Saturday, September 29, 2012

မြောက်ကိုရီယားနဲ့ မြန်မာ ဆက်ဆံရေးအဆုံးသတ်ရန် ကန် အားထုတ်မှု ကန့်ကွက်ခံရ

ကွန်မြူနစ် မြောက်ကိုရီယားနိုင်ငံက အရှေ့တောင် အာရှ နိုင်ငံ တနိုင်ငံဖြစ် တဲ့ မြန်မာနဲ့ ဆက်ဆံရေးကို အဆုံးသတ်ရေး အမေရိကန် က မြန်မာ ကို တောင်းဆိုမှုကို ယမန်နေ့ သောကြာနေ့က ကန့်ကွက် လိုက်ပါ တယ်။ “စစ်ရေး ဆက်ဆံမှုနဲ့ပတ်သက်ပြီး ပထမဆုံး သံသယဖြစ် တယ်ပြော ပြီးတော့ အမေရိကန်ဟာ အခုဆိုရင် ကျနော်တို့နဲ့ မြန်မာနဲ့ ဆက်ဆံရေးကို မိစ္ဆာမိတ်ဆွေတွေအဖြစ် တံဆိပ်ကပ်ပြီး အဆုံး သတ်ဖို့ မြန်မာကို လူသိရှင်ကြား ဖိအားပေးလာခဲ့ ပါတယ်” လို့ မြောက်ကိုရီယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောရေးဆိုခွင့် ရှိသူက ပြောခဲ့တာကို နိုင်ငံပိုင် ဗဟို သတင်း အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

တက်စာကြိုက်တတ်သူတို့အတွက် သဘာဝဖြေဆေး




            သဘာဝဖြေဆေး ရှောက်ဘီလူး
 
   ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မ သွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ် တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။

မျက်နှာ အဆိပ်ထုတ်နည်း

အလှအပ ဆိုတာ  သဘာဝက ပေးတဲ့၊ ဘုရားပေးတဲ့ ဆုတစ်ခုပါပဲ။ ကိုယ့်ရဲ့နဂိုရှိပြီးသား  အလှကိုမှ ထပ်မံ  ခြယ်သ ပြုပြင်ပြီး လှသထက်လှဖို့ ကြိုးစားနေတဲ့ ပျိုမေတွေ အနေနဲ့ အလှကို ထိန်းသိမ်းတတ်ဖို့လည်း လိုပါတယ်။
နည်းပညာတွေ မျိုးစုံရှိတဲ့ ခေတ်ကြီးမှာ အလှပြုပြင်ရေး ဆိုင်ရာ ပစ္စည်း တွေကလည်း ရေတွက်လို့ မရနိုင်အောင်ပါဘဲ။ဒါကိုကြည့်ရင် ကမ္ဘာ မှာ အလှဆင်ကြတဲ့သူတွေ ဘယ်လောက်များလိုက်သလဲဆိုတာ အသိသာကြီးပါ။

ချူလာလောင်ကွန်တက္ကသိုလ်မှာ မြန်မာ့အရေး ဘာတွေ ဆွေးနွေး

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်လာ ချိန်မှာ မြန်မာ့ အရေးဟာ အိမ်နီးချင်းနိုင်ငံများ အတွက်ရော၊ နိုင်ငံတကာ အတွက် ပါ စိတ်ဝင်စားစရာဖြစ်နေ တဲ့အတွက် မကြာခဏ မြန်မာ့ အရေး ဆွေးနွေး ပွဲတွေ လုပ်လာတာ ခပ်စိပ်စိပ် ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်မှာ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က Burma /Myanmar’s Transition: Political Progress and Economic Reforms ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့ အရေး ဆွေးနွေးပွဲ တရပ် ကို အပိုင်း ၂ ပိုင်း ခွဲကာ စတင်ခဲ့ပါတယ်။ 

