အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းတွေကို အစိုးရက ကားပါမစ်တွေ ချပေးတာနဲ့ပက်သက်ပြီး အပြင်လောကမှာပြောနေတဲ့ အရေအတွက်ဟာ တကယ်ရရှိတဲ့ အရေအတွက် ထက် ပိုများနေတယ်လို့ KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
Thursday, December 19, 2013
အစိုးရက ကားပါမစ်ချပေးတဲ့ကိစ္စ KNU ရှင်းလင်း
အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းတွေကို အစိုးရက ကားပါမစ်တွေ ချပေးတာနဲ့ပက်သက်ပြီး အပြင်လောကမှာပြောနေတဲ့ အရေအတွက်ဟာ တကယ်ရရှိတဲ့ အရေအတွက် ထက် ပိုများနေတယ်လို့ KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
နယူးယောက်မြို့မှာ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦး တကိုယ်လုံးချွတ် အရှာခံခဲ့ရ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အဖမ်းခံရပြီး တကိုယ်လုံးချွတ် အရှာခံခဲ့ရတဲ့ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦးကို ပြန်ခေါ်နိုင်ဖို့ ရတဲ့ နည်းနဲ့ ကြိုးစားမယ်လို့ အိန္ဒိယအစိုးရက တုံပြန်လိုက်ပါ တယ်။
မလေးရှား ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း ယာဉ်မတော်တစ်ဆဖြစ်မှုတွင် ၆ ဦးသေဆုံး မြန်မာအမျိုးသမီး ၂ဦးပါဝင်
မလေးရှားနိုင်ငံ
ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း အဝိုင်းအနီး၌ ဒီဇင်ဘာ ၁၈ ရက် မနက် 12.42am
အချိန်တွင် မြန်မာ အမျီုးသမီး နှစ်ဦးစီးနှင်းလိုက်ပါလာသည့် နီဆန်း
စကိုင်းလိုင်း ကားတစ်စီး မှာမော်တော် ယာဉ် ဘယ်နှင့်ညာ
ယာဉ်ကြောကိုပိုင်းခြားထားသည့် အုတ်တံတိုင်းနှင့်တိုက်မိပြီး
မီးလောင်ကျွမ်းသဖြင့် သေဆုံး သွားကြောင်း New Straits Times သတင်း
အရသိရပါသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က ကိုရီးယား စစ်ပွဲအတွင်း သေဆုံးခဲ့ကြတဲ့ တရုတ်စစ်သား ၄၀၀ ကျော်ရဲ့ ရုပ်ကြွင်းတွေကို တောင်ကိုရီးယားက တရုတ်လက် ပြန်အပ်ပါတော့မယ်
တရုတ်လက် ပြန်မအပ်မီ ရုပ်ကြွင်းတွေကို ပြန်ဖော် သုတ်သင် ရှင်းလင်းပြီး ခေါင်းတလားတွေနဲ့ ထည့် သွင်းပေးအပ်မှာ ဖြစ်တဲ့အတွက် အဲဒီဆောင်ရွက်ချက်တွေ ပြုလုပ်ရမယ့် ဖြစ်စဉ်ဟာ လအနည်းငယ် ကြာမြင့် ဖွယ် ရှိပါတယ်။
ဂျုံ၏ ကျန်းမာရေး အကျိုး ကျေးဇူးများ
အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ်မုန့်နဲ့
ကွတ်ကီး မုန့်တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ အခွံချွတ် ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာ တွေမှာတော့ ဒီအာဟာရ ဓာတ်တွေရဲ့ တစ်ဝက် ကျော်က ဆုံးရှုံး သွားတာကို တွေ့ရ ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေး အတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ် မထားတဲ့) ဂျုံစေ့နဲ့ လုပ်ထားတဲ့ အစားအစာ မျိုးကို စားပေး သင့်ပါတယ်။
ခရမ်းချဉ်သီး ဖျော်ရည်သုံး ဆောင်ခြင်းသည် ကျန်းမာရေး ကောင်း မွန် စေနိုင်ကြောင်း လေ့ လာ တွေ့ရှိ
လူတစ်ဦးသည် ကာယ လေ့ကျင့်ခန်း များအား သွန်ခွန်စိုက် ပြုလုပ် ပြီးလျှင် စွမ်းအားပြည့် အချိုရည် များထက် ခရမ်းချဉ်သီး ဖျော်ရည်အား သောက်သုံး သင့်ကြောင်း သုတေသန ပညာရှင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။
အစာ မရှိသော အစာအိမ် အတွက် ရေသောက်ပေးပါ
မနက်အိပ်ရာနိုထပြီးချိန်တွင် ချက်ချင်းရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိပြည်သူများစွာ အတွက် နေ့စဉ် ပြု မူ လုပ်ဆောင် နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရ ပါတယ်။
