မလေးရှားလေကြောင်းလိုင်းက ပျောက်ဆုံးနေတဲ့ြံ ၃၇ဝ လေ ယာဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တွေကို ဗုံးများတင် ဆောင်ထားတဲ့ ခရီးသည်တင်လေယာဉ်နဲ့ အကြီးစားအကြမ်းဖက် တိုက် ခိုက်မှုအစီအစဉ်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက ယုံကြည်နေကြပါတယ်။
The Enquirer က ရေးသားဖော်ပြရာမှာတော့ ထောက်လှမ်း ရေးထိပ်တန်းအရာရှိတွေက ၉/၁၁ ဝေါထရိတ်စင်တာ အကြမ်းဖက်တိုက် ခိုက်မှုမျိုး ထပ်မံလုပ်ဆောင်ဖို့အတွက် MH 370 ကို အယ်လ်ခိုင်ဒါဆက် စပ်အဖွဲ့အစည်းတွေက အစဖျောက်ခဲ့ခြင်းဖြစ်တယ်လို့ ယုံကြည်နေချိန်မှာ

![အမျိုးသားပညာရေးဥပဒေကြမ်းကိုကန့်ကွက်ထားပြီး လိုအပ်ပါက ဒဂုံတက္ကသိုလ် ဆရာ၊ဆရာမများသမဂ္ဂကဆန္ဒပြမည်
***********************************************
Flower News Journal အတွဲ (၁၀) အမှတ် (၁၄)
ချစ်ချစ် ၊ ရန်ကုန်၊ မတ် ၂၈
အမျိုးသားပညာရေးဥပ ဒေကြမ်းကို NNER က ကန့်ကွက်ကြောင်း ကြေညာထားပြီး လိုအပ်ပါက ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂအသင်းက ဆန္ဒ ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးကဏ္ဍကိုအစိုးရ၏ဗဟိုချုပ်ကိုင်မှုအောက်တွင် ထားရှိခြင်း၊ အ မျိုးသားပညာရေးကောင်စီ ဖွဲ့စည်းရာတွင် အစိုးရ၏ အမှုထမ်းများနှင့်ဖွဲ့စည်းထားခြင်း၊ တိုင်းရင်းသားများ လိုလားသည့် မိခင်ဘာ သာစကားကိုအခြေခံသော ဘာသာစကား သုံးခုကို ငြင်းပယ်ခြင်းအပါအဝင် အချက် ၁၃ ချက်အား ကန့်ကွက်ခဲ့သည်။
''NNER ကို ဘယ်ပါတီမှ မပိုင် ပါဘူး။ ပြည်သူလူထုကပဲ ပိုင်တာပါ။ နောက် မဆုတ်ဘဲ ဆက်သွားမယ်။ ပြည်သူလူထုကို ပါဝင်လာအောင် ကြိုးစားမယ်။ ဆန္ဒပြမှ ထိ ရောက်မယ်ဆိုရင် ဆရာတို့ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂအနေနဲ့ ကန့်ကွက် ဆန္ဒပြတဲ့အထိ လုပ်သွားမှာပါ''ဟု သမဂ္ဂ ဥက္ကဋ္ဌဆရာအာကာမိုးသူက ဖလားဝါးနယူးစ် ဂျာနယ်သို့ ပြောသည်။
အဆိုပါ ဥပဒေမူကြမ်းကို ပြည် သူ့လွှတ်တော်တွင် မတ်လ ၂၁ ရက်က အ တည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ဆက် လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးမြှင့်တင်မှုကော်မတီ၊ အတွင်းရေး မှူး ဒေါက်တာမြဦးက ''အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ကန့်ကွက်တယ်ဆိုတာ မ သိသေးဘူး။ အခုမှ မူကြမ်းပဲရှိသေးတာ။ အမျိုးသားလွှတ်တော်မှာ ဆက်ဆွေးနွေးဖို့ ကျန်သေးတယ်''ဟု ဖုန်းဖြင့် ဆက်သွယ်မေး မြန်းမှုကို ဖြေကြားသည်။
ချင်းတိုင်းရင်းသား ဆလိုင်းဂျင် မီရီဇာသွေးက ''တိုင်းရင်းသားများ၏ ဘာသာ စကားနှင့် သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့် ကိုထိန်းချုပ်တာဟာ တိုင်းရင်းသားများနဲ့ ယုံကြည်မူပျက်ပြားပြီး ပြည်တွင်းငြိမ်းချမ်း ရေးတည်ဆောက်မှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေပါတယ်။ တိုင်း ရင်းသားစာပေ၊ ဘာသာစကား ယဉ်ကျေး မှု ထုံးတမ်းစဉ်လာကို ပညာရေးဥပဒေက အာမခံချက်ပေးဖို့လိုတယ်''ဟု ပြောသည်။
NNER ကွန်ရက်တွင် တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ကျောင်းသားများသမဂ္ဂ၊ တက္ကသိုလ်ဆရာ များသမဂ္ဂ၊ လူငယ်များသမဂ္ဂ၊ Mustard Seed Myanmar အဖွဲ့အစည်းများ၊ NLD ပညာရေးကွန်ရက်၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းတို့အပါအဝင်သမဂ္ဂပေါင်း ၆ဝကျော်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
_____________________________________________________
LIKE (y) | SHARE ✓ | LOVE <3
**********************************************
[ The Flower News Journal | The Yangon Times Journal ]
| Yangon Media Group | www.yangonmedia.com |
**********************************************](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-prn2/t1.0-9/s552x414/10155041_748366201848969_186126715_n.jpg)










