Saturday, December 22, 2012

ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားဒေသများအတွင်းရှိ ဒုက္ခသည်ဆယ်သိန်းကျော်အတွက် နီပွန်ဖောင်ဒေးရှင်းမှ ကန်ဒေါ်လာ ၃ သန်း ကူညီထောက်ပံ့

Photo: ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားဒေသများအတွင်းရှိ ဒုက္ခသည်ဆယ်သိန်းကျော်အတွက် နီပွန်ဖောင်ဒေးရှင်းမှ ကန်ဒေါ်လာ 
၃ သန်း ကူညီထောက်ပံ့
Saturday, 22 December 2012

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားဒေသများအတွင်းရှိ ဒုက္ခသည်ပြည်သူဆယ်သိန်းကျော်အတွက် အမေရိကန်ဒေါ်လာ ၃သန်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့မှု၏ ရှေးဦးအဖြစ် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီအား ဆန်အိတ်ပေါင်း ၁၀၀၀ ဆေးသေတ္တာ ၅၀၀အပါအ၀င် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ သောင်းတန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

““ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု
ပြုလုပ်နေတာတွေကိုယုံကြည်ပါတယ် ။ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ဆုံပြီးအကူအညီပေးဖို့မေးမြန်းတဲ့
အခါသူတို့ဘက်ကနေပြီး ဆန်၊ဆေးစတဲ့ ပစ္စည်းတွေထောက်ပံဖို့ လိုအပ်တယ်လို့ပြောပါတယ်။ ဒါကြောင့် ဒီနေ့ဒီလိုမျိုးလှူဒါန်း
ရခြင်းဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေကိုလည်း ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ပါတယ်”” ပာု နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါက ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနား၌ ပြောသည်။

၎င်းနည်းတူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း ““မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေကို အစိုးရကနေထောက်ပံ့ရတာတွေရှိပါတယ် ။ အိမ်ဆောက်တာတွေ ၊ အလုပ်အကိုင်ရှာ ဖွေပေးရတာတွေပါ ။ ဒါပေမယ့် အားလုံးကို
ထောက်ပံ့ဖို့ကကျတော့လည်းဘဏ္ဍာငွေကမလုံလောက်ပါဘူး။ 
အခုနီပွန်ဖောင်ဒေးရှင်းကလှူဒါန်းတာက NGO လိုမျိုး
အရင်ကတည်းကနေပြီးလှူဒါန်းမှုတွေပြုလုပ်နေတာပါ””ဟု
ထောက်ပံ့ပစ္စည်း လှူဒါန်းမှုနှင့်ပတ်သက်၍ ပြောသည်။

အမေရိကန်ဒေါ်လာ ၃သန်း အနက်မှ မွန်ပြည်သစ်ပါတီသို့
ထောက်ပံ့လှူဒါန်းပြီး ကျန်ရှိငွေများကို ငြိမ်းချမ်းရေးရယူထားသော လက်နက်ကိုင်တိုင်းရင်းသားဒေသအတွင်းရှိ ဒုက္ခသည်များကို
ခွဲဝေလှူဒါန်းသွားမည်ဖြစ်ပြီးမည်ကဲ့သို့ လှူဒါန်းသွားမည်
ဆိုသည့်အချက်နှင့်ပတ်သက်သော အသေးစိတ်အချက်အား သိရှိခြင်းမရှိရပေ။

သို့ရာတွင် နောက်တစ်ကြိမ်လှူဒါန်းရန် နေရာဒေသကို တိုင်ပင်ဆွေးနွေးလျက်ရှိပြီး ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်တို့ 
ဖြစ်နိုင်ကြောင်းနီပွန်ဖောင်ဒေးရှင်း မှ ဒါရိုက်တာ ယုဂျိမိုရိ က ပြောသည်။

အဆိုပါထောက်ပံ့ကူညီရေး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ၊ ဂျပန် နီပွန်ဖောင်ဒေးရှင်းမှ ဥက္ကဌ မစ္စတာ ဆာဆာကာဝါ နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်ထော်မွန်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆုဝေ
The Myanma Ageဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားဒေသများအတွင်းရှိ ဒုက္ခသည်ပြည်သူဆယ်သိန်းကျော် အတွက် အမေရိကန်ဒေါ်လာ ၃သန်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။အဆိုပါ ထောက်ပံ့မှု၏ ရှေးဦးအဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီအား ဆန် အိတ်ပေါင်း ၁၀၀၀ ဆေးသေတ္တာ ၅၀၀အပါအ၀င် စုစုပေါင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ခရီးစဉ်၌ တွေ့ရသော NLD ကြိုဆိုရေး ကား

ဘုရားဆင်းတုတော် ထုလုပ်ရာမှ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော်ပုံသဏ္ဍာန် တည်ရှိကြောင်း ဖူးမြှော်တွေ့ရှိရ

ဘုရားဆင်းတုတော် ထုလုပ်ရာမှ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော်ပုံသဏ္ဍာန် တည်ရှိကြောင်း ဖူးမြှော်တွေ့ရှိရ
ဒီဇင်ဘာ(၂၁)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေမှာရှိတဲ့ သစ္စ ဝေဒဂူ မိုးကုတ်ဝိပဿနာ ရိပ်သာမှာ ကိုးကွယ်ပူဇော်ထားပါသည်။ ကုက္ကိုလ်သားနှင့် ထုဆစ်ထားပြီး ဦးခေါင်းတော်တွင် ဦးနှောက်သဏ္ဍာန် ဖြစ်ပေါ်နေသည့်အတွက် အများပြည်သူ ဖူးမျှော်နိုင်စေရန် လှစ်ဟကာ ပြထားခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ထိုသို့ ဥိးခေါင်းတော်အား ဖွင့်လှစ်ထားခြင်းကို အချို့သော ဗုဒ္ဓဘာသာဝင်များနေဖြင့် သဘောကျနှစ်သက်ခြင်း မရှိဟု သိရှိရပါသည်။ ကြည်ညိုဖွယ်ရာဖြစ်သော မြတ်စွာဘုရားလျောင်းတော်မူ ရုပ်ပွားတော်အား ယခုကဲ့သို့ ပုံစံသစ်ဖြင့် ထွင်းထုပြီး ပူဇော်ထားသည်ကို ဆရာတော်အချို့မှ နောင်တွင် ပုံစံသစ်များ ထွင်၍ ပြုလုပ်ကိုးကွယ်လာကြမည်ကို စိုးရိမ်မိကြောင်း ပြောကြားပါသည်။
source:http://mandalaygazette.com
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေမှာရှိတဲ့ သစ္စ ဝေဒဂူ မိုးကုတ် ၀ိပဿနာ ရိပ်သာမှာ ကိုးကွယ်ပူဇော်ထားပါသည်။ ကုက္ကိုလ်သားနှင့် ထုဆစ်ထားပြီး ဦးခေါင်းတော်တွင် ဦးနှောက် သဏ္ဍာန် ဖြစ်ပေါ်နေသည့်အတွက် အများပြည်သူ ဖူးမျှော်နိုင်စေရန်

ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိထဲက အပြာပါးကွက်နှင့် ရေဘဝဲ

ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိထဲက အပြာပါးကွက်နှင့် ရေဘဝဲ


အပြာရေင် အကွင်းအကွင်းလေးတွေ ပါရှိတဲ့အတွက် သူ့ကို အင်္ဂလိပ်လို Blue-ringed octopus လို့ခေါ်ပါတယ်။

အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပိုအတွေ့များပါတယ်။ သန္တာကျောက်တန်းတွေကြားထဲမှာ နေထိုင်တတ်ပါတယ်။ ကမ္ဘာ့အဆိပ် အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ သူလည်း ပါဝင်ပါတယ်။ သူ့အဆိပ်က အိမ်မှာသုံးတဲ့ ပိုးသတ်ဆေး ဆိုင်ယာနိုက် ထက် အဆ ၁သောင်း မက ပြင်းပါတယ်။ သူ့ကိုက်လို့ အဆိပ်မိသွားရင် ဖြေဆေးမရှိပါဘူး။ အပြာကွက် ရေဘဝဲ ကို မသိလို့ စားမိရင်လည်း သေဖို့ပဲ ရှိပါတယ်။

ဒီအတွက် ဖြေဆေးကို ယနေ့တိုင် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ သန္တာကျောက် တန်း လေ့လာသူများအတွက် အထူးသတိထားရ တဲ့ ရေအောက် သတ္တဝါစာရင်းထဲမှာ ပါဝင်ပါတယ်။ ဘာလို့လဲဆို အရောင်က တစ်လက်လက် နဲ့ လှနေတတ်ပြီး အရွယ်ကလည်း ၆ လက်မထက် ပိုမကြီးပါဘူး။ သေး လည်းသေးဆိုတော့ မသိတဲ့ သူများက သွားထိမိကြ ပါတယ်။ ဒီတော့ ရလဒ်က အဆိပ်သင့်သေဖို့ပဲ ဖြစ်ပါတယ်။

အဆိပ်မိပြီး မိနစ်ပိုင်းအတွင်း အသက်ရှုရပ်ပါတယ်။ နှလုံးခုံရပ်ပါတယ်။ ဦးနှောက်သို့ အောက်ဆီဂျင် မရောက်တော့ပဲ မိနစ်ပိုင်းအတွင်း ကို သေနိုင် ပါတယ်။ ဂျပန် တို့လို နိုင်ငံမှာဆိုရင် အပြာကွက် ရေဘဝဲ ကို ရှောင်ရှားဖို့ တားမြစ်ချက်များ ထုတ်ပြန် ထားရပါတယ်။

ဒါကြောင့် Blue-ringed octopus ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။
--
Ref: wiki

အေးချမ်းမွန်မှ ရိုးရာလေး သတင်း  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ရိုးရာလေး သတင်း
အပြာရေင် အကွင်းအကွင်းလေးတွေ ပါရှိတဲ့အတွက် သူ့ကို အင်္ဂလိပ်လို Blue-ringed octopus လို့ခေါ်ပါတယ်။အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာတို့မှာ ပိုအတွေ့များပါတယ်။ သန္တာကျောက်တန်းတွေကြား ထဲမှာ နေထိုင်တတ်ပါတယ်။ ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်း ထဲမှာ သူလည်းပါဝင်ပါတယ်။ သူ့အဆိပ်က အိမ်မှာသုံးတဲ့ ပိုးသတ်ဆေး ဆိုင်ယာနိုက်ထက် အဆ ၁သောင်းမက ပြင်းပါတယ်။ သူ့ကိုက်လို့

အသဲကွဲ ပြတိုက် အပြင်မှာ တကယ်ရှိ

အသဲကွဲ ပြတိုက် အပြင်မှာ တကယ်ရှိ
Saturday, 22 December 2012 

အသဲကွဲ ပြတိုက်ဆိုတော့ ကြားရတာ ကဗျာဆန်ပေမယ့် အပြင်မှာ တကယ် ရှိနေပါတယ်။ တည်နေရာကတော့ ဥရောပတိုက်ထဲက ခရော်တီးယားနိုင်ငံ
ထဲမှာ ဖြစ်ပြီး Zagreb မြို့ မှာ တည်ထောင်ထားပါတယ်။

အင်္ဂလိပ်လို့ အပြည့်အစုံနာမည်ကတော့ Museum of Broken Relationships ဖြစ်ပါတယ်။ အိမ်ထောင်ကွဲသူ၊ ချစ်သူနဲ့ ကွဲရသူတို့ အားလုံး အနေနဲ့ ၎င်းတို့ ရဲ့  ပစ္စည်းကို ခင်းကျင်းပြသထားပါတယ်။ ရိုးရိုးတန်း တန်း တော့ မရပါဘူး။ ဥပမာ- စာရွက်ပြချင်တယ်ဆိုရင် ယင်းစာရွက်ဟာ ဘယ်နေ့က သူနဲ့ ဘယ်လို ပြဿနာ တက်ပြီး ရေးခဲ့တာ၊ ဆွဲဖြဲခဲ့တာ အစရှိတဲ့ အကြောင်းပြချက် စုံလင်စာနဲ့ တင်ပြထားတာ ဖြစ်ပါတယ်။

နာမည်ကျော် ပုဂ္ဂိုလ်ရယ်လို့မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က အသည်းကွဲ သူတို့ရဲ့  အသုံးဆောင်ပစ္စည်းများ လာပြလို့ရပါတယ်။ ယခုသုံးနေတာ မဟုတ်ပဲ။ အတူနေထိုင်စဉ်၊ ချစ်နေစဉ် သုံးခဲ့တာတွေ၊ အိမ်ထောင်ကွဲ ခါနီး ပြဿနာတက်တော့ သုံးခဲ့တဲ့ ပစ္စည်းတွေ အစရှိသဖြင့် စုံလင်ပါတယ်။ အမျိုးသမီးတစ်ဦးဆိုရင် သူ့ယောင်္ကျားနောက်မိန်းမ တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်လို့ သိတဲ့အခါ လိုက်ခုတ်ခဲ့တဲ့ ပေါက်စိန် ကိုတောင် တင်ပြ ထားပါတယ်။ ပန်းအိုးခွဲတယ်ဆိုလည်း ကွဲတဲ့ ပန်းအိုးက တင်ပြပါတယ်။ အကြောင်းအရာများလည်း ရေးသားပြသ ထားပါတယ်။