အကြော် များများ စားရင် အသည်း အတွက် မကောင်း
အဆင်သင့်
အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး
အသည်း ရောဂါ hepatitisလို ဖြစ်တာနဲ့ တူတယ်လို့ The Doctors အမည်ရ တီဗွီ
အစီစဉ် တစ်ခုမှာ ထုတ်လွင့် သွားပါတယ်။ fast food ကို တစ်လလောက်
စားတာနဲ့တောင် ကိုယ်ထဲက အသည်းမှာ ပြောင်းလဲမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကင်စာ အတွက် အထောက်အကူ သင်္ဘောရွက်
ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။
ကင်စာ အတွက် အထောက်အကူ သင်္ဘောရွက်
ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။
ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ကွမ်းရွက်မှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင် ၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြ ပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေပါဝင် နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကော ဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ် အာနိသင် ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်း သတ္တိတွေ ပါဝင် နေပါတယ်။
ကွမ်ကျို့အသင်းအား ၃ ဂိုး-ဂိုးမရှိဖြင့် အလွယ်တကူ အနိုင်ရပြီးနောက FIFA Club World Cup ဖိုင်နယ်ပွဲသို့ ဘေယန်မြူးနစ် တက်ရောက်
မော်ရိုကိုနိုင်ငံ
အက်ဂါဒီယာမြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ယှဉ်ပြိုင် FIFA Club World Cup
ဘောလုံး ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲတွင် ဂျာမနီကလပ် အသင်းကြီး
ဘေယန်မြူးနစ်က တရုတ် နိုင်ငံမှ ကွမ်ကျို့ အဲဗားဂရန်း အသင်းကို ၃
ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ
ဖြစ်သည်။
ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု အစီရင်ခံစာ အမြန်ဆုံးထုတ်ပြန်မည်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မြောက်ပိုင်း ကချင်ပြည် နယ် ပါဂျောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်နိုင်ရေး အတွက် အစီရင်ခံ ၁ စောင် အမြန်ဆုံး ထုတ်ပြန်မယ်လို့ ကျောင်းသားတပ်မတော်က ပြောပါတယ်။
အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။
ရန်ကုန်၊ မန္တလေး သာသနာ့တက္ကသိုလ် များမှ ၁၉ နှစ်အတွင်း ပါရဂူဘွဲ့ သံဃာငါးပါးထွက်ပေါ်
ရန်ကုန်နှင့်
မန္တလေးမြို့တော်များရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် များမှ ၁၉
နှစ်တာ ကာလအတွင်း Ph.D ပါရဂူဘွဲ့ရှင် ငါးပါး ထွက်ပေါ်လာကြောင်း
နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းရုံး
တာဝန်ရှိသူ ထံမှ သိရသည်။
အရှိန်မထိန်းနိုင်သောယာဉ် တံတားအားဝင်ရောက်တိုက်မိ
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန် ဥတ္တရသီရိမြို့နယ်၊
လိင်အင်္ဂါ(၂)မျိုးပါသူကလေးငယ်မွေးဖွား
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက် နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂)မျိုး ပါဝင်သူ ကလေးငယ်လေးတစ် ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ်အချိန်ခန့်တွင် ကံကြီးကုန်း/အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်းမော်(ခ) ပူစူးမ မှ အဆိုပါ (ယောက် င်္ကျားလေးလိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူ ကလေးငယ်လေးကို မွေးဖွားခဲ့သည်။
