Friday, March 29, 2013

သမ္မတပြောသည့်အတိုင်း လိုက်လုပ်ရန်လိုအပ်ကြောင်း ဘာသာရေးခေါင်းဆောင်အချို့ ထောက်ပြ

ရန်ကုန်(မဇ္ဈိမ)။ ။ မတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည့် သမ္မတ၏ မိန့်ခွန်းတွင် ပါရှိသည့် တရား ဥပဒေ စိုးမိုးရေးတွင် အဓိက တာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ် သားစွာ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည့် တိုက်တွန်းချက်နှင့် ပတ်သတ်ပြီး လက်အောက်ခံ အဖွဲ့အစည်း များက လိုက်လံ လုပ်ဆောင်ရန် လိုကြောင်း ဘာသာရေးခေါင်းဆောင် အချို့က ထောက်ပြ ခဲ့သည်။

ပြည်သူနှင့် အစိုးရပူးပေါင်းခြင်းဖြင့် အကြမ်းဖက်မှုများအား တားဆီးနိုင်

Photo: ပြည်သူနှင့် အစိုးရပူးပေါင်းခြင်းဖြင့် အကြမ်းဖက်မှုများအား တားဆီးနိုင်
Friday, March 29, 2013

လွန်ခဲ့သည့် လေးလခန့်က တန်ဆောင်တိုင်လပြည့်ညတွင် လက်ပံတောင်း
တောင် ဒေသအတွင်း အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် ဒေသခံများအပါအဝင် ရဟန်းရှင်လူပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန် ရည်ရွယ်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် နှိမ်နင်း
မှုတွင် ပါဝင်ပတ်သက်သူများကို အရေးယူမှု မရှိပါက လစဉ် ၂၉ ရက်နေ့များ
တွင် တရားဝင် ဆန္ဒဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်
ကြောင်း ကိုဝေဠုက ပြောကြားသည်။

“ဒီမိုကရေစီနဲ့ ပတ်သက်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေ ပေးလာ
ပြီဆိုလို့ရှိရင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတဲ့ ပြည်သူတွေက ဆန္ဒပြမှုတွေ
တောင်းဆိုမှုတွေ လုပ်ကိုလုပ်မှာ ဖြစ်ပါတယ်။  ဒီလိုမျိုး ဆန္ဒပြတောင်းဆို
တယ် ဆိုတာက ကျွန်တော်တို့က အစိုးရကို အစိုးရလို့ အသိအမှတ်ပြုလို့
တောင်းဆိုတာဖြစ်တယ်။ အစိုးရလို့ အသိအမှတ်မပြုလို့ရှိရင် တခြားနည်း
လမ်းတွေနဲ့ ပုန်ကန်တော်လှန်ဖို့ပဲရှိတယ်။” ဟု ဆန္ဒဖော်ထုတ်သူ တစ်ဦးဖြစ်
သူ ကိုမိုးသွေးက ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများ
ကို ပြောကြားသည်။

အစိုးရဟု သတ်မှတ်၍ တောင်းဆိုခြင်းကို အစိုးရဘက်မှလည်း လေးစားစွာဖြင့်
ပြည်သူ့ဘက်သို့ တုန့်ပြန်ရန်လိုအပ်ပြီး၊ နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီ အသွင်
ကူးပြောင်းနေချိန် အစိုးရနှင့် ပြည်သူတို့ကြားတွင် အပြည့်အဝ ယုံကြည်မှု
ရှိရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။

ပြည်သူ့ယုံကြည်မှုကို ရရှိရန်မှ ပြည်သူတို့၏အသံ ပြည်သူတို့၏ ဆန္ဒကို လေးလေးစားစား နားထောင်၍ မျက်ကွယ်မပြုသင့်သလို၊ မီးလောင်ဗုံးဖြင့် တိုက်ခိုက်သကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများ
မှ ပြည်သူတို့ ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်း၊ လက်ရှိအစိုးရ
ပြောသည့် စကားအတိုင်း အရပ်သားအစိုးရ၊ ဒီမိုကရေစီ အစိုးရ စစ်စစ်အဖြစ် မြင်တွေ့ချင်ကြောင်း၊ အကြမ်းဖက်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဖော်ထုတ်ခြင်းဖြင့် ပြည်သူနှင့် အစိုးရကြားတွင် 
ယုံကြည်မှု တည်ဆောက် သွားစေလိုကြောင်းလည်း ဆက်လက်
ပြောကြားသည်။

“အရင်တုန်းက ဥပဒေရဲ့ အထက်မှာ တစ်ဦးတစ်ယောက်မှ မရှိဘူးဗျ။ ခုကျတော့ ဥပဒေရဲ့ အထက်မှာ အုံလိုက်ကျင်းလိုက်နဲ့ကို ထိုင်နေတဲ့
သဘောမျိုးတွေ ကျွန်တော်တို့ မြင်နေရတယ။်” ဟု တရားဥပဒေ စိုးမိုး
ရေးပုံစံ ပြင်ဆင်သင့်ကြောင်းနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်သူ ကိုအောင်သူက ပြောကြားသည်။

ဒေသခံ ပြည်သူများနှင့် ဆွေးနွေးတိုင်ပင်၍ သဘောတူညီချက်ရမှာ
သာ လုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်းပြီး ယင်းဒေသမှ သယံဇာ
တများကို ကျောက်မျက်များကို ထုတ်ဖော်မည်ဆိုပါက ဒေသခံပြည်
သူတို့၏ သဘောတူညီချက် မရရှိဘဲ မလုပ်ဆောင်သင့်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

ပြည်သူနှင့် အစိုးရ ပူးပေါင်းပြီး ဟန်ချက်ညီညီဖြင့် တရားဥပဒေ စိုးမိုးရေးကို ဖော်ထုတ်နိုင်မည် ဆိုပါက မြန်မာပြည်တွင်း၌ ဖြစ်ပွား
လျက်ရှိသော အကြမ်းဖက်မှုများ အမြန်ဆုံး ပျောက်ကွယ်သွားမည်
ဖြစ်ပြီး တရားဥပဒေ စိုးမိုးနိုင်ရေးအတွက် လက်ပံတောင်းတောင် ကြေး
နီစီမံကိန်းတွင် လွန်ခဲ့သည့် လေးလခန့်က ဖြစ်ပွားခဲ့သော အစိုးရ ရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နင်းမှုတွင် ပါဝင်ပတ်သက်ခဲ့သူများကို အမြန်ဆုံးဖော်ထုတ် အရေးယူခြင်းဖြင့် ပြည်သူများနှင့် လက်တွဲဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကို ဝေဠုကလည်း ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်စေရန် ရည်ရွယ်၍ သပိတ်စခန်းများ ဖွင့်လှစ်ပြီး ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ကြသော
ကြောင့် အစိုးရမှ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က သပိတ်စ
ခန်းများအား အင်အားသုံး အကြမ်းဖက်မှုကြောင့် သံဃာတော်
များနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ 

ယင်းကဲ့သို့ အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသ အတော်တော်များများတွင် ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြသလို အစိုးရ တာဝန်ရှိသူများမှလည်း ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ စသည့် ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူမှုများလည်း ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း ယင်းအကြမ်းဖက်မှုနှင့် ပတ်သက်သူများအား အမြန်ဆုံး အ
ရေးယူပေးရန်နှင့် အရေးယူဆောင်ရွက်ခြင်း မရှိပါကလက်ပံတောင်းတောင်
 သပိတ်စခန်းများအား အကြမ်းဖက် နှိမ်နင်းခဲ့သည့် ၂၉ ရက်နေ့တိုင်းတွင် ဆန္ဒဖော်ထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ညနေ
က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလေးလပြည့် အဖြစ် ဆန္ဒဖော်
ထုတ်ခဲ့ကြသူများမှ ပြောကြားသည်။

ဝေယံ
The Myanma Age လွန်ခဲ့သည့် လေးလခန့်က တန်ဆောင်တိုင်လပြည့်ညတွင် လက်ပံတောင်း တောင် ဒေသအတွင်း အကြမ်းဖက် နှိမ်နင်း ခဲ့ မှုကြောင့် ဒေသခံများအပါအဝင် ရဟန်းရှင်လူပြည်သူများ ထိခိုက် ဒဏ်ရာရရှိခဲ့သောကြောင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန် ရည်ရွယ်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းမှုတွင် ပါဝင် ပတ်သက်သူများကို အရေးယူမှု မရှိပါက လစဉ် ၂၉ ရက်နေ့များတွင် တရားဝင် ဆန္ဒဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင် သွား မည်ဖြစ်ကြောင်း ကိုဝေဠုက ပြောကြားသည်။

မြစ်ကြီးနားတွင် ၅၀၀၀ တန် ငွေစက္ကူအတုများဖမ်းဆီးရမိ

မြစ်ကြီးနားတွင် ၅၀၀၀ တန် ငွေစက္ကူအတုများဖမ်းဆီးရမိ

မတ်လ ၂၉ ရက်၊ ၂၀၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ ကျွန်းပင်သာရပ်၊ ဆိုင်ကယ်ဆိုင်တစ်ခုတွင် ယမန်နေ့က ၅၀၀၀တန်ငွေ စက္ကူအတုများ ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် ကျွန်းပင်သာရပ်ရှိ ဆိုင်ကယ် ဆိုင်တစ်ခုတွင် ဆိုင်ကယ် ၀ယ်ယူရန်ရောက်လာသူ ၃ဦးထံမှ ၅၀၀၀တန်ငွေစက္ကူအတု ၂၄၈ရွက် (၁၂၄၀၀၀၀) ကျပ်အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိသူ(၃)ဦးကို စစ်ဆေးမေးမြန်းပြီး ငွေတုများကို ပေးဆောင်သူ(၃)ကို နဂါးနှစ်ကောင်ဟိုတယ်တွင် ဖမ်းဆီးရမိကား ၎င်းတို့ကို စစ်ဆေးမေးမြန်းချက်အရ ကျန်သည့် ငွေတုများကို သိမ်းစည်းထားသည့် သူကို ထပ်မံ စစ်ဆေးရှာဖွေရာ မြေမြင့်ရပ်ကွက်နေသူတစ်ဦး၏ လယ်ကွင်းအတွင်း တွင် ကြွပ်ကြွပ်အိတ်ဖြင့်စွန့်ပစ်ထားသော (၅၀၀၀) တန်အတု အရွက် (၆၀၀) ငွေကျပ် (သိန်း၃၀) ကိုထပ်မံ သိမ်းဆည်း ရမိကြောင်းသိရှိရသည်။

ငွေစက္ကူအတုကိုင်ဆိုင်သူ (၇)ဦးကို မြစ်ကြီးနား အမှတ်(၂) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်း ချက်အရ ၎င်းငွေများကို တရုတ်နိုင်ငံ ကျောက်ပွဲစားတစ်ဦးထံမှရရှိခြင်းဖြစ်ကြောင်း၊ ၅၀၀၀တန် ငွေတု အရွက်(၁၀၀၀) တန်ဖိုးငွေသိန်း(၅၀)ကို ပထမဆုံးပေးပြီး မြန်မာနိုင်ငံအတွင်းတွင် အသုံးပြုရန်နှင့် အဆင်ပြေပါက နောက်ထပ် အရွက် (၁၀၀၀) ထပ်မံပေးဆောင်မည်ဖြစ်ကြောင်း ဖမ်းဆီးရမိသူများ၏ပြောပြ ချက်အရ သိရှိရပါသည်။ ငွေစက္ကူများသည် တရုတ်နိုင်ငံ ရင်ကျန်း၊ ထိန်ချုံးဒေသမှ ဆဒုံး-ကန်ပိုက်တီး လမ်းကြောင်းအတိုင်း မြစ်ကြီးနားသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်းစစ်ဆေးချက်အရသိရှိရပါသည်။

မြစ်ကြီးနားမြို့တွင်ပျံ့နှံ့နေသော ၅၀၀၀တန် ငွေစက္ကူ အတုများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံ သိမ်းဆည်းခဲ့ကြကြောင်း၊ ငွေတု ယူဆောင်သုံးစွဲသူ (၇) ကို ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်းသိရှိရသည်။ မြစ်ကြီးနားမြို့ခံများနှင့် ငွေစက္ကူ အတုများထွက်ပေါ်နေခြင်းကြောင့် စိုးရိမ်ပူပန်မှုများရှိနေပြီး တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် အသိပေး နိုးဆော်ထားကြောင်းသိရှိရပါသည်။

Kachin Daily News


http://www.facebook.com/ZinYawNews ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ ကျွန်းပင်သာရပ်၊ ဆိုင်ကယ် ဆိုင် တစ်ခုတွင် ယမန်နေ့က ၅၀၀၀တန်ငွေ စက္ကူအတုများ ဖမ်းဆီးရ မိကြောင်းသိရှိရပါသည်။ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် ကျွန်းပင်သာရပ်ရှိ ဆိုင်ကယ် ဆိုင်တစ်ခုတွင် ဆိုင်ကယ် ၀ယ်ယူ ရန်ရောက်လာသူ ၃ ဦးထံမှ ၅၀၀၀တန်ငွေစက္ကူအတု ၂၄၈ရွက် (၁၂၄၀၀၀၀) ကျပ်အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ
ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်
==================================

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊ 

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စီမံချက်များ ရေးဆွဲပြီးစီမံဆောင်ရွက်လျက် ရှိကြောင်း၊ တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြားလာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လိုင်း (၈)သန်း ၊ ၂ဝ၁၄-၂ဝ၁၅ တွင် လိုင်း (၁၈) သန်း စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂ဝ၁၂-၂ဝ၁၃ တွင် (၁ဝ) ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ တွင် (၅ဝ) ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ 

