Sunday, December 14, 2014

အနှိပ်ခန်းများ တရားဝင် ခွင့်ပြုမည် မဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပြောကြား

မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေနိုင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း အနှိပ်ခန်းများကို တရားဝင် ခွင့်ပြုပေးမည် မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့၌ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို ဥပဒေ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပြီး တရားဝင် ခွင့်ပြုပေးရန် အဆိုကို ဆွေးနွေးရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“အနှိပ်ခန်းတွေဟာ ရန်ကုန်မြို့ တစ်ခုတည်းမှာတင် ရှိတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ရှိနေတာပါ။ ဒါကြောင့် ရန်ကုန်တိုင်း တစ်ခုတည်း အနေနဲ့ ဥပဒေ သီးခြားပြဋ္ဌာန်းနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိခိုက်စေပါတယ်” ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဆေးလိပ် သန်းခုနစ်ထောင်နီးပါး သောက်သုံး

နိုင်ငံတကာ စီးကရက်ကုမ္ပဏီများ မျက်စိကျရာ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲသူဦးရေ မြင့်တက်လျက် ရှိသည့်အပြင် နှစ်စဉ် ဆေးလိပ်အလိပ်ရေ သန်းခုနစ်ထောင်နီးပါး သောက်သုံးနေကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း အခွန်ကောက်ခံခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

ယခင် ဆယ်စုနှစ်ဝန်းကျင်က နှစ်စဉ် စီးကရက်အလိပ်ရေ သန်း ၂,၅၀၀ မှ သန်း ၃,၀၀၀ ထိ သောက်သုံးလျက်ရှိကာ အစိုးရသစ် လက်ထက်တွင် ပြည်ပမှ ဗာဂျီးနီးယားဆေး တင်သွင်းမှုနှင့် ဆေးရွက်ကြီး စိုက်ပျိုးနှုန်း မြင့်တက်လာခြင်းကြောင်း ယခုကဲ့သို့ သောက်သုံးနှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန စစ်တမ်းများအရ သိရသည်။

ပြင်သစ်တွင် နှစ်တစ်ထောင် သက်တမ်းရှိ ရုပ်အလောင်း ပြသမည်

ပါရီ၊ ဒီဇင်ဘာ ၁၂။ နှစ်တစ်ထောင် သက်တမ်းရှိ မပျက်မယွင်း အကောင်းတိုင်း ရှိနေသော မိန်းမ မံမီရုပ်အလောင်းကို ပြင်သစ် နိုင်ငံ လိုင်ယွန် မြို့ရှိ ပြတိုက် တွင် အများ ပြည်သူများ ကြည့်ရှုနိုင်ရန် ပထမဆုံး အနေဖြင့် ပြသတော့မည် ဖြစ်သည်။

ပီရူးနိုင်ငံ လီမာမြို့ အနီး ပတ်ချာကာမတ် ရှေးဟောင်း နယ်မြေတွင် မြုပ်နှံထားခြင်း ခံခဲ့ရသည့် သန္ဓေသား တစ်ဦးကဲ့သို့ ဒူးတုပ်ကာ ကွေးကွေး လေးရှိနေသည့် အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦး၏ မံမီရုပ်အလောင်းကို ယခုလ နှောင်းပိုင်းတွင် ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။

ဗန်းပြဆွေးနွေးပွဲမျိုး မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဗန်းပြဆွေးနွေးပွဲမျိုး မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေနှင့် ဗန်းပြဆွေးနွေးပွဲမျိုးကို မလိုလားသောကြောင့် လေးပွင့်ဆိုင်ဆွေးနွေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တကယ်အရေးကြီးတာက စစ်မှန်တဲ့ ဆွေးနွေးပွဲပါ။ ကျွန်မတို့ ဗန်းပြဆွေးနွေးပွဲများကို လိုချင်တာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲတွင် လူများစွာ ပါဝင်ပါက သဘောထားကွဲလွဲမှု ပိုမိုများပြားနိုင်ပြီး ကနဦး ဆွေးနွေးပွဲများတွင် တစ်ဦးနှင့်တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးပြောဆိုနိုင်ခြင်း မရှိပါက နောက်လာမည့် ဆွေးနွေးပွဲများတွင် အောင်မြင်မှု ရရှိရန် မလွယ်ကူကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

