Wednesday, October 8, 2014

ရုရှား နိုင်ငံတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လေးဦး သေဆုံး

Photo: ရုရှား နိုင်ငံတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လေးဦး သေဆုံး
Wednesday, October 8, 2014

ရုရှားနိုင်ငံ မြောက်ပိုင်းရှိ ကော့ကေးဆပ်စ် ဒေသ၌ အောက်တိုဘာ ၅ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး အခြား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းဒေသ ဂရော့ဇနီမြို့ရှိ ဖျော်ဖြေရေးခန်းမတစ်ခု၏ အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အသေခံ ဗုံးခွဲသမားသည် Gro-zny Day နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ဖျော်ဖြေရေး ပွဲတစ်ခုကို ပစ်မှတ်ထားဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းသည် ဂရော့ဇနီမြို့မှ ဒေသခံလူငယ် တစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
ရုရှားနိုင်ငံ မြောက်ပိုင်းရှိ ကော့ကေးဆပ်စ် ဒေသ၌ အောက်တိုဘာ ၅ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ ဝင် လေးဦး သေဆုံးပြီး အခြား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလ ဆိပ်ခံတံတား နိုဝင်ဘာလ ကုန်တွင် အပြီးသတ်ဖွင့်နိုင်ရန် ရည်ရွယ်ထားဟုဆို

JFE၊ NIPON၊ JICA တို့ ပူးပေါင်းတည်ဆောက်နေသော ဒလဆိပ်ကမ်းတွင်ထားရှိမည့် ကွန်ကရစ် ဘောတံတား အသစ်ကို ဒလသင်္ဘော ကျင်း၌ အောက်တိုဘာ ၇ ရက်က ရေချစမ်းသပ်နေစဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ) 
ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလဆိပ်ခံတံတားကို နိုဝင်ဘာလကုန်တွင် ဖွင့်နိုင်ရန် ရည်ရွယ် ထားသည်ဟု ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပြန်ကြားရေး တာဝန်ခံ မတင်ဇာအောင်က မဇ္ဈိမကို ပြောသည်။

လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်သော နေရာ များတွင် ရွေးကောက်ပွဲ ကျင်းပ ပေးသွားမှာဖြစ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ထားဝယ် တိုင်းရင်းသား ပါတီတို့မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေ လိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်


Photo: ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေ လိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်
Wednesday, October 8, 2014

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးလာရောက်ရန် စီစဉ်ထားရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးရန် လိုသည့် အချက်များကို ဘန်ကောက်မြို့၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) က တိုက်တွန်းချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား သုံးခန့်ရှိနေသည့်အနက် ၁ ဒသမ ၇ သန်းသည် ယာယီနိုင်ငံကူးလက်မှတ် ရရှိထားပြီး လေးသိန်းခွဲခန့်မှာ ထိုင်းနိုင်ငံမှ ထုတ်ပေးသော ယာယီနိုင်ငံကူး လက်မှတ် (ပန်းရောင်ကဒ်) များရရှိထားကာ အထောက်အထားမရှိသူ ငါးသိန်းထက်မနည်း ရှိနိုင်ကြောင်း သိရသည်။

MWRN ၏ တိုက်တွန်းချက်တွင် မြန်မာအစိုးရအနေဖြင့် ပုံမှန်နိုင်ငံကူးလက်မှတ် လုပ်ဆောင်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီး မူလကိုင်ဆောင်နေသော ယာယီနိုင်ငံ ကူးလက်မှတ်ကိုသာ လုံလောက်သောသက်တမ်း တိုးပေးရန်နှင့် လွယ်ကူမြန်ဆန် သော ဗီဇာသက်တမ်းတိုးမှု အစီအစဉ်များ ချမှတ်ပေးရန်၊ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြဌာန်းထားသောဥပဒေများနှင့်အညီ အကျိုးခံ စားခွင့်ရရန်အတွက် ထိုင်းအစိုးရနှင့် အထူးညှိနှိုင်းဆောင် ရွက်ပေးရန်၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့အပေါ် မတရား အမြတ်ထုတ်နေသာ အကျင့်ပျက်ဝန်ထမ်းများ၊ ထိုင်းနှင့် မြန်မာပွဲစားများကို ထိရောက်စွာ အရေးယူပေးရန်၊ ဖမ်းဆီးခံ အလုပ်သမားများကို ပြည်နှင်ဒဏ်ပေးရာတွင် တရားဝင် လမ်းကြောင်းဖြင့်သာ ပြည်နှင်ခြင်း၊ လက်ခံ ခြင်းများပြုလုပ်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏အခက်အခဲများကို ထိရောက်စွာဖြေရှင်းပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် အရည်အချင်းပြည့်ဝသော သံအရာထမ်း၊ အမှုထမ်းများ တိုးချဲ့ခန့်အပ်၍ ကူညီမှုပေးရန်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် လူသတ်မှု၊ ပစ္စည်းခိုးမှု စသောရာဇ၀တ်မှုများတွင် စွပ်စွဲဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရသောအခါတွငလည်း အခြေခံ ရပိုင်ခွင့်ဖြစ်သော ရှေ့နေ၊စကားပြန် စသည့်အထောက်အကူများမရပဲ တရားစီရင်ခံရခြင်းတို့ အပြင် မြန်မာအလုပ်သမားများအနေဖြင့် အသတ်ခံရခြင်း၊ လုယက်ခံရခြင်းတို့ကိုလည်း ကြုံတွေ့နေရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၂ သိန်းကျော် နေထိုင်အလုပ်လုပ်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ကျော်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများသည် ဥပဒေပါပြဌာန်းမှုများအတိုင်း ခံစားခွင့်များမရှိ ဘဲ ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခအဖြစ် သတ်မှတ်ထားသော ဘတ်၃၀၀ကို မရရှိကြပဲ တစ်နေ့လျှင် ဘတ် ၁၂၀ မှ ၁၈၀ ခန့်သာရရှိနေကြောင်း သိရသည်။

Mizzima - News in Burmese 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။ (ဓာတ်ပုံ - အီးပီအေ) 
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။ (ဓာတ်ပုံ - အီးပီအေ) 
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးလာရောက်ရန် စီစဉ်ထားရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရ သမားအခွင့်အရေး ကွန်ရက် (MWRN) က တိုက်တွန်းချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

စပိန်နိုင်ငံမှ ကက်တလန်ဒေသခွဲထွက်ခဲ့ပါက ဘာစီလိုနာအသင်းလည်း လာလီဂါပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်


ကက်တလန်ဒေသသည် စပိန်နိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်သော ဒေသတစ်ခုအဖြစ်ထူထောင်ခွင့် ရရှိပါက ဘာစီလိုနာအသင်းကိုလည်း လာလီဂါပြိုင်ပွဲမှထုတ်ပယ် ရလိမ့်မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြောသည်။

ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှပွဲစဉ်များကို ပြည်ပထွက်ကစားရန် မျက်စိကျလာ

 Photo: ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှပွဲစဉ်များကို ပြည်ပထွက်ကစားရန် မျက်စိကျလာ
Wednesday, October 8, 2014 

အနာဂတ်တွင် ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှ ပွဲစဉ်များကို ပြည်ပထွက်ကျင်းပ ဖွယ်ရှိနေပြီး အမေရိကန်တွင် ကစားရန် လိဂ်တာဝန် ရှိသူများက စိတ်ဝင်စားနေ သည်။

ပြည်ပထွက်ကစားမည့်အစီအစဉ်ကိုအကောင်အထည်ဖော်ရန် အစပျိုးနေပြီဖြစ်သော် လည်း ပရီးမီးယားလိဂ်ကို အားပေးနေသည့် ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များ၏ သဘောထားကိုလည်း လေ့လာဦးမည်ဖြစ်သည်။

ပြီးခဲ့သည့်ရာသီကြိုခြေ စမ်းပွဲကာလတွင် မီယာမီ၌မန်ယူနှင့် လီဗာပူးလ်တို့ ကစားခဲ့ရာ တွင်ပရိသတ် ၅၁၀၁၄ ယောက်လာရောက် ကြည့်ရှုခြင်း၊ မီချီဂန်တွင် မန်ယူ- ရီးယဲ လ်ကစားခဲ့ရာ၌ ပရိသတ် ၁၀၉၃၁၈ ယောက်လာရောက်ကြည့်ရှုခြင်းတို့ကြောင့် ပြည်ပထွက်ကစားပါက ကလပ်အသင်းများ ၏၀င်ငွေမြင့်တက်နိုင်မည့် အခွင့် အရေးရှိနေခြင်းကပရီးမီးယားလိဂ်ထိပ်ပိုင်းတာဝန်ရှိသူများကိုတွန်းအားပေး သကဲ့သို့ဖြစ်နေသည်။ ပြည်ပထွက်ကစား ရန်အမေရိကန်ကိုရွေးပါက နိုဝင်ဘာ နှောင်း ပိုင်း သို့မဟုတ် ဒီဇင်ဘာအစောပိုင်းက အမေရိကန်ပရိသတ်များအတွက် သင့်လျော်ပြီး အပြန်အလှန်အားဖြင့် အဆိုပါအချိန်တွင် အမေရိကန်ဖွတ်ဘောလိဂ်မှ ပွဲစဉ် အချို့ကို ၀င်ဘာလေကွင်းတွင် ကျင်းပမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးပြီးဆုံးပါက အပတ်စဉ် ၃၉ အဖြစ်ဖန်တီးပြီး အပိုပွဲစဉ်များကို ပြည်ပထွက်ကစားမည့်အစီအစဉ်အား လွန်ခဲ့သည့် ခြောက်နှစ်က ပရီးမီး ယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုး တင်ပြခဲ့စဉ်တွင် အပြင်းအထန်ကန့်ကွက်ဝေဖန်ခံခဲ့ရသည်။ သို့ သော်ယခုနှစ်ဘောလုံးရာသီအစပိုင်းတွင် စကူဒါမိုးသည် ၎င်း၏စိတ်ကူးကို တစ်ကျော့ပြန် ပြေဆိုမှုများ ရှိလာခဲ့သည်။ "၂၀၀၈ တုန်းက အသင်း တွေသဘော တူခဲ့ကြပြီး အခုဆိုရင် အသင်းအား လုံးတောင် သဘော တူချင် တူနေနိုင်ပါတယ်။ တစ်ချိန်မှာတော့ ဒါကအကောင်ထည်ပေါ်လာပါ လိမ့်မယ်။ ကျွန်တော်တာဝန်ယူနေတဲ့ ကာလအတွင်းမှာဖြစ် လာမလားဆိုတာတောင် ဘယ်သူ သိနိုင်မလဲ"ဟု စကူဒါမိုးက ပြောသည်။ လက်ရှိ အချိန်တွင် သတ်မှတ်အပတ်စဉ် ၃၈ အတွင်းမှ ပွဲစဉ်များကိုပင် ပြည်ပထွက်ကစားဖွယ်ရှိနေခြင်းဖြစ်သည်။လက်ရွေး စင်အသင်းအတွက် အထောက်အကူဖြစ်စေရန် ဆောင်းရာသီအနားပေးသည့်စနစ်ကိုလည်း စတင်နိုင်ရန် ကြိုးစားနေသည်။

သို့သော် အက်ဖ်အေအနေဖြင့် ယင်းကာလအတွင်ကစားမည့် အက်ဖ်အေဖလားပြန်ကန်ပွဲများ၊ နှစ်ကျော့စနစ်ဖြင့် ကစားရသည့် လိဂ်ဖလားဆီမီး ပွဲများကိုပြန်လည်   ရေးဆွဲရဖွယ်ရှိသည်။ အင်္ဂလန်လက်ရွေးစင်အသင်းစွမ်းဆောင်ရည် ကျဆင်းခြင်းမှာ ခရစ္စမတ်ကာလကို အခြားဥရောပလိဂ်များရပ်နားပြီး ပျော်ရွှင်နေစဉ် အင်္ဂလိပ် ကလပ်အသင်းများ ဆောင်းရာသီအားလပ်ရက်မရသောကြောင့်ဟု မကြာခဏဝေဖန် ခံနေရသည်။

Mizzima - News in Burmese
အနာဂတ်တွင် ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှ ပွဲစဉ်များကို ပြည်ပထွက်ကျင်းပ ဖွယ်ရှိနေပြီး အမေရိကန်တွင် ကစားရန် လိဂ်တာဝန် ရှိသူများ က စိတ်ဝင်စားနေသည်။

ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဆိုကာ ဒေါ်လာသိန်းချီ လိမ်လည်

ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ ဘုရားဖူးများထံမှ အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်း လိမ်လည်ခဲ့သည်ဟု တိုင်ကြားခံရသော ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းရှိ Arrow Lane Travels & Tours ကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဟာဂျီရော်နီ (ခ) ဦးခင်မောင်အေး ကို အောက်တိုဘာလ ၆ ရက်နေ့က လိမ်လည်မှုဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ပရီးမီးယားလိဂ် ဒဏ်ရာရ ကစားသမားစာရင်းတွင် မန်ယူ ဦးဆောင်


ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း ၂၀ တွင် မန်ယူအသင်းသည် ဒဏ်ရာရကစားသမား အများဆုံးအသင်းအဖြစ် ဦးဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲဗာတန် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သောပွဲစဉ်တွင် လူငယ်နောက်ခံ ကစားသမား ပက်ဒီမက်နဲ တံကောက်ကြော ဒဏ်ရာရရှိ ပြီးနောက်တွင် မန်ယူ၏အဓိကစားသမား ဒဏ်ရာရစာရင်းမှာ ကိုးဦးအထိရှိသွားပြီဖြစ်သည်။ ပက်ဒီမက်နဲ ဒဏ်ရာရရှိခဲ့ခြင်းသည် လုခ်ရှော(ဒူး)၊အီဗန်(ခြေကျင်းဝတ် )၊ ဖေးလ်ဂျူံးစ်(တံကောက်ကြော)၊ စမောလင်(ပေါင်) တို့ ဒဏ်ရာရရှိနေသည့် မန်ယူနောက်တန်းအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်လာခဲ့သည်။

B4 ရဟတ်ယာဉ်ပေါ်ပါ ထိုင်းလေယာဉ်မှူးကို တွေ့ပြီး၊ မြန်မာလေယာဉ်မှူး လည်း တောထဲရှိ ဂူတစ်ခုတွင်ရှိနေ

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ရက် နံနက်တွင် ပြန်လည်တွေ့ ရှိပြီဖြစ်ပြီး မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးကိုနှင့်လည်း GPS အရ တောအုပ်ထဲက ဂူတစ်ခုတွင် ရှိကြောင်း ထူးဖောင်ဒေးရှင်း ၏ ပြန်ကြားရေး တာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။

ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မှာစိုးရိမ်၊ တိုက်ပွဲများ ထပ်ဖြစ်မလာစေရေး ပြတ်ပြတ်သားသား တားဆီးသွားမည်ဟုဆို

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်းကို 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ မိုင်းလား အထူးဒေသ(၄) အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းပြီး အောက်တိုဘာ ၅ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။

ဗျောက်အိုး နှင့် မီးရှုးမီးပန်းများရောင်းချနေသူများကို ဖမ်းဆီးအရေးယူ

၇.၁၀.၂၀၁၄ရက်နေ့ ၂၀၃၀အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ ပီမိုးနင်း လမ်းဘေးတွင် ဗျောက်အိုးနှင့် မီးရှုးမီးပန်းများရောင်းချ နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေဖမ်းဆီး အရေးယူခဲ့ ပါသည်။

ပြည်သူ့ ဆေးရုံများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည်

Photo: ပြည်သူ့ ဆေးရုံများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည်
Wednesday, October 8, 2014

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကင်ဆာရောဂါ ဖြစ်နေ သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်
ပြည်သူ့ဆေးရုံကြီးများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် ထံမှ သိရသည်။ ''ယခုအခါ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ဆေးပညာ မဟာဘွဲ့ ရရှိပြီးသူများကို ဗဟိုအဆင့် ဆေးရုံကြီးများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများမှာ တာဝန် ချထားပေးပါတယ်။

 ဒေသ အသီးသီးမှာရှိတဲ့ ကင်ဆာရောဂါ ဝေဒနာရှင်များကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုပြီး အားဖြည့် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောသည်။ အဆိုပါ ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ Linear Acceleration အသစ် ထပ်မံ တပ်ဆင်ခြင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် စဝ်စံထွန်း ပြည် သူ့ ဆေး ရုံကြီး ၌ Linear Acceleration အသစ် တစ်လုံးစီ တပ်ဆင်ခြင်းများ ဆောင် ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ ပြည်သူ့ဆေးရုံကြီးများ၌လည်း ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ် များကို တိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်
မြ၀တီ
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကင်ဆာရောဂါ ဖြစ်နေ သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက် မှုများ ပေးနိုင် ရန် ပြည်သူ့ဆေးရုံကြီးများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် ထံမှ သိရသည်။ ''ယခုအခါ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ဆေးပညာ မဟာဘွဲ့ ရရှိပြီးသူများကို ဗဟိုအဆင့် ဆေးရုံကြီးများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများမှာ တာဝန် ချထားပေးပါတယ်။

တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ ၁၃ရက် နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းမည်

Photo: တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ ၁၃ရက် နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းမည်
Wednesday, October 8, 2014 

တယ်လီ နောမှဆင်းမ်ကတ်များကို အောက်တို ဘာ ၁၃ရက်နေ့ နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ် များကို ရန်ကုန်၌ စတင်ရောင်းချနိုင် ရန်အတွက် နက်ဝေါ့ခ်ပိုင်း နောက်ဆုံး အဆင့် စစ်ဆေးနေပြီး တာဝါတိုင် အရေအတွက်နှင့် လိုက်၍ ဝန်ဆောင် မှုပေးနိုင်ရန် အပြီးသတ်ပြင်ဆင် ဆောင်ရွက်လျက်ကြောင်း ဆိုင်ပေါင်း တစ်ထောင်ဝန်းကျင်၌ ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။

တယ်လီနော(မြန်မာ)မှ တာဝန် ရှိသူတစ်ဦးက ''အဓိကက ကတ်တွေ ရောင်းတာ နဲ့ တစ်ပြိုင်နက်တည်း အသုံး ပြုနိုင်အောင် နက်ဝေါ့ခ်ပိုင်းတွေ စစ် ဆေးနေပါ တယ်၊ ရန်ကုန်မှာသုံးမယ့် သူတွေများမှာဆိုတော့ အဆင်သင့် ဖြစ်အောင် လုပ်နေတဲ့သဘောပါ၊ ကျွန် တော်တို့ရန်ကုန်မှာ ရောင်းမယ့်နေ့ကို ရက်အတိအကျ ထုတ်ပြန်မှာပါ၊ ဒါကြောင့် မန္တလေးမှာရောင်းပြီး နှစ်ပတ်အတွင်း လို့ ကြေညာထားတာ ပါ'' ဟု ပြောသည်။

ယင်းအော်ပရေတာမှ ဆင်းမ် ကတ်များကို မည်သည့်ဂျီအက်စ် အမ်ဟန်းဆက် တွင် မဆို ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆို ခြင်းအပြင် အင်တာနက် တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်ကာ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခြင်းများကို ပါ ပြုလုပ်နိုင် ကြောင်း သိရသည်။

ယင်းသို့ တယ်လီနောမှ ကျပ် ၁၅ဝဝဖြင့် ရောင်းချသော်လည်း ဝယ် ယူသူများပြား သဖြင့် မန္တလေးနှင့်နေ ပြည်တော်တွင် စတင်ရောင်းချချိန်၌ ကျပ်ငါးထောင်ပေါက်ဈေးဖြင့်ပြန် လည် ရောင်းချမှုများရှိခဲ့သည်ဟု သိရသည်။

ဖုန်းခေါ်ဆိုခနှုန်းထားများကို မည်သည့်အော်ပရေတာထံ ခေါ်ဆို သည်ဖြစ်စေ တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး SMS တစ်စောင် လျှင် ၁၅ ကျပ်ဟု သတ်မှတ်ထား သည်။

ယင်းဖုန်းသုံးစွဲသူများ အတွက် ကျပ်တစ်ထောင်တန် ငွေဖြည့်ကတ် ဖြည့်သွင်း ပါက အခမဲ့ဖုန်းခေါ်ဆိုခွင့် ၁၅ မိနစ်နှင့် အင်တာနက် 15 MB၊ ကျပ် ၃ဝဝဝ ငွေဖြည့်သွင်းပါက မိနစ် ၃ဝ ဖုန်းခေါ်ဆိုခွင့်နှင့် အင်တာနက် 30 MB၊ ကျပ် ၅ဝဝဝ ငွေဖြည့်သွင်း ပါက ဖုန်းခေါ်ဆိုခွင့်မိနစ် ၆ဝ နှင့် အင်တာနက် 60 MB၊ ကျပ်တစ်သောင်း တန် ငွေဖြည့်သွင်းပါက မိနစ် ၁၂ဝ နှင့်အင်တာနက် 120 MB အခမဲ့ အသုံးပြုခွင့် ပေးသွားမည်ဖြစ်သည် ဟု သိရသည်။

PPT
Yangon Media Group
တယ်လီ နောမှဆင်းမ်ကတ်များကို အောက်တို ဘာ ၁၃ရက်နေ့ နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ် များကို ရန်ကုန်၌ စတင်ရောင်းချနိုင် ရန်အတွက် နက်ဝေါ့ခ်ပိုင်း နောက်ဆုံး အဆင့် စစ်ဆေးနေပြီး တာဝါတိုင် အရေအတွက်နှင့် လိုက်၍ ဝန်ဆောင် မှုပေးနိုင်ရန် အပြီးသတ်ပြင်ဆင် ဆောင်ရွက်လျက်ကြောင်း ဆိုင်ပေါင်း တစ်ထောင်ဝန်းကျင်၌ ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှု ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မြန်မာ သံရုံးအဖွဲ့ တွေ့ဆုံ မေးမြန်းခွင့် ရပြီ

Photo: လိပ်ကျွန်းလူသတ်မှု ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မြန်မာ သံရုံးအဖွဲ့ တွေ့ဆုံ မေးမြန်းခွင့် ရပြီ
Wednesday, October 8, 2014 

ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ်မှာ တွေ့ဆုံခွင့် ပြုပါတယ်။

ဒီတွေ့ဆုံပွဲဟာ ဒီအမှုနဲ့ ပတ်သက်လို့ ဘာသာပြန်လည်းလုပ်ပြီး ရိုက်နှက်ရာမှာ ပါတယ်လို့ စွပ်စွဲခံရသူတဦးဖြစ်တဲ့ ကိုသားကြီးခေါ် ကိုအောင်ကိုဦးနဲ့ ရဲမှူးကြီးတဦးရှေ့မှာ ၂ နာရီကျော်ကြာ မေးမြန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တမြန်နေ့က ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်ကို ရဲက ပယ်ချခဲ့ပြီး မနေ့ကတော့ အခင်းဖြစ်တဲ့ကျွန်းကို သွားရောက်ကြည့်ရှု့ပြီး မေးမြန်းစုံစမ်း မှတ်တမ်း ရယူခဲ့ပါတယ်။

မနေ့ညနေက အခင်းဖြစ်ရာကျွန်းကနေ ကော့စမွီကို ပြန်ရောက်ပြီး ဒီနေ့ မနက်မှာ မူလ တွေ့ဆုံခွင့်တောင်းထားတဲ့ ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ ထိုင်းရဲဘက်က စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

[Source: DVB -http://burmese.dvb.no/archives/67186]

Credit to Hmuu Zaw Facebook
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ် မှာ တွေ့ဆုံ ခွင့် ပြုပါတယ်။

အနိမ့်ဆုံး လုပ်အားခတွင် ထပ်ဆောင်းငွေများ မထည့်ရန် ဆွေးနွေး တောင်းဆိုမည်

Photo: အနိမ့်ဆုံး လုပ်အားခတွင် ထပ်ဆောင်းငွေများ မထည့်ရန် ဆွေးနွေး တောင်းဆိုမည်
Wednesday, October 8, 2014

အနိမ့်ဆုံးလစာ သတ်မှတ်ချက်တွင် ထပ်ဆောင်းငွေများ မထည့်သွင်းရန် အောက်တိုဘာ ၁၀ ရက် နေပြည်တော်တွင် ပြုလုပ်မည့် အနိမ့်ဆုံးလုပ်အားခ၊ လစာ သတ်မှတ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု အနည်းဆုံး အခကြေးငွေသတ်မှတ်မှုကော်မတီအဖွဲ့ဝင်  အလုပ်သမားကိုယ်စား လှယ် ကိုနော်အောင်က မဇ္ဈိမကို ပြောသည်။

အလုပ်သမားများ၏ လုပ်ခလစာနဲ့ နစ်နာကြေးကိစ္စ ဖြေရှင်းရန် အလုပ်သမား ညွှန်ချုပ်နှင့် ညှိနှိုင်းရာမှ ရဲများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ခြင်းအား စက်ရုံရှေ့တွင် ရှင်းပြနေခြင်းဖြစ်သည်။

ထပ်ဆောင်ငွေများဖြစ်သည့် ရက်မှန်ကြေး၊ အပိုထောက်ပံ့ကြေး၊ အပိုချိန်ကြေးနှင့် ရှားပါးစရိတ်များကို မထည့်သွင်းရန် အလုပ်မားတို့က လိုလားနေခြင်းဖြစ်သည်။

 “စက်ရုံ အလုပ်ရုံတွေမှာ ထပ်ဆောင်းငွေတွေဖြစ်တဲ့ ရက်မှန်ကြေးတွေ ပေါင်းပြီး ခုနှစ်သောင်းလောက်ရတာ။ အလုပ်ပျက်တာနဲ့ တစ်ခါဖြတ်တောက်လိုက်တော့ အလုပ်သမားတွေ လစာအပြည့် မရကြဘူး” ဟု ကိုနော်အောင်က ပြောသည်။

အနိမ့်ဆုံးလုပ်အားခ လစာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအမီ သတ်မှတ်ရန်နှင့် စက်တင်ဘာလ ပထမပတ်အတွင်း စတင်ကောက်ယူခဲ့သည့် လုပ်အားခ၊ လစာ သတ်မှတ်ရေး စစ်တမ်းပါ အချက်များကိုလည်းထည့်သွင်း ဆွေးနွေးကြမည်ဖြစ်သည်။