ယင်းလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့ နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့် ပစ္စည်းတစ်ခု ဖြစ်ပါကြောင်း၊ တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားပါကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်သည့် အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ ရှိပါကြောင်း၊ အခြေခံ အဆောက်အအုံနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားပါကြောင်း။

မိုဘိုင်းလ် တယ်လီဖုန်း Sim Card များကို ယခင်က ပြည်သူများ ဝယ်ယူသုံးစွဲရသည်မှာ ဈေးနှုန်း များပြားခဲ့ပါကြောင်း၊ ဈေးများရသည့် အကြောင်းမှာ ပြည်သူများထံမှ ရောင်းချရသည့် ငွေများဖြင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လိုင်းများ တပ်ဆင်ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အခြေခံ အဆောက်အအုံနှင့် လိုင်းများမှာ တော်တော်များများ တပ်ဆင်ပြီးဖြစ်၍ လိုင်းများများ သုံးနိုင်ရန်အတွက်ဆိုလျှင် Sim Card များကိုလည်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအား Sim Card များ ရောင်းချပေးမည့် ရက်နှင့် ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အချိန်မီ သတင်း ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများ မျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့််ခွဲ ရောင်းချပေးသွားရန် ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကို တူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားပါကြောင်း၊ Sim Card များရောင်းချပေးသည့်နည်းတူ Hand Set များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျော့ပေးသည့်နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေသည့် နည်းစသည့် နည်းလမ်းများအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ် ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များကို လစဉ် ဈေးနှုန်းမပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ရရှိမည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား အသိပေးတင်ပြထားရန် ဖြစ်ပါကြောင်း၊ Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကြပ်တည်းမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/03/29/id-3012
Credit: Hmuu Zaw
''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုး တက် မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့ (မတ်လ ၂၉ ရက်နေ့) နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရ

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့ (မတ်လ ၂၉ ရက်နေ့) နံနက်ပိုင်းကနေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်

ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်

နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင်ဂဏန်းမျှဖြင့် အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ် အခမဲ့ပေးကာ ဟန်းဆက်များကိုသာ ဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင် တန်ဖိုးနည်းဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။ “တကယ်သာ ထောင်ဂဏန်းလောက်နဲ့ဆိုရင် ကျွန်တော်တို့လည်း ဟန်းဆက်ဝယ်တဲ့သူကို ဆင်းကဒ် အလကားပေးတဲ့ ဈေးကွက် ဖော်ဆောင်သွားဖို့ ရှိတယ်။ ဟန်းဆက်ဆိုင် တော်တော်များများကလည်း ဒီလိုဈေးကွက် Promotion လုပ်ကြမှာဆိုတော့ ကျွန်တော်တို့လည်း လုပ်ဖြစ်မှာပါ” ဟု ဗိုလ်အောင်ကျော်လမ်းရှိ Mobile Bank ဟန်းဆက်အရောင်းဆိုင်မှ တာဝန်ခံကိုသော်ဇင်က ဆိုသည်။ ရန်ကုန်မြို့တွင်းရှိ ဟန်းဆက် အရောင်းဆိုင် အများစုမှာလည်း ကနဦး သတင်း ထွက်ပေါ်နေသည့်အတိုင်း ဆင်းကဒ်ဈေး ထောင်ဂဏန်းမျှသာ ရှိမည်ဆိုပါက ထိုသို့ အခမဲ့ပေးသွားရန် စီစဉ်ကြသော်လည်း အချို့သော ဆိုင်များမှာမူ ဈေးနှုန်းအတည်အကျ ထွက်ပေါ်မှသာ ဈေးကွက် အနေအထားအရ လုပ်ဆောင်သွားရန် စောင့်ကြည့်နေဆဲဟု သိရသည်။ “အချို့ဆိုင်တွေကတော့ ဆင်းကဒ် အခမဲ့ပေးဖို့ ပြင်ကြပေမယ့် ကျွန်တော်တို့ကတော့ လောလောဆယ် ဟန်းဆက်ဈေးနဲ့ ပစ္စည်းမှန်ဖြစ်ရေးကိုပဲ ဦးစားပေးနေတာပါ။ နောက်တော့ ဈေးကွက် အနေအထားအရတော့ ပိုင်ရှင်က အစီစဉ်သစ်တစ်ခုခု စီစဉ်သွားမယ် ထင်တယ်” ဟု New Moile ဟန်းဆက်အရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ဆိုသည်။ နိုင်ငံတော်မှ တန်ဖိုးနည်း ဖုန်းများကို ဧပြီ ၁ ရက်တွင် ရောင်းချပေးသွားမည်ဟု ဆိုသော်လည်း ပြင်ပဟန်းဆက် အရောင်းဆိုင်များမှ တိုက်ရိုက်ရယူ ရောင်းချခွင့်ရှိ မရှိကိုမူ မသိရှိရသေးကြောင်းလည်း Mobile အရောင်းဆိုင်များက ဆိုသည်။ ထိုသို့ အများပြည်သူ လက်လှမ်းမီနိုင်မည့် မမျှော်လင့်သော နှုန်းဖြင့် ဆင်းကဒ်များ ချထားပေးသွားမည်ဟု အတည်ပြု သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဟန်းဆက် ကြိုတင်စုဆောင်းမှုများကြောင့် ဟန်းဆက်ဈေးကွက် အနည်းငယ် လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခုထွက်ပေါ်မည့် ဖုန်းလိုင်းစနစ်မှာ တန်ဖိုးနည်းဆင်းကဒ်နှင့် သုံးစွဲ၍ မရမည်ကို စိုးရိမ်မှုများကြောင့် အခြေအနေ စောင့်ကြည့်နေခြင်းများလည်း ရှိသည်ဟု ဆင်းကဒ်ဝယ်ရန် စောင့်ဆိုင်းနေသူ တစ်ဦးက ပြောဆိုသည်။ “ဆင်းကတ်တွေ အလကားပေးမယ် ဆိုပေမယ့်လို့ ဟန်းဆက်ဈေးထဲမှာပဲ ဆင်းကဒ်တန်ဖိုး ထည့်ထားမယ်ဆိုရင်တော့ မဟုတ်သေးဘူး။ အရောင်းမြှင့်တင်ရေး သဘောနဲ့ သက်သက်ပေးတာ ဆိုရင်တော့ အဲဒီလိုပေးတဲ့ ဆိုင်မှာပဲ ဝယ်ဖြစ်မှာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏ ဆန္ဒအား ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ် 

http://www.facebook.com/ZinYawNews

နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်း မျှဖြင့်အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ်အခမဲ့ပေးကာ ဟန်းဆက်များကို သာဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိ ရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM

အီဂျစ်ရေငုတ်သမားများက အင်တာနက် Cable ကြိုးဖြတ်တောက်သူ ၃ ဦးဖမ်းဆီးရမိ


အီဂျစ်ရေငုတ်သမားများက အင်တာနက် Cable ကြိုးဖြတ်တောက်သူ ၃ ဦးဖမ်းဆီးရမိ

မတ် ၂၉, ၂၀၁၃

ဗုဒ္ဓဟူးနေ့ (၂၇.၃.၂၀၁၃) ၊မြေထဲပင်လယ်ဒေသမှာ ပင်လယ်ရေအောက်အင်တာနက် Cable ကြိုးကို ဖြတ်တောက်ရန်ကြိုးစားခဲ့ကြသော ရေငုတ်သမား (၃) ဦးကို အီဂျစ်နိုင်ငံ ရေတတ်သင်္ဘောသားများက ဖမ်းဆီးရမိခဲ့ပါတယ်လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ Cable ကြိုးတပ်ဆင်နေချိန်အတွင်း သတင်းပတ် တစ်ပတ်ကြာလောက် အင်တာနက်လိုင်းတွေ နှေးကွေးနေမှာဖြစ်ပါတယ်။

ကိုးအာမက် မိုဟာမက်အလီက သူ့ရဲ့ရုံးသုံး ဖေ့ဘုတ်စာမျက်နှာမှာ ပြောကြားချက်အရ အီဂျစ်နိုင်ငံ အဓိက ဆက်သွယ်ရေးကုမ္ပဏီရဲ့ ရေအောက် Cable ကြိုးကို ဖြတ်တောက်နေစဉ်မှာပဲ ဒီ ရေငုတ်သမားတွေကို ဖမ်းဆီးခဲ့တာပါလို့ဖော်ပြထားပါတယ်၊ တရားဝင်ထုတ်ပြန်ချက်ကတော့ အလက်ဇန်းဒါးဆိပ်ကမ်းအထွက် ငါးဖမ်းဘုတ်အမြန်ယာဉ်ပေါ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဘယ်သူတွေလဲ၊ ဘာကြောင့် ခုလို ဖြတ်တောက်ချင်ရတာလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ပါကစ္စတန်နှင့်အိန္ဒြိယနိုင်ငံတွေထိ အင်တာနက်လိုင်းနှေးကွေးမှုများဖြစ်ပေါ်မှာဖြစ်ကြောင်း နည်းပညာဦးစီးမှုး ဂျင်ကော်ဝေးက ပြောပြပါတယ်။ Cable ပြတ်တောက်မှုကြောင့် ကမ္ဘာတ၀ှမ်းမှာ Data စီးဆင်းမှုနှေးကွေးမှုများဖြစ်ပေါ်လာနိုင်ကြောင်း သူကပြောပါတယ်။

မြေထဲပင်လယ်အရှေ့ပိုင်းဒေသမှာ မကြာသေးမီနှစ်များအတွင်း ခုလို Cable ပြတ်တောက်မှုဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ Errant သင်္ဘေားများ၏ကျောက်ဆူးများကြောင့် မကြာခဏဖြစ်ခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း ပင်လယ်ရေအောက် Cable ကြိုးပြတ်တောက်မှု ကြီးကြီးမားမား ၂ ခု မြေထဲပင်လယ်အရှေ့ပိုင်းမှာ သီးခြားစီဖြစ်ပေါ်ခဲ့ပါတယ်။

NaingLinn ဘာသာပြန်
www.facebook.com/ZinYawNews
www.zinyawnews.com ဗုဒ္ဓဟူးနေ့ (၂၇.၃.၂၀၁၃) ၊မြေထဲပင်လယ်ဒေသမှာ ပင် လယ်ရေအောက် အင်တာနက် Cable ကြိုးကို ဖြတ်တောက် ရန်ကြိုး စားခဲ့ကြသော ရေငုတ်သမား (၃) ဦးကို အီဂျစ်နိုင်ငံ ရေတတ် သင်္ဘော သားများက ဖမ်းဆီးရမိခဲ့ပါတယ်လို့ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောပါ တယ်။ Cable ကြိုးတပ်ဆင်နေချိန်အတွင်း သတင်းပတ် တစ်ပတ် ကြာလောက် အင်တာနက် လိုင်းတွေ နှေးကွေးနေ မှာဖြစ်ပါတယ်။


ဖုန်းတစ်ခုလုံး မြန်မာစာ စနစ်သုံး JAS6 ဖုန်းဟန်းဆက် ဈေးကွက် အတွင်း စတင်မိတ်ဆက်

ဖုန်းတစ်ခုလုံး မြန်မာစာ စနစ်သုံး JAS6 ဖုန်းဟန်းဆက် ဈေးကွက် အတွင်း စတင်မိတ်ဆက်

Friday, March 29, 2013

ဖုန်းစနစ်တစ်ခုလုံး မြန်မာစာစနစ် သုံးစွဲထားသည့် JAS6 အမှတ်တံဆိပ် မိုဘိုင်းဖုန်းဟန်းဆက် ကို ဈေးကွက်အတွင်းတွင် စတင် ရောင်းချပြီ ဖြစ်ကြောင်း JAS6 ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ JAS6 ဟန်းဆက်အား အိန္ဒိယနိုင်ငံ အခြေစိုက် ဖုန်းကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဖုန်းတစ်ခုလုံးတွင် အသုံးပြုသော Funtion များအားလုံးကို မြန်မာစာ စနစ်ဖြင်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

“ဒီဖုန်းမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ရှိပါတယ်။ တကယ်လို့ ဖုန်းအသုံးပြုသူက အရးပေါ်အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်နေရတဲ့ အချိန် မှာ ဖုန်းမှာပါတဲ့ အရေးပေါ်ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် ၁၉၉ကို အလိုလျောက်ဖုန်းခေါ်ဆိုပြီး “အကူအညီပေးပါ” ဆိုတဲ့ အသံဖိုင်က ပြောပေး မှာပါ။ ပြီးရင် ဖုန်းပိုင်ရှင်ရဲ့  ဖုန်းမှတ်တမ်းမှာ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေထဲက လူ ၃ယောက်ဆီကို စာတို မတ်ဆေခ်ျ အလိုလျောက်ပေးပို့ပေး မှာပါ” ဟု JAS6 မှ တာဝန်ရှိသူ က ရှင်းပြသည်။

JAS6 ဖုန်းဟန်းဆက်တွင် ဖုန်းပျောက်သွားပါက ပြန်လည်ရှာဖွေနိုင်ရန် ဆော့ဝဲလ်ထည့်သွင်းထားကြောင်း GPS စနစ်ဖြင့် ရှာဖွေနိုင်မည်ဖြစ်ပြီး ဖုန်းတည်နေရာကို အနီးစပ်ဆုံးပြသပေးနိုင်ကြောင်း သိရသည်။

