Monday, August 18, 2014

တင်ပါးလှုပ်အက၏ ကျော်ကြားလာမှုအပေါ် ဆိုက်ဘေးရီးယားသူများ ဂုဏ်ယူ

Photo: တင်ပါးလှုပ်အက၏ ကျော်ကြားလာမှုအပေါ် ဆိုက်ဘေးရီးယားသူများ ဂုဏ်ယူ
Monday, August 18, 2014

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှ အကြီးဆုံးဖြစ်သည့် နိုဗိုဆီဘရစ်မြို့တွင် ပြုလုပ်ခဲ့သော တင်ပါးလှုပ်အက အစီအစဉ်တစ်ခုကို You Tube တွင် တင်ခဲ့ရာ ကြည့်ရှုသူပေါင်း ၂၉ သန်းအထိ ရှိခဲ့သည်။
အဆိုပါအက ကြောင့်ပင် နိုဗိုဆီရစ်မြို့၏ Fraules (ဂရိဘာသာဖြင့် စတော်ဘယ်ရီသီးလေးများ) အက အဖွဲ့သည်လည်း ထင်ရှားလာခဲ့ပြီး အမေရိကန် အဆိုတော်နှင့်အကမယ် ဘီယွန်းစေး၊ ဂျက်နက်ဂျက်ဆင်နှင့် ဂျနီဖာလိုပက်ဇ်တို့အား အကသင်ပေးရသူ အမေရိကန်အကပညာရှင် ဒန်နီရယ်ပိုလန်ကိုပင် လာရောက်ကြည့်ရှုရသည်အထိ ကျော်ကြားခဲ့သည်။

“ဒီ ဗီဒီယိုထဲက အကကြောင့် ဆိုက်ဘေးရီးယားနဲ့ စိတ်ဝင်စားတဲ့သူများလာပါတယ်” ဟု Fraules အကအဖွဲ့ထား ထူထောင်ထားသူ အသက် ၂၃ နှစ်အရွယ် ယီလီနာ ယက်ကီနာက ပြောကြားသည်။

“ကျွန်မတို့ ဆိုက်ဘေးရီးယားဒေသဟာ ဘယ်လောက်တောင် နေချင်စရာကောင်းလဲဆိုတာ လူတွေကို ပြောပြလိုပါတယ်။ ကျွန်မကိုယ် ကျွန်မ မော်စ ကိုမြို့သူ မဟုတ်ဘူး၊ နိုဗိုဆီဘရစ်မြို့သူဆိုတာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုပါတယ်” ဟု သူမက ပြောကြားသည်။

အမေရိကန်အကပညာရှင် ပိုလန်ကိုက “ဒီနေရာက အရမ်းအေးပေမယ့် လူတွေက နွေးထွေးမှုရှိပြီး ပိုမိုဖော်ရွေပါတယ်။ မော်စကိုထက် ပိုကောင်းပါတယ်” ဟု ပြောကြားသည်။

ယတ်ကီနာက သူမတို့အဖွဲ့ အနေဖြင့် လှည့်လည်ဖြေဖျော်ပွဲများ လုပ်ဆောင်ရန် ကြိုးပမ်းနေပြီး ကမ္ဘာ့ပေါ်တွင် ကျင်းပသည့် အကပြိုင်ပွဲများတွင် တတ်နိုင်သမျှ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ပြောကြားသည်။

အဆိုပါအကအဖွဲ့သည် ၎င်းတို့အကအဖွဲ့မှ ဗီဒီယိုများကို  ၀က်ဘ်ဆိုက်သို့ တင်ပြီး သင်တန်းသားများ အနေဖြင့် တင်ပါးလှုပ်အကတွင် မည်မျှအထိ တိုးတက်လာ သည်ကို ထုတ်ဖော်ပြသကြသည်။