စစ်တမ်းကို တစ်လအတွင်း ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်ရှိသည့် မြို့နယ် ၁၄ ခုနှင့် အခြားပြည်နယ် နှင့် တိုင်းများအတွင်းရှိ စံပြရပ်ကွက်(သို့မဟုတ်)ကျေးရွာ သုံးခုတို့တွင် ကောက်ခံလျက်ရှိသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် တိုင်းနှင့် ပြည်နယ်အလိုက် ကုန်ကျစရိတ်မတူညီခြင်းကြောင့် နေရာဒေသအလိုက် သတ်မှတ်ခြင်း (သို့မဟုတ်) တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်မည်လားစသည့် မေးခွန်းပေါင်းများစွာ အဖြေရှာရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း ကိုနော်အောင်က ပြောသည်။

Mizzima - News in Burmese 

လှိုင်သာယာမြို့နယ် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမားများကို ရှေ့၌ စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လှိုင်သာယာမြို့နယ် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမားများကို ရှေ့၌ စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အနိမ့်ဆုံးလစာ သတ်မှတ်ချက်တွင် ထပ်ဆောင်းငွေများ မထည့်သွင်းရန် အောက်တိုဘာ ၁၀ ရက် နေပြည်တော်တွင် ပြုလုပ်မည့် အနိမ့်ဆုံး လုပ်အားခ၊ လစာ သတ်မှတ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု အနည်းဆုံး အခကြေးငွေသတ်မှတ်မှုကော်မတီ အဖွဲ့ဝင်  အလုပ်သမားကိုယ်စား လှယ် ကိုနော်အောင်က မဇ္ဈိမကို ပြောသည်။

ထိုင်းရဟတ်ယာဉ်မှူးကို ပြန်တွေ့၊ မြန်မာရဟတ်ယာဉ်မှူးကို ရှာဖွေဆဲ

B4 ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ ရက်က တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ကို ယနေ့ နံနက်တွင် ပြန်လည်တွေ့ရှိကာ ၎င်းကို ရ၀မ်လူမျိုးများက ခေါ်ဆောင်လာကြောင်း ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးမှူး တာဝန်ခံ ကိုဘိုထွန်းက ပြောသည်။

ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ Lord Puttnan ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံလာမည်

Photo: ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ Lord Puttnan ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံလာမည်
Wednesday, October 8, 2014

ကမ္ဘာ ကျော်ရုပ်ရှင်ဇာတ်ကားများကို ထုတ် လုပ်ခဲ့သူ Lord Puttnan သည် ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ကြောင်း သိရသည်။

Lord Puttnan သည် မြန်မာ နိုင်ငံသို့ ယခုရက်ပိုင်းအတွင်း ရောက် ရှိမည်ဖြစ်ပြီး ဗြိတိသျှကောင်စီနှင့် UK Trade and Investment တို့ မှပူးပေါင်းစီစဉ်သည့် Putting Culture at The Heart of Public Policy အမည်ဖြင့်ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီ၏ ထုတ်ပြန်ချက် အရသိရသည်။

ယင်းဆွေးနွေးပွဲကို အောက် တိုဘာ ၇ရက်နေ့ နံနက် ၉နာရီခွဲ တွင် ရန်ကုန်မြို့ရှိ UMFCCI ရုံးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မည်သူမဆို အဆိုပါဆွေးနွေးပွဲသို့ တက်ရောက် နိုင်ကြောင်းသိရသည်။

Lord Puttnan သည် The Killing field, The Mission, Local Hero, Midnight Express, Bugsy Malone အစရှိသည့် ကမ္ဘာ ကျော်ရုပ်ရှင်ကား များကို ထုတ်လုပ် ခဲ့ပြီး ယင်းထုတ်လုပ်ခဲ့သည့်ရုပ်ရှင် ကားများမှ အော်စကာစု ၁ဝဆုအ ပါအဝင် အခြားရုပ်ရှင်ဆုများစွာရရှိ ခဲ့ပြီး ၁၉၉၈ခုနှစ်တွင် ရုပ်ရှင်လော ကမှ အနားယူ ခဲ့သူဖြစ်ကာ မြန်မာ၊ ဗီ ယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံ များ အတွက် ဗြိတိသျှဝန်ကြီး ချုပ်၏ Trade Envoy အဖြစ်ခံ အပ်ခြင်းခံထား ရသူဖြစ်သည်။

Yangon Media Group
ကမ္ဘာ ကျော်ရုပ်ရှင်ဇာတ်ကားများကို ထုတ် လုပ်ခဲ့သူ Lord Puttnan သည် ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ကာလတန်ဖိုး သတ်မှတ်ချက် နှစ်ဆကျော်မြင့်တက်

Photo: အိမ်ခြံမြေ ကာလတန်ဖိုး သတ်မှတ်ချက် နှစ်ဆကျော်မြင့်တက်
Wednesday, October 8, 2014

ရန်ကုန်အိမ်ခြံမြေ ဝယ်ယူ၊ ရောင်းချခြင်းများမှ အခွန်ကောက်ခံစိစစ်ရန် အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ရန်ကုန် အိမ်ခြံမြေ ကာလတန်ဖိုး ဈေးနှုန်းအသစ်များသည် ပြီးခဲ့သည့်နှစ်နှုန်းထားများထက် ၃၀ ရာခိုင်နှုန်းမှ နှစ်ဆကျော်အထိ မြင့်တက်ခဲ့သည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ နေအိမ်အဆောက်အုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - လွင်မောင်မောင်၊ မဇ္ဈိမ) ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ တစ်ပေပတ်လည် မြေကွက်နှုန်းများကို ယခင် ကျပ်နှစ်သိန်းလေးသောင်းမှ ယခု ကျပ်သုံးသိန်းသို့ တိုးမြှင့်သတ်မှတ်ထားသည်။

မြို့တွင်းမြို့နယ်များတွင် ယခင်နှုန်း ထားများထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး အခြားမြို့နယ်များနှင့် မြို့ပြင်ဧရိယာများမှာ ယခင်သတ်မှတ်နှုန်းများထက် နှစ်ဆကျော် တိုးမြှင့်သတ်မှတ်ထားမှုများရှိသည်။ လမ်းမတန်းနှင့် အချက်အချာကျသည့်နေရာများတွင် ဈေးနှုန်းတိုးမြှင့်သတ်မှတ်ထားပြီး ရပ်ကွက်တွင်း လမ်းများမှာ ယခင်ဈေးနှုန်းနှင့် ကွာဟမှုအနည်းငယ်သာရှိသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်များဖြစ်သည့် လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန် တောင်နှင့် ကျောက် တံတားမြို့နယ်များရှိ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်း၊ ကုန်သည် လမ်း၊ ဗိုလ်ချုပ်လမ်း စသည့်လမ်းမတန်းများသည် တစ်ပေပတ်လည်မြေကွက်နှုန်းမှာ ယခင် ကျပ် ၂၄၀,၀၀၀ မှ ကျပ်သုံးသိန်းသို့ တိုးမြှင့်သတ်မှတ်ထားသည်။

ဒဂုံမြို့နယ်တွင် ပြည်လမ်းမကြီးနှင့် ဗဟန်းမြို့နယ်၌ ကမ္ဘာအေးစေတီလမ်း၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းများရှိ တစ်ပေပတ် လည်မြေကွက်များကို ကျပ် ၃၂၅,၀၀၀ မှ ကျပ်လေးသိန်းအထိ တိုးမြှင့်သတ်မှတ်ထားပြီး ယင်း မြို့နယ်များရှိ ယောမင်းကြီးလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းများကို ယခင် ကျပ် ၂၇၅,၀၀၀ မှ ယခုသတ်မှတ် ချက်တွင် ကျပ် ၃၃၀,၀၀၀ အထိ တိုးမြှင့်ထားကာ အတွင်း လမ်းများကို အနိမ့်ဆုံး ကျပ် ၁၅၀,၀၀၀ - ၁၈၀,၀၀၀ အထိ သတ်မှတ်ထားသည်။

တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်း ကျွန်း၊ တောင်ဥက်္ကလာပ၊ အင်းစိန်နှင့် အလုံ မြို့နယ်များရှိ လမ်းမ တန်းများသည် ယခင် ကျပ်တစ်သိန်းကျော်မှ နှုန်းထားသစ်အရ ကျပ်နှစ်သိန်းမှ နှစ်သိန်းခွဲအထိ နှစ်ဆကျော် ခန့် တိုးမြှင့်သွားပြီး အတွင်းလမ်းများသည် ယခင်နှုန်းထားထက် အနည်းငယ်သာ မြင့်တက်ခဲ့ကာ ကျပ် ၅၀,၀၀၀ ၀န်းကျင် သတ်မှတ်ထားသည်။

မရမ်းကုန်း၊ စမ်းချောင်း၊ လှိုင်နှင့် ကမာရွတ်မြို့နယ်များရှိ အချက်အချာကျသည့် လမ်းမများ၌ ယခင်နှုန်းထား ကျပ် ၂၇၀,၀၀၀ ၀န်းကျင်မှ ကျပ်လေးသိန်းအထိ၊ အခြား လမ်းများတွင် ကျပ် ၇၀,၀၀၀ အထိ ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ထားကာ ယင်းမြို့နယ်များရှိ အတွင်းလမ်းမများ၌ ယခင် နှုန်းထားများနှင့် ကွာဟမှုမရှိပေ။

မြေအရောင်းအဝယ် အများဆုံးပြုလုပ်လေ့ရှိသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပဲခူးမြစ်လမ်း၊ ရတနာလမ်းများရှိ မြေတစ်ကွက်လျှင် ယခင် ကျပ်သိန်း ၁၃၀ မှ ၃၀၀အထိ နှစ်ဆ ကျော်တိုးမြှင့်ထားကာ အတွင်းလမ်းများမှာ ဈေးနှုန်းကွာဟမှု အနည်းငယ်သာရှိသည်။

ရွှေပြည်သာ၊ ဒဂုံတောင်/မြောက်/ အရှေ့မြို့နယ်များရှိ စက်မှုဇုန်များနှင့် လမ်းမများတွင် တစ်ကွက်လျှင် ကျပ် သိန်း ၉၀၀ ၀န်းကျင်မှ ၁၂၀၀ အထိ ဈေးနှုန်များ သတ်မှတ်ထားပြီး လှိုင်သာယာစက်မှုဇုန်မြေ တစ် ကွက်လျှင် ကျပ်သိန်း ၁,၄၅၀မှ ၁၉၀၀ အထိ တိုးမြှင့်ထားသည်။ ကျန်မြို့နယ်များရှိ လမ်းမတန်းများတွင် ယခင်နှုန်းထားထက် ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းတိုးမြှင့်ထားသည်။

တိုက်ခန်းများ ရောင်းဝယ်ခြင်းကို မြို့တွင်း ခြောက်မြို့နယ်နှင့် စမ်းချောင်း၊ ဗဟန်း စသည့်မြို့နယ်များတွင် မြေညီထပ် တစ်ပေ ပတ်လည်လျှင် အနည်းဆုံး ကျပ် ၆၀,၀၀၀ ကျော်၊ ရန်ကင်း၊ သင်္ဃန်းကျွန်းတို့တွင် ကျပ် ၄၅,၀၀၀ ကျော်၊ မြောက်ဥက်္ကလာပ၊ သာ ကေတတို့တွင် အနည်းဆုံး ကျပ် ၂၀,၀၀၀ ကျော် သတ်မှတ်ထား သည်။

ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးနယ်နိမိတ်အတွင်း မြို့နယ်များ သတ်မှတ်ပေးခဲ့ပြီး ယခုနှစ်တွင် စည်ပင်ဧရိယာ ပြင်ပမြို့နယ် များကိုလည်း စတင်သတ်မှတ်ပေးထားသည်။

Mizzima - News in Burmese
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ နေအိမ်အဆောက်အုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - လွင်မောင်မောင်၊ မဇ္ဈိမ)
ရန်ကုန်အိမ်ခြံမြေ ဝယ်ယူ၊ ရောင်းချခြင်းများမှ အခွန်ကောက်ခံစိစစ်ရန် အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ရန်ကုန်အိမ်ခြံမြေ ကာလ တန်ဖိုး ဈေးနှုန်းအသစ်များသည် ပြီးခဲ့သည့်နှစ်နှုန်းထားများထက် ၃၀ ရာခိုင်နှုန်းမှ နှစ်ဆကျော်အထိ မြင့်တက်ခဲ့သည်။

ရော်နယ်လ်ဒိုကို ရီးယဲလ်တွင် ဆက်ရှိနေစေလိုကြောင်း ဘေးလ်ဖွင့်ဟ

Photo: ရော်နယ်လ်ဒိုကို ရီးယဲလ်တွင် ဆက်ရှိနေစေလိုကြောင်း ဘေးလ်ဖွင့်ဟ
Wednesday, October 8, 2014

ရီးယဲလ်မက်ဒရစ် အသင်းမှ ခရစ္စတီယာနို ထွက်ခွာသွားသည်ကို မလိုလားကြောင်း ဂါရတ်သ်ဘေးလ်က ထုတ်ဖော် ပြောကြားခဲ့သည်။
 
ရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ၎င်း၏ (၂၂)ကြိမ်မြောက် လာလီဂါ Hat-Trick စံချိန်ကို ရရှိခဲ့ပြီးနောက် ရီးယဲလ် ဂန္ထဝင်ဟောင်း အယ်လ်ဖရက်ဒို ဒီစတီဖာနိုနှင့် အက်သလက်တီကို ဘီလ်ဘာအို တိုက်စစ်မှူးဟောင်း တယ်လ်မို ဇာရာတို့၏ စံချိန်နှင့် တူညီစွာ ရပ်တည်နိုင်ခဲ့သည်။ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်သည် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်သို့ ပြန်လည် ကူးပြောင်းနိုင်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသော်လည်း ဘေးလ်ကမူ ရော်နယ်လ်ဒိုကို ဘာနေဗျူးတွင်သာ ဆက်ရှိစေလိုကြောင်း ဆိုသည်။
 
ဝေလ လက်ရွေးစင် တောင်ပံလူ ဘေးလ်က “ရော်နယ်လ်ဒိုဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ပါ။ တစ်နှစ်ပြီးတစ်နှစ် ဂိုးသွင်းစွမ်းရည် ပိုပိုပြီး ထက်မြက်လာနေတဲ့သူ ဖြစ်ပါတယ်။ သေချာပါတယ်။ သူ့လို ကစားသမားမျိုးကို ဘယ်ရီးယဲလ် အသင်းသားမှ ထွက်ခွာမသွားစေချင်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း သူ့ကို ရီးယဲလ်မှာပဲ ဆက်နေစေချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ သတင်းအချို့က ယူနိုက်တက်သည် ဘေးလ်ကိုလည်း ရော်နယ်လ်ဒိုနည်းတူ ပစ်မှတ်ထားနေကြောင်း ခန့်မှန်း ဖော်ပြခဲ့သည်။
 
ယခုရာသီ ဘေးလ်၏ စွမ်းဆောင်ရည်ပိုင်းနှင့် ပတ်သက်၍ ရီးယဲလ် ပရိသတ် အချို့က မပျော်မရွှင် ဖြစ်နေသည့်နောက် ယူနိုက်တက်က အခြေအနေကို စောင့်ကြည့်နေခြင်းဟု ဆိုသည်။ သို့သော်လည်း ဘေးလ်က ၎င်းကိုယ်တိုင် ရီးယဲလ်မှ ထွက်ခွာရန် စိတ်ကူးမရှိဟု ဖြေရှင်းခဲ့သည်။ “ကျွန်တော်က အသင်းနဲ့ (၆)နှစ် စာချုပ်ထားတာပါ။ ဒီစာချုပ်အပြင် တခြားဘာကိုမှ စဉ်းစားမနေပါဘူး”ဟု အသက်(၂၅)နှစ်အရွယ် ကစားသမားက ပြောကြားသွားသည်။

Soccer Myanmar
ရီးယဲလ်မက်ဒရစ် အသင်းမှ ခရစ္စတီယာနို ထွက်ခွာသွားသည်ကို မလိုလားကြောင်း ဂါရတ်သ်ဘေးလ်က ထုတ်ဖော် ပြောကြားခဲ့သည်။
Photo: အစဉ်အလာကောင်းကို ထိန်းသိမ်းရမယ့်မြန်မာယူ-၁၉အသင်း
Wednesday, October 8, 2014

မြန်မာနိုင်ငံကနေ ပထမဆုံးအကြိမ်ကျင်းပ မယ့် အာရှယူ-၁၉ပြိုင်ပွဲကြီးက တော့ ကျင်းပဖို့ တစ်ရက်သာလိုတော့ပါတယ်။ 

ဒီတစ်ကြိမ်ကျင်း ပတာ ဟာ(၃၈)ကြိမ်မြောက်ဖြစ်ပြီး ပထမဆုံးအကြိမ်အာရှ ယူ-၁၉ပြိုင်ပွဲကိုတော့ ၁၉၅၉ခုနှစ်မှာမလေးရှားနိုင်ငံ က စတင်ကျင်းပခဲ့တာပါ။ ပထမဆုံးအကြိမ်ပြိုင်ပွဲမှာ အသင်း ကိုးသင်းဝင်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းလည်းပါဝင်ခဲ့ပါ တယ်။ အဲဒီတုန်းကမြန်မာအသင်းဟာ သီရိလင်္ကာကို ၆-၄ ဂိုး၊ စင်ကာပူကို ၇-၅ဂိုး၊ ဖိလစ်ပိုင်ကို ၁ဝ-၁ဂိုးတွေနဲ့အနိုင် ရခဲ့ပြီး ထိုင်းနဲ့တစ်ဂိုးစီသရေကစားကာ အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့နောက်ဆုံးအဆင့် မှာတော့ ဟောင်ကောင်ကို ၁-၂ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့နောက်ဆုံး လေးသင်း စာရင်းထဲတော့မဝင်ခဲ့ ပါဘူး။

ဒုတိယအအောင်မြင်ဆုံးအသင်း
***********************************
မြန်မာယူ-၁၉အသင်း ဟာပြိုင်ပွဲစတင်တဲ့ ၁၉၅၉ခုနှစ် ကနေ ထိုင်းနိုင်ငံမှာကျင်းပတဲ့ ၁၉၇၆ခုနှစ်ပြိုင်ပွဲအထိ ဘားမား အမည်နဲ့ နှစ်စဉ်ဝင်ပြိုင်ခဲ့ပါတယ်။ 

တတိယ အကြိမ်မြောက်ကျင်းပတဲ့ ၁၉၆၁ပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ ဗိုလ်လုပွဲမှာအင်ဒိုနီးရှားအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့်ပူးတွဲချန်ပီယံအဖြစ် ပထမဆုံးအ ကြိမ်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ၁၉၆၃၊ ၁၉၆၄၊ ၁၉၆၆၊ ၁၉၆၉ ခုနှစ်တွေမှာ ပူးတွဲချန်ပီယံအဖြစ် ဆက်လက် အောင်ပွဲခံနိုင်ခဲ့ပြီး ၁၉၆၈နဲ့ ၁၉၇ဝပြည့်နှစ်တွေမှာတော့ ချန်ပီယံအဖြစ်သီးသန့်ရပ်တည်နိုင်ခဲ့ပါတယ်။ 

လက်ရှိအ ချိန်မှာတော့ မြန်မာအသင်းဟာ(၁၂)ကြိမ်ချန်ပီယံရရှိထား တဲ့ တောင်ကိုရီးယားအသင်းပြီးရင် ချန်ပီယံခုနစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ တတိယနှစ်ကြိမ်နဲ့ ဒုတိယအအောင်မြင် ဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးထားပါတယ်။

နှစ်၃ဝနီးပါးအကြာမှတစ်ကျော့ပြန်ယှဉ်ပြိုင်ခွင့်ရ
****************************************************
တကယ်တော့ အာရှယူ-၁၉ပြိုင်ပွဲမှာ မြန်မာအ သင်းကခုနစ်ကြိမ်ရရှိကာ ဒုတိယအအောင်မြင်ဆုံးအသင်း အဖြစ်ရပ်တည်နေပေမယ့် ဒီပြိုင်ပွဲနဲ့ဝေးကွာနေတာကတော့ နှစ်ပေါင်း ၃ဝနီးပါးရှိနေပါပြီ။

မြန်မာအသင်းဟာ ထိုင်းနိုင်ငံ မှာကျင်းပတဲ့ ၁၉၇၆ခုနှစ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့် ကိုတက်ရောက်ခဲ့ပြီးနောက်ပိုင်း ၁၉၉၈ခုနှစ်ပြိုင်ပွဲ အထိဝင် ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပါဘူး။ ၂ဝဝဝပြည့်နှစ်နဲ့ ၂ဝဝ၂ ခုနှစ်ပြိုင်ပွဲတွေမှာ ပြန်လည်ယှဉ်ပြိုင်ခဲ့ပေမယ့်ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။

၂ဝ၁၄အာရှယူ-၁၉ပြိုင်ပွဲ
****************************
မြန်မာအသင်းဟာ၂ဝ၁၄ခုနှစ်ပြိုင်ပွဲမှာတော့ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရခဲ့လို့ ခြေစစ်ပွဲကစားစရာမလို တော့ဘဲတိုက်ရိုက်ဝင်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 

''မြန်မာ အသင်းအနေနဲ့အိမ်ရှင်ဖြစ်နေလို့သာ ဝင်ပြိုင်ခွင့်ရတာပါ။ ဒီပြိုင်ပွဲမှာဝင်ပြိုင်ခွင့်ရခဲ့တဲ့အသင်းတွေဆိုတာကလဲ တကယ့် အသင်းကောင်းတွေဖြစ်လို့ မြန်မာပရိသတ်တွေအနေနဲ့ပွဲ တိုင်းကို အလွယ်တကူအနိုင်ရမယ်လို့တွေးမထားသင့်ပါ ဘူး''ဟု ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကဆိုပါ တယ်။

မြန်မာအသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ယီမင်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိုင်း၊ အီရန်တို့လိုအသင်းကောင်းတွေ နဲ့ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်လို့ အကောင်းဆုံးခြေစွမ်း ကိုပိုင်ဆိုင်ထားဖို့လိုအပ်ပါလိမ့်မယ်။

လက်မှတ်ရောင်းချမှု
**********************
အာရှယူ-၁၉ပြိုင်ပွဲရဲ့လက်မှတ်ဈေးနှုန်းတွေကို အထူးတန်းကျပ်၅ဝဝဝ၊ ရိုးရိုးတန်းကျပ် ၂ဝဝဝသတ်မှတ် ထားပြီး အထူးလက်မှတ်အနေနဲ့ ကျပ်၅ဝဝဝဝတန်လက် မှတ်တွေကိုလည်း ရောင်းချပေးမှာပါ။ လက်မှတ်တွေကို သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနဲ့စလင်းကွင်းတွေမှာ ရောင်း ချပေးမှာဖြစ်ပြီး မှတ်ပုံတင်ရှိမှသာ ဝယ်ယူခွင့်ရမှာဖြစ်ပြီး မှတ်ပုံ တင်တစ်ခုကို လက်မှတ်နှစ်စောင်နှုန်းရောင်းချပေးမယ်လို့ သိရပါတယ်။ 

''လက်မှတ်ကိုအစကကြိုပြီးတော့ အများကြီး ရောင်းဖို့စီစဉ်ထားတာပါ။ ဒါပေမဲ့ ကြိုရောင်းရင် အဲဒီလက် မှတ်တွေက မှောင်ခိုလက်မှတ်ရောင်းသူ တွေလက်ထဲရောက် သွားတယ်ဆိုတာ ပြီးခဲ့တဲ့ဆီးဂိမ်းမှာတွေ့ကြုံခဲ့ရတယ်။ လက်မှတ်ကို တကယ်ကြည့်ချင်တဲ့သူလက်ထဲပဲရောက် အောင်ပွဲမတိုင်ခင်တစ်ရက် အလိုမှစရောင်းတာပါ။ ကြိုပြီး ဝယ်ချင်တယ် ဆိုရင်တော့ ကျပ် ၅ဝဝဝဝ တန်အထူးလက် မှတ်တွေကို ဝယ်လို့ရပါတယ်''ဟု လက် မှတ်ရောင်းချရေး တာဝန်ခံဦးရဲမျိုးဟိန်းက ပြောပါတယ်။

လုံခြုံရေးစီစဉ်ထားမှု
***********************
ပြီးခဲ့တဲ့ဆီးဂိမ်းပြိုင်ပွဲမှာ ပရိသတ်တွေကို ထိန်းသိမ်းနိုင်မှုမရှိတာ ကြောင့် ဒီတစ်ကြိမ်ကျင်းပမယ့် အာရှ ပွဲမှာတော့ လုံခြုံရေးအခြေအနေကို အထူးတင်းကျပ်မှာဖြစ်တယ်လို့ လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးကြီး အေးကြူကဆိုပါတယ်။ ပြီးခဲတဲ့ အာရှယူ ၂၂ ခြေစစ်ပွဲတွေ ကျင်းပတုန်းက အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာပရိသတ်တွေထဲက လေဆာမီးနဲ့ ထိုးတာတွေရှိလို့ ဘောလုံးအဖွဲ့ချုပ်ကနေ ဒဏ် ငွေဆောင်ခဲ့ရတာ ရှိခဲ့တယ်လို့လည်းသူကဆိုပါတယ်။

''မြန်မာ ပရိသတ်တွေ အနေနဲ့အိုးစည်ဗုံမောင်းတွေနဲ့အားပေးချင် ရင် လုံခြုံရေးဆပ်ကော်မတီကို အနည်းဆုံးငါးရက်ကြိုတင် ပြီး ခွင့်တင်ရမှာပါ။ အရက်သေစာသောက်စားထားရင်လဲ ဝင်ခွင့်ပြုမှာမဟုတ်ဘူး။ မွန်းလွဲ ၁ နာရီကနေစပြီး ကွင်း ထဲကိုဝင်ခွင့်ပေးမှာဖြစ်ပြီး မြန်မာပွဲပထမပိုင်းပြီးသွားရင် ဘယ်သူ့ကိုမှကွင်းထဲကို ဝင်ခွင့်မပေးတော့ဘူး''လို့လည်း ဆက်ပြောပါတယ်။ ဒါ့အပြင်''အခုလာမယ့်လုံခြုံရေးတွေက အထူးလေ့ ကျင့်ထားတဲ့သူတွေပါ။ လုံခြုံရေးနဲ့ပတ်သက်လို့ အသေးစိတ်တော့မပြောတော့ပါဘူး။ တော်တော်တော့အစီ အမံတွေလုပ်ထားပါတယ်'' လို့ လည်း ဘောလုံးအဖွဲ့ချုပ်က တာဝန် ရှိသူတစ်ဦးကဆိုပါတယ်။

