Tuesday, September 4, 2012

၎-၉-၂၀၁၂ ရက်နေ့သတင်းများ

- မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံးဖြစ်သွားတဲ့ ၈၈ ၏ ဂစ်တာ click
- ပါတီအချင်းချင်း တိုက်ခိုက်မှု အဆုံးသတ်ဖို့ NDF ခေါင်းဆောင် ပြော click
- UWSA ၏ အင်အားကြီး တပ်မဟာတခု၏ တပ်မှူး ရာထူးလျှော့ချခံရ click
- အောင်မြေသစ် ကျေးရွာဒေသခံ ကချင်အမျိုးသမီးတဦး အဓ္ဓမပြုကျင့် အသတ်ခံရ click
- KNU နှင့် အစိုးရ သဘောတူညီချက်များ ထပ်မံရရှိ click
- ကေအန်ယူနှင့် အစိုးရ ကျင့်ဝတ်ပိုင်း သဘောတူညီချက်ရ click
- နှစ်ဘက် တပ်ကျင့်ဝတ် KNU နှင့် အစိုးရသဘောတူ click
- ၀ တပ်ဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်ကို မေးမြန်းချက် click
- သမ္မတနှင့် တိုင်းရင်းသားဝန်ကြီးများ တွေ့မည် click
- ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခု လွှတ်တော်တွင် အတည်ပြု click
- စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ခုံရုံးက ထပ်မံကန့်ကွက် click
- ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး လူထုစည်းဝေးပွဲ ကျင်းပမည် click
- လွိုင်ကော်မြို့တွင် ကျန်းမာရေးဆိုင်ရာ ကော်မတီတရပ် ဖွဲ့စည်းခဲ့ click
- စွန့်ပစ်ပလတ်စတစ်ကနေ အမှိုက်အိတ် ထုတ် click
- တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့် ဘင်္ဂလီများ၏ အကြမ်းဖက်မှုကို ရခိုင်တိုင်းရင်းသားများ ခံနေရဆဲဖြစ်ကြောင်း ဘူးသီးတောင် RNDP ပြော click
- မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည်ခရီး (၁) click
- ရခိုင်အမျိုးသားများကွန်ရက် ကျောင်းသုံးပစ္စည်း သိန်း ၁၂၀ ကျော်ဖိုး လှူဒါန်းမည် click
- ပါကစ္စတန် ဗုံးပေါက်ကွဲမှု အမေရိကန် သံရုံးဝန်ထမ်းနှစ်ဦး ဒဏ်ရာရ click
- ဝန်ကြီးကလင်တန် အာရှခရီးစဉ် စတင် click
- ဘန်ကီယာဘဏ်ကို အရေးပေါ် ကူငွေ ထုတ်ပေး click
- စီးပွားရေး အသိုက်အမြုံ တည်ဆောက်မယ့် အာဆီယံ click  

တန်ခိုးကြီးမြတ်လှသော ဖောင်တော်ဦး မြတ်စွာဘုရားကြီးအား ဒေသစာရီ ကြွချီ အပူဇော်ခံတော့မည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့၊ အင်းလေးဒေသရှိ တန်ခိုးကြီးမြတ်လှသော ဖောင်တော်ဦး မြတ်စွာ ဘုရားကြီးအား ဒေသစာရီ ကြွချီ အပူဇော်ခံတော့မည် ဖြစ်ကြောင်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးမှ ကျပ်သုံးထောင်နှင့် ကျပ်ငါးထောင်တန် ဖုန်းငွေဖြည့်ကတ်များ ထုတ်လုပ်နိုင်ရန် စီစဉ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်ကတ်များ ကို လူအများစု အသုံးပြုနိုင်သော ကျပ်သုံးထောင်တန်နှင့် ကျပ် ငါးထောင်တန် ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်၍ အသုံးပြုနိုင်ရန် အတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

လေကြောင်းပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ၄ရက် နေ့၊ နံနက် ၁၀နာရီက နေပြည်တော် ရှိ ပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ကျင်းပလျက်ရှိသည်။

သမ္မတနှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးများ တွေ့ဆုံမည်

လာမယ့် စက်တင်ဘာ ၇ ရက်နေ့ နေပြည်တော်မှာ သမ္မတ နဲ့ တနိုင်ငံလုံးက တိုင်းရင်းသားရေးရာ ၀န်ကြီး ၂၉ ယောက် ပထမ ဦးဆုံး အကြိမ် တွေ့ဆုံကြမယ်လို့ တိုင်းရင်းသားဝန်ကြီးတွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတက်ရောက်မည့် ပါတီကိုယ်စားလှယ်များ စာရင်းကောက်