တကယ့် ပေါက်ပေါက်ရှာရှာနဲ့ လုပ်တယ်လို့ စစဖွင့်ချင်းက ထင်ကြပေ မယ့် နောက်တော့ တော်တော်ကို ကဗျာဆန်၊ လွမ်းစရာဆန်ဆန် ဖြစ်နေ တဲ့ ပြတိုက်မို့ လူ့ကြည့်အတော်များခဲ့ပါတယ်။ ယနေ့တိုင်လည်း လူစည် ဆဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလက စတင်ဖွင့်လှစ်ပါတယ်။

သို့ပေမယ့် ၂၀၀၆ ခုနှစ်ကတည်းက အမြည်းသဘောအနေနဲ့ စတင် ပြသ ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်ကတည်းက လူကြိုက်များခဲ့ တာ ဖြစ်ပါ တယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်အပါဝင် လူဦးရေ သိန်းနဲ့ချီပြီး လာရောက်ကြည့်ရှုပါတယ်။ ကမ္ဘာအနှံ့လည်း ပြခန်းနဲ့ လုပ်ပြီး ပြသ ရာ
အောင်မြင်ခဲ့ပြန်ပါသေးတယ်။

Museum of Broken Relationships ကို တည်ထောင်တဲ့ လူ ၂ယောက် ကလည်း Zagreb မြို့ ခံ ဒါရိုက်တာတစ်ဦးနဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဥရောပ ပြတိုက်ဖိုရမ်ကပေးတဲ့ ဥရောပရဲ့ အထူးခြား ဆုံး ပြတိုက်ဆု ရရှိခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး သတင်း
အသဲကွဲ ပြတိုက်ဆိုတော့ ကြားရတာ ကဗျာဆန်ပေမယ့် အပြင်မှာ တကယ် ရှိနေပါတယ်။ တည်နေရာကတော့ ဥရောပတိုက်ထဲက ခရော်တီးယားနိုင်ငံထဲမှာ ဖြစ်ပြီး Zagreb မြို့ မှာ တည်ထောင်ထား ပါတယ်။ အင်္ဂလိပ်လို့ အပြည့်အစုံနာမည်ကတော့ Museum of Broken Relationships ဖြစ်ပါတယ်။ အိမ်ထောင်ကွဲသူ၊ ချစ်သူနဲ့ ကွဲရသူတို့

2013 ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု

2013 ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု


လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရသည်။


သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အ၀န်းအ၀ိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အဆုံးတိုင် ၀ရုန်းသုန်းကား ဖြစ်မှုများကို ပေါ်ပေါက်စေမည်ဟု ကြိုတင် ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ် တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ လွင့်ပျံလာခြင်းက ဂြိုလ်တု ဆက်သွယ်ရေး စနစ်များကို ထိခိုက် ပျက်စီးစေပြီး ကမ္ဘာမြေပြင် တစ်ခုလုံးကိုလည်း ပြောင်သလင်း ခါသွားလောက်သည်အထိ ထိခိုက်မှုများ ဖြစ်စေမည့် အပြင် အကျိုးဆက်အဖြစ် အစာရေစာများ ရှာပါးလာပြီး အင်တာနက် ဆက်သွယ်ရေးများသည်လည်း လုံးဝ ပြတ်တောက်သွားမည် ဖြစ်သည်။


လူနေအိမ်များနှင့် ဆက်စပ်ပြီး အိမ်သုံး ရေခဲ သတ္တာများနှင့် ကားများမှာ ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်သည်။ ယခု ဖြစ်ပေါ်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးမှာ ၁၈၅၉ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည့် သဘောဝ ဘေးအန္တရာယ်ကြီးနှင့် ထပ်တူညီ ပုံစံမျိုး ဖြစ်လာမည်ဟု သုံးသပ်နေကြသည်။ ထိုစဉ်က မီးခိုးကြွက်လျောက် ပျက်စီးဆုံးရှုံးမှု အဖြစ် ဥရောပ နှင့် အမေရိကတို့ ဆက်သွယ်ထားသော တယ်လီဂရပ် ၀ါယာများမှ တဆင့် နီးစပ်ရာ ပတ်ဝန်းကျင်များကို လောင်ကျွမ်းပျက်စီး စေခဲ့ခြင်း ဖြစ်သည်။


အလားတူ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အဖြစ် ၂၀၁၂ ကမ္ဘာပျက်မည့်နေ့ ဟု အမည်ရသော ဟောလီးဝုဒ်၏ ဇာတ်ကားများထဲမှ မြင်ကွင်းများ ကဲ့သို့ပင် ကြုံတွေ့ရဖွယ် ရှိနေပြီး ကာကွယ်ရေးဌါန အတွင်းရေးမှူး Liam Fox က လန်ဒန်တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ခေါ်ယူခဲ့သည်။

ဒေါက်တာ ဖေါက်စ်ကလည်း ၁၈၅၉ ခုနှစ်က ပေါက်ကွဲမှုများ၏ ဖြစ်စဉ်အတိုင်း ပြန်လည် ဖြစ်ပေါ်လာမည်ဟု အတည်ပြု ပြောကြား ခဲ့သည်။ ၄င်းက သိပ္ပံပညာရှင်များနှင့် စည်းဝေးပြီး ထပ်မံ ပေါ်ပေါက်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန် မဟာဗျူဟာများကို စီမံကိန်းများအဖြစ် စတင် တည်ဆောက်မည် ဖြစ်သည်။


၎င်းက ပြောကြားခဲ့ရာတွင် "လျပ်စစ် လုံခြုံရေးကောင်စီ အနေဖြင့် ယခုအစီအစဉ်တွင် မဖြစ်မနေပါဝင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နေသည် သူ၏ စွမ်းအင် အမြင့်မားဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် အပြင်းထန်ဆုံးသော အခြေအနေ ရောက်လာမည်ဖြစ်ပြီး ထိုအခြေအနေက သံလိုက်စွမ်းအင်များက အဆပေါင်းများစွာ ထိုးတက်လာပြီး လေထုအတွင်းတွင် ဓါတ်ရောင်ခြည် မုန်တိုင်းများ အဆက်မပြတ်ပေါ်ပေါက် လာမည်ဖြစ်ကာ ထိုမုန်တိုင်းများက အဆမတန်ကြီးမားသည့် လျပ်စစ် စွမ်းအားများ ထွက်ပေါ်လာမည် ဟုဆိုခဲ့သလို နှစ်ပေါင်းတစ်ရာအတွင်း မကြုံဖူးလောက်သော အာကာသ ဆိုင်ရာ ထူးခြားမှုများ ကြုံတွေ့ရမည်" ဟု ဆိုသည်။