သူမအပါအဝင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုခြင်းသည် အခြားသူများကို ကန့်သတ်ချန်လှပ်လိုခြင်း မဟုတ်ဘဲ ကနဦးတွေ့ဆုံစဉ်တွင် တစ်ဦးနှင့်တစ်ဦး ပွင့်လင်းစွာ ပြောဆိုဆွေးနွေးနိုင်ရန်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“အစမှာက ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် မဆွေးနွေးနိုင်ရင် နောင်ဆက်ပြီးတော့ ဆွေးနွေးဖို့ ထိရောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဆက်ပြီး ပါဝင်တဲ့လူ များရင် သဘောထားတွေ သိပ်ပြီးများလို့ ရှိရင် ကွဲလွဲမှုတွေ များလို့ရှိရင် စပြီးတော့ နားလည်မှုယူဖို့ ဆိုတာက ခက်ခဲတတ်ပါတယ်။ လက်တွေ့ကျကျ ကြည့်ပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးသည် သူမ တောင်းဆိုထားသည့် လေးပွင့်ဆိုင်နှင့် သဘောချင်း မကွာသည့်အတွက် ထောက်ခံကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယနေ့ ပြုလုပ်ခဲ့သည့် အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးသို့ တစ်နိုင်ငံလုံးရှိ အစည်းအဝေး တက်ရောက်ခွင့်ရှိသူ တစ်ရာကျော် တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပါတီနှင့် ပတ်သက်သည့် အစီရင်ခံစာများကို တင်သွင်းဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ ဒေါက်တာလှိုင်မြင့်ဟန်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေနှင့် ဗန်းပြဆွေးနွေးပွဲမျိုးကို မလိုလားသောကြောင့် လေးပွင့်ဆိုင်ဆွေးနွေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တကယ်အရေးကြီးတာက စစ်မှန်တဲ့ ဆွေးနွေးပွဲပါ။ ကျွန်မတို့ ဗန်းပြဆွေးနွေးပွဲများကို လိုချင်တာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

အနည်းဆုံးအခကြေးငွေ အစိုးရတာဝန်ယူမသတ်မှတ်ပေး၍ အလုပ်ရှင်နှင့် လုပ်သားကြား ပြဿနာကြုံနေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော

အလုပ်ရှင်နှင့် အလုပ် သမားများကြား ပြဿနာဖြစ်နေ ရခြင်းမှာ အလုပ်သမားဝန်ကြီး ဌာနက အနည်းဆုံးလုပ်ခနှုန်းထား တာဝန်ယူ မသတ်မှတ်နိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောသည်။

အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ရန် အလုပ်သမားဝန် ကြီးဌာနမှ စာရင်းကောက်နေမှု သည် ၂၀၁၆ တွင် မြို့နယ် အဆင့်သို့ရောက်ရှိမည်ဖြစ်၍ လွှတ် တော်သက်တမ်း ငါးနှစ်ကုန်သွားပြီး ဘာမှ မလုပ်နိုင်မည်ကို စိုးရိမ် ကြောင်း သူရဦးရွှေမန်းက ပြော သည်။

အေးချမ်းသာယာ တိုးတက်သည့် နိုင်ငံအဖြစ် ထူထောင်ချင်ပါက လိုချင်သည်ထက် မည်သို့လုပ်ပေးနိုင်မည်ကို ဗမာတိုင်းရင်းသားများသာမက လူနည်းစုတိုင်းရင်းသားများကလည်း စဉ်းစားရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အေးချမ်းသာယာ တိုးတက်သည့်နိုင်ငံအဖြစ် ထူထောင်ချင်ပါက လိုချင်သည်ထက် မည်သို့လုပ်ပေးနိုင်မည်ကို ဗမာတိုင်းရင်းသား များသာမက လူနည်းစုတိုင်းရင်းသား များကလည်း စဉ်းစားရလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေး၌ ပြောကြားသည်။

နွေရာသီတွင် မကြာခဏ မီးပြတ်တောက်ခြင်း၊ မီးအပြည့်အ၀ မရရှိခြင်းနှင့် ရေအခက်အခဲရှိမှုတို့ကို နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးပါရန် တင်ပြ

မြန်မာနိုင်ငံရှိ စက်မှုဇုန်များတွင် နွေရာသီ၌ မကြာခဏမီးပြတ်တောက်ခြင်း၊ မီးအပြည့်အဝ မရရှိခြင်းနှင့် ရေအခက်အခဲ ရှိမှုတို့ကြောင့် စက်မှုဇုန်များတွင် မီးပုံမှန်ရရှိရေးနှင့် ရေစနစ်တကျ ပေးဝေနိုင်မှုတို့အတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးရန် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ တောင်းဆိုလိုက်သည်။

