Friday, March 28, 2014

၁၀၀ မဂ္ဂါဝပ်ထွက် သဘာဝဓာတ်ငွေ့သုံး စက်ရုံ ဧပြီလအတွင်း အပြီးတည်ဆောက်မည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ရရှိမည့် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်မည့် ၁၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် တောမကျေးရွာတွင် ဧပြီလအတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာန တိုင်း လျှပ်စစ်အင်ဂျင်နီယာက ပြောကြားသည်။

ကင်ဂျုံအန်ဆံပင်ပုံစံအတိုင်း ကျောင်းသားများညှပ်ရန် စည်းကမ်းထုတ်

ကင်ဂျုံအန်ဆံပင်ပုံစံအတိုင်း ကျောင်းသားများညှပ်ရန် စည်းကမ်းထုတ်
Friday, March 28, 2014 

မြောက်ကိုရီးယားနိုင်ငံတွင် ခေါင်းဆောင် ကင်ဂျုံအန်၏ ဆံပင်ပုံစံအတိုင်း တက္ကသိုလ်ကျောင်းသားများ လိုက်ညှပ်ကြရန် ယခုအခါ စည်းကမ်းထုတ်ထားကြောင်း သတင်းများက ဆိုကြသည်ဟု မတ်လ ၂၇ ရက် က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ထားသော ထိုစည်းကမ်းကို မြို့တော် ပြုံ ယမ်းတွင် လွန်ခဲ့သောနှစ် ပတ်ခန့်ကတည်းက စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်သောအာရှအသံ (RFA)သတင်းများက ဆိုသည်။ ယခုအခါတွင် ထိုစည်းကမ်းမှာ မြောက်ကိုရီးယားနိုင်ငံ တစ်ဝန်းလုံးတွင် အကျိုးသက်ရောက်နေပြီ ဖြစ်သည်။ သို့ရာတွင် ထိုဆံပင်ပုံစံလိုက်ညှပ်ရေး စည်းကမ်းနှင့်ပတ်သက်၍ အချို့သူများက သံသယများကို ဖော်ထုတ် ပြောဆိုခဲ့ကြသည်။

“ကျွန်တော်တို့ခေါင်းဆောင်ရဲ့ ဆံပင်ပုံစံဟာ အရမ်းသီးသန့်ဆန်ပါတယ်။ လူတိုင်းမှာ မတူညီတဲ့မျက်နှာ ပေါက်တွေနဲ့ ဦးခေါင်းပုံစံတွေ ရှိနေကြတာမို့ အဲဒီဆံပင်ပုံစံဟာ လူတိုင်းနဲ့တော့ လိုက်မှာမဟုတ်ပါဘူး” ဟု မြောက်ကိုရီးယားတစ်ဦးက လွတ်လပ်သောအာရှအသံကို ပြောခဲ့သည်။ ယခုအခါ တရုတ်နိုင်ငံတွင် နေ ထိုင်လျက်ရှိသော မြောက်ကိုရီးယားတစ်ဦးကလည်း မြောက်ကိုရီးယားနိုင်ငံတွင် ထိုဆံပင်ပုံစံမှာ တရုတ် မှောင်ခိုသမားဆံပင်ပုံစံနှင့် ဆင်တူသည်ဟု လူအများက ယူဆကြသဖြင့် လူကြိုက်နည်းလှကြောင်း ပြောခဲ့ သည်။

အချို့ကာလများတွင် မြောက်ကိုရီးယား၌ နိုင်ငံတော်အစိုးရလက်ခံသော ဆံပင်ပုံစံများသာ ညှပ်ခွင့်ရှိပုံရ သည်။ ယခုအခါတွင်လည်း မြောက်ကိုရီးယားနိုင်ငံတွင် အမျိုးသမီးများအတွက် ဆံပင်ပုံစံ ၁၈ မျိုး နှင့် အမျိုး သားများအတွက် ဆံပင်ပုံစံ ၁၀ မျိုးသာ ရွေးချယ်ခွင့်ရှိသည်ဟု ဆိုကြသည်။ ယခင်ကလည်း မြောက်ကိုရီး ယား နိုင်ငံတော်ပိုင်ရုပ်မြင်သံကြား သတင်းဌာနသည် “ကျွန်ုပ်တို့၏ဆံပင်ကို ဆိုရှယ်လစ်ဘ၀ ပုံစံနှင့်အညီ ညှပ်ကြပါစို့” ဟူသော ဆံပင်ရှည် ဆန့်ကျင်ရေး အစီအစဉ်တစ်ခုကို ထုတ်လွှင့်ခဲ့သေးသည်။

သို့ရာတွင် မြောက်ကိုရီးယားဆံပင်ပုံစံ စည်းကမ်းနှင့် ပတ်သက်၍ သတင်းအချို့တွင် ကွဲပြားမှုများ ရှိနေ သည်။ ဆံပင်ပုံစံများ အပြောင်းအလဲကို ပြုံယမ်းသို့ လတ်တလောကာလတွင် လာရောက်လည်ပတ်ခဲ့ကြ သူများ သတိမပြုမိခဲ့ကြဟု NK News ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံအား ၁၇ နှစ်ခန့် အုပ်ချုပ်ခဲ့သူ ကွယ်လွန်သူခေါင်းဆောင် ကင်ဂျုံအီသည် ဘူးဖန့် ဆံပင်အထောင်ပုံစံထားခဲ့ပြီး နဂိုအရပ်ထက် ပိုမြင့်သယောင်ထင်ရစေရန် ထိုဆံပင်ပုံစံထားခဲ့ခြင်း ဖြစ် ကြောင်း အချို့ကဆိုသည်။

Mizzima - News in Burmese
မြောက်ကိုရီးယားနိုင်ငံတွင် ခေါင်းဆောင် ကင်ဂျုံအန်၏ ဆံပင်ပုံစံအတိုင်း တက္ကသိုလ်ကျောင်းသားများ လိုက်ညှပ်ကြရန် ယခုအခါ စည်းကမ်းထုတ်ထားကြောင်း သတင်းများက ဆိုကြသည်ဟု မတ်လ ၂၇ ရက် က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ထားသော ထိုစည်းကမ်းကို မြို့တော် ပြုံ ယမ်းတွင် လွန်ခဲ့သောနှစ် ပတ်ခန့်ကတည်းက စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်သောအာရှအသံ (RFA)သတင်းများက ဆိုသည်။ ယခုအခါတွင် ထိုစည်းကမ်းမှာ မြောက်ကိုရီးယားနိုင်ငံ တစ်ဝန်းလုံးတွင် အကျိုး