အစဉ်အလာကောင်းကို ထိန်းသိမ်းရမယ့်မြန်မာယူ-၁၉
***********************************************************
ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့အုပ်စုအဆင့် နဲ့ ကွာတား ဖိုင်နယ် အဆင့်တွေကိုကျော်ဖြတ် နိုင်ခဲ့ရင် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအထိခြေဆန့်နိုင်မှာ ဖြစ်လို့ ပွဲစဉ်တိုင်းကတော့ အကြိတ်အနယ်ရှိနေမှာမလွဲပါ ဘူး။

မြန်မာအသင်းအနေနဲ့ အုပ်စုတွင်းမှာ ထိုင်း၊ ယီမင် အသင်းတို့လိုခြေရည်တူ အသင်းတို့နဲ့ နောက်တစ်ဆင့်တက် ရေးအတွက် အဓိကထားကစားရမှာဖြစ်ပြီး ပင်ကိုခြေစွမ်း ကောင်းမွန်မှုနဲ့အတူ အိမ်ရှင်ပရိသတ်အားကိုအသုံးချကာ ချန်ပီယံခုနစ်ကြိမ်ရရှိခဲ့တဲ့အစဉ်အလာကောင်းကိုဆက် လက်ထိန်းသိမ်းနိုင်ဖို့လိုအပ်နေပါပြီ။

မြန်မာအသင်း၏ပွဲစဉ်များ
*****************************
၉. ၁ဝ. ၂ဝ၁၄ (ည ၆း ၃ဝ) မြန်မာ - ယီမင်
၁၁. ၁ဝ. ၂ဝ၁၄ (ည ၆း ၃ဝ) ထိုင်း - မြန်မာ
၁၃. ၁ဝ. ၂ဝ၁၄ (ည ၆း ၃ဝ) မြန်မာ - အီရန်

Yangon Media Group
မြန်မာနိုင်ငံကနေ ပထမဆုံးအကြိမ်ကျင်းပ မယ့် အာရှယူ-၁၉ပြိုင်ပွဲကြီးက တော့ ကျင်းပဖို့ တစ်ရက်သာလိုတော့ပါတယ်။

သိပ္ပံပညာ နိုဘယ်လ်ဆု ဂျပန်ပညာရှင် ၃ ဦး ရရှိ

Photo: သိပ္ပံပညာ နိုဘယ်လ်ဆု ဂျပန်ပညာရှင် ၃ ဦး ရရှိ
Wednesday, October 8, 2014

၁၉၉၀ ပြည့်နှစ်တွေက လျှပ်စစ်မီးအား သက်သာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိတဲ့ အယ်လ်အီးဒီ မီးသီးတွေကို တီထွင်ခဲ့ကြတဲ့ ဂျပန်သိပ္ဗံပညာရှင် ၃ ဦးဟာ အခုနှစ်အတွက် သိပ္ပိပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုရခဲ့ကြပါတယ်။

ဂျပန်နိုင်ငံက အီစာမူ အကာစာကီ  (Isamu Akasaki)နဲ့ ဟီရိုရှီ အေမာနို (Hiroshi Amano)နဲ့ အမေရိကန်နိုင်ငံသား၊ ဂျပန်လူမျိုး  ရှုဂျီ နာကာမူရာ  (Shuji Nakamura)တို့က ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁.၁ သန်းကို ပူးတွဲရခဲ့ကြတာပါ။

နာဂိုယာမြို့မှာ နေထိုင်တဲ့ သိပ္ဗံပညာရှင် အီစာမူ အကာစာကီ က နိုဘယ်လ်ဆုရတဲ့အတွက် သူမှာ မယုံကြည် နိုင်အောင် ဖြစ်ခဲ့ရ ပါတယ်လို့ ပြောဆိုပါတယ်။

Smartphone screen တွေကစလို့ လျှပ်စစ်မီးသီးတွေအဆုံး အသုံးပြုနေတဲ့ အယ်လ်အီးဒီ မီးသီးတွေကို တီထွင်နိုင်ခဲ့လို့ ကမ္ဘာ့စွမ်းအင်အရင်းအမြစ် အတော်တော်များများကို ချွေတာနိုင်ခဲ့တယ်လို့ နော်ဝေးနိုင်ငံ နိုဘယ်လ်ဆုချီးမြှင့်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

တခြားနယ်ပယ်နိုဘယ်လ်ဆုတွထက် စောပြီး သိပံ္ဗပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆု အရင်ဆုံးကြေညာတာ ဖြစ်ပြီး သိပ္ဗံပညာရှင်တွေဖြစ်ကြတဲ့ အယ်လ်ဘတ် အိုင်းစတိုင်း(Albert Einstein)၊ နီရယ်စ် ဘွာ (Niels Bohr)၊ ပယ်ရီ(Pierre)နဲ့ မာရီကျူရီ(Marie Curie)တို့ ဇနီးမောင်နှံလည်း သိပံ္ဗပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုရှင်တွေ ဖြစ်ကြပါတယ်။

ဒီဗွီဘီ

အီစာမူ အကာစာကီ ၊ ဟီရိုရှီ အေမာနိုနဲ့ ရှုဂျီ နာကာမူရာ  (၀ဲမှယာ)
အီစာမူ အကာစာကီ ၊ ဟီရိုရှီ အေမာနိုနဲ့ ရှုဂျီ နာကာမူရာ  (၀ဲမှယာ)
၁၉၉၀ ပြည့်နှစ်တွေက လျှပ်စစ်မီးအား သက်သာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိတဲ့ အယ်လ်အီးဒီ မီးသီးတွေကို တီထွင်ခဲ့ကြတဲ့ ဂျပန်သိပ္ဗံပညာရှင် ၃ ဦးဟာ အခုနှစ်အတွက် သိပ္ပိပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုရခဲ့ကြပါတယ်။

စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦးကို ပြည်ထောင်စုအဆင့်အဖွဲ့ဖွဲ့၍ သွားရောက်စစ်ဆေးမည်

Photo: စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦးကို ပြည်ထောင်စုအဆင့်အဖွဲ့ဖွဲ့၍ သွားရောက်စစ်ဆေးမည်
Wednesday, October 8, 2014

ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာ လုပ်သားနှစ်ဦးကို စစ်ဆေးမေး မြန်းရန် ပြည်ထောင်စုအဆင့်အဖွဲ့ တစ်ခုဖွဲ့စည်းပြီး ထပ်မံ သွားရောက်စစ်ဆေးရန် နိုင်ငံတော်သမ္မတရုံးက  ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

 ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် ထိုင်းနိုင်ငံ၊ ကော့စမွီထောင် တွင် ဖမ်းဆီးထား ရှိသော ရခိုင် အမျိုးသားနှစ်ဦးအား စစ်ဆေးမေး မြန်းရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးအထူးအဖွဲ့က ငှားရမ်းထား သော ထိုင်းရှေ့နေနှစ်ဦးနှင့်အတူ အောက်တို ဘာ ၅ ရက်က သွား ရောက်ခဲ့သည်။

 မြန်မာသံရုံးအထူးအဖွဲ့ သည် အောက်တိုဘာ ၆ ရက်တွင်ဖမ်းဆီးခံ မြန်မာ လုပ်သား များ အားကို စစ်ဆေးမေးမြန်းရာ ၎င်းတို့၏ထွက်ဆိုချက်များနှင့် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော စစ်ဆေး ချက်များမှာ ကွဲလွဲနေပြီး မြန်မာ လုပ်သားနှစ်ဦးက ၎င်းတို့အားဥပဒေ အရအကာအကွယ်ပေးရန် မြန်မာအစိုးရ ထံ  တောင်းဆိုထားသည်။

  မြန်မာသံရုံးအထူးအဖွဲ့ သည် အောက်တိုဘာ ၇ ရက်က လည်း မှုခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းရှိ မျက်မြင်သက်သေများဖြစ် သော ဖမ်းဆီးခံ မောင်ဝင်းဇော် ထွန်း၏အစ်ကိုကိုနိုင်နှင့် အခြားမြန်မာလုပ်သားသုံးဦးအား မေးမြန်းရာ ဖမ်းဆီး ခံမြန်မာ လုပ်သားနှစ်ဦးသည်တရားခံဖြစ်နိုင်ခြေမရှိကြောင်း  ပြောဆိုလိုက် သည်ဟု  သွားရောက်မေးမြန်း စုံစမ်းသူ မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

ထိုသို့စစ်ဆေးချက်များကို နိုင်ငံတော်အစိုးရထံသို့ ချက်ချင်း တင်ပြရာ နိုင်ငံတော် သမ္မတရုံးက ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားနှစ်ဦးကို  စစ်ဆေးမေးမြန်း ရန် ပြည်ထောင်စုအဆင့် အဖွဲ့ဖွဲ့စည်းပြီး ထပ်မံသွားရောက်စစ် ဆေး ရန် ညွှန်ကြား လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘နိုင်ငံတော်သမ္မတကြီးက လည်း ဒါကိုစိုးရိမ်နေတယ်။ ပြည် ထောင်စုအဆင့် အဖွဲ့တစ်ခုဖွဲ့ပြီး ထိုင်းကို စေလွှတ်မယ်။ ကလေး တွေနဲ့ တွေ့မယ်။ ထိုင်းအစိုးရ ဘက်က လုံးဝမပါဘူး။ ဒီကသွား တဲ့အဖွဲ့က အချိန်အကြာကြီးယူ ပြီး တွေ့မယ်။ အဲဒီမှာ အဖြေတစ် ခုထွက်မယ်။ အဲဒီကအဖြေပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်’’ဟု ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးနှင့်  ပတ်သက်၍ ထိုင်းနိုင်ငံပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူး ချစ်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် တွေ့ဆုံစဉ် ၀န်ကြီး ဦးဇော်အေးမောင်က အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

 ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးသည် ရခိုင်တိုင်းရင်းသားများဖြစ် ယင်းအမှုအမှန်အတိုင်းဖြစ်ရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးဦးဇော်အေးမောင်ကပြောသည်။

 ထိုင်းရဲတပ်ဖွဲ့သည် ပြစ်မှု ကျူးလွန်သည်ဟု ၀န်ခံထားသော သူ နှစ်ဦးကို ကော့စမွီထောင်တွင် ထားရှိပြီး ပြစ်မှုကျူးလွန်သည်ဟု ၀န်ခံခြင်းမရှိသည့် မြန်မာလုပ် သားတစ်ဦးကို တည်းခိုခန်းတစ်ခု တွင် ထားရှိကြောင်း ရှေ့နေဦးအောင်မျိုးသန့်ကဆက်လက်ပြောသည်။

မြန်မာသံရုံးအထူးတပ်ဖွဲ့ သည် တည်းခိုခန်းတွင် ထားရှိ သော မြန်မာလုပ်သားတစ်ဦးနှင့် တွေ့ခွင့်ရရန် ထိုင်းအာဏာပိုင် များအား  တောင်းဆိုရာ  ထိုင်း အာဏာပိုင်များက  တရားလို သက်သေပြရန်အတွက် ထားရှိ သောသူဖြစ်သောကြောင့် တွေ့ ခွင့်မပေးကြောင်း သတင်းရရှိ သည်။ ထို့အတူမြန်မာသံရုံးအထူး အဖွဲ့သည် ထိုင်းရဲတပ်ဖွဲ့က တရားခံဟု ပြောဆိုထားသော မြန်မာလုပ်သား နှစ်ဦး၏ အမှုတွဲ တစ်ခုလုံးအား စစ်ဆေးရန်အတွက် တောင်းဆိုရာ တရားခွင်တင်သွင်းခြင်းမရှိသေးသောကြောင့် ထိုင်းအာဏာပိုင်များက စစ်ဆေးခွင့်မပြုကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်။

7Day DAILY 

ဘန်ကောက်မြို့ရဲဌာနချုပ်တွင် အမှုနှင့်ပတ်သက်၍ မီဒီယာများအား ရှင်းလင်းနေ သည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ NICOLAS ASFOURI/AFP
ဘန်ကောက်မြို့ရဲဌာနချုပ်တွင် အမှုနှင့်ပတ်သက်၍ မီဒီယာများအား ရှင်းလင်းနေ သည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ NICOLAS ASFOURI/AFP
ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာ လုပ်သားနှစ်ဦးကို စစ်ဆေးမေး မြန်းရန် ပြည်ထောင်စုအဆင့်အဖွဲ့ တစ်ခုဖွဲ့စည်းပြီး ထပ်မံ သွားရောက်စစ်ဆေးရန် နိုင်ငံတော်သမ္မတရုံးက  ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

မိဘကို အဆင်မပြေ ဖြစ်နေသူ သားသမီးများ ထံသို့ အမှာစာ

Photo: မိဘကို အဆင်မပြေ ဖြစ်နေသူ သားသမီးများ ထံသို့ အမှာစာ 
Wednesday, October 8, 2014

ရိုးရာလေးစာဖတ်သူများမှာ မိဘနဲ့ အဆင်မပြေသူ၊ ခဏခဏ စကားများနေရသူများ ရှိပါလိမ့်မယ်။ မိဘလို့ ဆိုတဲ့ နေရာမှာ အဖေကော၊ အမေကော ပါပါလိမ့်မယ်။ အဲ့ဒီလို ဖြစ်လာခဲရင် - 