ကမ္ဘာမြေပေါ်တွင် ၁၈၅၉ ခုနှစ်က အကြီးမားဆုံး စွမ်းအင် ပေါက်ကွဲမှုအဖြစ် ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ကမ္ဘာ၏ သုံးပုံနှစ်ပုံမှာ ကောင်းကင် တစ်ခုလုံးတွင် သွေးရောင် ကဲ့သို့ ချင်းချင်း နီသော မိုးသောက်ရောင်ခြည်များကို ဖုံးလွှမ်းခြင်း ခံခဲ့ရသည်။ အလားတူ ဖြစ်ရပ်မျိုး ယခုထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး တိမ်တိုက်များမှာ မုန်တိုင်းများ ဖြစ်ပေါ်ရန် အတွက် အဓိက အားဖြည့် လောင်စာများ ဖြစ်လာမည် ဖြစ်သလို ၄င်းမုန်တိုင်းများ၏ အတိုက်ခိုက် အခံရဆုံးမှာ လန်ဒန်၊ ပဲရစ်စ် နှင့် နယူးယောက်တို့ ဖြစ်လာမည် ဟုလည်း သုံးသပ်နေကြသည်။ ယခုတစ်ကြိမ် ပေါ်ပေါက်လာမည့် စွမ်းအင် ပျံ့ကားမှုနှင့် အလားတူစွာ ၁၉၈၉ ခုနှစ်က အလွန် သေးငယ်သော စွမ်းအင် ပေါက်ကွဲမှုတစ်ခု ကနေဒါ နိုင်ငံရှိ Quebec လျပ်စစ် ဓါတ်အားရုံ အနီးတွင် ပေါ်ပေါက် ခဲ့ဖူးသည်။


၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည့်နေ့ ဟူသည့် ရုပ်ရှင်ဇာတ်လမ်းတွင် တစ်ကမ္ဘာလုံး အပူချိန် တိုးမြင့်လာခြင်းနှင့် အပူလှိုင်းသင့်မှုများ ဖြစ်လာမည်ဟု မင်းသား John Cusack က သရုပ်ဆောင် ထားခဲ့သည်။ ကမ္ဘာ ဂြိုလ်ကြီးသည်လည်း မြေငလျင် နှင့် လူသားတို့၏ မဆင်မချင်မှုများကြောင့် အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာ ရမှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ ဇာတ်ကားတွင် ထင်ရှားသော စကားအဖြစ် သုံးစွဲခဲ့သည်။

မနေ့က ကျင်းပခဲ့သော ကွန်းဖရန့်စ် တွင် ကြားနာခဲ့ရသမျှ အရ အာကာသ အတွင်း နူကလီးယားလက်နှက်များ ပေါက်ကွဲသည်နှင့် အလားသဏ္ဍန်တူသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်အထိ ခန့်မှန်းနေကြကြောင်းလည်း ကြားသိခဲ့ရသည်။

Dr. Fox က ဖြည့်စွက် ပြောကြားခဲ့ရာတွင် "သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့ ရှေ့ပြေးနေတဲ့ တီထွင်ကြံဆ မှုတွေက ကျွန်တော်တို့ အားလုံးရဲ့ သဘာဝ ရန်သူကြီးကို ကိစ္စတုံး နိုင်လောက်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ဟု အားပေးစကားလည်း ပြောကြားခဲ့သည်။

လွန်ခဲ့သော ညက Dr. Fox က လျပ်စစ် ကောင်စီမှ အတွင်းရေးမှူးများနှင့် အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို အသေးစိတ် ဆွေးနွေး ခဲ့ကြသည်။ ယခင် အမေရိကန် အစိုးရ၏ ကာကွယ်ရေး အကြံပေး ပုဂ္ဂိုလ် Dr Avi Schnurr ကလည်း "မြေမျက်နှာ အသွင်အပြင် ဆိုင်ရာ သံလိုက်ဓါတ်များက ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားပြီး အဆက်အသွယ် ဖြတ်တောက်လိုက်တဲ့ အချိန်အထိ ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘဲ ရန်သူ အင်အား မကြီးမား လာခင်ကတည်းက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေပါတယ် " ဟု သတိပေးစကား ပြောကြားခဲ့သည်။


ဖြစ်စဉ်အရ အဖိုးတန် ရတနာမိုးများလည်း ဖုံမှုန်များ အကြားမှ လွင့်ပျံလာနိုင်ပြီး ကမ္ဘာဂြိလ်ကြီးကို တောက်ပသည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ၄င်းက ခန့်မှန်းခဲ့သေးသည်။ စိန့်အန်ဒရူး တက္ကသိုလ်မှ အကြမ်းဖျင်း ခန့်မှန်းချက်များအရ လေထုအတွင်း အခြေအနေ ပြောင်းလဲမှုများသည် ဖုံမှုန့် တိမ်တိုက်များ ပေါ်ပေါက်စေပြီး အချို့နေရာများတွင် ပတ္တမြားနှင့် နီလာများ အပြည့် သွန်းချရန် အသင့်ဖြစ်နေကြမည့် တိမ်တိုက်များ ပေါ်ပေါက် လာနိုင်သည်ဟုလည်း ခန့်မှန်းနေသည်။.
Pinkmole Susu
‎လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲ မှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံး မှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြား လိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရ
ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်း အရေးပေါ် အခြေအနေ ဖြစ်ပေါ်ပါက အမြန် လမ်း ရဲတပ်ဖွဲ့သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်

ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆမှု ကဲ့သို့ အရေးပေါ် အခြေအနေများ ဖြစ်ပေါ်ပါက အမြန်လမ်းမ ရဲတပ်ဖွဲ့မှူးရုံးထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ အကူအညီ တောင်းခံ နိုင်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။

အမြန်လမ်းမကြီးတွင် အရေးပေါ် အခြေအနေများဖြင့် တွေ့ကြုံရပါက ဖုန်း ၀၆၇- ၈၁၀၀၈၇ နှင့် ၀၉၄၃၂၄၁၂၆ သို့ ဆက်သွယ်ကာ အကူအညီ တောင်းခံ နိုင်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရှိရသည်။

ထို့ပြင် နေပြည်တော်- မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် ရဲစခန်း (၁၄)ခုရှိကြောင်း သိရှိ ရသည်။

http://www.myawady.com.mm/allnews/localnews/item/2577-2012-12-22-16-18-40
ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်း အရေးပေါ် အခြေ အနေ ဖြစ်ပေါ်ပါက အမြန်လမ်း ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကူ အညီ တောင်းခံနိုင်ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆမှုကဲ့သို့ အရေးပေါ် အခြေ အနေများ ဖြစ်ပေါ်ပါက အမြန်လမ်းမရဲတပ်ဖွဲ့မှူးရုံးထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ အကူအညီ တောင်းခံ နိုင်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ

အသက် မသေသော်လည်း ဘဝသေခဲ့ရသော တိုက်တန်းနစ်ပေါ်က ဂျပန်တစ်ယောာက်

တိုက်တန်းနစ် သင်္ဘောပေါ်မှာ ဂျပန်လူမျိုး တစ်ဦးတည်းပဲ ပါဝင် ပါတယ်။ တကယ့် ရှားရှားပါးပါးပါပဲ။ ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဌာနက အသက် ၄၂ နှစ်အရွယ် ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ Masabumi Hosono လို့ အမည်ရပါတယ်။
ရုရှား နိုင်ငံကနေ မီးရထားလမ်းပညာ လေ့လာသင်ယူပြီးနောက် ဂျပန် ကို ပြန်ရမှာ ဖြစ်ပေမယ့် လန်ဒန်အရင်ရောက်ပါတယ်။ တိုက်တန်းနစ် သင်္ဘောရဲ့  ခရီးစဉ်မှာသူလည်းပါလာပါတယ်။ ဒုတိယတန်းစား ခရီးသည်အနေနဲ့ လိုက်စီးတာ ဖြစ်ပါတယ်။ သင်္ဘောရေခဲနဲ့ တိုက်ချိန်

စတိဗ်ဂျော့ ရွက်လှေကို နယ်သာလှန်အစိုးရပိုင်အဖြစ် သိမ်း

စတိဗ်ဂျော့ ရွက်လှေကို နယ်သာလှန်အစိုးရပိုင်အဖြစ် သိမ်း
Saturday, 22 December 2012

စတိဗ်ဂျော့ပိုင်တဲ့ လှေကို နယ်သာလှန်နိုင်ငံ၊ Amsterdam မြို့  ဆိပ်ကမ်းက အာဏာပိုင်တို့ သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ကြွေးမြီကိစ္စ စကားများလို့ ဖြစ်ပါတယ်။ ယင်းလှေကို ပြုလုပ်ပေးသူကတော့ နယ်သာလှန် ဒီဇိုင်နာ Mr Starck ရဲ့  UBik ကုမ္မဏီက ဖြစ်ပါတယ်။ ယင်းအတွက် ငါးနှစ်တောင် အချိန်ယူခဲ့ရပါတယ်။ ရွက်လှေ တည်ဆောက်မှု ပရောဂျက်အတွက် Mr Starck ကို ယူရိုငွေ ၉ သန်း ပေးရမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ၃ သန်းပေးဖို့ ကျန်ရှိနေသေးပြီး ဒီအတွက်
ငွေတောင်းဆိုနေပါတယ်။ နောက်ဆုံး လှေကိုတောင် ယူမယ့် အနေအထားအထိ ဖြစ်ခဲ့ပါတယ်။

လှေရဲ့  စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၃၈ သန်း ဖြစ်ပြီး စတိဗ်ဂျော့မှ ပေးချေပြီး ဖြစ်ပါတယ်။ အလူနီယမ် ကိုယ်ထည့်နဲ့ ပြုလုပ်ထား တဲ့ အဆင့်မြင့် ဇိမ်ခံ ရွက်လှေဖြစ်ပြီး Venus (ဗီးနတ်စ်)လို့ အမည်ပေးထားပါတယ်။

၂၀၁၁ မှာ ကွယ်လွန်ခဲ့တဲ့ စတိဂျော့ကတော့ ရွက်လှေကို ရေချတဲ့ အထိတောင် မမြင်လိုက်ရပါဘူး။ ယခုဆိုရင် ယင်းလှေက ပင်လယ် ခရီး သွားနိုင်နေပြီ ဖြစ်ပါတယ်။ ပေ ၂၆၀ ရှည်တဲ့ ဈေးကြီး ရွက်လှေ တစ်စီး ဖြစ်ပါတယ်။ ယခုတော့ နယ်သာလန် Amsterdam ဆိပ်ကမ်း အာဏာပိုင်တို့က ကြွေးမြီ ပြဿနာ ကြောင့် Venus ကို သိမ်းဆည်း လိုက်ကြောင်း သိရပါတယ်။
--
Ref: BBC
Aung Kham (TSJ team)
TechSpace Journalစတိဗ်ဂျော့ပိုင်တဲ့ လှေကို နယ်သာလှန်နိုင်ငံ၊ Amsterdam မြို့  ဆိပ်ကမ်းက အာဏာပိုင်တို့ သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ကြွေးမြီကိစ္စ စကားများလို့ ဖြစ်ပါတယ်။ ယင်းလှေကို ပြု လုပ်ပေး သူကတော့ နယ်သာလှန် ဒီဇိုင်နာ Mr Starck ရဲ့  UBik ကုမ္မဏီက ဖြစ်ပါတယ်။ ယင်းအတွက် ငါးနှစ်တောင် အချိန်ယူခဲ့ရ

လက်သရဲ ဝင်ပူးသည့် ရောဂါ (ဂြိုလ်သားလက် ရောဂါ)

လက်သရဲ ဝင်ပူးသည့် ရောဂါ (ဂြိုလ်သားလက် ရောဂါ)
Saturday, 22 December 2012

လက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သားလက် ရောဂါဝေဒါနာ ဖြစ်ပါတယ်။

ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ်ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကို ထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ အိင်္ကျီဝတ်ပေမယ့် ဝတ်လို့မရအောင် လက်က တားပါတယ်။ မီးခလုပ်ကို ပိတ်ပေမယ့် ပြန်ဖွင့် ပါတယ်။ ဘယ်လက်က လုပ်တာကို ညာလက်က ပြန်ပြန်လိုက်လုပ်ပါတယ်။ လိုက်နှောက်ယှက်ပါတယ်။

သွားရင်းလာရင်း တွေ့ကရာ ပစ္စည်း အကုန်ကောက်ပါတယ်။ ခါးပိုက်နှိုက်မိ ပါတယ်။ မီးထဲ လက်ထဲမိပါတယ်။ လည်နေတဲ့ စက်ထဲ လက်က အတင်း ဝင်ပါတယ်။ တားလို့မရပါဘူး။ ဒါကို စိတ်ရောဂါလားလို့ တောင် ထင်မြင်ခဲ့ကြ ပါတယ်။ ဂီတာ အရင်က မတီးဖူးပေမယ့် တီးတတ်တာမျိုး၊ စန္တယား တီးတတ်တာမျိုးတို့ လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ လက်မှာ ကိုယ်ပိုင် စိတ် ရှိနေတဲ့ ရောဂါမျိုးလို့လည်း ခေါ်ပါတယ်။