၃လ စောမွေးလို့ ၁ပေါင်ပဲရှိခဲ့တဲ့ ကလေး မယုံနိုင်ဖွယ် အသက်ရှင်ခဲ့

Myanmar Online News's photo.
လမစေ့ပဲ ၃လစော မွေးလို့ ၁ပေါင်ပဲရှိခဲ့တဲ့ ကလေးဟာ သူမရဲ့ ၁နှစ်ပြည့် မွေးနေ့မရောက်ခင်အထိ ထူးထူးဆန်းဆန်း ဖြစ်ခဲ့ရပါတယ်။ ကလေးလေးဟာ သေးလွန်းလို့ အသားညှပ်ပေါင်မုန့်အိတ်ထဲမှာ အသက်ရှင်အောင် မွေးခဲ့ရပါတယ်။

ရှိသမျှ စည်းစိမ် အကုန်ရောင်းလို့ ဆင်းရဲကလေးငယ် များကို ကျွေးမွေးသူ ဘီလျံနာ


ရှိသမျှ စည်းစိမ် အကုန်ရောင်းလို့ ဆင်းရဲကလေးငယ် များကို ကျွေးမွေးသူ ဘီလျံနာ

ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်က Scott Neeson လို့ အမည်ရပြီး 20th Century Fox ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေးမှာ ၁၀ နှစ်ကြာ ဥက္ကဌ အဖြစ် ဦးဆောင်လုပ်ကိုင် ခဲ့သူဖြစ်ပါတယ်။ 

သူ့လက်ထက်မှာ တိုက်တန်းနစ် ရုပ်ရှင်၊ X Men, Braveheart, Independence Day, Star တို့လို အောင်မြင်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀ ကျော်ကို ထုတ်လုပ် နိုင်ခဲ့ပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲ ပါဝင်ခဲ့ ပါတယ်။ သက္ကရာဇ် ၂၀၀၃ ခုနှစ် အရောက်မှာတော့ 20 Centry မှ ထွက်ခွာပြီး ကမ္ဘောဒီးယားကို သွားပါတယ်။ ကမ္ဘောဒီးယားက အမှိုက်ပုံတွေ ပေါ်မှာ အမှိုက်ကောက်၊ အသက်မွေး ဝမ်းကျောင်း ပြုနေတဲ့ ကလေး ငယ်တွေကို မြင်တော့ သနား နာကျင်တဲ့ ဝေဒနာ ခံစား ရပြီး နောက်တော့ ဖောင်ဒေးရှင်း တစ်ခု ထောင်ဖို့ ဆုံးဖြတ် ခဲ့ ပါတယ်။ 

ရှိသမျှ အိမ်၊ ကား၊ ဇိမ်ခံရွက်လှေနဲ့ စည်းစိမ် အားလုံး အားလုံး တစ်ခု မကျန် အကုန် ရောင်းချပြီး သူ့ဖောင်ဒေးရှင်းမှာ ရင်းနှီးလိုက်ပါတယ်။ အခု ဆိုရင် သူ့ကျွေးမွေး ထောက်ပံ့မှုကြောင့် ကလေးပေါင်း တစ်ထောင်ကျော် ဆင်းရဲတွင်းမှ လွတ်ခဲ့ ပါပြီ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အားလုံးကို တာဝန်ယူလို့ ဆောင်ရွက်ပေးခဲ့ ပါတယ်။ လက်ရှိမှာလည်း ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ 

မိမိ စည်းစိမ်ကို တွယ်တာ၊ သက်ညာမှု မရှိပဲ တစ်ပါး ဆင်းရဲ အားနွယ့်သူကို သနား၊ ကြင်နာ ကူညီတဲ့ Scott Neeson  ဟာ ကမ္ဘာက လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကြောင်း သိရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

.
ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်က Scott Neeson လို့ အမည်ရပြီး 20th Century Fox ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေးမှာ ၁၀ နှစ်ကြာ ဥက္ကဌ အဖြစ် ဦးဆောင်လုပ်ကိုင် ခဲ့သူဖြစ်ပါတယ်။
သူ့လက်ထက်မှာ တိုက်တန်းနစ် ရုပ်ရှင်၊ X Men, Braveheart, Independence Day, Star တို့လို အောင်မြင်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀ ကျော်ကို ထုတ်လုပ် နိုင်ခဲ့ပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲ ပါဝင်ခဲ့ ပါတယ်။ သက္ကရာဇ် ၂၀၀၃ ခုနှစ် အရောက်မှာတော့ 20 Centry မှ ထွက်ခွာပြီး ကမ္ဘောဒီးယားကို

စပါးဈေး ကျပ်သုံးသိန်းခွဲအောက် ပြုတ်မကျရန် အရန်ဆန်ကော်မတီ ထိန်းညှိပေးမည်ဟုဆို

Photo: စပါးဈေး ကျပ်သုံးသိန်းခွဲအောက် ပြုတ်မကျရန်  အရန်ဆန်ကော်မတီ ထိန်းညှိပေးမည်ဟုဆို

ရန်ကုန်၊ မတ်လ ၂၇

စပါးဈေး ကျဆင်းနေမှုကြောင့် စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် လယ်သမားများ အတွက် နွေစပါးသစ် ပေါ်ချိန်တွင် စပါးတင်းတစ်ရာ ပေါက်ဈေး ကျပ်သုံးသိန်းခွဲအောက် ကျဆင်းမသွားရန် အရန်ဆန် ကြီးကြပ်ရေး ကော်မတီက ထိန်းညှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ နွေစပါးများ စတင်ပေါ်နေပြီ ဖြစ်ရာ ယခုနှစ် တစ်ဧက အထွက်နှုန်းသည် ပျမ်းမျှ တင်း ၆၀ ဝန်းကျင်ခန့်သာ ထွက်ရှိခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နွေစပါး ထွက်နှုန်းအောက် တင်း ၂၀ ခန့် အထွက်နှုန်း လျော့ကျခဲ့ကြောင်း၊ ယင်းသို့ အထွက်နှုန်း ကျဆင်းခဲ့သည့် နှစ်တွင် စပါးဈေးနှုန်းများပါ ကျဆင်းလျက် ရှိခြင်းကြောင့် ဒေသခံ စိုက်ပျိုးရေး တောင်သူများမှာ စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန်ပင် အခက်တွေ့လျက် ရှိကြောင်း အဆိုပါ ဒေသခံ လယ်သမားများက ပြောကြားသည်။

“စပါး စပေါ်တုန်းကတော့ တင်းတစ်ရာ ကျပ်လေးသိန်းလောက် အထိ ဖြစ်လိုက်သေးတယ်။ အခု ဧည့်မထ အုပ်စုတွေက သုံးသိန်းဝန်းကျင်မှာ ရှိတော့တယ်။ ဈေးပြုတ်ကျတာ တစ်လခွဲလောက်ရှိပြီ။ ဝယ်သူတောင် မရှိတော့ဘူး။ ဘဏ်ကြွေးဆပ်ဖို့ အခက်တွေ့နေတယ်။ ဟင်္သာတ လယ်သမားတွေ စုပြီး ပြည်ထောင်စု ဝန်ကြီးဆီ တင်ပြဖို့ လုပ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အခြေစိုက် လယ်သမားအရေး လှုပ်ရှားသူ ဦးဝင်းခိုင်စိုးက ဆိုသည်။

