နိုင်ငံရေး အကျဉ်းသားဟောင်းများတွင်
ဖြစ်တတ်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများအား ပြေလျော့စေ ရန်
ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကျောင်းတော်ပြန်တို့
စကားဝိုင်းအား လုပ်ဆောင်ပေးနေပြီး
နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့က
Counselling ပြုလုပ်ပေးနေကြောင်း သိရသည်။
Friday, October 4, 2013
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ၏ ပြည်သူ့ ဆန္ဒ ကောက် ယူမှုအား ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၁၂ ရက်တွင် စတင်ရန် စီစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများနှင့် NLD ပါတီတို့ စက်တင်ဘာ ၂၈ ရက်က ဆွေးနွေးစဉ် |
၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ပါတီမှ ပြည်သူ့ ဆန္ဒ
သဘောထား ကောက်ယူ မှုကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း အောက်တိုဘာ ၁၂၊ ၁၃ ရက်
ခန့်တွင် စတင်သွားမည်ဟု ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီး၏ ဦးဆောင်တာဝန်ခံ
တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
ရတနာပုံခေတ်လက်ရာ ရွှေနန်းတော်ကျောင်း (ရွှေကျောင်း) အား အမေရိကန်နိုင်ငံ World Monuments Fund ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းမည်
ရတနာပုံခေတ်လက်ရာ ရွှေနန်းတော် ကျောင်းကြီးအား လေ့လာနေကြသည်ကို မြင်တွေ့ရစဉ် |
ရတနာပုံခေတ်လက်ရာ ရွှေနန်းတော် ကျောင်းကြီးအား အမေရိကန်နိုင်ငံ World Monuments Fund (ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံ ရန်ပုံငွေအဖွဲ့)၏ နည်းပညာအကူအညီဖြင့် ပြုပြင်ထိန်းသိမ်း သွား မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း WMF အဖွဲ့၏ Project director Mr. Jeff Allen က ပြောကြားသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက် ရှစ်နာရီကျော် အလုပ် လုပ် နေရကြောင်း ILO ထုတ်ပြန်
ရထားသံလမ်းဘေးတွင် ရေသန့်ဘူး လိုက်လံရောင်းချနေသည့် ကလေးတစ်ဦးအား တွေ့ရစဉ် |
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် အလုပ်ချိန် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက်လျှင် ရှစ်နာရီကျော် အလုပ် လုပ်ကိုင် နေရကြောင်း ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တစ်မြို့လုံးအား WiFi အင်တာနက် စနစ်ပေးရန် RedLink မှ စီစဉ်နေ
ရန်ကုန်မြို့ တစ်မြို့လုံးတွင် WiFi အင်တာနက်စနစ် အသုံးပြုနိုင်ရန် အတွက် Red Link မှ သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိနေကြောင်း သိရသည်။
အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်း တွင် အောက် တိုဘာလ ၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တိုယိုတာ အငှားယာဉ်မောင်းထံမှ ငွေများလုယက်ကာထွက်ပြေးခဲ့သည့် လူငယ်လေးဦးကို ယင်းနေ့ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြား သည်။
မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင် စစ်ဆေး ပြီ
မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံးဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အမှုစစ်အဖွဲ့ဖွဲ့စည်း ပြီး ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း စတင်စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။
ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်
မြန်မာနိုင်ငံမှာ စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီခေတ်ကို ညင်သာစွာကူး ပြောင်းနိုင်ခဲ့ကြောင်း ကမ္ဘာက အသိ အမှတ်ပြုခဲ့ပါ တယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လွတ်လပ်မှုဟာ ကြောက် စရာကောင်းလောက် ကို လွတ်လပ်နေ ပါတယ်။
လမ်းကျပ်မှုနှင့် အခြားအခြေခံလိုအပ်ချက်များကြောင့် ကပရနှင့် အကျိုးတူဆောင်ရွက်မည့်ကိုရီးယားကုမ္ပဏီ မှစီမံ ကိန်းပယ်ဖျက်
မြို့တွင်း ယာဉ်လမ်းကြောင်းကျပ်တည်းမှုနှင့် အခြားအခြေခံအချက်လိုအပ်ချက်များကြောင့် ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာန(ကပရ)နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းအား တင်ဒါအောင်မြင် ထားသည့် ကိုရီးယားကားကုမ္ပဏီ Busan Bus မှပယ်ဖျက်လိုက်ကြောင်း ‘ကပရ’ မှသတင်းရရှိသည်။
"သရုပ်ဆောင် အင်အား အယောက် ၈ဝကျော် နဲ့ ရိုက်ကူးထားတဲ့ ဟဲလေးရဲ့ ဒီဗီဒီ."