“လူတွေရဲ့ခန္ဓာကိုယ်မှာ စွမ်းအင်တွေ၊ ကာရန်ညီပြီး လှပတဲ့ လှုပ်ရှားမှုတွေလိုပါတယ်။ ကျွန်မတို့ သင်တန်းကို ဆောင်းရာသီမှာ လာတက်မယ်ဆို ရင်တော့ ရေနွေးငွေ့နဲ့ ပေါင်းခံသလိုဖြစ်ပြီ တစ်ကိုယ်လုံး ချွေးထွက်လာပါလိမ့်မယ်” ဟု ယက်ကီနာက ပြောကြားသည်။
Ref: RT ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှ အကြီးဆုံးဖြစ်သည့် နိုဗိုဆီဘရစ်မြို့တွင် ပြုလုပ်ခဲ့သော တင်ပါးလှုပ်အက အစီအစဉ်တစ်ခုကို You Tube တွင် တင်ခဲ့ရာ ကြည့်ရှုသူပေါင်း ၂၉ သန်းအထိ ရှိခဲ့သည်။အဆိုပါအက ကြောင့်ပင် နိုဗိုဆီရစ်မြို့၏ Fraules (ဂရိဘာသာဖြင့် စတော်ဘယ်ရီသီးလေးများ) အက အဖွဲ့သည်လည်း ထင်ရှားလာခဲ့ပြီး အမေရိကန် အဆိုတော်နှင့်အကမယ် ဘီယွန်းစေး၊ ဂျက်နက်ဂျက်ဆင်နှင့် ဂျနီဖာလိုပက်ဇ်တို့အား အကသင်ပေးရသူ အမေရိကန်အကပညာရှင် ဒန်နီရယ်ပိုလန်ကိုပင် လာရောက်ကြည့်ရှုရသည်အထိ ကျော်ကြားခဲ့သည်။

မလေးရှားရှိ မြန်မာနိုင်ငံသား ၇၅ ဦးကိစ္စ သံတမန်နည်းဖြင့် ညှိနေဟု မြန်မာသံရုံးပြော

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ လေဆိပ်တွင် မြန်မာနိုင်ငံသား ၇၅ ဦးဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးက ကြေညာချက်တစ်စောင် ယနေု့ထုတ်ပြန်လိုက်သည်။မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး ၅၂ ဦးအား ထောင်ဒဏ်ချမှတ်လိုက်ခြင်းကြောင့် ပြစ်ဒဏ်ကို သက်ညှာစွာ စဉ်းစားပေးရန်နှင့် ကျန်အပြစ်မဲ့ထိန်းသိမ်းခံထားရသော သူများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရန်အတွက် မလေးရှားနိုင်ငံ မြန်မာသံရုံးက သံတမန်နည်းလမ်းအရ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိ၏ နိုင်ငံကူးလက်မှတ်တွင်ပါရှိသည့် ပြည်ဝင်ခွင့်(ဗီဇာ)အပါအ၀င် အခြားအချက်အလက်များကို ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်သင့်ကြောင်း မလေးရှားနိုင်ငံမြန်မာသံရုံးက နှိုးဆော်ထားသည်။
7daydaily