အလားတူ စပါးဈေး နှိမ်ဝယ်ယူမှု ခံနေရခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်းရှိ လယ်သမားများ စုပေါင်း၍ အခြေခံ စပါးဈေး တင်းတစ်ရာ ကျပ်လေးသိန်းနှုန်း သတ်မှတ်မပေးပါက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ ဒေသခံ လယ်သမားများထံမှ သိရသည်။

“အခု ဧည့်မထ အုပ်စုဝင်တွေက အလေးချိန်ပေါ် မူတည်ပြီး လေးသိန်းဝန်းကျင်လောက် ဈေးပေါက်နေပါတယ်။ ဒီဈေးက လယ်သမားတွေအတွက် အဆင်ပြေပါတယ်။ ဒီထက် ဈေးကျသွားမယ် ဆိုရင် လယ်သမားတွေအနေနဲ့ အသင်းချုပ်ကို ဆက်သွယ်ပါ။ သုံးသိန်းခွဲအောက် ကျသွားတယ် ဆိုရင်တော့ အရန်ဆန် ကော်မတီကနေ ဆန်ဝယ်ယူ ပေးသွားမှာပါ” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းရက်များ အတွင်းက တရုတ် ဆန်ဈေးကွက်၏ ဆန်ဝယ်ယူမှုများ ထိုးကျသွားခဲ့ခြင်းကြောင့် ပြည်တွင်းရှိ ဆန်စက်ပိုင်ရှင်များ အနေဖြင့် ဆန်ဝယ်ယူ ကြိတ်ခွဲနိုင်မှု မပြုနိုင်၍ ယင်းသို့ ပြည်တွင်း စပါးဈေးများ ကျသွားခြင်း ဖြစ်သည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင် အခြေစိုက် ဆန်လုပ်ငန်းရှင် ဦးကျော်ကျော်က ပြောကြားသည်။

တရုတ်နှစ်သစ်ကူး ကာလမှ စတင်၍ အရောင်းအဝယ် အေးခဲ့သော တရုတ်နိုင်ငံ၏ ဆန်ဝယ်ယူမှုများ ယခုရက်ပိုင်းအတွင်း ပြန်လည် စတင်လာပြီ ဖြစ်ပြီး ပြည်တွင်းရှိ ကုန်သည် အချို့သည်လည်း ဆန်သိုလှောင်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ယင်းကြောင့် ဆန်ဈေး ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာမည့် အနေအထား ရှိ၍ စပါးဈေးများပါ လိုက်ပါ မြင့်တက်လာနိုင်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း နွေစပါး တင်းတစ်ရာ (ပေါင် ၅၀) လျှင်  ၃၆၀,၀၀၀ ကျပ်မှ ၃၇၀,၀၀၀ ကျပ်ခန့် ဈေးဖြတ် ဝယ်ယူနေခြင်းကြောင့် ဒေသ၌ ပုံမှန် ချိန်တွယ် ရောင်းဝယ်သည့် စပါးတင်း တစ်ရာ ၄၆ ပေါင်ဖြင့် တွက်မည်ဆိုပါက စိုက်ပျိုးတောင်သူများ အမှန်ရရှိနေသည့် စပါးတင်းတစ်ရာ ပေါက်ဈေးသည် ၃၃၀,၀၀၀ ကျပ်ခန့်သာ ဈေးရလျက် ရှိကြောင်း အဆိုပါဒေသ စပါးရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။
စပါးဈေး ကျဆင်းနေမှုကြောင့် စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် လယ်သမားများ အတွက် နွေစပါးသစ် ပေါ်ချိန်တွင် စပါးတင်းတစ်ရာ ပေါက်ဈေး ကျပ်သုံးသိန်းခွဲအောက် ကျဆင်းမသွားရန် အရန်ဆန် ကြီးကြပ်ရေး ကော်မတီက ထိန်းညှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

အစိုးရ၀န်ထမ်းလစာနှင့် မီတာခတိုးသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို ပြည်သူများစိုးရိမ်


တာချီလိတ်ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေသည့် မြင်ကွင်း (ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/အီးပီအေ)
အစိုးရ၀န်ထမ်းများ လုပ်ခလစာနှင့် မီတာခတို့ အတူတိုးမြှင့်လိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်းမြင့် တက်လာနိုင်ခြင်းကို ပြည်သူများ၊ အစိုးရ၀န်ထမ်းများသာမက  လုပ်ငန်းရှင်များကပါ  စိုးရိမ် ပူပန်မှုရှိနေကြောင်း သတင်းရရှိသည်။
 ‘‘လစာတိုးရင်တော့ ကုန်ဈေးနှုန်းက ပုံမှန်တက်လေ့ရှိတာပဲ။ လုပ်ငန်းရှင်တွေကလည်း မီတာခတိုးကောက်တာ ခံရတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် တက်လာရင် ကုန်ဈေးနှုန်းက တက်တာပဲ’’ဟု ငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Shwenaingan's photo.
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၁၄ခုနှစ် (၆၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပသည်။ရှေးဦးစွာ ဂုဏ်ပြု ညစာစားပွဲ စတင်ကျင်းပချိန်တွင် (၆၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့ စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်သည်။

NLD နဲ့ ကြံ့ခိုင်ရေး အဓိက အားစမ်းမယ့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ

  
NLD , ကြံ့ခိုင်ရေး, ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ, မျိုးစောင့်ဥပဒေ, လွှတ်တော်, ဦးသိန်းစိန်, ရွေးကောက်ပွဲ ကော်မရှင်
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)က  ဖွဲ့စည်းလိုက်တဲ့ ဦးသိန်းစိန် အစိုးရက ဆောင်ရွက်နေတဲ့ အမျိုး ဘာသာသာသနာ စောင့်ရှောက် ရေး ကြွေးကြော်နေ ချိန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် အတွင်း မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်တာမို့ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ကြွေးကြော် သံ တွေက ကြံ့ခိုင်ရေး ပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရေးရရှိရေး ဗျူဟာ တခုအဖြစ် အသုံးပြုမယ့် အခြေအနေတွေ ဖြစ်ထွန်း လာတယ် လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပါတယ်။

သံယောဇဉ်အနားနှလုံးသားဗဟိုဇာတ်ကားနှင့် ကြယ်စင်မော်ကွန်း ရုပ်ရှင် ဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်