ပဲခူးတိုင်းတွင်း မြေသိမ်းခံ လယ်သမားများအရေး NGO နှင့် အစိုးရ ဆောက်ရွက်

ပဲခူးတိုင်း အတွင်းလယ်ယာမြေနှင့် တခြားမြေများ
သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်
 ဒေသခံ လယ်သမားများ ပန်းတောင်းမြို့နယ် 
ဘူးဘတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင်
 တွေ့ဆုံ ဆွေးနွေးစဉ်
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် မကွေးတိုင်း ကံမမြို့နယ် အတွင်းရှိ လယ်သမားများကို NGO တခုက လယ်ယာ ကဏ္ဍနှင့် ကျေးလက်ဖွံ့ဖြိုးရေး ၅ ရက်သင်တန်း စက်တင်ဘာ ၂၇ ရက်နေ့မှ စတင်ပေးနေကြောင်း သတင်းရရှိသည်။

နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည်

ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည်မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။ "ဂျပန်ကမီးစက်၁၃လုံးပေးသွားမယ်လို့သဘောတူထားပြီးဖြစ်တယ်။မီးစက်တလုံးကိုလျှပ်စစ်ဗို့အား၄၀၀ထွက်ရှိ နိင်၍ပြည်တွင်းတွင် အသုံးပြုနေသော ထရန်စဖော်မာ တစ်လုံး၏လျှပ်စစ်ထွက်ရှိမှု ထက်၂ဆနီးပါးပို ထွက်မည်ဖြ စ်ကြောင်း၊မီးစက်တလုံး၏တန်ဖိုးမှာ ကန်ဒေါ်လာ၁၀သန်းခန့်ရှိကြောင်း၊နွေရာသီ ရန်ကုန်မြို့လျှပ်စစ်မီး မပျက်စေရေး အတွက်ဂျပန်နိင်ငံမှကူညီမည်ဖြစ်၍အဆိုပါမီးစက်များကို ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းလျှပ်စစ်ဝန်ကြီးဌာနမှဦးဆောင်ညွှန်ကြားရေးမှူးဦးမြင့်အောင် ကပြောသည်။မီးစက် များကို လှော်ကား၊သာကေတ၊အင်းစိန်၊ရွာမနှင့် အလုံစသည့် သဘာဝဓါတ်ငွေ့စက်ရုံများတွင် ထားရှိသွားမည်ဟု သိရသည်။ 

From- Popular Myanmar News Journal

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်


ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသော မြန်မာနိုင်ငံတွင်
 ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်ငန်း)များ တရားဝင် လုပ်ကိုင်ခွင့် ရရန် လွှတ်တော် အမတ်များထံတင်ပြ တောင်းဆိုသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည့်တန်ဆာများ  ကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။“လူတွေ လက်ခံလာမှ ကျွန်မတို့က တောင်းဆိုရ အဆင်ပြေမယ်လေ ။ မြန်မာ့ ယဉ်ကျေးမှု အရ မပေးမှာတော့ စိုးရိမ် တယ်” ဟု ၎င်းကရှင်းပြသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို  ရပ်ဆိုင်းရန် အစီအစဉ် မရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းနှင့်ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီး တန်းအရာရှိ ဦးဝင်းကြည်ကပြောသည်။

ထိုင်းအာဏာပိုင်များနှင့် အလုပ်သမားအဖွဲ့အစည်းများ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆွေးနွေး





Migrant meeting 1ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပက်သက်၍ ထိုင်းနိုင် ငံ တာ့ခ်ခရိုင်မှ တာဝန်ရှိသူများနှင့် မြန်မာရွှေပြောင်း အလုပ်သမား အဖွဲ့အစည်းများ အကြားဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက် ၉ နာရီ အချိန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ရန် မည်သည့် သဘောတူညီချက်မှ မရှိသေး

မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန် မည်သည့် သဘောတူညီချက်မှ မရှိသေးဟု ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များအသင်းချုပ် JCCI  ၏ မဲခေါင်ဒေဆိုင်ရာ စီးပွားရေးလေ့လာမှုကော်မတီ ဥက္ကဌ မစ္စတာကိုဟိ ၀ါတာနာဘဲ က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် မြန်မာ-အမေရိကန်ကုန်သည်ကြီးများ အသင်းမှ ဥက္ကဌနှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ (၂၈)ရက် ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ခေတ္တတည်းခိုသည့် အမေရိကန်ပြည်ေ ထာင်စု နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ နှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံသည်။