ရေအောက် ဖိုင်ဘာကြိုးများကို ငါးမန်းရန်မှ ကာကွယ်နိုင်ရန် Google စီစဉ်နေ

အင်တာနက် ရှာဖွေရေး လုပ်ငန်းစုကြီး Google သည် ၎င်းတို့၏ ရေအောက် အင်တာနက် ဖိုင်ဘာလိုင်းများကို ငါးမန်းများ၏ ဝါးမြိုကိုက်ဖျက်မှုမှ ကာကွယ်ရန်အစီအမံများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။ Google ၏ ထုတ်ကုန်ဌာန မန်နေဂျာ တစ်ဦးက Google သည် ကျည်ကာ အင်္ကျီများတွင် အသုံးပြုသည့် ကက်ဗ်လာသားကဲ့သို့ ကြားခံပစ္စည်းမျိုး ကို ရေအောက် ဖိုင်ဘာကြိုးများတွင် ထည့်သွင်း တပ်ဆင်နေကြောင်း Network World သို့ ပြောကြားခဲ့သည်။ ကမ္ဘာ့အင်တာနက်ကွန်ရက် ဖြန့်ကျက်မှုတွင် ရေအောက်မှ သွယ်တန်းထားသည့် ဖိုင်ဘာကြိုးလိုင်းများသည် အဓိက အကျဆုံး ဆက်သွယ်မှု လမ်းကြောင်းများ ဖြစ်ကြသည်။ရေအောက် ဖိုင်ဘာကြိုးများ ပြတ်တောက်နိုင်သည့် အကြောင်းရင်းများတွင် ငါးမန်းများ၏ သွားဒဏ်ကလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ငါးမန်းများသည် အမြင်အာရုံ မကောင်းလှသဖြင့် ဖိုင်ဘာကြိုးလိုင်းများက ထုတ်လွှင့်နေသော သံလိုက်စက်ကွင်းကို အာရုံခံကာ အစာဟု မှားယွင်းယူဆပြီး ကိုက်ဖြတ်လေ့ရှိသည်။ ငါးအုပ်ကြီးတစ်အုပ် ကစဥ့်ကလျား လှုပ်ရှား ကူးခတ်သွားချိန်တွင် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုမျိုးသည် ဖိုင်ဘာကြိုးလိုင်းများ၏ သံလိုက်စက်ကွင်းမှ လှိုင်းများ ရိုက်ခတ်မှုနှင့်တူညီနေတတ်ရာ ငါးမန်းများက အဆိုပါ ကြိုးများကို ကိုက်ခဲရန် အလွန်စိတ်ဝင်စားလေ့ ရှိကြောင်းလည်း သိရသည်။

ယူကရိန်းသူပုန်များကို သံချပ်ကာကားများနှင့် တိုက်ခိုက်ရေးသမားများ ရုရှားထောက်ပံ့

Photo: ယူကရိန်းသူပုန်များကို သံချပ်ကာကားများနှင့် တိုက်ခိုက်ရေးသမားများ ရုရှားထောက်ပံ့
Monday, August 18, 2014