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် မြောက် ကျင်းပမည့် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား တက်ရောက်ရန် နိုင်ငံရေး ပါတီများမှ အမည်စာရင်းကောက် ယူနေပြီဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာ့အရေးနှင့်လူမှုရေး လုပ်ငန်းဆောင်ရွက်သူ ဒေါက်တာ စင်သီယာမောင် အပါအ၀င် ပုဂ္ဂိုလ် ၄ဦး ဒီမိုကရေစီဆု ချီးမြှင့်ခံရ

အမေရိကန်အခြေစိုက် National Endowment for Democracy-NED မှ ၂၀၁၂ခုနှစ် ဒီမိုကရေစီဆု(The 2012 Democracy Award)အတွက် မြန်မာ့အရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်သူများဖြစ် သည့် ဒေါက်တာ စင်သီ ယာမောင် အပါအ၀င် ပုဂ္ဂိုလ်(၅)ဦးအား ရွေးချယ်ချီးမြှင့်လိုက်သည်။

မြန်မာ့လေကြောင်းမှ ၀ယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER190 လေယာဉ်များ နိုဝင်ဘာတွင် ရောက်ရှိမည်ဖြစ်ကာ ဒီဇင်ဘာ ပထမပတ်အတွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည်

မြန်မာ့လေကြောင်းမှ ၀ယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များ နိုဝင်ဘာလ ပထမအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကာ ဒီဇင်ဘာလ ပထမအပတ်အတွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည် ဖြစ်သည်ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်း ၏ ပြောကြားချက်အရ သိရသည်။

ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ကန့်ကွက်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရန်အတွက် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးမှ စက်တင်ဘာလ ၃ ရက်နေ့တွင် ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ရွာနေရာမပြောင်းလိုသော ကလုံထကျေးရွာ အီတာလျံထိုင်းဒုဥက္ကဋ္ဌ လာရောက်စည်းရုံး

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် ရေပေးဝေမည့် ကလုံထဆည်စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ကလုံထကျေးရွာကို
ရွှေ့ပြောင်းပေးရေးအတွက် အီတာလျံထိုင်းကုမ္ပဏီမှ ဒုဥက္ကဋ္ဌမစ္စတာအနန့်က ကျေးရွာသားများနှင့် ရွာဦးဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကို တွေ့ဆုံပြီး စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း ကလုံထကျေးရွာမှ ရွာဦးဆရာတော်က မိန့်ကြားသည်။

နိုင်ငံပိုင်သတင်းစာများတွင် ပြည်သူ့ ဗဟိုပြု သတင်းများ ဦးစားပေး ဖော်ပြမည်

နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာ တွင် ပြည်သူများကို အသိပညာ၊ ဗဟုသုတ၊ ဖျော်ဖြေမှုနှင့် ရသစုံ လင်စွာ ပေးစွမ်းနိုင်ရန် ပြည်သူ့ ဗဟိုပြု သတင်းများကို ဦးစားပေး ဖော်ပြ သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ရေးသား ထားသည်။

တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ ပေးပို့ထားသည့် ပါတီဝင် လျှောက်လွှာများ ပျောက်ပျက်မှုကို တာဝန်ယူမှု မရှိခြင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ခန့်အပ်မှုအပေါ် မကျနပ်ခြင်းကြောင့် တွံ့တေးမြို့နယ် NLD အဖွဲ့ဝင်များက ယနေ့ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။

မင်းကိုနိုင်နှင့် စုစုနွေးကို John Humphery Award ဆု ပေးအပ်

ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့မှ ပေးအပ်သော John Humphery Freedom Award ဆုကို ၁၉၉၉ ခုနှစ်၌ ဒေါက်တာစင်သီယာမောင်နှင့် ပူးတွဲရရှိခဲ့သော ကိုမင်းကိုနိုင် အား မြန်မာနိုင်ငံ သို့ ခေတ္တရောက်ရှိနေသည့် ဒေါက်တာသောင်းထွန်းက စက်တင်ဘာ၃ရက်နေ့ ညနေ ၆း၀၀ အချိန်တွင် ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းတွင် ဆုတံဆိပ် လာရောက်ပေးအပ်ခဲ့ပါသည်။

သမ္မတထောက်ခံပွဲ ဖျက်သိမ်းခံရ

ခွင့်ပြုထားသော လူဦးရေထက်ကျော်လွန်ကာ ဆန္ဒထုတ်ဖော်မှု များ ကြောင့် မန္တလေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ထောက်ခံ သည့် ဆန္ဒဖောက်ထုတ်ပွဲများ မကျင်းပတော့ရန် ဒေသအာဏာပိုင် များက တားမြစ်လိုက်သည်။

