Wednesday, December 26, 2012

ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ NLD ပါတီဝင်များ မောက်မာ မိုက်မဲ ဗိုလ်ကျစိုးမိုး

စစ်ကိုင်းတိုင်း တောင်တွင်းကြီး ဒေသမှာတော့ ပြည်သူတွေက စိတ်ဝင်စားမှု ရှိပေမယ့် ဘယ်သူဘယ်ဝါကို ရွေးချယ်ရမယ်ဆိုတာ ဆုံးဖြတ်ချက် မပေးနိုင်ကြတာတွေကြောင့် ဘက်လိုက်မှု၊ မသမာမှုတွေ ကြုံနေရတယ်လို့ တောင်တွင်းကြီး ဒေသခံ ဦးခင်မောင်ဆွေက ပြောပါတယ်။

မူးယစ်ရာဇာ နော်ခမ်းသေဒဏ် အယူခံပယ်ချ


မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့ဂိုဏ်းဝင်တွေကို တရုတ်က သေဒဏ်အပြစ်ပေးထားတဲ့အပေါ် အယူခံဝင်တာကို တရုတ် အထက်တရားရုံးကနေ ပယ်ချလိုက်ပါပြီ။ တရားရုံးရဲ့ သေဒဏ်စီရင်ဆုံးဖြတ်ချက်ဟာ မှန်ကန်မျှတမှုရှိတယ်လို့ တရုတ် အထက်တရားရုံးကနေ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းရိုက်တာသတင်းက ရေးသားပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

KIA ….ဘုရားသခင်ကိုတော့ မလိမ်သင့်ပါ….



ဒီဇင်ဘာလ(၂၆)
မြစ်ကြီးနား-၀ိုင်းမော်မြို့များမှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့ ညကနေစပြီး လျှပ်စစ်မီး ပြတ်တောက် သွားပြီဖြစ်ကြောင်း သိရှိရလို့ စုံစမ်းကြည့်တော့ မြစ်ကြီးနားမြို့ခံတစ်ဦးက “ ဟုတ်ပါတယ်၊ (၂၃)ရက်နေ့ည ကတည်းက မီးပြတ်သွားတာ စစ်တပ်ရှိတဲ့နေရာတွေမှာတော့ မီးတွေလင်း နေတုံးဘဲ၊ မလိရေအားလျှပ်စစ်စက်ရုံ နားမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ပြောကြတယ်၊ အင်တာနက် သတင်းမှာတော့ KIA ရဲ့ ကွန်ပါယန်စခန်းကို မြန်မာအစိုးရစစ်တပ်က တိုက်တဲ့အချိန် တာဝါတိုင်ကို ချိန်တွယ် ပစ်ခတ်ခဲ့လို့ တာဝါတိုင်အနည်းဆုံး(၁)ခု ပျက်စီး ခဲ့ကြောင်း ဖတ်လိုက်ရပါတယ်” လို့ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်



အခုပွင့်လင်းရာသီမှာ ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ရှမ်းပြည်မြောက်ပိုင်းဒေသမှာလဲ မြန်မာအစိုးရ တပ်တွေက တပ်အင်အားထောင်နဲ့ချီပြီး ဖြည့်တင်း တိုးချဲ့နေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ လေးငါးရက်လောက်က စတင်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနဲ့ ပလောင်ဒေသတွေမှာ အစိုးရတပ်တွေ အများအပြား တိုးချလာတယ်လို့ ပလောင်တပ်မှုး တာ့ဖုန်းကျော်က ပြောပါတယ်။

လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြ လို့ နိုင်ငံတော် သမ္မတ ပြောကြား


အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား ပြောကြားသည့် မိန့်ခွန်း

၂၆-၁၂-၂၀၁၂
ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သ ပါတယ်။

ဆီးရီးယားတွင် ပေါင်မုန့်ဝယ်ရန် တန်းစီနေသည့် လူတန်းကြီးအား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ခန့်သေဆုံး

ဆီးရီးယားတွင် ပေါင်မုန့်ဝယ်ရန် တန်းစီနေသည့် လူတန်းကြီးအား
လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ခန့်သေဆုံး  
Wednesday, 26 December 2012

ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆီးရီးယားနိုင်ငံတွင် ပေါင်မုန့်ရောင်းနေသည်ကို တန်းစီနေသည့် လူတန်းကြီးအား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးပြီး ဆီးရီးယားနိုင်ငံတွင်လေကြောင်း
တိုက်ခိုက်မှုကြောင့် အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

ဗီဒီယိုပြကွက်များတွင် အပျက်အစီးပုံများနှင့်အတူ သွေးစွန်းနေသော အလောင်းများစွာတို့ လမ်းပေါ်၌ စုပုံနေသည်ကို တွေ့မြင်ရသည်။ အလောင်းများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များစွာတို့ ပါဝင်သည်။ ဟောဖာယာမြို့ရှိ ပေါင်မုန့်ဆိုင်တစ်ခုအား ဆီးရီးယား
စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်းရာနှင့်ချီလျက် ဒဏ်ရာရရှိခဲ့သည်။

နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ယခုနှစ်ဆန်းက မုန့်ဆိုင်များအား တိုက်ခိုက်မှုတို့ကို အပြစ်တင်ခဲ့ဖူးပြီး ဆီးရီးယားစစ်တပ်သည် သူပုန်တို့၏ နေရာအတိအကျကို တွက်ချက်
နိုင်ခြင်းမရှိဟု ဆိုသည်။

၂၁ လကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်အတွင်း လွန်ခဲ့သည့်သီတင်းပတ်
ကမှ ဟောဖာယာမြို့ကို သူပုန်များက သိမ်းယူခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ယင်းပေါင်မုန့်ဆိုင်၌ လူပေါင်း ၁,၀၀၀ ကျော် တန်းစီနေကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံတစ်ဝန်းတွင်
လောင်စာဆီနှင့် ဂျူံမုန့်ရှားပါးမှုကြောင့် ပေါင်မုန့်ထုတ်လုပ်ရေးမှာ အဟန့်အတားဖြစ်လျက်ရှိပြီး လူများသည် ပေါင်မုန့်ဝယ်ရန်အတွက် နာရီပေါင်းများစွာ တန်းစီရကြောင်း သိရသည်။

Ref: Daily Mail
Eleven Media Groupဒီဇင်ဘာလ ၂၂ ရက်နေ့က ဆီးရီးယားနိုင်ငံတွင် ပေါင်မုန့် ရောင်းနေ သည်ကို တန်းစီနေသည့် လူတန်းကြီးအား လေကြောင်းမှ တိုက်ခိုက် မှုကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးပြီး ဆီးရီးယားနိုင်ငံ တွင်လေကြောင်း တိုက်ခိုက်မှုကြောင့် အသေအပျောက် အများ

Mercedes Benz CLA ကားသစ် ဒီဇိုင်း

Mercedes Benz CLA ကားသစ် ဒီဇိုင်း
Wednesday, 26 December 2012

ဆလွန်းကား သစ် Brand တစ်ခုအနေနဲ့ ဂျာမနီ မာစီဒီးက ထုတ်မယ့်ကား
ဖြစ်ပါတယ်။

A Class ကနေ အသစ်ခွဲထွက်မယ့် ကား ဖြစ်ပါတယ်။ CLA လို့အမည်ပေး ထားပြီး ၂၀၁၄ မော်ဒယ်ကနေသာ ထွက်ရှိစေမှာ ဖြစ်ပါတယ်။ ဆလွန်း subcompact ကား ဖြစ်ပြီး Cadillac တို့လို GM ရဲ့ နာမည်ကြီး ကားတွေကို ယှဉ်ပြိုင်မယ့် အနေအထားမှာ ရှိပါတယ်။ ဈေးနှုန်းကလည်း သက်သက် သာသာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

အင်ဂျင်ပါဝါ ၁၆၀၀ စီစီ၊ ၂၀၀၀ စီစီ အင်ဂျင်တွေချည်း ဖြစ်ပြီး တာဘို ဒီဇယ် ဗားရှင်းလည်း ပါဝင်အုံးမှာ ဖြစ်ပါတယ်။ တံခါး လေးပေါက် ခေတ်မှီ လှပတဲ့ ဆလွန်း ဖြစ်ပါတယ်။ ထုတ်လုပ်မှုကို ယခု စတင်နေပြီ ဖြစ်ပါတယ်။

ကာလတန်ဖိုအားဖြင့် အမေရိကန်ဒေါ်လာ ၃ သောင်း ဝန်းကျင်နဲ့သာ ရောင်း ချမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
ColayOnline:Automobileဆလွန်းကား သစ် Brand တစ်ခုအနေနဲ့ ဂျာမနီ မာစီဒီးက ထုတ် မယ့် ကား ဖြစ်ပါတယ်။A Class ကနေ အသစ်ခွဲထွက်မယ့် ကား ဖြစ်ပါတယ်။ CLA လို့အမည်ပေး ထားပြီး ၂၀၁၄ မော်ဒယ်ကနေသာ ထွက်ရှိစေ မှာ ဖြစ်ပါတယ်။ ဆလွန်း subcompact ကား ဖြစ်ပြီး Cadillac တို့လို GM ရဲ့ နာမည်ကြီး ကားတွေကိုယှဉ်ပြိုင်မယ့် အနေအထားမှာ ရှိပါ

အမေရိကန် နိုင်ငံတွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် မီးသတ်သမား နှစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာရ

အမေရိကန် နိုင်ငံတွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် မီးသတ်သမား နှစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာရ
Wednesday, 26 December 2012

အမေရိကန် နိုင်ငံ နယူးယောက် ပြည်နယ် အတွင်းရှိ မြို့ငယ် တစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ
နေရာတွင် သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် မီးသတ်
သမားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြားခဲ့သည်။

