Tuesday, January 6, 2015

နှစ်နှစ်ဆက်တိုက်စာမေးပွဲကျသော နည်းပညာတက္ကသိုလ် COE ကျောင်းသားများ နည်းပညာတက္ကသိုလ်များ၏ ကျောင်းသားစာရင်းမှ ပယ်ဖျက်ခြင်းခံရမည်ဟုဆို

နည်းပညာ တက္ကသိုလ် COE ကျောင်းများတွင် တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများသည် နှစ်နှစ်ဆက် တိုက်စာမေးပွဲကျရှုံးပါက သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များအားလုံး ၏ ကျောင်းသား စာရင်းမှပယ်ဖျက် ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နည်းပညာတက္က သိုလ် COE ကျောင်းများကို နိုင်ငံ တကာအဆင့်သို့ ရောက်ရှိရန် ဆောင် ရွက်နေခြင်းဖြစ်ရာ နိုင်ငံတကာအ ရည်အသွေး စံသတ်မှတ်ချက်များကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းအတွက်နိုင်ငံတကာအရည် အသွေးအစစ်ဆေးခံနိုင်ရန်အတွက် စာမေးပွဲ စစ်ဆေးခြင်း များကိုလည်း ကန့်သတ်ထားကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

အဲအေးရှား လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ၏ မိသားစုများကို နစ်နာကြေး ပေးရန် စီစဉ်နေ

အဲအေးရှား လေကြောင်းလိုင်းသည် ပျက်ကျသွားသည့် ခရီးစဉ်အမှတ် QZ8501 လေယာဉ်ပေါ် ပါသွားသူများ၏ မိသားစုများကို နစ်နာကြေး ပေးအပ်သွားရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဝေါလ်စထရိဂျာနယ်က အဲအေးရှား လေကြောင်းလိုင်းသည် ခရီးသည် တစ်ဦးစီအတွက် အင်ဒိုနီးရှား ရူပီရာငွေ သန်း(၃၀၀)စီ ပေးအပ်သွားရန် စီစဉ်နေကြောင်း ဆိုသည်။ လေယာဉ်ပေါ်တွင် ညီမနှင့် မိခင်တို့ အပါအဝင် မိသားစုဝင် (၇)ဦး လိုက်ပါသွားသည့် ဒေးဗစ် သီဂျာကူဆာမာ၏ အဆိုကို ကိုးကားပြီး ဝေါလ်စထရိက ယင်းကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။

လေကြောင်းကင်းထောက်မှုဖြင့် ကချင်ပြည်နယ်အတွင်း တရားမ၀င် သစ်ခိုးဂိုဏ်ကြီး ဖမ်းဆီးရမိ


ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး ဒေသအတွင်း အဖိုးတန်သစ်များ အားတရားမ၀င် ခုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ကိုယ်ကျိုးစီးပွား အတွက်သယ်ဆောင်ရောင်းချရန် သစ်တင်ယာဉ်များဖြင့် စုစည်းပြင်ဆင်ထားရှိ မှုအား လေကြောင်းကင်းထောက်မှု အရ သိရှိရသဖြင့် တပ်မတော်စစ်ကြောင်း များက ဇန်န၀ါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့သည်

စစ်ကိုင်းမြို့ ၊ နန္ဒ၀န်တောင် ရပ်ကွက် တရုတ် လူမျိုးများ နေထိုင်သည့် အိမ်တွင် ပစ္စည်းယူ၊ လူသတ်မှု ဖြစ်ပွား

စစ်ကိုင်းမြို့ ၊ နန္ဒ၀န်တောင် ရပ်ကွက်ရှိ တရုတ်လူမျိုးများ နေထိုင်သည့် အိမ်တွင် ဇန်န၀ါရီလ (၅) ရက်နေ့ နံနက်က ပစ္စည်းယူ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ်၊ နယ်မြေခံ ရဲတပ်ဖွဲ့ထံမှ သတင်း ရရှိသည်။

တရုတ်လူမျိုး သုံးဦးနှင့် စကားပြန် တစ်ဦး ငှားရမ်း နေထိုင်သည့် နေအိမ်၌ အိမ်ဖော် အဖြစ် လုပ်ကိုင်သူ အသက် (၅၄) နှစ် အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ ရပြီး၊ နေအိမ်ရှိ ကျပ်သိန်း (၃၂၁)သိန်း တန်ဖိုးရှိ ကျောက်စိမ်း ပုတီးအလုံး များပါ သွားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။

သံဃာတစ်ထောင်ကျော် ပါဝင်မည့် ရွှေကျင် သံဃာ့အစည်းအဝေး ဇန်နဝါရီလ ၂၇ ရက်စမည်

မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံ အသီးသီးတွင် သီတင်းသုံးနေသော ဂိုဏ်းဝင်သံဃာတော် စုစုပေါင်း အပါးတစ်ထောင်ကျော် ပါဝင်တက်ရောက်မည့် သာသနာတော်လုံးဆိုင်ရာ ရွှေကျင် သံဃာ့ အစည်းအဝေးကြီးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ သုံးရက်တိုင် ကျင်းပမည် ဖြစ်ကြောင်း အစည်းအဝေး ဦးဆောင်ဆရာတော်များထံမှ သိရသည်။

မှော်ဘီမြို့နယ် ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဒုတိယအကြိမ် အဖြစ် ကျင်းပမည့် အဆိုပါ သံဃာ့ အစည်းအဝေးကြီးကို နိုင်ငံတော် သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တအဂ္ဃိယ ဦးဆောင်၍ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဂျမေကာ၊ မလေးရှား၊ သီရိလင်္ကာနှင့် ထိုင်း စသည့် ပြည်ပနိုင်ငံ အသီးသီးတွင် သီတင်းသုံးနေသော ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များ တက်ရောက်မည် ဖြစ်ကြောင်း ဦးဆောင်ဆရာတော်များက မိန့်ကြားသည်။

ဗိုလ်ရှုသဘင်အပြန် ရွှေစင်စင်္ကြာ စင်းလုံးငှား ယာဉ်တိုက်မှုဖြစ်၊ တစ်ဦးသေ ၁၁ ဦး ဆေးရုံရောက်

(၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်ခဲ့သည့် ကချင်ပြည်နယ် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် အဖွဲ့ လိုက်ပါလာသည့် စင်းလုံးငှား ရွှေစင်စင်္ကြာ မော်တော်ယာဉ်သည် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံတားဦးမြို့နယ်တွင် လမ်းပခုံးများ ပြုပြင်ဆောင်ရွက်နေသည့် ကရိန်းယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိကာ မန္တလေးဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြောင်း အဆိုပါဆေးရုံထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရှိသူများကို တံတားဦးမြို့နယ် ဆေးရုံကြီးသို့

နိုင်ငံရေးဆွေးနွေးပွဲ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စားဝတ်နေရေးကို အစိုးရထောက်ပံ့မယ်