Shwenaingan's photo.
တပ်မတော်ဂုဏ်ပြုဇာတ်လမ်းများဖြစ်သည့် သံယောဇဉ်အနား နှလုံး သားဗဟိုဇာတ်လမ်းနှင့် ကြယ်စင် မော်ကွန်း ရုပ်ရှင်ဇာတ်လမ်းတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနု ပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည် တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆု ရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)

ဘယ်လိုအခြေအနေမျိုးတွေမှာ ရည်းစားမထားပဲ တစ်ယောက်တည်းနေသင့်သလဲ

ကိုယ်က မချစ်တတ်တဲ့သူလည်း မဟုတ်ဘူး။ ကိုယ့်ရည်းစားဆို တုန်နေအောင်ချစ်ပါရက်နဲ့ အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရပြီဆိုပါစို့။ နောက်ထပ် ရည်းစားထားဖို့တောင် တော်တော်ကြောက်နေရပြီ။ အရင်လို ထပ်ဖြစ်မှာ စိုးရတာနဲ့၊ စိတ်တွေရှုပ်ထွေးနေတာမို့ ကိုယ့်ဘေးနားမှာ ဘယ်သူတွေ ရှိနေတယ် ဆိုတာတောင် သတိမထားမိတော့တာနဲ့ စသဖြင့် အခြေအနေတွေ ကြုံလာရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ဖို့ လိုပြီပေါ့နော်။ ကိုယ့်မှာ သုံးသပ်ကြည့်စရာ အချက် သုံးချက်ရှိပါတယ်။ ကိုယ်ဖြစ်နေ တာတွေနဲ့ အဲ့ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် ရည်းစားမထားသေးဘဲ ငြိမ်ငြိမ်လေး နေလိုက်

ကမ်းလွန်ရေနံ လုပ်ကွက်သစ်များတွင် ကမ္ဘာ့ထိပ်တန်း စွမ်းအင်ကုမ္ပဏီ အုပ်စုများသာ လုပ်ကိုင်ခွင့်ရ


ကမ်းလွန်ရေနံ လုပ်ကွက်သစ်များတွင် ကမ္ဘာ့ထိပ်တန်း စွမ်းအင်ကုမ္ပဏီ အုပ်စုများသာ လုပ်ကိုင်ခွင့်ရ 

ရန်ကုန်၊ မတ် ၂၇

ရခိုင်ကမ်းရိုးတန်း မုတ္တမပင်လယ်ကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းရှိ ကမ်းနီး၊ ကမ်းဝေးရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များတွင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနှင့် ဥရောပတို့မှ ကမ္ဘာ့ထိပ်တန်း စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းစုကြီးများ တင်ဒါအောင်ကာ လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီး ဌာနထံမှ သိရသည်။ 

၎င်းတို့မှာ ကမ္ဘာကျော် ကုမ္ပဏီများ ဖြစ်သည့် ဗြိတိန်မှ BG Group၊ အမေရိကန်မှ Chevron (Unocal)၊ Conoco Phillips၊ ဟော်လန်မှ Shell၊ အီတလီမှ Eni၊ ဂျပန်မှ Mitsui Oil (MOECO)၊ ပြင်သစ်မှ Total E&P၊ အိန္ဒိယမှ Reliance Industirs နှင့် သြစတြေးလျမှ Woodside တို့ကဲ့သို့သော ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများ ဖြစ်သည်။  

ယင်းကုမ္ပဏီများနှင့် အသေးစိတ် အချက်အလက်များ အပြီးသတ် ညှိနှိုင်းရန် ကျန်ရှိနေသေးသောကြောင့် တရားဝင် လုပ်ကိုင်ခွင့် စာချုပ်ချုပ်ဆိုရန် သုံးလခန့် ကြာနိုင်ပြီး စာချုပ်ချုပ်ဆိုခ အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော် ရရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

တင်ဒါအောင် ကုမ္ပဏီများ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ သတ်မှတ်ချက်များအရ ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှု အခြေအနေများကို သိရှိနိုင်ရန် EIA၊ SIA စစ်ဆေးမှုဆိုင်ရာ အချက်လက်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ မှတ်ချက်နှင့် စွမ်းအင်ဝန်ကြီးဌာန ထောက်ခံချက် များဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ လုပ်ငန်းပါမစ် လျှောက်ထားရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။  

“ဒီတစ်ခါ တင်ဒါက ထူးခြားတယ်။ အောင်ထားတဲ့ ကုမ္ပဏီတွေထဲမှာ တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေ မပါဘူး။ ဒီကဏ္ဍက တိုင်းပြည်ဝင်ငွေကို အဓိက ရှာပေးနေတာ ဖြစ်သလို Risk လည်း များတဲ့ ကဏ္ဍဖြစ်နေတော့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတွေ ဝင်လာတာ ကောင်းပါတယ်။ ငွေတစ်ခုတည်း မဟုတ်ဘဲ နည်းပညာတွေ၊ ကျွမ်းကျင် လုပ်သားတွေ၊ အတွေ့အအကြုံတွေပါ ယူနိုင်ဖို့တော့ လိုမယ်” ဟု စွမ်းအင်ဝန်ကြီး ဌာနမှ အငြိမ်းစားအရာရှိ ဦးစိုးငွေက ဆိုသည်။ 

စွမ်းအင်ဝန်ကြီး ဌာနက ယမန်နှစ် ဧပြီလကလည်း ကမ်းနီးကမ်းဝေး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၃၀ ကို တင်ဒါ ခေါ်ယူခဲ့ပြီး နိုင်ငံတကာမှ စွမ်းအင်ကုမ္ပဏီ ၆၁ ခု ဝင်ရောက် လျှောက်ထားကာ နောက်ဆုံး အဆင့် ရွေးချယ်ရာတွင် ကမ်းနီးလုပ်ကွက် ၁၀ ခုနှင့် ကမ်းလွန်လုပ်ကွက် ၁၀ ခုကို ချထားပေးခဲ့သည်။
ရခိုင်ကမ်းရိုးတန်း မုတ္တမပင်လယ်ကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းရှိ ကမ်းနီး၊ ကမ်းဝေးရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များတွင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနှင့် ဥရောပတို့မှ ကမ္ဘာ့ထိပ်တန်း စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းစုကြီးများ တင်ဒါအောင်ကာ လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီး ဌာနထံမှ သိရသည်။

သင်္ကြန်မဏ္ဍပ်များ၌ သရုပ်ပျက် ဝတ်စားဆင်ယင်သူများကို မှတ်တမ်းတင်သူ တစ်ဦးစီထားကာ စောင့်ကြည့် သတိပေး မည်