အဆိုပါ မီးသတ်သမား များသည် မီးလောင်မှု ဖြစ်ပွားရာ မြို့ငယ်
တစ်ခု ဖြစ်သော ဝက်ဘ်စတား မြို့သို့ မီးငြှိမ်းသတ်ရန် သွားရောက်စဉ်
သေနတ် သမား တစ်ဦး၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံရခြင်း ဖြစ်ကြောင်း ဝက်ဘ်စတား ရဲတပ်ဖွဲ့ အကြီးအကဲ ဂျရတ် ပစ်ကာရင်းက ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် အခင်း ဖြစ်ပွားရာ နေရာသို့ ဝက်ဘ်စတား ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦး ရောက်ရှိ လာပြီးနောက် သေနတ်သမား တစ်ဦးနှင့် အပြန်အလှန် ပစ်ခတ် ခဲ့ကြရာ သေနတ်သမားမှာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။ 

မြ၀တီအမေရိကန် နိုင်ငံ နယူးယောက် ပြည်နယ်အတွင်းရှိ မြို့ငယ် တစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ် ပွားခဲ့ရာနေ ရာတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် မီးသတ် သမားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်

Microsoft မှ ပညာရှင်နှင့် Interactive Talk ကျင်းပမည်

Microsoft မှ ပညာရှင်နှင့် Interactive Talk ကျင်းပမည်
Wednesday, 26 December 2012

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက် (သောကြာနေ့) နေ့လယ် 
(၁း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ 
အခန်း (၂၀၅) တွင် Microsoft Company ရှိ Online Service Division မှ Senior System Engineer အဖြစ် ဆယ်နှစ်ကျော် အလုပ်လုပ်နေသော ကွန်ပျူတာပညာရှင် ဦးခင်မောင်ဇော် မှ “High Availability Online Systems” နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပေးမည် ဖြစ်ကြောင်း
သိရသည်။ 

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်
အသင်းမှကြီးမှုး၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ဟောပြောပွဲ၌ Windows Servers , IIS, SQL, High Availability, Seal Ability, Performance Application အစရှိ သည်များအား
ပြောကြားပေးသွားမည်ဖြစ်သည်။ 

အဆိုပါ ဟောပြောပွဲကို လက်ရှိ Software Developer၊ Network Engineer အဖြစ် အလုပ်လုပ်နေသူများ၊ Computer နည်းပညာကို လေ့လာ
နေသော ကျောင်းသား၊ ကျောင်းသူများနှင့် နောက်ဆုံးပေါ် IT နည်းပညာကို စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။ 

အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း (၄)၊MICT Park ၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀-၈၈၃-၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

Myanmar ICT၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက် (သောကြာနေ့) နေ့လယ် (၁း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ အခန်း (၂၀၅) တွင် Microsoft Company ရှိ Online Service Division မှ Senior System Engineer အဖြစ် ဆယ်နှစ်ကျော် အလုပ်လုပ်နေသော ကွန်ပျူတာပညာရှင် ဦးခင်မောင်ဇော် မှ “High Availability Online Systems” နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပေးမည် ဖြစ်ကြောင်း

ပါကင်မှာ အဆင်ပြေမည့်ကားမျိုး ဂျပန်ကျောင်းသားတို့တီထွင်

ပါကင်မှာ အဆင်ပြေမည့်ကားမျိုး ဂျပန်ကျောင်းသားတို့တီထွင်
Wednesday, 26 December 2012

ဂျပန် ဟီရိုချီးမား တက္ကသိုလ်က အင်ဂျင်နေယာ ကျောင်းသားများ ဖန်တီးတဲ့ ကား ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဆိုတာ အများစု သိထားတဲ့အတိုင်း လမ်းကျဉ်း၊ အိမ်ကျဉ်း တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ်ကြီးကြီး၊ ခါးရှည်ရှည်ကား ဆို တော် ရုံလူ ဝယ်မစီး ပါဘူး။ အကွေ့မှာ ခက်ခဲသလို၊ ပါကင်ထိုးဖို့ဆို စဉ်းစားလို့ကို မရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါကို ဖြေရှင်း ဖို့ ဈေးသက်သာ ကား တစ်မျိုးကို ဂျပန်ကျောင်းသားတို့ စမ်းသပ် တီထွင် ထားပါတယ်။

တစ်နာရီ ၅၀ ကီလိုမီတာ သာ မောင်းနှင်နိုင်သေးတဲ့ အစမ်းမော်ဒယ် ဖြစ် ပါတယ်။ လျှပ်စစ်ဓာတ်အားကို အသုံးပြုတဲ့ သုံးဘီးကား ဖြစ်ပါတယ်။ ပတ် ပတ်လည်ကို လေအိတ်တွေချည်းနဲ့သာ ဖုံးအုပ် ထားပြီး တစ်ခုခုကို တိုက်တော့မယ်ဆို အလိုအလျောက် ရပ်ပါတယ်။ ဒီအတွက် ကြားမှ အရှိန် ယူစဉ် ပတ်ပတ်လည် လေအိတ်က အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ လူကို ဝင်တိုက်ရင်တောင် လေအိတ်က အလုပ်လုပ်တဲ့အတွက် ဘာမှ မထိ ခိုက်ပါဘူး။

ပါကင်ထိုးမယ်ဆိုရင်လည်း လေအိတ်တွေချည်းနဲ့သာ ပွတ်တိုက်ရမှာ ဖြစ်တဲ့ အတွက် အဆင်ပြေသလို တောင် ပါကင်ထိုးနိုင်ပါတယ်။ ယင်းကားကို iSAVE-SC1 လို့ အမည်ပေးထားပါတယ်။ အောက်ပါ ဗီဒီယိုကို လေ့လာဖို့ ကား ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို မြင်တွေ့ နိုင်ပါတယ်။

http://youtu.be/WO0QKXb8lq8

http://www.colayonline.com.mm/automobile

ColayOnline:Automobileဂျပန်ဟီရိုချီးမား တက္ကသိုလ်က အင်ဂျင်နေယာ ကျောင်းသားများ ဖန်တီးတဲ့ကား ဖြစ်ပါတယ်။ဂျပန်နိုင်ငံဆိုတာ အများစုသိထားတဲ့ အတိုင်းလမ်းကျဉ်း၊ အိမ်ကျဉ်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ် ကြီးကြီး၊ ခါးရှည်ရှည်ကားဆို တော် ရုံလူဝယ်မစီးပါဘူး။ အကွေ့မှာ ခက်ခဲသလို၊ ပါကင်ထိုးဖို့ဆို စဉ်းစားလို့ကို မရတဲ့ အခြေအနေ တစ်ခုဖြစ် ပါတယ်။ ဒါကို ဖြေရှင်းဖို့ ဈေးသက်သာ ကားတစ်မျိုးကို ဂျပန်ကျောင်းသားတို့ စမ်းသပ်တီထွင်ထားပါ

အင်ဒိုနီးရှား နိုင်ငံ အတွင်း H5N1 ဗိုင်းရပ်စ်ပိုး ကူးစက် ခံရသော ဘဲကောင်ရေ တစ်သိန်းကျော်အား ရှင်းလင်းခဲ့

အင်ဒိုနီးရှား နိုင်ငံ အတွင်း H5N1 ဗိုင်းရပ်စ်ပိုး ကူးစက် ခံရသော ဘဲကောင်ရေ တစ်သိန်းကျော်အား ရှင်းလင်းခဲ့

အင်ဒိုနီးရှား လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဌာနသည် နိုင်ငံအတွင်း ကြက် ငှက် တုပ်ကွေး ရောဂါ ဖြစ်စေသည့် H5N1 ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ် ကူးစက်ခံရသော ဘဲအကောင်ရေ ၁၁၂ဝဝဝ ခန့်အား သုတ်သင်ရှင်း လင်း ခဲ့ကြောင်း အာဏာပိုင် များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဗိုင်းရပ်စ်ပိုး အမျိုးအစားမှာ Clad of 2.1 ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန၏ တိရစ္ဆာန် ကျန်းမာရေး ဌာနက ညွှန်ကြားရေးမှူး ပူဒ်ဂျတ် မိုကိုက ပြောကြား ခဲ့သည်။ 

အင်ဒိုနီးရှား အစိုးရသည် ၎င်း H5 N1 ရောဂါပိုးအား တားဆီး ကာကွယ်ရန် နည်းလမ်းများအား လုပ်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း သိရ သည်။

သို့သော် ဘဲများတွင် ကူးစက်သော ၎င်း H5N1 ရောဂါပိုးသည် ယခုတိုင် လူများအား အန္တရာယ် မပေးနိုင် သေးကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။ 

http://www.myawady.net.mm/allnews/global/item/2819-2012-12-26-10-04-05
အင်ဒိုနီးရှားလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်း ကြက် ငှက်တုပ်ကွေး ရောဂါ ဖြစ်စေသည့် H5N1 ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ် ကူးစက်ခံရသော ဘဲအကောင်ရေ ၁၁၂ဝဝဝ ခန့်အား သုတ်သင်ရှင်း လင်းခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြား

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရန်အတွက် Mobile Team ဖြင့်ဆောင်ရွက်မည်


တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရန်အတွက် Mobile Team
ဖြင့်ဆောင်ရွက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆။
တရားမ၀င်ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန် အတွက် ကုန်သွယ်မှုပြုရာလမ်းတစ်လျှောက်တွင် လှုပ်ရှားရှာဖွေ တာဆီးစစ်ဆေးရေးအဖွဲ့ (Mobile Team) ဖြင့် စတင်ဆောင်ရွက်တော့မည့်ဖြစ်ကြောင်း သိရသည်။

