လန်ဒန်ဆရာတော် ဦးဥတ္တရက မတရားဖမ်းဆီးချုပ်နှောင်မှုနှင့်
၂၀၁၄ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ လန်ဒန်ဆရာတော်က ပထမဆုံးအကြိမ် တရားစွဲဆိုခဲ့သော်လည်း လက်မခံသောကြောင့် ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ဆက်လက်တရားစွဲဆိုခဲ့ရာ တာမွေတရားရုံးမှလည်း လက်မခံခဲ့ကြောင်း သိရသည်။ “ဒီမြို့နယ်တွေက ဘုန်းကြီးရဲ့ တရားစွဲဆိုတာကို လက်မခံရင် လက်ခံတဲ့တရားရုံးတွေမှာ တရားစွဲဦးမှာပဲ။ နောက်ဆုံးဘုန်းကြီးက International Right ရှိတယ်။ ဗြိတိန်နိုင်ငံ သားဖြစ်တဲ့အတွက် ဒီနိုင်ငံမှာ လက်မခံရင် ဗြိတိန်နိုင်ငံမှာ ပြန်ပြီးတရားစွဲဦးမှာပဲ။ လက်မခံဘူးဆိုတာက မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာ ပေါ်လွင်နေတာပဲ” ဟု ဦးဥတ္တရက မရမ်းကုန်းတရားရုံး၌ တရားစွဲခြင်းအပြီးတွင် မိန့်ကြားသည်။