၁။ မိဘတွေကို မိမိကိုယ် ငယ်စဉ်ကတည်းက ကျွေးမွေးလာတဲ့ မေတ္တာကို သတိရပေးပါ။ 

၂။ မိဘတွေဟာ ခေတ်ကာလ ရေစီးကြောင်းမှာ ကြီးပြင်လာတဲ့ သားသမီးများကို ဆုံးမတဲ့အခါ အလွဲအချော် ရှိရင်တောင် သူတို့ရဲ့ သားသမီးအပေါ် ချစ်တဲ့ မေတ္တာက ဘယ်တော့မှ မပြောင်းပါဘူး။ ဒီတော့ လွဲနေရင် ကိုယ်က စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးရပါမယ်။ 

၃။ မိဘရဲ့ ဆုံးမမှုမှာ ဒေါသသံ ပါနေရင်တောင် မိမိဟာ ဒေါသနဲ့ ပြန်မတုန့်ပြန်ပါနဲ့။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ အဖြေက မှန်နေရင်တောင် အသံမာမာနဲ့ ဖြေတဲ့ အဖြေက မိဘကို လေးစားမှုမရှိဘူး၊ မချစ်ဘူး အစရှိသဖြင့် အဓိပ္ပါယ်များ သက်ရောက်သွားနိုင် ပါတယ်။ 

၎။ မိဘကိုချည်း သင်ပူဆာ မနေပါနဲ့။ သူတို့ ဘာလိုချင်လဲ ဆိုတာာကို ရှာဖွေ ပေးဆပ်ပါ။ 

၅။ မိဘတိုင်းဟာ သားသမီး ပေးတဲ့ ငွေ၊ ပိုက်ဆံ၊ ရွှေငွေ၊ ဂုဏ်တွေကို မျော်ကိုးနေခြင်း မဟုတ်ပါဘူး။ သားကောင်း၊ သမီးကောင်း တွေ ဖြစ်လာတာကို အလိုချင်ဆုံးပါ။ ဒါကို သိဖို့ လိုအပ် ပါတယ်။ 

၆။ သင့် ငွေပိုက်ဆံနဲ့ ပေါက်ပေးပြီး တာဝန်ကျေပြီလို့ ထင်နေခြင်းထပ်၊ သင်သောက်ရန် ကျန်တဲ့ ရေတစ်ခွက် ကနေ သင့်အဖေအမေသောက်ဖို့ ဦးစားပေးခြင်းကမှ မေတ္တာ အစစ်အမှန် ဖြစ်ပါတယ်။ 

၇။ အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ စကားများတဲ့အခါ ကျွေးမွေးလာ တဲ့ မေတ္တာများ၊ သူတို့ပေးအပ်တဲ့ အကောင်းဆုံး ပျော်ရွှင်မှုများကို မှတ်မိပေးပါ။ ဒါ့အပြင် နောက်တစ်ချက် သူတို့ဟာ င့ါတို့ထပ် လောကမှာ စောစော အသက်ရှင်ပေမယ့် စောစော ထွက်ခွာရမယ့်သူတွေ၊ ငါတို့က နောက်မှ ထွက်ရမယ့်သူတွေ ဆိုတဲ့ အသိနဲ့ စိတ်ချမ်းသာအောင် ထားပါ။ မဟုတ်လျှင် သင်တစ်နေ့ ဝဋ်လည်ရမည်။ 

၈။ သင် ယခု သူစိမ်းတစ်ယောက်ကို သွားရောက် ဆဲဆိုလျှင် သင့်ကို ရန်ပြုလွတ်လိမ့်မယ်။ သင်သာ ရုတ်တရက် မိဘကို သွားရောက် ဆဲဆိုမိလျှင် ‘င့ါသား ဘာဖြစ်နေလဲ’ ဟု အံ့သြသော လေသံဖြင့် ပြန်မေးလိမ့်မယ်။ သင်သိပါသလား။ လောကတွင် မိဘလောက် ကိုယ့်အပေါ် နားလည်ပေးမည့်သူ မရှိ။ ခွတ်လွတ်ပေးမည့်သူ မရှိ။ ဒါကို သေချာ ခံစားပါက သင်သိလိမ့်မယ်။ မိဘကို ပြောလို့ ဘာမှ နားလည်မှာ မဟုတ်ဘူးကွာလို့ မထင်ပါနှင့်။ သင် အပြောအဆို အနည်းငယ် ပြောင်းလဲလျှင်တောင် ဘာဖြစ်လာတယ်ဆိုတာက အစ သင့်မိဘ သိသည်။ နားလည်သည်။

၉။ မိဘက သင့်ကို ဆဲဆို၊ ဆူပူနေခြင်းက သင်သည် လောကတွင် တစ်ကိုယ်တည်း အသက်ရှင်နေထိုင် ရုန်းကန်ရန် အရည်အချင်း မပြည့်ဝသေးသည်ကို မြင်၍ ဒေါသ ကရုဏာသက်ကာ ပြောဆိုခြင်း ဖြစ်သည်။ သင့်ကို မုန်း၍ ပြောဆိုခြင်း မဟုတ်။ မိဘက င့ါကို နားမလည်ပေးပါလား ဟို ရေရွတ်နေမည့်အစား ငါမိဘကို နားမလည်သေးပါလားဟုသာ သင်ပြန်တွေးရန် လိုအပ်သည်။ 

၁၀။ ယခု ရေးထားတဲ့ အချက်များကို သင့်မိဘ သင့်နဲ့ အဆင်မပြေ ဖြစ်သည့် အခါတိုင်း ပြန်ဖတ်ပါ။ မိဘကျေးဇူးများကို ပြန်လည် အောင့်မေ့ သတိရပေးပါ။ 

အောင်ခမ်း (ရိုးရာလေး)
ရိုးရာလေးစာဖတ်သူများမှာ မိဘနဲ့ အဆင်မပြေသူ၊ ခဏခဏ စကားများနေရသူများ ရှိပါလိမ့်မယ်။ မိဘလို့ ဆိုတဲ့ နေရာမှာ အဖေကော၊ အမေကော ပါပါလိမ့်မယ်။ အဲ့ဒီလို ဖြစ်လာခဲရင် -

သီတင်းကျွတ်ပြီ

သီတင်းကျွတ်ပြီဆိုတိုင်း ကျွန်တော့်ရင်တွင် ဆွတ်ဆွတ်ကျင်ကျင် နာကျင်ရလေ့ရှိသည်။ မီးထွန်းပွဲ တော်နှင့်အတူ လူတိုင်း၏မျက်နှာပေါ်တွင် ထွန်းညှိ ထားသောအပျော်များက ဝင်းပထိန်ညီးနေသော်လည်း ကျွန်တော့်မှာတော့ ကြေကွဲမှုများသာထစ်ချုန်းနေတတ် သည်။

ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့အနီးရှိ မြို့သုံးမြို့ကို ISIS စစ်သွေးကြွများ သိမ်းပိုက်

ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ဆီးရီးယား မြောက်ပိုင်းရှိ အဓိက ကျသည့် ကာ့ဒ်မြို့ကြီး တစ်မြို့ ဖြစ်သော ကိုဘာနီမြို့ အနီးရှိ မြို့သုံးမြို့ ကို သိမ်းပိုက် လိုက်ပြီ ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီးက အောက်တိုဘာ ၆ ရက်တွင် ပြော ကြား လိုက်သည်။

မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းပြီး ပြည်တွင်းရေ လုပ်ငန်း ကဏ္ဍနှင့် စပ်လျဉ်း၍ သုတေသန ပြုလုပ်မည်

Photo: မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းပြီး ပြည်တွင်းရေ လုပ်ငန်း ကဏ္ဍနှင့် စပ်လျဉ်း၍ သုတေသန ပြုလုပ်မည်
Wednesday, October 8, 2014

မြန်မာနိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့ ပူးပေါင်း၍ မြန်မာ နိုင်ငံအတွင်းရှိ ရေလုပ်ငန်း ကဏ္ဍနှင့် စပ်လျဉ်း၍ သုတေသန လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း Korea Maritime Institute (KMI) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာနိုင်ငံ၏ရေလုပ်ငန်းနှင့်ပတ်သက်သောသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ယခုအကြိမ်နှင့် ဆိုလျှင် နှစ်ကြိမ်တိုင်တိုင် ရှိသွားပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း မြန်မာနိုင်ငံ ရေကြောင်း တက္ကသိုလ်နှင့် ကိုရီးယားမှ Korea Maritime Institute KMI တို့ ပူးပေါင်းကာ ပြည်တွင်း၌ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် လေ့လာစမ်းစစ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် သုတေသန လုပ်ငန်းများ လုပ်ဆောင်သည့် အခါ မြန်မာနိုင်ငံ၏ ပင်လယ် ရေပိုင်နက်အတွင်းမှ ထွက်ရှိသော ရေထွက်ပစ္စည်းများ၊ နိုင်ငံအတွင်းရှိ ရေလုပ် ငန်းများ၊ ရေလုပ်ငန်း အထောက်အကူပြု စီးပွားရေးလုပ်ငန်းများနှင့် မြန်မာ့ ပင်လယ်ကမ်းလွန် ရေထုစသည် တို့ကို သုတေသန ပြုလုပ် သွားမည်ဖြစ်ပြီး ထိုအတွက် လိုအပ်သော နည်းပညာနှင့် အထောက်အပံ့ များကိုလည်း Korea Maritime Institute (KMI) မှနေ၍ အကူအညီ ပေးသွားမည် ဖြစ်သည်။

အဆိုပါ သုတေသန လုပ်ငန်းအား လုပ်ဆောင်ရာတွင် KMIမှ ကျွမ်းကျင် ပညာရှင်များ၊ မြန်မာနိုင်ငံ ရေကြောင်း တက္ကသိုလ်မှ ဆရာဆရာမ များနှင့် အတူ ပြည်တွင်းရှိ ရေလုပ်ငန်း ဆိုင်ရာ ပညာရှင် အချို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

(ဆောင်းဦး)
မြ၀တီ
မြန်မာနိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့ ပူးပေါင်း၍ မြန်မာ နိုင်ငံအတွင်းရှိ ရေလုပ်ငန်း ကဏ္ဍနှင့် စပ်လျဉ်း၍ သုတေသန လုပ်ငန်းများ လုပ် ကိုင် ဆောင် ရွက် သွားမည် ဖြစ် ကြောင်း Korea Maritime Institute (KMI) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုင်း လူသတ်မှုစစ်တဲ့ကိစ္စ ရဲချုပ် ကာကွယ်ပြောဆို

Photo: ထိုင်း လူသတ်မှုစစ်တဲ့ကိစ္စ ရဲချုပ် ကာကွယ်ပြောဆို
Wednesday, October 8, 2014

ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အနိုင်အထက်ပြုပြီး အဓမ္မ ၀န်ခံခိုင်း ခဲ့တာမျိုး မရှိခဲ့ကြောင်း ထိုင်း ရဲချုပ်က မနေ့က ခုခံကာကွယ် ပြောဆို ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းပုံတွေဟာ တရားနည်းလမ်း မကျကြောင်း စွပ်စွဲပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ် ထွက်နေ သလို၊ ဒီအမှု မြန်မြန်ပြီးပြတ် အောင်ဆောင်ရွက်ဖို့လည်း ထိုင်းရဲတပ်ဖွဲ့အပေါ် ဖိအားပေးခံနေရတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံသားနှစ်ယောက်က သူတို့ လူသတ်မှုကျူးလွန် ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြသလို၊ အလောင်းတွေမှာတွေ့ရတဲ့ DNA ခေါ် မျိုးဗီဇတွေနဲ့ သူတို့ရဲ့ မျိုးဗီဇတွေ တူညီနေတာလည်း ငြင်းလို့မရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ထိုင်းအမျိုးသား ရဲချုပ်ဗိုလ်ချုပ်ကြီး ဆွန်ယွတ်က ဒီအမှုမှာပါဝင်ဆောင်ရွက်နေကြတဲ့ ရဲဝန်ထမ်းအားလုံးဟာ သူတို့တာဝန်ကို တကယ်ပဲ ကောင်းကောင်း မွန်မွန် ဆောင်ရွက်ခဲ့ကြတယ်ဆိုတာ အတိအလင်း ပြောချင်တယ်လို့ ပြောကြား ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမှုကို စုံစမ်းဖို့ မြန်မာသံရုံးက တာဝန်ပေးထားတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ ဒီအမှုဟာ ခိုင်မာတဲ့အချက်တွေပေါ်မှာ အခြေခံ ထားတာ မဟုတ်ဘဲ ဆင်ထားတဲ့အမှုဖြစ်ကြောင်း၊ အမှုတွဲမှာ ဖေါ်ပြထား တာတွေနဲ့ သက်သေအထောက်အထားတွေဟာ ကိုက်ညီမှု မရှိကြောင်း ပြောခဲ့ ပါတယ်။

ဒီအမှုကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားရုံးကို တင်မှာဖြစ်ပါတယ်။

RFA Burmese
ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် ထိုင်းရဲ တပ်ဖွဲ့အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အနိုင်အထက်ပြုပြီး အဓမ္မ၀န်ခံခိုင်း ခဲ့တာမျိုး မရှိခဲ့ကြောင်း ထိုင်းရဲချုပ်က မနေ့ကခုခံကာကွယ် ပြောဆို ခဲ့ပါတယ်။