ရှားခဲအင်းပဋိပက္ခတွင် ဒဏ်ရာရသူ ၂ ဦး ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း

သေနတ်ဒဏ်ရာ ရထားသူများကို ပုသိမ်ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်ရန် ရောက်ရှိလာသည့် လူနာတင်ယာဉ်နှင့် စောင့်ဆိုင်းနေသည့် ဆွေမျိုးများ (ဓာတ်ပုံ – သန့်စင်ငြိမ်းချမ်း / ဧရာဝတီ)
ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲအင်းကြီး၌ စက်တင်ဘာ ၂၇ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ဒဏ်ရာရခဲ့သူ ၂ ဦးမှာ အခြေအနေ ဆိုးရွားနေသဖြင့် ယမန်နေ့ နေ့လည် ၃ နာရီ ၃၅ မိနစ်တွင် ပုသိမ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်လိုက်ပြီ ဖြစ်သည်။

သွားရည်ကျစရာ မြန်မာ့ဖုန်းဈေးကွက်

အများသုံးဖုန်း အသုံးပြုနေသော အမျိုးသမီးတဦးတို့ကို ၂၀၁၂ မတ်လ အတွင်းက ရန်ကုန်မြို့တွင် မြင်ရစဉ် (ဓာတ်ပုံ – Reuters / Soe Zeya Tun)
Blackbery ဖုန်း၊ iPhone ဖုန်း အမျိုးအစားများကို မြန်မာနိုင်ငံတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းမရှိ။ အကြောင်းရင်းကို ကြည့်ပါက မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ကွန်ရက်သည် မကြာခဏ လိုင်းပူးနေတတ်ခြင်း၊ ဖုန်းနှင့်အင်တာနက် ဝန်ဆောင်မှုပေးသည့် Data service အလွန်ရှားပါးခြင်း၊ ဈေးအလွန်ကြီးမားခြင်း၊ လိုင်း ကြည်လင်ပြတ်သားမှု မရှိခြင်း စသည်တို့အပြင် ဖုန်းတော်တော်များများသည် ကွန်ရက်တခုနှင့် တခုအကြား လိုင်းချိတ်ဆက် အသုံးပြုမရခြင်း စသည်တို့ကြောင့် ဖြစ်သည်။

မြန်မာပြည်မှ မီးပြတိုက်များ



(မော်ကွန်းမဂ္ဂဇင်းအမှတ် ၁ တွင်ပါရှိသော ဓါတ်ပုံအက်ဆေးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။) ကုန်းမြေနဲ့မိုင်ပေါင်းများစွာကွာဝေးလှတဲ့ပင်လယ်ပြင်ထဲမှာ ကိုယ့်ကိုယ် ကိုယ်ထွန်းညှိပြီးတော့ လမ်းပြပေးနေ တဲ့ မီးပြတိုက်တွေရှိနေ တယ်။    အဲဒီမီးပြတိုက်တွေမှာတာဝန်ထ မ်းေ ဆာင်ေ နတဲ့သူတွေဆိုတာ လည်း ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးထဲမှာ ကာလရှည်ကြာ တာဝန်ထမ်းဆောင်ကြရတယ်။ နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောကြီးတွေ ပင်လယ်ထဲကကျွန်းဆွ ယ်တွေ၊ သန္တာကျောက်တန်းတွေနဲ့ မတိုက်ခိုက်မိစေဖို့၊ ဘာဝဘေးအ္တရာယ်တွေနဲ့ တွေ့ကြုံခဲ့ရင်လည်း အကူအညီပေးဖို့အသ င့်ရှိနေကြတယ်။ ပင်လယ်ပြင်ကို မှီခိုနေကြတဲ့သူေ တွအတွက် မေခလာနတ်သမီးနဲ့တူတဲ့ မြန်မာ့ရေပိုင်နက်ထဲက မီးပြတိုက်ကြီးအချို့ကို မော်ကွန်းက မှတ်တမ်းပြုလိုက်ပါတယ် . . . . . ဓာတ်ပုံ-လင်းထိုက်