အခွင့်အရေး ချိုးဖောက်ခံရ၍ ထိုင်းတွင် မြန်မာလုပ်သားများ ပထမဆုံးအကြိမ်
အခွင့်အရေး
ချိုးဖောက် ခံရမှုများကို ထိုင်းနိုင်ငံအစိုးရ ဖြေရှင်းပေးနိုင်ရန်
ထိုင်းနိုင်ငံ မဟာချိုင်ဒေသ ရှိ မြန် မာလုပ်သား ၂၀၀ ကျော် အပြည်ပြည်ဆိုင်ရာ
ရွှေ့ပြောင်း လုပ်သားများနေ့ (ဒီဇင်ဘာလ ၁၈) တွင် စမွတ် စခွန်
ခရိုင်အုပ်ချုပ်ရေးရုံးသို့ လမ်းလျှောက် ချီတက် တောင်းဆို ခဲ့ကြောင်း
ယင်းတောင်းဆိုမှုကို ဦးဆောင်သည့် ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေး
ကွန်ရက် (MWRN) မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြော ကြားသည်။
စင်ကာပူ အိန္ဒိယရပ်ကွက် ဆူပူမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည်
စင်ကာပူနိုင်ငံရှိ
အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်
ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း
စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်း တွင် ဖော်ပြ ထားသည်။
ကျိုက်ထီးရိုး စေတီတော်၌ တည်းခိုခဈေးနှုံး ကြီးမြင့်နေ
မွန်ပြည်နယ်၊
ကျိုက်ထိုမြို့တွင်ရှိသော ကျိုက်ထီးရိုး စေတီတော် တောင်ပေါ် တောင်အောက်
တည်းခိုခနှုန်း ထား များသည် ယခုရက်ပိုင်းတွင် ဈေးနှုန်း ကြီးမြင့်နေသည်ဟု
ကျိုက်ထီးရိုး ဘုရားဖူးပြန်လာသူများဆီက သိရသည်။
မြန်မာ နှင့် ဂျပန် ဗီဇာ ကင်းလွတ်ခွင့်အတွက် နှစ်နိုင်ငံ လက်မှတ်ရေးထိုး ရန်စီစဉ်
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ဗီဇာမလိုဘဲ သွားလာနိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရအဖွဲ့တို့အကြား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြား ရေး ဝန်ကြီး ဌာန မှ သိရသည်။
ရန်ကုန်တိုင်း အင်န်အယ်လ်ဒီအမှုဆောင်များ အမတ်ရောဂါထနေ ပါတီတွင်းသွေးကွဲအောင် မလုပ်သင့်ဟု တိုင်းဥက္ကဋ္ဌပြောကြား
ရန်ကုန်တိုင်းဒေသကြီးရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ် အမှုဆောင်များအတွင်း၌ ၂၀၁၅
ခုနှစ်အတွက် အမတ်ရောဂါ ထနေကြကြောင်း၊ အမတ်ရောဂါ ထခွင့်ရှိသော်လည်း
အဖွဲ့ချုပ်သွေး ကွဲအောင် မလုပ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဒီဇင်ဘာ ၁၈ ရက်၌
တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်တိုင်းဒေသကြီးတိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်များ
ဒုတိယအကြိမ်တွေ့ဆုံ ညှိနှိုင်း အစည်းအဝေး၌ ပြောကြားလိုက်သည်။
မလေးထိန်းသိမ်းရေး စခန်းများမှ မြန်မာ ၁၄၆ ဦး ပြည်တော်ပြန်ဝင်
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများ၌ ရောက်ရှိနေကြသော မြန်မာလူမျိုးများကို ပြည်ပြည်ဆိုင် ရာ မြန်မာ့လေကြောင်း စင်းလုံးငှားခရီး စဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာ ရှစ် ကြိမ်မြောက် အခမဲ့ခရီးစဉ်ဖြစ်သော ဒီဇင်ဘာ ၁၈ ရက် ခရီးစဉ်တွင် မြန်မာနိုင်ငံသား ၁၄၆ ဦး ရန်ကုန် သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ABSDF ၂၅ နှစ်ပြည့် ငွေရတု မဂ္ဂဇင်းနှင့် ပြက္ခဒိန် ပြည်တွင်း၌ ထုတ်ဝေမည်
ကာလကြာရှည်
စွာဖြစ်ပွား နေသော ပြည်တွင်း စစ်ရပ် တန့်ပြီး ငြိမ်းချမ်းရေးအား
အထောက်အကူဖြစ်စေ ရန်နှင့် ABSDF ၏ဖြတ် သန်းမှုအားသိရှိစေရန်ABSDF
(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ်တပ်ဦး) ၂၅နှစ်ပြည့်