ကန့်သက်တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ တင်ပို့ခြင်း၊ တင် သွင်းခြင်း၊ ခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ပါ စည်းကမ်းချက်များ ဖောက်ဖျတ်ခြင်း တို့ကို အရေးယူဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Mobile Team အဖွဲ့သည် နယ်စပ်ကုန်သွယ်ရေးစခန်း ပတ်ဝန်းကျင်ရှိ ရှောင်ကွင်း လမ်းများ၊ နယ်စပ်ဒေသများမှ ပြည်တွင်းသို့ ၀င်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်း များ၊ မြစ်ချောင်းများ၊ ပင်လယ်ရေကြောင်းမှ ၀င်ရောက်နိုင်သည့် ၀င်ပေါက်ထွက်ပေါက်များ၊ ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် လိုအပ်ပါက ဈေးကွက်အတွင်းထိ နေရာအားလုံး စစ်ဆေး
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး စစ်ဆေးမှုများကြောင့် ကုန်သွယ်မှု အတားအဆီး မဖြစ်စေရန်အတွက် Spot Check စနစ်ကို ကြည့်သုံး သွားမည်ဖြစ်ကြောင်း မြ၀တီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ပညာပေးကာလအတွင်း တရားမ၀င်ကုန်သွယ်မှုဆောင်ရွက်နေသူများ ကုန်သွယ်မှု လမ်း
ကြောင်းပေါ် ရောက်ရှိလာစေရန် လျော့ပေါ့အရေးယူခြင်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး ကာလကျော်လွန်ပါက တည်ဆဲဥပဒေများအပြင် သက်ဆိုင်ရာမှန်သမျှအား Black List စာရင်းထည့် သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။



____________________________________
Reference and Credit to -စူးရှ(မြန်မာ့ခေတ်)
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
တရားမ၀င်ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန် အတွက် ကုန်သွယ် မှုပြု ရာလမ်းတစ်လျှောက်တွင် လှုပ်ရှားရှာဖွေ တာဆီးစစ်ဆေးရေးအဖွဲ့ (Mobile Team) ဖြင့် စတင်ဆောင်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် အိုက်စလန် သမ္မတ နိုင်ငံတို့ အကြား သံတမန် အဆက်အသွယ် ထူထောင်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် အိုက်စလန်သမ္မတ နိုင်ငံတို့သည်ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါမူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အပေါ်အခြေခံလျက် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အကျိုးတူပူးပေါင်း ဆောင် ရွက်ရေးကို မြှင့်တင်လိုသည့် ဆန္ဒရှိကြသည့် အားလျော်စွာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ စတင်၍ နှစ်နိုင်ငံ အကြား သံအမတ်ကြီး အဆင့်ဖြင့် သံတမန် အဆက်အသွယ်

တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း

တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း

တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက် တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံ အပါအဝင် ဒေသ ကိုးခုမှ ရဲအရာရှိ များသည် ကလေးမှောင်ခို ဂိုဏ်းကို ဖြိုခွင်းရန် အတွက် ပူးပေါင်း စစ်ဆင်ရေး တစ်ခုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်လုပ်ဆောင် ခဲ့ကြ ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန လူမှောင်ခို ဆန့်ကျင် တိုက်ဖျက်ရေး ရုံးမှ ညွှန်ကြားရေး မှူး ချန်ရှီကူ က ပြောကြား ခဲ့သည်။

လူမှောင်ခို ဂိုဏ်းမှ ကယ်တင် နိုင်ခဲ့သည့် ကလေးသူငယ် များကို ဒေသတွင်း ရှိ ပြုစု စောင့်ရှောက်ရေး ဌာန များတွင် ပြုစု စောင့်ရှောက်လျက် ရှိပြီး ၎င်း တို့၏ မိဘများကို ရဲတပ်ဖွဲ့ဝင် များက ရှာဖွေလျက် ရှိကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကလေးငယ် များ၏ DNA စစ်ဆေးချက် များကို စုဆောင်း၍ ၎င်း DNA စစ်ဆေးချက် များကို အမျိုးသား DNA စစ်ဆေးရေး ဌာန၏ ကွန်ပျူတာ အချက်အလက် များအတွင်း ထည့်သွင်း၍ ကလေးများ၏ မိဘများကို ရှာဖွေ ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း ချန်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်း ဌာနက ပြောကြားခဲ့ သည်။ 

ယူနန်ကဲ့သို့ ဆင်းရဲသော ပြည်နယ်များတွင် ကျန်းမာသော နို့စို့အရွယ် ယောက်ျားလေး တစ်ဦးကို  ယွမ်ငွေ ၃ဝဝဝဝ (အမေ ရိကန်ဒေါ်လာ၄၈၁ဝ)ဖြင့် ပေးဝယ်၍  ဖူကျန့်နှင့်  ဂွမ်ဒေါင်းပြည်နယ်ကဲ့သို့ ကြွယ်ဝ ချမ်းသာသော ပြည်နယ်များသို့ ယွမ်ငွေ ၇ဝဝဝဝ မှ ၉ဝဝဝဝ ဖြင့် ရောင်းချနိုင်ကြောင်း၊ လူကုန်ကူး မှုသည် အကျိုးအမြတ် များသောကြောင့် လူကုန်ကူးမှု လုပ်ငန်း ကြီးထွားလျက် ရှိသည်ဟု ဖူကျန့်ပြည်နယ် တရား ဥပဒေ စိုးမိုးရေး အဆင့်မြင့် အရာရှိ ဝမ်ဆီဇန်က ပြောကြားထားသည်။

http://www.myawady.net.mm/allnews/global/item/2805-2012-12-26-09-58-27
တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက်တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံအပါအဝင် ဒေသကိုးခုမှ ရဲအရာရှိများသည် ကလေးမှောင်ခိုဂိုဏ်းကို ဖြိုခွင်းရန်အတွက် ပူးပေါင်းစစ်ဆင်ရေး တစ်ခုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်လုပ်ဆောင်ခဲ့ကြ ကြောင်း ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနလူမှောင်ခို

ကမ္ဘာ့ ထိပ်တန်း လစာ အမြင့်ဆုံးရ အောင်လက်မှတ် (၁၅)မျိုး


ကမ္ဘာ့ ထိပ်တန်း လစာ အမြင့်ဆုံးရ အောင်လက်မှတ် (၁၅)မျိုး
Wednesday, 26 December 2012 

PMP (Project Management Professional)
အနိမ့်ဆုံးလစာဒေါ်လာ၁သိန်း မှစပြီး ရရှိနိုင်သော အောင်လက်မှတ်
မျိုးဖြစ်သည်

CAMP (Certified Associate in Project Management)
အနိမ့်ဆုံးလစာ ၁၀၁၁၀၃ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

ITIL (IT Infrastructure Library)
အနိမ့်ဆုံးလစာ ၉၅၄၁၅ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CISSP (Certified Information System Security Professional)
အနိမ့်ဆုံးလစာ ၉၄၀၁၈ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCIE ( Certified Cisco Routing and Switching)
အနိမ့်ဆုံးလစာ ၈၈၈၂၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCVP (Certified Cisco Voice Professional)
အနိမ့်ဆုံးလစာ ၈၈၈၂၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

ITIL Master (IT Infrastructure Library Master)
အနိမ့်ဆုံးလစာ ၈၆၆၀၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCSD (Microsoft Certified Solution Developer)
အနိမ့်ဆုံးလစာ ၈၄၅၂၂ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCNP (Cisco Certified Network Professional)
အနိမ့်ဆုံးလစာ ၈၄၁၆၁ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

RHCE (Red Hat Certified Engineer)
အနိမ့်ဆုံးလစာ ၈၃၆၉၂ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCITP (Microsoft Certified IT Professional)
အနိမျ့ဆုံးလစာ ၈၂၉၄၁ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCSP (Cisco Certified Security Professional)
အနိမ့်ဆုံးလစာ ၈၀၀၀၀ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်


MCAD (Microsoft Certified Application Developer)
အနိမ့်ဆုံးလစာ ၇၉၄၄၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCITP (Database)
အနိမ့်ဆုံးလစာ ၇၇၀၀၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCDBA (Microsoft Certified Database Administrator)
အနိမ့်ဆုံးလစာ ၇၆၉၆၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CNetအယ်ဒီတာအဖွဲ့ ၏ရွေးချယ်မှုဖြစ်ပါသည်..
လစာမှာ တစ်နှစ်ပျမ်းမျှလစာဖြစ်ပါသည်
U Cloud Bank
Admin Of MyanmarITgroup
ITgroup
PMP (Project Management Professional)
အနိမ့်ဆုံးလစာဒေါ်လာ၁သိန်း မှစပြီး ရရှိနိုင်သော အောင်လက်မှတ်

ရခိုင်ပြည်နယ် မြောက်ပိုင်းသုံးမြို့နယ်အတွင်း လူဦးရေထူထပ် များပြားမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားနေ

Photo: ရခိုင်ပြည်နယ် မြောက်ပိုင်းသုံးမြို့နယ်အတွင်း လူဦးရေထူထပ်
များပြားမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားနေ 
Wednesday, 26 December 2012

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်
မြောက်ပိုင်းများတွင် လူဦးရေ ထူထပ်များပြားနေမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားကာ နိုင်ငံတကာ စံချိန်စံညွှန်းထက် ကျော်လွန်နေကြောင်း သိရသည်။

အဆိုပါဒေသ၏ လူဦးရေသိပ်သည်းဆမှာ မောင်တောမြို့နယ်တွင် တစ်စတုရန်းမိုင်လျင် ၈၇၀ ဦး၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲတွင် ၇၀၁ ဦး၊
ရခိုင်ပြည်နယ်တစ်ခုလုံး၏ လူဦးရေသိပ်သည်းဆမှာ ၂၃၃ ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသများသည် လူဦးရေသိပ်သည်းဆ တစ်စတုရန်း ကီလိုမီတာတွင် လူဦးရေ ၁၂၁၇ ဦး ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းမြေချင်း ထိစပ်လျက်ရှိသည်။