အယ်လ်ဂွါတား (Alguada) မီးပြ(သို့မဟုတ်) ပုသိမ်မီးပြ။
၁၈၆၀ ခုနှစ်မှာ စဆောက်ခဲ့ပြီး ၁၈၆၅ မှာ ပြီးစီးခဲ့ပါတယ်။
ပင်လယ်ရေပေါ် ပေါ်ရုံလေးသာရှိတဲ့ သန္တာကျောက်တန်းပေါ်မှာ
ထီးထီးကြီးတည်ထားတဲ့မီးပြတိုက်ဖြစ်ပါတယ်။
အမြင့် ၁၆၀ ပေ ရှိတဲ့ မီးပြတိုက်ကြီး ဖြစ်ပါတယ်။

မိမိသည် ဒီမိုကရေစီပြယုဂ် `Icon´တစ်ခုမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ကင်းဘရစ်ခ်ျ(မက်ဆာချူးဆက်)၊ စက်တင်ဘာ - ၂၇

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သို့ ရောက်ရှိနေစဉ်အတွင်း ဟားဗတ်တက္ကသိုလ်ကျောင်းသားများနှင့် တွေ့ဆုံရာ၌ ၄င်းသည် "ပြယုဂ်"(Icon)တစ်ခုမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း တရားဝင်မှတ်ပုံတင်ခွင့်ရ

ရန်ကုန်၊ စက်တင်ဘာ-၂၈ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များဖြစ်သော ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၏ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းကို တရားဝင်မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်တန် ငွေစက္ကူများ ပြန်ရုပ်သိမ်းမည်ဆိုသော ကောလာဟလအပေါ် ဗဟိုဘဏ်ရှင်း

ယခုရက်ပိုင်းကာလတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ဝေထားသော ငွေစက္ကူများအနက် တန်ဖိုးငယ် ငွေစက္ကူများဖြစ်သော ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်တန်များအား ပြန်လည် ရုပ်သိမ်းမည်ဟူသော ကောလာဟလများ ဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။ ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ အခန်း(၃)ဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်ကို တစ်ဦးတည်း ထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းဟု ဖော်ပြပါ ရှိပါသည်။

ရုရှစွမ်းအင်ကုမ္ပဏီ မြန်မာနှင့်ပူးတွဲလုပ်ကိုင်ရန် ပြင်ဆင်နေ

မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်က ဖယ်ရှားလိုက်ပြီးတဲ့နောက် နိုင်ငံ့သဘာဝ အရင်းအမြစ်တွေ ထုတ်ယူရေးအတွက် မြန်မာအစိုးရက လုပ်ငန်းလေလံတွေ ခေါ်ယူနေချိန်မှာ ရုရှားကုမ္ပဏီတွေကလည်း မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ကဏ္ဍတစ်ရပ် ထူထောင်နိုင်ဖို့ တာစူနေပြီလို့ ရန်ကုန်မြို့ ရုရှသံရုံးက ပြောဆိုကြောင်း Bloomberg သတင်းက ဖော်ပြပါတယ်။

မြန်မာ့ပို့ကုန်လုပ်ငန်း ချက်ခြင်းထိုးတက်သွားဖို့ မဖြစ်နိုင်သေး

မြန်မာနိုင်ငံက ထွက်ကုန်တွေ တင်သွင်းခွင့် ပိတ်ပင်ထားတာကို ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်လိုက်တာကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဦးမော့လာနိုင်စရာရှိပေမဲ့ မြန်မာ့ ပို့ကုန်လုပ်ငန်းဟာ ချက်ခြင်းလက်ငင်း ထိုးတက်သွားမယ်လို့ မျှော်လင့်လို့ မရနိုင်သေးကြောင်း လေ့လာသူတွေက ပြောကြပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Asia Society တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်း