သင်္ကြန်မဏ္ဍပ်များ၌ သရုပ်ပျက် ဝတ်စားဆင်ယင်သူများကို  မှတ်တမ်းတင်သူ တစ်ဦးစီထားကာ  စောင့်ကြည့် သတိပေး မည်
===========================================
ရန်ကုန်၊ မတ် ၂၇

ရန်ကုန်မြို့တော်ရှိ သင်္ကြန်မဏ္ဍပ်များ၌ စောင့်ကြည့်သူ တစ်ဦးစီ ထားကာ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်လျော်သော သရုပ်ပျက် ဝတ်စား ဆင်ယင်သူများကို မှတ်တမ်းတင်၍ ခေါ်ယူသတိပေးတားမြစ်မည်
 ဖြစ်ကြောင်း တိုင်းဒေသကြီးယဉ်ကျေးမှုဝန်ကြီး ဒေါ်စန်းစန်းနွယ်က
 ပြောကြားသည်။

ယမန်နှစ် သင်္ကြန်ကာလ၌ ရန်ကုန်မြို့တော်တွင်းရှိ မဏ္ဍပ်တချို့တွင်  မိန်းကလေးများ၏ သရုပ်ပျက် ဝတ်စား ဆင်ယင်ပြီး ရေကစားသည့် 
ဓါတ်ပုံများ လူမှုကွန်ရက် ဖေ့ဘုတ်နှင့် အင်တာနက် ဝက်ဆိုဒ် အချို့တွင် ပျံနှံခဲ့သောကြောင့် ယခုနှစ် သင်္ကြန်၌ ယင်းသို့ ထပ်မံမဖြစ်ပွားစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က  သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ကော်မတီ ၁၀ ရပ်အနက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှင့် မဆီလျော်သော ဝတ်စား ဆင်ယင်မှု ထိန်းသိမ်းရေး ကော်မတီက မဏ္ဍပ်တိုင်းတွင် တာဝန်ရှိသူ တစ်ဦးထားကာ ဓါတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်၍ ခေါ်ယူ သတိပေး တားမြစ် မည်ဖြစ်ကြောင်း  တိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီး က  ရှင်းပြသည်။ 

သတင်းအပြည့်အစုံကို မနက်ဖြန် မတ်လ ၂၈ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြပေးမညိဖြစ်ပါကြောင်း လေးစားစွာ အသိပေးပါသည်။
ရန်ကုန်မြို့တော်ရှိ သင်္ကြန်မဏ္ဍပ်များ၌ စောင့်ကြည့်သူ တစ်ဦးစီ ထားကာ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်လျော်သော သရုပ်ပျက် ဝတ်စား ဆင်ယင်သူများကို မှတ်တမ်းတင်၍ ခေါ်ယူသတိပေးတားမြစ်မည်
ဖြစ်ကြောင်း တိုင်းဒေသကြီးယဉ်ကျေးမှုဝန်ကြီး ဒေါ်စန်းစန်းနွယ်ကပြောကြားသည်။

ယမန်နှစ် သင်္ကြန်ကာလ၌ ရန်ကုန်မြို့တော်တွင်းရှိ မဏ္ဍပ်တချို့တွင် မိန်းကလေးများ၏ သရုပ်ပျက် ဝတ်စား ဆင်ယင်ပြီး ရေကစားသည့် ဓါတ်ပုံများ လူမှုကွန်ရက် ဖေ့ဘုတ်နှင့် အင်တာနက် ဝက်ဆိုဒ် အချို့တွင်

အမေရိကန်သူ အမျိုးသမီး သာသနာအလံကို မဖွယ်မရာ ပြုလုပ်မူ ကွန်ကရက်တောင်းဆိုမူနှင့် တိုက်ဆိုင်နေ

Photo: အမေရိကန်သူ အမျိုးသမီး သာသနာအလံကို မဖွယ်မရာ ပြုလုပ်မူ ကွန်ကရက်တောင်းဆိုမူနှင့် တိုက်ဆိုင်နေ

Friday, March 28, 2014

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မာတေဇာ ( Malteser) အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ တစ်ဦးမှ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားရာ သာသနာ အလံအား မဖွယ်မရာ ပြုလုပ်မူသည် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေးကော်မတီ
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူများ အပေါ် ဖိနှိပ်ချုပ်ချယ်မူများရှိနေသည်ဟု ဆိုကာ ရပ်တန့်ရန်
တောင်းဆိုမူ ဖြစ်ပွားသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

မတ်လ ၂၅ ရက်နေ့က ပြုလုပ်သော အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေး ကော်မီတီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ ရိုဟင်ဂျာများ ခွဲခြားဆက်ဆံ ခံနေရသည့်အတွက် ဖိနှိပ်မူများ အမြန်ဆုံး ရပ်တန့်ပေးရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်။

၎င်းအဆိုအား အမေရိကန် ပြည်ထောင်စု ကယ်လီးဖိုးနီးယားပြည်နယ် လွှတ်တော် အမတ်နှင့် လွှတ်တော် နိုင်ငံခြားရေး ကော်မီတီ ဥက္ကဌ Ed Royce မှ တင်သွင်းခဲ့ပြီး ဘင်္ဂလီ ရိုဟင်ဂျာဆိုသူများကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးရန် မြန်မာအစိုးရအပေါ် တောင်းဆိုခဲ့ကြသည်။

မြန်မာအစိုးရဘက်မှ ၎င်းတောင်းဆိုမူအား ပယ်ချခဲ့သည်။

အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေး ကော်မီတီ အစည်းအဝေးတွင် ထိုသို့ တောင်းဆိုခဲ့ပြီး နောက်တစ်နေ့ မတ်လ ၂၆ ရက်နေ့တွင် စစ်တွေမြို့တွင် ရုံးစိုက်ပြီး လူမူရေး အကူအညီများဆောင်ရွက်နေသော မာတေဇာ အန်ဂျီအိုတွင် တာဝန် ထမ်းဆောင်နေသူ အမေရိကန်နိုင်ငံသူ တစ်ဦးက သာသနာအလံအား မဖွယ်မရာ ပြုလုပ်မူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သာသနာအလံအား မည်မျှ အလေးအမြတ်ထားကြောင်းကို သူမအနေဖြင့် သိရှိပုံ မရဘဲ မနေကြောင်း၊ ယခုလို အထိအခိုက် မခံနိုင်သော အခြေအနေမျိုးတွင် ၎င်းအမျိုးသမီးက သာသနာအလံအား မဖွယ်မရာ ပြုလုပ်မူမှာ အထူး စဉ်းစားစရာ ဖြစ်နေကြောင်း သုံးသပ်သူများက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဖြစ်စဉ်တိုင်းလိုလိုအား အသေအချာ လေ့လာ
ဆန်းစစ်ကြည့်ပါက နောက်ကွယ်မှ စနစ်တကျ အစီအမံများဖြင့် အကွက်ကျကျ ဖန်တီးမူများ ရှိနေသည်ကို တွေ့ရှိရမည် ဖြစ်သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များ နှင့် ရခိုင်နိုင်ငံရေး ပါတီများ အနေဖြင့် ဖြစ်ပေါ်လာသော အခြေအနေ အရပ်ရပ်ကို အထူး သတိထား စောင့်ကြည့်ရန် လိုအပ်လှကြောင်း အများကသုံးသပ် ပြောဆိုနေကြသည်။

