အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ ဝါရင့်သတင်းစာ ဆရာကြီး
ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် အတွက်
မိတ္ထီလာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ) တို့မှ
လူအင်အား ၃၀ ခန့်သည် ဧပြီလ ၄ ရက်၊ ညနေ ၅ နာရီတွင် သမိုင်းဝင်
ရွှေမြင်တင်စေတီတော်မြတ်ကြီး၌ မေတ္တာပို့ ဆုတောင်းခဲ့ကြောင်း
မိတ္ထီလာအခြေစိုက် နိုင်ငံရေး အင်အားစုများထံမှ စုံစမ်းသိရှိရသည်။
Sunday, April 6, 2014
ကျနော် သေလည်း အမေ အသက်ရှင်ရမယ်
တရုတ်ပြည် Hubei ပြည်နယ်က မိသားစု တစ်ခုမှာ ဖြစ်ပါတယ်။ အသက် ၇ နှစ်ပဲ ရှိသေးတဲ့ Xiaotian လို့ အမည်ရတဲ့ ကလေးငယ်ဟာ ဦးနှောက် ကင်ဆာကြောင့် သေဖို့ ၂ ရက် ၃ ရက်သာ လိုပါ တော့တယ်။
နောက်ထပ် ကံဆိုးတာ ကတော့ အသက် ၃၄ နှစ် အရွယ်ပဲ ရှိသေးတဲ့ အမေ ဖြစ်သူ ကလည်း ကျောက် ကပ် ကျောက်ရောဂါ ကြောင့် ကွယ်လွန်ရတော့မယ့်သူ ဖြစ်ပါတယ်။ သားဖြစ်သူက ကယ်လို့ မရတော့ ပေမယ့် အမေဖြစ်သူက ကျောက်ကပ် အစားထိုး နိုင်ရင် အသက်ရှင်နိုင် ပါတယ်။ ဒါကြောင့် သား ဖြစ်သူဟာ အမေ့ကို ကယ်လိုတဲ့ စိတ်ဆန္ဒ ရှိပြီး လှူဖို့ တောင်းဆိုးပါတယ်။ အဖွားဖြစ်သူကလည်း ခွင့်ပြုပါတယ်။ ဆရာဝန်ကော၊ အမေဖြစ်သူကော ဒီအတွက် မတောင်းဆို ပါဘူး။ ကျောက်ကပ် လှူသင့်တဲ့
ထုတ်ဝေခွင့် လျှောက်ထားဆဲ သတင်းစာ၊ ဂျာနယ်များ ဇွန်လနောက်ပိုင်းမှသာ ခွင့်ပြုမည်
ထုတ်ဝေခွင့်ရရှိရန် လျှောက်ထားထားသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့်
အခြားအထွေထွေ ထုတ်ဝေရေး လုပ်ငန်းများကို ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်းမှသာ
ထုတ်ဝေခွင့် ပြုနိုင်မည် ဖြစ်ကြောင်း ပြန် ကြားရေး ဝန်ကြီးဌာနထံမှ
သိရှိရသည်။
ပုံနှိပ်ခြင်းနှင့်
ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေကို အဆိုပါ ဝန်ကြီးဌာနက ရေးဆွဲပြီး
ဖြစ်သော်လည်း သက်ဆိုင်ရာ နယ်ပယ်များက တတ်သိ နားလည်သူများနှင့်
ထပ်မံဆွေးနွေးကာ အကြံပြုချက်များ ရယူသွားမည် ဖြစ်ကြောင်း၊ နည်းဥပဒေကို
ဇွန်လထဲတွင် အတည်ပြု ထုတ်ပြန်နိုင် မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန
ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဆိုသည်။
အသစ်ပြဋ္ဌာန်းလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ လက်ရှိ ကျင့်သုံးနေသည့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေမှာ အလိုအလျောက် ပျက်ပြယ်သွားပြီ ဖြစ်သဖြင့် ဥပဒေသစ်၏ နည်းဥပဒေများ ထွက်ရှိလာပြီးမှသာ ထုတ်ဝေခွင့် လျှောက်ထားမှုများကို
အသစ်ပြဋ္ဌာန်းလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ လက်ရှိ ကျင့်သုံးနေသည့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေမှာ အလိုအလျောက် ပျက်ပြယ်သွားပြီ ဖြစ်သဖြင့် ဥပဒေသစ်၏ နည်းဥပဒေများ ထွက်ရှိလာပြီးမှသာ ထုတ်ဝေခွင့် လျှောက်ထားမှုများကို
ကာ/ချုပ်၏ အပစ်အခတ်ရပ်စဲရေး မူဝါဒ ပြန်ညှိနှိုင်းရန် လိုအပ်ဟု NCCT ခေါင်းဆောင် ပြောကြား
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ် ထားသော မူဝါဒခြောက်ချက်ကို ပြန်လည် ညှိနှိုင်းရန် လိုအပ်ကြောင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။
ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ
(Myanmar Peace Center) တွင် ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်း
ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက
ကာကွယ်ရေး ဦးစီးချုပ်၏ မူဝါဒများကို တင်ပြလာခြင်းနှင့် ပတ်သက်ပြီး ၎င်းက
အထက်ပါအတိုင်း ပြောကြား လိုက်ခြင်း ဖြစ်သည်။
အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်
ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု
သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး
အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။
ဧပြီ ၄ ရက် ညတွင် လက်နက်အပြည့်အစုံတပ်ဆင် ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်
များက လှည့်ကင်း အဖွဲ့များခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေးတိုး
မြှင့်ဆောင်ရွက်နေသည်ကို တွေ့ ရသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမှတ် (၄) ရဲတပ်ရင်းများ ကွပ် ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေး မှူး ရဲမှူးကြီး ထွန်းဦးကို ဆက် သွယ်မေးမြန်းရာ ‘‘လှည့်ကင်းတိုး မြှင့်ထားတာပါ။ နောက်ဒီထက် ပို တိုးမြှင့်ဖို့ရှိတယ်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမှတ် (၄) ရဲတပ်ရင်းများ ကွပ် ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေး မှူး ရဲမှူးကြီး ထွန်းဦးကို ဆက် သွယ်မေးမြန်းရာ ‘‘လှည့်ကင်းတိုး မြှင့်ထားတာပါ။ နောက်ဒီထက် ပို တိုးမြှင့်ဖို့ရှိတယ်။
သမီးကလေးကျေးရွာမှ အိမ်ထောင်စုများ DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ရွာသို့ မြဝတီမြို့မှ ထွက်ခွာ
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နောက် လိုက်ပါသွားသည့် ဖယ်ရှားခံ သမီးကလေးကျေးရွာ နေထိုင်သူများ ကရင်ပြည်နယ် မြဝတီမြို့မှ DKBA ထိန်းချုပ် နယ်မြေ ကျောက်ခတ်ကျေးရွာသို့ ဧပြီလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ထွက်ခွာသွားကြောင်း မြဝတီမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဖယ်ရှားခံ သမီးကလေးကျေးရွာ အပါအဝင် အင်းပတီးကျေးရွာ၊ ဒေါ်ကာလီကျေးရွာတို့မှ
လူဦးရေ ၃၀၀ နီးပါးခန့်ရှိ အိမ်ထောင်စု ၈၀ ကို ဧပြီလ ၁ ရက်နေ့က
ပဲခူးတိုင်းဒေသကြီးရှိ အောင်သိဒ္ဓိကျောင်းတိုက်သို့ DKBA က
လာရောက်ခေါ်ဆောင်ခဲ့ရာ ဧပြီ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အဆုံး
ထင်းကားများအား ဆက်ကြေးကောက်ခံနေ၍ ရွာသားများ မကြေမနပ်ဖြစ်နေ
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) ၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ
မိုင်းနောင်ရွာမှ ဒေသခံရွာသား များ၏ ထင်းသယ်ကားများကို KIA မှ
ဆက်ကြေးကောက်ခံနေ၍ ရွာသားများ မကြေမနပ် ဖြစ်နေကြကြောင်း သတင်းရရှိသည်။
အဆိုပါ မိုင်းနောင်ရွာမှ ဒေသခံရှမ်းရွာသားများ၏ ထင်းသယ်ကားများကို
၎င်းမိုင်းနောင်ရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ
နန့်သလွန်ချောင်းဘေးတွင် တပ်စခန်းထိုင်ထားသည့် KIA ယင်း(၆)မှ အင်အား
(၅၀)ခန့်သည် အိမ်သုံးရန် ထင်းများ ခွေယူသယ်ဆောင် စုဆောင်းကြသော ရွာသား များ၏
ထင်းသယ်ကားများကို ဆက်ကြေးကောက်ခံတာဖြစ်တယ်။
လှည်းကူးမြို့မဈေးတွင် ခိုက်ရန်ဖြစ်ပွားခဲ့သူ သုံးဦးကို အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်း
လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဆိုင်ချင်းကပ် ဈေးဆိုင်နှစ်ဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာရီ ခန့်က ဈေးရောင်းချသူ နှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ လူစုလူဝေးဖြင့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခထိ ဖြစ်ပွားခဲ့မှုတွင် အဆိုပါ ခိုက်ရန် ဖြစ်ပွားခဲ့မှု စတင်ခဲ့သော ဈေးဆိုင်မှ အမျိုးသားသုံးဦးကို ယင်းနေ့ ည ၆ နာရီခွဲခန့်က အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းကာ စစ်ဆေးလျက်ရှိကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။
လှည်းကူး မြို့မဈေးတွင် ဈေးရောင်းသူနှစ်ဦး ရန်ဖြစ်ရာမှ ဘာသာရေး အသွင်ဆောင် ပဋိပက္ခဖြစ်
လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက် မြို့မဈေး အောက်ထပ်ရှိ ကုန်မာဆိုင်တွင်
ဧပြီလ ၄ ရက် ညနေ ၄ နာရီခန့်က ဆိုင်ချင်းကပ် ကုန်ပစ္စည်းတူ ဈေးရောင်းချသူ
နှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဈေးရှေ့တွင် လူ ၁၅၀၀ ခန့် စုဝေးလာပြီး
ဘာသာရေး အသွင်ဆောင် ပဋိပက္ခအထိ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လှည်းကူး
မြို့မရဲစခန်းတို့ထံမှ သိရသည်။
အစ္စလာမ် ဘာသာဝင် မိသားစုဝင် ငါးဦး ရောင်းချသော ကုန်မာပစ္စည်းဆိုင်မှ အသက်
၃၀ အရွယ် အမျိုးသားနှင့် ဆိုင်ချင်းကပ် ဗုဒ္ဓဘာသာဝင်ဆိုင်မှ ဆိုင်ရှင်၏
တူဖြစ်သူ အသက် ၂၀ အရွယ် အမျိုးသားတို့ စကားများစဉ် အသက် ၃၀ အရွယ်
အမျိုးသားက တစ်ဖက်လူ၏ မျက်လုံးကို ကတ်ကြေးဖြင့် ထိုးပြီး
လွှတ်တော်ကိုယ်စားလှယ်၏ခြံဝင်းအတွင်း တရားမဝင်သစ်များဖမ်းမိဟုဆို
သီပေါ− သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၏ခြံ ဝင်း အတွင်းတွင်
တရားမဝင်သစ်များ ရှိသည်ဆိုသည့် ဒေသခံတစ်ဦး၏ တိုင်ကြားချက်ကြောင့် ဧပြီ ၂
ရက်၌ တာဝန်ရှိသူများက အဆို ပါသစ်များကိုသိမ်းဆည်းထားခဲ့ ကြောင်း
ကျောက်မဲခရိုင်သစ် တောဦးစီးမှူး ဦးမောင်မောင်က ပြောသည်။
အဆိုပါခြံဝင်းမှာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်လမ်း ကြားတွင်တည်ရှိပြီး ခြံဝင်းအတွင်း၌ပရိဘောဂနှင့် သစ်ခွဲ လုပ်ငန်း များကို လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်း၏ဇနီးနှင့်သားတို့ က လုပ်ကိုင်ကြခြင်းဖြစ် သည်။
အဆိုပါခြံဝင်းမှာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်လမ်း ကြားတွင်တည်ရှိပြီး ခြံဝင်းအတွင်း၌ပရိဘောဂနှင့် သစ်ခွဲ လုပ်ငန်း များကို လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်း၏ဇနီးနှင့်သားတို့ က လုပ်ကိုင်ကြခြင်းဖြစ် သည်။
ကြောင်စာဝယ်ရန်သွားသည့်မိန်းကလေး သားမယားပြုကျင့်ခံရ
မရမ်းကုန်းမြို့နယ်တွင် ကြောင်စာဝယ်ယူရန်သွားသည့် မိန်းကလေးတစ်ဦး သားမယား ပြုကျင့်