 ရှေးဦးစွာ တက်ရောက်လာကြတဲ့ Asia Society မှ ပုဂ္ဂိုလ်များအားလုံးကို ကျွန်တော့်အနေနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းအရင် ဆက်သ အပ်ပါတယ်။
 ပထမဦးဆုံးအနေနဲ့ ကျွန်တော်ပြောလိုတာကတော့ ကျွန်တော်တို့ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အကောင်အ ထည် ဖေါ်နေချိန်မှာ၊ အစောပိုင်းလာလတွေမှာ မြန်မာနိုင်ငံကို

ပို့ကုန်ပိတ်ဆို့မှုဖယ်ရှားပေးခဲ့၍ လုပ်ပြရန်သာလိုတော့သည်ဟု စီးပွားရေးလုပ်ငန်းရှင်များသုံးသပ်

 မြန်မာ့ပို့ကုန်တင်သွင်းမှုကို အမေရိကန်နိုင်ငံက ပြန်လည်ခွင့်ပြုလိုက်သည့်အပေါ် ပြည်တွင်းစီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်ကြီးများက ကြိုဆိုကြောင်းသိရှိရသည်။
  အမေရိကန်နိုင်ငံသို့ ကောက်ပဲသီးနှံများကဲ့သို့သော ထွက်ကုန်များတင်ပို့ရာတွင် နည်းပညာလိုအပ်ချက်အရ   ပြန်လည် အရည်အသွေးမြှင့်တင်ရဦးမည့် လုပ်ငန်းများရှိသလို ချက်ချင်းတင်ပို့နိုင်သည့် စီးပွားရေးလုပ်ငန်းများလည်းရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများထံက သိရှိရသည်။

ဖားအံမြို့ KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့်ပွဲသို့ လူပရိဿတ် ၂၀၀နီးပါး တက်ရောက်

ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာဦးခမ်းမအနီးရှိ အဆောက်အဦတစ်ခုတွင် KNLA တပ်မဟာများ ဆက် ဆံရေးရုံးဖွင့် 
ွဲ အခမ်း အ နားကို ယနေ့မနက် ၉နာရီက စတင် ကျင်းပခဲ့ရာ လူပရိဿတ် ၂၀၀နီးပါး တက်ရောက်ခဲ့သည်ဟု သိရ သည်။

ယာမကာနှင့် ဘဝ


၃၅လမ်း၊ သင်္ဂဇာချောင်း အနောက်ဘက်က အရက်ဆိုင်မှာ သူငယ်ချင်း ၁ ယောက်နှင့် စကားပြောရင်း အရက်သောက်ဖြစ်သည်။  ကျွန်တော်ထိုင်သော ထိုင်ခုံမှာ ခုံရှည်ဖြစ်သဖြင့် လူခြောက်ယောက် ထိုင်လို့ရသည်။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းမှာ သက်တူ ရွယ်တူ (၄၀) ကျော် အရွယ်များ ဖြစ်ပါသည်။ ကျန်လေးယောက်မှာ ၁၄ နှစ် ၁၅ နှစ်အရွယ် ကလေးများ ဖြစ်ကြပါသည်။ သူတို့သည် အရောင်ဆိုးထားသော ခေါင်ရေများကို သောက်ကြသည်။ သူတို့ရှေ့မှာက ခေါင်ရေပုလင်းများ ပုံနေပေပြီ။ အမြည်းတွေကလည်း စုံနေပေပြီ။ ကလေးနှစ်ယောက်က စီးကရက်ကို ကျွမ်းကျင်စွာ ဖွာရှိုက်နေပေပြီ။

ကချင်စစ်ပွဲများ ရပ်တန့်သွားရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုများကို တားဆီးသော အမိန့်ထုတ်ပေးရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်တန့်ရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်မှုများ ကိုတားဆီးသော အမိန့်ထုတ်ပေးရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာမီဒီယာသမားများနှင့် တွေ့ဆုံရာတွင် မေးမြန်းချက်များကို ဖြေကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘွဲ့မရသော အာရှသား ခရီးသွားများ မလာရဟု UAE ကန့်သတ်