(နိရဉ္စရာ- ၂၇ မတ်လ ၂၀၁၄)

From to ThitHtooLwin 
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မာတေဇာ ( Malteser) အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ တစ်ဦးမှ ဗုဒ္ဓ ဘာသာဝင်များ အလေးအမြတ်ထားရာ သာသနာအလံအား မဖွယ်မရာ ပြုလုပ်မူသည် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေးကော်မတီ
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူများ အပေါ် ဖိနှိပ်ချုပ်ချယ်မူများရှိနေသည်ဟု ဆိုကာ ရပ်တန့်ရန်တောင်းဆိုမူ ဖြစ်ပွားသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

အပစ်ရပ်ရေး မပြီးဘဲ နိုင်ငံရေးဆွေးနွေးပါက ပဋိပက္ခများဆီ ပြန်လည် ဦးတည်နိုင်ဟု ကာ/ချုပ်ပြောကြား

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဦးတည် လုပ်ကိုင်နေသော မြန်မာနိုင်ငံတွင် အပစ်အခတ် ရပ်စဲရေးလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ပြီးစီးခြင်း မရှိဘဲ နိုင်ငံရေးဆွေးနွေးမှုများ စတင်ပြုလုပ်ပါက လက်နက်ကိုင် ပဋိပက္ခများဆီသို့ ပြန်လည် ဦးတည်သွားနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇ ရက်နေ့တွင်

စစ်တွေက ညမထွက်ရအမိန့်နဲ့ ကုလ တာဝန်ခံရဲ့ စိုးရိမ်မှု

 ပဋိပက္ခ ပြီးခါစ စစ်တွေမြို့ကို ၂၀၁၂ ခု နိုဝင်ဘာ လအတွင်းက ဤသို့တွေ့ရသည် (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

ကုလသဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားရေး ဋ္ဌာနေ ကိုယ်စားလှယ် မစ္စ တွိုင်လေ ကာဗန်နော့ဗ် က တော့ မနေ့ မတ်လ ၂၇ ရက်နေ့စွဲနဲ့ အမည်မသိ ဆန္ဒပြသူတွေက စစ်တွေမြို့မှာ အကူ အညီပေးရင်း နေထိုင်ကြတဲ့ NGO အဖွဲ့က တာဝန်ရှိသူတွေကို တိုက်ခိုက်မှုတွေဖြစ်လို့ အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

သင့်မျက်နှာပေါ်ရှိ မှဲ့ များမှ ပြောပြသော သင့်အကြောင်း

သင့်မျက်နှာပေါ်ရှိ မှဲ့ များမှ ပြောပြသော သင့်အကြောင်း
===================================

မျက်နှာပေါ်ရှိ မှဲ့ အနက်အဓိပ္ပာယ်ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင်ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာ
ကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ထင်ရှားပြတ်သားပြီး တခုတည်းရှိသော
မှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက် အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေး ကလေးများကို
ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ
ဆန်းစစ်ကြည့်ရအောင်။

နံပါတ် ၁မှ၃ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါတီထွင်ကြံ
ဆဥာဏ်ရှိပြီး လွတ်လပ် ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင် လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့ အထက်အရာရှိက
သင့်ရဲ့တွေးခေါ်ဆန်းသစ် လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့ မှဲ့ပိုင်ရှင် ဟာသူများ
အလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။

နံပါတ် ၄သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင်
ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုးပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ်
အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့် ဆက်
ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့အဲဒီအကျင့်လေးသာ
ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၅မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ဒါပေမယ့်သူများထက်တော့
ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကို
မနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ကြံစည်ကြပါလိမ့်မယ်။သင့်ရဲ့အလျင်အမြန်ကြီးပွားချမ်းသာတဲ့
စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့သတိပေးပါရစေ။
သင့်ရဲ့ပင်ကိုဥာဏ်ကိုသုံးပြီးသတိဝိရိယနဲ့နေပါ။ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအားမချုပ်ကိုင်
ပါစေနဲ့။

နံပါတ် ၆ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဥာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဥာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆို
ပါစွမ်းရည်က သင့်ကိုချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ကံပါလာပြီးသား။ ဒါပေမဲ့သမားရိုးကျစီးပွား
ရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီးရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာဖြစ်တယ်။

နံပါတ် ၇မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအ
ဝိုင်းကြားမှာ ကတောက်ကဆ စကားများ တတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ကို ထိခိုက်စေပါ
တယ်။ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိ
ယူပါ။

နံပါတ် ၈ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့ အတွက်ကြောင့် အမြဲအလိုလို ငွေ ကြပ်နေ
တတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။
အလားတူ အဲဒီမှာ မှဲ့ ရှိတဲ့သူ ဟာ ဆန့်ကျင်ဘက်လိင်ကို သာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲ
ဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။

နံပါတ် ၉ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့
အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။

နံပါတ် ၁၀နှခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့
သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်
အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

နံပါတ် ၁၁ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်
တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။

နံပါတ် ၁၂ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ် မချမ်း
သာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာ
သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်း
မယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။

နံပါတ် ၁၃သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာ
အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။

နံပါတ် ၁၄ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ဘာလို့လဲ
ဆိုတော့ သင်ဟာတချို့အစားအစာနဲ့ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင်ဖြစ်တတ်
ပါတယ်။

နံပါတ် ၁၅သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင် မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူ
ဖြစ်တယ်။ ပစ္စည်းသစ် ကို သုံးရတာ၊ နေရာ အသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာ ထဲမှာ ကြာ ကြာ
နေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။

နံပါတ် ၁၆သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခု
ဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ
ချစ်ရေး ချစ်ရာ မှာ စိတ်ပါဝင်စားပြီး ချစ်သူ ကို တယောက်မက ထား တတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်
သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ် လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်
ပါတယ်။

နံပါတ် ၁၇ သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြော
ကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ ဂုဏ်
သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့် ကိုယ်ကို တန်ဖိုး
ထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။

နံပါတ် ၁၈ သင်ဟာ အမြဲတမ်း ခရီးထွက်နေရမဲ့ သူ ဖြစ်တယ်။ သင့်ဘဝ မှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။
ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အ
တွက် ပိုပြီးကောင်းပါလိမ့်မယ်။