မောင်တောခရိုင်၏ ထူးခြားသော အခြေအနေအရ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးကွပ်ကဲမှုဌာနချုပ် အနေဖြင့် အဓိကတာဝန်ကြီးသုံးရပ်တွင် ပါဝင်သော လူဦးရေထိန်းချုပ်ရေးတာဝန်ကို အကောင်အထည်ဖော်ရာတွင် နယ်မြေကိုးခု စခန်း၂၆ ခုဖြင့် ဆောင်ရွက်လျက်ရှိရာ တစ်ဖက်နိုင်ငံမှ တရားမ၀င်ခိုးဝင်မှုများ၊ မိမိနိုင်ငံအတွင်းမှ ခိုးထွက်မှုများကိုစောင့်ကြည့်
ဖော်ထုတ်ပြီး ရှောင်တခင် ၀င်ရောက်စစ်ဆေးခြင်း၊ပင်လယ်ပြင်နှင့် နတ်မြစ်ကမ်းခြေမှ ပိတ်ဆို့တားဆီးခြင်း၊ တောင်ကျော်လမ်းများမှ စစ်ဆေးခြင်းကို ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါဒေသသည် သမိုင်းကြောင်းဆိုင်ရာ လူမျိုးရေးအနေအထားကြောင့် လူဦးရေထိန်းသိမ်းရေး လုပ်ငန်းအား ဆောင်ရွက်ရာတွင် ထူးခြားသည့်
ဖြစ်စဉ်များ တွေ့ရှိရကြောင်းနှင့် တရားမ၀င်ကလေးကိစ္စများ ပါဝင်ကြောင်း၊ တရားမ၀င်ကလေးဟု သတ်မှတ်ရာတွင် တရားဝင် လက်ထပ်ခြင်း
မပြုဘဲ မွေးဖွားသော ကလေးများ၊တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသည့် ဖခင်ဖြစ်သူအား အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ထားသော်လည်း ကျန်ရစ်ခဲ့သော မိခင်မှမွေးဖွားလာသော ကလေး၊ ဖခင်ပြေးပြီးနောက် တစ်ဖက်နိုင်ငံမှ တရားမ၀င် ပြန်လည်ဝင်ရောက်လာပြီး တရားမ၀င်
ပေါင်းသင်းမှုမှ မွေးဖွားလာသော ကလေးများ၊ မုဆိုးမ၊ တစ်ခုလပ်၊ အပျိုတို့မှ ဖခင်မပေါ်ဘဲ မွေးဖွားလာသော ကလေးများနှင့် လက်ထပ်ထိမ်းမြားခြင်း အမှုတွဲအား စိစစ်နေဆဲကာလတွင် ပေါင်းသင်းနေထိုင်သဖြင့်
မွေးဖွားလာသော ကလေးများဟု သီးခြားစာရင်းပြုစုထားကြောင်း သိရသည်။

တရားမ၀င် ကလေးအရေအတွက်မှာ ၂၀၀၉ခုနှစ် လူဦးရေစစ်ဆေး
ပြီးသည့်စာရင်းအရ ရ၂၈၉ ဦးအထိ ရှိခဲ့ပြီး ထိုကလေးများသည် အရွယ် ရောက်လာသည့်အခါ စာရင်းမဲ့ဖြစ်နေခြင်း၊ ဒေသန္တရအမိန့်များ၊ ဥပဒေများကို ထပ်မံချိုးဖောက်ခြင်း တရားမ၀င် အိမ်ထောင်ပြုခြင်း၊
ကလေးမွေးဖွားခြင်း၊ မွေးဖွားသည့် ကလေးအား စာရင်းမသွင်းနိုင်ခြင်း စသည့် ပြဿနာများ ပိုမိုတိုးပွားလျက် ရှုပ်ထွေး သည့် အခြေအနေများ
ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ်တွင် တရားဝင် စာရင်းဇယားများအရ တိုင်းရင်းသား ၂၅၅၅၃ ဦးရှိပြီး ဘင်္ဂါလီ ၄၄၃၃၉၀ ဦးရှိနေကာ ဘူးသီးတောင်တွင် တိုင်းရင်းသား ၄၆၁၉၂ ဦးရှိကာ ဘင်္ဂါလီ နှစ်သိန်းသုံးသောင်း ရှိပြီဖြစ်သဖြင့် ယင်းဒေသတွင် နေထိုင်သောတိုင်းရင်းသားများ၏ လုံခြုံရေး၊ ပထ၀ီနိုင်ငံရေးကို စဉ်းစားရန်လိုလာပြီဖြစ်ကြောင်း လေ့လာသူများက
ပြောဆိုလျက်ရှိသည်။

Eleven Media Groupရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်
မြောက်ပိုင်းများတွင် လူဦးရေထူထပ်များပြားနေမှုနှင့် မွေးဖွားနှုန်း အဆ မတန်တိုးပွားကာ နိုင်ငံတကာစံချိန်စံညွှန်း ထက် ကျော် လွန်နေကြောင်း သိရသည်။ အဆိုပါဒေသ၏ လူဦးရေသိပ်သည်း ဆမှာ မောင်တောမြို့နယ်တွင် တစ်စတုရန်းမိုင်လျင် ၈၇၀ ဦး၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲတွင် ၇၀၁ ဦး၊ ရခိုင်ပြည်နယ်တစ်ခုလုံး၏ လူဦးရေ သိပ်သည်းဆမှာ ၂၃၃ ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသ များသည် လူဦးရေသိပ်သည်းဆ တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်

ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီ ကျွန်းများမှ အချို့ အစိတ် အပိုင်းများသည်   မြေအောက် ရေကြောင့် အရည်ပျော် လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

ယခုအခါ ဟာဝိုင်အီ ကျွန်းများသည် မြေပြိုမှုများ သိသိသာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ မြေအောက်ရေ အတွင်း ကျွန်းပေါ်ရှိ မြေသားများ ပျော်ဝင်ခဲ့ကြောင်း လေ့လာ တွေ့ရှိ ချက်များ အရ သိရသည်။ 

ထို့ပြင် သုတေသီ များသည် ဟာဝိုင်အီ ကျွန်း၏ တတိယ အကြီးဆုံး ဖြစ်သော အိုဟူကျွန်း ပေါ်ရှိ တောင်တန်းများမှာ ဖျက်ဆီးခံ နေရပြီး အဆိုပါ တောင်များ သည် မကြာမီ နှစ်များ အတွင်း ပျောက်ကွယ် တော့မည် ဖြစ်ကြောင်းဖြင့် လေ့လာမှု များက ညွှန်ပြလျက် ရှိသည်။

အိုဟူကျွန်းရှိ တောင်များ မြေဆီလွှာ ပျက်စီး တိုက်စားမှုကို ဖြစ်စေသော ပျော်ဝင် ပစ္စည်းများ ပါဝင်သည့် ရေတိုက်စား မှုကြောင့် အဆိုပါ ကျွန်းများမှာ ပျောက်ကွယ်၍ မြေပြင် အဖြစ်သို့ ပြောင်းလဲသွား လိမ့်မည်ဖြစ်ကြောင်း အသေးစိတ်လေ့ လာချက်များတွင် ဖော်ပြထားသည်။

ဘူမိဗေဒ ပညာရှင် များသည် အဆိုပါ ကျွန်းများ၏ မြေပမာဏ ပျက်စီးမှုကို တွက်ချက်ရန် အတွက် မြေအောက်ရေနှင့် စမ်းချောင်းရေ များကို လေ့လာ မှုများ ပြုလုပ်ခဲ့ရာ ၎င်းရေများတွင် ကျွန်းများမှ သတ္တုဓာတ် များကို ဖယ် ရှားနိုင်သော ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့သည်။

သို့သော်လည်း အိုဟူကျွန်းသည် လာမည့် နှစ်သန်းပေါင်း ၁ ဒသမ ၅သန်း အထိ ဆက်လက် တည်ရှိ မည်ဖြစ်ကြောင်း သုတေသီ များ၏ နောက်ဆုံး လေ့လာချက် များအရ သိရသည်။

http://www.myawady.net.mm/allnews/global/item/2801-2012-12-26-09-55-02
ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီကျွန်းများမှ အချို့အစိတ် အပိုင်းများသည် မြေအောက် ရေကြောင့် အရည်ပျော်လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြားခဲ့သည်ဟု အင်တာနက်သတင်းအရ သိရသည်။ယခုအခါ ဟာဝိုင်အီကျွန်းများသည် မြေပြိုမှုများ သိသိ သာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ မြေအောက်ရေ အတွင်း

တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ

တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်း ပြည်နယ် ဟာဘင်မြို့ ချန်လင် ရေကန်တွင် ဒီဇင်ဘာ ၂၄ ရက်က ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆောင်းရာသီ ငါးဖမ်း ပွဲတော်တွင် ငါးဖမ်း သမား အများအပြားက
တပျော်တပါး ပါဝင် ဆင်နွှဲခဲ့ကြပြီး ၎င်းတို့ ဖမ်းဆီးရမိ ခဲ့သော ငါးများကို ပြသခဲ့ကြောင်း သိရသည်။ ချန်လင် ရေကန်သည် နှစ်စဉ် ဈေးကွက်ဝင် ငါး  ကီလို ဂရမ် ၁ဝဝဝဝဝ ထွက်ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2802-2012-12-26-09-56-02တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်း ပြည်နယ် ဟာဘင်မြို့ ချန်လင်ရေကန်တွင် ဒီဇင်ဘာ ၂၄ ရက်က ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်းရာသီ ငါးဖမ်းပွဲတော်တွင် ငါးဖမ်းသမား အများအပြား