ငွေရတုမဂ္ဂဇင်းနှင့် ပြက္ခဒိန်တို့အား ပြည်တွင်း၌ထုတ် ဝေဖြန့်ချိသွားမည်ဖြစ်
သည်။
လူကုန်ကူးခံရသည့် ကလေးသူငယ် ၂၂၄ ဦး ကယ်တင်နိုင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၇ နှစ်အရွယ် မြန်မာကလေးငယ် တဦးအား ခိုင်းစားနေသည့် အမျိုးသမီးတဦးကို ယမန်နှစ် ဧပြီလ အတွင်းက လူကုန်ကူးမှုဖြင့် ထိုင်း ရဲတပ်ဖွဲ့က ဖမ်းမိစဉ် (ဓာတ်ပုံ – mgr.manager.co.th) |
အမျိုးသားများအတွက် ကိုယ်ဝန်တားဆေးများ ထွက်ပေါ်လာတော့မည်
သြစတေးလျနိုင်ငံမှ သိပံ္ပပညာရှင်များက အမျိုးသားများအတွက် ကိုယ်ဝန်တားဆေးထွက် ပေါ်လာတော့ မည် ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ ယင်း စမ်းသပ်မှုအား Monash University မှ သိပံ္ပပညာရှင် များက လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က သုက်ပိုးများထိန်းသိမ်းထားသည့်နေရာမှသုက်ပို့ပြွန်သို့ ရွေ့လျားမှု အား လေ့လာခဲ့ကြသည်။
ရွှေရရှိရန် သေချာလျက်ရှိသော မြန်မာနိုင်ငံရွက်လှေအဖွဲ့ကို နိုင်ငံတော်အလံများ လွှင့်ထူ၍ သောင်းသောင်း ဖြဖြကြိုဆို ဂုဏ်ပြု
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပင်လယ်ပြင် ရွက်လှေပြိုင်ပွဲကို ဧရာဝတီ တိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေတွင် ယနေ့ ဆက်လက်ယှဉ်ပြိုင် ကျင်းပပြီးချိန်တွင် Half Rater (open) နှစ် ယောက်တွဲ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံမှ စည်သူမိုးမြင့်နှင့် ဖုန်းကျော်မိုးမြင့်အတွဲက ပွဲစဉ် တစ်လျှေက် ထိပ် ဆုံးမှ ရပ်တည်လျက်ရှိကာ ယနေ့ပြိုင်ပွဲအပြီးတွင် ရွေရ ရှိရန် သေချာ သွားပြီ ဖြစ်ကြောင်း သိရသည်။
မန္တလေးတွင် အအေးလွန်ကဲသဖြင့် အိမ်ရာမဲ့ အမျိုးသားတစ်ဦး သေဆုံး
မြန်မာနိုင်ငံ၌ ဒီဇင်ဘာလ ဒုတိယပတ်ခန့်မှ စ၍ မြို့ကြီးအချို့တွင်
အအေးပိုလျက် ရှိရာ မန္တလေး တိုင်းဒေသကြီး အမရပူရ မြို့နယ် ရှမ်းကလေးကျွန်း
ကျေးရွာ တောင်ဘက် စစ်ကိုင်း-မန္တလေး ကန် ပတ်လမ်း ဘေးတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့
နံနက်ပိုင်းခန့်က အိမ်ရာမဲ့ အမျိုးသားတစ်ဦး အဆုတ်အအေး မိ၍
သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
ထိုင်းအမျိုးသမီးအသင်းကို မြန်မာအသင်း ရှုံးနိမ့်မှုနဲ့ အားပေးစကားတချို့
မနေ့က မြန်မာ- ထိုင်း အမျိုးသမီး ဘောလုံးပွဲ အပြီးမြင်ကွင်းတခု၊ ဓာတ်ပုံ- မြန်မာဘောလုံး အဖွဲ့ချုပ် စာမျက်နှာ
၂၇ ကြိမ်မြောက်
ဆီးဂိမ်းပြိုင်ပွဲမှာ မနေ့က ထိုင်း-မြန်မာအမျိုးသမီး ဘောလုံးပွဲမှာ
ထိုင်းက ၁၁- မြန်မာက ၁၀ ဂိုး နဲ့ မြန်မာ အမျိုးသမီးအသင်း
ရှုံးနိမ့်ခဲ့ပါတယ်။
ရုပ်ရှင်သမားများ အနေအထိုင် ဆင်ခြင်ရေး
~
ရုပ်ရှင်လောကသားတွေ အနေအထိုင် ဆင်ခြင်ဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးတွေက စာ တစောင် ထုတ်ပြန် မေတ္တာရပ်ခံလိုက်ပါတယ်။
အပြစ်မရှိတဲ့သမီးလေးကို ရေထဲလွှင့်ပစ်ပြီး သတ်ခဲ့တဲ့ ရက်စက်လှတဲ့ မိခင်
အပြစ်
မရှိ တဲ့ကလေးငယ် ကို ရေထဲ စွန့်ပစ်ပြီး သတ်ပစ် ခဲ့တဲ့မိခင်ကိုပြင်သစ်
ပြည်သူတွေက ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အသက်
(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါနိုင်ငံကနေ လာရောက်ပြီး ပြင်သစ်
နိုင်ငံမှာ အခြေကျ နေထိုင်နေ တဲ့ ကာဘူးဟာ သူ့ရဲ့ဘ၀နဲ့ လိုက်လျောညီထွေမှု
မရှိတာမို့ ကလေး ငယ်ကို ရေထဲ စွန့်ပစ်ဖို့ ဆုံး ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကလေးငယ်ရဲ့ အသက်ဟာ (၁၅) လသာ ရှိသေးပြီး သမီးလေး ဖြစ် တယ်လို့ သိ ရပါတယ်။
