Tuesday, March 4, 2014

ခရိုင်းမီးယားသို့ ရုရှားတပ်များဝင်ရောက်ပြီးနောက် အစုရှယ်ယာဈေးကျဆင်း

Photo: ခရိုင်းမီးယားသို့ ရုရှားတပ်များဝင်ရောက်ပြီးနောက် အစုရှယ်ယာဈေးကျဆင်း 
Tuesday, March 4, 2014

ရုရှားနိုင်ငံက နှစ်နိုင်ငံနယ်ခြား ယူကရိန်းနိုင်ငံဖက်ရှိ ခရိုင်းမီးယားကျွန်းဆွယ်ကိုဝင်ရောက်သိမ်းပိုက်လိုက်ပြီးနောက် အစုရှယ်ယာဈေးကွက်မှာ မတ်လ ၃ ရက်နေ့မှ စတင် ကျဆင်း
လျက်ရှိသည်။

အာရှ၊ ဥရောပနှင့် အမေရိကန် အစုရှယ်ယာဈးကွက်အားလုံး ၁ ရာခိုင်နှုန်း နှင့်အထက် ဈေးကွက်တွင်း ကျဆင်းသွားခဲ့သောကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံသူများကြား စိုးရိမ်စိတ်များဝင်လျက်ရှိသည်။

အမေရိကန်ဒေါ်လာ သန်းပေါင်း ၆ သောင်းရှိ ရုရှား ကုမ္ပဏီများပိုင်ဆိုင်သည့် အစုရှယ်ယာဈေးကွက်မှာ ၁၁ ရာခိုင်နှုန်းကျော် ကျဆင်း သွားခဲ့သည်။ ရုရှားနိုင်ငံသုံး ရူဘယ်လ် ငွေကြေးမှာလည်း အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် တကြိမ်တခါမှမဖြစ်ဖူးသည့် အနိမ့်ဆုံး ဈေးနှုန်းကို
ရောက်ရှိသွားခဲ့သည်။

မြန်မာတိုင်းမ်

ယူကရိန်းနိုင်ငံ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားတပ်များ ၀င်ရောက်လာသည်ကို မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ ထိုတပ်ဖွဲ့များသည် ခရိုင်းမီးယားကမ်းခြေစောင့်တပ် ဌာနချုပ်ကိုဝိုင်းရံထားပြီး ယူကရိန်းစစ်သားများအား လက်နက်ချရန် သတိပေးလျက်ရှိသည်။ ဒီဒဗျူ ဓါတ်ပုံ - အေအက်ပီ
ရုရှားနိုင်ငံက နှစ်နိုင်ငံနယ်ခြား ယူကရိန်းနိုင်ငံဖက်ရှိ ခရိုင်းမီးယားကျွန်းဆွယ်ကိုဝင်ရောက်သိမ်းပိုက်လိုက်ပြီးနောက် အစုရှယ် ယာဈေးကွက် မှာ မတ်လ ၃ ရက်နေ့မှ စတင် ကျဆင်းလျက်ရှိသည်။

Unity ဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို ပခုက္ကူ တရားရုံးတွင် ဒုတိယအကြိမ် ကြားနာစစ်ဆေး

နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေဖြင့် တရားစွဲဆိုခံရသော Unity ဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် သတင်းထောက် လေးဦးတို့ကို ပခုက္ကူတရားရုံးတွင် ဒုတိယအကြိမ် ကြားနာ စစ်ဆေး ခဲ့ကြောင်း ယင်းအမှုတွင် တရားစွဲ ခံရသူများဘက်မှ ဥပဒေ အကျိုးဆောင် အဖြစ် ဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောကြားသည်။

အင်းလျားဘေး ၃၄ ထပ်မြင့် အဆောက်အဦ ဆောက်တာ ဥပဒေနဲ့ ညီရဲ့လား

Photo: အင်းလျားဘေး ၃၄ ထပ်မြင့် အဆောက်အဦ ဆောက်တာ ဥပဒေနဲ့ ညီရဲ့လား
Tuesday, March 4, 2014

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက် ဦးထွန်းငြိမ်းလမ်းသည် အင်းလျားကန်ဘေးတွင် တည်ရှိပြီး ဆိပ်ငြိမ် ရပ်ကွက်တခုဟု လူသိများခဲ့သည်။ သို့သော် အခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် ၃၄ ထပ် အဆောက်အဦကြီးတခု လာရောက်ဆောက်လုပ်ရာမှ ရပ်ကွက်နေပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ကြောင့်ကြစရာ ဖြစ်လာနေခဲ့ရသည်။ သူတို့၏ စိုးရိမ်မှုများကို သက်ဆိုင်ရာအာဏာပိုင်များက လျစ်လျူရှုနေခဲ့သည်။

မြေအကျယ် ၁ ဒသမ ၈ ဧက ပေါ်တွင် Mandalay Golden Wing Construction(MGWC) ကုမ္ပဏီ လီမိတက်မှ Diamond Inya Palace ကွန်ဒိုမီယံ တည်ဆောက်နေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်း၊ လမ်းပျက်စီးခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းမှ လမ်းမပေါ်သို့ ရွှံ့ညွှန်များ စီးဆင်းခြင်း၊ အင်းယားကန်အတွင်းသို့ နုံးများပါဝင်သည့် ရေဆိုးများ ၀င်ရောက်ခြင်းတို့ တွေ့ကြုံနေရသဖြင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း အင်းလျားကန်ဘေးတွင် ရန်ကုန်တွင် အမြင့်ဆုံးဖြစ်မည့် အထပ်မြင့် အဆောက်အဦကြီးတခု ဆောက်လုပ်ခွင့် ရရှိနေခြင်းမှာ ဥပဒေနှင့်ညီရဲ့လားဟု ရပ်ကွက်အတွင်း နေထိုင်သူများက မေးခွန်းထုတ်ကြသည်။

၂၀၁၃ ခုနှစ်ထဲတွင် အင်းလျားကန်နှင့် လှော်ကားဥယျာဉ်တို့ကို စိမ်းလန်းစိုပြေရေး ဧရိယာများ အဖြစ် သတ်မှတ်လိုက်ပြီး ယင်းကန့်သတ် ဧရိယာအတွင်း အမြင့်ပေ ၆၂ ပေ ထက်ကျော်လွန်သော အဆောက်အဦများ မဆောက်လုပ်ရန် ထုတ်ပြန်ထားသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)က အင်းလျားကန်ဘောင်နှင့် ပေ ၂၀၀ ခန့်သာ ကွာဝေးသော နေရာတွင် ၃၄ ထပ်အဆောက်အဦကို ဆက်လက်ဆောက်လုပ်ခွင့်ပေးထားသည်။ အဆိုပါ ပေ ၄၀၀ ၀န်းကျင်ရှိပြီး ရန်ကုန်မြို့တွင် အမြင့်ဆုံးဖြစ်လာမည့် ၃၄ ထပ် အဆောက်အဦကို ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဧရာဝတီသတင်းဌာနက ထိုအထပ်မြင့် ဆောက်လုပ်မှုနေရာသို့ သွားရောက်ကြည့်ရှု့ခဲ့ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် ကပ်လျက်လမ်းမှာ အလွန်ကျဉ်းမြောင်းနေသောကြောင့် ကားနှစ်စီးရှောင်ရန်ပင် အခက်အခဲများ ရှိနေခြင်း၊ ညအချိန်ထိ အလုပ်လုပ်နေသော လုပ်ငန်းခွင်မှ အသံကြောင့် ရပ်ကွက်နေပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေခြင်း၊ လုပ်ငန်းခွင်မှ စွန့်ပစ်သော ရေဆိုးများ အင်းလျားကန်အတွင်းသို့ ၀င်ရောက်သွားသောကြောင့် ကန်စပ်တွင် နုံးများပြည့်လာပြီး ကန်၏ သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေသည်ကို တွေ့မြင်ခဲ့ရသည်။

ယင်း Diamond Inya Palace ကွန်ဒိုမီယံ တည်ဆောက်မှုတွင် EIA ၊ SIA ဟုခေါ်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများကို ထည့်သွင်းတွက်ချက်ခြင်း မရှိဟု ရပ်ကွက်နေလူထုက ပြောဆိုကြသည်။

“လမ်းကကျဉ်းကျဉ်းလေးမှာ ဘာရေမြောင်းမှ မရှိဘူး။ ဒီတိုင်း Waste တွေကို စွန့်ထုတ်တော့ လမ်းသွားရေးလာရေးခက်တယ်။  စလပ်လောင်းတဲ့အချိန်ဆို ဆူညံနေတာပဲ။ ကျနော်တို့ ဖြစ်စေချင်တာက သက်ဆိုင်တဲ့ လူကြီးတွေ ဒီနေရာကို ကွင်းဆင်းစစ်ပေးဖို့နဲ့ အထပ်လျှော့ပေးဖို့ တောင်းဆိုချင်တယ် ” ဟု ယင်းဆိပ်ငြိမ် ရပ်ကွက်အတွင်း နေထိုင်သူ ဦးစိုးမင်းထိုက်က ပြောသည်။

အထပ်မြင့် ၃၄ ထပ်ဆောက်လုပ်မည့် Diamond Inya Palace ကွန်ဒိုမီယံကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောက်လုပ်ခွင့် ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ကွက်တွင် နေထိုင်သူများက ကွန်ဒိုမီနီယံ ဆောက်မည်ကို သိရှိသဘောတူကြောင်း လက်မှတ်ထိုးခိုင်းလာသည့်အခါတုန်းက ၃၄ ထပ် အထပ်မြင့် ဆောက်လုပ်မည်ကို မသိရှိခဲ့ရကြောင်း၊ သိရသောအခါ လက်မှတ်ထိုးထားမှုကို ပြန်လည်ရုတ်သိမ်းကြောင်းကို  လွှတ်တော် ၊ သမ္မတရုံး ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း အကြောင်းမထူးကြောင်း ဧရာဝတီသို့ ပြောဆိုကြသည်။

MGWC ကုမ္ပဏီမှ Diamond Inya Palace ကွန်ဒိုမီယံဆောက်လုပ်နေခြင်းသည် အရောင်းစင်တာ အပါအ၀င် လူနေတိုက်ခန်း ၅၀၀ ခန့် ပါဝင်သော ၃၄ ထပ် အမြင့်ရှိပြီး အလွန်မြင့်မားနေသဖြင့် ပတ်ဝန်းကျင်နှင့် ညီညွတ်မှု မရှိခြင်း၊ လမ်းအကျယ် ၁၇ ပေခန့်ရှိ ဦးထွန်းငြိမ်းလမ်း(လမ်းကျဉ်းလေး)ကို အသုံးပြုတည်ဆောက်ရခြင်းကြောင့် အန္တရာယ်များစွာဖြစ်နိုင်ခြင်း၊ ကွန်ဒိုတွင် လာရောက်နေထိုင်မည့် မိသားစုများ၏ မော်တော်ယဉ်များကြောင့် ယဉ်ကြောရှုပ်ထွေးမှု၊ ပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဈေးရောင်းခန်းများ မပါရှိဘဲ အထပ်နိမ့်ဆောက်လုပ်ရန်၊ ပတ်ဝန်းကျင်နေ မိသားစုများ၏ သဘောတူညီမှု ရယူဆောက်လုပ်ရန်နှင့် လမ်းများပျက်စီနေမှုတို့ကို စိစစ်အရေးယူပေးရန် ရပ်ကွက်နေပြည်သူများက ပြည်သူ့လွှတ်တော် စီမံခန့်ခွဲမှုကော်မတီသို့ ၂၀၁၃ ခုနှစ် ဇွန်လတွင် တင်ပြခဲ့ကြသည်။

ရပ်ကွက်တွင် နေထိုင်သူများ၏ တင်ပြချက်ကို ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ၂၀၁၃ ခုနှစ် အောက်တိုဘာလ ဒုတိယအပတ်တွင်း၌ MGWC ကုမ္ပဏီနှင့် ရပ်ကွက်နေ ပြည်သူများကို ခေါ်ယူတွေ့ဆုံပြီး နှစ်ဖက်စလုံးအား ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့သော် ကွန်ဒိုမီယံ တည်ဆောက်မှုမှာ ဖောင်ဒေးရှင်းအဆင့် ပြီးစီးလုချိန်ဖြစ်နေပြီဖြစ်သောကြောင့် အလွန်နောက်ကျနေပြီ ဖြစ်ကြောင်း၊ လွှတ်တော်တွင် နှစ်ဖက်စလုံးကို ခေါ်ယူကြားနာပြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကိုလည်း နှစ်ဖက်စလုံး၏ လက်ထဲသို့ ထည့်လိုက်ပြီ ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်မတီတခုအနေဖြင့် ထိုမျှလောက်သာ လုပ်ပေးနိုင်ကြောင်း ပြည်သူ့လွှတ်တော် ပြည့်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။