ဒညင်းကုန်းအုတ်စက်ရုံ ခိုကိုးရာမဲ့အလုပ်သမားများ နှင်ထုတ်ခံရခြင်းအပေါ် တရားမျှတမှုမရှိကြောင်း အင်းစိန်းမြို့နယ် သံဃာ့နာယကဆရာတော်သုံးသပ်

ရန်ကုန်တိုင်းဒေသကြီး အင်း စိန်မြို့နယ် ဒညင်းကုန်းအုတ်စက် ရုံကို စနစ်တကျ တင်ဒါခေါ်ယူ ခြင်းမရှိဘဲ ပုဂ္ဂလိကသို့ လွှဲအပ် လိုက်ပြီးသည့်နောက် စက်ရုံတာ ၀န်ရှိ ပုဂ်္ဂိုလ်များအနေဖြင့် စက်ရုံ နေ့စားဝန်ထမ်း (၄၀၀)ခန့်အား လက်ရှိမှီခို နေထိုင်လျက်ရှိသော စက်ရုံပိုင်မြေအတွင်းရှိ တဲများမှ (၁၀)လပိုင်း (၄)ရက်နေ့နောက် ဆုံးထားကာ ဖယ်ရှားပေးရမည် ဟု စာထုတ်ပြန်ခြင်းနှင့်ပတ် သက်၍ စက်ရုံနေ့စား အလုပ်သ မားများကို နှင်ထုတ်ခြင်းအပေါ် တရားမျှတမှု လုံးဝမရှိကြောင်း အင်းစိန်မြို့နယ် သံဃာ့နာယက ဆရာတော် ဦးပညောဘာသက သုံးသပ်ပြောကြားသွားခဲ့သည်။

တနိုင်ငံလုံးရှိ ကျောင်းသား သမဂ္ဂများနှင့် လက်တွဲရန် ရခိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ယာယီ) ဖွဲ့စည်း

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တက္ကသိုလ်ကျောင်းသားများက တနိုင်ငံလုံး ရှိ ကျောင်းသား သမဂ္ဂများ နှင့် လက်တွဲ၍ ကျောင်း သား အရေး ဆောင် ရွက်နိုင်ရန် ရခိုင်ပြည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ယာ ယီ) ကို ဖွဲ့စည်း လိုက်သည်။

ချင်းတောင်တီးတိန်နယ်တွင် ပုဂ္ဂလိကပိုင်သဘာဝ ဘေးမဲ့တောကြီးစတင်အကောင် အထည်ဖော်

တီးတိန်မြို့ ဦးဆွမ်ပေါင်ပိုင်မြေဧက(၅၀၀)ကို သဘာဝအလျှောက်ေ ပါက်ရောက်သော သစ်ပင်တို့ကိုထိန်းသိမ်းစောင့်ရှောက် ထားပြီးတောေ ပျာ်တိရိစ္ဆာန်တို့လွတ်လပ်စွာကျက်စားနေထိုင်ရာ ဥယျာဉ်ကြီး အဖြစ် ဆောင်ရွက်နိုင်ရန် ကြိုးစားလျှက်ရှိ့ ကြောင်းသိ ရသည်။

၈၈ မျိုးဆက်ကျောင်းသားများနှင့် အမေရိကန်သံအမတ်အဖွဲ့ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအဖွဲ့ဟာ ယနေ့ နံက် ၉း၃၀က ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းကို လာရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အမျိုးသားရေး သစ္စာဖောက်ဟုခေါ်ဆိုကြသော ဦးဟန်ညောင်ဝေ မြန်မာပြည်ရောက်ရှိ

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ကိုတည်ထောင်သူများတွင် တစ်ဦး အပါအ၀င်ဖြစ်သော ဦးဟန်ညောင်ဝေသည် ယနေ့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိ လာကြောင်းသိရသည်။

သောက်ရေခပ် ရေကာ တာ စီမံကိန်းကြောင့် စံပြရွာ အဖြစ် ပြန် အခြေချ ရမည်ကို ဒေသ ခံများ မလိုလား

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ သောက်ရေခပ်ချောင်း အား ဖြတ်၍ တည်ဆောက်နေသော သောက်ရေခပ် ရေကာတာ စီမံကိန်းကြောင့် စံပြရွာအဖြစ် ပြန်အခြေ ချရမည်ကို ထိုဒေသရှိ ထုံးဘိုရွာသူရွာများက မလိုလား ကြောင်း သိရသည်။