အဲပုဂံလေယာဉ်ပျက်က လွတ်လာသူ အင်နာရဲ့ အတွေ့အကြုံ

Photo: အဲပုဂံလေယာဉ်ပျက်က လွတ်လာသူ အင်နာရဲ့ အတွေ့အကြုံ
Wednesday, 26 December 2012

ဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲ ပါခဲ့သူ သြစတြေလျ နိုင်ငံသူ အင်နာ ဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။

".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ဘာအန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ်ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန်ဆက်သွယ်ပြီး ကျမတို့ကို ကိစ္စပြောပြပေးပါ။ ကျမတို့နဲ့ပါသမျှ ဘာမှမကျန်တော့ဘူး... လို့ အင်နာက ပြောပါတယ်။

သူတို့ဟာ လေယာဉ်ရဲ့နောက်ပိုင်း သုံးပုံ ၂ ပုံလောက်မှာ ရှိနေခဲ့ပြီး
လေယာဉ်ရှေ့ဘက်ပိုင်းကရော နောက်ဘက်ပိုင်းကပါ မီးခိုးတွေ ထွက်လာတော့ .. သွားပြီ။ ဒါနောက်ဆုံးပဲလို့ ထင်လိုက်တယ်။
လေယာဉ်နောက်ပိုင်းမှာ မီးလောင်နေပြီး နောက်တံခါးကနေ ထွက်လို့ မရဘူး။ နောက်တော့ လေယာဉ်ပျက် အရှေ့ပိုင်းကနေ ထွက်လို့ ရလိုက်တယ်။ တောအုပ်ထဲ လေယာဉ်ထိုးဆင်းလာတော့ တောင်ပံ၂ ဘက်စလုံး ပြုတ်ထွက်သွားတယ်။ အဲဒါကလည်း အင်မတန် ကံကောင်းတာ
ဖြစ်လိမ့်မယ်။ တောင်ပံသာကျန်နေရင် အဲဒီမှာ လောင်စာရှိတာမို့
ပေါက်ကွဲမှာသေချာတယ်။ - လို့ သူအမေဖြစ်သူကို ပြောပြခဲ့ပါတယ်။

သူတို့ကို ရန်ကုန်ကို ချက်ခြင်းပဲ လေယာဉ်နဲ့ ပြန်ခေါ်သွားချိန်မှာ ပျက်ကျနေတဲ့ လေယာဉ်အပေါ်ကနေပဲ ဖြတ်ပျံရပြီး လေယာဉ်ဟာ တကယ်ပဲ ၂ ပိုင်းပြတ်နေတာကို အပေါ်စီးက မြင်ခဲ့ရတယ်လို့
ပြောပြခဲ့ပါတယ်။

(ဓာတ်ပုံ- လေယာဉ်ပျက်ရာမှာ ပါခဲ့တဲ့ အန်နာ ဘာ့ခ်ျ)
ABC သတင်းကို ကိုးကားထားပါတယ်။
MZ (Burmese-Newselite)
Burma-Newseliteဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲပါခဲ့သူ သြစတြေလျ နိုင်ငံသူ အင်နာဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။
".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ ဘာ အန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ် ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန်

လေယာဉ်ဖြတ်သန်းမှု နှစ်ဆခန့်မြင့်တက်လာခြင်းကြောင့် လေကြောင်းလမ်းညွှန်ကိရိယာများ တိုးချဲ့တပ်ဆင်မည်

Photo: လေယာဉ်ဖြတ်သန်းမှု နှစ်ဆခန့်မြင့်တက်လာခြင်းကြောင့်
လေကြောင်းလမ်းညွှန်ကိရိယာများ တိုးချဲ့တပ်ဆင်မည်
Wednesday, 26 December 2012

ပြည်ပမှ လေယာဉ်များ ဖြတ်သန်းမှု နှစ်ဆခန့် များပြားလာသောကြောင့်
လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တိုးချဲ့တပ်ဆင်ရန်အတွက်
နေရာသုံးနေရာ၌ လျာထားသည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တပ်ဆင်ခြင်းဖြင့်
မြန်မာ့လေပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းသော ပြည်ပမှ လေယာဉ်များ
အတွက် အထောက်အကူများစွာရရှိပြီး ဝေဟင်၌ လေယာဉ်အချင်းချင်း မတော်တဆထိခိုက်မှုများမှ ကင်းဝေးနိုင်မည်ဖြစ်သည်။

မြန်မာ့လေပိုင်နက်အတွင်း ပုံမှန်ဖြတ်သန်းသည့် လေယာဉ်များမှာ ယခင်က နေ့စဉ်အစင်း ၂၅၀ မှ ၃၀၀ ကြားရှိရာမှ ယခုအခါ အစင်း ၅၀၀ ကျော်အထိရှိပြီး ပုံမှန်ဖြတ်သန်းမှုမဟုတ်သော လေယာဉ်အစင်း
ငါးစင်းခန့်မှ ၃၀ စင်းအထိ ရှိလာသည်ဟု ဒီဇင်ဘာ ၁၈ ရက်ထုတ်နိုင်ငံပိုင်
သတင်းစာ၌ ဖော်ပြသည်။

အဆိုပါလေကြောင်း အထောက်အကူပြုစနစ်အား ဖြစ်နိုင်ပါက
မြန်မာနိုင်ငံ၏ လေယာဉ်ကွင်းတိုင်းတွင် ထားရှိသင့်ပြီး အဆိုပါ စနစ်ကြောင့် မိုးတွင်းနှင့် ဆောင်းတွင်းတို့တွင် လေယာဉ်မောင်းနှင်ရသည်မှာ ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ လေယာဉ်မှူး ဦးသန်းထွေးက ပြောသည်။

တိုးချဲ့တပ်ဆင်ရန် လျာထားချက်အား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကလည်း အကူအညီများ
ပေးအပ်သွားမည်ဟု အဆိုပါ အဖွဲ့အစည်းမှ သတင်းရရှိသည်။

“ကျွန်တော်တို့က လေကြောင်းနဲ့ ပတ်သက်ရင် လုံခြုံရေးနဲ့ အန္တရာယ်
ကင်းရှင်းရေးတို့အတွက် အဓိကထောက်ပံ့ပေးဖို့ ရှိပါတယ်” ဟု ယင်းအဖွဲ့အစည်းမှ လေကြောင်းကဏ္ဍ ထောက်ပံ့ရေး၏ တာဝန်ရှိသူ ကိုကျော်ဇောအောင်ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အဆိုပါလမ်းညွှန်ဆက်သွယ်ရေး စက်များအား ချမ်းမြသာစည်(မန္တ လေး)၊ တံတားဦး(မန္တလေး)၊ လားရှိုး၊ ပဲခူး၊ လှည်းကူး၊ ပုသိမ်၊ ထားဝယ်နှင့် နေပြည်တော်တို့တွင် တပ်ဆင်ထားပြီး တိုးချဲ့မှုအဖြစ် ဟဲဟိုး၊ ညောင်ဦး၊ သံတွဲဒေသများတွင် လျာထားသည်ဟုလေကြောင်း
ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးစိုင်းဝင်းမြင့်က ပြောသည်။

7Day News Journalပြည်ပမှ လေယာဉ်များ ဖြတ်သန်းမှု နှစ်ဆခန့် များပြားလာသောကြောင့်
လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တိုးချဲ့တပ်ဆင်ရန် အတွက်နေရာ သုံးနေရာ၌လျာထားသည်ဟု လေကြောင်း ပို့ ဆောင်ရေးညွှန်ကြား မှု ဦးစီးဌာနမှ သတင်းရရှိ သည်။ လေကြောင်း လမ်းညွှန်ဆက်သွယ်ရေးစက်များ တပ်ဆင်ခြင်းဖြင့် မြန်မာ့လေပိုင်နက် အတွင်း ဖြတ်ကျော်ပျံသန်းသော ပြည်ပမှ လေယာဉ်များအတွက် အထောက်အကူ များစွာရရှိပြီး ဝေဟင်၌ လေယာဉ်အချင်းချင်း မတော်

Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်

Photo: Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး
ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်  
Wednesday, 26 December 2012

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌ 
ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့မှ သတင်းရရှိပါသည်။

ယခုတွေ့ဆုံမှုကို ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး သုံးဦးလက်ခံတွေ့ဆုံသွားမည်ဖြစ်ကာ မည်သည့်အကြောင်းအရာကို ဆွေးနွေးသွားမည်ဆိုသည်နှင့် မည်သူတို့ သွားရောက်တွေ့ဆုံမည်ကို မဆုံးဖြတ်ရသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီက ပြောကြားခဲ့သည်။

ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်အထိ လာရောက်လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်
တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ မြန်မာပရောဂျက်သည် ၁၉၉၄ ခုနှစ်က စတင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အခြေအနေများကို
နိုင်ငံတကာမှ သိရှိနားလည်မှု ပိုမိုလာရန်နှင့် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များအား ကူညီထောက်ပံ့ရန် ဆောင်ရွက်ခဲ့သည်။

Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်
တို့အတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဂျော့ဆိုးရော့စ်
အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှလည်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ
အနှံ့အပြားသို့ သွားရောက်ဟောပြောမှုများ ပြုလုပ်ခြင်း၊ ငွေကြေး
လှူဒါန်းခြင်းများ ပြုလုပ်နေသည်။

Eleven Media Groupကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈

လာမည့်ဘတ်ဂျက်တွင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်တိုးရရန် တွန်းအားပေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ကဆို

Photo: လာမည့်ဘတ်ဂျက်တွင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်တိုးရရန် တွန်းအားပေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ကဆို
Wednesday, December 26, 2012 


မကြာမီပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင်
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များအား ယခင်နှစ်ထက် ပိုမိုရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားသည်။