“လမ်းလေးက လမ်းကျဉ်းလေး ။ နိုင်ငံတကာမှာက EIA ၊ SIA လုပ်ပြီးမှ ဆောက်လုပ်ခွင့် ပြုတာလေ။ မြန်မာနိုင်ငံမှာက ဒီစနစ်က မရှိသေးဘူး။ တိုင်းပြည်ဖွံ့ဖြိုးဖို့ လုပ်တာ မှန်ပေမယ့် စနစ်ကျဖို့ လိုတယ်။ ပတ်ဝန်းကျင် လူထုကို မထိခိုက်ဖို့လည်း လိုတယ်။ ဒီလောက်အများကြီးဖြစ်တဲ့ ကားတွေ ၀င်မယ် ထွက်မယ်ဆိုရင်တော့ အခက်အခဲရှိတာတော့ အမှန်ပဲ။ သို့သော် ရပ်ကွက်လူထု အခက်အခဲရှိတာကို EIA ၊ SIA မလုပ်ဘဲနဲ့ ရန်ကုန်က ၀န်ကြီးချုပ်နဲ့ မြို့တော်ဝန်က သူတို့လုပ်တာ လုပ်ထုံးလုပ်နည်းနဲ့ ညီတဲ့အကြောင်း ပြောနေတယ်” ဦးတင်မောင်ဦးက ပြောသည်။

လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီမှ ပြည်ထောင်စုအစိုးရထံသို့ ယင်းကိစ္စကို ဖြေရှင်းပေးရန် တောင်းဆိုချက်အရ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ဖြေရှင်းချက်တွင် MGWC ကုမ္ပဏီက ဆောက်လုပ်ခွင့်တင်ြ့ပခဲ့စဉ်က EIA ၊ SIA တို့အား ရန်ကုန်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဘဲ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အထပ်မြင့် အဆောက်အဦများ စိစစ်ရေး ကော်မတီ ဖွဲ့စည်းပြီးမှသာလျှင် EIA ၊ SIA ကိစ္စရပ်များ ထည့်သွင်းစဉ်းစားပေးနေကြောင်း ၊ အဆိုပါ ၃၄ ထပ် အဆောက်အဦ ဆောက်လုပ်ခွင့် တင်ပြရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်မြေကျန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသဖြင့် ပတ်ဝန်းကျင် နေအိမ်များ၏ သဘောထားကို တောင်းခံခဲ့ခြင်း မရှိကြောင်း၊ ယင်း အဆောက်အဦသည် YCDC ၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအရ အမြင့်ပေ ၄၁၇ ပေထက် ကျော်လွန်ခြင်း မရှိသောကြောင့် အထပ် လျှော့ချရန်နှင့် လုပ်ငန်းများ ရပ်ဆိုင်းထားရန် မလိုကြောင်း ဖော်ပြထားသည်။

ထို့ပြင် အင်လျားကန် အစပ်နှင့် ပေ ၂၀၀ ကွာဝေးသဖြင့် ကန်ရေပြင်အား ရွှံ့နွံ့များ ဖုံးလွှမ်းပျက်စီးနိုင်ခြင်း မရှိဘဲ ထွက်ရှိလာသော ရေများကို အင်းလျားကန်ဘက်သို့ စွန့်ပစ်ခြင်း မရှိဘဲ စည်ပင်သာယာမြောင်းအတွင်းသို့ စွန့်ပစ်မည်ဟုလည်း ဖော်ပြထားသည်။

ရပ်ကွက်လူထုကမူ မည်သည့်အာဏာပိုင်အဖွဲ့အစည်းကမျှ အောက်ခြေထိလာရောက်စုံစမ်းစစ်ဆေးခြင်း မရှိဟု ဆိုသည်။ ထို့ပြင် MGWC ကုမ္ပဏီလီမိတက်ကို သမ္မတရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က အကာအကွယ်ပေးထားသည်ဟုပင် ယုံကြည်နေကြသည်။

“ရပ်ကွက်ထဲက ပြည်သူတွေက လွှတ်တော်မှာ အချက်အလက်နဲ့ ပြောခဲ့တယ်။ သူတို့ (ကုမ္ပဏီ)ဘက်က ဘာမှ ကန့်ကွက်စရာမရှိပါဘူးလို့ ပြောပြီး အစိုးရ အစီရင်ခံစာထွက်လာတော့ သူတို့ဘက်က ဖြစ်နေတယ်။ ကျနော်တို့ ထပ်တောင်းဆိုတော့မှ သူတို့ဘက်က ပိုခိုင်မာသွားတယ် ။ သူတို့ ဒီအထပ်မြင့်ကြီး လာဆောက်တုန်းကလည်း ပတ်ဝန်းကျင်ရဲ့ ထောက်ခံချက်ကို မယူခဲ့ဘူး။ လွှတ်တော်ကလည်း အောက်ခြေအထိဆင်း မစစ်ခဲ့ဘူး ” ဟု ယင်းဆောက်လုပ်ရေး လုပ်ငန်း၏ လမ်းတဖက်ခြမ်းတွင် နေထိုင်သူတဦးက ပြောသည်။

ဧရာဝတီ
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက် ဦးထွန်းငြိမ်းလမ်းသည် အင်းလျားကန်ဘေးတွင် တည်ရှိပြီး ဆိပ်ငြိမ် ရပ်ကွက်တခုဟု လူသိများခဲ့သည်။ သို့သော် အခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် ၃၄ ထပ် အဆောက်အဦကြီးတခု လာရောက်ဆောက်လုပ်ရာမှ ရပ်ကွက်နေပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ကြောင့်ကြစရာ ဖြစ်လာနေခဲ့ရသည်။ သူတို့၏ စိုးရိမ်မှုများကို သက်ဆိုင်ရာအာဏာပိုင်များက လျစ်လျူရှုနေခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သတင်းစာရှင်းလင်းပွဲ အသိပေးချက်ထုတ်ပြန်ထား

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သတင်းစာရှင်းလင်းပွဲ အသိပေးချက်ထုတ်ပြန်ထား
Tuesday, March 4, 2014

(၁၁)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် များ အလွတ်သဘောအစည်း အဝေးသတင်းစာရှင်းလင်းပွဲကို မတ်လ ၅ရက်နေ့ နေ့လည် နှစ် နာရီတွင် နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်တက်ရောက် ရှင်းလင်းမည့်အဆိုပါ သတင်းစာ ရှင်းလင်းပွဲအစီအစဉ်များကို သတင်းမီဒီယာများအနေဖြင့် ကြို တင်သိရှိထားရန် အသိပေးထုတ် ပြန် အသိပေးထားကြောင်း သိရ သည်။ အဆိုပါထုတ်ပြန်ချက်အသိ ပေးချက်တွင် ပထမဦးစွာ (၁၁) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအလွတ် သဘောအစည်းအဝေး၏ ပူးတွဲ ထုတ်ပြန်ကြေညာချက်ကိုရှင်းလင်း မည်ဖြစ်ကြောင်း၊ ၎င်းနောက် ဒုတိယအစီအစဉ်အရ သတင်း မီဒီယာများသိလိုသော မေးခွန်း များကို ပြန်လည်ဖြေကြားပေး မည်ဖြစ်ကြောင်း၊ အစည်းအဝေး ထုတ်ပြန်ကြေညာချက်နှင့်စပ်လျဉ်း သော မေးခွန်းများမေးမြန်းရန် အတွက် ကြိုတင်လေ့လာထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အစည်း အဝေးပူးတွဲကြေညာချက်နှင့် မသက်ဆိုင်သောမေးခွန်းများကို လက်ခံဖြေဆိုပေးမည်မဟုတ်ဟု အကြမ်းဖျင်းသိရကြောင်း၊ မေးခွန်း များ မေးမြန်းခြင်း၊ ပြန်လည်ဖြေ ကြားခြင်းအတွက် အချိန် ၃၀ မိနစ်ခန့်လျာထားကြောင်း ပြန် ကြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင်ထုတ်ပြန်အသိပေး ထားသည်။      

ခြေမြန်တော်

The Hot News Weekly
(၁၁)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်း အဝေးသတင်း စာ ရှင်းလင်းပွဲကို မတ်လ ၅ရက်နေ့ နေ့လည် နှစ်နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ် မည်ဖြစ် ကြောင်း သိရသည်။

တရုတ်က ကာကွယ်ရေးပစ္စည်း အများဆုံး တင်သွင်းသူဖြစ်လာ

တရုတ်က တောင်ကိုရီးယားကို ဖြတ်ကျော်ကာ အရှေ့အာရှအကြီးဆုံး ကာကွယ်ရေးပစ္စည်းများ တင်သွင်းသူ ဖြစ်လာကြောင်း မတ်လ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မန္တလေး လူရွှင်တော်အသင်းဥက္ကဋ္ဌ ဦးချစ်စရာဖွင့်ဟတဲ့ လူရွှင်တော်ဘဝ "

မန္တလေးမြို့မှာ ပွဲကရင် ဒါမှမဟုတ် ပွဲလုပ်ရင် ရှုံးတယ်လို့ လူရွှင်တော်အသင်းဥက္ကဋ္ဌ ဦးချစ်စရာက ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဦးချစ်စရာက” ရန်ကုန်မှာ မော့စ် တစ်နှ စ်ပြည့် လုပ်ကြတာပေါ့။ လုပ်သင့်တဲ့ ပွဲပါ။ ဝမ်းသာပါတယ်။ မန္တလေးမှာ အဲဒီလိုမျိုး သက်ကြီးရန်ပုံငွေအတွက်လုပ်ဖို့ တော့ လောလောဆယ် အစီအစဉ် မရှိသေးဘူး။ လုပ် ရင်လည်း ရှုံးမှာပဲ။ ငွေအင်အားလည်းလို သေးတယ်လေ။ လုပ်ရင်လည်းရှုံးတာက များတာကြောင့် မလုပ်ဖြစ်ဘူး။

မြောက်ကိုရီးယား တာတိုပစ်ဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံသည် တနင်္လာနေ့က တာတိုပစ် ဒုံးကျည်နှစ်စင်းကို နိုင်ငံအရှေ့ဘက်ကမ်းခြေမှ ပင်လယ်အတွင်းသို့ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မတ်လ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တာလီဘန်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည်ဟု ပါကစ္စတန် ကြေညာ

တာလီဘန်စစ်သွေးကြွများက ပါကစ္စတန် အစိုးရနှင့် တစ်လကြာ အပြန်အလှန်အပစ်အခတ် ရပ်စဲရေးကို ကြေညာခဲ့ပြီးနောက် တစ်ရက်တွင် ၎င်းတို့အား လေကြောင်းမှ တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ကြေညာ ခဲ့သည်ဟု မတ်လ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အချစ်က ဥာဏ်ကောင်းစေဟု ဆို

Photo: အချစ်က ဥာဏ်ကောင်းစေဟု ဆို
Tuesday, March 4, 2014

သိပ္ပံပညာအရ လေ့လာတွေ့ရှိထားခြင်းလို့ ဆိုပါတယ်။ Falling in Love လို့ ခေါ်တဲ့ ချစ်စိတ်ဝင်နေခြင်းက ခန္ဓာကိုယ် နဲ့ စိတ် ကို တည်ငြိမ်စေ ပါသတဲ့။ အကြောင်းအရင်းကတော့ ဦးနှောက် အာရုံကြော ဖွံ့ဖြိုးမှုနှုန်ကို ပိုမို မြန်ဆန်စေခြင်းကြောင့် ဖြစ်ပါတယ်။ 

ပြီးတော့ ချစ်စိတ်ဝင်နေတဲ့ သူတစ်ယောက်မှာ ဦးနှောက်နဲ့ အာရုံကြော မှတ်ဥာဏ် ကို တိုးမြင့်စေသော ဟိုမုန်းများ သာမန်ထက် ထွက်ရှိစေပါတယ်။ ဒါကြောင့် ဦးနှောက်မှာ ဆဲလ်အသစ်များ ဖြစ်ပေါ်ပြီး မှတ်ဥာဏ်ကောင်းမွန် စေခြင်း၊ တည်ကြည်ရင့်ကျက်စေခြင်း၊ အတွေးအခေါ် သစ်များ ထွက်ပေါ်စေခြင်း အစရှိသဖြင့် ကောင်းကျိုးများစွာ ဖြစ် ထွန်း စေ ပါတယ်။ 

ဒါကြောင့် လေ့လာသူ ဆေးပညာရှင်များက Love makes you smarter ဆိုတဲ့ စကားကို အတည်ပြုလက်ခံထားကြကြောင်း သိရပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)
သိပ္ပံပညာအရ လေ့လာတွေ့ရှိထားခြင်းလို့ ဆိုပါတယ်။ Falling in Love လို့ ခေါ်တဲ့ ချစ်စိတ်ဝင်နေခြင်းက ခန္ဓာကိုယ် နဲ့ စိတ် ကို တည်ငြိမ်စေ ပါသတဲ့။ အကြောင်းအရင်းကတော့ ဦးနှောက် အာရုံကြော ဖွံ့ဖြိုးမှုနှုန်ကို ပိုမို မြန်ဆန်စေခြင်းကြောင့် ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်မြင့်မား

ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီး ၁၇ မြို့မှာ အခု မတ်လဆန်း က စလို့ ဒီတပတ် အတွင်းမှာ ခရမ်းလွန် ရောင်ခြည် (Ultra Violet Rays) မြင့်မား လာဖို့ ရှိကြောင်း မိုးလေဝသ နဲ့ ဇလဗေဒ ဌာန မှ ပညာရှင်တွေ က ပြောပါတယ်။

အဆင့်မြင့် ကျောက်ဖြူအကျဉ်းထောင်သစ်ကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ

Photo: အဆင့်မြင့် ကျောက်ဖြူအကျဉ်းထောင်သစ်ကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ
Tuesday, March 4, 2014

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အပြည်ပြည် ဆိုင်ရာ နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)၏စံချိန်စံညွှန်းနှင့်အညီ အဆင့်မြင့် အကျဉ်းထောင်အသစ် တည်ဆောက်မှုနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများရှိလာသည်ဟု မြို့ခံအချို့ကဆိုသည်။

ထိုသို့ဆောက်လုပ်လျက်ရှိသည့် အကျဉ်းထောင်သစ်မှာ လက်ရှိ ပင်မကျောက်ဖြူထောင်၏ မြောက်ဘက်တွင် ကပ်လျက်တည်ဆောက်နေ ခြင်းဖြစ်ရာ အကျဉ်းသား ၄ဝဝခန့် အိပ်ဆောင်အဆောက်အအုံနှစ်လုံးနှင့် အကျဉ်းသားဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲအဆောက်အအုံတစ်လုံးကိုပါ တွဲလျက်တည်ဆောက်နေကြောင်း အဆိုပါအကျဉ်းထောင်အား တာဝန် ယူ တည်ဆောက်နေသည့် ဇမ္ဗြူ<ွကယ်ဆောက်လုပ်ရေးကုမ္ပဏီမှ ကျောက်ဖြူ တာဝန်ခံက ပြောကြားသည်။

''အကျဉ်းဦးစီးရဲ့ စီမံညွှန်ကြားတဲ့အတိုင်း အိုင်စီအာရ်စီရဲ့ စံချိန်စံ ညွှန်းနဲ့အညီ အကျဉ်းသားတစ်ယောက်နေရမယ့်အခန်းအကျယ်ဟာ အကျယ် အဝန်း ၃၆ စတုရန်းပေအထိအကျယ်ယူပြီး တည်ဆောက်ရတာပါ''ဟု ဇမ္ဗြူ<ွကယ်ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦး က ပြောသည်။

အကျဉ်းထောင်သစ် တိုးချဲ့တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့ခံ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာ သူတစ်ဦးက''ကျောက် ဖြူဒေသခံတွေအပြင် ရခိုင်တစ်ပြည်လုံး အတိုင်းအတာအရ ဒီအကျဉ်းထောင် သစ် တည်ဆောက်နေတာကို စိုးရိမ်ပူပန်မှုတွေရှိကြသလို သံသယစိတ် တွေလဲ မကင်းကြပါဘူး။ ဘာကြောင့် စိုးရိမ်ပူပန်မှုတွေ၊ သံသယစိတ်တွေ ရှိကြတာလဲဆိုတာကို ပြောကြားဖို့ကခက်ပါတယ်။ စစ်အာဏာရှင်ဦးနေဝင်း တို့၊ ဦးသန်းရွှေတို့လို ပြီးခဲ့တဲ့ခေတ်တွေက ဒီမိုကရေစီလှုပ်ရှားသူတွေ၊ ရခိုင် လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဘာလုပ်ခဲ့လဲဆိုတာကို အားလုံးကသိကြ မယ်လို့ ထင်ပါတယ်''ဟုပြောသည်။

''ထောင်ဆိုရင်လန့်တယ်။ ကျွန်တော်တို့အမြင်က အကျဉ်းသား တွေ ပြည့်နှက်လာလို့ ထောင်သစ်တိုးချဲ့တာလို့ ထင်တာကတစ်ကြောင်း၊ နောက်တစ်ခုက အကြောင်းကိစ္စတစ်ခုခုကြောင့် လူအခွင့်အရေးလှုပ်ရှား တာတို့၊ လူ့အခွင့်အရေးတောင်းဆိုတာတို့ရှိလာရင် စစ်အစိုးရလက်ထက် ကလို မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးထောင်ချမယ့်စီမံကိန်းလို့ သံသယ စိတ်တွေနဲ့ ကြောင့်ကြစိတ်တွေရှိကြပါတယ်'' ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

Yangon Media Group
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အပြည်ပြည် ဆိုင်ရာ နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)၏စံချိန်စံညွှန်းနှင့် အညီ အဆင့်မြင့် အကျဉ်းထောင်အသစ် တည်ဆောက်မှုနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် စိုးရိမ် ထိတ်လန့်မှုများရှိလာသည်ဟု မြို့ခံအချို့ကဆိုသည်။

တရုတ်နိုင်ငံသား ဘီလီလျံနာများ အံ့သြစရာနှုန်းနဲ့ တိုးတက်လာ

Photo: တရုတ်နိုင်ငံသား ဘီလီလျံနာများ အံ့သြစရာနှုန်းနဲ့ တိုးတက်လာ
Tuesday, March 4, 2014

Forbes မဂ္ဂဇင်းရဲ့ နှစ်စဉ်ကြွယ်ဝချမ်းသာမှု စာရင်း မှာ တရုတ်နိုင်ငံရဲ့ ထင်ပေါ်မှုဟာ ဒီနှစ်ရဲ့ အားအကောင်းဆုံး အလားအလာတစ်ရပ် ဖြစ်နေတယ်လို့ အယ်ဒီတာ Randall Lane က CNBC ကို မတ်လ ၄ရက်နေ့မှာ ပြောသွားပါတယ်။

၂၀၁၄ခုနှစ် စာရင်းမှာ တရုတ်က ဘီလီလျံနာ (၁၅၂)ယောက်ကို မှတ်ပုံတင်သွားပါတယ်။ မနှစ်က (၁၂၂) ယောက်ပဲရှိခဲ့တာဆိုတော့ ၂၅ရာခိုင်နှုန်းတောင် တက်လာတယ်ပေါ့။ ဟောင်ကောင် ကလည်း ဘီလီလျံနာ (၄၅) ယောက်ကို မှတ်ပုံ တင်ထားပါသေးတယ်။

“ဒါဟာ ဒီနှစ်ရဲ့ အကြီးမားဆုံး အလားအလာ ဖြစ်နိုင်ပါတယ်။ တရုတ် ပြည်မကြီးထဲကချည်း လူသစ် ဘီလျံနာ အယောက် (၃၀) ကျော်ရလာတာလေ။” လို့ အယ်ဒီတာ Lane ကပြောပါတယ်။

Ref:cnbc.com

Trend Myanmar
Forbes မဂ္ဂဇင်းရဲ့ နှစ်စဉ်ကြွယ်ဝချမ်းသာမှု စာရင်း မှာ တရုတ်နိုင်ငံရဲ့ ထင်ပေါ်မှုဟာ ဒီနှစ်ရဲ့ အား အကောင်းဆုံး အလားအလာတစ်ရပ် ဖြစ်နေတယ်လို့ အယ်ဒီတာ Randall Lane က CNBC ကို မတ်လ ၄ရက်နေ့မှာ ပြောသွားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာပင် အငြင်းပွားနေပြီး အာရှတိုက်၌ လုံးဝမရှိသော လိင်တူလက်ထပ်ခြင်းကို မြန်မာနိုင်ငံမှာ ခွင့်ပြုလိုက်ပြီလား

Photo: အမေရိကန်ပြည်ထောင်စုမှာပင် အငြင်းပွားနေပြီး အာရှတိုက်၌ လုံးဝမရှိသော လိင်တူလက်ထပ်ခြင်းကို မြန်မာနိုင်ငံမှာ ခွင့်ပြုလိုက်ပြီလား
Tuesday, March 4, 2014

အမေရိကန်ပြည်ထောင်စုမှာပင် အငြင်းပွားနေပြီး အာရှတိုက်၌ လုံးဝမရှိသော လိင်တူလက်ထပ်ခြင်းကို မြန်မာနိုင်ငံ၌ ခွင့်ပြုလိုက်ပြီလားဆိုသည့် မေးခွန်းများထွက်ပေါ်နေသည်။
    
မတ် ၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Excel Treasure ဟိုတယ်တွင် လိင်တူချစ်သူ အမျိုးသားနှစ်ဦးဖြစ်သည့် ကိုမျိုးမင်းထက်နှင့် ကိုတင်ကိုကိုတို့၏ (၁၀) နှစ်ပြည့် မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ပြီးနောက် အဆိုပါမေးခွန်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ လိင်တူချစ်သူနှစ်ဦး၏ မင်္ဂလာအခမ်းအနားကို The Voice ၊ 7 Day ၊ Democracy Today အစရှိသည့် သတင်းစာများတွင်လည်း ဂုဏ်ယူစရာ သတင်းတစ်ရပ်အနေဖြင့် ဖော်ပြခဲ့ကြသည်။
    
မြန်မာနိုင်ငံ၌ လိင်တူလက်ထပ်ခြင်းကို ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တားမြစ်ထားပြီး ကျူးလွန်ပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်အထိ သတ်မှတ်ထားသည်။
    
ရာဇသတ်ကြီး ပုဒ်မ ၃၇၇ တွင် "မည်သူမဆို ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ၊ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလုပ်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်"ဟု ပြဋ္ဌာန်းထားသည်။
    
ထိုကဲ့သို့ ဥပဒေရှိလျက်နှင့်ပင် လိင်တူချစ်သူ အမျိုးသားနှစ်ဦး၏ မင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၌ ခမ်းနားစွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    
ဗဟန်းမြို့နယ် ရဲစခန်းကမူ Excel Treasure ဟိုတယ်၌ ပြုလုပ်ခဲ့သော မင်္ဂလာအခမ်းအနားနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟုဆိုသည်။
    
"Excel Treasure ဟိုတယ်မှာ ကျင်းပသွားတဲ့ အမျိုးသားနှစ်ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာအခမ်းအနားနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့အနေနဲ့စုံစမ်းပြီးတော့ စစ်ဆေးသွားပါမယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ ၃၇၇ နဲ့ ကိုက်ညီတယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူသွားပါမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးမြင့်လွင်စန်းက မတ် ၃ ရက် တွင် The Daily Eleven သို့ ပြောကြားသည်။

ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံတွင်သာ လိင်တူလက်ထပ်ခြင်းကို လွတ်လပ်စွာခွင့်ပြုထားပြီး ၁၃ နိုင်ငံ၌ ဥပဒေကန့်သတ်ချက်များဖြင့် ခွင့်ပြုထားသည်။ ကျန်ရှိသော နိုင်ငံအများစုတွင် လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုမထား 
ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံတွင်သာ လိင်တူလက်ထပ်ခြင်းကို လွတ်လပ်စွာခွင့်ပြုထားပြီး ၁၃ နိုင်ငံ၌ ဥပဒေကန့်သတ်ချက်များဖြင့် ခွင့်ပြုထားသည်။ ကျန်ရှိသော နိုင်ငံအများစုတွင် လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုမထားဘဲ အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် ၁၈ ခုတွင်သာ ခွင့်ပြုထားပြီး ပြည်နယ်လေးခုတွင် အကန့်အသတ်ဖြင့်ခွင့်ပြုကာ ကျန်ပြည်နယ်များတွင် ခွင့်ပြုထားခြင်း မရှိချေ။
    
အာရှနိုင်ငံများထဲတွင် လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုထားသည့်နိုင်ငံတစ်နိုင်မျှမရှိဘဲ အချို့နိုင်ငံများတွင် သေဒဏ်အထိ အပြစ်ပေးနိုင်သော ဥပဒေများဖြင့် တားမြစ်ထားသည်။
    
မြန်မာနိုင်ငံ၌ ဥပဒေအရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော လိင်တူလက်ထပ်ခြင်းကို ဘာသာရေးအရလည်း ခွင့်ပြုထားခြင်း မရှိပေ။
    