ရုရှားက လေ့ကျင့် သင်တန်းပေးထားသော တိုက်ခိုက်ရေးသမားများနှင့် သံချပ်ကာကား အသစ်များကို ယူကရိန်းသူပုန်များ လက်ခံရရှိထားပြီး ယူကရိန်း အစိုးရတပ်ဖွဲ့ကို တန်ပြန်ထိုးစစ် ဆင်နွှဲရန် စီစဉ်နေကြောင်း ခွဲထွက်ရေး သူပုန်ခေါင်းဆောင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။
တင့်ကားအစင်း ၃၀ အပါအဝင် သံချပ်ကာ ကားစီးရေ ၁၅၀ ခန့်ကို ယူကရိန်းသူပုန်များ စတင် လက်ခံရရှိနေပြီဟု ခွဲထွက်ရေး ကြေညာထားသော ဒိုးနတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် အလက်ဇန်းဒါး ဇတ်ဟာချန်ကိုက ပြောကြားလိုက်ပြီး ရုရှားတွင် လေးလတာ စစ်သင်တန်း တက်ရောက်ထားသော တိုက်ခိုက်ရေးသမား ၁၂၀၀ ခန့်လည်း ယူကရိန်းသို့ စတင် ရောက်ရှိလာပြီဟု ပြောကြားလိုက်သည်။
“တကယ့်အရေးကြီးတဲ့ အချိန်မှာ သူတို့ ရောက်ရှိ ပူးပေါင်းလာတာပါ” ဟု ၎င်းက သောကြာနေ့တွင် ထုတ်ပြန်လိုက်သော ဗီဒီယိုတွင် ပြောကြားထားသည်။
သို့သော်လည်း သံချပ်ကာ ကားများကို မည်သည့်နေရာမှ ရရှိကြောင်းကို သူပုန်ဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားသွားခြင်း မရှိပေ။
ယူကရိန်းသူပုန်များကို လက်နက်နှင့် ရန်ပုံငွေများ ထောက်ပံ့လျက် ရှိသည်ဟု ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများက စွပ်စွဲထားသော်လည်း ရုရှားက ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
ထို့အပြင် ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များမှာ လေးလတာ ကြာမြင့်လာပြီ ဖြစ်သော တိုက်ပွဲတွင် အရေးနိမ့်လာခြင်းကြောင့် ရုရှားက ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်လာမည်ကို ကီယက်နှင့် အနောက်နိုင်ငံများက စိုးရိမ်လျက်ရှိသည်။
ယူကရိန်းနယ်မြေတွင်းသို့ ရုရှားသံချပ်ကာ ယာဉ်တန်း သောကြာနေ့ ညတွင် ဝင်ရောက်လာသည်ဟု ယူကရိန်းစစ်တပ်က ပြောကြားခဲ့ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွင် စိုးရိမ်မှု တိုးပွားလာခဲ့သဖြင့် ကမ္ဘာ့ရှယ်ယာ ဈေးကွက်တွင် ရှယ်ယာများ ထုတ်ရောင်းမှု ပေါ်ပေါက်ခဲ့သည်။“
ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ခွဲထွက်ရေး သူပုန်များထံသို့ လက်နက်များ ပေးပို့နေမှုကို ရပ်တန့်ရမည်ဖြစ်ကာ အပစ်အခတ်ရပ်စဲမှု ရရှိရေး လုပ်ဆောင်ရမည်ဟု ဂျာမနီ ချန်ဆယ်လာမာကယ်နှင့် ယူကရိန်းသမ္မတ ပိုရိုရှန်ကိုတို့ နှစ်ဦးက ပူးတွဲ တောင်းဆိုလိုက်သည်။
ထို့အပြင် ယူကရိန်း တပ်ဖွဲ့ဝင်များကို စစ်ရေး အကူအညီပေးရန် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ကလင်ကင်က နေတိုးစစ်အုပ်စုကို တောင်းဆိုလျက် ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရသော ယူကရိန်း သူပုန်များက တန်ပြန်ထိုးစစ်ကြီး တစ်ရပ်ဆင်နွှဲမည်ဟု ထုတ်ဖော် ပြောကြားနေသော်လည်း လက်ရှိအချိန်ထိ မည်သည့်ထိုးစစ်မှ ထွက်ပေါ်လာခြင်း မရှိသေးပေ။
The Voice Weekly 
 ရုရှားက လေ့ကျင့် သင်တန်းပေးထားသော တိုက်ခိုက်ရေးသမားများနှင့် သံချပ်ကာကား အသစ်များကို ယူကရိန်းသူပုန်များ လက်ခံရရှိထားပြီး ယူကရိန်း အစိုးရတပ်ဖွဲ့ကို တန်ပြန်ထိုးစစ် ဆင်နွှဲရန် စီစဉ်နေကြောင်း ခွဲထွက်ရေး သူပုန်ခေါင်းဆောင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအပေါ် တွေးခေါ်ရှုမြင်သုံးသပ်ပုံ ပြောင်းလိုက်ပြီဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ပြော

  ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဖက် လူမှုအဖွဲ့ အစည်း (NGO)များအ ပေါ် တွေးခေါ်ရှုမြင် သုံးသပ်ပုံပြောင်း လိုက်ပြီ ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။ဩဂုတ် ၁၇ ရက်တွင် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဦးရဲထွဋ် က မြန်မာနိုင်ငံသတင်း စာဆရာအသင်းရုံးသို့ လာရောက်ကာ အသင်းတာ ဝန်ရှိသူ သတင်းစာဆရာ ကြီးများနှင့် တွေ့ဆုံဆွေးနွေးအပြီး တွင် သတင်းမီဒီယာ သမားများအား ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။''ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ NGO အဖွဲ့အစည်း တွေအပေါ် တွေးခေါ် ရှုမြင်သုံးသပ် ပုံပြောင်း လိုက်ပါပြီ ။ ပြောင်းတယ်ဆို တာ ကျွန်တော်တို့ အစိုးရဌာနတွေ တော်တော် များများဟာ ဟိုတုန်းက ဗဟိုချုပ်ကိုင်မှုကြီးမားတဲ့စနစ်အောက် မှာနေခဲ့တုန်းက အစိုးရကဦးစီး ဖွဲ့စည်း ပေးလိုက်တဲ့ NGO တွေအပေါ်မှာ ဝန်ကြီးဌာနတွေက ကြီးကြပ်ကွပ်ကဲခဲ့တဲ့အစဉ်အလာတွေရှိတယ်။ ဒီဘက်ခေတ်စနစ်ပြောင်းတဲ့ အခါမှာ NGO အနေနဲ့ လွတ်လွတ် လပ်လပ် ဖြစ်သွားပေမယ့်လဲ တချို့သောအစိုးရ အရာရှိတွေ ရဲ့ မသိစိတ်ထဲမှာ NGO ဆိုတာ ဝန်ကြီးဌာနတွေ ရဲ့ အောက် မှာရှိတယ်ဆို တဲ့စိတ်မျိုးတွေဖြစ်နေ တတ်တယ်''ဟု ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် က ပြောသည်။

စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လူ ၈၀ ကျော် ချက်ချင်းအလုပ်ရ

Photo: စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လူ ၈၀ ကျော် ချက်ချင်းအလုပ်ရ
Monday, August 18, 2014 

လုပ်သား နှစ်ထောင်ခန့် အလုပ်ခေါ်ဆိုထားသော စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လုပ်သား ၈၀ ကျော်အား ချက်ချင်းအလုပ်ခန့်ထားခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

သြဂုတ် ၁၆ နှင့် ၁၇ ရက်တွင် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ ကနောင်ခန်းမ၌ လုပ်သားလိုအပ်ချက်ဖြစ်ပေါ်နေသည့် စက်ရုံပေါင်း ၃၀ကျော်မှ လုပ်သား နှစ်ထောင်နီးပါး အလုပ်ခေါ်ယူသော အလုပ်အကိုင်ပြပွဲကို နှစ်ရက်ကြာကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအလုပ်အကိုင်ပြပွဲတွင် အလုပ်လိုအပ်သော လုပ်သားများအပြင် အလုပ်ရှင်ထွက်ပြေး၍ အလုပ်လက်မဲ့ ဖြစ်နေသည့် မာစတာစပေါ့မှ ရာချီသောလုပ်သားများလည်း အလုပ်နေရာရရှိစေရန် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
ပြပွဲသို့လာရောက်၍အလုပ် ရှာဖွေသူများတွင် မာစတာစပေါ့ စက်ရုံမှ လုပ်သားများအပြင် လုပ် ငန်းခွင်အတွေ့အကြုံမရှိသေးသူ များလည်း လာရောက်လျှောက် ထားလျက်ရှိသည်။ အလုပ်သမား ခေါ်ယူမှုတွင် အများစုမှာ လုပ်ခ လစာကျပ် တစ်သိန်းဝန်းကျင်ဖြင့် လုပ်သားများအတွက် နေစရိတ်၊ စားစရိတ် စီစဉ်ထားကြောင်း သတင်းရရှိသည်။