နိုင်ငံတော် ဘတ်ဂျက်ကို အဓိကဆွေးနွေးမည့် လွှတ်တော်များ၏ ဆဋ္ဌမပုံမှန်အစည်းအဝေးများကို ဇန်န၀ါရီလ ၉ ရက်တွင်
ပြုလုပ်ကျင်းပမည်ဖြစ်သည်။

ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများသည် တိုင်းပြည်အတွက် အရေးပါသော ကဏ္ဍများဖြစ်သဖြင့် အသုံးစရိတ်များ တိုးမြင့်ရရှိရေးသည် မလုပ်မဖြစ် လုပ်ဆောင်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။

“ဒီကဏ္ဍတွေမှာ တိုးသုံးဖို့ဆိုတာ မဖြစ်မနေလုပ်ကိုလုပ်ရမယ့် အချက်ပါ။ ဘယ်လောက်အထိ တိုးသုံးရမယ်ဆိုတာကိုတော့ ဆွေးနွေးရမယ့် အနေအထားမျိုး ဖြစ်နေတယ်။ လက်ရှိ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး
အခြေအနေအရ ဘယ်လောက်ထိ တိုးသုံးရမယ်ဆိုတာ ပညာရှင်တွေပါ ပါဝင်ပြီး ဆွေးနွေးရမယ့် ကိစ္စဖြစ်နေပါတယ်” ဟု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောသည်။

ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ်များကို တိုးမြှင့်ရေးသည် အရေးကြီးသော ကိစ္စရပ် တစ်ခုဖြစ်သကဲ့သို့ ပြည်သူများ
နေထိုင်ရေးကိစ္စရပ်သည်လည်း အရေးပါသော အနေအထားတွင် ရှိလာသဖြင့် အနာဂတ်တွင် ပြည်သူများ နေထိုင်ရေးအတွက်
ဆောင်ရွက်နေသော ၀န်ကြီးဌာနများသို့ ဘတ်ဂျတ်ငွေများ ပိုမိုချထားစေလိုကြောင်း၊ ထို့ပြင် တိုင်းပြည်အတွက် လိုအပ်သော လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးချဲ့ထားသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအား အသုံးစရိတ် တိုးမြှင့်ပေးရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မိမိတို့အနေဖြင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်သတ်မှတ်ရန် စီမံခန့်ခွဲပိုင်ခွင့်မရှိဘဲ ရွှေ့ပြောင်း
သုံးစွဲစေခြင်း၊ လျော့နည်းသုံးစွဲစေခြင်း၊ ဖြတ်တောက်ခြင်းတို့ကိုသာ ပြုလုပ်
နိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။

“တိုင်းပြည်မှာ အဓိကကျတဲ့ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေကို လျှော့တာတို့၊ ဖြတ်တောက်တာတို့ လုံးဝလုပ်မှာမဟုတ်ဘူး။ တင်ပြလာတဲ့ စာရင်းတွေက မှန်သလား၊ လုပ်ပုံလုပ်နည်းလွဲနေသလားဆိုတာကိုပဲ စိစစ်ရမှာပါ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် သုံးစွဲနေသော ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးအသုံးစရိတ်များတွင် ကျန်းမာရေး ဘတ်ဂျက်ကို ယခင်
အစိုးရသုံးစွဲခဲ့သည့် အသုံးစရိတ်ထက် လေးဆတိုးမြှင့် သုံးစွဲခဲ့ပြီး ၂၀၁၃ - ၂၀၁၄ ဘတ်ဂျက်ခွဲဝေမှုတွင်လည်း ကျန်းမာရေးနှင့် ပညာရေး
အသုံးစရိတ်များကို ယမန်နှစ်ကထက် မလျော့နည်းစေရန်နှင့် ပိုမိုတိုးတက်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

ကာကွယ်ရေး အသုံးစရိတ်နှင့် ပတ်သက်၍ ယခင်နှစ်ထက် ပိုမိုမြင့်တက်ရန်မရှိဘဲ အဆိုပါ ကိစ္စရပ်သည် စစ်ရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်နေပြီး လက်ရှိတိုင်းပြည်တွင် ဖြစ်ပေါ်နေသော အခြေအနေများကိုပါ တွက်ချက်၍ စဉ်းစား သုံးသပ်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဆိုသည်။

“ကာကွယ်ရေး အသုံးစရိတ် လျှော့ချဖို့ဆိုရင် အကောင်းဆုံးက တပ်မတော်အနေနဲ့ ပီပြင်တဲ့ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဆက်တိုက်နေမယ်ဆိုရင် ဘတ်ဂျက်ကတော့ လိုမှာပဲ” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။

အစိုးရသစ်အနေဖြင့် ၂၀၁၁ ခုနှစ် မတ် ၃၀ မှ စတင်တာဝန်ယူခဲ့သော်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၏ အသုံးစရိတ်များကို ယခင်အစိုးရမှ ချမှတ်ပေးခဲ့ပြီး ၎င်းဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးအသုံးစရိတ်အား
၁ ဒသမ ၃ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်နှင့်) ပညာရေးအသုံးစရိတ်အား ၄ ဒသမ ၁၃ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါး)သာ သုံးစွဲခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်အား ဘဏ္ဍာငွေတစ်ခုလုံး၏ ၂၃ ဒသမ ၆ ရာခိုင်နှုန်းကို သုံးစွဲခဲ့သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အသုံးစရိတ်များအတွက် အစိုးရအဖွဲ့မှ
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဆည်တည်ဆောက်မှုလုပ်ငန်း အချို့အား ဘဏ္ဍာငွေဖြတ်တောက် ခြင်း၊ ယခုနှစ် စက်တင်ဘာ ၅ ရက်တွင် ဖျက်သိမ်းခဲ့သော မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန၏အသုံးစရိတ်
တစ်ခုလုံးအား ဖြတ်တောက်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်မှ
ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ၎င်းနှစ်အတွက် ပညာရေး အသုံးစရိတ် အား ၇၅၂၀၆၆ ဒသမ ၀၅၉ သန်း သုံးစွဲခွင့်ပြုခဲ့ပြီး ကျန်းမာရေး အသုံးစရိတ်အတွက် သုံးစွဲငွေ ၃၉၂၁၉၇ ဒသမ၂၉၅ သန်း သုံးစွဲခွင့်ပြုခဲ့သည်။

7Day News Journalမကြာမီပြန်လည် ကျင်းပမည့် လွှတ်တော်အစည်းအဝေးများ တွင်  ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များအား ယခင်နှစ်ထက် ပိုမိုရရှိစေရန် တွန်းအားပေးဆောင် ရွက်သွား မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားသည်။
နိုင်ငံတော် ဘတ်ဂျက်ကို အဓိကဆွေးနွေးမည့် လွှတ်တော်များ၏ ဆဋ္ဌမပုံမှန်အစည်းအဝေးများကို ဇန်န၀ါရီလ ၉ ရက်တွင်ပြုလုပ်

နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အစိမ်းရောင် လွင်ပြင် စကိတ် အားကစားကွင်း ဖွင့်လှစ်


နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အစိမ်းရောင် လွင်ပြင် စကိတ် အားကစားကွင်း ဖွင့်လှစ်

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၂)လမ်း၌ အစိမ်းရောင် လွင်ပြင် အမည်ရှိ စကိတ်စီး ကွင်းကို ဒီဇင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနား မြို့ပေါ်မှ လူငယ် လူရွယ် အများအပြား လာရောက်၍ ပျော်ရွှင်စွာ စကိတ်စီးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အစိမ်းရောင် လွင်ပြင်စကိတ် အားကစား ကွင်းသည် ပေ(၆ဝx၁ဝဝ) အကျယ်အဝန်း ရှိကာ တစ်ချိန် တည်း၌ စကိတ်စီး လူငယ်လူရွယ် ၆ဝ ခန့် တစ်ပြိုင်နက်တည်း ကျယ်ကျယ်ပြန့်ပြန့် စီးနင်း ကစားနိုင်ပြီး  စကိတ် အားကစား ကွင်း၌ လေးဘီးစကိတ်၊ လေးဘီး အတန်းလိုက် စကိတ်၊ ကုတ်စကိတ်နှင့် စကိတ်စီး ဖိနပ် အရန် (၂ဝဝ)ကျော်ခန့် ထားရှိသည်။

ထို့ပြင် ယခုမှ စတင် စကိတ်စီး သူများအတွက် ဒူးကာနှင့် ဦးထုပ်များလည်း အဆင်သင့် ထားရှိကြောင်း၊ စကိတ်လာရောက် စီးသူများ အတွက် ဆိုင်ကယ်၊ ကား၊ စက်ဘီးနှင့် ဖိနပ် စသည်တို့ ပျောက်ဆုံးမှု မရှိအောင် လုံခြုံရေး စီမံချက်များ ထားရှိကြောင်းလည်း သိရသည်။

''ကျွန်တော်တို့က ကလေးတွေ အားကစားနဲ့ ကျန်းမာရေး အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။  ခုခေတ် ကလေးတွေက  အင်တာနက်ထိုင်၊ တီဗွီဂိမ်း နှိပ်နဲ့ တစ်နေကုန် အညောင်း အညာတွေ များနေ တာကြောင့် ကျန်းမာရေးလည်း အထောက် အကူပြု၊ ပျော်ရွှင် စရာလည်း ဖြစ်စေချင်လို့ ဒီလို စကိတ်ကွင်း စီစဉ် ခဲ့ရခြင်းပါ''ဟု ကွင်းပိုင်ရှင်မှ ပြော ကြားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/localnews/item/2772-2012-12-26-08-37-35နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၂)လမ်း၌ အစိမ်းရောင် လွင်ပြင်အမည်ရှိ စကိတ်စီးကွင်းကို ဒီဇင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနားမြို့ပေါ်မှ လူငယ်လူရွယ် အများအပြား လာရောက်၍ ပျော်ရွှင်စွာစကိတ်စီးလျက် ရှိကြောင်းသိရသည်။ အဆိုပါ အစိမ်းရောင်လွင်ပြင်စကိတ် အားကစားကွင်းသည် ပေ (၆ဝx၁ဝဝ) အကျယ်အဝန်းရှိကာ တစ်ချိန်တည်း၌ စကိတ်စီး လူငယ်လူရွယ် ၆ဝ ခန့် တစ်ပြိုင်နက်တည်း ကျယ်ကျယ်ပြန့်ပြန့် စီးနင်းကစားနိုင်ပြီး စကိတ်အားကစားကွင်း၌ လေးဘီး

ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်

ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်

ဘီယာတွင် ပါဝင်သော အဓိက ပစ္စည်းတစ်မျိုး ဖြစ်သည့် ဗျစ်ပွင့်ခြောက်သည် ကလေးငယ် များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် နှာစေးခြင်း များကို  ကာကွယ် ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာလေ့ လာ မှု တစ်ရပ်ကို ကိုးကား၍ ပြောကြားခဲ့သည်။

ဘီယာအရသာ ပိုမို ကောင်းမွန်ရန် အတွက် အသုံးပြုသော ဗျစ်ပွင့်ခြောက် တွင် ပါဝင်သော humulone ဓာတု ဒြပ်ပေါင်းသည် ကလေးငယ် များတွင် ဖြစ်ပွားတတ်သော အဆုတ်ရောင် ရောဂါနှင့် ချောင်းဆိုး ရင်ကျပ်ရော ဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ် ပိုးများကို ခုခံ ကာကွယ်နိုင်ကြောင်း Sapporo ဘီယာ ကုမ္ပဏီက ပြောကြား ခဲ့သည်။

humulone ဓာတု ဒြပ်ပေါင်းသည် နှာခေါင်းနှင့် လည်ချောင်း ရောဂါပိုး (RS) ကို ခုခံကာကွယ် နိုင်ကြောင်း Sapporo ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်ဟု ယင်းကုမ္ပဏီက ပြောကြား ခဲ့သည်။

RS ဗိုင်းရပ်စ် ပိုးသည် နို့စို့အရွယ် ကလေးငယ်များ၊ လမ်းလျှောက်ခါစ ကလေးငယ် များတွင် အဆုတ်ရောဂါ နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများကို ဖြစ်ပေါ် စေကြောင်း ယင်းကုမ္ပဏီမှ သုတေသန ပညာ ရှင်တစ်ဦး ဖြစ်သူ ဂျန်ဖူ ချီမိုတိုက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ ဗိုင်းရပ်စ် ပိုးသည် ဆောင်းရာသီတွင် ပျံ့နှံ့လျက် ရှိပြီး အရွယ်ရောက် ပြီးသူများအား အအေးမိခြင်း ကဲ့သို့သော ရောဂါ လက္ခဏာ များကို ဖြစ်ပွားစေကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2792-2012-12-26-09-35-42
ဘီယာတွင် ပါဝင်သော အဓိကပစ္စည်းတစ်မျိုး ဖြစ်သည့် ဗျစ်ပွင့်ခြောက်သည် ကလေးငယ်များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့်ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် နှာစေးခြင်းများကို

ကားအရောင်းပြခန်းများ ရပ်တည်ရေးခက်ခဲလာ

ကားအရောင်းပြခန်းများ ရပ်တည်ရေးခက်ခဲလာ
Wednesday, December 26, 2012

အပြိုင်အဆိုင်ပေါများပြီး အရောင်းအ၀ယ်အေးကာ အရှုံးခံရောင်းချနေရသဖြင့်
ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများ ဆက်လက်
ရပ်တည်ရန် ခက်ခဲလာကြောင်း ကားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်း ၁၀ ခုကျော်မှ
ပြခန်းပိုင်ရှင်များအား မေးမြန်းရာတွင် အရောင်းအ၀ယ်အေးနေပြီး
နေရာအခက်အခဲနှင့် တင်သွင်းလာသည့် မော်တော်ယာဉ်များပြား
နေခြင်းတို့ကြောင့် နှစ်ကြာလာသည်နှင့်အမျှ စီးပွားကူးသန်းဝန်ကြီးဌာနသို့ စပေါ်ငွေထပ်မံပေးသွင်းရန်ပင်မလုံလောက်ခြင်းမျိုး ကြုံတွေ့ရနိုင်ကြောင်း
ပြောကြားသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းလာမှု များပြားခြင်း၊ကားအရောင်း
ပြခန်းများ ပိုမိုဖွင့်လှစ်လာခြင်း၊ ကားအရောင်းပြခန်းများ၏ နေရာငှားရမ်းခန
နှုန်းထားကြီးမြင့်လာခြင်း၊ ရောင်းလိုအားနှင့် ၀ယ်လိုအားမမျှတခြင်းတို့ကြောင့်
ယခုကဲ့သို့ အရှုံးပေါ်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ပြည်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် ကားအရောင်းပြခန်း ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ကားအရောင်းပြခန်းတွေ ရောင်းအားက နောက်ပိုင်းပိုပိုကျလာတော့ တချို့ဆို သတင်းစာထဲမှာ ဈေးတွေလျှော့ရောင်းပြီး ကြော်ငြာတွေ ထည့်နေရတယ်” ဟု မော်တော်ယာဉ် ရောင်းဝယ်သူများအသင်းမှ ဦးမင်းဦးက ပြောသည်။

အစိုးရက ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်သော ဆိပ်ကမ်းရောက်တန်ဖိုး (CIF) ပြောင်းလဲမှုကြောင့် ကားဈေးအနည်းငယ်ကျလာနိုင်သော်လည်း ၀ယ်လိုအားနည်းနေပြီး စီးပွားရေးလုပ်ငန်းများ မကောင်းသဖြင့် အရောင်းအ၀ယ်များ ပြန်ကောင်းမလာနိုင်ကြောင်း ဆာကူရာ ကားအရောင်းပြခန်း မန်နေဂျာ ဦးဇော်ဇော်အောင်က သုံးသပ်သည်။

CIF တန်ဖိုးမှာ ပြင်ဆင်သတ်မှတ်မည်ဆိုခြင်းကိုလည်း ၀ယ်သူအချို့မှ
စောင့်ကြည့်နေခြင်းသာဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် CIF တန်ဖိုးများ
ပြန်လည်ပြင်ဆင်သတ်မှတ်ပြီးပါက အရောင်းအ၀ယ် ပြန်သွက်
လာနိုင်ကြောင်း အရောင်းမန်နေဂျာတစ်ဦးက ပြောကြားသည်။

အသစ်ထုတ်ပြန်သော CIF တန်ဖိုးများတွင် အမေရိကနှင့် ဥရောပမှ တင်သွင်းလာသော ကားများအတွက် ၅၀ ရာခိုင်နှုန်းသက်သာလာပြီး
၁၃၀၀ စီစီကားများမှာမူ အပြောင်းအလဲမရှိဘဲ ပုံမှန်ကားများမှာမူ ၁၀ ရာခိုင်နှုန်းခန့် ဈေးသက်သာသွားကြောင်း Farmer Auto ကားအရောင်းပြခန်းမှအုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ ဖြေလျှော့မှုများ လုပ်လာခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများပေါ်တွင် ကားအရောင်းပြခန်းများ ဖွင့်လှစ်လာခဲ့ရာ အရောင်းပြခန်း ၅၀ ကျော်ထိဖွင့်လှစ်ပြီးဖြစ်သည်။

7Day News Journalအပြိုင်အဆိုင်ပေါများပြီး အရောင်းအ၀ယ်အေးကာ အရှုံးခံရောင်း ချနေ ရသဖြင့် ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း ကားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကား အရောင်းပြ ခန်း ၁၀ ခုကျော်မှပြခန်းပိုင်ရှင်များအား မေးမြန်းရာတွင် အရောင်း အ၀ယ်အေးနေပြီးနေရာအခက်အခဲနှင့် တင်သွင်းလာသည့် မော်တော်

ဒီဇင်ဘာ ၂၆ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း

ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကသတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၇ ကျပ်

Air Bagan လေယာဉ် ထိခိုက်မှု စုံစမ်းစစ်ဆေးရေး ဖွဲ့

ခရီးသည် ၁ ဦးနဲ့ လမ်းပေါ် ဆိုင်ကယ်စီးလာသူ ၁ ဦးသေဆုံးပြီး ၁၂

Air Bagan မှ သတင်းထုတ်ပြန်ကြေညာချက်

Photo: Air Bagan မှ သတင်းထုတ်ပြန်ကြေညာချက်
Wednesday, December 26, 2012

၂၅-၁၂-၂၀၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆ
ဖြစ်ပွားသည့်နေရာသို့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့မှ လာရောက် ကြည့်ရှု စစ်ဆေးသွားကြောင်း သတင်းရရှိပါသည်။

ပျက်စီးသွားသော လေယာဉ်မှ Black Box ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး စင်္ကာပူနိုင်ငံသို့ ပို့ဆောင်ကာ ဖြစ်ပွားခဲ့သည့် အဓိက အကြောင်းရင်းကို စုံစမ်းဖော်ထုတ်မယ်လို့လည်း သိရပါသည်။

အဲပုဂံလေကြောင်းလိုင်း၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု
ဒါရိုက်တာတို့ကိုယ်တိုင် ဟဲဟိုးမြို့တွင် ရောက်ရှိနေပြီး ဒဏ်ရာရရှိသော ခရီးသည်များနှင့် ကျန်ခရီးသည်အားလုံးအတွက် လိုအပ်သည်များကို အနီးကပ် စီစဉ်ဆောင်ရွက်ပေးနေကြောင်းကိုလည်း သိရှိရပါသည်။