နံပါတ် ၁၉သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အား
နည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ဆွဲဆောင်မှုနောက်သို့အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာအဲဒါက သင့်
ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။

နံပါတ် ၂၀ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အ
လွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်
မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဥာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေး
ကိုကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစား ဆက်ဆံ
တတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့
လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူ အဖြစ် မှတ်ယူရမဲ့ အမှတ်အသား
တစ်ခုပါပဲ။

နံပါတ်၂၁ ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။နောက်ပြီး ကျော်ကြားမှု
နဲ့အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။

နံပါတ် ၂၂သင့်ဘဝဟာအမြဲ ပျော်ရွှင်နေပြီး အစစအရာရာအဆင်ပြေချောမွေ့ပါတယ်။ သင်ဟာအားကစားကိုဝါသနာထုံ
သူဖြစ်ပါက စူပါစတား အားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။မျက်ခုံးမွေး အဆုံးမှာရှိတဲ့ မှဲ့ ပိုင်ရှင်များ
ဟာသြဇာတိက္ကမ ရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင် အရာရှိတယောက် ဆို
ပါကကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၂၃သင့်မှာ ဥာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဥာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ပေါင်း
သင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန် ရပ်တည်ရမလဲ ဆိုတဲ့ ရင့်ကျက် တဲ့ ပင်ကိုဥာဏ်ရှိတဲ့အတွက်
ကြောင့် အဓိပ္ပာယ် ရှိရှိ၊ သက်တမ်းရှည် တဲ့ ဘဝ ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက် အိုမင်း လာသည့် တိုင်အောင်
တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။

နံပါတ် ၂၄သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့်အိုမင်းတဲ့အခါအထောက်
အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့အဆိုပါမှဲ့ပိုင်ရှင်များဟာ
အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။

နံပါတ်၂၅သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာ ခံစား
ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။ သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုး စီး
ပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

Credit to မူရင်းရေးသူ
မျက်နှာပေါ်ရှိ မှဲ့ အနက်အဓိပ္ပာယ်ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင်ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာ ကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြား သတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသော မှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက် အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေး ကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။
နံပါတ် ၁မှ၃ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲ

ရေခဲရေသောက်နေသူ အမျိုးသားရုတ်တရက် သေဆုံး

သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ လေးဒေါင်ကန်လမ်းရှိ EPC ဝန်ထမ်းအိမ်ရာတွင် မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အပြင်က ပြန် လာစဉ် ရေခဲရေသောက် ရာမှ ရုတ်တရက်သေဆုံးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မ ရဲစခန်း မှ ရဲအရာရှိက ပြောကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းတွင် နေသူ ကိုအောင်ဖြိုးပိုင်သည်

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် ( ၂၇-၃-၂ဝ၁၄ မှ ၂-၄-၂ဝ၁၄ ) ဟောစတမ်း



တနင်္ဂနွေ
အခြေအနေကို စောင့်ဆိုင်းခြင်းထက် ရှေ့တိုးဆောင်ရွက်ရန် အခါသင့်သည်။ သူတစ်ပါး ဝေဖန်ပြောဆိုခြင်း၊ အခါပေးခြင်းများကို နားဝင်ခြင်း မရှိပါနှင့်။ လုပ်လိုသည့်ကိစ္စများကို တိုင် ပင်မနေပါနှင့်။ အောင်မြင်မှုနှင့် စိတ်ချမ်းသာခြင်းများ ဆက်တိုက်ကြုံတွေ့ရမည်။ မိမိလုပ်နိုင် သည်ထက် ပို၍ပင်ပန်းသော၊ ထုထည်ကြီးသော၊ တာဝန်ကြီးသော လုပ်ငန်းများ ကိုင်တွယ် ဖြေရှင်းရမည်။
ယတြာ ။ ။ မွေးနေ့တွင် အပြာ၊ အနီရောင် ရောထွေးနေသော အင်္ကျီ၊ အဝတ် အစားများကို ဝတ်ဆင်ပါ။

အိုဘားမား၏ လုံခြုံရေးဝန်ထမ်း အရက်မူးနေ၍ အမေရိကပြန်ပို့ခံရ

Photo: အိုဘားမား၏ လုံခြုံရေးဝန်ထမ်း အရက်မူးနေ၍ အမေရိကပြန်ပို့ခံရ
Friday, March 28, 2014

နျူကလီးယား လုံခြုံရေးထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမား၏ လုံခြုံရေး ဝန်ထမ်းများတွင် အရက်မူးနေသူ တစ်ဦးနှင့် အခြား ၂ ဦးကို စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် အမေရိကသို့ ပြန်ပို့ လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ အမေရိကန်သမ္မတ အိုဘားမားကို ကာကွယ်ပေးရသော လုံခြုံရေး ဝန်ထမ်းများထဲမှ စည်းကမ်းချိုး ဖောက်သူသုံးဦးကို အမေရိကသို့ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

စည်းကမ်းချိုးဖောက်သူ သုံးဦးတွင် တစ်ဦးမှာ အမ်စတာဒမ် ဟိုတယ်တွင် သတိလက်လွတ် ဖြစ်သည်အထိ အရက်မူးနေသည်ကို ဟိုတယ်ဝန်ထမ်းများက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ ကျန်နှစ်ဦးမှာ ၎င်းကို တားမြစ်ခြင်း မရှိသောကြောင့် အလိုတူ အလိုပါအဖြစ် မှတ်ယူခံရခြင်း ဖြစ်ကြောင်း ယင်းဖြစ်ရပ်ကို ကောင်းမွန်စွာ သိရှိသော အမည်မဖော်လိုသူ သတင်းရင်းမြစ်ကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

လုံခြုံရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် သမ္မတအိုဘားမား၏ လုံခြုံရေး ဝန်ထမ်းသုံးဦးကို တာဝန်မှ ခေတ္တဆိုင်းငံ့၍ ခွင့်ပေးထားကြောင်း သာ ပြောကြားခဲ့ပြီး အသေးစိတ် ထုတ်ပြန် ပြောကြားရန်ကိုမူ ငြင်းဆန် ခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမား၏ လုံခြုံရေး ဝန်ထမ်းများသည် လွန်ခဲ့သောနှစ်များအတွင်း မလျော်ကန်သော အပြုအမူများ ပြုလုပ် ခဲ့ခြင်းကြောင့် ဂုဏ်သရေ ကျဆင်းနေမှုကို ပြန်လည် မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၃ ခုနှစ်ကလည်း သမ္မတ အိုဘားမား၏ လုံခြုံရေးဝန်ထမ်း နှစ်ဦးသည် လိင်ပိုင်ဆိုင်ရာ စည်းရုံးဆွဲဆောင်မှုနှင့် မလျော်ကန်သော အပြုအမူများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ရာထူးမှ ဖယ်ရှားခဲ့သည်။