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လတ်မှတ် ရေးထိုးပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနေချိန် အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စားဝတ်နေရေးနဲ့ စီးပွားရေး အခွင့်အလမ်းတွေကို အစိုးရက ထောက်ပံ့ပေးမယ်လို့ ဒီကနေ့ (ဇန်နဝါရီလ ၅ ရက်) မှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၂ ဖွဲ့နဲ့ သီးခြားတွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတက ကတိပြုခဲ့တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင် တချို့က ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ရရန် နိုင်ငံရေးဆွေးပွဲသာ အဓိကဟု သမ္မတ ဦးသိန်းစိန်ပြော

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် နည်းလမ်းမှာ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က လွတ်လပ်ရေးနေ့တွင် ပြုလုပ်သည့် ဗိုလ်ရှု့သဘင်သို့ တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်ကြောင်းယနေ့ထုတ် အစိုးရ သတင်းစာ

အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်ယူနှင့် ကိန်းဘရစ်ယူနိုက်တက်၊ အာစင်နယ်နှင့် ဘရစ် တို့ ဆုံမည်

Photo: အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်ယူနှင့် ကိန်းဘရစ်ယူနိုက်တက်၊
 အာစင်နယ်နှင့် ဘရစ် တို့ ဆုံမည်

ဇန်န၀ါရီလ ၆ ရက်၊ ၂၀၁၅

အက်ဖ်အေဖလားပြိုင်ပွဲအတွက် စတုတ္ထအဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ မန်ယူက ဒုတိယတန်းကလပ် ကိန်းဘရစ်ယူနိုက်တက်၊ လက်ရှိ ချန်ပီယံ အာစင်နယ်က ချန်ပီယံရှစ်တန်းက ဘရစ်နဲ့ ဆုံရမှာ ဖြစ်ပါတယ်။

မန်ယူဟာ စတုတ္ထအဆင့်မှာ တခြားအသင်းတွေနဲ့စာရင် အတန်းအနိမ့်ဆုံးအသင်းနဲ့ ဆုံရတာဖြစ်လို့ ပွဲချောင်ပါတယ်။

ဒီနှစ်သင်း ၁၉၉၁ တုန်းက လိဂ်ဖလားပြိုင်ပွဲမှာ နောက်ဆုံး တွေ့ဆုံထားပြီး မန်ယူက နှစ်ပွဲပေါင်း ရလဒ် ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။

ချဲလ်ဆီးကတော့ မီဝေါနဲ့ ဘရက်ဖို့ စီးတီး ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ တွေ့မှာ ဖြစ်ပြီး မန်စီးတီးက မစ်ဒယ်ဘရော့နဲ့ ယှဉ်ပြိုင်ရမှာပါ။

လီဗာပူးကတော့ ချန်ပီယံရှစ်တန်းက ဘော်လ်တန်နဲ့ ဆုံရမှာပါ။ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေကို လာမယ့် ဇန်န၀ါရီ ၂၄ နဲ့၂၅ ရက်နေ့တွေမှာ စတင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

DVB
အက်ဖ်အေဖလားပြိုင်ပွဲအတွက် စတုတ္ထအဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ မန်ယူက ဒုတိယတန်းကလပ် ကိန်းဘရစ်ယူနိုက်တက်၊ လက်ရှိ ချန်ပီယံ အာစင်နယ်က ချန်ပီယံရှစ်တန်းက ဘရစ်နဲ့ ဆုံရမှာ ဖြစ်ပါတယ်။

မန်ယူဟာ စတုတ္ထအဆင့်မှာ တခြားအသင်းတွေနဲ့စာရင် အတန်းအနိမ့်ဆုံးအသင်းနဲ့ ဆုံရတာဖြစ်လို့ ပွဲချောင်ပါတယ်။

အစိုးရ၀န်ထမ်းနိုင်ငံခြားပညာတော်သင်များ ပြန်မလာပါက လျော်ကြေးပေးရသည့်စနစ် တစ်နှစ်ပယ်ဖျက်

 နိုင်ငံခြားသို့ ပညာတော် သင်စေလွှတ်ခံရသော အစိုးရ၀န် ထမ်းများ ပြန်လာရန်ပျက်ကွက်ပါ က လျော်ကြေးပေးရမည့် ကတိခံ ၀န်ချက်ကို ၂၀၁၅ ဇန်န၀ါရီမှစ၍ လက်မှတ်ရေးထိုးရန်မလိုတော့ ကြောင်း သတင်းရရှိသည်။

ပြည်ပပညာတော်သင်သွား သော နိုင်ငံ့ဝန်ထမ်းများမိခင်နိုင်ငံ သို့ ပြန်လာရန်ပျက်ကွက်ပါက ပ ညာသင် အာမခံလျော်ကြေးငွေ ကျပ်သိန်းငါးဆယ်ကို ကာယကံ ရှင်ဝန်ထမ်းဖြစ်စေ၊ ၎င်း၏မိဘ

အိမ်တွင်းက အမျိုးသမီးတွေ အကြမ်းဖက်ခံနေရဆဲ

Photo: အိမ်တွင်းက အမျိုးသမီးတွေ အကြမ်းဖက်ခံနေရဆဲ 
-----------------------------------------------------------------
>>

အင်းစိန်မြို့နယ် ဖော့ကန်ဈေး အနီးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် အသက် အရွယ် အားဖြင့် ၂၅ နှစ်ခန့် မမီမီ(အမည်လွဲ)သည် စက္ကူတစ်ရှူး စဖြင့် ကျလက်စ မျက်ရည်ကိုသုတ်ကာ စကားပြောလျက်ရှိသည်။

သူမပြောပြသည်ကို နားထောင် နေသူများကတော့ သူမ၏သူငယ်ချင်း များဖြစ်ပြီး မမီမီပြောပြသည့် အ ကြောင်းအရာကတော့ သူမနှင့် သူမ အမျိုးသား အကြားဖြစ်ပွားခဲ့သည့် စ ကားများရန်ဖြစ်မှုအကြောင်းကိုပြော လျက်ရှိသည်။

သူမသည် အသက်အရွယ် ၂၀ ဝန်းကျင်ခန့်တွင် အိမ်ထောင်ကျခဲ့ပြီး သူမနှင့် သူမ အမျိုးသားမှာ နှစ်ဖက် မိဘများ သဘောတူညီမှုဖြင့် လက်ထပ်ယူ ခဲ့ခြင်းဖြစ်ကာ ၎င်းအမျိုးသား မှာ အရက်သောက်ပါက သွေးဆိုး တတ်သည့် ဓလေ့စရိုက်များဖြင့် ပြ ဿနာရန်ရှာခြင်းများကို သူအရက် သောက်သည့်နေ့တိုင်း ကြုံတွေ့ရ ကြောင်း ဆိုသည်။