လယ်မြေများ ရေလွှမ်းခံရသော်လည်း ဆန်ဈေးနှုန်းမတက်

သြဂုတ်လအတွင်းက မြစ်ရေကြီးခြင်းကြောင့် လယ်ယာမြေ များ ရေလွှမ်း ခံရပြီး လယ်မြေများ ပျက်စီးသော်လည်း ဆန်စပါးဈေးနှုန်း မတက်အောင် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်း တာဝန်ရှိသူက အာမခံ ပြောကြားလိုက်သည်။

ဦးဟန်ညောင်ဝေ မြန်မာပြည်ရောက်ရှိ

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ကိုတည်ထောင်သူများတွင် တစ်ဦး အပါအ၀င်ဖြစ်သော ဦးဟန်ညောင်ဝေသည် ယနေ့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်းသိရသည်။

စက်တင်ဘာ ၁၄ရက်နေ့မှာ သြစတေးလျကို ထွက်ခွာမယ့် သက်နိုင်အောင်ဇေယျ နဲ့ သဇင်

သြစတြေးလျမှာ မင်္ဂလာပွဲ ကျင်းပဖို့ အတွက် စက်တင်ဘာ ၁၄ရက်နေ့မှာ ခင်ပွန်းဖြစ်သူ သက်နိုင်အောင်ဇေယျနဲ့ သြစတြေးလျကို ထွက်ခွာမယ့် သဇင်က ၆လ ကျော်ကြာ သွားရောက်နေထိုင်မှာ ဖြစ်ပါတယ်။ သြစတြေးလျကို မသွားခင် ရန်ကုန်မှာ အနုပညာမောင်နှမတွေ၊သူငယ်ချင်း တွေနဲ့စုပြီး ပျော်ရွှင်စေဖို့ ပွဲလေးတစ်ပွဲကျင်းပဦးမှာဖြစ်ကြောင်းလည်း သဇင် က ပြောပါတယ်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းကို RNDP မှ အမေရိကန်ပြည်ထောင်စုတွင်ပြော

ရခိုင်တွင် ရှိနေသော ဘင်္ဂလီများမှာ ရိုဟင်ဂျာဖြစ်ကြောင်းကို အမေရိကန်ပြည်ထောင် စု ဆွေးနွေးပွဲတစ်ခုတွင် ဘင်္ဂလီ တစ်ဦးဖြစ်သူ (Wali Ullah)က တင်ပြဆွေးနွေးချက်ကို ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီမှ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးမှူးဖြစ်သူ ကိုမောင်ဝင်းစိုးက ကန့်ကွက်ထောက်ပြ ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ရန် ထွက်ရှိလာသော (၁၀)ဦးအမည်စာရင်း



(၁) ဦးအေးမြင့်ကြူ ( လက်ရှို- အား.ကာ ဒုဝန်ကြီး )
(၂)ဗိုလ်ချုပ်ဇေယျာအောင် ( မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး )
(၃) ဒေါက်တာမြင့်အောင် ( ပြည်ထောင်စု ရာထူးဝန် အဖွဲ့ )
(၄) ဦးကျော်လွင် ( လက်ရှိ - ဆောက်လုပ်ရေးဒု ဒုဝန်ကြီး )
(၅) ဦးဝင်းရှိန် ( လက်ရှိ - လယ် / ဆည် ဒုဝန်ကြီး )
(၆) ဒေါက်တာ ကံဇော် ( လက်ရှိ - စီမံ စီးပွား ဒုဝန်ကြီး )
(၇) ဦးမောင်မြင့် ( လက်ရှိ - ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး )
(၈) ဒေါက်တာကိုကိုဦး ( လက်ရှိ - သိပ္ပံ နည်းပညာ ဒုဝန်ကြီး )
(၉) ဦးဌေးအောင် ( လက်ရှိ - ဟိုတယ် ခရီး ဒုဝန်ကြီး )
(၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ( လက်ရှိ - ကျန်းမာရေး ဒုဝန်ကြီး )တို့ဖြစ်ကြောင်းနိုင်ငံတော်သမ္မ
တရုံးမှပေးပို့သော အမည် စာရင်းများအရသိရသည်။

ရခိုင် အများပိုင်ကုမ္ပဏီ မတည်ငွေ သန်း ၅၀၀ ဖြင့် စတင်မည်

မဇ္ဈိမသတင်းဌာန ။        ။ ရခိုင် အများပိုင် ကုမ္ပဏီကို အစုရှယ်ယာဝင် ၅ဝ ဦးတို့၏ မတည်ငွေ သန်း ၅ဝဝ ဖြင့် စတင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အစုရှယ်ယာရှင် တဦးဖြစ်သူ ဦးသန်းမောင်က စက်တင်ဘာ ၂ ရက်နေ့ ရွှေတိဂုံ အရှေ့ဘက်မုဒ် အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပသော ကုမ္ပဏီ ဖွဲ့စည်းရန်အတွက် ပမဏ အကြံပြု ဆွေးနွေးပွဲတွင် ပြောကြားသည်။