လက်က သူ့ပါသူ အသက်ရှိနေသလို ဖြစ်ပြီး ကိုယ်က လုံးဝ ထိန်းချုပ်လို့ မရပါဘူး။ အချို့ ကျတော့ ရက်ပိုင်းအတွင်း ဖြစ်ပြီး ပျောက်ပေမယ့် အချို့ ကျ လပိုင်းကြာပါတယ်။ အချို့ ကျ တစ်သက်လုံး မပျောက်ပဲ ထင်ရင်ထင် သလို ရောဂါ ထဖောက်ပါတယ်။

စစ်တမ်းအရ ယင်းရောဂါဟာ ဦးနှောက်ခွဲစိတ်မှု၊ နှလုံးခွဲစိတ်မှု ခံယူပြီး သူတွေ မှာ အဖြစ်များပြီး အချို့ ကျတော့ အလိုလိုကို ထပေါ်လာ တာ ဖြစ်ပါတယ်။ ကိုယ်က မခိုးပေမယ့် လက်က အလိုလို လုပ်မိသွားတာကို အချို့ ကတောင် ရှေးဘဝ ဗီဇလို့ ထင်မြင်ကြပါတယ်။ သို့ပေမယ့် ယင်းလူဟာ Alien Hand Syndrom (ဂြိုလ်သားလက် ရောဂါ) ခံစားနေရသူ ဖြစ်ပါတယ်။ သူ့အတွက်လည်း ကြောက်ဖို့ ကောင်းသလို သူ့ပတ်ဝန်းကျင်အတွက် လည်း ကြောက်ဖို့ ကောင်းပါတယ်။

သေချာတာကတော့ ဘတ်စ်ကားစီးလို့ အဆင်ပြေမယ့် ရောဂါမဟုတ်ပါဘူး။ ယင်းရောဂါဝေဒနာ လူတိုင်းခံစားရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသာ မသိလိုက်တာ တစ်ခါတစ်လေကျ ဖြစ်ခဲ့တာမျိုးတို့ ဖြစ်တတ်ပါတယ်။

ကမ္ဘာ့အနှံ့ က နိုင်ငံအသီးသီးမှာ Alien hand syndrome ဂေရာဂါ ခံစားနေရသူပေါင်း များစွာရှိတယ်လို့ အမေရိကန် ဆေးပညာရှင်တို့ က ပြောဆိုထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmarလက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သား လက် ရောဂါဝေဒါနာ ဖြစ် ပါတယ်။ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ် ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကိုထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ အိင်္ကျီ

၂၀၁၁ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲအတွက် ဆန်ခါတင် ဇာတ်ကားစာရင်းများ



၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ Page

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်
Saturday, 22 December 2012

တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၄) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရ သက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ဇနီး ဒေါ်ထွေးထွေးညွန့်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးနှင့် ဇနီး ဒေါ်နီနီ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော် ဆေးတက္ကသိုလ်
ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများ၏ မိဘ ဆွေမျိုး များ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် သင်တန်းဆင်း အရာရှိများ၊ မိဘ ဆွေမျိုးများနှင့် အတူ ညစာ သုံးဆောင် ကြသည်။

သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌
ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲ မှုအောက် မြဝတီ တေးဂီတ အဖွဲ့နှင့် အငြိမ့်အဖွဲ့ တို့၏ ဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီတပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၄) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော်ဆေးတက္ကသိုလ်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊

မောင်တောနယ်စပ် ကြိမ်ချောင်း - တောင်ပြို ကားလမ်းပြန်ဖွင့်

Photo: မောင်တောနယ်စပ် ကြိမ်ချောင်း - တောင်ပြို ကားလမ်းပြန်ဖွင့်
Saturday, December 22, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်မဟာဗျူဟာမြောက်ချစ်ကြည်ရေးကားလမ်း
ဖောက်လုပ်ရန် လျာထားရှိသည့် လမ်းကြောင်း၏ တစ်စိတ် တစ်ခု
ဖြစ်သည့် မောင်တောနယ်စပ်ကြိမ်ချောင်း-တောင်ပြိုကားလမ်းအား ယခုလဆန်းပိုင်းမှစပြီးသက်ဆိုင်ရာမှ တရားဝင် ဖွင့်လှစ်ပေးခဲ့ရာ ခရီးသည်နှင့်ကုန်ကားများပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း ကြိမ်ချောင်းကားဂိတ်မှယာဉ်မောင်းများထံက သိရသည်။

အဆိုပါလမ်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သော သမိုင်းဝင်လမ်းကြောင်း တစ်ခုဖြစ်ပြီး   မောင်တော နယ်စပ်
ဆောက်လုပ်ရေးအဖွဲ့မှ ကားများပြေးဆွဲနိုင်သည်အထိ အဆင့်
မြှင့်တင် ပြန်လည်ဖောက်လုပ်ပြီး ယခုနှစ် ဧပြီလ(၁)ရက်နေမှစ၍ ခရီးသည်နှင့်ကုန်ကားများ ပြေးဆွဲလာခြင်း ဖြစ်ကြောင်း သိရသည်။

ဇွန်လအတွင်းက ဖြစ်ပွါးခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပါအ၀င် အောက်တိုဘာလဆန်းပိုင်းက နယ်စပ်ဆောက်လုပ်ရေး အဖွဲ့(G.E) သုံးဦးကို ပြန်ပေးဆွဲမှုနှင့် နယ်စပ်ဒေသလုံခြုံရေး အခြေအနေ များကြောင့် ဇွန်လမှ နိုဝင်ဘာလအတွင်း အဆိုပါလမ်းအား (၃)ကြိမ်တိုင်တိုင် ဖွင့်/ပိတ်မှုများ ရှိခဲ့သည်။

“သက်ဆိုင်ရာမှ အခုလဆန်းပိုင်းမှ ပြန်ဖွင့် ပေးခဲ့တာဖြစ်ပါတယ်။ မိုးတွင်းကာလတစ်လျှောက်လုံးလိုလို   ပြန်ဖွင့်လိုက် ပြန်ပိတ်လိုက် နဲ့ နယ်စပ် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ စီးပွားရေးထိခိုက် နစ်နာမှုတွေ ရှိခဲ့ပါတယ်။ ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့ သက်ဆိုင် ရာတွေကို
ကျေးဇူးတင်ရမှာပါ။”ဟု ကြိမ်ချောင်း ဒေသမှ နယ်စပ်ပို့ကုန်
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ကြိမ်ချောင်း -တောင်ပြို ကားလမ်းအသုံးပြုပြီး ပြည်တွင်းမှ ကုန်ပစ္စည်းများကို အဆိုပါလမ်းကြောင်း အသုံးပြုပြီး မောင်တောဒေသမှ တိုက်ရိုက်
တင်ပို့နိုင်သလို တစ်ဖက်ဘင်္ဂလာဒေ့ရှ်မှ ကုန်ပစ္စည်းများ အား တိုက်ရိုက်တင်သွင်းနိုင်သည့် နယ်စယ်ကုန်သွယ်ရေး လမ်းကြောင်းသစ် တစ်ခုဖြစ်သည်။