ဟဲလေးနဲ့
သူ့ရဲ့သူငယ်ချင်းတွေက မြောက်ဒဂုံမြို့နယ်၊ ၄၈ရပ်ကွက် မှာရှိတဲ့ အိပ်မက်လှ
ရထားလေး ဆိုတဲ့ နာမည် နဲ့ တည်ထောင်ထားတဲ့ ဂေဟာက ကလေးတွေ အတွက် တစ်နေ့စာ
အလှူလုပ်ခဲ့ပါတယ်။ ဒီဂေဟာ မှာတော့ ရှမ်းပြည်ဘက်က မိဘမဲ့ ကလေးတွေ များပြီး
ကလေးတွေကို သူငယ်ချင်းတွေ နဲ့အတူ သွားရောက် လှူဒါန်း ရတဲ့ အတွက် ပီတိလည်း
ဖြစ်မိကြောင်း ဟဲလေးကပြောပါတယ်။
ခိုလှုံသူတွေရဲ့သင်္ဘော အီတလီမှာ နစ်မြုပ်
အာဖရိကမြောက်ပိုင်း ဒေသကနေ အီတလီ နိုင်ငံကို ပင်လယ် လမ်းကြောင်းကနေ
ဝင်ရောက် လာသူတွေ ရဲ့ သင်္ဘောဟာ အီတလီ လန်ပီဒူစာ ကျွန်း အနီး ကမ်းလွန်
တစ်နေရာမှာ မီးလောင် နစ်မြုပ် သွားတဲ့ အတွက် သေဆုံးသွား ခဲ့သူ လူပေါင်း ၉၀
ကျော်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့က
ပြောပါတယ်။
အကယ်ဒမီဆု အတွက် ဆန်ခါတင် နောက်ဆုံးအဆင့် စစ်ဆေး နေဖြစ်ပြီဖြစ်
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုနှစ် အတွင်း ကျင်းပမယ့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအကယ်ဒမီ ဆုပေးပွဲ အတွက် ရုပ်ရှင် ဇာတ်ကားများ ဆန်ခါတင် စစ်ဆေးမှုဟာ နောက်ဆုံး အဆင့် စစ်ဆေးမှုကို ရောက်ရှိနေပြီဖြစ် တယ်လို့ သိရပါတယ်။ ဒီလိုစစ်ဆေးမှု တွေမှာ ပထမအဆင့် စစ်ဆေးခဲ့မှုမှာ ဆန်ခါတင် ဇာတ်ကား ၁၇ ကားရှိခဲ့ပြီး ယခုနောက်ဆုံး အဆင့် စစ်ဆေးမှု မှာတော့ ဆန်ခါတင်ရုပ်ရှင် ဇာတ်ကား ၇ ကားသာ ရှိတော့တယ်လို့ သိရပါတယ်။
သံတွဲ ဆူပူမှု အတွက် ရခိုင် ပါတီ ခေါင်းဆောင် ဖမ်းဆီးခံရ
ရခိုင် ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ မီးရှို့ တိုက်ခိုက်မှု
မတည်ငြိမ်မှု တွေနဲ့ ပတ်သက်ပြီး ရခိုင် ပါတီ ခေါင်းဆောင် တစ်ယောက် အပါအဝင်
လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပါတယ်။
ဒေသခံတိုင်းရင်းသားများ ကျီးလန့် စာစားလုပ်ကိုင်စားသောက်နေရသော်လည်း ရိက္ခာနှင့် ဆက်ကြေးငွေ များအား KIOမှဆက်လက်ကောက်ခံလျှက်ရှိ
ကချင်ပြည်နယ်ဆဒုံးမြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သော
ဒေသခံတိုင်းရင်းသားများအား အောက်တိုဘာ ၂ ရက်နေ့မှစ၍
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆဒုံးမြို့နယ်အုပ်ချုပ်ရေးရုံးမှ
နှစ်စဉ်ကောက် ခံနေသော ဆန်၊ဆီ၊ဆား နှင့် ငွေကြေးတို့ကို
လာရောက်ကောက်ခံလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။
ဗိုလ်ချုပ်ပုံများကို ဂုဏ်သိက္ခာမဲ့စေသည့် လုပ်ရပ်များတွင် အသုံးပြုလျှင် ထောင်ဒဏ်တစ်နှစ် ကျခံရမည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြု
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ပုံကို ဂုဏ်သိက္ခာမဲ့သည့်
လုပ်ရပ်များတွင် အသုံး ပြုလျှင် ထောင်ဒဏ်၊ ငွေဒဏ် များချမှတ်နိုင်သည့်
ပုဒ်မအား ၁၉၅၄ ခုနှစ် နိုင်ငံတော်အထိမ်း အမှတ် များ (ဆင်ယင်ပြ သမှု ကန့်
သတ်ရေး)အက်ဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းတွင် ပြည် သူ့လွှတ်တော်
ဥပဒေကြမ်းကော် မတီက အစားထိုးပြင်ဆင်ချက်အ တည်ပြုလိုက်ကြောင်းသိရသည်။
OIC လာရောက်ပါက ရခိုင်လူထုတစ်ရပ်လုံး ဆန္ဒပြမှု ဖြစ်ပေါ်နိုင်