ပြည်သစ်ညွှန့်ဝေ မြန်မာပြည်ရောက်ရှိ

စစ်အုပ်ချုပ်ရေး လက်ထက် ပြည်ပနိုင်ငံသို့ ထွက်ခွာခဲ့ ပြီး ပြည်ပ နိုင်ငံ တွင် အခြေစိုက်ကာ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ် လျှက်ရှိ သည့် ပြည်သစ် ညွှန့်ဝေသည် ယနေ့ နံနက် ၈နာရီ ၅၀ မိနစ်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် Lt. General Attanop Sirisak တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့် တပ်မတော် မှ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး Lt. General Attanop Sirisak ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ (စက်တင်ဘာ ၄) တွင် နေပြည်တော် ဇေယျာသီရိဗိမာန်၌ လာရောက်တွေ့ဆုံခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်


မန်းသံဃာတော်များ ဆန္ဒဖော်ထုတ်ခြင်း တတိယနေ

တိုးချဲ့သမ္မတရုံး ၀န်ကြီးဌာနများ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဦးတည်

တိုးချဲ့ဖွဲ့စည်းလိုက်သော သမ္မတရုံး ဝန်ကြီးဌာနများသည် ပြည်တွင်းငြိမ်းချမ်းရေး ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငွေကြေး လုပ်ငန်းများ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဦးတည်ကြောင်း သမ္မတရုံး ဝန်ကြီး ဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း ဆိုင်ရာ ရှင်းလင်းချက် တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားလေတပ်ဖွဲ့သည် တိုက်လေယာဉ်သစ် ၄ စင်းအား လက်ခံရရှိခဲ့ခြင်း

အင်ဒိုနီးရှား လေတပ်ဖွဲ့အား အဆင့်မြှင့်တင်ရေး တွန်းအား ပေးဆောင် ရွက် လျက်ရှိစဉ် အင်ဒိုနီးရှား စစ်ဘက်က မှာယူထား သည့် သောင်ကျန်းမှု တိုက်ဖျက်ရေး လုပ်ငန်းသုံး တိုက်လေယာဉ် သစ်များ၏ ပထမ အသုတ်အဖြစ် A-29 Super Tucano တိုက်လေယာဉ် ၄ စင်း သည် စက်တင်ဘာလ ၁ ရက်နေ့တွင် ဂျကာတာမြို့ရှိ Halim Perdanakusuma လေတပ် အခြေစိုက် စခန်း သို့ရောက်ရှိ လာခဲ့ ကြောင်း Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၏ Facebook မှ ဖော်ပြထားသော ဖော်ပြချက်များ

ခုံရုံးနဲ့ လွှတ်တော်ထိပ်တိုက်ရင်ဆိုင်တွေ့ရေးကို မရှောင်နိုင်ကြတော့ဘူးလား ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များကို ပြည် ထောင်စုအဆင့်ု အဖွဲ့အစည်းများအဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုခြင်းမှာ အခြေခံဥပဒေနှင့်ညီညွတ်မှုမ ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ခုံရုံးကိုယ်တိုင်က ကြေငြာပေးရန် တိုက်တွန်းကြောင်း ပျော်ဘွယ် မဲဆန္ဒနယ်က ဦးမြင့်စိုး တင်သွင်းထားတဲ့အဆိုကို ၂၇- ၈ - ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ကျနော့်အနေဖြင့် ဆွေးနွေးရန် စာရင်းပေးထားသော်လည်း ဆွေးနွေးခွင့် မရခဲ့ပါ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း(သီပေါမြို့နယ်) ၏ ထုတ်ဖော် ပြောကြားချက်များ

မိတ်တွေတစ်ဦးက ပေးပို့လာသည့် ဦးရဲထွန်း၏ Facebook စာမျက်နှာ ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း(သီပေါမြို့နယ်) ၏ ထုတ်ဖော် ပြောကြားချက်များကို ယင်း စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

မိုးလေ၀သ သတင်း

(၂၀၁၂ ခုနှစ်၊ စက်တင်ဘာ(၄)ရက်နေ့နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအား အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေ ကျပ်ငါးဘီလျံအထိ ထုတ်ချေးမည်

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (Small and Medium Enterprises-SMEs) လုပ်ငန်းများ အား အတိုးနှုန်း ၈.၅ ကျပ်နှုန်းဖြင့် ချေးငွေကျပ် ငါးဘီလျံအထိ ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။

