင်း သိရသည်။

အဆိုပါမြေယာသိမ်းဆည်းမှုများသည် နှစ် ၅၀ အတွင်းက ဖြစ်ပွားခဲ့သော ဖြစ်ရပ်များဖြစ်ကြောင်း၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဒုသမ္မတဦးဥာဏ်ထွန်း ခေါင်းဆောင်သော မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းကို ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ အခြေအနေများနှင့် ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “နိုင်ငံ့အကြီးအကဲက ပြောပါတယ်။ မိဘပြည်သူ၊ ပြည်သူ့ဗဟိုပြုပြီး ဆောင်ရွက်မယ်။ ဆောင်ရွက်မယ်ဆိုတဲ့ နေရာမှာ နိုင်ငံ့အကြီးအကဲရဲ့ စေတနာ။ အဲဒီစေတနာတွေကို အကောင်အထည်ဖော်ပေးချင်တယ်ဆိုရင်  တာဝန်ရှိတဲ့ အဖွဲ့အစည်းအသီးသီးက  တာဝန်ကျေအောင် ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒီနေရာမှာ အချိန်ဆိုတဲ့ သတ်မှတ်ချက်က အင်မတန်အရေးကြီးပါတယ်။ ဒီအဆိုနဲ့ ဒီကိစ္စတွေဟာ လွှတ်တော်သက်တမ်း တစ်နှစ် မပြည့်တပြည့်မှာ စပြီးပေါ်ခဲ့တဲ့ကိစ္စ။ ခု လွှတ်တော်သက်တမ်း သုံးနှစ်ရှိပြီ။ နောက်နှစ်နှစ် မကျန်တော့ပါဘူး။ ဒီကာလအတွင်းမှာ ပြည်သူ့အစိုးရ (လွှတ်တော်၊ အုပ်ချုပ်ရေး၊ တရားရေး)က မဆောင်ရွက်ပေးနိုင်ဘူးဆိုရင် ပြည်သူ့ကိုယ်စား ဖြစ်ပါ့မလား၊ ပြည်သူ့အစိုးရ ဖြစ်ပါ့မလား။ ဒီကိစ္စကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တိတိကျကျမဆောင်ရွက်ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းမှာ ရှိတဲ့သူတွေ၊ တရားရေးအဖွဲ့အစည်းတွေရဲ့ အပေါ် ပြည်သူတွေရဲ့ယုံကြည်မှု ဘယ်လိုရှိမလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ မိမိတို့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ တာဝန်ခံ တာဝန်ယူမှုရှိဖို့ လိုပါတယ်”ဟု ပြောကြားသည်။

အစိုးရတာဝန်ရှိသူများအနေဖြင့် ပြည်သူအား အမှန်တကယ်ဗဟိုပြုခြင်း၊ လေးစားခြင်း၊ တန်ဖိုးထားခြင်းရှိပါက ယခုကိစ္စအား စေတနာကောင်းထားကာ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လည်း နာယကက ဆက်လက်ပြောကြားသည်။ ထိုသို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂၈  အရ သိရသည်။

Eleven Media Group

ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးကို တွေ့ရစဉ်

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ ပါ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှုများနှင့်ပတ်သက်၍ မိုးသီးနှံစိုက်မြေများကို ယခုနှစ် ဇွန်လကုန်မတိုင်မီ၊ ဆောင်းသီးနှံစိုက်မြေ များကို ယခုနှစ် စက်တင်ဘာလမတိုင်မီ ပွင့်လင်းမြင်သာစွာ အပြီးသတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့အား လွှတ်တော်က တိုက်တွန်းခဲ့သည်။