ယင်းက ‘အရင်က ရည်းစားအကြောင်းတွေ ဘယ်ကနေဘယ်လိုသိ လာလဲ မသိဘူး။ သိပြီးနောက်ပိုင်း ညားခါစက မသောက်ဖူးမသုံးဖူးတဲ့ အရက်တွေ ၊ ဆေးလိပ်တွေသောက် လာတယ်။ အဲ့ဒီအရည်တွေမဝင် ရင် တော့ ကောင်းကောင်းမွန်မွန်ပဲ၊ ဝင် သွားပြီးဆိုတာနဲ့ သွေးဆိုးတဲ့ ဇာတိ က ပြလာတယ်။ အရင်က ကျွန်မအ ကြောင်းတွေခနဲ့သလိုပြောရင်း ကျွန်မ လည်း မခံနိုင်လို့ ပြန်ပြောရကာ စကားများကြတယ်။ ရပ်ကွက်ရုံး လည်း ခဏ ခဏရောက်ရတယ်။သူ ကမရှက်ပေမယ့် ကျွန်မက ခံရသူဆို တော့ ရှက်တယ်’ ဟု ပြောသည်။

မမီမီကဲ့သို့ပင် အိမ်ထောင်သည် အမျိုးသမီးအများစုသည့် အိမ်တွင်း အကြမ်းဖက် မူများ ကြုံတွေနေရပြီး အကြမ်းဖက်ခံရမှုများအား သက်ဆိုင် ရာသို့ တိုင်ကြားမည်ဆိုပါက ယဉ်ကျေး မှုအရကြောင့်သော် လည်းကောင်း ၊ နှစ်ဖက်မိဘများ ရပ်ကွက်အတွင်းရှိ လူကြီးသူမများ ၏ညှိနှိုင်းဖြေရှင်းမှု များ ကြောင့်သော်လည်းကောင်းပြန်လည် ပြေလည်ကာ ဆက်လက် မတိုင်ကြား ဖြစ်တော့ကြောင်း ဆိုကြသည်။

အိမ်တွင်း အကြမ်းဖက်ခံရသည့် ကိစ္စအများစုတွင် အရက်သေစာနှင့် မူးယစ်ဆေးဝါး တစ်မျိုးမျိုး သုံးစွဲပြီး နောက်ပိုင်း တွင် ဖြစ်ပေါ်လာလေ့ ရှိပြီး ဖြစ်ပွားမှုများတွင် အမျိုးသမီးများ အနေဖြင့် ကိုယ်ခန္ဒာဖွဲ့စည်းမူပုံစံအရ အားနည်းသည့်အတွက် အမျိုးသား များကို ပြန်လည်မခုခံနိုင်သည့်အ တွက် ထိခိုက်နာကျင် ဒဏ်ရာများ ရရှိသည့်အပြင် အသက်အန္တရာယ် များကိုပါ ရင်ဆိုင် ရသည်အထိ ဖြစ် ပွားခဲ့ခြင်းများရှိကြောင်း သိရသည်။

မမီမီက ‘ကိုယ်က ရန်ဖြစ်လို့သွား တိုင်တော့လည်း တစ်ဖက်က ကိုယ့် အမျိုးသားဖြစ်နေတယ်။သူမတော်လို့ ထောင်ကျသွားရင်ကိုယ်တစ်ယောက် တည်း က ကိစ္စမရှိဘူး။ သားသမီးတွေ ကမွေးထားတော့ သူတို့မျက်နှာ ကို ပြန်ကြည့်ကြည့်နေရတယ်။ ဒါပေမဲ့ စိုးရိမ်ရတာကသူအဲ့လို ခဏခဏ လုပ်နေရင်း ကိုယ့်အသက်ကိုရန်ရှာမှာ ကြောက်မိတယ်’ဟု ပြောသည်။

ယင်းတို့ကဲ့သို့ တရားဝင်လက် ထပ်ထိမ်းမြားသူများတွင် ယင်းကဲ့ သို့ လင်မယားကြားပြဿနာများ ပေါ် ပေါက်ပါက နှစ်ဖက်လူကြီးမိဘများ ဖြေရှင်းမှု များကြောင့် ပြေလည်သွား နိုင်သော်လည်း ခေတ်ကာလ အခြေ အနေပြောင်းလဲမှုများကြောင့် သော် လည်းကောင်း၊ လက်ထပ်ထိမ်းမြားမှု စရိတ်ကြီးမားမှုများကြောင့်သော် လည်းကောင်း တရားဝင်လက်ထပ် ထိမ်းမြားမှု မရှိဘဲ အတူတူနေသူများ ကြားထဲတွင် အဆိုပါပြဿနာများ ပေါ်ပေါက် ပါက ဖြေရှင်းရန်မလွယ် ကူဘဲ မှုခင်းများပေါ်ပေါက်ခြင်းများ ရှိကြောင်း မှုခင်း သတင်းများအရ သိ ရသည်။

အသက် ၃၀ ဝန်းကျင်ခန့်ရှိ ဒေါ်သီရီက ‘ကိုယ်အသိုင်းအဝိုင်းထဲ က တော့ မဟုတ်ပါဘူး။ ကိုယ်အသိအ သိုင်းအဝိုင်းထဲက မိန်းကလေးတစ် ယောက်ဆိုရင် ခပ်ချောချောလေး အတူနေကြတယ်။ နောက်ဟိုက အဲလိုလုပ်တာ မိန်းကလေး က စိတ်နာလို့ လမ်းခွဲမယ်လုပ်တော့ စကား များရန်ဖြစ်တာကနေ အသက်ပါ ပါ သွားတယ်။

အမှုဖြစ်တော့ တရားရုံးမှာ အမှု ရင်ဆိုင်တော့ မိဘတွေအတွက် တစ် ရှက်ကနေနှစ်ရှက်ဖြစ်ကတယ်’ဟု ပြောသည်။

ယင်းကဲ့သို့ အိမ်တွင်းအကြမ်း ဖက်မှုဖြစ်စဉ်များသည် နှစ်ဦးနှစ်ဖက် ကြားထဲတွင် စတင်ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များဖြစ်သည့်အတွက် အနီးနားရှိ မိသားစုဝင်များ မသိရှိခြင်းများ ဖြစ်ပြီး ပြဿနာများ ပေါ်ပေါက်မှသာ ဖြေရှင်းဆောင်ရွက်နိုင်သည့် ကိစ္စဖြစ် ကြောင်းဥပဒေပညာအချို့က ဆိုသည်။

၂၀၁၄ ခုနှစ်အတွင်းတွင်လည်း ယင်းကဲ့သို့ နှစ်ဦးနှစ်ဖက်ကြား ဆက် ဆံရေးကို အခြေခံပြီး လူသိရှင်ကြား သာမန်ပြည်သူလူထုအတွင်းသာ မက အနုပညာရှင် အသိုင်းအဝိုင်းများ တွင်လည်း အမျိုးသမီးများ အကြမ်း ဖက်ခံရကာ သေဆုံးမှုများဖြစ်ပွားခဲ့ ခြင်းများရှိသည်။