“နွေရာသီဓာတ်အား ရရှိရေးနဲ့ ပတ်သက်ရင် စက်မှုဇုန်တွေမှာ နွေရာသီမှာ ဓာတ်အားတစ်ယူနစ် ၁၅ဝ အထိ တိုးပေးထားသော်လည်း မီးမကြာခဏ ပြတ်တောက်ခြင်း၊ အချိန်ပိုင်းလောက်သာ လျှပ်စစ်မီးရရှိခြင်း၊ မေ၊ ဇွန် လောက်တွင် ရက်ပေါင်းများစွာ မီးမလာခြင်း ယခုနှစ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ရှေ့နှစ်ကစပြီး နွေရာသီမှာ နေ့ခင်းမီးမဖြတ်ရေး၊ နေ့ခင်းတစ်နေ့ ရှစ်နာရီ မီးရရှိရေး၊ ဆောင်ရွက်ပေးပါရန် စက်မှုဇုန်များကိုယ်စား တင်ပြအပ်ပါတယ်” ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံတွင် တင်ပြတောင်းဆိုခဲ့သည်။

အချင်းချင်းစကားများရာမှ တရားမ၀င်နေထိုင်ကြောင်း ပေါ်ပေါက်၍ မလေးရှားရှိ မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံရှိ တရားမ၀င်မြန်မာလုပ်သားများ ငှားရမ်းနေထိုင်သည့် အိမ်တစ်လုံးတွင် အချင်းချင်း စကားများရန်ဖြစ် သောကြောင့် မလေးရှားရဲတပ် ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာ ထို အိမ်တွင် ငှားရမ်းနေထိုင်သည့် တရားမ၀င်မြန်မာလုပ်သား ၄၀ ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံ၊ ပီနန်မြို့ စွန်ဂိုင်းပသနီရပ်ကွက်ရှိ နေအိမ် တစ်လုံးတွင် ငှားရမ်းနေထိုင်သောတရားမ၀င် မြန်မာလုပ်သား ၄၆ ဦးသည် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ရောက်ရှိလာ ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် ၁၀ ရက်သာ နေထိုင်ရသေး ကြောင်း သိရသည်။

ယာဉ်ကြောကျပ်ခြင်းကို အကြောင်းပြ၍ ခရီးသည်တင်ယာဉ်အချို့ ခရီးစဉ် အဆုံးအထိ မဆွဲ

ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ယာဉ်လိုင်းအချို့ သည် ယာဉ်ကြောကျပ်၊ မီးပွိုင့်မိသည်ကို အကြောင်းပြလျက် ခရီးစဉ်အစ၊ အဆုံးမဆွဲဘဲ ပြုလုပ် နေကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်များတွင် လှည်းတန်းမှတ်တိုင်အထိ ပြေးဆွဲ သောယာဉ်များပါဝင်သကဲ့သို့ ဒညင်းကုန်းမှတ်တိုင်ဂိတ်အထိ သာ ပြေး ဆွဲသော ယာဉ်များလည်း ရှိကြောင်း ခရီးသွားပြည်သူများ က ပြောသည်။

‘‘သူတို့ကားပေါ်တင်တုန်းက ဘယ်အထိရောက်မယ်ဆိုပြီးပြော တင်လေ။ ကိုယ်ကရောက်မယ် ထင် ပြီးတက်စီးတယ်။ ပြီးမှလမ်းပိတ်လို့ ရှေ့ဆက်မသွား တော့ဘူးဆိုပြီးလုပ်တယ်။ ပိုက်ဆံကျတော့ ခရီးစဉ်အစအဆုံး စာယူထားတယ်’’ ဟု (၄၈) မီနီဘတ်စ်ကားစီးသူအချို့ ဆိုသည်။

ရွာသားများသဘောမတူဘဲ ရွာအမည်ပြောင်းခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးကို ထပ်မံဆန္ဒပြ

ကလေးမြို့နယ် တောင် အူကျေးရွာသူ၊ ကျေးရွာသား ၃၀၀ ကျော်က ကျေးရွာအုပ်ချုပ် ရေးမှူးကို အလိုမရှိကြောင်း ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

တောင်အူကျေးရွာနှစ်ခြမ်း ကွဲစေခဲ့သော အုပ်ချုပ်ရေးမှူးကို အလိုမရှိ၊ တောင်အူရွာပြန်လည် ပေါင်းစည်းရေးအောင်ရမည်ဟူ သော ကြွေးကြော်သံများဖြင့် ဒီ ဇင်ဘာ ၁၃ ရက်တွင် ဆိုင်းဘုတ် ၁၄၇ ခုကိုင်ဆောင်ကာ လမ်း လျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။