မြန်မာနိုင်ငံသို့ ရိုဟင်ဂျာ အရေးကိစ္စ ဆွေးနွေးရန် အစ္စလာမ်
ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Organization of Islamic Cooperation (OIC)
လာရောက်မည်ဟု အင်တာနက် စာမျက်နှာပေါ်တွင် သတင်းများ ပျံ့နှံ့လျက် ရှိပြီး
အမှန်တကယ် လာရောက်ပါကလည်း ရခိုင်လူထု တစ်ရပ်လုံး ဆန္ဒထုတ်ဖော် မှု
ဖြစ်ပေါ် လာနိုင်ကြောင်း ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ
ဒေါက်တာအေးမောင်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
နိုင်င်ငံတကာသတင်းတို
• ဗြိတိန်နိုင်ငံနှင့် ၎င်း၏ ကိုလိုနီဟောင်းများ စုပေါင်းထားသော ဓနသဟာယ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်း ၄၈ နှစ်အကြာ ရပ်တည်ခဲ့ပြီးဖြစ်သော ဂမ်ဘီယာနိုင်ငံကယင်းအဖွဲ့မှာ ခေတ်သစ်ကိုလိုနီအဖွဲ့ အစည်းတစ်ခုဖြစ်သည်ဟု ပြောကြားကာ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အောက်တို ဘာ ၃ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။ နုတ်ထွက်ကြောင်း ကြေညာချက်အား နိုင်ငံပိုင်ရုပ် သံမှတစ်ဆင့် ကြေညာခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ဆိုသည်ကိုမူ ထည့်သွင်းပြော ကြားသွား ခြင်းမရှိပေ။ ။
ဆန္ဒပြမှုများ မကြာခဏဖြစ်ပါက ပြည်ပရင်းနှီးမြှုပ်နှံမှုများ တွန့်ဆုတ်နိုင်ကြောင်း တိုင်းလုံခြုံရေးဝန်ကြီး ပြော
ပြည်တွင်းတွင် ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပေါ်နေပါက ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံသူများအ နေဖြင့်
တွန့်ဆုတ် သွားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက အောက်တိုဘာ ၃ ရက်တွင် ပြောသည်။
မိုးတွေ။လေတွေလျော့နည်းလာပြီး ရေတွေလည်း ပိုဆိုးမလာနှိုင်တော့ဘူးလို့ ခန့်မှန်းရပါတယ်
ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သအခြေအနေပါ။ အခုလိုပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်။
ရုတ်တရက်ထွက်ခွာ နှုတ်ဆက်လျက်ပါ
Weather News Update
3-10-2013
9:22 pm
"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အမေရိကန်တိုက်တွန်း"
မြန်မာနိုင်ငံရဲ့
လက်ရှိ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲအတွက် အချိန်မီ
ပြင်ဆင်ပြောင်းလဲနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် အစိုးရက
ပြောပါတယ်။
ဖက်ဒရယ် နှင့် သေနတ်
ယနေ့ မြန်မာနိုင်ငံမှာ
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုရှိပြီး ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ငါးခု၊ ပြည်ထောင်စု နယ်မြေတစ်ခု
(နေပြည်တော်) တို့ ပါဝင် ပါတယ်။ ပြည်ထောင်စုနယ်မြေ သတ်မှတ်တာတော့ ပြည်နယ်၊ တိုင်းတွေမှာ
သီးခြားလွှတ်တော်၊ သီး ခြားအစိုးရတွေ ရှိနေတာမို့ ပြည်ထောင်စု အစိုးရ ရုံးစိုက်ရာနေရာ
သီးခြားရှိဖို့ လိုအပ်ပါတယ်။ အမေရိကန် မှာ ၀ါရှင်တန်၊ သြစတေးလျ မှာကင်ဘာရာ စသည်ဖြင့်
ပြည်ထောင်စုအစိုးရ ရုံးစိုက်ရာနေရာတွေကို သီးခြားထားသလိုပါဘဲ။ ဒါဟာ ဖက်ဒရယ်ရဲ့ သဘောတရားပါပဲ။