အမျိုးသမီးများအား အိမ်တွင်းအ ကြမ်းဖက်ခံရမှု ပုံစံအမျိုးမျိုးရှိပြီး အ များစုမှာ အမျိုးသားက အမျိုးသမီး၊ အမျိုးသမီးက အမျိုးသမီးသို့ ကိုယ် ထိလက်ရောက် ရိုက်ပုတ်ကျူးလွန် ခြင်းအပြင်လိင်ပိုင်းဆိုင်ရာ ကျုးလွန် အမြတ်ထုတ်ခြင်းများ၊ လူမှုကွန်ရက် များပေါ်ဝက်ဘ်ဆိုက်များပေါ်တွင်စည်း ရုံးဖျားယောင်းကာ အမြင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် ဆဲဆိုခြင်းများ ကို ကျူးလွန်ခြင်းကို အမျိုးသမီးများ အနေဖြင့် ကြုံတွေနေရကြောင်း သိ ရသည်။

ယင်းကဲ့သို့ ကြုံတွေနေရမှုများ အား သက်ဆိုင်ရာတာဝန်ရှိသူများ အား တိုင်ကြားခြင်း အကြောင်းကြား ခြင်းများပြုလုပ်ပါက အသက်အန္တရာယ် များ ခြိမ်းခြောက်ခံရခြင်းများကိုပါ ရင်ဆိုင်ကြုံတွေခဲ့ရသည့် အခြေအ နေများဖြစ်ပေါ်ခဲ့ပြီး ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ ရဲစခန်းတစ်ခုတွင် အ မျိုးသမီးဖက်မှ အကြမ်းဖက်ခံရမှုအ ပေါ် တိုင်ကြားနေစဉ်အတွင်း အာဏာ ပိုင်များရှေ့မှောက် တွင် အမျိုးသား ဖြစ်သူက တိုင်ကြားသူအမျိုးသမီး ကို ဓားဖြင့်ထိုးသတ်ခဲ့သည်။ ထိုကဲ့ သို့ အသက်အန္တရာယ်ဖြစ်စေသည့် သာဓကများစွာရှိနေပြီး ယခုအခါ တွင် ပွင့်လင်းမြင်သာမှုရှိသည့်အ တွက် တိုင်ကြားမှုများကြောင့် လူသိ များ စိတ်ဝင်စားမှု များလာခြင်းဖြစ် ကြောင်း အမျိုးသမီးအချို့ကပြောသည်။

အိမ်ထောင်ရှင်အမျိုးသမီးတစ် ဦးဖြစ်သူ ဒေါ်ရည်မွန်က ‘အရင်က အမျိုးသမီးတွေ က ငြိမ်ခံနေတာ တိုင် လို့ရတယ်ဆိုတာ မသိခဲ့လို့ဖြစ်တယ်။ အခုတော့ အမျိုးသမီးတွေက ပြောရဲ လာတယ်။ report လုပ်ရဲလာတယ်။ Case တွေက reported ဖြစ်လာတယ်။ အရင်က လူမသိသူမသိ ခံ လိုက်ရတာက အခုတော့ လူပိုပြီးသိလာရတဲ့အတွက် များလာတယ်ထင် ရတာဖြစ်တယ်’ဟု ပြောသည်။

ယင်းကဲ့သို့ အကြမ်းဖက်ခံရမှု များအား အကြမ်းဖက်ခံရသည့် ပြစ်မူ အမျိုးအစားပေါ် မူတည်ပြီး ၎င်းနှင့် သင့်တော်သော ဥပဒေများနှင့် အရေး ယူဆောင်ရွက်ခြင်းများရှိသော် လည်း အမျိုးသမီးများအား ပိုမိုထိ ရောက်သော ကာကွယ်မှုများပေးနိုင် ရေးအတွက် အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကို အမျိုး သမီးအဖွဲ့အစည်းများက အတည်ပြုပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ]ကျွန်မတို့ တိုင်းပြည်မှာ အိမ်တွင်းအကြမ်းဖက် မှု ဥပဒေပြဋ္ဌာန်းထားတာမရှိသေး ဘူး။ ဒါပေမဲ့ အမျိုးသမီးကို ကာ ယိနြေ္ဒဖျက်ဆီးမှု အမျိုးသမီးကို လက် ရောက်စော်ကားမှုဆိုတဲ့ အရေးယူ ဆောင်ရွက်နိုင်တဲ့ ဥပဒေတွေကရှိတယ်။

အိမ်တွင်းအကြမ်းဖက်မှုဥပဒေ ကိုတော့ သီးသန့်မပြဋ္ဌာန်းနိုင်သေး ဘူး။ အဲ့ဒီဥပဒေကို အမျိုးသမီးတွေအ နေနဲ့ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေတာရှိ တယ်။ ဆီဒေါမှာလည်း ပြဋ္ဌာန်းထား တာရှိတယ်။နောက်လူအခွင့်အရေး မှာ လည်း ပြဋ္ဌာန်းထားတာရှိတယ်။ ဒါပေမဲ့ အဲ့ဒါကို ဥပဒေတစ်ခုပေါ်ပေါက် လာဖို့ ကျွန်မတို့ကြိုးစားနေတယ်}ဟု ပြောသည်။

ဥပဒေပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်း ရခြင်းမှာ အမျိုးသမီးများသည် အား နည်းပြီး အမျိုးသားများ၏ လျှပ်တစ် ပြက်တိုက်ခိုက်ခံရမှုကို ကြုံတွေ့နိုင် ရ ခြင်းဖြစ်ပြီး ဖြစ်ပွားပါကလည်း ပြစ် မှုကြောင်းအရတရားစွဲဆို အပြစ်ပေး နိုင်ခြင်း သာရှိကြောင်း အမျိုးသမီး များ အကြမ်းဖက်မှုကာကွယ်ရေး ဥ ပဒေပေါ်ပေါက်ရေးအတွက် လွှတ် တော်တွင်း အမျိုးသမီးအရေးများ များဆွေးနွေးရန် လိုအပ်ကြောင်း ဆက်လက်ပြောသည်။

ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ‘ဒီဟာကို အခု လောလောဆယ်တော့ ပြစ်မှုကြောင်း အရပဲ အရေးယူဆောင်ရွက်နိုင်သေး တယ်။ ဒါဟာလည်း အိမ်တွင်းအကြမ်း ဖက်မှုဥပဒေ မပေါ်ပေါက်သေးလိုဖြစ် တယ်။ အခက်အခဲ ရှိတာမဟုတ်ဘူး။ ဥပဒေကို သေသေချာရေးဆွဲတာ မရှိ သေးဘူး။အမျိုးသမီးအဖွဲ့အစည်း တွေက အမြန်ဆုံးပေါ်ပေါက်ရေးအ တွက် ကြိုးပမ်းနေပါတယ်။ ဒီဥပဒေ ပေါ်ပေါက်ဖို့ဆိုတာ လွှတ်တော်တွင်း မှာ အမျိုးသမီး ကိစ္စများဆွေးနွေးမှပေါ် ပေါက်နိုင်မှာဖြစ်တယ်’ဟု ပြောသည်။

အဆိုပါဥပဒေပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းနေစဉ်အတွင်း အမျိုးသမီး များအား အကြမ်းဖက် ခံပါက လတ် တလောဝန်ဆောင်မှုများဖြစ်သည့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၊ လုံခြုံမှုရှိ စေရန် ဆောင်ရွက်ပေးရန်လိုအပ် သည့်အတွက် အုပ်ထိန်းသူ မိဘများက သိရှိစေရန်နှင့် ကူညီစောင့်ရှောက်မှု ပေးခြင်းများအား အမျိုးသမီး ကွန် ရက်အဖွဲ့အစည်းများက ဆောင်ရွက် လျက်ရှိပြီး အဆိုပါကိစ္စ အားလည်း အုပ်ထိန်းသူမိဘများကသဘောပေါက် နားလည်ရန် လိုအပ်ကြောင်း အမျိုး သမီးအသင်းအဖွဲ့များက ပြောသည်။

ဖန်တီးအိမ် အမျိုးသမီးအဖွဲ့မှ ဒေါ်ရွှေရွှေစိန်လတ်က ‘အခုအကြမ်း ဖက်မူ ကာကွယ်ရေးဥပဒေ ရေးဆွဲနေ တယ်။ အဲ့ဒါကို အမြန်ဆုံးပြဋ္ဌာန်းနိုင် ဖို့ အရေးကြီး တယ်။ အမြန်ဆုံးနဲ့ အ ကောင်းဆုံးပေါ့၊ နိုင်ငံတကာစံနှုန်းနဲ့ အညီ ပြဋ္ဌာန်းနိုင်ဖိုလိုတယ်။ ရှေ့နှစ် ထဲမှာပြဋ္ဌာန်းမယ်လို့တော့ထင်တယ်။ အဲ့ဒီအပြင် လတ်တလောဝန်ဆောင် မှုတွေ လိုအပ်တယ်။ လက်တလော စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေလိုတယ်။လုံခြုံမူတွေ လုပ်ပေးဖို လိုအပ်တယ် ။နောက်အသိပညာပေးတာ လှုံဆော် တာတွေ လုပ်ဖို့ လိုအပ်တယ်’ဟု ပြော သည်။

ယင်းကဲ့သို့ အမျိုးသမီးတစ်ဦး အား အကြမ်းဖက်သည့် ကိစ္စရပ်များ အား အမျိုးသမီး အဖွဲ့အစည်းတစ်ခု တည်း ဆောင်ရွက်ရန်မဟုတ်ဘဲ အမျိုးသမီး များအား အကြမ်းမဖက်လို သည့် အမျိုးသားများကလည်း ဝိုင်း ဝန်း ကူညီဆောင်ရွက်မှသာလျှင် အ မျိုးသမီးများအကြမ်းဖက်ခံရမှုပြဿ နာ များ လျော့နည်းသွားနိုင်ကြောင်း လည်း အမျိုးသား၊ အမျိုးသမီးအဖွဲ့ အစည်း အသီးသီး က ပြောသည်။

နိုင်ငံကျော်အမျိုးသား ဘောလုံး အားကစားသမားတစ်ဦးက "အမျိုး သမီးတွေကို အနိုင်ကျင့်တဲ့ ကိစ္စတွေ က မကောင်းဘူး။ ဘာလိုလဲဆိုရင် ကျွန်တော်တို့တွေက အမျိုးသမီးတွေ ကိုစောင့်ရှောက်ရမှာဖြစ်တယ်။ညှဉ်း ပန်းနှိပ်စက်တာက လူမဆန်ဘူး။ အဲလိုမဟုတ်ဘဲ အကြမ်းဖက်နေရင် တော့ ကောင်းတဲ့ လက္ခဏာ မဟုတ် ဘူး။ ဒီလိုမျိုး ကိုယ်ရှေ့မှာအမျိုးသမီး တစ်ယောက်ကို အမျိုးသား တစ်ယောက် က အနိုင်ကျင့်တာမြင်ရင် အရင်ဆုံး အမျိုးသမီးထိခိုက်မခံရအောင် ကာ ကွယ်ပေး၊ ပြီးရင်သူတို့ဘာကြောင့် ဖြစ်လဲဆိုတာကို အဖြစ်မှန်မေးပြီး ဘေး ကနေ ဝိုင်းဖြေရှင်းပေးရမှာ ဖြစ် တယ်" ဟု သုံးသပ်သည်။

စိတ်ပညာရှင်များကတော့ ယခု ကဲ့သို့ အမျိုးသမီးများအပေါ် ကိုယ် ထိ လက်ရောက်ကျူးလွန်သော အ မျိုးသားများသည် စိတ်ပိုင်းဆိုင်ရာ အရ အားနည်းချက် ရှိသောသူများဖြစ် ကြောင်း သုံးသပ်ထားသည်။ ထို့ပြင် ပညာ တတ်ပေါများပြီး ယဉ်ကျေးသော လူအဖွဲ့အစည်းများတွင် ယခုကဲ့သို့ ကိုယ်ထိ လက်ရောက်တုံ့ပြန်မှု နည်း ပါးပြီး ပြဿနာရှာခြင်းအစား အဖြေ ရှာခြင်းကို လုပ်ဆောင်ကြကြောင်း ၎င်းတို့ကဆိုသည်။

ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦး ဖြစ်သည့် မဝင့်ကလျာကတော့ ‘ဒီလိုမျိုး အကြမ်းဖက်ခံရမှုတွေ ဖြစ်မ လာအောင်လို့ အမျိုးသမီးတွေ စာ ဖတ်ဖို့ လိုတယ်’ ဟု သုံးသပ်သည်။ ထို ကဲ့သို စာဖတ်မှသာလျှင် အမျိုးသားက အကြမ်းဖက် လာပါက မည်ကဲ့သို့ ဖြေရှင်းသင့်ကြောင်း၊ မည်ကဲ့သို့တိုင် ကြားသင့်ကြောင်း သိရှိမည်ဟု ၎င်း ကဆိုသည်။ ထို့ပြင် လူမှုအဖွဲ့အစည်း များအနေဖြင့်လည်း အမျိုးသမီးများ ကို အကာကွယ်ပေးသင့်ပြီး အိမ် တွင်းကြမ်းဖက်မှုကာကွယ်ရေး ဥပဒေ ကိုလည်း အမြန်ဆုံးပြဋ္ဌာန်းသင့် ကြောင်း ဆက်လက်ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာ ရိုးရာ စကားပုံများဖြစ်သည့် "လင်နဲ့ မယား၊ လျှာနဲ့သွား" ဆိုသကဲ့သို့ မ ကြာခဏ ကိုက်မိနိုင်ခြေရှိသော်လည်း မကိုက် မိအောင် ကာကွယ်ရန်လိုအပ် သကဲ့သို့ ကိုက်မိပါကလည်း သွေး ထွက်သံယို မဖြစ်စေရန် သွားဖြစ်သည့် အမျိုးသားများဘက်က သတိထား ရန် လိုအပ်ကြောင်း လျှာဖြစ်သည့် အမျိုးသမီးများဘက်ကလည်း အ ကိုက်မခံရစေ ရန် ရှောင်တိမ်းနိုင်ရန် လိုအပ်ကြောင်း ဥပဒေပညာရှင်အ ချို့က သုံးသပ်ပြောသည်။