‘မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား’ JICA နှင့် ပူးပေါင်း၍ ၂၀၁၃ နှစ်ကုန်တွင် အပြီးရေးဆွဲသွားမည် ၊ ကနဦးတွင် ရန်ကုန်မြို့တော်၏ ရေပေးဝေရေး၊ ရေဆိုးနှင့် မိလ္လာစနစ်များတွင် ပူးပေါင်းပြုလုပ်ရန် သဘောတူ လက်မှတ်ရေးထိုး

“မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်း”အား JICA (Japan International Cooperation Agency)နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၃ ခုနှစ်အကုန်တွင် အပြီးရေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။

မစ္စတာဒဲရစ်မစ်ချဲလ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်တွေ့

စက်တင်ဘာ(၄)ရက်နေ့၊ နံနက် ၉း၃၀ နာရီခန့်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအချို့သည်၊ ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးသို့ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။အမေရိကန်သံအမတ်ကြီးနှ င့်အဖွဲ့အား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီးနှင့်ကိုဌေးကြွယ်တို့ က လက်ခံတွေ့ဆုံခဲ့ကြသည်။

သတင်းအချက်အလက်နည်းပညာဆိုင်ရာ အများပိုင်ကုမ္ပဏီတစ်ခုကို သိန်းပေါင်း ၁ သောင်းခွဲဖြင့်စတင်သွားမည်

ပြည်တွင်းရှိ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ National Information and Communication Technology Public (NICTPCO) အမည်ရှိ အများပိုင်ကုမ္ပဏီတစ်ခုကို လုပ်ကိုင် ဆောင်ရွက်သွားရန် စီစဉ်ပြီးဖြစ်သည်ဟုသိရသည်။

ဈေးပြိုင်စနစ်(Open Tender) ကို နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်နေသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

ဈေးပြိုင်စနစ် (Open Tender) ကို နိုင်ငံတကာ အဆင့်အတန်း အထိဖြစ်အောင် လေ့လာနေပြီး လုပ်လည်း လုပ်ဆောင်နေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ထမ်းတစ်သောင်းကျော်ကို အရပ်ဘက်ဝန်ထမ်းအဖြစ်ပြောင်းလဲဖွယ်ရှိနေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်ရေးကော်ပိုရေးရှင်း အဖြစ်သို့ပြောင်းလဲဖွဲ့စည်းသွားမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ တာဝန်ထမ်းဆောင်နေ သည့် နိုင်ငံ့ဝန်ထမ်း တစ်သောင်းကျော်သည် အရပ်ဘက်ဆိုင်ရာ ၀န်ထမ်းများအဖြစ် ပြောင်းလဲသွားဖွယ် ရှိကြောင်း အဆိုပါလုပ်ငန်းဌာနမှ အကြီးအကဲတစ်ဦးကဆိုသည်။ ““ဘာမှန်းမသိသေးဘူး။

တရုတ် မြန်မာ နယ်စပ်မှာ မြန်မာ သဘောင်္ တိမ်းမှောက်

တရုတ် မြန်မာ နယ်စပ် တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ် အနီး မဲခေါင်မြစ် ထဲမှာ တနင်္ဂနွေနေ့  နေ့ လယ်က  မြန်မာ သဘောင်္ တစ်စီး တိမ်းမှောက် သွားခဲ့  ပြီးတဲ့နောက် တရုတ် ရွာသား တွေက ကူညီ ကယ်ဆယ် ရေးတွေ စတင် ဆောင်ရွက် နေ တယ်လို့ တရုတ် နိုင်ငံ ဆင်ဟွာ သတင်း ဌာနက ပြောပါတယ်။

အိုင်စီတီကဏ္ဍနှင့် ပတ်သတ်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယင်းနယ်ပယ်မှ ပညာရှင်၊လုပ်ငန်းရှင်များ ဦးဆောင်၍ အများပိုင် ကုမ္ပဏီတစ်ခု ထူထောင်သွားမည်