"ဘုန်းကြီးတို့ ဗုဒ္ဓဘာသာမှာ ခွင့်ပြုမထားပါဘူး။ လောကသဘာဝယုတ္တိရော၊ ကမ္မသဘာဝယုတ္တိရောမှာ ဒါတွေက မသင့်လျော်ပါဘူး။ အဲဒီအပေါ်မှာတော့ ဘုန်းကြီးတို့က သဘောမတူဘူး။ ဒီမိုကရေစီဆိုသော်လည်းပဲ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့လုပ်ငန်းစဉ်တွေကို အားမပေးဘူး။ ဘုရားနည်းနဲ့လည်း မကိုက်ညီဘူး။ ဒီမိုကရေစီဆိုပြီး ဒါတွေက မဖြစ်သင့်တဲ့ကိစ္စတွေဖြစ်တယ်။ ဒီမိုကရေစီကို ခုတုံးလုပ်ပြီးတော့ ထင်ရာစိုင်းနေမယ်ဆိုရင်တော့ တိုင်းပြည်က အကျင့်စာရိတ္တပိုင်းဆိုင်ရာမှာ လျော့မယ်။ အကျင့်စာရိတ္တ မပါဘူးဆိုရင် ကျန်တဲ့အပိုင်းတွေမှာလည်း လဲပြိုသွားမှာပဲ။ ဘာသာရေးအရရော၊ လူမှုရေးအရရော ဒါတွေက လုံးဝကိုက်ညီမှုမရှိဘူး။ ဗုဒ္ဓဒေသနာအရလည်း ဒါတွေက ကိုက်ညီမှုမရှိဘူး။ လောကရေးရာအရလည်း ဥပဒေရေးရာအရလည်း ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်သင့်တယ်"ဟု မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
    
မြန်မာနိုင်ငံတွင် လိင်တူလက်ထပ်ခြင်းကို ဥပဒေအရ တားမြစ်ထားသော်လည်း  လိင်တူချစ်သူ အခွင့်အရေးဆိုင်ရာ ကွန်ရက်နှင့်အတူ ချိတ်ဆက်ထားသော လိင်တူချစ်သူအဖွဲ့အစည်း ၁၉ ဖွဲ့အထိရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ၂၅ ဖွဲ့အထိဖြစ်အောင် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
    
Excel Treasure ဟိုတယ်၌ မင်္ဂလာအခမ်းအနား ဆင်နွှဲခဲ့သူ လိင်တူချစ်သူအမျိုးသား နှစ်ဦးစလုံးသည် လိင်တူချစ်သူများအတွက် ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။
    
လိင်တူချစ်သူ အမျိုးသားနှစ်ဦး ဖြစ်သည့် ကိုမျိုးမင်းထက်နှင့် ကိုတင်ကိုကိုတို့သည် လွန်ခဲ့သည့် ၁၀ နှစ်အချိန်ကပင် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး မတ် ၂ ရက်က ပြုလုပ်ခဲ့သောပွဲသည် ၁၀ နှစ်တာ ပေါင်းသင်းခြင်းကို ပြဆိုခြင်းသာဖြစ်ကြောင်း လိင်တူချစ်သူများ၏ အခွင့်အရေးကို အဓိကလုပ်ဆောင်နေသည့် လူ့အခွင့်အရေးပညာပေးဌာန (HREIB) ၏ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ဆိုသည်။
    
"လက်ထပ်ခဲ့တဲ့ဟာကို သူတို့အနေနဲ့  အထိမ်းအမှတ်လုပ်တာပဲ ဖြစ်ပါတယ်။ မနေ့က လက်ထပ်ပွဲဆိုတာက တရားဥပဒေအရ လက်ထပ်စာချုပ်နဲ့ လက်ထပ်တာမဟုတ်ဘဲနဲ့ ဒီနှစ်ယောက်က ၁၀ နှစ်တာ ပေါင်းသင်းခဲ့တဲ့ အထိမ်းအမှတ်ကို သူတို့ရဲ့မိတ်ဆွေကြားထဲမှာ ပြန်ပြီးတော့ ပြတဲ့သဘောဖြစ်တယ်။ အခုမှလက်ထပ်တယ်လို့ ထင်နေတာတော့ မဟုတ်ဘူးဗျ။ အဲဒီတော့ ပထမဆုံးအနေနဲ့ ၁၀ နှစ်တာ သူတို့တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ လက်တွဲခဲ့တဲ့ဟာကို လူသိရှင်ကြား ကြေညာတာရယ်၊ ဒီဟာနဲ့ပတ်သက်ပြီး သူတို့အပေါ်မှာ သူတို့ချစ်ခင်တဲ့သူတွေကအသိ အမှတ်ပြုလုပ်ဆောင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အခုချိန်အထိ လိင်တူချင်းချစ်တာကို တရားဝင်ခွင့်ပြုထားတာ မရှိသေးပါဘူး။ ဒီဟာက တရားဥပဒေအရ လက်ထပ်တာမဟုတ်ဘူးဆိုတာကို ပထမဆုံးရှင်းပြတာ ဖြစ်ပါတယ်" ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။
    
ကာယကံရှင်များဖြစ်သည့် ကိုမျိုးမင်းထက်နှင့် ကိုတင်ကိုကိုတို့ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့ပေ။
    
သို့သော် ထိုနှစ်ဦး၏ မင်္ဂလာပွဲသတင်းကို လူမှုကွန်ရက် Facebook တွင် ပြင်းထန်သောဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး သတင်းဖော်ပြခဲ့သော သတင်းဌာနများ၏ Facebook စာမျက်နှာများတွင် ထိုသတင်းကို မျက်နှာဖုံး၌ ဖော်ပြခဲ့ခြင်းအား ဝေဖန်ခဲ့ကြသည်။ ထို့ပြင်ယခုလုပ်ရပ်သည် အရှက်တရားကင်းမဲ့ခြင်းသာဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော ကိစ္စရပ်ဖြစ်သည်ဟု Facebook သုံးစွဲသူများက ပြောကြားခဲ့ကြသည်။  
    
"ကျွန်တော်တို့နိုင်ငံဟာ လိင်တူလက်ထပ်မှုကို ခွင့်ပြုထားတဲ့ နိုင်ငံမဟုတ်ပါဘူး။ နောက်ပြီး လိင်တူချင်းလိင်ဆက်ဆံမှု ပြုတာကလည်း တရားဥပဒေအရ အရေးယူနိုင်တဲ့ပြစ်မှုပါ။ ဒီလိုမျိုးဥပဒေနဲ့ ဆန့်ကျင်နေတဲ့အပြင် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ ကြားလို့မှမတော်တဲ့ကိစ္စဟာ အားပေးအားမြှောက် လုပ်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာကို အားပေးအားမြှောက် ပြုရာကျမှာစိုးလို့ ဆေးလိပ်နဲ့အရက်ကြော်ငြာတွေကို ပိတ်ပင်ခဲ့တာပါ။ ဒါပေမဲ့ လိင်တူချင်းလက်ထပ်တဲ့ ကိစ္စမျိုးကို မျက်နှာဖုံးကနေ ရေးကြီးခွင်ကျယ် ဖော်ပြကြတာမျိုးကတော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ဥပဒေမဲ့လုပ်ရပ်တစ်ခုကို ထောက်ခံလိုက်တာလားလို့ မေးချင်ပါတယ်။ တရားမ၀င်ဖြစ်နေတာတွေကို ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ အခုလို တရားဝင်လုပ်လာတာမျိုးကျတော့ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို စော်ကားလိုက်သလိုပါပဲ" ဟု ဆရာဝန်စာရေးဆရာ နရီမင်းက ပြောကြားသည်။
    
မြန်မာနိုင်ငံမှ လိင်တူချစ်သူများ၏ အခွင့်အရေးနှင့် ပတ်သက်သော သတင်းများကို The Voice ၊ 7 Day ၊ မြန်မာတိုင်း (မ်) နှင့် ဧရာဝတီသတင်းဌာနတို့က အများဆုံးဖော်ပြလေ့ရှိသည်။

လိင်တူချင်း မင်္ဂလာအခမ်းအနားကျင်းပမှုကို မတ် ၃ ရက်ထုတ် The Voice သတင်းစာ၊ 7Day သတင်းစာနှင့် Democracy Today သတင်းစာတို့၏ မျက်နှာဖုံးများ၌ ဖော်ပြထားသည်ကို တွေ့ရစဉ်

Eleven Media Group
လိင်တူချင်း မင်္ဂလာအခမ်းအနားကျင်းပမှုကို မတ် ၃ ရက်ထုတ် The Voice သတင်းစာ၊ 7Day သတင်းစာနှင့် Democracy Today သတင်းစာတို့၏ မျက်နှာဖုံးများ၌ ဖော်ပြထားသည်ကို တွေ့ရစဉ်

အမေရိကန်ပြည်ထောင်စုမှာပင် အငြင်းပွားနေပြီး အာရှတိုက်၌ လုံးဝမရှိသော လိင်တူလက်ထပ်ခြင်းကို မြန်မာနိုင်ငံ၌ ခွင့်ပြုလိုက်ပြီလားဆိုသည့် မေးခွန်းများထွက်ပေါ်နေသည်။

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို အင်န်အယ်လ်ဒီ တရားစွဲမည်

Photo: ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို အင်န်အယ်လ်ဒီ တရားစွဲမည်
Tuesday, March 4, 2014

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆို သွားမည်ဟု ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်က မဇ္ဈိမကို ပြောသည်။

၎င်းက “ဒေါ်စုကလွဲရင် ကျန်တဲ့ အင်န်အယ်လ်ဒီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)ကောင်တွေ သောက် သုံးမကျဘူး။ နောက်တစ်ခုက ဒီချုပ်ကို ဒီရှုပ်လို့ပြောတာ။ အဲဒါတွေပြောတာနဲ့ ပတ်သက်ပြီး အန်ကယ်တို့ က ဥပဒေကြောင်းအရ တရားစွဲဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ပြောသည်။

နေပြည်တော်ရှိ စည်ပင်ရိပ်သာရှိ ခန်းမဆောင်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ညစာစားပွဲ ကျင်းပနေစဉ် မဇ္ဈိမ၏ မေးမြန်း ချက်ကို မိတ်္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဝင်းထိန်က အထက်ပါအ တိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “တရားစွဲတဲ့အခါ Criminal case ကော Civil case ကောနဲ့ စွဲဆိုသွားမှာပါ”ဟု ပြောသည်။

ဦးဝင်းထိန်က တရားစွဲဆိုမှုများကို တစ်ပတ်မှဆယ်ရက်အတွင်း ဆောင်ရွက်သွားမည်ဟု ပြောကြားသော် လည်း မည်သည့်အစည်းအဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်သည်၊ မည်သည့်မြို့နယ်တွင် တရားစွဲဆို မည်၊ မည်သူက တရားလိုပြုလုပ်၍ တရားစွဲဆိုမည် စသည့် အသေးစိတ် အချက်အလက်များကိုမူ ပြော ကြားရန် ငြင်းဆိုခဲ့သည်။

၎င်းက “အန်ကယ်တို့က ဒေါ်အောင်ဆန်းစုကြည်မပါဘဲတောင် ဆုံးဖြတ်ချက် ကျသွားတာ။ ကျသွား(ဆုံး ဖြတ်ချက်)တော့မှ ဒေါ်စုကို သတင်းပို့လိုက်တာပါ”ဟု ပြောကြားခဲ့သော်လည်း အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏သဘောထားကိုမူ မပြောကြားခဲ့ပေ။

၎င်းကဆက်လက်၍ “စိတ်တော့မကောင်းပါဘူး။ အဲလိုလုပ်ရတာ။ ဒါပေမဲ့ ငုံ့ခံလို့ရှိရင် ပိုပိုကဲလာစရာရှိ တယ်”ဟု ဖြည့်စွက်ပြောသည်။

ဦးဝင်းထိန်က ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က မကြာသေးမီက ပြောကြားချက်၊ ယခု ဦးလှဆွေ၏ပြော ကြားချက်များသည် အပေါ်မှ တစ်စုံတစ်ယောက်၏ အချက်ပြမှုကြောင့် ဖြစ်နိုင်သည်ဟုလည်း သုံးသပ် ပြောကြားသည်။

၎င်းက “အပေါ်က တစ်ခုခု Indication ပြတယ်လို့ ယူဆတယ်။ အပေါ်က တစ်ခုခုပေါ့။ မင်းတို့ စပြီးလုပ် လို့ရပြီ။ နိုင်ငံရေးအရ မင်းတို့ ပုတ်ခတ်လို့ရပြီ။ ဒါကြောင့် လုပ်တယ်လို့ ယူဆတယ်”ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြည် တွင်းမီဒီယာတစ်ခုဖြစ်သော Hot News စာစောင်နှင့် အင်တာဗျူးတွင် “အင်န်အယ်လ်ဒီမှာ ဒေါ်အောင် ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှ သောက်သုံးမကျဘူး၊ ၂၀၁၅ မှာလည်း ကျွန် တော် ဒီရှုပ်ပါတီက ဦးမဲပါ။ ကြံ့ဖွံ့ပါတီက ဘူးလက်လှဆွေနဲ့ ပြိုင်ပါတယ်ဆိုပြီး ပုံကိုပြပြီးပြိုင်ပါ။ ဗိုလ်ချုပ် အောင်ဆန်းပုံ ဗီနိုင်းချိတ်ပြီးပြိုင်တာ သတိ္တမရှိလို့ပဲ”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အများနှင့် ပတ်သက်သောသူများသည် စကားပြောဆိုရာတွင် ပြင်းပြင်းထန်ထန် ကြမ်းတမ်းစွာ မပြောဆိုသင့် ကြောင်း ပြောသည်။