မမီမီကတော့ ‘သူနဲ့ညားတာသား တစ်ယောက်ရထားပြီဖြစ်တယ်။ လမ်းခွဲ ဖို့တော့ မသင့်တော့ပါဘူး။ ဒါပေမဲ့ သူ့ကို အရင်အရက်ဆက်မသောက် ဖို့ တိုက်တွန်းကြည့်မယ်။ဘာလို့ဆိုရင် သူအရက်သောက်ပြီး မူးပြီးသွေးဆိုး လာရင် ဒီလိုခဏခဏ လုပ်လို့ဖြစ် တယ်။မဟုတ်ဘဲသူဒီလိုဆက်လုပ်နေ ရင် ကိုယ့်အသက်အန္တရာယ်ကာကွယ် ဖို့တစ်ခုခုလုပ်ရမှာဖြစ်တယ်’ ဟုပြောသည်။

|| သတင်းဆောင်းပါး - စိုင်းဟန် ||
The Ladies News Journal

အင်းစိန်မြို့နယ် ဖော့ကန်ဈေး အနီးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် အသက် အရွယ် အားဖြင့် ၂၅ နှစ်ခန့် မမီမီ(အမည်လွဲ)သည် စက္ကူတစ်ရှူး စဖြင့် ကျလက်စ မျက်ရည်ကိုသုတ်ကာ စကားပြောလျက်ရှိသည်။

သူမပြောပြသည်ကို နားထောင် နေသူများကတော့ သူမ၏သူငယ်ချင်း များဖြစ်ပြီး မမီမီပြောပြသည့် အ ကြောင်းအရာကတော့ သူမနှင့် သူမ အမျိုးသား အကြားဖြစ်ပွားခဲ့သည့် စ ကားများရန်ဖြစ်မှု အကြောင်းကို ပြောလျက်ရှိသည်။

၁၄ နှစ်အရွယ် မြန်မာ မိန်းကလေးအား မုဒိမ်းကျင့်ခဲ့သည် မြန်မာ လင်မယားအား ထိုင်းတရားရုံး စီရင်ချက်ချ

Photo: ၁၄ နှစ်အရွယ် မြန်မာ မိန်းကလေးအား မုဒိမ်းကျင့်ခဲ့သည် မြန်မာ
 လင်မယားအား ထိုင်းတရားရုံး စီရင်ချက်ချ 
-----------------------------------------------------------------
>>

ထိုင်းနိုင်ငံ၊ ခေါင်လက်ဒေသတွင် အသက် ၁၄ နှစ်အရွယ် မြန်မာ မိန်းကလေး အား အဓမ္မပြုကျင့်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း ၀န်ခံထားသည့် တရားခံ မြန်မာနိုင်ငံသား ကိုနိုင် အား ထောင်ဒဏ် ၈ နှစ် ချမှတ် ခဲ့သည် ။ ပြစ်မှုကျူး လွန်ရာတွင် ကူညီပေးခဲ့သည့် တရားခံ၏ ဇနီးဖြစ်သူ မရီ ကိုလည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ကိုနိုင်နှင့် မရီဟု ရဲတပ်ဖွဲ့က ဖော်ပြသည့် တရားခံ ၂ ဦးအား အပြစ်ရှိကြောင်း ဖန်ငါရှိ တာကူပါ စီရင်စု တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ခူခက်ရဲစခန်းမှ အရာရှိ ပလီတာ ကန်ဆင်း က အတည်ပြုခဲ့သည်။

မရီသည် အဓမ္မပြုကျင့်မှုကို အားပေးကူညီမှုဖြင့် ထိုင်းရာဇ၀တ်မှုဥပဒေပုဒ်မ ၂၇၇ အရ အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟု အရာရှိ ပလီတာက ဖူးခတ်ဂေဇတ် သတင်းဌာနသို့ ပြောကြားသည်။ “မရီက စွဲဆိုမှုကို ငြင်းဆိုခဲ့တဲ့အတွက် သီးခြား စစ်ဆေးခဲ့ရပါတယ်” ဟု အရာရှိကဆိုသည်။ ကိုနိုင်က မိန်းကလေးငယ်နှင့် မိသားစုအား လျော်ကြေးပေးကာ အမှုမှလွတ်မြောက်ရန် ကြိုးစားခဲ့သည်။ သို့သော် မိန်းကလေးက အဓမ္မပြုကျင့်မှုမှာ ခွင့်လွှတ်ျနိုင်စရာမရှိဟုဆိုကာ တရားစွဲဆိုခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ် ၂၂ တွင် ဖြစ်ပွားခဲ့သည့် အဓမ္မမှုအတွက် ကိုနိုင်က ၀န်ခံ ခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ တရားလို မိန်းကလေး၏ အဆိုအရ ကိုနိုင်နှင့် ဇနီး တို့သည် သူမအား ၎င်းတို့အားလုံး အလုပ်လုပ်ရာနှင့် နေထိုင်ရာ ဆောက် လုပ်ရေး လုပ်ငန်းခွင် အနီးရှိ ဈေးတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆို သည်။ ဈေးမှ အပြန်တွင် မိန်းကလေးအား ကိုနိုင် က အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

မိန်းကလေး က “ဈေးကပြန်လာချိန်မှာ သူ့မိန်းမက အိမ်သာဝင်ချင်တယ်ဆိုပြီး ဘယ်သူမှမရှိတဲ့ အဆောက်အအုံဟောင်းတစ်ခုထဲကို ၀င်သွားပါတယ်။ ခနနေတော့ ကိုနိုင်က ကျွန်မကို သူ့မိန်းမအနောက်လိုက်ခိုင်းပါတယ်။ ကျွန်မ က ငြင်းတော့ အဲသည်အိမ်အိုထဲကို အတင်းဆွဲခေါ်ပြီး အဓမ္မကျင့်ဖို့ ကြိုးစား ပါတယ်။ သူ့မိန်းမက ကျွန်မကို ကူချုပ်ထားပေးပြီး အဓမ္မကျင့်ခဲ့ပါတယ်။ ကျွန်မ က လွှတ်အောင်ရုန်းကန်ရင်း မျက်နှာမှာ ဒဏ်ရာရခဲ့ပါတယ်”ဟု ရဲတပ်ဖွဲ့ အား ပြောကြား ခဲ့သည်။

မုဒိမ်းမှု ဖြစ်ပွားပြီး နောက်တစ်နေ့တွင် ကိုနိုင်၏ ဇနီးက မိန်းကလေးအား မိုဘိုင်းလ်ဖုန်း အသစ်တစ်လုံးနှင့် ဘတ် ၅၀၀၀ ပေးခဲ့ပြီး အဖြစ်အပျက် အား မည်သူ့ကိုမျှ ပြန်မပြောရန် ပြောခဲ့သည် ဟု ရဲအရာရှိ ပါလီတာက ပြောကြား ခဲ့သည်။ မိန်းကလေး၏ မိသားစုက FED နှင့် ဦးစွာတိုင်ပင်ပြီးမှ ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ရာ တရားစွဲဆို ခြင်းမပြုရန်အတွက် ကိုနိုင်က လျော်ကြေး ထိုင်းဘတ်ငွေ ကိုးသောင်း ပေးရန် သဘောတူပြီး အဆိုပါ လျော်ကြေးငွေကို မိန်းကလေး၏ ဖခင်က လက်ခံလိုသော်လည်း မိန်းကလေးက သဘောမတူခဲ့ပေ။