အိုင်စီတီဏ္ဍနှင့် ပတ်သတ်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်အတွက် ယင်းနယ်ပယ်မှ ပညာရှင်၊ လုပ်ငန်းရှင်များ ဦးဆောင်၍ အများပိုင်ကုမ္ပဏီတစ်ခုအား မကြာမီကာလအတွင်း ထူထောင်သွား ရန်ရှိသည်ဟု ၄င်းအ များပိုင် ကုမ္ပဏီထူထောင်ရာတွင် ဦးစီးဆောင်ရွက်မည့် အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ တတိယအကြိမ် အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးပွဲ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ တတိယ အကြိမ် အပစ်အခတ်ရပ် ဆဲရေးဆွေးနွေးပွဲ ပထမနေ့ တွင်နှစ်ဦးနှစ် ဘက် လိုက်နာရမည့် ကျင့်ဝတ်များ နှင့် အပစ်ရပ်ဒေသများတွင် မိုင်းအသစ် ထပ်မံ ထောင် ထားခြင်းကို မပြုလုပ်တော့ ဘဲ ထောင်ထားပြီးသော မိုင်းများကို ရှင်းလင်းရေးကိစ္စတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ ကြသည် ဟုနှစ် ဖက်တာ ၀န်ရှိသူများကပြောသည်။
ဆွေးနွေးပွဲဒုတိယမြောက်နေ့ ကို စက်တင်ဘာ ၄ ရက် နံနက် ၉ နေ့ ကစတင်ခဲ့ပြီး ပထမနေ့ ကသဘော တူခဲ့သည် အချက် ၃၇ ချက်အား လက်မှတ်ရေထိုးနိုင်လိမ့်မည် အကျိုးဆောင်များက ပြောသည်။

မြစ်ကြီးနားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲ ကျင်းပမည်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပထမဦးဆုံးအကြိမ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခုလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပဖို့ရှိပြီး ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူတွေ လာရောက် ဟောပြောကြမယ်လို့ သတင်းရရှိပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများ ကန့် ကွက်လွှာ

ယနေ. 3.9.2012 နံနက်ပိုင်း က ပညာရေးဝန်ကြီးဋ္ဌာန မှ ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်သည် ဒဂုံတက္ကသိုလ် သို.လာရောက်ခဲ့ရာ အံ့သြဖွယ်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါသည်။

တောင်အာရှ နိုင်ငံများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ရန် တရုတ်ဆန္ဒရှိ

တရုတ်နိုင်ငံသည် တောင်အာရှ နိုင်ငံများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေး များအား တိုးမြှင့်ရန် ဆန္ဒရှိသည်ဟု တရုတ် ကာကွယ်ရေးဝန်ကြီး လျန်ကွမ် လီက ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂ ရက် အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပလောင် (တအာင်း)ဒေသ၌ ထိုးစစ်ပြင်းထန်နေ

အစိုးရ တပ်ဖွဲ့များသည် ပလောင်ပြည် လွတ်မြောက်ရေး အဖွဲ့ လှုပ်ရှားနေသော ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မန်တုံမြို့ နယ်နှင့် ကွက်ခိုင်မြို့နယ်တို့တွင် အင်အား တထောင်ကျော်ဖြင့် ထိုးစစ်ဆင်နေ သည်ဟု ပလောင်ပြည် လွတ်မြောက်ရေး ပါတီ ဥက္ကဌ မိုင်းအိုက်ဖုန်းက ပြောပါသည်။

လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု အီရန်ပြုလုပ်မည်

အီရန် နိုင်ငံသည် နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို စမ်းသပ် သည့် အနေဖြင့် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ယခုလ နှောင်းပိုင်းတွင် စတင်ပြုလုပ်သွား မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့ ကြောင်း သိရသည်။

ဒေါက်တာဘွဲ့၊ ရာထူးတိုးမြှင့်ရေးနှင့် ကျောင်းအုပ်ပြဿနာ

လွန်ခဲ့သောဆယ်စုနှစ်တွင် တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူတို့က ပြည်တွင်း၌ ပညာတတ်များစွာကို တက်သုတ်ရိုက် မွေးထုတ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ၌ ပင် မရှိဖူးသေးသော တစ်ရက်တည်းနှင့် ပီအိပ်ခ်ျဒီ ဒေါက်တာဘွဲ့ အယောက် ၂၀ နီးပါးကို ဌာနတစ်ခုတည်းမှ ပေး အပ်ခဲ့သည်အထိ ရှိခဲ့သည်။

မြို့ နယ်အဆင့် အဆိုအက ပြိုင်ပွဲ အောင်မြင်စွာကျင်းပ

ပထမအကြိမ် မြို့ နယ်အဆင့် အဆိုအက ပြိုင်ပွဲကို ချင်းပြည်နယ်ေ တာင်ပိုင်း မတူပီမြို့ ပေါ်တွင် စက်တင်ဘာလ (၁) ရက်နေ့ က  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းသိရသည်။