ကြိမ်ချောင်း -တောင်ပြို ကားလမ်းမှာ(၁၅)မိုင်ခန့်ရှည်လျားပြီး
နေ့စဉ်ခရီးသွားအင်အား (၁၅၀)မှ (၂၀၀)အတွင်း သွားလာလျက်ရှိသည်။

အာရကန်ကိုကို-မောင်တော(မြစ်မခ)
Myit Makha Mediagroupမြန်မာ-ဘင်္ဂလားဒေ့ရှ်မဟာဗျူဟာမြောက် ချစ်ကြည်ရေး ကား လမ်း ဖောက်လုပ်ရန်လျာထားရှိသည့် လမ်းကြောင်း ၏ တစ်စိတ် တစ်ခု ဖြစ်သည့် မောင်တောနယ် စပ်ကြိမ်ချောင်း -တောင်ပြို ကားလမ်းအား ယခုလဆန်းပိုင်းမှစပြီးသက်ဆိုင်ရာမှ တရားဝင်

အမေရိကန် နိုင်ငံသား တစ်ဦးအား မြောက်ကိုရီးယား ဖမ်းဆီး

Photo: အမေရိကန် နိုင်ငံသား တစ်ဦးအား မြောက်ကိုရီးယား ဖမ်းဆီး
Saturday, 22 December 2012

မြောက်ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် နိုင်ငံသား တစ်ဦးကို ရာဇဝတ်မှုဖြင့် ဖမ်းဆီး ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရက ဒီဇင်ဘာ 
၂၁ ရက်တွင် ကြေညာခဲ့သည်။

ဘေဂျွန်ဟို အမည်ရှိ ယင်းအမေရိကန် နိုင်ငံသားသည် ယခုနှစ် နိုဝင်ဘာ ၃ ရက်က ကမ္ဘာလှည့် ခရီးသည် တစ်ဦးအဖြစ် ဝင်ရောက် လာခဲ့ပြီး ၎င်းအား အာဏာပိုင် များက ပြစ်မှု ကျူးလွန်မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် မည်သည့် ပြစ်မှုဖြင့် ဖမ်းဆီး ခဲ့သည်ကို အာဏာပိုင် များက ဖော်ပြခဲ့ခြင်း မရှိပေ။

ထို့အတူ မြောက်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့သည့် သတင်းထောက် နှစ်ဦးအား ဖမ်းဆီးခဲ့ သော်လည်း နောက်ပိုင်းတွင် ပြန် လွှတ် ပေးခဲ့သည်ဟု သိရသည်။

တောင်ကိုရီးယား လူ့အခွင့် အရေး လှုပ်ရှားသူ များ၏ ပြောကြားချက် အရ ဘေသည် ခရီးသွား ကုမ္ပဏီ တစ်ခု ဖွင့်လှစ်ထားပြီး ကမ္ဘာလှည့် ခရီးသည် များအား မြောက်ကိုရီးယား နိုင်ငံအတွင်း လှည့်လည်
ပြသရန် ရောက်ရှိ လာပြီးနောက် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီမြောက်ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် နိုင်ငံသား တစ်ဦးကို ရာဇဝတ်မှုဖြင့် ဖမ်းဆီး ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရက ဒီဇင်ဘာ
၂၁ ရက်တွင် ကြေညာခဲ့သည်။ ဘေဂျွန်ဟို အမည်ရှိ ယင်း အမေရိကန် နိုင်ငံသားသည် ယခုနှစ် နိုဝင်ဘာ ၃ ရက်က ကမ္ဘာလှည့် ခရီးသည် တစ်ဦးအဖြစ် ဝင်ရောက်လာခဲ့ပြီး ၎င်းအားအာဏာပိုင်

ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ သို့ရောက်ရှိ

Photo: ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ သို့ရောက်ရှိ 
Saturday, 22 December 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀း၃၀ နာရီအချိန်တွင် ကော့သောင်းမြို့ကို ရောက်ရှိလာပြီး၊ မကြာမီအချိန်အတွင်းတွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင် ဘောလုံးကွင်းတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ယခုမိန့်ခွန်းပြောရန် ကော့သောင်းလေဆိပ်မှ မိန့်ခွန်းပြောကြားမည့်
နေရာသို့ သွားရောက်နေပြီဖြစ်ကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။

7Day News Journalအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀း၃၀ နာရီ အချိန်တွင် ကော့သောင်း မြို့ကို ရောက် ရှိလာပြီး၊ မကြာမီအချိန် အတွင်း တွင် ကော့သောင်း မြို့၊ အေးရိပ်

Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ

Photo: Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ 
Saturday, 22 December 2012

အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း Pennsylvania ပြည်နယ်မှာ
သောကြာနေ့က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူ ၄ယောက်
သေဆုံးပြီးတော့ ပြည်နယ်ရဲတပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာရ သွားခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ပြည်နယ်မြို့တော် Harrisburg မြို့ ရဲ့ မိုင်တစ်ရာလောက်ဝေးတဲ့ Frankstown မြို့မှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

သေဆုံးသူ လေးယောက်ထဲမှာ သေနတ်သမားလည်း ပါဝင်ခဲ့ပြီး 
အရေးပေါ် အခြေအနေက ကျော်လွန် သွားပြီဖြစ်တယ်လို့ ပြောပါတယ်။
သေနတ်သမားက ပစ်ခတ်တာကြောင့် အမျိုးသားနှစ်ယောက်၊ အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က Sandy Hook မူလတန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပတ်အကြာမှာ အခုလို ထပ်ပြီးတော့ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ 

ဗွီအိုအေအမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း Pennsylvania ပြည် နယ် မှာ  သောကြာနေ့ က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူ

အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲ မိုက်ကယ် ဂျက်ဆင်၏ လက်အိတ် ကြေးအမြင့်ဆုံး ရရှိ

အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲ မိုက်ကယ် ဂျက်ဆင်၏ လက်အိတ် ကြေးအမြင့်ဆုံး ရရှိ