အင်တာနက် အသုံးပြုလိုသူများအတွက် ဝက်ဘ်ဆိုက်များ၊ လူမှုရေးကွန်ယက်များ ဖြစ်သည့် Facebook၊ Gmail ၊ Skype၊ Viber တို့တွင် လည်း မြန်မာလို အပြည့်အဝ ဖတ်ရှု အသုံးပြုနိုင်ရန်စီစဉ်ထားကြောင်း ၊ မြန်မာစာလက်ကွက်အတွက်လည်း အက္ခရာတစ်လုံးကို ရိုက်နှိပ်လိုက် သည် နှင့် ၎င်းစာလုံးနှင့်သက်ဆိုင်သော စာလုံးပေါင်းများကို ဖော်ပြပေးကြောင်း သိရသည်။

JAS6 ဖုန်းဟန်းဆက်ကို GSM ၊ CDMA 800Mhz ၊ WCDMA ဖုန်းလိုင်းကတ်များထည့်သွင်းအသုံးပြုနိုင်ပြီး ICS 4.0 Android ကိုထည့်သွင်း အသုံးပြုထားကာ မြန်မာခံစားမှုဆော့်ဝဲလ် 6.0 ပါဝင်ကြောင်း၊ ဖုန်းကင်မရာပါဝင်ပြီး ဖုန်းဟန်းဆက်အရောင်မှာ ရှေ့မျက်နှာပြင်မှာ အမည်း ရောင်ဖြစ်ပြီး နောက်ကိုယ်ထည်အရောင်မှာ အဖြူရောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ JAS6ဖုန်းဟန်းဆက်တန်ဖိုးမှာ တစ်သိန်းလေးသောင်းကိုးထောင်ကျပ်ဖြင့် ဖြန့်ဖြူးရောင်ချပေးလျက်ရှိပြီ မတ်လ ၂၉ ၊ ၃၀ တွင် တပ်မ တော်ခန်းမတွင် ကျင်းပနေသော ကုန်စည်ပြပွဲတွင် အထူးဈေးနှုန်းအဖြစ် တစ်သိန်းနှစ်သောင်းကိုးထောင်ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

ဆုဝေ

မြန်မာ့ခေတ်

http://www.facebook.com/ZinYawNews ဖုန်းစနစ်တစ်ခုလုံး မြန်မာစာစနစ် သုံးစွဲထားသည့် JAS6 အမှတ်တံဆိပ် မိုဘိုင်းဖုန်းဟန်းဆက် ကို ဈေးကွက်အတွင်းတွင် စတင် ရောင်း ချပြီ ဖြစ်ကြောင်း JAS6 ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

တရုတ်ပြည်မှာ မြေကျွံကျမှုဖြစ်ပြီး လူတစ်ဦးသေဆုံး

တရုတ်ပြည်မှာ မြေကျွံကျမှုဖြစ်ပြီး လူတစ်ဦးသေဆုံး
=============================

မတ် ၂၉၊ ၂၀၁၃

တရုတ်ပြည်တောင်ပိုင်းမှာ မြေကျွံကျမှုတစ်ခုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး မြေကျင်ထဲနစ်မြုတ်ခဲ့ပါတယ်။

ခုလို ထိန့်လန့်တုန်လှုပ်ဖွယ်ရာ လှုပ်ရှားမှုမြင်ကွင်းကို Shenzhen မြို့ အမြဲတမ်းစောင့်ကြည့်ရေး ကင်မရာက ဖမ်းယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အင်္ဂါနေ့((၂၆.၃.၂၀၁၃)ကဖြစ်ပေါ်ခဲ့တဲ့ ဒီ မြေကျွံကျမှုဟာ အနက် ၆၅ ပေ အထိရှိပြီး လုံခြုံရေးတစ်ယောက်က အခင်းဖြစ်ပွားရာနယ်နိမိတ်ကို စောင့်ကြပ်ခဲ့ပါတယ်။


မြေကျင်းထဲကျသွားတဲ့သူကိုတော့ ကျင်းထဲမှ ဆယ်ယူနိုင်ခဲ့ပေမယ့် ဆေးရုံအရောက်ပြီး မကြာခင်မှာပဲ ဒဏ်ရာကြောင့် သေဆုံးခဲ့ရပါတယ်။

တချို့ဒေသခံတွေကတော့ ဒါဟာ အနီးနားဝန်းကျင်မှာ ဆောက်လုပ်ရေးဆိုဒ်တွေဟာ မြေကြီးပွင့်ထွက်သွားစေနိုင်တဲ့ တရားမ၀င်မြေတူးဖော်မှုတွေကြောင့်ဖြစ်ရတာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

ပတ်ဝန်းကျင်ရှိလူများကိုတော့ ယာယီရွှေ့ပြောင်းခိုင်းထားပြီး ဒီအဖြစ်ပျက်ကို ဆုံးဖြတ်ဖို့ စူးစမ်းထောက်လှန်းမှုတွေပြုလုပ်နေကြောင်း သတင်းရရှိပါသည်။

NaingLinn ဘာသာပြန်၊
www.facebook.com/ZinYawNews
www.zinyawnews.com
တရုတ်ပြည်တောင်ပိုင်းမှာ မြေကျွံကျမှုတစ်ခုကြောင့် အသက် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦး မြေကျင်ထဲနစ်မြုတ်ခဲ့ပါတယ်။
ခုလို ထိန့်လန့်တုန်လှုပ်ဖွယ်ရာ လှုပ်ရှားမှုမြင်ကွင်းကို Shenzhen မြို့ အမြဲတမ်းစောင့်ကြည့်ရေး ကင်မရာက ဖမ်းယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အင်္ဂါနေ့ (၂၆.၃.၂၀၁၃)ကဖြစ်ပေါ်ခဲ့တဲ့ ဒီ မြေကျွံကျမှုဟာ အနက် ၆၅ ပေ အထိရှိပြီး လုံခြုံရေးတစ်ယောက်က အခင်းဖြစ်ပွားရာ နယ်နိ မိတ်ကို စောင့်ကြပ်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီး မှုပြုလုပ်သူများကို ဥပဒေအတိုင်း ပြတ်ပြတ် သားသား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား


နိုင်ငံတော် သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူအကြမ်းဖက်ဖျက်ဆီးမှုများအတွက် မည်သူ့ကိုမဆို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ပစ်ခတ်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက မတ်လ ၂၉ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ အား ပြော ကြားခဲ့သည်။

အကြမ်းဖက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း သီတဂူဆရာတော် မိန့်ကြား

ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကြောင်း သီတဂူဆရာတော်က မိန့်ကြား လိုက်ပါတယ်။
မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပါအ၀င် ပဲခူးတိုင်း မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ သာယာဝတီ၊ လက်ပံတန်းနဲ့ မိုးညိုမြို့တွေမှာ အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ သွေးထိုးလှုံ့ဆော် မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးက မိန့်ကြားလိုက်တာပါ။

မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသူများမှာ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ၀မ်းပျက်ဝမ်းလျှောခြင်းနှင့် အခြားဝေဒနာများ ခံစားနေရ

မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသူ အချို့မှာ ရာသီဥတု ပူပြင်းခြင်း၊ အမိုးအကာ မလုံလောက်ခြင်းနှင့် အိမ်သာ မလုံလောက်ခြင်း တို့ကြောင့် ကိုယ်လက်မအီမသာဖြစ်ကာ ၀မ်းပျက်၊ ၀မ်းလျှောဝေဒနာ များ ခံစားနေရကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၂ တွင် ဂျပန်သွားမည်

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည်သည် လာမည့်ဧပြီ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကပြောသည်။
ဧပြီ ၁၂ ရက်မှ စတင်မည့် ဂျပန်ခရီးစဉ်မှာ မည်မျှကြာမြင့်မည်ကိုမူ လောလောဆယ် မသိရှိကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံသို့လာရောက်ရန် ဖိတ်ခေါ်ထားပြီး ဧပြီလတွင် လာရောက် မည်ဖြစ်ကြောင်း 7Day News သို့ ပြောသည်။

နေပြည်တော် ဘောဂ သီရိ ယာဉ်ပြင် အလုပ် ရုံတွင် Star မော်တော် ဆိုင်ကယ်များ စက်ရုံ ပေါက် ဈေးဖြင့် ဝယ်ယူနိုင်

နေပြည်တော် ဘောဂ သီရိ ယာဉ်ပြင် အလုပ် ရုံတွင် Star မော်တော် ဆိုင်ကယ်များ စက်ရုံ ပေါက် ဈေးဖြင့် ဝယ်ယူနိုင်

နေပြည်တော် ကောင်စီ နယ်မြေ ဘောဂ သီရိ အဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံတွင် မကွေးတိုင်း ဒေသကြီး ရေနံ ချောင်းမြို့မှ ထုတ်လုပ်သည့် Star မော်တော် ဆိုင်ကယ် များအား စက်ရုံ ပေါက်ဈေးဖြင့် တိုက် ရိုက် ဝယ်ယူ နိုင်ကြောင်း သိရသည်။
''ကျွန်တော်တို့ ဆီကနေ ဆိုင်ကယ် တွေကို အမျိုးမျိုး ရောင်းချ ပေးပါတယ်။ ဈေးနှုန်းလည်း စက်ရုံ ပေါက်ဈေးပါ။ ဆိုင်ကယ် အနေနှင့်  (90cc)Star Ruby, (110 cc)Star Diamond, (125cc) Star Jade နှင့်  ဆိုင်ကယ်အား နောက်တွဲ ကယ်ရီ လုပ်ရန် အတွက်လည်း ပြုပြင် ဆောင်ရွက် ပေးလျက် ရှိပါတယ်။ ပြည်တွင်းထုတ် ဆိုပေမယ့် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် ထားပါတယ်''ဟု ဘောဂ သီရိ အဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံ  ရွှေနဂါး စက်မှု လုပ်ငန်းမှ  တာဝန် ရှိသူ တစ်ဦးက ပြောသည်။

နေပြည်တော် ဘောဂ သီရိ အဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံ အတွင်းရှိ Star မော်တော် ဆိုင်ကယ် အရောင်း ပြခန်းမှ မော်တော် ဆိုင်ကယ် အတွက် လိုအပ်သည့် အလင်းအား ကောင်းသော မီးသီးနှင့် နေစားမှုဒဏ် ခံနိုင်စွမ်း ရှိသော မီးခွက်၊ ခေတ်မီ၍ ဒီဇိုင်း ဆန်းသစ်သော မီတာခွက် အပြင် အင်ဂျင် အတွက် အေးလွယ်သော သတ္တု အမျိုး အစားကို အသုံးပြု ထားသည့်အတွက် အပူ ချိန်များ ပိုမို ခံနိုင်ခြင်း၊ Speed ကျ မသွား ခြင်းနှင့် ဆိုင်ကယ် အမျိုး အစား အလိုက်  ပါဝါ အပြည့် ထွက်ကြောင်း သိရသည်။

ထို့ အပြင် ဆိုင်ကယ်ဘီး အတွက် သေသပ် လှပ ခိုင်ခံ့၍ အကြမ်း ခံသော အလူ မီနီယံ  အလွိုင်းခွေနှင့် လမ်းကြမ်း အတွက် အထူး သင့်လျော်သော တာယာကို အသုံးပြု ထားကြောင်း သိရ သည်။ နေပြည်တော် ကောင်စီနယ်မြေ ဘောဂသီရိအဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံတွင် မကွေးတိုင်း ဒေသကြီး ရေနံ ချောင်းမြို့မှ ထုတ်လုပ် သည့် Star မော်တော်ဆိုင်ကယ်များအား စက်ရုံ ပေါက်ဈေးဖြင့် တိုက် ရိုက်ဝယ်ယူ နိုင်ကြောင်းသိရသည်။

ရန်ကုန်တွင် တက္ကစီခနှုန်း မီတာဖြင့် တပြေးညီ သတ်မှတ်မည်

ရန်ကုန်တွင် တက္ကစီခနှုန်း မီတာဖြင့် တပြေးညီ သတ်မှတ်မည်
==================================

ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော တက္ကစီ အငှားယာဉ်များကို ယာဉ်စီးခနှုန်းထားများ မီတာဖြင့် တပြေးညီ သတ်မှတ်မည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ သတ်မှတ်ရာတွင် CNG, ဓာတ်ဆီ သုံးယာဉ်ဟူ၍ ခွဲခြား မသတ်မှတ်ဘဲ တမျိုးတည်း တပြေးညီ သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ ဧပြီလမှ စ၍ မထသမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်မြို့တွင် တက္ကဆီ စီးရေ နှစ်သောင်းခန့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ဧရာဝတီ

ZinYawNews ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော တက္ကစီ အငှားယာဉ်များကို ယာဉ်စီးခနှုန်းထားများ မီတာဖြင့် တပြေးညီသတ်မှတ် မည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ သတ်မှတ်ရာတွင် CNG, ဓာတ်ဆီ သုံးယာဉ်ဟူ၍ ခွဲခြား မသတ်မှတ်ဘဲ တမျိုးတည်း တပြေးညီသတ်မှတ်သွား မည်ဖြစ်ကြောင်း၊

မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး၊ ပေါက်ချောင်းဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ဖွင့်လှစ်လျှက်ရှိ

မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီးနှင့် ပိတောက်မြိုင်ဈေး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး ၊ ပေါက်ချောင်းဈေးနှင့် မြို့သစ်ဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချလျက် ရှိ သည်။"ဈေးဖွင့်ဖို့ ဆိုတာက ခုချိန်က လုံခြုံရေးကို ပိုဂရုစိုက်တဲ့ ကာလ ဖြစ်နေတယ်၊ လုံခြုံရေးတစ်ခုခု ကျိုးပေါက် တာနဲ့ လူတွေရဲ့အနေအထားမှာ ပိုပြီးတော့စိုးရိမ်စရာ ဖြစ်သွားမယ်၊ တာဝန်ရှိတဲ့လူတွေအနေနဲ့ အကုန် တွက်ချက်နေပါတယ်၊ ဒါကြောင့်မို့ဘယ်လိုကာလမှာ ဈေးဖွင့်မယ်ဆိုတာဆိုတာထက် လုံခြုံရေး ကို သေသေချာချာ ခိုင်ခိုင်မာမာဖြစ်အောင် အရင်လုပ်ပါအုံးမယ်" ဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က Eleven Media Group သို့ ပြောကြားခဲ့သည်။

ပဋိပက္ခတွင် အကြမ်းဖက်သူ ၆၈ဦးကို ဖမ်းဆီးမိထားဟု ရဲတပ်ဖွဲ့ကြေညာ


မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက် ခဲ့သူ ၆၈ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးနေ ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အကြမ်းဖက် ပဋိ ပက္ခများကြောင့် ၄၂ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝကျော်၊ ဗလီ ၃၇လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့သည်ဟု မတ်လ ၂ဝရက်နေ့မှ ၂၈နေ့အထိ ရရှိသောစာရင်းများကို ထုတ်ပြန်ထားသည်။
ပြည်သူများ၏ အသက်အိုးအိမ်ကိုကာကွယ်ရန် ပြည်သူ့ရဲတပ်ဖွဲ့များအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၈ရက်နေ့ည မိန့်ခွန်းတွင် ပြောဆိုခဲ့ပြီး ပဋိပက္ခဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်သူတွေ၊ နိုင်ငံရေးစီးပွားရေး ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေ သူတွေကို အင်အားသုံး နှိမ်နင်းသွားဖို့လည်း ပြောဆိုခဲ့သည်။

နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေးများ ရရှိနေသည်ကို ပြည်သူပြည်သား များ ပညာအမျှော်အမြင်ဖြင့် ရယူတတ်မှ နိုင်ငံ့အနာဂတ်အတွက်အကျိုးဖြစ်နိုင် မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေးများ ရရှိနေသည်ကို ပြည်သူပြည်သား
များ ပညာအမျှော်အမြင်ဖြင့် ရယူတတ်မှ နိုင်ငံ့အနာဂတ်အတွက်အကျိုးဖြစ်နိုင်
မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Friday, March 29, 2013

မြန်မာနိုင်ငံအတွက် နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေးများ ပေါများစွာ ရရှိနေသည်ကို ပြည်သူပြည်သားများ ပညာအမျှော်အမြင်ဖြင့် ရယူတတ် လုပ်ကိုင်တတ်မှ နိုင်ငံအနာဂတ်အတွက် အကျိုးဖြစ်နိုင်မည်ဟုဒေါ်အောင်
ဆန်းစုကြည်က မတ် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့၌ ပြောကြား
ခဲ့သည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အ.ထ.က ကျောင်းတွင် သီတဂူဆရာ
တော် အရှင်ဉာဏိတ္တရ ကြီးမှူး၍ဗယ်လ်ဂျီယံနိုင်ငံသား ဒေါက်တာဗိုလ်ကူးမား
ဆောက်လုပ်လှူဒါန်းသည့် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အောင်ဆန်း
ကွန်ပျူတာကျောင်းဆောင်သစ် ဖွင့်ပွဲအပြီး ကျောင်းသူကျောင်းသားများနှင့်
ပြည်သူလူထုသို့ အမှတ်တရစကား ပြောကြားစဉ် ထိုသို့ပြောကြားခဲ့ခြင်း
ဖြစ်သည်။

သူမအနေဖြင့် လူဆိုးလူကောင်း ပညာရှိသူ ပညာမဲ့သူဟု ခွဲခြားမမြင်ဘဲ သင်၍ရသူနှင့် မရသူဟူ၍သာ ခွဲခြားမြင်ကြောင်း သင်ယူချင်သူများအတွက်
 နေ့စဉ်လူ့ဘ၀တွင် သင်ယူစရာများ အများအပြားရှိကြောင်း ကျောင်း
သူကျောင်းသားများ အနေဖြင့်လည်း ကျောင်းတက်စဉ်သာမက
ကျောင်းပြီးသွားချိန်တွင်လည်း အပြင်လောကအကြောင်း သင်ယူရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

"ပညာဆိုတာ ဖယောင်းတိုင် မီးလေးလိုပါဘဲ ဖယောင်းတိုင်မီးလေး တစ်စက ဖယောင်းတိုင်တွေ အများကြီးကို ပွားပြီး အလင်းရောင်တွေ ပေးနိုင်ပါတယ်၊ ကျယ်ဝန်းတဲ့ ပတ်ဝန်းကျင်ကို အလင်းရောင် ပေးနိုင်ပါတယ်၊ ပညာသင်
တယ်ဆိုတာ အများအကျိုး ပြုနိုင်ဖို့အတွက်ပါ၊ အများကို အကျိုးပြုရင်း ကိုယ့်အကျိုးလည်း ပါသွားပါလိမ့်မယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံရေးဆိုသည်မှာ နိုင်ငံ့အရေး အများနှင့်ဆိုင်သည့် အရေးကို
ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးကို ခံစားချက်ဖြင့် လုပ်၍မရကြောင်း နိုင်ငံ
ရေးလုပ်လျှင် သဘောထားကြီးရန်၊ အမြင်ကျယ်ရန်၊ အနာဂတ်အတွက် လိုအပ်ချက်ကို သေသေချာချာ သိရန် လိုအပ်ကြောင်းများလည်း ထည့်
သွင်းပြောကြားခဲ့သည်။

ထိုအောင်ဆန်း ကွန်ပျူတာ ကျောင်းဆောင်သစ် ဖွင့်ပွဲသို့ မကွေးတိုင်းဒေ
သကြီး အစိုးရအဖွဲ့မှ ပညာရေးဝန်ကြီး ဦးဖေတင်၊ လူမှုရေးဝန်ကြီး ဦးအောင်
ကျော်မင်းတို့ တက်ရောက်ခဲ့ကြပြီး သီတဂူ သာသနာပြုအဖွဲ့ အထွေထွေ
အတွင်းရေးမှူး ဦးဟန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

Eleven Media Group
မြန်မာနိုင်ငံအတွက် နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေး များပေါ များစွာ ရရှိနေသည်ကို ပြည်သူပြည်သားများ ပညာ အမျှော်အမြင်ဖြင့် ရယူတတ် လုပ်ကိုင်တတ်မှ နိုင်ငံအနာဂတ်အတွက် အကျိုးဖြစ်နိုင်မည် ဟုဒေါ်အောင်ဆန်းစုကြည်က မတ် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့၌ ပြောကြားခဲ့သည်။

မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်

Photo: မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်
Friday, March 29, 2013

သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံ
ပညာ ရေးကဏ္ဍအတွက်လာမည့်ပညာ သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမ အင်အား တစ်သောင်းတိုးမြှင့်ခန့်ထားမည်ဖြစ်ကြောင်း ပညာရေး
ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင်
ပြောကြားသည်။

"နေရာဒေသအလိုက် လိုအပ်ချက်အရ အင်အားဖြည့်တင်းတဲ့သဘောပါ။
ဒေသအားလုံးမှာ မူပြ ဆရာ၊ ဆရာမတွေ ခန့်ထားဖြည့်ဆည်းသွားမှာပါ။ ဦးစား ပေးအနေနဲ့ လိုအပ်ချက်ရှိနယ်တွေကို ဦးတည်ဖြည့်ဆည်းသွားမယ်။ မူလတန်းပြ တစ်သောင်းဝန်းကျင်လောက် ခန့်အပ်သွားပါမယ်" ဟု
ပညာရေးဝန်ကြီးဌာန၊ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်
ကြားရေးမှူးချုပ် ဦးကိုကိုတင်က ပြောကြားသည်။

သင်ကြားရေးဆရာ၊ ဆရာမအင်အား နှစ်သိန်းနီးပါးရှိသည့် မူလတန်းနှင့် မူလွန် အဆင့် အခြေခံပညာရေးကဏ္ဍ အင်အားဖြည့်တင်းရာ၌ နယ်ဒေ
သများတွင် လက်ရှိလုပ်ကိုင်နေသော ဆွဲခန့် ဆရာ၊ ဆရာမများအား
 ဦးစားပေးခန့် အပ်သွားမည်ဟု သိရသည်။

မူလတန်းပြ ဆရာ၊ ဆရာမ၀န်ထမ်း၊ အခြေခံပညာ ကျောင်းများအတွက် အထွေထွေလုပ်သား ၀န်ထမ်း၊ အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူနေရာ
များအတွက် ၀န်ထမ်းလျှောက်လွှာများ ခေါ်ယူခြင်းကို နိုင်ငံပိုင်သတင်းစာ
များတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ပညာရေး ၀န်ကြီးဌာနမှ ကြေညာခဲ့
သည်။

မူလတန်းပြဆရာ၊ ဆရာမ၀န်ထမ်း နေရာလျှောက်ထားလိုသူများအနေဖြင့် ဧပြီလ ၉ ရက်နေ့တွင်ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး လာမည့်ပညာ
သင် နှစ်အမီ သင်ကြားရေးဆိုင်ရာ သင်တန်းများ ကိုလည်း မေလအ
တွင်း တက်ရောက်ရမည်ဖြစ်သည်ဟုလည်း ဦးကိုကိုတင်က ပြောကြား
သည်။

အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသွား
မည်ဖြစ်ပြီး၊ ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ငွေကျပ်ဘီလျံ ၆၀၀ ကျော် အသုံးပြုခဲ့သော်လည်း လာမည့်ပညာသင်နှစ် အတွက် ငွေကျပ် ဘီ
လျံ ၉၀၀ အထိ တိုးမြှင့်သုံးစွဲမည်ဟု ဖေဖော်ဝါရီလအတွင်း ကယားပြည်
နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ဖူး သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ မလိုအပ်သော ရုံးအသုံးအဆောင်ပစ္စည်းများ ၀ယ်ယူအသုံးပြုရန်လျာ ထားသည့် ငွေကျပ် ဘီလျံ ၃၀ ကျော်အား အခြေခံ ပညာရေးကဏ္ဍတွင် ဖြည့်ဆည်းပေးနိုင်ရန် ဖေဖော်ဝါရီလအတွင်းက
ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် သဘောတူညီခဲ့ပြီးဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍ ဘတ်ဂျက်တိုးမြှင့်ရရှိခဲ့ရာ ပညာ ရေးဝန်ကြီးဌာနအနေဖြင့် မူလတန်းပြ ဆရာ၊ ဆရာမအင်အား
ဖြည့်တင်းခြင်း အပြင် အခြေခံပညာကျောင်းများ တည်ဆောက်ပြုပြင်
ခြင်းနှင့် ပညာရေးမှူးရုံးများ တိုးချဲ့ခြင်း၊ ဆောက်လုပ်ခြင်းတို့ အတွက် ဘတ်ဂျက်ခွဲဝေ အသုံးပြုသွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့်
လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုကိုတင်က ပြောသည်။

"ဥပဓိရုပ်ကောင်းမွန်တဲ့ အခြေခံပညာကျောင်းတွေဖြစ်လာဖို့ ပြင်သင့်
တာပြင်၊ အသစ်ဆောက်သင့်တာ ဆောက်သွားဖို့ရှိပါတယ်။ အသုံးပြုဖို့ အန္တရာယ်အဆင့်ရှိတဲ့ ကျောင်းတွေ လည်းရှိနေပါတယ်။

ပထမအနေနဲ့ အခြေခံပညာကျောင်း တစ်ထောင် လောက်ကို ဦးစားပေးပြုပြင်သွားဖို့ ရှိတယ်" ဟုဦးကိုကိုတင်က ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပညာရေးမှူးရုံး 
၁၈ ရုံးနှင့် မြို့နယ်ပညာရေးမှူးရုံး ပေါင်း ၃၀၀ ကျော် ရှိသည့်အနက် လာမည့်ပညာသင်နှစ်မှ စတင်ပြီး တစ်နိုင်ငံလုံးရှိ ခရိုင် ၅၂ ခရိုင်
တွင် ခရိုင်ပညာရေးမှူးရုံးများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် အသစ်တည်ဆောက်
သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ပညာရေးကဏ္ဍ အတွက် စုစုပေါင်းအသုံးစရိတ်၏ ၄ ဒသမ ၃ ရာခိုင်နှုန်းအသုံးပြု ခဲ့သော်လည်း ယခုနှစ်တွင် ၅ ဒသမ ၈၄ ရာခိုင်နှုန်းခန့် တိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့
သည့် ၂၀၁၃ - ၂၀၁၄ ပြည်ထောင်စု အစိုးရ၏ ရသုံးခန့်မှန်းခြေငွေစာရင်း
အရ သိရသည်။

မြန်မာတိုင်း(မ်) သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံ
ပညာ ရေးကဏ္ဍအတွက်လာမည့်ပညာ သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမအင်အား တစ်သောင်းတိုးမြှင့်ခန့်ထားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင်ပြောကြားသည်။
"နေရာဒေသအလိုက် လိုအပ်ချက်အရ အင်အားဖြည့်တင်းတဲ့ သဘော ပါ။ဒေသအားလုံးမှာ မူပြ ဆရာ၊ ဆရာမတွေ ခန့်ထားဖြည့်ဆည်း သွား

“အမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်များ အသင့်ပြင်”

အမေရိကန်က တောင်ကိုရီးယား ဝေဟင်တွင် B-2 လေယာဉ်များ ပျံသန်းပြခဲ့သည့်နောက် မြောက် ကိုရီးယားကလည်း ဒုံးကျည်များကိုအသင့်ပြင်ဆင်ထားကြောင်း ကြေညာလိုက်သည်
အမေရိကန်သည် ၎င်းတို့အလွန်အားထားပြီး အရေးပါလွန်းသည့် စစ်ဆင်ရေးများတွင်သာအသုံးပြုလေ့ ရှိသည့် မဟာဗျူဟာမြောက် ကိုယ်ပျောက် ဗုံးကြဲတိုက်လေယာဉ်ကြီးများကို မဟာမိတ် နိုင်ငံ၏ ဝေဟင် တွင် ပျံသန်းပြခြင်းဖြင့် တောင်ကိုရီးယား၏ အိမ်နီးချင်း ပြိုင်ဘက်တို့ကို ခြိမ်းခြောက်ပြခဲ့သည်။

ဥပဒေလေးစားရန် လိုကြောင်း ဇီးကုန်းရဲတပ်ဖွဲ့ ပြော

ဥပဒေလေးစားရန် လိုကြောင်း ဇီးကုန်းရဲတပ်ဖွဲ့ ပြော
=============================

မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်း အနောက်ခြမ်း ပဋိပက္ခ ဖြစ်စဉ်များတွင် လုံလောက်စွာ ဂရုစိုက်မှု မရှိဟု ပြည်သူများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ဝင်ရောက်ထိန်းသိမ်းစဉ် မလိုလားအပ်သည့် အခြေအနေများ ဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်းနှင့် ဥပဒေကို လေးစားရန် လိုကြောင်း ဇီးကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောဆိုသည်။
၎င်းက “ကျနော်တို့ ၀င်မထိန်းတာကိုပဲ မြင်ကြတာ။ တကယ်တမ်းက ၀င်ထိန်းရင်းနဲ့ တခြား မလိုလားစရာ အခြေအနေတွေကို လက်ယပ်ခေါ်သလို ဖြစ်သွားမှာပဲ။ ဘယ်သူမှ ဒါမျိုးကို ခန့်မှန်းမပေးနိုင်ဘူး။ ကျွန်တော်တို့ အဓိက လိုနေတာက စိတ်ဓါတ်တွေပဲ၊ ဥပဒေကို လေးစားမှု လိုသေးတယ်”  ဟု မဇ္ဈိမသို့ ပြောသည်။
မတ်လ ၂၆ ရက်နေ့မှ စတင်ပြီး ပဲခူးတိုင်း အနောက်ဖက်ခြမ်းရှိ ကြို့ပင်ကောက်၊ မင်းလှ၊ အုတ်ဖို ၊ ဇီးကုန်း အစရှိသည့် မြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။
မတ်လ ၂၈ ရက်နေ့တွင် အခြေအနေများ တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ဒေသခံများက ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ကို ကြောက်ရွံ့နေပြီး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြကြောင်းနှင့် ပဋိပက္ခတွင် ပါဝင်သူအများစုမှာ ထွက်ပြေးနေကြသည်ဟု မင်းလှရဲစခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
“ပြည်သူတွေကို ကာကွယ်ပေးတာက ထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ရတာကို သူတို့ကို မစောင့်ရှောက်လို့ ဖြစ်တာ ပြောတာတော့ မကောင်းဘူး” ဟု အဆိုပါ တာဝန်ရှိသူက သူ့အမြင်ကို ပြောသည်။
ထို့အပြင် ပဲခူးတိုင်းအနောက်ခြမ်းအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များမှာ မိတ္ထီလာမြို့မှ စတင်ခဲ့သော ပြဿနာ၏နောက်ဆက်တွဲ ကိစ္စများဟု ယူဆကြောင်း “ဘယ်ကိစ္စကတော့ စပြီးဖြစ်တယ်ဆိုတာတော့ တိတိကျကျမရှိဘူး။ မိတ္ထီလာကစတာလို့ပဲ ပြောရမှာပဲ။” ဟု ဇီးကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက သူ့အမြင်ကို ပြောသည်။
ဆက်လက်၍ ယမန်နေ့က ဖြစ်ခဲ့သည့် ကိစ္စများအတွက် လုံခြုံရေးများက တာဝန်ယူနိုင်သလောက် ယူခဲ့ကြသော်လည်း မလုံလောက်မှုများ ရှိကောင်း ရှိနိုင်ကြောင်း ပြောဆိုသည်။
သို့သော် မင်းလှမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ အခြားတယောက်ကမူ မြို့၏လက်ရှိအခြေအနေမှာ ဘာမှတိတိကျကျ မသိရသေးသည့် အချိန်ဟု ဆိုသည်။
မတ်လ၂၀ ရက်နေ့က ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ ဖြစ်ပွားခဲ့သည့် မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်ကြောင့် သက်ဆိုင်ရာမှ ဒေသအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းခဲ့ရပြီး မတ်လ ၂၂ ရက်နေ့တွင်  အရေးပေါ်ကြေညာချက် ထုတ်ပြန်ကာ စစ်တပ်မှ ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်။
နတ္တလင်းရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဇော်က မတ်လ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပဋ္ဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ခဲ့သူဟု ယူဆထားသူများကို ထိန်းသိမ်းထားကြောင်း မဇ္ဈိမသို့ ပြောသည်။
“လောလောဆယ်ကတော့ ၂ ယောက်ပဲရှိပါသေးတယ်ဗျ။ ပြန်ပြီးတော့ နောက်ဆက်တွဲ မေးမြန်းစရာ တွေ ရှိပါသေးတယ်။ ကျန်တဲ့ နောက်ဆက်တွဲတွေ ကတော့ အခုလုပ်ဖို့ မရှိသေးပါဘူး။ ကျွန်တော်တို့ ထိန်းသိမ်းထားတာက မသင်္ကာလို့ မဟုတ်ပါဘူး” ဟု ပြောဆိုသည်။
မတ်လ ၂၇ ရက်နေ့ ညနေသုံးနာရီခန့်က ပဲခူးတိုင်း မင်းလှ၊ ဇီးကုန်းအပါအ၀င် နတ္တလင်းမြို့နှင့်နီးစပ်ရာရွာ များတွင် ရာနှင့်ချီသည့် လူထုက ဘာသာရေးအဆောက်အဦများနှင့် အိမ်အတွင်းရှိ ပစ္စည်းများအားဖြိုဖျက်ခဲ့ ကြောင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ညနက်ချိန်အထိ ဆက်လက် ဆူပူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မဇ္ဈိမသတင်းဌာန

ZinYawNews မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်း အနောက်ခြမ်း ပဋိပက္ခဖြစ်စဉ်များတွင် လုံလောက်စွာဂရုစိုက်မှုမရှိဟု ပြည်သူ များ၏ ပြောဆိုချက်နှင့်ပတ်သက်၍ ဝင်ရောက်ထိန်းသိမ်းစဉ် မလိုလား အပ်သည့်အခြေအနေများ ဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်းနှင့် ဥပဒေ ကို လေးစားရန်လိုကြောင်း ဇီးကုန်းမြို့နယ် ရဲစခန်းမှတာဝန် ရှိသူ တဦးက မဇ္ဈိမသို့ ပြောဆိုသည်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ သတင်းများနှင့် စပ်လျဉ်း၍

မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့၏ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းအခြေအနေမှာတည်ငြိမ်လျက်ရှိပြီး လွန်ခဲ့သောပဋိပက္ခ ဖြစ်ပွားခဲ့သည့် နေ့ များထက် ဒေသ ခံများသွားလာလှုပ်ရှားမှု ပိုမိုများပြားလျက်ရှိကြောင်း Eleven Media Group သတင်းထောက် ၏ ပြော ကြားချက်အရ သိရသည်။

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဌာနအစား ကုန်သွယ်မှုမြှင့်တင်ရေးဌာနအဖြစ် အမည်ပြောင်းမည်

Commerce Journal
ZinYawNews
မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဌာနအစား ကုန်သွယ်မှုမြှင့်တင်ရေးဌာနအဖြစ် အမည်ပြောင်းမည် 

Commerce Journal

ZinYawNews

မိတ္ထီလာ မြို့တွင် တည်ငြိမ် အေးချမ်းမှုရှိ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန်အတိုင်း ရောက်ရှိ

မိတ္ထီလာ မြို့တွင် တည်ငြိမ် အေးချမ်းမှုရှိ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန်အတိုင်း ရောက်ရှိ
 

မကြာမီ ရက်ပိုင်းအတွင်းက ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ယခုအခါ အခြေအနေများ တည်ငြိမ် အေးချမ်းမှု ရှိလာသည် နှင့်အမျှ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန် အတိုင်း ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ကျ ဝန်ထမ်းများနှင့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင်များ ပူးပေါင်း၍ မီးလောင် ပျက်စီးသွားသော နေအိမ် အဆောက်အအုံ များနှင့် လမ်းများပေါ်ရှိ အမှိုက်သရိုက် များကို ရှင်းလင်းလျက် ရှိသည်ကို တွေ့ရှိရသည်။

ယနေ့သည် ရုံးဖွင့်ရက် ဖြစ်သည်နှင့် အညီ မိတ္ထီလာ မြို့ပေါ်၌ ဖွင့်လှစ်ထားသည့် မြန်မာ့ စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) တို့တွင် ငွေသွင်း၊ ငွေ ထုတ် သူများဖြင့် လှုပ်ရှား သက်ဝင်လျက် ရှိကြောင်း သတင်း ရရှိသည်။


http://bit.ly/11UUY7C

မြ၀တီ
မကြာမီ ရက်ပိုင်းအတွင်းက ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ယခုအခါ အခြေအနေများ တည်ငြိမ် အေးချမ်းမှု ရှိလာသည် နှင့်အမျှ ပြည်သူများ သွားလာလှုပ်ရှားမှု ပုံမှန်အတိုင်း ပြန် လည် ရောက်ရှိလာပြီ ဖြစ်သည်။

မော်ရင်ဟို အထင်လွဲခံနေရသည်ဟု တီရင် မြင်

မော်ရင်ဟို အထင်လွဲခံနေရသည်ဟု တီရင် မြင် 
Friday, March 29, 2013

ဖီဖာတစ်နှစ်တာအကောင်းဆုံး နည်းပြဆုနှင့် ပတ်သက်၍ အငြင်းပွား
ခဲ့သော မော်ရင်ဟိုမှာ အထင်လွဲခံနေရသူဖြစ်သည်ဟု ဂါလာတာ စာရေးနည်းပြ တီရင်က ဖွင့်ဟသွားခဲ့သည်။

ပန်ဒက်ဗ်၏မဲပေးမှုနှင့်ပတ်သက်၍ အရှုပ်အထွေးများရှိခဲ့ပြီးနောက် ဖီဖာဆုရွေးမှုတွင် မသမာမှုများ ရှိနေသည်ဟု မော်ရင်ဟိုကဝေ
ဖန်ခဲ့ကာ ယင်းဝေဖန်ချက်နှင့်ပတ်သက်၍ ကလေးဆန်သည်ဟု ဒဲလ်ဘော့စကေးက ပြန်လည်တုံ့ပြန်ထားသည်။

သို့သော် တီရင်က မော်ရင်ဟို၏လူနေမှုစရိုက်မှာ အများနှင့်တူညီခြင်းမရှိ
သောကြောင့် ၎င်း အပေါ်နားမလည်ကြခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
မော်ရင်ဟိုနှင့် တီရင်မှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ပြီး ထိုရင်းနှီးမှုကို တန်ဖိုးထားသည်ဟုလည်း တီရင်က ပြောကြားခဲ့သည်။

" မော်ရင်ဟိုရဲ့စရိုက်က လူအများစုနဲ့ မတူပါဘူး။ ဒါကြောင့် တစ်ခါ
တလေကျရင် လူတွေက သူ့ကို နားမလည်နိုင်ကြတာပါ။ ဒါပေမဲ့ သူဟာ အသင်းတိုင်းမှာအောင်မြင်သလို ခမ်းနားတဲ့နည်းပြတစ်ယောက်ပါ။ သူနဲ့ ကျွန်တော်တို့ကြားက ရင်းနှီးမှုက ကျွန်တော့်အတွက် အရေးကြီးပါတယ်"
ဟု ဆိုခဲ့သည်။ သို့သော် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ရီးရဲလ်နှင့် ဂါလာတာစာရေးတို့ တွေ့ဆုံနေခြင်းကြောင့် ၎င်းတို့ ၂ဦးအနေဖြင့်
ပြိုင်ဘက်များအဖြစ် တွေ့ဆုံရမည်ဖြစ်သည်။

ရိုးရာလေး ဖီဖာတစ်နှစ်တာအကောင်းဆုံး နည်းပြဆုနှင့် ပတ်သက်၍ အငြင်းပွား ခဲ့သော မော်ရင်ဟိုမှာ အထင်လွဲခံနေရသူဖြစ်သည်ဟု ဂါလာတာ စာရေးနည်းပြ တီရင်က ဖွင့်ဟသွားခဲ့သည်။
ပန်ဒက်ဗ်၏မဲပေးမှုနှင့်ပတ်သက်၍ အရှုပ်အထွေးများရှိခဲ့ပြီးနောက် ဖီဖာ ဆုရွေးမှုတွင် မသမာမှုများ ရှိနေသည်ဟု မော်ရင်ဟိုကဝေဖန်ခဲ့ကာ ယင်းဝေဖန်ချက်နှင့် ပတ်သက်၍ ကလေးဆန်သည်ဟု ဒဲလ်ဘော့ စကေးက ပြန်လည်တုံ့ပြန်ထားသည်။