တောင်ပိုင်း ဝ တပ် လုံခြုံရေးတင်းကျပ် ဒေသခံများအခက်တွေ့

UWSA တောင်ပိုင်း ဝ တပ်ဖွဲ့ အခြေချလှုပ်ရှားသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် အတွင်း၌ ယခင်ကထက် လုံခြုံရေး ချထား ကာ လမ်းသွားလမ်းလာဒေသခံများ စစ်ဆေးသည့်အပြင် ဖမ်းဆီး ချုပ်နှောင်မှု လည်း ရှိနေသည်ဟု နယ်စပ်ရောက် မိုင်းဟန်ဒေသခံ တဦးက ပြောပါသည်။

ပြည်သူပိုင် သစ်များကို အစိုးရ ဋ္ဌာန လုပ်ပိုင်ခွင့် အာဏာဖြင့် အလွဲ သုံးစား ပြုလုပ်ကြသူများကို အရေးယူပေးစေလို (ပေးစာ)

ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်တွင်တာဝန်ကျနေသော အကျင့်ပျက် ဝန်ထမ်းများ အကြောင်းကို ဒီစာဖြင့် အထက်လူကြီးမင်းများ သိရန်နှင့် အများပြည်သူများသိအောင် ပြောပြတိုင်ကြားအပ်ပါသည်။ က ရှိသော ဖုံညို လိပ် ကျေးရွာအုပ် စု ၊ ကျောက်ရံ ကျေးရွာအုပ်စု ၊ဖရုံေ ချာင်း ကျေးရွာအုပ်စု၊တာင်ဘဇား ကျေးရွာအုပ်စု ၊ ခထီးလှ ကျေး ရွာ အုပ်စုတို့တွင် ယခုအခါ အကျင့်ပျက်ဝန်ထမ်းများရဲ့ လက်ချက်ကြောင့် သစ်များ ပြုန်းတီးလျှက် ရှိနေပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ၊ အရှေ့အနောက်ခွဲခြား ဆက်ဆံခြင်းမပြုဘဲ အားလုံးနှင့် ရင်းနှီးစွာ ဆက်ဆံသွားမည်ဟု နိုင်ငံရေးမူဝါဒ ချမှတ်ထား ပါကြောင်း ပြောကြား

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ကနေဒါ နိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး ဝန်ကြီး H.E. Mr. Edward ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် စည်းကြပ်တော့မည်

ယခင်အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် ယခုနှစ်မှ စတင် စည်းကြပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ ဝင်ငွေခွန်အား လစာအပေါ်တွင် ကောက်ခြင်း၊ အသက်မွေးဝမ်းေ ကျာင်းပေါ်တွင် ကောက်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များ အပေါ် ကောက်ခြင်း၊ ပစ္စည်းများငှားရမ်းခ ရသည့်အပေါ် တွင် ကောက်ခြင်း၊ အစုရှယ်ယာ အမြတ်ရသည့် အပေါ် တွင် ကောက်ခြင်း အစရှိသည်တို့ကို ကောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲ ကျင်းပမည်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပထမဦးဆုံးအကြိမ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခုလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပဖို့ရှိပြီး ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူတွေ လာရောက် ဟောပြောကြမယ်လို့ သတင်းရရှိပါတယ်။

စာရင်းစစ်ချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးတွေအတွက် အမည်တင်သွင်း

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အားကောင်း လာစေဖို့ဆိုတဲ့ ရည်ရွယ်နဲ့ မကြာသေးခင် ရက်ပိုင်းက စလို့ ၀န်ကြီးနေရာ အပြောင်းအရွှေ့တွေ လုပ်ဆောင်လာတာမှာ ဒီကနေ့ လည်း ၀န်ကြီးနေရာတချို့ ပြောင်းရွှေ့ခန့်အပ်မှုနဲ့ ပတ်သက်ပြီး သမ္မတရုံး ကနေ ပြည် ထောင်စု လွှတ်တော် နာယကဆီကို သ၀ဏ်လွှာ ၂ စောင် ပေးပို့ခဲ့ပါတယ်။ ဒီသ၀ဏ်လွှာအရ  ကာကွယ်ရေး ၀န်ကြီးဌာ န ပြည်ထောင်စု ၀န်ကြီး နေရာ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နေရာနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်တွေအတွက် သမ္မတက ရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့ပတ်သက်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ ပြည်ထောင်စု လွှတ်တော် က ဆွေးနွေး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

တိုင်ဖုန်း Bolaven ကြောင့် မြောက်ကိုရီးယား ၅၀ ခန့်သေဆုံး

ပြီးခဲ့တဲ့သတင်းပတ်အတွင်း မြောက်ကိုရီးယား အနောက်ဘက်ကမ်းခြေ ကို ဘိုလာဗင် တိုင်ဖုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့ရာမှာ လူ ၅၀ နီးပါးသေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာနက ကြေညာပါတယ်။