
ဆိပ်ကမ်းမြို့ များတွင် ကရုကမာ၊ ကဏန်းများဖြင့် ပနံရနေသည်က ဓမ္မတာ သဘာဝ တစ်ရပ် ဖြစ်သည်။ ဗြိတိန်ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သည့်ဝှစ်စ်ဘလီမြို့ တွင် အလွန်တရာ ကြီးမားသည့် ဧရာမ ကဏန်းကြီး တစ်ကောင် ပေါ်သည်ဆိုကာ ဖမ်းမိနိုင်ရေး ကြိုးပမ်း နေကြသည်။အွန်လိုင်းတွင် ပျံ့ နှံ့ သွားသည့် ဓာတ်ပုံတွင် ယင်းဆိပ်ကမ်းမြို့ ရေပြင်တွင် ဧရာမ ကဏန်းကြီး တစ်ကောင်ကို တွေ့ မြင်ခဲ့ကြခြင်းဖြစ်သည်။ ရေတွင် ကဏန်းကြီး ၏ အရိပ်ကို မြင်တွေ့ သည်မှာ အလုံးအထည်မှာ ပေ ၅၀ခန့် ရှိသည့် ကဏန်းကြီး တစ်ကောင် ဖြစ်သည်။