အစိုးရနဲ့ ကေအိုင်အိုတို့ ဒုက္ခသည်အရေး ဆွေးနွေးဖို့ရှိ
ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို-ကေအိုင်အေနဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ လာမယ့် အောက်တိုဘာလ ၈ရက်နေ့ ကျရင် ပြုလုပ်မယ့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲအတွင်းမှာ ဒုက္ခသည်ဆိုင်ရာ ကိစ္စရပ်တွေ၊ တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်တွေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အပါအ၀င် ခေါင်းစဉ် ၅ခုကို ဆွေးနွေး မှာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက
နိုင်ငံတော်သမ္မတ အနေဖြင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ တာဝန်ပိုင်းအရ ဥက္ကဋ္ဌရာထူးရယူထားဆဲ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ပြောကြား
နိုင်ငံတော်သမ္မတ
အနေဖြင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ ပါတီလုပ်ငန်းများ
ဝင်ရောက်ဆောင်ရွက်ခြင်း မရှိတော့သော်လည်း တာဝန်ပိုင်းအရ ဥက္ကဋ္ဌရာထူး
ရယူထားဆဲဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု ၀န်ကြီး
ဦးစိုးမောင်က အောက်တိုဘာ ၃ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော်
အစည်းအဝေးတွင် ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် ကေအိုင်အိုတို့ မူဘောင်ကွဲလွဲမှု ရှိနေ
ကချင်ပြည်နယ်
မြစ်ကြီးနားမြို့၊ ကေအိုင်အို အလုပ်အဖွဲ့ရုံးတွင် မြန်မာ့ငြိမ်းချမ်းရေး
စင်တာနှင့် ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့တို့ အောက်တိုဘာ ၃ ရက်တွင်
ဒုတိယနေ့အဖြစ် ဆွေးနွေးခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက်
မူဘောင်ကွဲလွဲမှု ရှိနေကြောင်း သိရသည်။
သံတွဲပဋိပက္ခ အချိန်ကိုက်လုပ်သည်ဟု သမ္မတ ဦးသိန်းစိန်က သံသယဖြစ်
မိတ္ထီလာကန်ရေ မြင့်တက်နေပြီး မိုးဆက်လက် ရွာသွန်းပါက ဖောက်ချရန် စီစဉ်လျှက်ရှိ
စက်တင်ဘာ
လကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှု့ကြောင့် မိတ္ထီလာမြို့
မိတ္ထီလာကန်ရေမှာ လက်ရှိအချိန်တွင် မြင့်တက်နေပြီး မိုးဆက်လက် ရွာသွန်းပါက
မိတ္ထီလာကန်ရေ ဖောက်ချနိုင်ရန် စိစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
သမ္မတနဲ့ ဝန်ကြီးတွေ ပါတီနဲ့ ကင်းရှင်းကြောင်း လွှတ်တော်မှာ ရှင်းလင်း
နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပါတီနိုင်ငံရေးလုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်မှု မရှိဘူးလို့ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလလယ်၌ ရှမ်းတိုင်းရင်းသားစာရင်း ကောက်ယူမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှမ်းလူဦးရေစာရင်း ကောက်ယူမှုကို
အောက်တိုဘာလလယ်ပိုင်းမှ စတင်ကောက်ယူသွားမည် ဖြစ်သည်ဟု
ရှမ်းလူဦးရေစာရင်းအမှန်ကောက်ယူေ ရးကော်မတီမှ သိရသည်။
ကလေးမြို့ ရေဘေး လူ ၁၀ ကျော် ပျောက်ဆုံး