မြန်မာနှစ်ဦးကို နှိပ်စက်တာ မလုပ်ရဘူးလို့ ထိုင်းဆို

Photo: မြန်မာနှစ်ဦးကို နှိပ်စက်တာ မလုပ်ရဘူးလို့ ထိုင်းဆို
Wednesday, October 8, 2014

ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ပစ်ကြောင်း ဖျောက်ချက်ပေးဖို့ မြန်မာနိုင်ငံ သား နှစ်ဦးကို ထိုင်းရဲက နှိပ်စက်ပြီး အတင်းဝန်ခံမှု ပြုခိုင်းတယ်ဆိုတဲ့ ပြောဆို မှုကို ထိုင်းရဲချုပ်က အကြောက်အကန် ငြင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ရဲချုပ်ကနေ ကြာရှည်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ် ခဲ့ပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ဦးရဲ့ DNA အပြင် တခြား သက်သေ အထောက် အထားတွေ ရရှိတဲ့ပုံ အကြောင်းကို ရှင်းပြ ခဲ့ပါတယ်။

လူသတ်သမားလို့ သံသယရှိသူ မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းရဲတွေက နှိပ်စက် ညင်းပမ်းတာတွေ မလုပ်ခဲ့ရသလို စစ်ဆေးမှုတွေ အတွင်း ရှေ့နေ တစ်ယောက်ပါ ရှိခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းရဲတွေက ကနဦးမှာ လူပေါင်း ၂၄၃ ယောက်ကို သံသယဖြစ်ဖွယ်လူ အဖြစ် စောင့်ကြည့် မှုတွေကို သတ်မှတ်ချက်အတိုင်း လုပ်ခဲ့ပြီးနောက်ပိုင်းမှ သာ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါ တယ်။

မြန်မာနှစ်ဦး ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် ဝဘ်ဆိုဒ်တွေမှာ သတင်းမှားတွေ ပျံ့နှံ့နေတယ်လို့လည်း ထိုင်းရဲတွေက ပြောကြောင်း အေဘီစီ သတင်းထောက် Samatha Hawley က သတင်းပေးပို့ထားပါတယ်။

မြန်မာနှစ်ဦးဟာ ကော့တောင်ကျွန်းကို ရောက်ရှိလာတဲ့ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ပစ်မှုနဲ့ အရေးယူခံထားရတာ ဖြစ်ပြီး ထိုင်းရဲတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ များပြားနေပါတယ်။

တချို့ကလည်း အပြစ်မဲ့သူ နှစ်ဦး ထိုးကျွေးခံလိုက်ရတာလို့ ပြောဆိုနေကြပါတယ်။

နောက်ထိုင်းသတင်းတစ်ခုမှာတော့ မြန်မာနှစ်ဦး ထိန်းသိမ်းခံရတာတွေ၊ လူမှုကွန်ယက်မှာ ပျံ့နှံ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသံရုံးက အရာရှိတွေ ထိုင်းရဲတွေကို မေးခွန်းထုတ်ခဲ့ပေမယ့် ထိုင်းတွေရဲ့ ဖြေရှင်းမှုကို ကြားရပြီးတဲ့နောက် ကျေနပ်သွားကြတယ်လို့ ဖော်ပြထားပါတယ်။

ABC Radio Australia

ထိုင်းနိုင်ငံပိုင် ကော့တောင်ကျွန်း (Credit: ABC licensed)
ထိုင်းနိုင်ငံပိုင် ကော့တောင်ကျွန်း (Credit: ABC licensed)
ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​သတ်ပစ်ကြောင်း ​ဖျောက်ချက်ပေးဖို့ ​မြန်မာနိုင်ငံ သား ​နှစ်ဦးကို ​ထိုင်းရဲက ​နှိပ်စက်ပြီး ​အတင်းဝန်ခံမှု ​ပြုခိုင်း တယ်ဆိုတဲ့ ​ပြောဆို မှုကို ​ထိုင်းရဲချုပ်က ​အကြောက်အကန် ​ငြင်းဆိုလိုက်ပါတယ်။

ရန်ကုန်အိမ်ခြံမြေ အခွန်တိုးကောက်ဖို့ ပြင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက် ဈေးနှုန်းတွေရဲ့ တန်ဖိုးကို အရင်ထက် တိုးပြီး သတ်မှတ်ဖို့ ရန်ကုန်တိုင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်ရေး အဖွဲ့က ပြင်ဆင်နေ ပါတယ်။

ရေကူးချန်ပီယံ မိုက်ကယ်ဖဲ့လ် အရက်သောက်ပြီး ကားမောင်းခြင်းကြောင့် ပြိုင်ပွဲဝင်ခွင့် ခြောက်လပိတ်ခံရ

Photo: ရေကူးချန်ပီယံ မိုက်ကယ်ဖဲ့လ် အရက်သောက်ပြီး ကားမောင်းခြင်းကြောင့် ပြိုင်ပွဲဝင်ခွင့် ခြောက်လပိတ်ခံရ
Wednesday, October 8, 2014

အမေရိကန်မှ ကမ္ဘာ့အိုလံပစ်နှင့် ကမ္ဘာ့စံချိန်ရှင် ရေကူးသမား မိုက်ကယ်ဖဲ့လ်သည်  အရက်သောက်ပြီး ကားမောင်းမှု  ကြောင့် ခြောက်လခန့် ရေကူးအား ကစားနှင့် သက်ဆိုင်သည့် မည် သည့်ယှဉ်ပြိုင်မှုမှ မပြုလုပ်ရန်  ပိတ် ပင် တားမြစ်ခံလိုက်ရကြောင်း သိရသည် ။

ဖဲ့လ် (၂၉) နှစ်သည် စက် တင်ဘာ ၃၀ ရက်က မေရီလင်း ပြည်နယ် ဘာလ်တီမိုးမြို့တွင် တစ် နာရီ ၄၅ မိုင်နှုန်းသာမောင်းရမည့်  သတ်မှတ်ဇုန်အတွင်း  တစ်နာရီ ၈၄ မိုင်နှုန်းမောင်းခဲ့၍  အဖမ်းခံခဲ့ရ ပြီး အရက်သောက်သုံးကာ ကား မောင်းသည်ကိုပါ စစ်ဆေးတွေ့ ရှိခဲ့ရ၍ ယခုကဲ့သို့ ခြောက်လ ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်သည်။

ကမ္ဘာ့ရေကူးအားကစား သမိုင်းတွင် ဆုတံဆိပ်အများဆုံး နှင့် ကမ္ဘာ့စံချိန်များ တင်နိုင်ခဲ့ သည့် ဖဲ့လ်ကိုယ်တိုင်ကလည်း ပြစ် ဒဏ်ကိုမခံယူမီ      တောင်းပန် ကြောင်း ထုတ်ပြန်ခဲ့သည်။

မိုက်ကယ်ဖဲ့လ်သည် ပြစ် ဒဏ်ကြောင့် ရုရှားနိုင်ငံ ကာဇန် တွင်ကျင်းပမည့် ၂၀၁၅ ကမ္ဘာ့ ချန်ပီယံရှစ်ရေကူးပြိုင်ပွဲ၌လည်း ပါဝင်ခွင့်ရတော့မည်မဟုတ်ပေ။

၎င်း၏ ယခုပြစ်ဒဏ်မှာ ၂၀၁၅ ဧပြီ ၆ ရက်တွင် ပြီးဆုံး မည်ဖြစ်သော်လည်း ထိုနှစ်ဩ ဂုတ်လ၌ ကျင်းပမည့် ထိုပြိုင်ပွဲ အတွက် ၎င်းကိုရွေးချယ်တော့ မည်မဟုတ်ကြောင်း အမေရိ ကန် အားကစား အာဏာပိုင်များက ကြေညာခဲ့သည်။

၂၀၀၄ မှ ၂၀၁၂ အတွင်း အိုလံပစ်ဆုတံဆိပ် ၂၂ ခုတွင် ရွှေ တံဆိပ် ၁၈ ခုဆွတ်ခူးနိုင်ခဲ့သည့်

မိုက်ကယ်ဖဲ့လ်သည် ပြီးခဲ့သည့် လန်ဒန်အိုလံပစ်အပြီး အနားယူ မည်ဟု ကြေညာခဲ့ပြီးနောက် ဧပြီလ၌ ပြိုင်ပွဲများပြန်လည်ဝင်ပြိုင်ကာ ရေကူးအားကစားလောကသို့ ပြန်ဝင်လာခြင်းဖြစ်သည်။

Ref: BBC
အမေရိကန်မှ ကမ္ဘာ့အိုလံပစ်နှင့် ကမ္ဘာ့စံချိန်ရှင် ရေကူးသမား မိုက်ကယ်ဖဲ့လ်သည်  အရက်သောက်ပြီး ကားမောင်းမှု  ကြောင့် ခြောက်လ ခန့် ရေကူးအား ကစားနှင့် သက်ဆိုင်သည့် မည် သည့်ယှဉ်ပြိုင်မှုမှ မပြုလုပ်ရန်  ပိတ် ပင် တားမြစ်ခံလိုက်ရကြောင်း သိရသည် ။

သင်္ဘောသစ်သုံးစီးဖြင့် ပန်းဆိုးတန်း-ဒလ ခရီးစဉ် နိုဝင်ဘာတွင် ပြေးဆွဲမည်

Photo: သင်္ဘောသစ်သုံးစီးဖြင့် ပန်းဆိုးတန်း-ဒလ ခရီးစဉ် နိုဝင်ဘာတွင် ပြေးဆွဲမည်
Wednesday, October 8, 2014

 ဂျပန်အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)က လှူဒါန်းထားသည့် သင်္ဘောသစ် သုံးစီးကို ပန်းဆိုး တန်း-ဒလ ခရီးစဉ် အတွက် နိုဝင် ဘာလတွင်ပြေးဆွဲသွားမည်ဖြစ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးမှ သတင်းရရှိသည်။

‘‘JICA  က ဒီဘက်မှာ သင်္ဘောစီးရေ ဘယ်လောက်လို တယ်ဆိုတာကို လေ့လာ သွားပြီး ဂျပန်မှာဆောက်တယ်။ သင်္ဘော တွေက ဟိုကနေအောက်တိုဘာ လလယ်လောက်မှာရောက်မယ်။ နိုဝင်ဘာမှာပြေးဆွဲသွားမယ်’’ ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါကူးတို့သင်္ဘောအမျိုး အစားဖြစ်သည့် သင်္ဘောသစ်သုံး စီးကို ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃)ဟူ၍ အမည်ပေးထား ပြီး ဂျပန်နိုင်ငံတွင်တစ်နှစ်ကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ပြည် တွင်း၌ လက်ရှိပြေးဆွဲနေသည့် သင်္ဘောများနှင့် ဒီဇိုင်းမတူညီ ကြောင်းသတင်းရရှိသည်။

သင်္ဘောသုံးစီး၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂ သန်းရှိပြီးဒလဘက်ကမ်းမှ ခရီးသည်နားနေ ဆောင်နှင့် ခရီးသည် အတက်အဆင်းတံတား ဆောက် လုပ်ပြီးစီး ပါက ဖွင့်ပွဲ လုပ်မည်ဟု သတင်းရရှိ သည်။

သင်္ဘောခမှာ တစ်ဦးလျှင် မြန်မာငွေ ၁၀၀ ကျပ်နှုန်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာ ကျသင့်မည်ဖြစ်သည်။

ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် တွံတေးမြို့အပါအဝင် ဧရာဝတီ တိုင်းဒေသကြီးရှိ ဒေးဒရဲနှင့် ဖျာပုံ မြို့များတွင် နေထိုင်သူများသည် ရန်ကုန်သို့ နေ့စဉ် ခရီးသည်သုံးသောင်းကျော် လာရောက်နေပြီး ဒလ-ပန်းဆိုးတန်း ရေကြောင်း ခရီးစဉ်ကိုအသုံးပြုနေရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

လက်ရှိတွင် ပန်းဆိုးတန်း- ဒလ ပြေးဆွဲနေသည့် သင်္ဘော လေးစီးရှိကာ နေ့စဉ် ၄၆ ခေါက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းခရီးသည်တစ်ဦးလျှင် ၁၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦး လျှင် နှစ်ဒေါ်လာသတ်မှတ် ထားကြောင်း သိရသည်။

7Day DAILY 

လက်ရှိပြေးဆွဲနေသော ပန်းဆိုးတန်း−ဒလ သင်္ဘောတစ်စီး (ဓာတ်ပုံ − နစ်ကီ)
လက်ရှိပြေးဆွဲနေသော ပန်းဆိုးတန်း−ဒလ သင်္ဘောတစ်စီး (ဓာတ်ပုံ − နစ်ကီ)
 ဂျပန်အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)က လှူဒါန်းထားသည့် သင်္ဘောသစ် သုံးစီးကို ပန်းဆိုး တန်း-ဒလ ခရီးစဉ် အတွက် နိုဝင် ဘာလတွင်ပြေးဆွဲသွားမည်ဖြစ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးမှ သတင်းရရှိသည်။

သားအိမ် အစားထိုး ကုသမှု ခံယူ ခဲ့သည့် အမျိုး သမီး နှစ်ဦး လာမည့် လတွင် ကလေး မွေးဖွားမည်