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်
Friday, March 29, 2013

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ
မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ငြိမ်း
ချမ်းရေးတည်ဆောက်နိုင်အောင် ဘယ်လို အကူအညီပေးမလဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

နီပေါလ်နိုင်ငံကို အရင်သွားပြီးမှ မြန်မာနိုင်ငံကို သွားရောက်မှာပါ။မြန်မာနိုင်ငံ
မှာတော့ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းမှုလုပ်ငန်းတွေမှာ ဘယ်လို
အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကို သမ္မတဟောင်း Carter အပါအ၀င် Carter Center က ကိုယ်စားလှယ်အဖွဲ့တွေ လေ့လာစူးစမ်းသွားမှာဖြစ်
ပါတယ်။ 

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ မလာခင်မှာပဲ၊ Carter Center ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး၊ သမ္မတဦးသိန်း
စိန်ရဲ့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေလုပ်ခဲ့
တယ်လို့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်း
ကို ပြောပါတယ်။

ဒါကြောင့် သမ္မတဟောင်း ဂျင်မီကာတာ ဟာ မြန်မာနိုင်ငံကို လာရောက်
တဲ့အခါ သမ္မတဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရပိုင်းက ခေါင်းဆောင်
တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအ
ဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေကို တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ Carter Center ဟာ ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် တွန်းအား
ပေးဆောင်ရွက်နေသလို၊ ပဋိပက္ခဖြစ်နေတဲ့နေရာတွေ မှာ ငြိမ်းချမ်းရေးရနိုင်ဖို့ အကူအညီပေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ 

ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင် အကူအညီပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ 

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ
VOA အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ အခုလာမယ့် ဧပြီလ ဆန်းမှာမြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ် တဲ့နေရာတွေမှာ ငြိမ်း ချမ်းရေးတည်ဆောက်နိုင်အောင် ဘယ်လို အကူ အညီပေးမလဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို
Friday, March 29, 2013

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေး
စားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်
ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံ
ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့လူမျိုးရေးအခြေခံ အကြမ်းဖက်မှုတွေ
အပေါ်မှာ မနေ့တုန်းက သမ္မတဦးသိန်းစိန်က နိုင်ငံတ၀ှမ်းကို မိန့်ခွန်းပြောကြား
သွားတဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက အခြေခံ အားဖြင့် ကြိုဆိုခဲ့ပါတယ်။ 

ဒါပေမယ့် အကြမ်းဖက်မှုတွေကို ကိုင်တွယ်ရာမှာတော့ လူ့အခွင့်အရေး
အခြေခံတွေကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းတဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland
 က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

“ဒီမိုကရေစီရေးအတွက်၊ မတူကွဲပြားတဲ့ ဘာသာရေးအယူအဆအားလုံး အတူယှဉ်တွဲတည်ရှိမှုနဲ့ ပွင့်လင်းမြင်သာမှုတွေအတွက် သီးခံကြဖို့၊ အပြန်
အလှန်လေးစားကြဖို့ သမ္မတဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါ
တယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့သမတထံကနေ ကြားရဖို့ လိုအပ်တဲ့ စကားမျိုးပါ။ အခြေအနေတွေ ပြန်လည်တည်ငြိမ်မှုရဖို့ အစိုးရ ကြိုးပမ်း
ချက်တွေကို အမေရိကန်ပြည်ထောင်စုက အားပေးနေပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး၊ ဥပဒေအတိုင်း ညီညွတ်ဖို့ လိုပါတယ်။ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ချက်ရှိလာရင်၊ အင်အားသုံးဖြေရှင်းနည်းကို နောက်ဆုံးအခြေ
အနေကျမှ အသုံးပြုမယ်လို့ သမ္မတဦးသိန်းစိန် ပြောဆိုတာကို သတိပြုမိပါတယ်။ 

လုံခြုံရေးအရ ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေးကို အကာအ
ကွယ်ပေးဖို့ ၊ လူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်စေဖို့လိုမယ်ဆိုတာကို 
ကျမတို့ ထပ်ပြီး ထောက်ပြလိုပါတယ်။ ”

မိတ္တီလာမြို့ကနေ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း ဒေသအချို့အထိ ကူးစက်ပျံနှံသွားတာကြောင့် အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုအပါအ ၀င်နိုင်ငံတ
ကာက စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က သမ္မတဦးသိန်းစိန်
 နိုင်ငံတ၀ှမ်း မိန့်ခွန်းပြောတဲ့နောက်ပိုင်းမှာတော့ အခြေအနေတွေဟာ အတော်လေး တည်ငြိမ်လာသလို၊ အကြမ်းဖက်ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေ
ကို အကူအညီပေးရေးလုပ်ငန်းတွေကိုလည်း လူမှုအဖွဲ့အစည်းတွေက စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်အပါအ၀င် နယ်အတော်များများမှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားဆဲပါ။
ဖြစ်ခဲ့တဲ့နေရာတွေမှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတုန်းပါပဲ။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်
အိုဟေး ကင်တာနားကလည်း အကြမ်းဖက်မှုတွေ အခြားမြို့တွေကိုပါ ကူးစက်မှုမဖြစ်အောင် အရေးယူကိုင်တွယ်မှုတွေ အလျင်အမြန်ဆောင်
ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့လည်း တိုက်တွန်းပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ကိုလည်း မစ္စတာကင်တာနားက တိုက်
တွန်းခဲ့ပါတယ်။

နိုင်ငံတ၀ှမ်းမှာရှိတဲ့ မွတ်ဆလင်လူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံ
မှုတွေနဲ့ အမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံဆော်
တဲ့ လူအုပ်စုတွေကို အစိုးရအာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာမျိုး မလုပ်ဘူးလို့ မစ္စတာကင်တာနားက ဝေဖန် ထားပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ဘာသာရေး
နဲ့ နိုင်ငံသား အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် အစိုးရ
အပြင် လွှတ်တော်ပိုင်း၊ တရားရေးပိုင်း၊ အမျိုးသားလူအခွင့်အရေးကော်
မရှင်တို့အနေနဲ့လည်း အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

VOA
ကိုသားညွန့်ဦး
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်း ရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေ ကိုပါ လေးစား လိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါ တယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို

မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို
Friday, March 29, 2013

အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရတဲ့ တောင်
ကိုရီးယား နိုင်ငံက စစ်တမ်း တခုမှာ စစ်ရေးနဲ့ တုံ့ပြန်ဖို့ အများစုက လက်
ခံတာကို တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့ သီတင်းပါတ် အတွင်း လုပ်ခဲ့တဲ့ စစ်တမ်းမှာ မြောက်ကိုရီးယားဖက်က ရန်စတဲ့ အနေနဲ့အတိုင်းအ
တာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ် လုံးဝစစ်ပွဲကို စတင်မယ်လို့ စစ်တမ်းကောက်တဲ့ ထက်ဝက်နီးပါးက တုံ့ပြန်ပါတယ်၊ မြောက်ကိုရီးယား
ဖက်က စစ်ရေး ရန်စမှုတွေကို တောင်ကိုရီးယားတပ်ဖက်က ၁၀ ဆပြန်ပြီး လက်တုံ့ပြန်မယ် ဆိုတဲ့ စစ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ၇၀ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့ကြပါတယ်၊ တချိန်ထဲမှာပဲ မြောက်ကိုရီး
ယားရဲ့ရန်ကို တိုက်ရိုက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကိုရီးယား ကျွန်း
ဆွယ်ကို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က
ပြောပါတယ်။

အမေရိကန်အလယ်ပိုင်း လေတပ်အခြေစိုက်စခန်းကနေ B-2 ဗုံးကြဲလေ
ယာဉ်တွေ ဟာ ကိုရီးယားကျွန်းဆွယ် အနောက်တောင်ကမ်းလွန်မှာရှိတဲ့ ကျွန်းဆီကို ကြာသပတေးနေ့က ပျံသန်းသွားခဲ့ကြပြီးတဲ့နောက်မှာမှ မနားဘဲ လေတပ်စခန်းဆီကို တောက်လျှောက် စုစုပေါင်း ကီလိုမီတာ ၂ သောင်းအကွာအဝေး ပျံသန်းလာခဲ့ကြပါတယ်၊ အမေရိကန် နဲ့ တောင်
ကိုရီးယား နိုင်ငံတွေအပေါ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုး
နေချိန်မှာ အခုလို တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ Pacific သမုဒ္ဒရာထဲ
မှာရှိတဲ့ သူ့ရဲ့ မဟာမိတ်တွေအပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်မယ်
လို့ မြောက်ကိုရီးယားဖက်က ခြိမ်းခြောက်မှု အပါအဝင် လတ်တလော
ရန်စမှုတွေကြောင့် ခုလို B-2 တိုက်လေယဉ်တွေကို ကိုရီးယားကျွန်း
ဆွယ်ဖက် ပျံသန်းခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေး
ဝန်ကြီး Chuck Hagel ကပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye ကလဲ မြောက်ကိုရီးယားအစိုး
ရက ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေတာကို သူ့နိုင်ငံအနေနဲ့ ဒီတိုင်းငုံ့ခံနေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်၊ တောင်
ကိုရီးယားနိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့၊ကြက်ခြေနီအဖွဲ့တွေတို့နဲ့ ရှိနေတဲ့ အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းတွေကိုမြောက်ကိုရီးယားအစိုး
ရက ဖြတ်တောက်ခဲ့ပါတယ်၊ တောင်နဲ့မြောက်ကိုရီးယား ၂နိုင်ငံစက်မှု
ဇုံဖြစ်တဲ့ Kaesong စက်မှုဇုံမှာတော့ ကြာသပတေးနေ့က နယ်စပ်
ဖြတ်ကျော်မှုတွေဟာ ပုံမှန်အတိုင်းပဲရှိနေပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တပ်ဖွဲ့များ
VOA အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရ တဲ့ တောင်ကိုရီးယား နိုင်ငံကစစ်တမ်းတခုမှာ စစ်ရေးနဲ့တုံ့ပြန်ဖို့ အများ စုက လက်ခံတာကို တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့ သီတင်းပါတ်အတွင်းလုပ်ခဲ့တဲ့စစ်တမ်းမှာ မြောက်ကိုရီးယားဖက်က ရန်စတဲ့ အနေနဲ့အတိုင်းအတာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ်

မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး

မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး
======================================

အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်တဲ့ မိထ္ထီလာမြို့မှာတော့ စစ်တပ်နဲ့ရဲလုံခြုံရေးအဖွဲ့တွေက လုံခြုံရေးယူထားပြီး အခြေအနေဟာ တည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ ရပ်မိရပ်ဖတွေနဲ့ မြို့ခံတွေက ကိုယ့်ရဲ့ အိုးအိမ်လုံခြုံရေးအခြေအနေကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေ ရဆဲပဲဖြစ်တယ်လို့ မိထ္ထိလာမြို့ခံတွေက ပြောပါတယ်။ 
ရပ်ကွက်မြို့ရွာတွေထဲမှာလည်း ကောလဟာလသတင်းတွေထွက်ပေါ်နေပြီး လုံခြုံရေးအခြေအနေက ပုံမှန်အနေအထားအတိုင်းမဖြစ်ဘဲ စိုးရိမ်နေရဆဲပဲလို့ မိထ္ထီလာမြို့ခံဒေါ်မြင့်မြင့်အေး က ပြောပါတယ်။

“ လုံခြုံရေးကတော့ ရပ်ကွက်တွေထဲမှာ ကျမတို့လမ်းတွေမှာတော့ ကိုယ့်ဘာသာကို စောင့်နေရတယ်။ ရွာတွေမှာလည်း ကိုယ့်ရွာလုံခြုံရေး ကိုယ်စောင့်နေရတယ်။ ပြီးခဲ့ရက်တွေကလည်း လက်ပံကော့တို့၊ ဟုတ်တာမဟုတ်တာမသိဘူးနော်။ ဂတုံ့ဂုံးတို့ ဇကော့တို့ဘက်မှာ၊ ဘေးနားက တဲလေးတွေ မီးရှို့ခံရတယ်ပေါ့နော် ရှိတယ်။ အဲ့ဒီ့တော့ လုံခြုံရေးကတော့ ပြည်သူလူထုက စိတ်အေးလက်အေးနဲ့ နေရတာမျိုးတော့ မရှိသေးဘူး။ အဲ့တာ အမှန်ပဲ စိတ်တော့ပူနေရတာပေါ့လေ။”

မိထ္ထီလာမြို့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ပဲခူးတိုင်းအနောက်ဘက်ခြမ်းဘက်ကို ဆက်သွားပြီး ပဲခူးတိုင်းတွင်း တချို့မြို့နယ်တွေမှာလည်း အရေးပေါ်အခြေအနေပုဒ်မ ၁၄၄ထုတ်ပြန်ထားပါတယ်။ ဒီပဲခူးတိုင်းအတွင်းက လုံခြုံရေးအခြေအနေတွေဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်နေပြီးတော့ အာဏာပိုင်တွေဘက်က ထိရောက်အောင် ကိုင်တွယ်ဖြေရှင်းမှုမရှိဘူးလို့ စာပေဟောပြောပွဲအတွက် သွားရောက်ရင်း ကိုယ်တိုင်ကြုံလိုက်ရတဲ့ နာရေးကူညီမှုအသင်းရန်ကုန်က ဦးကျော်သူကပြောပါတယ်။