ဝင်းကိုကိုလတ်၊ ဉဏ်လှိုင်လင်း
Mizzima - News in Burmese
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆို သွားမည်ဟု ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်က မဇ္ဈိမကို ပြောသည်။

MSF ရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့အသင့်

Photo: MSF ရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့အသင့်
Tuesday, March 4, 2014

ရခိုင်ပြည်နယ်မှာ ဆက်လက် ဆောင်ရွက်ခွင့် မရတော့တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့ အသင့်ရှိနေကြောင်း ပြည်နယ်အာဏာပိုင်တွေက ပြောဆိုကြောင်း ကုလသမဂ္ဂ ရဲ့ IRIN သတင်းက ဖေါ်ပြပါတယ်။

ဒီလုပ်ငန်းတွေကို သီတင်းတစ်ပတ်အတွင်း လွှဲပြောင်းဆောင်ရွက်သွားနိုင်တယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဦးအေးငြိမ်းက ပြောဆိုကြောင်းလည်း ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ နှစ်နှစ်ဆယ်လောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ဟာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေထက် မွတ်စလင်တွေအပေါ် ပိုပြီး မျက်နှာလိုက်နေတယ်လို့ ဒေသခံတွေက ဝေဖန်ဆန္ဒပြခဲ့ကြပြီး၊ အစိုးရကလည်း ပြီးခဲ့တဲ့ ပဋိပက္ခတွေအတွင်း MSF ဟာ သတင်းမှားတွေ ဖြန့်ချီခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာတော့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ လုပ်ကိုင်ခွင့်သက်တမ်းကို တိုးပေးဖို့ အစိုးရက ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ MSF ကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတွေမှာ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့အဖွဲ့တွေထဲမှာ ၀န်ထမ်း ငါးရာကျော်နဲ့ လည်ပတ်နေတဲ့ MSF ဟာ အကြီးဆုံးအဖွဲ့ဖြစ်ပါတယ်။

ဒါပေမဲ့ MSF ရဲ့ စီမံကိန်းလုပ်ငန်းတွေ လွဲပြောင်းဆောင်ရွက်ဖို့အတွက် ရခိုင်ပြည်နယ် ကျန်းမာရေးဌာနမှာ အခက်အခဲ တစုံတရာမရှိပါဘူးလို့ ညွှန်ကြားရေးမှူး ဦးအေးငြိမ်းက ပြောဆိုကြောင်း ကုလသမဂ္ဂ IRIN သတင်းက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ရခိုင်ပြည်နယ် လူဦးရေ သုံးသန်းကျော်မှာ ဆရာဝန် ၄၅၀ ၀န်းကျင်ပဲရှိတယ်လို့လည်း သတင်းမှာဖေါ်ပြပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်မှာ ဆက်လက် ဆောင်ရွက်ခွင့် မရတော့တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့ အသင့်ရှိနေကြောင်း ပြည်နယ်အာဏာ ပိုင်တွေက ပြောဆိုကြောင်း ကုလသမဂ္ဂ ရဲ့ IRIN သတင်းက ဖေါ်ပြပါတယ်။

ဗီဇာသက်တမ်းလွန်နေတဲ့ ထိုင်းက မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှု ယာယီဆိုင်းငံ့

Photo: ဗီဇာသက်တမ်းလွန်နေတဲ့ ထိုင်းက မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှု ယာယီဆိုင်းငံ့
Tuesday, March 4, 2014

အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကျော်လွန်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအပေါ် ဖမ်းဆီးအရေးယူမယ့် မူဝါဒကို ယာယီဆိုင်းငံ့ ထားမယ်လို့ ထိုင်းအစိုးရ အလုပ်အကိုင်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပရာဝတ်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။

ထိုင်း လူဝင်မှုကြီးကြပ်ရေးဗျုရိုနဲ့ ထိုင်းဘုရင့်တော်ဝင် ရဲတပ်ဖွဲ့ရုံးတွေက ကိုယ်စားလှယ်တွေကို တနင်္ဂနွေနေ့က တွေ့ဆုံပြောကြားခဲ့တာပါ။ ထိုင်းနိုင်ငံမှာ လေးနှစ်အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးသွားရတဲ့ကိစ္စဟာ မြန်မာအလုပ်သမားတွေနဲ့ ထိုင်း အလုပ်ရှင်တွေရဲ့ အပြစ်မဟုတ်တဲ့အတွက် အလုပ်သမားတွေကို အရေးယူမှာမဟုတ်ကြောင်း၊ အလုပ်သမားတွေအနေနဲ့ ပြည်နယ်အလုပ်သမား ရုံးတွေမှာ အလုပ်အထောက်အထားတွေ သွားရောက် တင်ပြပြီး၊ အလုပ်ဗီဇာသက်တမ်းတိုးခွင့် လျှောက် ထားရမှာဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ကိုလည်း အဖမ်းအဆီးတွေမလုပ်ဖို့ အသိပေးထားမှာဖြစ်ကြောင်း မစ္စတာ ပရာဝတ်က ပြောပါတယ်။

ဒါ့ပြင် နေထိုင်ခွင့်သက်တမ်းလွန်နေသူတွေကို တစ်ရက် ဘတ် ၅၀၀ ကနေ ဘတ် နှစ်သောင်းအထိ ချမှတ်ထားတဲ့ ဒဏ်ကြေးငွေကိုလည်းလျှော့ပေါ့မယ်၊ နိုင်ငံခြားသားအလုပ်သမားတွေ ထိုင်းမှာ လေးနှစ် အလုပ်လုပ်ပြီးရင်၊ မူလနိုင်ငံကို အနည်းဆုံး သုံးနှစ်ပြန်နေရမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုလည်း လျှော့ပေါ့ပေးဖို့ အစိုးရကို တောင်းဆိုမယ်လို့ဆိုပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ မဲဆောက်၊ မယ်ဆိုင်နဲ့ ရနောင်းခရိုင်တွေက အလုပ်သမားရုံးတွေမှာ ဗီဇာသက်တမ်းတိုးတာ၊ အလုပ်အကိုင်ရှာဖွေတာ၊ နိုင်ငံသားစိစစ်ရေးတွေ လုပ်နိုင်ကြတယ်လို့ သိရပါတယ်။ ဒါ့ပြင်နယ်စပ်ဒေသတွေမှာ နေ့စဉ်လာရောက်အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကိုပေးထားတဲ့ ၇ ရက် သက်တမ်းကိုလည်း သုံးလအထိတိုးပေးဖို့ အလုပ်သမားဝန်ကြီးဌာနက တောင်းခံမယ်လို့လည်း ထိုင်းအစိုးရ အလုပ်အကိုင်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပရာဝတ်က ပြောဆိုပါတယ်။

RFA Burmese
အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကျော်လွန်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအပေါ် ဖမ်းဆီး အရေးယူမယ့် မူဝါဒကို ယာယီဆိုင်းငံ့ ထားမယ်လို့ ထိုင်းအစိုးရ အလုပ်အကိုင်ရေးရာဌာန ညွှန်ကြားရေး မှူးချုပ် ပရာဝတ်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။

ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

Photo: ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ
Tuesday, March 4, 2014