လော့အိန်ဂျလိစ် မြို့တွင် ယခု သီတင်းပတ် အတွင်း ပြုလုပ်သည့် အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲတွင် မိုက်ကယ် ဂျက်ဆင်၏ အမှတ်အသားဟု ဆိုရသော ၎င်း၏ လက်အိတ် တစ်ဖက်သည် ကြေးအမြင့်ဆုံး ရရှိခဲ့ကြောင်း လေလံတင် ကုမ္ပဏီက ဒီဇင်ဘာ ၂၁ ရက် တွင် ပြောကြားခဲ့သည်။

မိုက်ကယ် ဂျက်ဆင်၏ လက်အိတ် တစ်ဖက်အား အမေရိကန် ဒေါ်လာ ၁၉၉၀၆၉ ဖြင့် လေလံတင် ရောင်းချ ခဲ့ကြောင်း Nade D.Sanders လေလံတင် ကုမ္ပဏီက ပြောကြား ခဲ့သည်။

သလင်းကျောက် များဖြင့် အလှဆင်ထားသော အဆိုပါ လက်အိတ်အား မိုက်ကယ် ဂျက်ဆင်သည် ၁၉၈၄ ခုနှစ်က ပြုလုပ်ခဲ့သော အမေရိကန် ဂီတ ထူးချွန်ဆု ပေးပွဲ၌ ဝတ်ဆင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအမေရိကန် ဂီတဆု ပေးပွဲတွင် မိုက်ကယ် ဂျက်ဆင်၏ "Thriller" တေးအယ်လ် ဘမ်သည် ရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ် ဆုကို ရရှိခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/arts/artcorner/item/2559-2012-12-22-11-09-48
လော့အိန်ဂျလိစ်မြို့တွင် ယခုသီတင်းပတ်အတွင်း ပြုလုပ်သည့် အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲတွင် မိုက်ကယ်ဂျက်ဆင်၏ အမှတ်အသားဟု ဆိုရသော ၎င်း၏ လက်အိတ် တစ်ဖက်သည် ကြေးအမြင့်ဆုံး ရရှိ ခဲ့ကြောင်း လေ လံတင်ကုမ္ပဏီက ဒီဇင်ဘာ ၂၁ ရက် တွင် ပြောကြားခဲ့သည်။
မိုက်ကယ်ဂျက်ဆင်၏ လက်အိတ်တစ်ဖက်အား အမေရိကန် ဒေါ်လာ ၁၉၉၀၆၉ ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း Nade D.Sanders လေလံတင်

ဆရာကြီး ဦးဂိုအင်ကာ ၏ ခရီးစဉ်

Photo
ဒီဇင်ဘာ၂၂ မနက်၇နာရီတွင် ဦးဂိုအင်ကာ နှင့်မိသားစု တို့ကပင့်သံဃာ ၁၃၅ ပါးတို့အားဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ သည်။အဆိုပါ ဆွမ်းဆက် ကပ်လှူဒါန်းပွဲသို့ ပြည်တွင်းပြည်ပမှ ဆရာကြီး၏တပည့် တရားပြဆရာ

ပြီးခဲ့သည့်လ၀က်ကထက် ယာဉ်မတော်တဆမှု(၆)မှု လျော့နည်းလာ


မထသ (ဗဟို) အနေဖြင့် ယာဉ်မတော်တဆမှုများအား အနည်းဆုံးနှင့်အန္တရယ်အကင်းဆုံး ဖြစ်အောင်
ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြည်သူလူထုအားတွေ့ဆုံ စကားပြောမည့် စင်မြင့်ကို ကန်ဖျားရပ်ကွက်၊ ကျန်တောလမ်းမှာရှိတဲ့ ဦးစောဂျက်ခန်းမအား နေ့လည် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် တွေ့မြင်ရစဉ်
ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား

ဗီဇာကတ် ကမ္ဘောဇဘဏ် ATM စက်များ တွင် အသုံးပြုနိုင်ပြီ

ဗီဇာကတ် ကမ္ဘောဇဘဏ် ATM စက်များ တွင် အသုံးပြုနိုင်ပြီ


ဗီဇာကတ်ကို ကမ္ဘောဇဘဏ်(KBZ) ATM စက်များတွင် ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဗီဇာကတ် ကိုင်ဆောင်ထားသော မည်သူမဆို ကမ္ဘောဇ ATM စက်များတွင် မြန်မာကျပ်ငွေ ထုတ်ယူ နိုင်ပြီဖြစ်ပြီး တစ်ကြိမ်ထုတ်ယူပါက ကျပ်သုံးသိန်းဖြင့် တစ်ရက်လျှင် ကျပ် ၁၀ သိန်း အများဆုံးထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗီဇာကတ်များသည် ကမ္ဘောဇအပြင် CB ဘဏ် ATM စက်များတွင်ပါ ထုတ်ယူအသုံးပြုနိုင်ပြီး မကြာမီကာလတွင် MOB ဘဏ် ATM စက်များ၌ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်တွင် ATM စက် အလုံးပေါင်း ၃၇ လုံး တပ်ဆင်ထား ရှိပြီးဖြစ် ကာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မေမြို့၊ ညောင်ဦး၊ နေပြည်တော် တို့တွင် တပ်ဆင်ထားရှိကြောင်း သိရသည်။

From: http://www.facebook.com/pages/Myawady-News/351018658329305?ref=streamဗီဇာကတ်ကို ကမ္ဘောဇဘဏ်(KBZ) ATM စက်များတွင် ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဗီဇာကတ် ကိုင်ဆောင်ထားသော မည်သူမဆို ကမ္ဘောဇ ATM စက်များ တွင် မြန်မာကျပ်ငွေ ထုတ်ယူ နိုင်ပြီဖြစ်ပြီး တစ်ကြိမ်ထုတ်ယူပါက ကျပ်သုံး သိန်းဖြင့် တစ်ရက်လျှင် ကျပ် ၁၀ သိန်း အများဆုံးထုတ်

လက်ပန်းတောင်းတောင်အကြမ်းဖတ်မူစုံစမ်းစစ်ဆေးရေး ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စုံစမ်း စစ်ဆေးရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်(၃/၂ဝ၁၂)၁၃၇၄ခုနှစ်၊ နတ်တော်လဆန်း ၈ရက်(၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်)

ဦးပိုင်နဲ့ ၀မ်ပေါင်ကို တရားစွဲမယ်




မြန်မာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ပဏီတို့ကို

တောင်ငူ နဲ့ ယာဉ်ကြောပိတ်ဆို့မှု


~ မင်းကြီးညိုရုပ်တုရှေ့က တွေ့ရတဲ့ မြင်ကွင်း ~

ကတ္တရာလမ်းပေါ်က မျဉ်းတွေ၊ အမှတ်အသားတွေကို ရေးဆွဲရာမှာ တောင်ငူမြို့ဟာ တခြားမြို့တွေနဲ့