“ကြို့ပင်ကောက်နဲ့ ဇီးကုန်း နှစ်မြို့နယ်ပေါ့လေ။ ကျနော်တို့ကြုံခဲ့တယ်။ မြို့ခံမဟုတ်ပဲ သူစိမ်းတွေက လာပြီးတော့ သွေးထိုးပြီးတော့ အဲ့လိုမျိုး လုပ်သွားတာတွေ မြင်ရတယ်။ လုံခြုံရေးအပိုင်းက ဘာမှ လုပ်ပေးတာမရှိဘူး။ ကြို့ပင်ကောက်ဆို အိမ်ငါးအိမ်ဖျက်တယ်။ ဖျက်တဲ့ဟာကလည်း အကုန်လုံးက လက်ပိုက်ကြည့်နေတယ်။ ဗလီဖျက်တော့လည်း လက်ပိုက်ပြီး ကြည့်နေကြတယ်။ လုံခြုံရေးက ပြည်သူတစ်ယောက်အနေနဲ့ အားကိုးလို့မရဘူး။ ကိုယ့်လုံခြုံရေးပဲ ကိုယ်လုပ်ရတော့မှာပဲ။ လုံခြုံရေးအားနည်းတဲ့အတွက် လုံခြုံရေးကိုပြောတော့လည်း အထက်က အမိန့်မရလို့ ဘာမှ လုပ်ပိုင်ခွင့်မရဘူး။ ဒီအတိုင်းပဲ ကြည့်နေရတယ်။ ဒါတွေကတော့ မဖြစ်သင့်ဘူး။”

အခုလိုမျိုး ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားလာနေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ သေကျေပျက်စီးရပြီး အခြေခံလူတန်းစားတွေဘဝပျက်ရတာမို့ မီးရှို့အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်လို့ ဦးကျော်သူက ဆက်ပြောပါတယ်။

“ပြည်သူလူထုတွေကလည်း ကိုယ့်အိုးကိုယ့်အိမ်ကိုပဲ အဓိကစောင့်ရှောက်ရမယ်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့နယ်ကိုပဲ စောင့်ရှောက်ရမယ်။ ချင့်ချင့်ချိန်ချိန်လေး လုပ်ကြဖို့ ကျနော် ဒါပဲ တိုက်တွန်းချင်တယ်။”

မိထ္ထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်၊ မီးရှို့အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေနဲ့ သောက်သုံးရေ အရေးတကြီးလိုအပ်နေပါတယ်လို့လည်း မိထ္ထီလာမြို့ခံဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“ဟုတ်ကဲ့။ ဗမာတွေအနေနဲ့ကတော့ မကျီးကုန်း ဘုန်းကြီးကျောင်းမှာ ဗမာ ၄၇၀လောက်ရှိတယ်။ သမွန်ပုံးဘုန်းကြီးကျောင်းမှာ ဗမာလူမျိုး ၅၀၀ကျော်ရှိတယ်။ ဥတ္တရဇေရုံမှာ လူ ၂၀၀ကျော်ရှိတယ်။ မာတင်ပုလဲ လမ်းဆုံမှာလည်း ဗမာလူမျိုး ၂၀၀ကျော်လောက်ရှိတယ်။ ကိုးနဝင်းကျောင်းမှာလည်းရှိတယ်။ ဒါကတော့ ဗမာဘုန်းကြီးကျောင်းတွေမှာ ဆရာတော်တွေရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တိုက်ရိုက်တန်းလှူလို့ရတယ်။ မူစလင်ဘာသာဝင်တွေကတော့ အမှတ် ၁ကျောင်းတို့၊ အမှတ် ၃ကျောင်းတို့၊ အမှတ် ၅ အထက၊ အားကစားကွင်းပေါ့။ ကမ့်တွေထဲမှာ ခြောက်နေရာလောက်ရှိတယ်။ ဆက်သွယ်ရေးကတဆင့်ပဲ လှူလို့ရတယ်။ သူတို့ကို တိုက်ရိုက်လှူလို့မရဘူး။ အဲ့ဒီ့ဟာလေးတွေရှိတယ်။ တချို့အမှတ်၃ကျောင်း က ရေအခက်အခဲ ရှိလို့ ကျမတို့ကို အကူအညီတောင်းလို့ ကျမတို့က ဆက်သွယ်ပြီးတော့ မီးသတ်ဌာနကို ရေပို့ပေးဖို့ ပြောထားတာတွေရှိတယ်။”

မိထ္ထီလာမြို့က ဒုက္ခသည်တွေအတွက်တော့ မန္တလေးတိုင်းတွင်းက လူမှုအဖွဲ့အစည်းတွေ အပါအဝင် ရန်ကုန်နာရေးကူညီမှုအသင်းရန်ကုန်ကပါ ဝင်ရောက်ကူညီဆောင်ရွက်ပေးနေပြီး ဒုက္ခသည်တွေအတွက် အရေးအကြီး ဆုံး နေစရာအခက်အခဲဖြစ်ပြီး လုံခြုံရေးကလည်း အထူးလိုအပ်နေ တယ်လို့ ဦးကျော်သူကပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ရသူတွေကို အရေးပေါ်အကူညီတွေပေး ဖို့ ဝိုင်းဝန်းဆောင်ရွက်နေချိန်မှာပဲ အခုလက်ရှိလုံခြုံရေး အနေအထားကတော့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မိထ္ထီလာခရိုင်နဲ့ ပဲခူးတိုင်း အနောက်ခြမ်းတွေ မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားဆဲဖြစ်ပြီးတော့ ဆူပူအကြမ်းဖက် မီးရှို့သူလို့ သံသယရှိသူ တော်တော်များများကိုလည်း ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်နေပါတယ်။ စစ်တပ်နဲ့ရဲလုံခြုံရေးအင်အားတွေ တိုးချဲ့ချထားပေမဲ့ ဒေသခံတွေအနေနဲ့ကတော့ လုံခြုံရေးကို အထူးစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
VOA

ZinYawNews
အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်တဲ့ မိထ္ထီလာမြို့မှာတော့ စစ်တပ်နဲ့ရဲလုံခြုံရေးအဖွဲ့တွေက လုံခြုံရေး ယူထား ပြီး အခြေအနေဟာ တည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ ရပ်မိရပ်ဖတွေနဲ့ မြို့ခံတွေက ကိုယ့်ရဲ့ အိုးအိမ်လုံခြုံရေးအခြေအနေကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေ ရဆဲပဲဖြစ်တယ်လို့ မိထ္ထိလာမြို့ခံတွေ က ပြောပါတယ်။

Michael Learns to Rock အဖွဲ့ရန်ကုန်သို့ရောက်ရှိ

Michael Learns to Rock အဖွဲ့၏ ဂီတဖျော်ဖြေပွဲကို မတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်အတွက် ယနေ့ (မတ်လ ၂၉ ရက်နေ့) ၇ နာရီခွဲခန့်က ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
Eleven Media Group

ပြည်ထဲရေးဌာနသည် ပဋိပက္ခများဖြေရှင်းရာတွင် ထိရောက်ရန်လိုအပ်ဟု ၈၈မျိုးဆက်ကျောင်းသားများပြော


fdg29.3.13
ရန်ကုန်၊ မတ် ၂၉။
၈၈မျိုးဆက် ကျောင်းသားများအနေဖြင့်တူညီသည့် ဘာသာဝင်များအကြား သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား လက်ခံမည်မဟုတ်ကြောင်း၊ ဒေသအသီးသီးရှိဘာသာရေး၊ လူမှုရေး၊ အရပ်ဖက် အဖွဲ့အစည်းများစုစည်းပြီး ပဠိပက္ခများကို ကြိုတင်ကာကွယ် တားဆီးကြရန်၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်တာဝန်ရှိသူများမှ ပဠိပက္ခများ အမြန်ဆုံး ရပ်တန့်ရာတွင် ပါဝင်ပူးပေါင်းကြရန်နှင့် ပဠိပက္ခများအား ဖြေရှင်းရာတွင် ပြည်ထဲရေးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေ ရှင်းရာတွင် ထိရောက်ထက်မြက်ရန် လိုအပ်ကြောင်း ကိုဂျင်မီမှ ရှင်းလင်း ပြောကြားသည်။

အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာဘယ်လိုမှ မသင့်တော်ကြောင်း သီတဂူဆရာတော်ကြီးက ပြောကြား

အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာဘယ်လိုမှ မသင့်တော်ကြောင်း သီတဂူဆရာတော်ကြီးက ပြောကြား။
Friday, March 29, 2013

တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီ
နောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ 

အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။

အိမ်ရှင် ဗုဒ္ဓဘာသာတွေက ဧည့်သည် တခြားဘာသာခြား လူမျိုးတွေကို
နှစ်နှစ်ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Church
တွေရော၊ ဗလီတွေရော နေရာတကာမှာ အေးအေးဆေးဆေး ရှိနေကြပြီ။

အဲဒီတော့ အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံရင် ဧည့်သည် တွေကလည်း ဒီအိမ်ရှင်ရဲ့ အိမ်ထဲမှာအေးအေးချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ကောင်းတယ်။ အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ ကိစ္စပဲ။အဲဒါကြောင့် ငြိမ်းချမ်းစွာနေကြပါလို့ တိုက်တွန်းပါတယ်။

The Voice Weekly တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင် မှ ရောက်လာတာ။ အဲဒီ နောက်မှ ရောက်လာတာ ဆိုတော့ နှစ် တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။

ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်

Photo: ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်
Friday, March 29, 2013

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု ထိပါးတဲ့ လုပ်ရပ်မှန်သမျ
ကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်မိန့်ခွန်းထဲမှာ ပြော
ကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ်သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြားချက်တချို့နဲ့အတူ သတင်း
အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက်ကိုအောင်
ရဲမောင်မောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ယုံကြည်တဲ့ ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် အတွက် နိုင်ငံသားအခွင့်အရေး
မှာ လွတ်လွတ်လပ်လပ်ပေး ထားပြီး ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ အခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်က နိုင်ငံသားအခွင့်အရေးအနေနဲ့ အခွင့်အရေးအပြည့်အဝ
ပေးထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီ
တဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်
မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်
ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလိုအကြမ်းဖက် လုပ်ရပ်တွေ နယ်မြို့တွေ မှာ ဖြစ်နေတုန်း ဘာသာရေး လွတ်လပ်ခွင့်ရှိတယ်လို့ ပြောလာတဲ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းကို ကြိုဆို
ထောက်ခံတယ်လို့ အိုလာမာ အစ္စလာမ်သာသနာ ပညာရှင်များ အဖွဲ့ချုပ်
ကအတွင်းရေးမှူးအဖွဲ့ဝင် ဦးတင်နိုင်ကပြောပါတယ်။

“ကျနော်အနေနဲ့ကတော့ ဒီမိန့်ခွန်းကို များစွာကြိုဆိုပါတယ်။ သမ္မတကြီး ဒီလိုပြောဆိုတဲ့ကိစ္စမှာလည်း လွန်စွာ နှစ်ထောင်းအားရဖြစ်မိပါတယ်။ တိတိကျကျ အရေးယူဆောင်ရွက်သွားမယ်ဆိုရင် ပဋိပက္ခတွေ နောက်
နောင်မဖြစ်နိုင်ပါဘူးခင်ဗျ။”

မိထ္တိလာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အခြားနယ်မြို့တွေမှာပါ ဘာသာရေး
ကို အခြေပြုတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေ တောက်လျောက်ဖြစ်ပွားလာခဲ့
တဲ့အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် အရေးယူမှု တွေ လုပ်ဆောင်သင့်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။

“ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြ
အင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါ
တယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်
ရွက်ကြဖို့ ပြောကြားလိုပါတယ်။”

အခုလို နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ထိထိရောက်
ရောက် ဆောင်ရွက် ကိုင်တွယ်ဖို့ လိုအပ်တဲ့ အကြောင်း မိန့်ခွန်းထဲ ထည့်
သွင်း ပြောလာတဲ့အပေါ်မှာ ဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ၈၈
မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက ပြောပါတယ်။

“နံပတ်တစ်ကတော့ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနက ရဲဝန်ထမ်းတွေနဲ့
ပတ်သက်ပြီးတော့ ကိုင်တွယ်ရမယ့်ကိစ္စတွေကို ရဲရဲဝင့်ဝင့်ပြတ်ပြတ်သား
သား ကိုင်တွယ်ဖို့ အတွက် ပြောလိုက်တယ်လေ။ နောက်တခုကလည်း
ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာ မှာ သက်ဆိုက်ရာတပ်က ကိုင်ရင် အလွန်အကျွံဖြစ်မှာကို စိတ်ပူတယ်။ ဟိုတခါကလိုပေါ့ဗျာ။

လက်ပံတောင်းတောင်ကိစ္စလိုမျိုးတွေ ဖြစ်မှာကိုလည်း စိတ်ပူတာပေါ့ဗျာ။ ဆိုလိုချင်တဲ့သဘောက ဘာကိုကောက်ချက် ဆွဲလို့ရလည်းဆိုတော့ ပြဿ
နာတခုကို မြန်မြန်ဆန်ဆန်နဲ့သပ်သပ်ရပ်ရပ်ဖြေရှင်းနိုင်ဖို့အတွက်ရဲဝန်ထမ်း
တွေရဲ့အရည်အသွေးကိုမြှင့်တင်ရမယ်ဆိုတာတော့ ကောက်ချက်ချလို့ရတယ်ခင်ဗျ။”

အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးတော့ ဒီမိုကရေစီ အသီးအ
ပွင့်တွေ ရရှိအောင် ဆောင်ရွက်သင့်တယ်လို့ လည်း နိုင်ငံတော်သမ္မတက
ပြောပါတယ်။

“အချင်းချင်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်း
ဆုံးအဖြေကိုရှာဖို့ ဒီမိုကရေစီ အလေ့အကျင့်ကိုကျင့်သုံးခြင်းကသာ ပေါ်ပေါက်
 လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်း
ခြင်းဖြစ်စဉ်ကို ပံ့ပိုးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။”

နိုင်ငံတော်သမ္မတရဲ့ အခုလို ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင် ပြောကြားလာတဲ့ သမ္မတမိန့်ခွန်းဟာ ဘယ်လောက်အာဏာရှိမလဲ ဆိုတာကတော့ စောင့်ကြည့် သုံးသပ်ရမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းကပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဥပဒေအရလုပ်မယ်။ အကောင်းဆုံး လုပ်မယ်ဆို
တာကိုတော့ ကြိုဆိုတာပေါ့ဗျာ။ အမြန်ဆုံးလုပ်ဖို့ လိုတယ်။”

ဒီတစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ နှစ်ဖက်ဘာသာရေး ခေါင်းဆောင်တွေရဲ့ထိန်းသိမ်းမှုတွေကို လည်း အသိအမှတ်ပြုတယ်လို့ သမ္မတဦးသိန်းစိန်ကပြော
ပါတယ်။

“အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံ
က ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်း
တွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သ
တင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်
လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍ
က ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။"

မိတ္ထီလာ အကြမ်းဖက်ဖြစ်ရပ်ဖြစ်ပွားအပြီး ရရက်အကြာမှ အခုလို ပြည်သူ
ကို မိန့်ခွန်းပြောလာတာ အနည်းငယ်နောက်ကျတယ်လို့ လည်းမန္တလေးမြို့
မြ၀တီမင်းကြီးကျောင်းထိုင် ပဓာန နာယက ဆရာတော် ဦးအရိယ၀ံသဘိ
ဝံသက မိန့်ပါတယ်။

“ အင်း ပြောရင် နည်းနည်းတော့ နောက်ကျတယ်ပြောရမယ်။ အမှန်တော့ အစိုးရအဖွဲ့အတွင်းမှာကို အားနည်းချက်တခုလို့ ဘုန်းကြီးတို့က ယူဆတာပဲ။ အမှန်တော့ သမ္မတကြီးရဲ့ ဒီမိန့်ခွန်းမျိုးကို အားလုံးတညီတညာတည်း ထောက်
ခံပြီးတော့ အားလုံးတညီတညာတည်း ထောက်ခံပြီးတော့ အားလုံးတညီတ
ညာတည်း လိုက်ပါသင့်တာ။”

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ အချိန်အားဖြင့် ၉ မိနစ် ကြာ ပြည်သူကို ရည်ရွယ်ပြီး ပြောခဲ့တဲ့ မိန့်ခွန်းကို လက်ရှိအချိန်မှာ ပြည်တွင်း ကသာမက
နိုင်ငံတကာ အသိုင်းအ၀ိုင်းကစိတ်ဝင်တစား စောင့်ကြည့် နေတာလည်း
ဖြစ်ပါတယ်။ 

သမ္မတဦးသိန်းစိန် ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ အခုလို ဘာသာရေးအပေါ် အခြေခံတဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဘယ်လောက်ထိ လျော့ပါးသွားမလဲ ဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရေး လေ့လာ
သူတွေက သုံးသပ်ပြောကြားကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောကြားစဉ် ( မတ်လ ၂၈၊ ၂၀၁၃) သတင်းမှတ်တမ်း- သမ္မတရုံးဝဘ်ဆိုက်ဒ်
အောင်ရဲ၊ မောင်မောင် 
VOA
ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုထိပါးတဲ့ လုပ်ရပ်မှန်သမျကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့် မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ် သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။

ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ

ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ 
Friday, March 29, 2013

ထိုင်းနိုင်ငံတောင်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ထိုင်းအစိုးရက တောင်
ပိုင်းက အဓိကမွတ်စလင် သူပုန်အဖွဲ့နဲ့ ကြာသာပတေးနေ့ ကစတင်ပြီး ငြိမ်း
ချမ်းရေး ဆွေးနွေးပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ အခြေစိုက်တဲ့ BRN အဖွဲ့ နဲ့ ထိုင်းအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာပြုလုပ်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ နောက်ထပ်ဖြစ်ပွားတဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ မွတ်စလင်သူပုန်တွေ လက်ချက်ဖြစ်တယ်လို့ စွတ်စွဲမှုတွေရှိနေစဉ်မှာပဲ ထိုင်းအစိုးရနဲ့  သူပုန်တွေအကြား ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းရေး
ဆွေးနွေးကြတာဖြစ်ပါတယ်။

အခုလိုဆွေးနွေးရာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျော့ကျဖို့ နဲ့  ယုံကြည်မှု တည်ဆောက်ဖို့ အတွက် အဓိက ရည်ရွယ်တယ်လို့  ထိုင်း
အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ ကနေ
အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့  ထိုင်းအမျိုးသား လုံခြုံရေး ကောင်
စီ အကြီးအကဲ က အကောင်းမြင်ပြောဆိုပေမဲ့ အချိန်အတိုင်း အတာ
တော့ ကြာလိမ့်မယ်လို့ ခန့် မှန်းပါတယ်။ 

VOA ထိုင်းနိုင်ငံတောင်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ထိုင်းအစိုးရ က တောင်ပိုင်းက အဓိကမွတ်စလင်သူပုန်အဖွဲ့နဲ့ ကြာသာ ပတေးနေ့ ကစတင်ပြီး ငြိမ်း ချမ်းရေး ဆွေးနွေးပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ အခြေစိုက်တဲ့ BRN အဖွဲ့ နဲ့ ထိုင်းအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် မှာပြုလုပ်တာဖြစ်ပါတယ်။

တောင်နဲ့မြောက်ကိုရီးယား နယ်စပ်ဖြတ်သန်းမှုရှိဆဲ


တောင်နဲ့မြောက်ကိုရီးယား နယ်စပ်ဖြတ်သန်းမှုရှိဆဲ
Friday, March 29, 2013

တောင်နဲ့မြောက်ကိုရီးယား ၂နိုင်ငံအကြားက အရေးပါတဲ့ ဆက်သွယ်ရေး လမ်းကြောင်း ကို မြောက်ကိုရီးယားဘက်က ဖြတ်တောက် လိုက်ပေမဲ့
လည်း နှစ်နိုင်ငံအကြား နယ်စပ် အခြေအနေတွေဟာ ကြာသပတေးနေ့ 
မှာ ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ အခြေအနေရှိနေတာကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ဆက်ထားစရာ မလိုတော့ဘူးဆိုပြီးတော့ မြောက်ကိုရီးယားက စစ်ဘက်
ဆိုင်ရာ တိုက်ရိုက် ဆက်သွယ်ရေး လမ်းကြောင်းကိုဗုဒ္ဓဟူးနေ့မှာ ဖြတ်
တောက်လိုက်တာပါ။

အရင်ကလည်း အဲ့ဒီ့စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း
ကို မြောက်ကိုရီးယားဖက်က မကြာခဏ ဖြတ်တောက် ခဲ့တဲ့အတွက်
မြောက်ကိုးရီးယားဖက်မှာ တောင်ကိုရီးယား အလုပ်သမားတွေ ပိတ်မိနေတာတွေ ရှိခဲ့ဘူး ပါတယ်။ ဒါပေမဲ့လုပ်ငန်းတွေဟာ ပုံမှန် လည်ပတ်နေဆဲဖြစ်တယ်လို့ Kaesong စက်မှုဇုံက ထရပ်ကားမောင်း
သမားတစ်ဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်ဒေသမှာ နှစ်ပေါင်းအတော်ကြာအတွင်း အခြေအနေတွေ
ဟာ အဆိုးဆုံး အနေအထားမှာ ရှိနေပြီး မြောက်ကိုရီးယားဖက်ကရော၊ အမေ
ရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ တောင်ကိုရီးယားဖက်ကပါ စစ်
ရေးအရပြင်ဆင်ချက်တွေကို ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။

VOA တောင်နဲ့မြောက်ကိုရီးယား ၂နိုင်ငံအကြားက အရေးပါတဲ့ ဆက် သွယ်ရေး လမ်းကြောင်းကို မြောက်ကိုရီးယားဘက် က ဖြတ်တောက်  လိုက်ပေမဲ့လည်း နှစ်နိုင်ငံအကြား နယ်စပ်အခြေ အနေတွေဟာ ကြာသပတေးနေ့မှာ ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ် ပါတယ်။ နှစ်နိုင်ငံအကြား အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ အခြေအနေ ရှိနေ

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေချိန်တွင် ဘာသာကြီး လေးခုမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယမ၀င်ပဲ မေတ္တာထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်းမှ တိုက်တွန်း


3.28.2
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော လူမျိုးရေးဘာသာရေး ပဋိပက္ခအသွင်ဆောင်ကာ ကြိုးပမ်းနေသော အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ အကြမ်းဖက်လူတစ်စုက ရည်ရွယ်ချက် ရှိရှိ ဆောင် ရွက်နေချိန်တွင် ဘာသာကြီးလေးဘာသာမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယ မ၀င်ပဲ မေတ္တာ ထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်း မှ ခေါင်းဆောင်များနှင့် လူငယ်များက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြောဆိုမှုကို မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဗိုလ်တစ်ထောင်မြို့နယ်ရှိ ၀ိုင်အမ်စီအေ ခန်းမတွင် ကျင်းပသော မြန်မာပြည်အတွက် ဆုတောင်းခြင်း (Pray For Myanmar) အခမ်းအနားတွင် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် လူငယ်များက တိုက်တွန်းပြောဆို ခဲ့ခြင်းဖြစ်သည်။

ဗကသ ဖြစ်မြောက်ရေးအဖွဲ့ဝင် ပျောက်ဆုံးနေမှု အမှုဖွင့်တိုင်ကြား

Photo: ဗကသ ဖြစ်မြောက်ရေးအဖွဲ့ဝင် ပျောက်ဆုံးနေမှု အမှုဖွင့်တိုင်ကြား

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးဟာ မတ်လ၂၅ရက်နေ့ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိဘာ့ကြောင့် ပျောက်ဆုံးနေတယ်ဆိုတာကို တစုံတရာစုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။

အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဗဟန်းရဲစခန်းမှာ လူပျောက်အမှုဖွင့် တိုင်ကြားထားပြီး ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုရဲမင်းဦးရဲ့ အစ်ကို ကိုဖိုးသားက RFA ကို အခုလို ပြောပါတယ်။

"၂၅ ရက်နေ့ည ၉ နာရီကျော်လောက်ကပါ၊ အရပ်ဝတ်အရပ်သား နှစ်ယောက်ပေါ့၊ လူနှစ်ယောက်တက်လာပြီးတော့ သူ့ကိုခေါ်တယ်ပေါ့၊ ကြေးသွန်းဘုရားကြီးရှေ့မှာ ကြံရည်ဆိုင်မှာသွားပြီး စကားပြောကြပါတယ်တဲ့၊ အဲဒါကို မသင်္ကာလို့ အနောက်က ကိုယ်တော်နှစ်ပါးက စောင့်ကြည့်တယ်ပေါ့၊ နောက်ထပ်လူငါးယောက် အားလုံးခုနှစ်ယောက်ကတဲ့ ဘင်ကားနဲ့ ကိုရဲမင်းဦးကို ခေါ်သွားပါတယ်၊ ထူးခြားတဲ့ဖြစ်စဉ်ဆိုလို့ ဘာမှကိုမေးမြန်းစုံစမ်းလို့ မရဘူးခင်ဗျ၊ နောက်ကျနော်ကနေ ၂၆ ရက်နေ့ မနက်မှာပဲ ဗဟန်းရဲစခန်းမှာ အမှုစဖွင့်တယ်၊ လူပျောက်နဲ့ဖွင့်ထားတယ်၊ ဒီနေ့မနက်လည်းထပ်သွားပါသေးတယ်၊ သူတို့က လူပျောက်တဲ့ကိစ္စကလွဲပြီး ဘာမှမသိရသေးပါ၊ ဘာမှစုံစမ်းလို့ မရသေးပါဆိုပြီး အတည်ပြုချက်ပေးပါတယ်ခင်ဗျ "

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအပါအ၀င်  နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးကွန်ရက် အဖွဲ့အစည်းတွေဆီကိုလည်း ပျောက်ဆုံးနေတဲ့ အခြေအနေကို ရေးသားပေးပို့သွားမယ်လို့ ကိုဖိုးသားက ဆိုပါတယ်။

ကိုရဲမင်းဦးဟာ အသက်၂၆ နှစ်အရွယ်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး ရခိုင်လူငယ်ကွန်ရက်မှာလည်း တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦး ဟာ မတ်လ၂၅ရက်နေ့ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိ ဘာ့ကြောင့် ပျောက် ဆုံးနေ တယ်ဆိုတာကို တစုံတရာစုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။
အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာ ဗဟန်းရဲစခန်းမှာ လူပျောက်အမှုဖွင့် တိုင်ကြား ထားပြီး ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကိုရဲမင်းဦးရဲ့အစ်ကို ကိုဖိုးသားက RFA ကို အခုလို ပြောပါတယ်။