ဒူဘိုင်း၊ စက်တင်ဘာ ၂၅

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အမြောက်အမြား လာရောက် လည်ပတ်လေ့ ရှိသော အာရပ်စော်ဘွားများ နိုင်ငံ (UAE) သည် အာရှနိုင်ငံများမှ ကမ္ဘာလှည့် ခရီးသည်များကို ဘွဲ့ရမှ ၎င်းင်းတို့ နိုင်ငံသို့ လာရောက် လည်ပတ်ခွင့် ရမည်ဟု သတ်မှတ် လိုက်ကြောင်း တယ်လီဂရပ် သတင်းစာက ရေးသား ဖော်ပြထားသည်။

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်


ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသော မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်ငန်း)များ တရားဝင် လုပ်ကိုင်ခွင့် ရရန် လွှတ်တော် အမတ်များထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။

ဦးသိန်းစိန် နာရေးကူညီမှု အသင်းကို ကျပ်ငွေဆယ်သိန်း လှူဒါန်း

From-TheVoiceWeekly

ထောင်ကျ ထုတ်ပယ်ခံ တပ်သား ကြိုးဆွဲချသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၉

အမှတ်(၇၀၃) ခြေမြန်တပ်ရင်းတပ် တွင် ထောင်ကျ၍ ထုတ်ပယ် ခံထားရသူတပ်သားတစ်ဦးက စက်တင်ဘာလ ၂၇ ရက် ည ၉နာရီ ၄၅ မိနစ်တွင်မြောက်ဥက္ကလာပမြို့နယ်၊ ၂ရပ်ကွက်၊ သုဇိတာလမ်း၊ ကံ့ကော်မြိုင် တံတားတွင်ကြိုးဆွဲချ၍ သေဆုံးသွားကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရသည်။
From-TheVoiceWeekly

သမ္မတသက်တမ်းပြည့်လျှင် ကျောင်းဆရာပြန်လုပ်မည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြား

“ကျောင်းဆရာဘ၀ကို ကျွန်တော် အချစ်ဆုံးပါ၊ စာသင်ရတဲ့အလုပ်ကို ကျွန်တော် တကယ် လွမ်းပါတယ်” ဟု မစ္စတာ အိုဘားမားက The View ရုပ်သံအစီအစဉ် စကားပြောခန်းတွင် ပြောကြားလိုက်သည်။

မစ္စတာ အိုဘားမားသည် လွှတ်တော်အမတ်မဖြစ်မီက ရှီကာဂို တက္ကသိုလ် ဥပဒေဌာနတွင် ၁၂ နှစ်တိုင်တိုင် ကျောင်းဆရာလုပ်ခဲ့သူ ဖြစ်သည်။

ဝန်ကြီးကလင်တန်နဲ့ Congress အမတ်တွေ မြန်မာ့အရေးညှိနှိုင်း

 အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုဖက်က အရေးယူပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးတဲ့နေရာ မှာရော မြန်မာနဲ့ စီးပွားရေး ဆိုင်ရာ ခြေလှမ်းတွေလှမ်းတဲ့ နေရာမှာပါ၊ Congress လွှတ်တော်က အဓိကအရေးပါသူတွေနဲ့ အနီးကပ်တိုင်ပင်ဆွေးနွေး၊ သေသေချာချာ ချင့်ချိန်၊ တဆင့်ချင်း ဆင်ခြင်ပြီးတော့မှ လုပ်တာဖြစ်ပါတယ် လို့ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကပြောလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ မြန်မာသတင်းသမားများ တွေ့ဆုံ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မကြာသေးခင် အချိန်ပိုင်းအတွင်းကတော့ သတင်းထောက်တွေနဲ့ အဲဒီမှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီက အခြေအနေတွေကို သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။