အဲပုဂံလေကြောင်းလိုင်းသည် သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများနှင့် ပူးပေါင်းလျက် ခရီးသည်များ၏ ပတ်စ်ပို့များ အမြန်ဆုံး ရရှိရေးကိုလည်း
ဆောင်ရွက်ပေးလျက်ရှိပါသည်။ ခရီးသည်တချို့မှာ အင်းလေးရှိ Aureum Palace Hotel တွင် အနားယူလျက်ရှိပြီး၊ တချို့မှာ ရန်ကုန်မြို့ Kandawgyi Palace Hotel တို့တွင် အနားယူလျက်ရှိပါသည်။ ခရီးသည်များအတွက် လိုအပ်သည်များအားလုံးကို အဲပုဂံလေကြောင်းလိုင်းမှ အစစအရာရာ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။

စဝ်စံထွန်းဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သော ခရီးသည် ၁၁ ဦး
အနက်မှ အမေရိကန်နိုင်ငံသား ခရီးသည်နှစ်ဦးအား အမေရိကန်သံရုံး၏
တောင်းဆိုမှုအရ ဟဲဟိုးလေဆိပ်မှတဆင့် အဲပုဂံလေကြောင်းလိုင်း၏ အထူးလေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးခဲ့ပါသည်။ ခရီးသည်နှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်းကိုလည်း သိရှိရပါသည်။

ဒဏ်ရာရရှိသောခရီးသည်များအနက်မှ ၉ ဦးသည် ရန်ကုန်မြို့သို့
ရောက်ရှိပြီဖြစ်ပါသည်။ ၁ ဦးသည် ဒဏ်ရာအနည်းငယ်သာ ရသဖြင့် ဟိုတယ်တွင် အနားယူနိုင်ရန် ပို့ဆောင်ပေးပြီးဖြစ်ပါသည်။ ကျန် ၈ ဦးအနက်မှ ၂ ဦးမှာ ပိုင်းလော့နှစ်ဦးဖြစ်ပြီး ၁ ဦးမှာ ဒေသခံ ဆိုင်ကယ်သမား တစ်ဦးဖြစ်ပါသည်။ ကျန် ၅ ဦးမှာ ခရီးသည်ဖြစ်ပါသည်။ ဒဏ်ရာရရှိသူ
အားလုံးစိုးရိမ်စရာမရှိဟုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရှိရပါသည်။

Air Bagan

 
 
 
 
 
 
 
 
၂၅-၁၂-၂၀၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆဖြစ်ပွားသည့်နေရာသို့ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်

ရှန်ဟိုင်းတွင် ရှော့ပင်းစင်တာ အလှမွေးငါးကန် ရုတ်တရက်ပေါက်ထွက်”

ရှန်ဟိုင်းတွင် ရှော့ပင်းစင်တာ အလှမွေးငါးကန် ရုတ်တရက်ပေါက်ထွက်”
Wednesday, December 26, 2012 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ရှော့ပင်းစင်တာတစ်ခုရှိ အလှမွေးငါးကန်ကြီး ရုတ်တရက် ပေါက်ထွက်သွားမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အလှမွေးငါးကန်မှာ အရှည် ၇ မီတာ၊ အမြင့် ၃ မီတာရှိပြီး လီမွန်ငါးမန်း (Lemon Shark) ၃ ကောင်၊ အခြား သေးငယ်သည့် 
ငါး အများအပြားနှင့် လိပ်များကို ထည့်သွင်းမွေးမြူ ပြသထားခြင်းဖြစ်
သည်။ 

ငါးကန်အတွင်း၃၃တန်ပမာဏရှိ ရေများရှိနေပြီးရုတ်တရက် ပေါက်ထွက်သွားသည့်အခါ ဖန်ကွဲစများလွင့်စင်ထွက်လာခဲ့သည်။အလှမွေးငါးကန် ပေါက်
ထွက်သွားသည့်အချိန်တွင်ငါးများကို ကြည့်ရှုနေသူအချို့ကိုလည်း တွေ့ရ
သည်။

Planet Myanmar Network:တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ရှော့ပင်းစင်တာတစ်ခုရှိ အလှမွေးငါးကန်ကြီး ရုတ်တရက် ပေါက်ထွက်သွားမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အလှမွေးငါးကန်မှာ အရှည် ၇ မီတာ၊ အမြင့် ၃ မီတာရှိပြီး လီမွန်ငါးမန်း (Lemon Shark) ၃ ကောင်၊ အခြား သေးငယ်သည့် ငါး

လက်နက် ထိန်းချုပ်ရေး နိုင်ငံတကာညီလာခံ ကျင်းပမည်

Photo: လက်နက် ထိန်းချုပ်ရေး နိုင်ငံတကာညီလာခံ ကျင်းပမည် 
Wednesday, December 26, 2012 

ကမ္ဘာတ၀ှမ်း သမားရိုးကျ လက်နက်တွေ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ရေး ကြိုးပမ်းမှုတွေ ဇူလိုင်လမှာ ပျက်ကွက်ခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆွေးနွေးမှု အသစ်တွေလုပ်ဖို့ တခဲနက် မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

သမားရိုးကျ လက်နက်တွေ တနေရာက တနေရာ ပို့ဆောင်မှုတွေမှာ စံချိန်စံညွှန်းတွေ သတ်မှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မတ်လထဲမှာ ညီလာခံတစ်ခုကျင်းပ ဆွေးနွေးရေး အထွေထွေညီလာခံက သဘောတူခဲ့တာပါ။ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၁၃၃ မဲ၊ ကန့်ကွက်မဲမရှိ၊ ကြားနေမဲ ၁၇ မဲနဲ့ တနင်္လာနေ့ နှောင်းပိုင်းမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လထဲက သဘောတူညီချက် တရပ် ရေးဆွဲဖို့ ဆွေးနွေးရာမှာတော့ အမေရိကန် ပြည်ထောင်စုက သူ့ရဲ့ ဒေါ်လာသန်းပေါင်း ၆ သောင်းဖိုး ရှိတဲ့ လုပ်ငန်းအပေါ် ကန့်သတ်မှုတွေ ကြုံရမယ့် အစီအစဉ်ကို ဆွေးနွေးဖို့ တွန့်ဆုတ်နေရာက မအောင်မမြင်
ဖြစ်ခဲ့ရတာပါ။

ဆွေးနွေးပွဲတွေ လုပ်နေစဉ်မှာပဲ အမေရိကန် ပြည်ထောင်စုက လက်နက်ကိုင်ဆောင်ခွင့် အတွက် အဓိက လှုံ့ဆော်လှုပ်ရှားနေတဲ့ အမျိုးသား ရိုင်ဖယ် အသင်းကတော့ အရပ်သားတွေလက်နက်ကိုင်ဆောင်ခွင့် အပေါ် ကန့်သတ်လာမယ့် အစီအစဉ်တွေကို အပြင်းအထန် ဆန့်ကျင်သွားမှာ
ဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီလထဲမှာပဲ ကလေးငယ် ၂၀ အပါအ၀င် လူ ၂၈ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတဲ့ နောက်မှာတော့ အမေရိကန်မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်သင့် မသင့် ကိစ္စတွေ တကျော့ပြန် ကြီးထွားလာနေတာလည်း ဖြစ်ပါတယ်။ 

ဗွီအိုအေကမ္ဘာတ၀ှမ်း သမားရိုးကျ လက်နက်တွေ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ လုပ်ထုံး လုပ်နည်းတွေချမှတ်ရေး ကြိုးပမ်းမှုတွေ ဇူလိုင်လမှာ ပျက်ကွက် ခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆွေးနွေးမှု အသစ်တွေလုပ်ဖို့ တခဲနက် မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ သမားရိုးကျ လက်နက်တွေ တနေရာက တနေရာ ပို့ဆောင်မှုတွေမှာ စံချိန် စံညွှန်းတွေ သတ်မှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မတ်လထဲမှာ ညီလာခံတစ်ခုကျင်းပ ဆွေးနွေးရေး အထွေထွေညီလာခံက သဘောတူ ခဲ့တာပါ။ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၁၃၃ မဲ၊ ကန့်ကွက်မဲမရှိ၊

KIA အား မကျေနပ်၍ ပြည်တွင်း/ပြည်ပ ပညာရှင်များ မှ DDOS နည်းဖြင့် ပူးပေါင်း တိုက်ခိုက်

ကချင်ပြည်နယ်နှင့်ပတ်သတ်သော သတင်းများ၊ KIA အဖွဲ့နဲ့ပတ်သတ်သောသတင်းများကို အဓိက ထား ဖော်ပြလျက်ရှိသော kachinnews.com website သည် ၂၄.၁၂.၁၂ ရက်နေ့ ညပိုင်းလောက်ကစပြီး

Google XPhone ၂ဝ၁၃ မှာ ထွက်မယ် ~


 
 Google က အိုင်ဖုန်း၊ ဆမ်ဆောင်းဂလက်ဆီ တို့ ကို ယှဉ်ပြိုင်ဖို့   ရည်ရွယ်ချက်နဲ့  Google XPhone ထွက်ဖို့  စီစဉ်နေတယ်လို့  သိရပါတယ်။ ဒီနှစ်ထဲ သူဝယ်ယူထားတဲ့  မိုတိုရိုလာ (Motorola) ဖုန်းကုမ္မဏီက ထုတ်လုပ်မှာပါ။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး  Google  က တိတ်ဆိတ်နေပေမယ့်  အသစ်ထွက်ရှိလာမယ့် ဖုန်းမှာ ပိုမိုကောင်း မွန်တဲ့ကင်မရာစနစ် ၊ ဘက်ထရီစတာတွေအပြင် ဈေးကွက်ထဲ မှာရှိပြီး