ကာဘူးရဲ့သမီးငယ် အဒီ လိုင်ဒီဟာ ပြင်သစ်နိုင်ငံ ရှိ ရေ လက်ကြားတစ်ခုမှာ သေ
ဆုံးခဲ့ခြင်းဖြစ်ပြီး အလောင်းကို ငါးဖမ်း သမား တွေက တွေ့ရှိခဲ့ခြင်းဖြစ်ပါ
တယ်။
အသိပေးကြေညာချက်
(၂၇) ကြိမ်မြောက် အရှေတောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား
ကျင်းပပြုလုပ်မည့် ၂၂ - ၁၂ - ၂၀၁၃ ရက်နေ့ မွန်းတည့် ၁၂း ၀၀ နာရီ အချိန်မှ
အခမ်းအနားပြီးဆုံးချိန်အထိ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်
ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဧရီယာသို့ ဝင်ရောက်နိုင်သည့် အောက်ပါနေရာ
လမ်းဆုံရှစ်ခုတွင် ခေတ္တ လမ်းပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးကြေ
ညာအပ်ပါသည်။
စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် အမှတ် (၄၁) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်အရှေ့) မှတပ်ဖွဲ့ ဝင်များသည် မူးယစ် ဆေးဝါး သတင်းအရ သက်သေ များနှင့်အတူ ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာရှေ့တွင် တွေ့ရှိသူ ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက် ၊ အောင်ဇေယျ အိမ်ယာနေ ဇာနည်ဝင်း (၃၃) နှစ်နှင့် အတူနေ မစောနန်းခိုင် (၃၂) နှစ်တို့ (၂) ဦးအား ရှာဖွေ စစ်ဆေးခဲ့သည်။
ဦးရဲထွဋ်ရဲ့ အမှားပြင်ဆင်ချက်
သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မနေ့က ပို့စ် တခု
တင်ခဲ့တာမှာ ဗြောင်လိမ်သလားဆိုပြီး အွန်လိုင်း ပရိသတ်က ဝိုင်းပြီး ဝေဖန်
သြဘာပေးခဲ့ကြပါတယ်။ ဒီကိစ္စဟာ သူ့ရဲ့ မှားယွင်းချက်ဖြစ်တယ်လို့ ဦးရဲထွဋ်က
ဆိုထားပါတယ်။
ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ် တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း ယာယီရပ်ဆိုင်း
ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်ပေးမည့်
ရန်ကုန်-ဒလ တံတား စီမံကိန်းအား ကိုရီးယားနိုင်ငံနှင့် ညှိနှိုင်းမှု အဆင်မပြေ၍
ယာယီရပ်ဆိုင်းထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်မြို့တွင်းနှင့် ဒလဘက်ခြမ်းအား ဆက်သွယ်မည့် ရန်ကုန်-ဒလ တံတား စီမံကိန်းအား ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ကူညီကာ တည်ဆောက်ပေး မည်ဟု နိုင်ငံတော်သမ္မတက ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်စဉ်တွင် ညှိနှိုင်း သဘော တူခဲ့ကြောင်း သိရသည်။
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်မြို့တွင်းနှင့် ဒလဘက်ခြမ်းအား ဆက်သွယ်မည့် ရန်ကုန်-ဒလ တံတား စီမံကိန်းအား ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ကူညီကာ တည်ဆောက်ပေး မည်ဟု နိုင်ငံတော်သမ္မတက ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်စဉ်တွင် ညှိနှိုင်း သဘော တူခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ကေအိုင်အေမှ ဖမ်းဆီးသွားသူများအနက် ၂၂ ဦး ပြန်လည်လွတ်မြောက်
ကချင်ပြည်နယ် မန်စီမြို့နယ်တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ ၇၊
၈၊ ၁၃ ရက်များတွင် ဖမ်းဆီးခေါ်ဆောင် သွားသူများအနက် ၂၂ ဦး ဒီဇင်ဘာ ၁၇ ရက်
မွန်းလွဲပိုင်းက ပြန်လည် လွတ်မြောက် လာကြောင်း ဗန်းမော်ခရိုင်
အုပ်ချုပ်ရေးဌာနနှင့် ဒေသခံများက The Daily Eleven သို့ ဒီဇင်ဘာ ၁၈ ရက်က
ပြောကြားသည်။
Subscribe to:
Posts (Atom)