ဆွီဒင်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအရ မိခင်နှစ်ဦးထံမှ သားအိမ်များဖြင့် အစားထိုးခွဲစိတ်ကုသမှု ခံယူထားသည့် အမျိုးသမီး နှစ်ဦးသည် လာမည့် လ တွင် ၎င်း တို့၏ရင်သွေးများကို မွေးဖွားတော့မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်တောင်းဆို

Photo: နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်တောင်းဆို
Wednesday, October 8, 2014

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက မနေ့က တောင်းဆိုလိုက်ပါတယ်။

အင်္ဂါနေ့က သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့ အကျဉ်းသား ၃၀၀၀ ကျော်မှာ လက်ရှိစာရင်းတွေအရ ကုလသမဂ္ဂက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေထဲက တဦး အပါအ၀င် အမှုတွဲ ၂ ဦး၊ AAPP က သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁ ဦး စုစုပေါင်း ၄ ဦးပဲ ပါဝင်ပါတယ်။ အပြည့်အစုံကို မအင်းကြင်းနိုင်က တင်ပြထားပါတယ်။

အင်္ဂါနေ့က လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကနေ လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့ ၀န်ထမ်းဟောင်း ရှေ့နေ ဦးကျော်လှအောင်နဲ့ အမှုတွဲဖြစ်တဲ့ ဦးကျော်မြင့်နဲ့ သားအဖလည်း ပါဝင်ပါတယ်။ ဒါ့အပြင် KIA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ တိုင်းရင်းသား ကိုမာလဟာ မြစ်ကြီးနားထောင်ကနေ လွတ်မြောက်လာတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ကိုဘိုကြည်က ပြောပါတယ်။

ဒီတကြိမ် သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ ထောက်လှမ်းရေး ဟောင်းအရာရှိ ဗိုလ်မှူးသိန်းဆွေနဲ့ အခြားအရာရှိ ၈ ဦးလည်း ပါဝင်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။ အကျဉ်းသားတွေကို ထောင်နဲ့ချီပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက် အလွန်နည်းနေတာကို နိုင်ငံတကာအစိုးရနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက မြန်မာအစိုးရကို ဝေဖန်နေကြပါတယ်။

မနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Jen Psaki က မြန်မာအစိုးရက အကျဉ်းသားတွေကို လွှတ်ပေးတာ အမေရိကန်က ကြိုဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အခုလို တိုက်တွန်းပါတယ်။

“မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေကို ဒီကနေ့ ပြန်လွှတ်ပေးခဲ့တယ်ဆိုတာကို ကျမတို့ ကြိုဆိုပါတယ်။ ဒီလိုလွှတ်ပေးခဲ့တာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်အားလုံးကို ကျမတို့ မသိရသေးပါဘူး။ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကတဆင့် အစိုးရအနေနဲ့ ဆက်လက်ပြီး အမြန်ဆုံး နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ လွှတ်ပေးခဲ့ပြီးဖြစ်တဲ့ လူတွေအပေါ်လည်း ချမှတ်ထားတဲ့ ခြွင်းချက်တွေကို ဖယ်ရှားပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။”

AI လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း ရှေ့နေဦးကျော်လှအောင် ကို လွှတ်ပေးလိုက်တဲ့အတွက် ကြိုဆိုပေမဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မြန်မာအစိုးရ တကယ်ဆောင်ရွက်နေပါတယ်ဆိုတာ နိုင်ငံတကာ ယုံကြည်ဖို့အတွက် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့ အခုလို တိုက်တွန်းသွားပါတယ်။

“ရိုဟင်ဂျာတဦးဖြစ်သူ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ဦးကျော်လှအောင် ကို လွှတ်ပေးလိုက်တဲ့ သတင်းဟာ ကောင်းတဲ့သတင်းပါ။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မီးမောင်းထိုးပြနေသူတဦး ဖြစ်ပါတယ်။ သူ့ကို တနှစ်ကျော် အကျဉ်းထောင်ထဲမှာ အပြစ်မရှိဘဲ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။ အင်္ဂါနေ့က လွှတ်ပေးလိုက်တဲ့ အကျဉ်းသားအရေအတွက် ထောင်နဲ့ချီပြီးရှိတယ်ဆိုပေမဲ့ ဒါဟာ အာဏာပိုင်တွေဘက်က အကျိုးမရှိတဲ့ လုပ်ဆောင်ချက်ဘဲ ဖြစ်ပါတယ်။”

အသက် ၇၅ နှစ်အရွယ် ရှေ့နေဦးကျော်လှအောင်ဟာ စစ်တွေသားဖြစ်ပြီး ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တဦးအနေနဲ့ စစ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရတယ်။ ဒါပေမဲ့ စစ်အစိုးရက သူ့ကို ဖမ်းဆီး ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပြီး ၁၉၉ရ ခုနှစ်မှာ လွတ်မြောက်ခဲ့ပြီးနောက် ၁၉၉၈ မှာ MSF မှာ ၀န်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ဦးကျော်လှအောင်ကို ၂၀၁၃ ဇူလိုင်လက ဖမ်းဆီးခဲ့ပြီး စည်းရုံးလှုံ့ဆော်မှုနဲ့ စစ်တွေတရားရုံးက ၂၀၁၄ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခဲ့တာပါ။ သူ့ကို အောက်တိုဘာလ ၇ ရက်နေ့မှာ စစ်တွေထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တဲ့ အကြိမ်ပေါင်းများစွာရှိခဲ့ပြီး ၂၀၁၂ ခု နိုဝင်ဘာလတုန်းက အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် မသွားရောက်မီ ထိုစဉ် နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် အကျဉ်းသားပေါင်း ၄၅၂ ဦး လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ခဲ့ပါဘူး။

အခုတကြိမ်လည်း နေပြည်တော်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးညီလာခံ တက်ရောက်ဖို့ သမ္မတအိုဘာမားရဲ့ မြန်မာ ခရီးစဉ်မတိုင်မီ အကျဉ်းသားများကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က စောစောပိုင်းက ကတိပေးခဲ့ပေမဲ့ AAPP အပါအ၀င် လူ့အခွင့်အရေးအဖွဲ့တွေက ပြုစုထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံရေးအကျဉ်းသား အရေအတွက် ၇၀ နီးပါး ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက မနေ့က တောင်းဆိုလိုက်ပါတယ်။

ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ အစိုးရကြား သောကြာနေ့ ဆွေးနွေးမည်

Photo: ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ အစိုးရကြား သောကြာနေ့ ဆွေးနွေးမည်
Wednesday, October 8, 2014

ဟောင်ကောင်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ဖို့ တောင်းဆိုထား ချက်တွေကို အခုသီတင်းပတ် ကုန်ပိုင်းမှာ တရားဝင် ဆွေးနွေးညှိနှိုင်းဖို့ သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း ဟောင်ကောင်အစိုးရနဲ့ ဆန္ဒပြကျောင်းသားတွေ က ပြောဆိုပါတယ်။

ကျောင်းသားကိုယ်စားလှယ်တွေနဲ့ အင်္ဂါနေ့နှောင်းပိုင်းမှာ ဆွေးနွေးခဲ့ပြီး နောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဟောင်ကောင်အုပ်ချုပ်ရေး အတွင်းဝန် Carrie Lam တို့အကြား စကားပြောဆိုမှုကို လာမယ့် သောကြာနေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ အခြေခံဥပဒေရေးရာ လက်ထောက်အတွင်းဝန် Lau Kong-wah က ပြောဆိုပါတယ်။

တချိန်က ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်မှာ သီတင်းတပတ်ကျော်ကြာ သောင်းနဲ့ချီတဲ့ ကျောင်းသားတွေ ခေါင်းဆောင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အခုအခါမှာတော့ ရာဂဏန်းလောက်သာ လမ်းတွေပေါ်မှာ ကျန်ပါတော့တယ်။ ကျောင်းတွေအများစု ပြန်ဖွင့်နိုင်ပြီဖြစ်သလို စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည် လည်ပတ်လာနိုင်ချိန်မှာ အခုလို တွေ့ဆုံဆွေးနွေးကြဖို့ ကြေညာချက် ထွက်ပေါ်လာတာပါ။

တနင်္လာနေ့တုန်းကတော့ အစိုးရဘက်ကကော ကျောင်းသားတွေဘက်ကပါ တွေ့ဆုံဆွေးနွေးရေးအတွက် အခြေခံမူတွေ ချမှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဟောင်ကောင်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ဖို့ တောင်းဆိုထား ချက်တွေကို အခုသီတင်းပတ် ကုန်ပိုင်းမှာ တရားဝင် ဆွေးနွေး ညှိနှိုင်း ဖို့ သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း ဟောင်ကောင်အစိုးရနဲ့ ဆန္ဒပြကျောင်းသားတွေ က ပြောဆိုပါတယ်။

အစ္စလာမ်မစ်အစွန်းရောက်လက်ထဲ Kobani မြို့ ကျမည့်အန္တရာယ်တိုး

Photo: အစ္စလာမ်မစ်အစွန်းရောက်လက်ထဲ Kobani မြို့ ကျမည့်အန္တရာယ်တိုး
Wednesday, October 8, 2014

IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ တဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်က Kobani မြို့အနီး ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက် မှုဟာ အကျိုးရှိတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု က ပြောဆိုလိုက်ပါတယ်။

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက မြို့ကို ၀ိုင်းရံတိုက်ခိုက်နေတဲ့ အစွန်းရောက် စစ်သွေးကြွတွေအပေါ် တိုက်ခိုက်နေတာကို ကူညီပံ့ပိုးပေး တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Jen Psaki ကပြောပါတယ်။

ဒီအတောအတွင်း တူရကီနိုင်ငံ မြို့တော် အန်ကာရာမှာရှိတဲ့ ခေတ်လူမျိုး တိုက်ခိုက်ရေးသမားတွေကို ထောက်ခံ ဆန္ဒပြကြသူတွေက ပြင်သစ်နိုင်ငံကို အထောက်အကူတွေပေးဖို့ တောင်းဆိုနေကြပါတယ်။

ခေတ်တိုက်ခိုက်ရေးသမားတွေက Kobani မြို့ကို သီတင်းသုံးပတ်ကြာ ခုခံကာကွယ် တိုက်ခိုက် နေခဲ့ပေမဲ့ မြို့ဟာ IS စစ်သွေးကြွတွေလက်ကို ကျလုကျခင် အခြေအနေကို ရောက်နေပြီလို့ တူရကီ သမ္မတက အင်္ဂါနေ့ မှာ ပြောပါတယ်။

မြေပြင်တပ်တွေနဲ့ တန်ပြန်မခုခံဘူးဆိုရင် အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ဆီးရီးယားနဲ့ တူရကီနယ်စပ်တလျှောက်ကို ထိန်းချုပ်သွားနိုင်တဲ့ အခြေ အနေမှာ ရှိနေတယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က ပြောပါ တယ်။

ကုလသမဂ္ဂရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ သံတမန်အသစ်ဖြစ်တဲ့ Staffan de Mistura ကလည်း နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ အခိုင်အမာ တုံ့ပြန်ဆောင် ရွက်မှုကို ချက်ချင်း လုပ်ဆောင်သင့်ပြီလို့ ပြောဆိုနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ တဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်က Kobani မြို့အနီး ပြုလုပ် ခဲ့တဲ့ လေကြောင်း တိုက်ခိုက် မှုဟာ အကျိုးရှိတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု က ပြောဆိုလိုက်ပါတယ်။

ဓာတ်ပုံ ခိုးယူပြီး အွန်လိုင်းပေါ်တင်မှု လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုဖြစ်ဟု ဂျနီဖာပြော

Photo: ဓာတ်ပုံ ခိုးယူပြီး အွန်လိုင်းပေါ်တင်မှု လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုဖြစ်ဟု ဂျနီဖာပြော
Wednesday, October 8, 2014

သူရဲ့ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ဖောက်ထွင်းခိုးယူပြီး အွန်လိုင်းပေါ် အမှုဟာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု မြောက်တယ်လို့ အော်စကာ ဆုရှင် ဂျနီဖာ လော့ရင့်က ပြောပါတယ်။

Jennifer Lawrenceတခြား ရုပ်ရှင်မင်းသမီးတွေ၊ မော်ဒယ်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေလိုပဲ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေ ဖော်ထွင်း ခိုးယူတာ ခံရပြီးနောက်မှာ ပထမဆုံးအနေနဲ့ ဟမ်းဂါးဂိမ်း ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်လာတဲ့ မင်းသမီးက ပြောဆိုလိုက်တာပါ၊

ဒိကိစ္စအတွက် သူမျက်ရည်ကျခဲ့ရသလို၊ ဒေါသလည်း ထွက်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒီအမှုကို FBI  ကလည်း ကိုင်တွယ်နေတယ်လို့ ပြောပါတယ်။

Apple  ကုမ္ပဏီကလည်း ထင်ပေါ် ကျော်ကြားသူတွေရဲ့ အကောင့်တွေ ဖောက်ထွင်းခံခဲ့ရတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။

ဒီဗွီဘီ
သူရဲ့ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ဖောက်ထွင်းခိုးယူပြီး အွန်လိုင်းပေါ် အမှုဟာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု မြောက်တယ်လို့ အော်စကာ ဆုရှင် ဂျနီဖာ လော့ရင့်က ပြောပါတယ်။