Friday, March 6, 2015

သပိတ်ဖြိုခွင်းမှုတွင်ပါဝင်သည့် လက်ပတ်အနီဝတ်များမှာ ဥပဒေအရ ခွင့်ပြုထားသော ပြည်သူ့အထောက်အကူပြုအဖွဲ့ဟု ဒုရဲမှူးကြီးပြောကြား

သပိတ်စခန်းများကို ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့နှင့်အတူပါဝင်သည့် လက်မောင်းလက်ပတ်အနီဝတ် အရပ်သားများမှာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ အရအသုံးပြုထားသည့် ပြည်သူ့ အထောက်အကူပြုအဖွဲ့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး၌ ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲမှုးကြီးမြင့်ထွေးက ပြောသည်။

ISIS တို့က အရှေ့တောင်အာရှကို မျက်စိကျနေသည်ဟု ကျွမ်းကျင်သူများဆို


အာရှပစိဖိတ်ဒေသမှ အစွန်းရောက် ၁ဝဝဝ ကျော် ဆီးရီးယား၊ အီရတ်သို့သွားနေ ကြရာ အရှေ့တောင်အာရှမှ ၃ဝဝကျော်ပါဝင်အစ္စလာမ္မစ်နိုင်ငံ ဆီးရီးယား နှင့် အီရတ် ISIS အုပ်စုတို့၏ ပြည် ပစစ်ဆင်ရေး ဌာနခွဲက အရှေ့တောင် အာရှနိုင်ငံများအား စည်းရုံးရေးကို တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒနှိမ်နင်းရေး အစည်း အဝေးတွင် ကျွမ်းကျင်သူများက ပြော ကြားလိုက်သည်။

ဝန်ထမ်းလစာ တိုးမည့်နှုန်းကို ပြဿနာအချို့ ဖြစ်လာနိုင်ခြင်းကြောင့် တရားဝင် မကြေညာဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ဝန်ထမ်းများ လစာတိုးမည့် နှုန်းထားကျပ်ငွေကို တရားဝင် ကြေညာလိုက်ပါက မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် လက်ရှိအချိန်အထိ တိတိကျကျ ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးကိစ္စတွေဟာ ထလွယ်ရှလွယ်တဲ့ ကိစ္စများ ဖြစ်ပါတယ်။ အချိန်ကိုက် အချိန်သင့်အခါသင့် ဆောင်ရွက်နိုင်ဖို့ သတိထားကြရပါတယ်၊ ထင်သာမြင်သာ မဖြစ်လို့ လျှို့ဝှက်ထားတာ မဟုတ်ပါ။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရှောင်ရှားနိုင်ဖို့ ထိန်းသိမ်းဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။