စက်တင်ဘာလကုန်က မိုးသည်းထန်ခဲ့တာကြောင့် ကလေးမြို့နယ် အတွင်းမှာ ရေကြီးရေ လွှမ်းမိုးမှုဖြစ် ခဲ့ပြီး ထောင်နဲ့ချီတဲ့ ရေဘေး သင့်သူတွေဟာ ကယ်ဆယ်ရေး စခန်း၆ခုမှာ ခိုလှုံနေရသလို မိုးစပါး စိုက်ဧက၆ထောင်ကျော်လောက် ရေလွှမ်းမိုး ခဲ့ပါတယ်။ လောလောဆယ် မှာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ပျက်ဆီးဆုံးရှုံးမှု စာရင်းကို ကောက် ယူနေ ဆဲဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။
အခြေခံပညာရေး ဖွဲ့စည်းမှုပုံစံ (သူငယ်တန်း)+ ၅-၄-၃ စနစ်သို့ ပြောင်းလဲနိုင်ရန် စီမံချက် (မူကြမ်း) အား ပညာရေး ၀န်ကြီးဌာနမှ ရေးဆွဲနေ
အခြေခံပညာရေး ဖွဲ့စည်းမှုပုံစံကို (သူငယ်တန်း) ကေဂျီ + ၅-၄-၃ စနစ်သို့
ပြောင်းလဲ အကောင် အထည် ဖော်နိုင်ရန် စီမံချက်(မူကြမ်း)အား ပညာရေး
ဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဒေါက်တာစန်းလွင်က ပြောကြားသည်။
ရဲတပ်ဖွဲ့ အချုပ်စခန်းများအား ခြောက်လတစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်ဟူသော အချက်များ ပါဝင်သည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း သုံးခုအား ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု
ရဲတပ်ဖွဲ့ အချုပ်စခန်းများအား အနည်းဆုံး ခြောက်လတစ်ကြိမ် စစ်ဆေးကြည့်ရှုရ
မည်ဟူသည့် အချက်များ အပါအ၀င် နိုင်ငံ တော်သမ္မတ၏ သဘောထားမှတ်ချက်များ ဖြင့်
ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်း သုံးခုအား ပြည်ထောင်စု လွှတ်တော်တွင်
ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်
နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များဖြင့် ပြန်လည်ပေးပို့လာသည့်
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ဆက်သွယ်ရေး
ဥပဒေကြမ်းနှင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့်
အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းများအား ပြည်ထောင်စု လွှတ်တော်
ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထား မှတ်ချက်များနှင့်
ညှိနှိုင်းပြင်ဆင် အတည်ပြုခဲ့ကြောင်း သိရသည်။
သံတွဲပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ (သံတွဲ) ဥက္ကဋ္ဌ အပါအ၀င် ရခိုင်တိုင်းရင်းသား ၁၁ ဦးကို ဖမ်းဆီးထား
ရခိုင်ပြည်နယ်
သံတွဲမြို့နယ်၌ ပဋိပက္ခများ ဖြစ်ပွားနေစဉ်အတွင်း သံတွဲမြို့၊
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)ဥက္ကဋ္ဌ ဦးစောလှိုင်(ခ)
ဦးမောင်ပုနှင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် ခြောက်ဦးကို
ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက် ညပိုင်းက ဖမ်းဆီးထိန်းသိမ်း ထားပြီး အောက်တိုဘာ
၃ ရက်တွင် ပဋိပက္ခဖြစ်စဉ် အတွင်းပါဝင်သည်ဟု ယူဆရသူငါးဦးအား
ထပ်မံဖမ်း ဆီးခဲ့ကြောင်း သိရသည်။
သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးသည်ဟု သံသယရှိသူ ခြောက်ဦးအား စစ်ဆေးနေ
ရခိုင်ပြည်နယ် သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် နေအိမ် အား အုတ်ခဲများဖြင့် ၀ိုင်းဝန်းပစ်ပေါက် ခဲ့သူများအနက် ပါဝင်သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၃ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။
Subscribe to:
Posts (Atom)