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန် ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ရိုးလေး ကျေးရွာနေ မဆောင်းနှင်းအေး(၂၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်း မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် နေအိမ်ရှေ့မှ ခင်ပွန်းဖြစ်သူ၏ အမည်အား အော်ခေါ်သံကြား သဖြင့်သွားရောက်ကြည့်ရှုရာ ခြေရင်းအိမ်နေ ဦးညွန့်ရွှေနှင့် အတူ အမည်မသိအမျိုးသား (၃)ဦးနှင့် အမျိုး သမီး(၁)ဦး တို့အားတွေ့ရှိရပြီး လှိုင်သာယာ အမှတ်(၂) ရဲစခန်းမှ ရဲများဖြစ်ကြောင်းပြော ဆို ကာ နေအိမ်ပေါ်သို့တက်လာစဉ် ဦးညွန့်ရွှေမှာ ၎င်း၏နေအိမ် ဘက်သို့ပြန် သွားခဲ့သည်။ အဆိုပါအမည်မသိလူများမှ မဆောင်းနှင်းအေး ၏မောင်ဖြစ်သူ အောင်ကိုကိုသန်းနှင့် သူငယ်ချင်း ဖြစ်သူ အား မူးယစ်ရမ်းကားမှုဖြင့် ရဲစခန်းတွင်ဖမ်းထားကြောင်း၊ အမှုမဖွင့် လိုက ငွေကျပ်(၅) သိန်းပေး ရန်နှင့် မပေးပါကဒုက္ခရောက် လိမ့်မည်ဖြစ်ကြောင်းပြော သဖြင့် ငွေပေးရန် အိပ်ခန်းအတွင်းရှိ ကျွန်း သေတ္တာ ထဲတွင်သိမ်းဆည်း ထားသော ငွေနှင့်ရွှေထည် ပစ္စည်းများ ပါရှိသည့် အိတ်ကိုယူနေစဉ် အမျိုးသား တစ်ဦးမှ အိတ်အတွင်း ရှိငွေကျပ်(၃၄၄၅၀၀ဝိ/-)နှင့်ရွှေထည်ပစ္စည်း(၆)မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၇၃၄၀၀၀ဝိ/-) တို့အားယူဆောင်ကာ ထွက်ပြေးသွားကြသဖြင့် အရေး ယူပေးရန်တိုင်တန်းခဲ့ရာ တက်သစ် နယ်မြေ ရဲစခန်း (ပ)၁၃၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၂/၁၇၀ ဖြင့် အမှုဖွင့် လှစ်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ မဆောင်း နှင်းအေး၏ အစ်ကိုဝမ်းကွဲတော်စပ်သည့် သီဟအောင်သည် မရီးဖြစ်သူ မင်္ဂလာဒုံမြို့နယ်၊ မြသီတာ ရပ်ကွက်နေ မစိုးစိုးအောင်၏ ၀၉၃၁၈____ လက်ကိုင်ဖုန်းအား ငှါးရမ်း ကိုင်ဆောင်ခဲ့ကြောင်း၊ မစိုးစိုးအောင်၏ နေ အိမ်သို့ နေပြည်တော်တွင် နေထိုင်သည့် ဖခင်ဖြစ်သူ ဦးမြင့်အောင်၊ မောင်ဖြစ်သူ စိုးမြင့်အောင်၊ အစ်မဖြစ်သူ မသန္တာစိုးနှင့်၎င်း၏ ခင်ပွန်းဖြစ်သူသက်ပိုင်တို့ လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် အခင်းဖြစ်ပွား ချိန်၌ ပြစ်မှုကျူးလွန်သူများ ထံသို့ ပြင်ပမှဖုန်းခေါ်ဆိုမှု(၁)ကြိမ်ဝင်လာကြောင်း စုံစမ်းသိရှိရသဖြင့် ၀၉၃၁၈_____နံပါတ်၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများအားစစ်ဆေးခဲ့ရာ အခင်းဖြစ် ချိန်တွင် ဦးမြင့်အောင်၏ ဖုန်းနံပါတ် ၀၉၄၂၈_____သို့ ဆက်သွယ် ထားကြောင်းနှင့် သီဟအောင်လက်ရှိကိုင်ဆောင်သည့်ဖုန်းမှာ ၀၉၄၂၀_____ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သို့ဖြစ်၍ မြင့်အောင်နှင့် သီဟအောင်တို့ ကိုင်ဆောင်သည့်ဖုန်းများ၏ တည်နေ ရာအား ဖုန်းမှတ် တမ်းများဖြင့်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများဖြစ်သည့် နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်နေ မြင့်အောင်(၅၇)နှစ်၊ သမီးဖြစ်သူ သန္တာစိုး(ခ)မေစိုး(၂၇)နှစ်နှင့် ခင်ပွန်းဖြစ်သူ သက်ပိုင်(ခ) ကျော်ဇင်မင်း (၂၃)နှစ်တို့(၃)ဦးအား ၁-၁-၂၀၁၄ရက်နေ့ ၁၄၃၀ အချိန်တွင် ကျောက် ဆည်မြို့နယ်၊ ဇရပ်ဖြူ ကျေးရွာနေ ဦးသန်းထွန်း၏နေအိမ်၌တိမ်းရှောင်နေစဉ် ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ၂၃-၁၂-၂၀၁၃ ရက်နေ့တွင် သီဟအောင်မှ ဖုန်းဆက်ခေါ်သဖြင့် ယောက္ခမ ဖြစ်သူ မြင့်အောင်၊ သန္တာစိုး၊ သက်ပိုင်နှင့်စိုးမြင့်အောင်တို့(၄)ဦး နေပြည်တော်မှရန်ကုန်သို့ ရထားဖြင့် ထွက်လာ ခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ မြသီတာရပ်ကွက်ရှိ သမီးဖြစ်သူ စိုးစိုးအောင်၏နေအိမ်၌တည်းခိုခဲ့ကြောင်း၊ ၂၄-၁၂-၂၀၁၃ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ဝေပုလ္လလမ်း၌ သီဟအောင်နှင့် တွေ့ဆုံခဲ့ကြောင်း၊ သီဟအောင်မှ ထန်းတပင်မြို့နယ်၊ ရိုးလေးရွာနေ ၎င်း၏ညီမဝမ်း ကွဲတော်စပ်သူ ဆောင်းနှင်းအေး ထံမှ မောင်ဖြစ်သူ အောင်ကိုကိုသန်း(ခ)အကြင်နာအပ်နှံထားသည့်ငွေများအား အောင်ကိုကိုသန်း (ခ)အကြင်နာ ရဲစခန်းတွင် အဖမ်းခံရသဖြင့် အမှုကိစ္စဆောင်ရွက်ရန် ငွေများယူခိုင်း၍လာယူခြင်းဖြစ်သည်ဟု ပြောဆိုကာ ငွေများကို ယူလာခဲ့ရန်ရှင်းပြခဲ့ကြောင်း၊ ည ၁၁ နာရီ ကျော်အချိန်ခန့်တွင် သီဟအောင်နှင့် စိုးမြင့်အောင်တို့က အိမ်ရှေ့ လမ်းမပေါ် တွင်စောင့်နေခဲ့ပြီး မြင့်အောင်၊ သက်ပိုင်နှင့် သန္တာစိုးတို့(၃) ဦးမှ ဆောင်းနှင်းအေး၏ နေအိမ်သို့ ဝင်ရောက်ခဲ့ရာ အိမ်မှားနေ၍ အနီးရှိနေ အိမ်မှ အမျိုးသားတစ်ဦးက ဆောင်းနှင်းအေး၏နေအိမ်အား လိုက်ပြခဲ့ပြီး ပြန်သွားကြောင်း၊ ဆောင်းနှင်းအေး၏ နေအိမ်အတွင်းသို့ ရောက်သောအခါ သီဟအောင်မှာ ကြား ထားသည့် အတိုင်းပြော ဆိုကာ ငွေနှင့်ရွှေထည်ပစ္စည်းထည့်ထားသည့် အိတ်အား လုယူကာ ထွက်ပြေး လာခဲ့ကြောင်း၊ ရရှိသောငွေများအနက် သီဟအောင်မှ ငွေကျပ်(၁၀)သိန်းနှင့် စိုးမြင့်အောင်မှ ငွေကျပ်(၁၀) သိန်းယူခဲ့ပြီး လှိုင်သာယာတွင်နေခဲ့ကြောင်း၊ ကျန်ပစ္စည်း များအား မြင့်အောင်မှ ယူကာ မြင့်အောင်၊ သက်ပိုင်နှင့် သန္တာစိုးတို့(၃)ဦး နေပြည်တော် သို့ကားငှားပြန်ခဲ့ပြီး မြင့်အောင်က သက်ပိုင်နှင့် သန္တာစိုး တို့အား ငွေကျပ် (၂၃၀၀၀ဝ/-)ပေးခဲ့ကြောင်း၊ ၁-၁-၂၀၁၄ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ဇရပ်ဖြူကျေးရွာရှိ ဦးသန်းထွန်း ၏ခြံသို့ သွားရောက်တိမ်းရှောင်နေစဉ် မြင့်အောင်၊ သက်ပိုင်(ခ)ကျော်ဇင်မင်းနှင့် သန္တာစိုး(ခ)မေစိုးတို့(၃)ဦး ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အမှုနှင့်ပတ်သက်၍ မြင့်အောင်၊ သက်ပိုင်(ခ)ကျော်ဇင်မင်းနှင့် သန္တာစိုး(ခ)မေစိုးတို့ထံမှ ပါဆုံးသွားသောရွှေထည် ပစ္စည်း(၆)မျိုး၊ ပြစ်မှု ကျူးလွန်ရာမှရရှိသောငွေများဖြင့်ဝယ်ယူထားသော ရွှေထည် ပစ္စည်း(၅)မျိုး၊ ၀၉၄၂၈______ နံပါတ်ပါ Lညေိ Rသလနမ အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးနှင့် ငွေကျပ် (၇၄၀၀၀ဝိ/-)တို့အား ပြန်လည် သိမ်းဆည်း ရမိခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသော သီဟအောင်နှင့်စိုးမြင့်အောင် (ခ)နိုင်နိုင် တို့(၂) ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ၃၁-၁-၂၀၁၄ ရက်နေ့တွင် ပြစ်မှု ကျုးလွန် သူများဖြစ်သည့် မြင့်အောင်၊ သက်ပိုင်(ခ)ကျော်ဇင်မင်း၊ သန္တာစိုး(ခ)မေစိုးနှင့် ပြစ်မှုကျုးလွန် ရာမှရရှိသော ငွေများအား သိလျက်နှင့် အတူသုံးစွဲ ခဲ့သူ မြင့်အောင်၏ဇနီးဖြစ်သူ မပြုံး(၄၅)နှစ် တို့အား ပြစ်မှုပုဒ်မ ၃၉၅/ ၁၇၀/၄၁၁ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ပြစ်မှုကြီး အမှတ်(၁၆/၂၀၁၄)ဖြင့် လက်ခံ စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန် ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ရိုးလေး ကျေးရွာနေ မဆောင်းနှင်းအေး(၂၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်း မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် နေအိမ်ရှေ့မှ ခင်ပွန်းဖြစ်သူ၏ အမည်အား အော်ခေါ်သံကြား သဖြင့်သွားရောက်ကြည့်ရှုရာ ခြေရင်းအိမ်နေ ဦးညွန့်ရွှေနှင့် အတူ အမည်မသိအမျိုးသား (၃)ဦးနှင့် အမျိုး သမီး(၁)ဦး တို့အားတွေ့ရှိရပြီး လှိုင်သာယာ အမှတ်(၂) ရဲစခန်းမှ ရဲများဖြစ်ကြောင်းပြော ဆို ကာ နေအိမ်ပေါ်သို့တက်လာစဉ် ဦးညွန့်ရွှေမှာ ၎င်း၏နေအိမ် ဘက်သို့ပြန် သွားခဲ့သည်။

မြောက်ဥက္ကလာပရှိ ကျောင်းတိုက်တစ်ခု၌ မယ်သီလရှင်အား အဓမ္မပြုကျင့်မှု ဖြစ်ပွားဟု ဆို

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပရှိ သီလရှင်ကျောင်းတစ်ကျောင်း၌ အတူနေ သီလရှင်၏သားက အခြားမယ်သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ၂၄-၂-၂၀၁၄ ရက်တွင် မြောက်ဥက္ကလာပ ရဲစခန်းမှ သိရသည်။

လမ်းဖြတ်ကူးသူအားတိုက်မိပြီး မောင်းပြေးသည့်ယာဉ်အား လိုက်လံဖမ်းဆီး

Photo: လမ်းဖြတ်ကူးသူအားတိုက်မိပြီး မောင်းပြေးသည့်ယာဉ်အား လိုက်လံဖမ်းဆီး
Tuesday, March 4, 2014

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၀/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့မောင်းနှင်လာသော “ငွေနှင်းမန္တလာ”ခရီးသည်ယာဉ်လိုင်းမှ ၁E/xxxx ယာဉ်သည် လမ်းဖြတ်ကူးသူ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရေသိုးကြီးရွာနေ မင်းမင်းနိုင်(၂၈)နှစ်အား ၀င်ရောက်တိုက်မိခဲ့ပြီး လမ်းယာဘက်မြေသားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၃၃၁/၀)အားတိုက်ကာ မန္တလေး ဘက်သို့ မောင်းနှင်သွားကြောင်း သိရှိရပြီး မင်းမင်းနိုင်မှာ ဦးခေါင်းပေါက်ပြဲ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် ပြင်စည်အမြန်လမ်းရဲစခန်း ယဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့်အမှုဖွင့် အရေးယူခဲ့သည်။

ထို့နောက် မောင်းပြေးသွားသောယာဉ်အား ဖမ်းဆီးရမိရေးအတွက် စကားအင်းအမြန်လမ်းရဲစခန်း၊ စကားအင်းတိုးဂိတ်များသို့ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့၊ ကျွဲဆည်ကန်ကားဝင်းအတွင်း၌ ယာဉ်မောင်းဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၆)ရပ်ကွက်နေ ၀င်းကို(၄၀)နှစ်အား ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၀/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ် ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

ခင်မွန်ကျေးရွာ တောင်သူ လယ်သမားများ စုပေါင်း၍ ပထမအကြိမ် နွားအလှနှင့် လှည်းယဉ်ကျော့ ပြိုင်ပွဲကျင်းပ

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာမှ တောင်သူလယ်သမားများ စုပေါင်း၍ ပထမအကြိမ် နွား အလှနှင့် လှည်းယဉ်ကျော့ပြိုင်ပွဲကို ခင်မွန်ကျေးရွာ တောင်ဘက် မုံရွာ-မန္တလေး ကားလမ်းမကြီးဘေးတွင် မတ်လ ၂ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ပင်လုံကတိအတိုင်းသာသွားမည်ဟု အင်တောမြို့ SNLD ရုံး ဖွင့်ပွဲ၌ ခွန်ထွန်းဦးပြော

Photo: ပင်လုံကတိအတိုင်းသာသွားမည်ဟု အင်တောမြို့ SNLD ရုံး ဖွင့်ပွဲ၌ ခွန်ထွန်းဦးပြော
Tuesday, March 4, 2014

မတ်ခ်ျ ၂ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့ SNLD ရုံးဖွင့်ပွဲ၌ ပါတီဥက္ကဌ ခွန်ထွန်းဦး က ‘သျှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှရေးအတွက် ၁၉၄၇ ကသဘောတူခဲ့တဲ့ ပင်လုံ စာချုပ်ကြီးအတိုင်း လုပ်ဆောင်သွားဖို့ ကျနော်တို့မူ ချထားတယ်’ - ဟု ပြောပါသည်။

အင်တောမြို့နယ်ခွဲ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရုံးဖွင့်ပွဲတွင် ခွန်ထွန်းဦးက - ပါတီ၏ ရပ်တည်ချက်၊ ပါတီ၏မူ၊ ပါတီပူးပေါင်းရေးကိစ္စ၊ လူငယ်နှင့်အနာဂတ်နိုင်ငံရေးခေါင်းဆောင်များ အကြောင်း စသဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

“အခု ကျနော်တို့ အင်တောမြို့ ဆိုင်းဘုတ်တင်ပွဲ၊ ရုံးဖွင့်ပွဲမှာ လူငယ်တွေ ကျနော်အများကြီးတွေ့ခဲ့တယ်။ ဒါကောင်း တဲ့အလားအလာပါဘဲ။ လူငယ်တွေနိုင်ငံရေးအကြောင်း အားစိုက်ပြီးလေ့လာကြပါ။ ကျနော်တို့တွေ တဖြည်းဖြည်း အသက်ရလာပြီ။ ဒီတာဝန်တွေကို ခင်ဗျားတို့ လူငယ်တွေ ဆက်လက် တာဝန် ထမ်းဆောင်သွားရပါမယ်”

ထို့ပြင် SNLD သည် နိုင်ငံရေးဘမ်းပြပြီး စီးပွါးရေးလုပ်မည့်ပါတီမဟုတ်ကြောင်းလည်းခွန်ထွန်းဦးက ဤကဲ့သို့ပြောသည်။

“ကျနော်တို့ဟာနိုင်ငံရေးကို ပမ်းပြပြီး စီးပွားရေးလုပ်တဲ့ပါတီမဟုတ်ဘူး။ အရင်ကလဲမလုပ်ခဲ့ဘူး။ အခု လဲမလုပ်ဘူး။ နောက်လဲ လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့က သျှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး ညီတူညီမျှရှိဖို့ ၁၉၄၇ သဘောတူခဲ့တဲ့ ပင်လုံစာချုပ်ကြီးအတိုင်း လုပ်ဆောင်သွားဖို့ ကျနော်တို့ မူ ချထားတယ်။ သျှမ်းပြည် ကံကြမ္မာကို ဒီအတိုင်းပဲ အကောင်အထည်ဖေါ်သွားဖို့မူချ ထားပါတယ်”