ထို့ပြင် ၂၀၁၂ ခုနှစ်တွင်လည်း ကိုလံဘီယာနိုင်ငံ ကာတန်ဂျီနာမြို့တွင် သမ္မတအိုဘားမား၏ လုံခြုံရေးဝန်ထမ်း အချို့က ပြည့်တန်ဆာများ ခေါ် ယူပျော်ပါး ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် လုံခြုံရေး ဝန်ထမ်း အများအပြားကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ယင်းကဲ့သို့ မလျော်ကန်သော အပြုအမူများကြောင့် လုံခြုံရေးအေဂျင်စီ အနေနှင့် လုပ်ထုံးလုပ်နည်း အသစ်များ ထပ်မံချမှတ်ခဲ့ရပြီး ယခင်က အမျိုးသား များသာ လွှမ်းမိုးထားသည်ဟု ရှုမြင်ခံထားရသော လုံခြုံရေးလုပ်ငန်းကို ပြောင်းလဲမှုများ ပြုလုပ်ရန် အမေရိကန် အစိုးရအရာရှိများက ကတိပြုခဲ့ကြသည်။

ယမန်နှစ်က သမ္မတအိုးဘားမားသည် ၎င်း၏ လုံခြုံရေးအဖွဲ့ ဒါရိုက်တာ ရာထူးကို ပထမဆုံးအကြိမ်အဖြစ် ဝါရင့် ထောက်လှမ်းရေး အမျိုးသမီးဖြစ်သူ ဂျူလီယာပီယာဆင်ကို အမည်စာရင်း တင်သွင်းခဲ့သည်။

The Voice Weekly
နျူကလီးယား လုံခြုံရေးထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမား၏ လုံခြုံရေး ဝန်ထမ်းများတွင် အရက်မူးနေသူ တစ်ဦးနှင့် အခြား ၂ ဦးကို စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် အမေရိကသို့ ပြန်ပို့ လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ အမေရိကန်သမ္မတ အိုဘားမားကို ကာကွယ်ပေးရသော

MH370 အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထု ၃၀၀ ထိုင်းဂြိုလ်တုက တွေ့ရှိ

လေ့ယာဉ်ရှာဖွေနေတဲ့ ဧရိယာ မြေပုံ (Credit: ABC licensed) 
ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ်ရဲ့ ​အစိတ်အပိုင်းလို့ ​ယူဆရတဲ့ ​ရေထဲမှာ ​မျောနေတဲ့ ​အရာဝတ္ထုပေါင်း ​၃၀၀ ​လောက်ကို ​ဂြိုလ်တု ​ဓာတ်ပုံတွေမှာ ​တွေ့ရှိခဲ့တယ်လို့ ​ထိုင်းအာကာသ ​စူးစမ်းလေ့လာရေး ​အေဂျင်စီက ​ပြောပါတယ်။
အခုဂြိုလ်တုကနေ ​ရရှိထားတဲ့ ​နေရာကတော့ ​သြစတြေးလျ ​အနောက်တောင်ပိုင်း ​မိုင်ပေါင်း ​၁၇၀၀ ​အကွာအဝေးမှာ ​တည်ရှိနေပါတယ်။

လျှပ်စစ်မီတာခ ပြန်လျော့ချပေးဖို့ ဆန္ဒပြ တောင်းဆို

myanmar electricty protest
အရင်တုန်းကပြုလုပ်ခဲ့တဲ့ ဖယောင်းတိုင်တွန်း ဆန္ဒပြမှု (Credit: ABC) 
ပြီးခဲ့တဲ့ ​ရက်ပိုင်းတုန်းက ​လွှတ်တော်ကနေ ​အတည်ပြုခဲ့တဲ့ ​လျှပ်စစ်မီတာခတိုးမြှင့် ​ကောက်ခံဖို့ ​အပေါ်ကို ​အခြေခံလူတန်းစားတွေအနေနဲ့ ​လက်မခံနိုင်တဲ့အတွက် ​ရန်ကုန်မြို့ ​ဆူးလေဘုရား ​တစ်ဝိုက်မှာ ​မနေ့တုန်းက ​ဖယောင်းတိုင်ထွန်း ​ဆန္ဒပြခဲ့ကြပါတယ်။
အိမ်သုံး ​၁ ​ယူနစ်ကို ​ယူနစ် ​၁၀၀ ​အထက် ​သုံးစွဲရင် ​ပိုလျှံတဲ့ ​ယူနစ်ကို ​၅၀ ​နှုန်းထားနဲ့ ​ကောက်ခံမှာ ​ဖြစ်ပြီး ​လုပ်ငန်းသုံးမီတာတွေကိုလည်း ​တိုးမြှင့်လိုက်တဲ့အတွက် ​ကုန်ဈေးနှုန်းမြင့်တက်လာတဲ့အပေါ် ​အခုလို 

စစ်တွေမြို့ပဋိပက္ခ တကျော့ပြန်ဖြစ်

သန်းခေါင်စာရင်း_ရခိုင်_2014325
ရခိုင်ပြည်နယ် ​စစ်တွေမြို့မှာ ​ဗုဒ္ဓဘာသာဝင် ​အုပ်စုတစုက ​နိုင်ငံတကာ ​အဖွဲ့အစည်းများ ​အခြေစိုက်တဲ့ ​ရုံးတွေနဲ့ ​အဆောက်အဦး ​ခုနှစ်လုံးကို ​၀င်ရောက်ဖျက်ဆီးခဲ့တဲ့အတွက် ​အခြေအနေတွေ ​တင်းမာနေပြီး ​အခုဆိုရင် ​ညမထွက်ရအမိန့်ကို ​ထုတ်ပြန်လိုက်ရပါတယ်။
ဖျက်ဆီး ​ခံလိုက်ရတဲ့ ​နေအိမ်နဲ့ ​အဆောက် ​အဦးတွေ ​ထဲမှာ ​ကုလသမဂ္ဂ ​လူသားချင်း ​စာနာထောက် ​ထားမှု ​အကူညီ ​ပေးတဲ့ရုံး၊ ​နိုင်ငံတကာ ​ကြက်ခြေနီအဖွဲ့ရုံး၊ ​ကုလသမဂ္ဂ ​ကလေးသူငယ်များ ​ရန်ပုံငွေ ​အဖွဲ့ရုံးနဲ့ ​အဆိုပါ ​အဖွဲ့အစည်းက ​အမှုထမ်းတွေရဲ့ ​ငှားနေတဲ့ ​နေအိမ်တွေ ​ဖြစ်တယ်လို့ ​Bridge ​Asia 