အမှုဖြစ်ပွားပြီးချိန်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား ဖန်ဝါရှိ ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက စောင့်ရှောက်ထားခဲ့သည်။ ယခုအခါ မိန်းကလေးမှာ မိဘများထံ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

KHTun
Ref - Phuket Gazzette
The Ladies
ထိုင်းနိုင်ငံ၊ ခေါင်လက်ဒေသတွင် အသက် ၁၄ နှစ်အရွယ် မြန်မာ မိန်းကလေး အား အဓမ္မပြုကျင့်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း ၀န်ခံထားသည့် တရားခံ မြန်မာနိုင်ငံသား ကိုနိုင် အား ထောင်ဒဏ် ၈ နှစ် ချမှတ် ခဲ့သည် ။ ပြစ်မှုကျူး လွန်ရာတွင် ကူညီပေးခဲ့သည့် တရားခံ၏ ဇနီးဖြစ်သူ မရီ ကိုလည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ကိုနိုင်နှင့် မရီဟု ရဲတပ်ဖွဲ့က ဖော်ပြသည့် တရားခံ ၂ ဦးအား အပြစ်ရှိကြောင်း ဖန်ငါရှိ တာကူပါ စီရင်စု တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ခူခက်ရဲစခန်းမှ အရာရှိ ပလီတာ ကန်ဆင်း က အတည်ပြုခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆို

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မှ ကိုယ်စားလှယ်များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည် ဖော်နိုင်ရေး တောင်းဆိုခဲ့သည်ဟု သတင်းရရှိသည်။

ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ခန်းမတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ စစ်တပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံ ခဲ့ကြခြင်းဖြစ်သည်။

အမျိုးသမီး ဗိုလ်လောင်းများ ဒုတိယအကြိမ်ခေါ်ယူ

Photo: အမျိုးသမီး ဗိုလ်လောင်းများ ဒုတိယအကြိမ်ခေါ်ယူ

ဇန်န၀ါရီလ ၆ ရက်၊ ၂၀၁၅

တပ်မတော်က အမျိုး သမီးဗိုလ်လောင်းများကို ဒုတိယ အကြိမ် ခေါ်ယူရာတွင် ပါရဂူနှင့် မဟာဘွဲ့ရအိမ်ထောင်မရှိသူများ ကို ဦးစားပေးရွေးချယ်ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ သတင်းရရှိသည်။

နှစ်ပေါင်း ၆၀အတွင်း တပ်မ တော်က ပထမဆုံးအကြိမ်အဖြစ် အရပ်သားအမျိုးသမီးဘွဲ့ရများ ကို ၂၀၁၃ ဒီဇင်ဘာတွင်ခေါ်ယူခဲ့ သည်။

‘‘ဇန်န၀ါရီ ၃ ရက်မှ ဖေဖော် ၀ါရီ ၃ ရက်အထိ တစ်လအတွင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် တွေမှာ လျှောက်လွှာ လာ ရောက်ထုတ်ယူနိုင်ပါတယ်။ ဖောင်ဖြည့်ပြီးရင် ဖေဖော်ဝါရီ ၃ ရက် ထက် နောက်မကျဘဲ ပြန်ပို့ပေးရ မှာ ဖြစ်ပါတယ်။ အခုတစ်ခေါက် ခေါ်တဲ့ ဘွဲ့တွေက အမျိုးအစား ၄၂ မျိုးသတ်မှတ်ထားပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးစစ်ဌာန ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဗိုလ်သင်တန်းတက်ရောက် ရန် လျှောက်ထားသူ အမျိုးသမီး များသည် ရိုးရိုးဘွဲ့ရဖြစ်ပါက အ သက် (၂၅) နှစ်၊ မဟာဘွဲ့ရဖြစ်ပါက အသက် (၂၇) နှစ်နှင့် ပါရဂူဘွဲ့ရဖြစ်ပါက အသက် (၃၀) ထက်မ ကျော်ရဟု သတ်မှတ်ထားကြောင်း၎င်းက ပြောသည်။

‘‘ဒီနှစ်လည်း ပါရဂူနဲ့ မဟာ ဘွဲ့တွေကို ဦးစားပေးခေါ်ဖို့ ရှိပါ တယ်။ ဘွဲ့ကတော့ ၄၂ မျိုး သတ် မှတ်ထားတယ်ဆိုတော့ ဘွဲ့အမျိုး အစားအစုံပဲ ဖြစ်ပါတယ်’’ဟု ၎င်း က ပြောသည်။

ပြီးခဲ့သည့်နှစ်က မြန်မာတစ် နိုင်ငံလုံးမှ လျှောက်ထားသူ ဘွဲ့ရ အမျိုးသမီး ၃,၀၀၀ ကျော်အနက် ၁၀၀ ဦးအား ဗိုလ်သင်တန်းတက် ရောက်ရန် ရွေးချယ်ခဲ့ပြီးနောက် ၂၀၁၄ ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း မှော်ဘီရှိ အမျိုးသမီးဗိုလ်သင်တန်းကျောင်းတွင် ခြောက်လကြာ စစ်သင်တန်းပေးခဲ့သည်။

တပ်မတော်သမိုင်းတွင် ပထမဆုံးအမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်း ၁၀၀ ဦးအား တပ်မတော်ကြည်း၊ ရေ၊ လေတပ်ဖွဲ့အားလုံး၌ ပြန်တမ်းဝင်အရာရှိအဖြစ် သြဂုတ် ၂၇ ရက်မှစ၍ ခန့်အပ်ခဲ့ပြီး တပ်မတော်ကြည်းတွင် ၉၂ ဦး၊ တပ်မတော်ရေတွင် ငါးဦးနှင့် တပ်မတော်လေတွင် သုံးဦးခန့်အပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က အဝေးသင် ဘွဲ့ရများကို လျှောက်ထားခွင့်ပြု ခဲ့သော်လည်း နောက်ပိုင်းတွင် ဗိုလ်လောင်းလျှောက်ထားသူအ မျိုးသမီးများပြားသည့်အတွက် အ ဝေးသင်ဘွဲ့များကို လျှောက်လွှာ ထုတ်ပေးခြင်းရပ်ဆိုင်းခဲ့သည်။ ယခင်နှစ်က ခေါ်ယူထားသူများမှာပါရဂူဘွဲ့၊ မဟာဘွဲ့နှင့် နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ကျောင်းပြီး သူ အများစုဖြစ်ကြောင်း ဗိုလ်ရွေးအဖွဲ့မှ သတင်းရရှိသည်။