“ဒါ့ကြောင့် နိုင်ငံရေးအဆက်မပျက်ဖို့ တောင်ကြီးမြို့ ခြောက်လပတ် ညီလာခံတက်ဖို့ အာဏာကုန်ရတဲ့ သူတွေကို စေလွှတ်ပေးပါ၊ အစည်းအဝေးဆုံးဖြတ်ချက်ရ ကျနော်တို့ လိုက်လုပ်ပါ့မယ်။ ဗဟိုဦးစီးစနစ်လဲမကျင့်သုံးဘူး။”

တောင်ကြီးမြို့ အနောက်မြောက်ဘက် မိုင် ၇၀ ခန့် ဝေးသည့် အင်တောမြို့ SNLD ရုံးဖွင့်ပွဲသို့ ခွန်ထွန်း ဦး ဆောင်သည့် ရန်ကုန်ရုံးချုပ်အဖွဲ့၊ စဝ်ခမ်းပိုင်ဖှ ဦးဆောင်သည့် တောင်ကြီးမြို့နယ်အဖွဲ့၊ ရပ်စောက် မြို့၊ မိုင်းပွန်မြို့၊ နမ့်ခုတ်မြို့ တို့မှ ပါတီဝင်များအပါဝင်ဒေသခံ ၅၀၀ ထက်မနည်း တက်ရောက်ခဲ့ပါ သည်။

သျှမ်းသံတော်ဆင့်
မတ်ခ်ျ ၂ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့ SNLD ရုံးဖွင့်ပွဲ၌ ပါတီဥက္ကဌ ခွန်ထွန်းဦး က ‘သျှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှရေးအတွက် ၁၉၄၇ ကသဘော တူ ခဲ့တဲ့ ပင်လုံ စာချုပ်ကြီးအတိုင်း လုပ်ဆောင်သွားဖို့ ကျနော်တို့မူ ချထားတယ်’ - ဟု ပြောပါသည်။

ယူကရိန်းတပ်တွေကို လက်နက်ချဖို့ ရုရှ ရာဇသံပေး

Photo: ယူကရိန်းတပ်တွေကို လက်နက်ချဖို့ ရုရှ ရာဇသံပေး
Tuesday, March 4, 2014

ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသမှာရှိတဲ့ ယူကရိန်း တပ်ဖွဲ့တွေကို အင်္ဂ࿿ါနေ့ မနက် အစောပိုင်း GMT ၃ နာရီ မတိုင်မီ လက်နက်ချဖို့ ရုရှားဘက်က ရာဇသံ ပေးလိုက်ပါတယ်။

ယူကရိန်းရဲ့ ယာယီ ဝန်ကြီးချုပ် Arseniy Yatsenyuk ကတော့ သူတို့ပိုင် ခရိုင်းမီးယားဒေသကို ဘယ်သူ့လက်ထဲမှ ထည့်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်း စစ်အခြေစိုက် စခန်းတွေကို ရပ်ရှားတပ်တွေ ဝိုင်းထားပြီး လမ်းတွေကိုလည်း ပိတ်ဆို့ထားကာ ခရိုင်းမီးယားဒေသကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားပါတယ်။

ခရိုင်းမီးယားရဲ့ အစွန်ဆုံးက ကူးတို့ဆိပ်ကမ်းမြို့ ဖြစ်တဲ့ Kerch ကို လည်း ရုရှား လိုလားတဲ့ လက်နက်ကိုင်တပ်တွေက ထိန်းချူပ်ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသမှာရှိတဲ့ ယူကရိန်း တပ်ဖွဲ့တွေကို အင်္ဂ࿿ါနေ့ မနက်အစောပိုင်း GMT ၃ နာရီမတိုင်မီ လက်နက်ချဖို့ ရုရှားဘက်က ရာဇသံ ပေးလိုက်ပါတယ်။

ပြည်သူ့ အာဏာ ပြန်ပေးပါ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံ တစ်နိုင်ငံ၏ ကျောက်တိုင်၊ ကြေးမုံ စသည်ဖြင့် ပညာရှင် အမျိုးမျိုးက ဂုဏ်ယူစွာ တင်စားခဲ့ကြသည်။ ထိုသို့ ကျောက်တိုင် ဖြစ်သော ကြေးမုံဖြစ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံနှင့် နိုင်ငံသား တို့ အကျိုးစီးပွားကို မြှင့်တင် ကာကွယ် ပေးပါမှ ရှည်ကြာစွာ တည်တံ့ ခိုင်မြဲတတ် သည်ကို  ကမ္ဘာ့ နိုင်ငံရေး ဖြစ်စဉ်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သမိုင်းဖြစ်စဉ် များက ညွှန်ပြ နေသည်။ ကျွန်တော် တို့ နိုင်ငံသည် ပင်လျှင် ၁၉၄၇ ဖွဲ့စည်းပုံ က ၁၉၆၂ တွင် လည်းကောင်း၊ ၁၉၇၄ ဖွဲ့စည်းပုံ က ၁၉၈၈ တွင် လည်းကောင်း နိဂုံး မလှစွာများဖြင့် အဆုံးသတ် ခဲ့ရလေသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေမည့် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

ကျူရှင်မှအပြန် ရေကန်တစ်ခုတွင် ရေဆင်းကူးခဲ့သည့် သတ္တမတန်း ကျောင်းသားများထဲမှ အသက် ၁၆ နှစ် အရွယ် ကျောင်းသား တစ်ဦး ရေနစ်သေဆုံးမှုတစ်ခု ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် မတ်လ ၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဇေယျဝတီနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်သိန်းက ပြောသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကုန်တင်စက်လှေနှင့် သင်္ဘောများ ခြိမ်းခြောက် လုယက်ခံရမှု များကြောင့် လုံခြုံရေးတိုးမြှင့်

Photo: ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကုန်တင်စက်လှေနှင့် သင်္ဘောများ ခြိမ်းခြောက် လုယက်ခံရမှု များကြောင့် လုံခြုံရေးတိုးမြှင့်
Tuesday, March 4, 2014

မန္တလေးခရိုင်အတွင်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ညပိုင်းအချိန် များတွင် ကုန်တင်စက်လှေနှင့် သင်္ဘောများရှိ ပစ္စည်းများကို လူအုပ်စုတစ်စုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ခြိမ်းခြောက် ပစ္စည်းလုယူမှုများ ဖြစ်ပွားနေသဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ခန့်မှ စတင်၍ လုံခြုံရေး တိုးမြှင့်ချထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းမြစ်ကြောင်း တစ်လျှောက်တွင် ညပိုင်းအချိန် ဆိုက်ကပ်သော ကုန်တင် စက်လှေနှင့် သင်္ဘောများကို ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး နောက်ကြည့်ကျွန်းရှိ လူအုပ်စုတစ်စုက ကုန်ပစ္စည်းများကို တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ ဓားပြဆန်ဆန် လုယူမှုများ သုံးကြိမ်ဆက်တိုက် ဖြစ်ပွားလျက် ရှိသဖြင့် မန္တလေးခရိုင် အတွင်းရှိ နယ်မြေ ရဲတပ်ဖွဲ့မှ လူအင်အား ၅၀ ကျော်ဖြင့် ညပိုင်းအချိန် လှည့်ကင်းပတ်၍ ဆောင်ရွက် နေရကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

“သူတို့က မန္တလေးတိုင်းထဲက မဟုတ်ဘူး။ စစ်ကိုင်းတိုင်း ဘက်မှာရှိတဲ့ နောက်ကြည့်ကျွန်းမှာ နေတာ။ ကျွန်တော်တို့က စစ်ကိုင်းတိုင်း ရဲဘက်ကိုတော့ အကြောင်းကြားထားတယ်။ သူတို့က ရွာထဲမှာ နေတာ။ ရွာထဲကို ပြန်ဝင်သွားပြီဆိုရင် ဘယ်သူဘယ်ဝါဆိုတာ သိဖို့မလွယ်တော့ဘူး။ မြစ်ကြောင်းမှာ ရဲတွေ လုံခြုံရေး ချထားတယ်ဆိုရင် မလာဘူး။ မြစ်ဆိပ်မှာတင်ကို သူတို့ရဲ့ သတင်းပေးတွေ ရှိတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ပစ္စည်းများကို ဓားပြဆန်ဆန် လုယူသူများသည် ဓား၊ ဂျင်ဂလိ၊ လေးခွများ ကိုင်ဆောင်ထားပြီး ပစ္စည်းယူ ခြောက်လန့်မှုများ ပြုလုပ်လျက် ရှိသဖြင့် သင်္ဘောဆိပ် များတွင်လည်း ပိတ်ဆို့ ရှာဖွေမှုများ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးခရိုင် ရဲမှူးက ပြောကြားသည်။

ရေကြောင်း လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရေကြောင်း ရဲတပ်ဖွဲ့ဟူ၍ ဖွဲ့စည်း ထားသော်လည်း မန္တလေးခရိုင် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ချထားပေးခြင်း မရှိသေးသည့်အတွက် ခရိုင်အတွင်းတွင် ပါဝင်သော ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် မြို့နယ်များရှိ နယ်မြေရဲများက အလှည့်ကျ ဆောင်ရွက် နေရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျွန်တော်တို့မှာ သူတို့ကို ဖမ်းဖို့ စက်လှေမရှိဘူး။ အဲဒီအတွက် စက်လှေပိုင်ရှင်တွေဆီကနေ ကျွန်တော်တို့ အကူအညီ တောင်းရတယ်။ ရေကြောင်းမှာ သူတို့နဲ့ တိုက်တာတွေ ဖြစ်ရင် အသက်ကယ် အဝတ်အစားတွေ၊ အသုံးပြုတဲ့ မီးဆလိုက်တွေ စတဲ့ အရာဝတ္ထုတွေ အများကြီး လိုအပ်မှုတွေ ရှိတယ်” ဟု ၎င်းကထပ်လောင်း ဆိုသည်။

မန္တလေး ဂေါဝိန်ဆိပ်ကမ်း၌ ညအိပ် ကမ်းကပ်လျက်ရှိသော ကုန်တင်နှင့် လူစီးသင်္ဘောများတွင် အကြမ်းဖက်သည့် ဓားပြတိုက်သည့် ပုံစံဖြင့် ခိုးမှုလုယက်မှုများ ပြုလုပ်နေခြင်း ဆိုးရွားလာသဖြင့် မန္တလေးတိုင်းဒေသကြီး ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရေကြောင်းဌာန တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်းက အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း အဆိုပါ ရေကြောင်းဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားထားသည်။

“ခိုးမှု၊ လုယက်မှုအဆင့် မဟုတ်တော့ဘူး။ သူတို့တွေက ညဘက်တို့၊ ညဥ့်ဦးယံ အချိန်တို့မှာ လှေနှစ်စီးနဲ့ သင်္ဘောတွေနားကို ကပ်ပြီး လေးခွနဲ့ ပစ်တယ်။ လေးခွမှာသုံးတဲ့ လောက်စာတွေက ဖန်လုံး၊ ဂေါ်လီလုံး စတဲ့ဟာတွေနဲ့ အဆက်မပြတ်ပစ်တယ်။ အရင်က လူတွေ့ရင် မခိုးဘူး။ အခုကတော့ လူတွေ့ရင် လေးခွနဲ့ပစ်ပြီး ခိုးကြလုကြတဲ့ အဆင့်ရောက်လာလို့ တင်ပြရမယ့် အခြေအနေ ဖြစ်လာတယ်” ဟု ပြည်တွင်း ရေကြောင်း ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား တိုးမြှင့် ချထားပေးပြီး နောက်ပိုင်း မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းတွင် ခိုးမှုလုယူမှုများ နည်းသွားသော်လည်း ဂေါဝိန်ဆိပ်ဘက်ရှိ မရမ်းခြံ ဆိပ်ကမ်းတွင် ခိုးမှုလုယူမှုများ ဆက်လက် ဖြစ်နေကြောင်း၊ အဆိုပါ အုပ်စုလိုက် ခိုးမှုလုယူမှုများသည် နေ့အခါတွင် ခိုးယူမှု နည်းပါးပြီး ညအချိန်တွင်သာ ဖြစ်ပေါ်တော့ကြောင်း အဆိုပါ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly
မန္တလေးခရိုင်အတွင်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ညပိုင်းအချိန် များတွင် ကုန်တင်စက်လှေနှင့် သင်္ဘော များရှိ ပစ္စည်းများကို လူအုပ်စုတစ်စုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ခြိမ်းခြောက် ပစ္စည်းလုယူမှုများ ဖြစ်ပွားနေသဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ခန့်မှ စတင်၍ လုံခြုံရေး တိုးမြှင့်ချထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရုရှား ပိုင်ဆိုင်မှုတန်ဖိုး ဈေးနှုန်းတွေ ကျဆင်း