ခံရသည်ဆိုကာ တိုင်ကြားမှု ဧပြီလ ၃ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ ဧပြီလ ၂ ရက်နေ့ ည ၇ နာရီ
ခွဲအချိန်ခန့်တွင် အသက် ၁၃ နှစ်လေးလ အရွယ် မိန်းကလေး တစ်ဦး ကြောင်စာဝယ်ရန် အိမ်မှ
ထွက်သွားခဲ့ပြီးပြန်မလာသာဖြင့် မခင်ဖြစ်သူက လိုက်လံရှာ ဖွေခဲ့သည်။
ခံရသည်ဆိုကာ တိုင်ကြားမှု ဧပြီလ ၃ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ ဧပြီလ ၂ ရက်နေ့ ည ၇ နာရီ
ခွဲအချိန်ခန့်တွင် အသက် ၁၃ နှစ်လေးလ အရွယ် မိန်းကလေး တစ်ဦး ကြောင်စာဝယ်ရန် အိမ်မှ
ထွက်သွားခဲ့ပြီးပြန်မလာသာဖြင့် မခင်ဖြစ်သူက လိုက်လံရှာ ဖွေခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့၏ ရန်ကုန်ဆွေးနွေးပွဲ ပထမနေ့စတင်
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးညှိနှိုင်းမှု ရန်ကုန်ဆွေးနွေးပွဲ ပထမရက်ကို ဧပြီ ၅ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းတစ်ခု တည်းဖြစ်အောင် ရေးဆွဲနိုင်ရေးဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။အဆိုပါဆွေးနွေးပွဲသို့ အစိုးရဘက်မှ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် ပြည်ထောင်စုဝန်ကြီး လေးဦး၊
သားဖြစ်သူကို သံကြိုးခတ်ပြီး ဆုံးမတဲ့ အဖေ
တရုတ်နိုင်ငံတောင်ပိုင်း Jiangxi ပြည်နယ်၊ Xibianbanရွာမှာ အဆက်မပြတ် ခိုးနေတဲ့ သားတစ်ယောက်ကို သံကြိုးခတ်ထားပြီး အပြင်ထွက်ခွင့် မပေးခဲ့ကြောင်း မိဘတွေက ဝန်ခံခဲ့ပါတယ်။
သူ့သားရဲ့
ခိုးတဲ့ အလေ့အထဟာ မိသားစုကို အရှက်ရစေတာကြောင့် အဖေဖြစ်သူ ၄၇နှစ်အရွယ် Wen
Yuan ဟာ သားဖြစ်သူ ၂၄နှစ်အရွယ် Chuang ကို သံကြိုးနဲ့ခတ်ထားတာ
ဖြစ်ပါတယ် ..ဘယ်မှသွားလို့မရအောင် ကွန်ကရစ်တုံးတစ်ခုနဲ့ လည်ပင်းကို
သံကြိုးခတ်ထားတာဖြစ်ပြီး Chuang ဟာ အခန်းထဲ လှည့်ပတ်သွားလို့ရပေမဲ့
အပြင်ကိုတော့ ထွက်လို့ရမှာ မဟုတ်ပါဘူး။
သန်းခေါင်စာရင်းမှာ ကုဒ်နံပါတ် ထည့်သွင်းရေး မောင်တော မှာ ဆွေးနွေး
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံရာမှာ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီလို့ သုံးနှုန်းစရာမလိုပဲ အခြားလူမျိုး ဆိုတဲ့ ကုဒ်နံပါတ် ၉၁၄ ကိုသာထည့်သွင်းပြီး ကောက်ခံနိုင်ဖို့ မနေ့က မောင်တောမြို့နယ်မှာ မွတ်စလင် ပြည်နယ်လွှတ်တော် အမတ်တွေနဲ့ ဒေသဆိုင်ရာ တာဝန် ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။
အဲ့ဒီ အပေါ် ပြည်နယ်အစိုးရ ဘက်က ပြည်ထောင်စု အစိုးရကိုတင်ပြပြီး ခွင့်ပြုချက်ရပြီးမှသာ
မလေးလေယာဉ် Black Box အချက်ပေး ဖြစ်နိုင်တဲ့အသံ တရုတ်သင်္ဘော ကြားရ
ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ လိုက်ရှာနေတဲ့ တရုတ်သင်္ဘောတစီးက Ping signal သံကို ကြားနေရတယ်လို့ တရုတ်က ဒီကနေ့ ပြောလိုက်ပါတယ်။ ဒီအသံဟာ ပျောက်နေတဲ့လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကထုတ်လွှတ်နေတဲ့ အသံဖြစ်နိုင်ပါတယ်။
Signal သံကို တစက္ကန့်မှာ 37.5 KHz တကြိမ် ကြားရတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာ သတင်းက ဖော်ပြပါတယ်။ ဒီကြိမ်နှုန်းဟာ ရေအောက်ရောက် Black Box တွေကနေ
သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မဏ္ဍပ်မှာ ရှိနေမလဲ
မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် နီးကပ်လာပြီ ဖြစ်တာမို့ မြန်မာ့ အနုပညာရှင် များအနေနဲ့လည်း အခုနှစ်သင်္ကြန် ဘယ်မှာ ရှိကြမလဲ ဆိုတာကို ပရိသတ်များ အတွက် ဖော်ပြ လိုက်ပါတယ်။
မြန်မာပြည်ရဲ့ နာမည် အကြီးဆုံး ရော့ခ်တီးဝိုင်း တစ်ခုဖြစ်တဲ့ Iron Cross တီးဝိုင်းက ရန်ကုန် သင်္ကြန်မှာပဲ ရှိမှာဖြစ် ပြီး လူငယ်ရော့ခ် ပရိသတ် အသည်းစွဲ S.I.R Rock Group ကတော့ မန္တလေး သင်္ကြန် High Class မဏ္ဍပ်မှာ ဖြတ်သန်းမယ်လို့ သိရပါတယ်။ ရန်ကုန် သင်္ကြန်မျှော်စင်ကျွန်း ထဲက Grand Royal မဏ္ဍပ် မှာတော့ လင်းလင်း၊ ဆိုတေး၊ အလင်းရောင်၊ ဇွဲပြည့်၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ လိမ္မော်သီး စတဲ့ တေး
ရက်ရှည်ချောင်းဆိုးခြင်းကို ကုသမှုမခံပါက နောက်ဆက်တွဲရောဂါ ဆိုးကျိုးခံစားရမည်
ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်ရောဂါဝေဒနာများအား ကုသမှုမရှိဘဲ ရက်ရှည် ကြာမြင့်လာပါက နောက်ဆက်တွဲရောဂါဆိုးကျိုးအဖြစ် လည်ပင်း၌ ပြည်တည်နာဖြစ်ပေါ်လာခြင်း၊ အဆုတ်ရောင်ခြင်းနှင့် နားပြည်ယိုခြင်းဝေဒနာများ ခံစားရနိုင်ကြောင်း ဆေးပညာရှင်များကပြောကြားသည်။
“ချောင်းဆိုး၊ နှာမွှန်၊ လည်ချောင်းနာတာတွေက ဒီလိုစပ်ကူးမပ်ကူးကာလတွေမှာ အများဆုံးတွေ့ရတယ်။ ဒါပေမဲ့ မပေါ့ဆသင့်ဘူး။ ရက်ရှည်ကြာလာရင် ဆေးခန်းပြသင့်တယ်။ ဘာလို့ဆို နောက်ဆက်တွဲ
သင်္ကြန်ကာလတွင် မိုဘိုင်းဖုန်းသုံးစွဲသူများကို မိနစ်အပို သို့မဟုတ် ငွေ ပိုထပ်ဆောင်းဖြည့်စွက်ပေးမည့် အစီအစဉ် ပြုလုပ်မည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပထမဦးဆုံးအကြိမ်အနေဖြင့် သင်္ကြန်ကာလတွင် မိုဘိုင်းဖုန်းသုံးစွဲသူများ အတွက် မိနစ်အပို (သို့) ငွေပို ထပ်ဆောင်းဖြည့်စွက်ပေးမည့် အစီအစဉ်ကို ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများ ရောင်းချခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ်များကို အရေအတွက် ငါးသောင်း တိုးမြှင့်ကာ လစဉ် မိုဘိုင်းဆင်းမ်ကတ် ၄၀၀၀၀၀ ကို ရောင်းချပေးသွားမည်ဖြစ်ပြီး တန်ဖိုးနည်း
တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဖမ်းဝရမ်းထပ်မံထုတ်ဆင့် ဖယ်ရှားပြီးသည့် ကျူးကျော်ဘုန်းကြီးကျောင်းမြေနေရာများတွင် စိန်တလုံးသရက်စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေ
တရားရင်ဆိုင်ခြင်း
မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဧပြီ ၅ ရက် နံနက်ပိုင်းတွင်
ဖမ်းဝရမ်း ထပ်မံထုတ်ဆင့်ခဲ့ကြောင်း ရွှေဝါမြိုင်ဘုန်းကြီးကျောင်း
ကျောင်းထိုင်ဆရာတော်၏ ပြောကြားချက်အရ သိရသည်။
ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ဖယ်ရှားခဲ့သည့် ဘုန်းကြီးကျောင်းမြေနေရာ များတွင် နေပြည်တော် စိန်တစ်လုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ဖယ်ရှားခဲ့သည့် ဘုန်းကြီးကျောင်းမြေနေရာ များတွင် နေပြည်တော် စိန်တစ်လုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)