ဗိုလ်ရှုခံအခမ်းအနားတွင် တက်ရောက်ချီတက်နေသော အမျိုးသမီးဗိုလ်လောင်းများ -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily
တပ်မတော်က အမျိုး သမီးဗိုလ်လောင်းများကို ဒုတိယ အကြိမ် ခေါ်ယူရာတွင် ပါရဂူနှင့် မဟာဘွဲ့ရအိမ်ထောင်မရှိသူများ ကို ဦးစားပေးရွေးချယ်ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ သတင်းရရှိသည်။

နှစ်ပေါင်း ၆၀အတွင်း တပ်မ တော်က ပထမဆုံးအကြိမ်အဖြစ် အရပ်သားအမျိုးသမီးဘွဲ့ရများ ကို ၂၀၁၃ ဒီဇင်ဘာတွင်ခေါ်ယူခဲ့ သည်။

ကချင်ပြည်နယ် အတွင်း တရားမ၀င် သစ်တင်ယာဉ်များ၊ သစ်များနှင့် လူများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး ဒေသအတွင်း နိုင်ငံတော်၏ သယံဇာတများဖြစ်သည့် အဖိုးတန် သစ်များအား တရားမ၀င် ခုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ ကိုယ်ကျိုးစီးပွား အတွက် သယ်ဆောင် ရောင်းချရန် သစ်တင်ယာဉ်များ စုစည်းပြင်ဆင် ထားရှိမှုအား လေကြောင်း ကင်းထောက်မှု အရ သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက ဇန်န၀ါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့သည်။

လက်ပံတောင်းစီမံကိန်းပျက်သုဉ်းရေး လူတစ်စုက စနစ်တကျ ဆောင်ရွက်နေကြောင်း အစိုးရသတင်းထုတ်ပြန်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေသော လူနည်းစုက ပြင်ပအဖွဲ့အစည်းများအကူ အညီဖြင့် လှုံ့ဆော်မှုများစနစ်တ ကျပြုလုပ်နေသောကြောင့် အမြဲ တစေပြဿနာတစ်ခုမဟုတ် တစ် ခုဖြစ်အောင် ဖန်တီးနှောင့်ယှက် နေကြောင်း လက်ပံတောင်း တောင်ကြေးနီစီမံကိန်း စုံစမ်းစစ် ဆေးရေးအစီရင်ခံစာအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက် နေသည့် ကော်မတီက ဇန်န၀ါရီ ၅ ရက်တွင် ထုတ်ပြန်သည်။

ဝိုင်းမော်တွင် သစ်ခိုးထုတ်နေသည့် နိုင်ငံခြားသား တစ်ရာကျော်နှင့် အပေါင်းအပါများ ဖမ်းမိ

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ ခြားသား ၁၀၀ ကျော်အပါအ၀င် သစ်ခိုးထုတ်နေသူများ၊ ရာနှင့်ချီ သော သစ်တင်ယာဉ်များအား တပ်မတော် စစ်ကြောင်းက ဇန်န၀ါ ရီ ၂ ရက်မှ ၄ ရက်အတွင်း ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း တပ်မတော် ကျောထောက်နောက်ခံပေးထားသည့် မြ၀တီ သတင်းဌာနမှ တစ်ဆင့်ဇန်န၀ါရီ ၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်ပြည်နယ်၊ ၀ိုင်းမော် မြို့နယ်၊ ၀ါရှောင်၊ မံဝိန်း၊ ဆီနီ ကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသအတွင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စစ်ဆင်ရေး အတွင်း သစ်တင်ယာဉ် ၄၃၆ စီး(သစ်ပါရှိသည့်ယာဉ် ၁၄ စီး)အပါအ၀င် သစ်ထုတ်ရာတွင် အသုံးပြုသည့်ယာဉ် ၄၅၅ စီး၊ နိုင်ငံခြားသား ၁၀၂ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ဦးကို ဖမ်းဆီး ထိန်းသိမ်း လိုက်ခြင်းဖြစ်ကြောင်း မြ၀တီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့နှင့်အတူ မူးယစ်ဆေးဝါးများလည်း ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

မြန်မာနိုင်ငံတွင် နိုင်ငံ သားအဖြစ် သတ်မှတ်ပေးရန် မည်သူကမျှ မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။

အီးယူနိုင်ငံများက တင်သွင်း သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် ကို ကုလသမဂ္ဂအထွေထွေညီလာ ခံ မျက်နှာစုံညီအစည်းအဝေးတွင် ဒီဇင်ဘာ ၂၉ ရက်က ချမှတ်ခဲ့ရာ လူနည်းစုများကို နိုင်ငံသားဖြစ် ခွင့်ပေးရန်၊ ရိုဟင်ဂျာအမည်များ ကို သုံးစွဲခွင့်ပြုရန်နှင့် ၎င်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်တို့ ပါဝင်ခဲ့သည်။

ကုလက ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည်ဟု ဆုံးဖြတ်ချက်အပေါ် ရခိုင်အမျိုးသားပါတီ ပြင်းပြင်းထန်ထန်ကန့်ကွက်မည်

ကုလသမဂ္ဂအထွေထွေ ညီလာခံက ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု ရမည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းအပေါ် လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက သဘောထားထုတ်ပြန်ကြေညာသည်။

ဒီဇင်ဘာ ၂၉ ရက်ကပြုလုပ်ခဲ့သော (၆၉)ကြိမ်မြောက်ကုလအထွေထွေညီလာခံတွင် ရိုဟင်ဂျာဆိုသူများကို

အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ်ကျင့်သုံးခြင်း အခြေခံဥပဒေနှင့် ညီ၊ မညီ စိစစ်ဆဲ


အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် ပီအာရ်စနစ်ကျင့်သုံးခြင်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ အခြေခံဥပဒေခုံရုံးက စစ်ဆေးဆဲအဆင့်သာရှိသေးကြောင်း သတင်းရရှိသည်။
အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲတွင် ပီအာရ်စနစ် ကျင့်သုံးခြင်းသည် အခြေခံဥပဒေ နှင့် ညီ၊ မညီဆုံးဖြတ်ပေးရန် ခုံရုံး သို့ အမျိုးသားဒီိမိုကရေစီအဖွဲ့ ချုပ်ပါတီနှင့် တိုင်းရင်းသားပါတီ များမှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ၂၆ ဦးက လက်မှတ် ရေးထိုး၍ လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့်ခုံရုံးသို့ ဒီဇင်ဘာလဆန်း ကပင် ပေးပို့ထားခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် တရားမဝင် သစ်ခိုးထုတ်နေသော နိုင်ငံခြားသား တစ်ရာကျော် ဖမ်းဆီးရမိ

ကချင်ပြည်နယ်တွင် တပ်မတော်လေမှ လေကြောင်း ကင်းထောက်မှုများအရ တရားမဝင် သစ်ခိုးထုတ်နေသော တစ်ဖက်နိုင်ငံသား ၁၀၂ ဦးကို လေကြောင်း ကင်းထောက်မှုအရ တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေ ရှင်းလင်းဆောင်ရွက် ဖမ်းဆီးမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။