Photo: ရုရှား ပိုင်ဆိုင်မှုတန်ဖိုး ဈေးနှုန်းတွေ ကျဆင်း
Tuesday, March 4, 2014

ယူကရိန်း နိုင်ငံဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ကိုင်တွယ်မှုအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ တုံ့ပြန်မှုအဖြစ် မော်စကိုမြို့က ဒီကနေ့မနက် အရောင်းအဝယ် တွေမှာ ရုရှား စီးပွားရေးရာ ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးဈေးနှုန်းတွေ ကျဆင်းကုန်ပါတယ်။

ဒေါ်လာနဲ့ ယူရိုငွေတွေနဲ့ နှိုင်းယှဉ်ရင် ရုရှား ရူဘယ်ငွေ တန်ဖိုးဟာ အရင်ကထက် အနိမ့်ဆုံး တန်ဖိုး ဖြစ်သွားခဲ့ပါတယ်။

စတော့ရှယ်ရာ နှုန်းတွေလည်း တစ်ကြိမ်မှာဆို ၁၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားပြီး ရုရှားရဲ့ အကြီးဆုံး ကုမ္မဏီကြီးတွေ အထိနာခဲ့ရပါတယ်။

ရုရှား ဗဟိုဘဏ်က သူတို့ရဲ့ အဓိက ချေးငွေ အတိုးနှုန်းကို ၁ ဒသမ ၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ခဲ့ပါတယ်။

ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ရုရှားရဲ့ လုပ်ဆောင်ခဲ့မှုတွေကြောင့် ရုရှားအပေါ် စီးပွားရေးအရ အထီးကျန်ဖြစ်အောင် ပြင်ဆင်နေတယ်လို့ အမေရိကန်က ပြီးခဲ့တဲ့ တနဂင်္နွေနေ့က သတိပေးခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ယူကရိန်း နိုင်ငံဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ကိုင်တွယ်မှုအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ တုံ့ပြန်မှုအဖြစ် မော်စကိုမြို့က ဒီကနေ့မနက် အရောင်းအဝယ် တွေမှာ ရုရှား စီးပွားရေးရာ ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးဈေးနှုန်းတွေ ကျဆင်းကုန်ပါတယ်။

မောင်တောမြို့နယ် လယ်မြေများရှိ ကျူးကျော်အဆောက်အအုံများ စိစစ်ရန်လို

Photo: မောင်တောမြို့နယ် လယ်မြေများရှိ ကျူးကျော်အဆောက်အအုံများ စိစစ်ရန်လို
Tuesday, March 4, 2014

လူဦးရေထူထပ်လာသည့် မောင်တောမြို့နယ်အတွင်း အဆောက်အအုံများ တိုးချဲ့တည်ဆောက်လာကြရာ လယ်မြေများတွင် ကျူးကျော်တည်ဆောက်မှုများ ရှိနေသဖြင့် အဆိုပါ အဆောက်အအုံများကို စိစစ်ပေးရန်လိုအပ်နေကြောင်း စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

လယ်ယာမြေများတွင် နေအိမ်အဆောက်အအုံများ ကျူးကျော်တည်ဆောက်မှုများလာသဖြင့် လယ်ယာမြေများ တဖြည်းဖြည်းလျော့နည်းကာ စိုက်ပျိုးမြေများ လျော့ကျနေသည်ဟု ဆိုသည်။
           
‘‘တစ်နှစ်ထက်တစ်နှစ် လူဦးရေသာများလာပြီး နေအိမ်အဆောက်အအုံတွေလည်း တိုးလာပါတယ်။ တိုးလာတဲ့ လူဦးရေ စားသောက်ဖို့အတွက် လယ်မြေက ကျူးကျော်တည်ဆောက်နေတဲ့ အဆောက်အအုံတွေကြောင့် လျော့နည်းလာပါတယ်။ လယ်မြေထဲမှာ တရားမဝင် ကျူးကျော်တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို စိစစ်ပြီးပေးဖို့တော့ လိုနေပါပြီ’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မောင်တောနယ်စပ်ဒေသတွင် တရားမဝင်တည်ဆောက်ထားသည့် အဆောက်အအုံပေါင်း သန်းချီရှိနေပြီး အဆိုပါအဆောက်အအုံများမှာ လူနေရပ်ကွက်များ၌သာမက လယ်မြေများ၌ပါ တိုးချဲ့လာ၍ စိုက်ပျိုးနိုင်သော လယ်မြေများ မပျက်စီးမဆုံးရှုံးစေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများက စိစစ်ဆောင်ရွက်ရန် လိုအပ်နေကြောင်းနှင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၃(က)တွင် စည်ပင်သာယာရေးကော်မတီသည် ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိ၍ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်သည်ကို ရပ်ဆိုင်းထားစေခြင်း၊ ပြန်လည်ပြုပြင်စေခြင်း (သို့မဟုတ်) ဖြိုဖျက်စေခြင်းများကို မြေပိုင်ရှင် (သို့မဟုတ်) အဆောက်အအုံပိုင်ရှင် (သို့မဟုတ်) လက်ရှိနေထိုင်သူအား ညွှန်ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

Author: မောင်ကံ
7day Daily

မောင်တောမြို့နယ်အတွင်းရှိ လယ်ကွင်းများကိုတွေ့ရစဉ် 
ဓာတ်ပုံ − မောင်ကံ
မောင်တောမြို့နယ်အတွင်းရှိ လယ်ကွင်းများကိုတွေ့ရစဉ် ဓာတ်ပုံ − မောင်ကံ

လူဦးရေထူထပ်လာသည့် မောင်တောမြို့နယ်အတွင်း အဆောက်အအုံများ တိုးချဲ့တည်ဆောက်လာကြရာ လယ်မြေများတွင် ကျူးကျော်တည်ဆောက်မှုများ ရှိနေသဖြင့် အဆိုပါ အဆောက်အအုံများကို စိစစ်ပေးရန် လိုအပ်နေကြောင်း စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

တောင်သူလယ်သမားများ အပါအ၀င် နိုင်ငံသားအားလုံးအတွက် လက်ငင်း အကျိုးဖြစ်ထွန်းမည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်နေဟု သမ္မတပြောကြား

ကျန်ရှိနေသော အစိုးရသက်တမ်း ကာလအတွင်း တောင်သူလယ်သမားများ အပါအ၀င် နိုင်ငံသား အားလုံး အတွက် လက်ငင်းအကျိုးဖြစ်ထွန်း အကောင်အထည်ဖော်နိုင်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိသည်ဟု  ၂၀၁၄ ခုနှစ် မတ် ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနား သ၀ဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု မတ် ၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရပါ သည်။

မြိတ်ကျွန်းစု တောင်ပိုင်းကျွန်းများသို့ ကမ္ဘာလှည့်ခရီးသွား လည်ပတ်မှု များပြားလာ

ကော့သောင်းခရိုင် ဇာဒက်ကြီးကျွန်းအနီးရှိ မျောက်နီကျွန်းတွင် အပန်းဖြေနေသည့် ကမ္ဘာလှည့်ခရီးသွားများအား တွေ့ရစဉ်

မြိတ်ကျွန်းစု တောင်ပိုင်းဒေသရှိ ကျွန်းများသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှု များပြားလာနေပြီး နယ်မြေအနေအထားများအရ လှေပေါ်တွင် နေထိုင်သည့်စနစ်ဖြင့် လည်ပတ်မှု ပြုလုပ်နေကြောင်း သိရသည်။

လယ်ယာမြေသိမ်းဆည်းမှု ပြဿနာများ သတ်မှတ်ချိန်အတွင်း အပြီးဖြေရှင်းနိုင် ရန် အစိုးရအဖွဲ့နှင့် လွှတ်တော် ပူးပေါင်းဆောင်ရွက်မည်

လယ်ယာမြေသိမ်းဆည်းမှု ပြဿနာများ သတ်မှတ်အချိန်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတ (၂) ဦးဆောင်သော မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ကြီးကြပ်မှုအောက်၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသော မြို့နယ်မြေအသုံးချ စီမံခန့်ခွဲရေးကော်မတီ အသီးသီးတွင် သက်ဆိုင်ရာ မြို့နယ် အလိုက် ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်ထံသို့ ဖေဖော်ဝါရီ ၂၈ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာ ပေးပို့ ထားကြောင်း သိရသည်။

တိုင်ကြားစာများအား ကော်မရှင်အနေဖြင့် အမှန်တရားပေါ်မူတည် စစ်ဆေးမည်ဟု လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်း ပြောကြား

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်း မတ် ၃ ရက်က လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ်

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အနေဖြင့် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သည်ဟု တိုင်ကြားသည့် တိုင်စာများအပြင် ကော်မရှင်ကိုယ်တိုင် သိရှိပါက စုံစမ်းစစ်ဆေး မေးမြန်းခွင့်ရှိသည်ဟု ဥပဒေတွင် ဖော်ပြထားကြောင်း၊ အမှန်တရားပေါ် မူတည်ကာ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်းက ပြောကြားသည်။

ဧရာဝတီမြစ်ကမ်းနံဘေး မောင်းကုန်းကျေးရွာရှိ ဂရိတ်ဝေါသကြားစက်နှင့် အီသနောစက်ရုံမှ စွန့်ပစ်ရေဆိုး အနံ့အသက်များကို ဒေသခံများ ဆိုးရွားစွာခံစားနေရ

Photo
ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော ဂရိတ်ဝေါစက်ရုံကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ အုပ်စုအတွင်းတည်ရှိသော ဂရိတ်ဝေါသကြားစက်ရုံနှင့် အီသနောစက်ရုံတို့မှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများကို ဧရာဝတီမြစ်အတွင်း စွန့်ပစ်ခြင်းနှင့် စက်ရုံဝန်း အတွင်းရှိ ရေဆိုးကန်များ၏ အနံ့အသက်များကို ပတ်ဝန်းကျင်ဒေသခံများ ဆိုးရွားစွာခံစားနေရကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးအား မလေးရှားနိုင်ငံတွင် လုပ်ကြံရန် ကြိုးပမ်းခဲ့မှုအတွက် တရားခံတစ်ဦး ဖမ်းမိကြောင်း မလေးရှားရဲတပ်ဖွဲ့ ပြောကြား

မြန်မာနိုင်ငံမှ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးအေးမောင်နှင့် ဦးအေးသာအောင်တို့အား လွန်ခဲ့သည့်လက မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့မှုတွင် ပါဝင်သည်ဟု သံသယရှိသူ တစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု Bernama သတင်းဌာနက ဖော်ပြလိုက်သည်။

ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံး မေလတွင်စတင်ရေး အပါအ၀င် ကဏ္ဍ ၁၄ ခုကို ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

နေပြည်တော်၌် မတ် ၃ ရက်က ပြုလုပ်သည့် ဘင်းမ်စတက် အစည်းအဝေးသို့ တက်ရောက်လာသော ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများအား တွေ့ရစဉ်

၁၄ ကြိမ်မြောက် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို မတ် ၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပခဲ့ရာ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးကို မေလတွင် စတင်အသက်ဝင်ရေး အပါအ၀င် ကဏ္ဍ ၁၄ ခုကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ခေတ္တ) ဦးထင်လင်းက ညနေပိုင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၂)၊ (၄)၊ ရှမ်းပြည်နယ် (SSPP/SSA) တို့မှ ခေါင်းဆောင် များတွေ့ဆုံ


ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၂)၊ (၄)၊ ရှမ်းပြည်နယ်(SSPP/SSA) တို့မှ ခေါင်းဆောင်များအား လွှတ်တော်၌ အတူတွေ့ရစဉ်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၂)၊ (၄)၊ ရှမ်းပြည် နယ်(SSPP/SSA)တို့မှ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူများ မတ် ၃ ရက်က ပြည်ထောင်စု လွှတ်တော်တွင် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ် ဆရာစံ (မြောက်/အနောက်) ရပ်ကွက်၌ အဆောက်အအုံဆောက်လုပ်ရန် ညဘက်မြေကြီးတူးစဉ် ကပ်လျက်လူနေအိမ်တစ်ခြမ်း ပြိုကျ

ပြိုကျသွားသော လူနေအိမ်နောက်ဘက် အခြမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဗဟန်းမြို့နယ် ဆရာစံ (မြောက်/အနောက်) ရပ်ကွက် ဆရာစံလမ်းသွယ် (မင်းလမ်းမှတ်တိုင်အနီး) တွင် ရတနာမြိုင် ဆောက်လုပ်ရေးမှ အဆောက်အအုံ ဆောက်လုပ်ရန် မြေကြီးတူးစဉ် ကပ်လျက်လူနေအိမ် တစ်ခြမ်း ပြိုကျပြီး ကျန်လူနေအိမ် ငါးလုံး၏ နောက်ဖေးအခြမ်းမှာ ဆက်လက်ပြိုကျရန် အခြေအနေ ရှိနေကြောင်း သိရသည်။