‘‘အလုပ်ရှင်တွေအနေနဲ့ အခုမာစတာစပေါ့က အလုပ်သ မားတွေဟာ သူတို့ကြောင့် အလုပ်ပိတ်ရတာမဟုတ်ဘူး။ သူတို့ တွေအတွက် ဘာလုပ်ပေးရမလဲ ဆိုတော့ သူတို့က အချုပ်အလုပ် အတွေ့အကြုံရှိပြီးသား။ ဒါကြောင့်ဒီလှိုင်သာယာထဲမှာရှိတဲ့ အနီးအ နားက အချုပ်အလုပ်ဖြစ်တဲ့ ဖိနပ် စက်ရုံတွေ၊ အထည်ချုပ်စက်ရုံ တွေခေါ်၊ အလုပ်သမားတွေခေါ် ပြီး ပွဲလုပ်ပေးလိုက်တာ။ အကယ် ၍ ဒီလုပ်သား ၇၀၀ သာ အလုပ် တကယ်လုပ်မယ်ဆိုရင် ဒီမှာ ခေါ်တာ၇၀၀ မကဘူး။ တစ်ခါတည်း အလုပ်ရသွားနိုင်တယ်’’ဟု အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

ထို့ကြောင့်မာစတာစပေါ့မှ လုပ်သားများကို ဦးစားပေးအလုပ် ခန့်ထားရန် အစိုးရက မေတ္တာ ရပ်ခံထားသော်လည်း ထိုလုပ် သားများမှာ စိုးရိမ်မှုကြောင့် မာစ တာစပေါ့စက်ရုံမှ လုပ်သားများ ဟု မပြောဆိုဘဲ လျှောက်ထားမှု များကြောင်း သတင်းရရှိသည်။

‘‘သူတို့က မာစတာစပေါ့က ပါလို့ တရားဝင်မပြောတော့ သူ တို့ဘယ်လောက်အလုပ်ရလဲ မသိဘူး။ စက်ရုံတွေဘက်ကလည်း မပေးတော့ သူတို့အလုပ်ရတဲ့ စာရင်းမရှိဘူး။ ဒါပေမဲ့ အလုပ် လျှောက်ထားသူနဲ့ အလုပ်ရတဲ့သူ အများဆုံးကလည်း စက်ရုံကမှန်း တော့ သိတယ်’’ဟု လှိုင်သာယာ မြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘စက်ရုံနှစ်ရုံလောက်တော့ လျှောက်ထားတယ်။ ဒါပေမဲ့ မလုပ်သေးပါဘူး။ ဒီဘက်က နစ်နာကြေးရမှပဲ လုပ်ဖို့ ရည်ရွယ်ထားတယ်။ တော်ကြာဟိုရောက်တော့မှ အလုပ်ရှင်က ဒီကိစ္စဖြေ ရှင်းနေတဲ့အချိန် အပြင်ထွက်ဖို့ ခွင့်မပြုရင် ဒီဘက်လွတ်၊ ဟိုဘက်လည်း လွတ်သွားမှာ စိုးရိမ်တယ်။ အဲဒါကြောင့် ရစရာရှိတာ ရမှပဲလုပ်တော့မယ်’’ဟု မာစတာစပေါ့အထည်ချုပ်စက်ရုံမှ အလုပ်သမား မ၀င်းဝင်းခိုင်ကပြောသည်။

အဆိုပါပြပွဲတွင် အလုပ် လျှောက်ထားသူ ခြောက်ရာနီးပါး ခန့်ရှိပြီး ချက်ချင်းအလုပ်ရရှိသူ ၈၂ ဦးရှိခဲ့သည်။ အလုပ်လျှောက် ထားသူများကို စက်ရုံများက တစ် ပတ်အတွင်း အလုပ်အင်တာဗျူး များခေါ်ဆိုခန့်အပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

7Day DAILY 

အလုပ်အကိုင်ပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ - အေးမြတ်သူ)
အလုပ်အကိုင်ပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ - အေးမြတ်သူ)
 လုပ်သား နှစ်ထောင်ခန့် အလုပ်ခေါ်ဆိုထားသော စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လုပ်သား ၈၀ ကျော်အား ချက်ချင်းအလုပ်ခန့်ထားခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ သြဂုတ် ၁၆ နှင့် ၁၇ ရက်တွင် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ ကနောင်ခန်းမ၌ လုပ်သားလိုအပ်ချက်ဖြစ်ပေါ်နေသည့် စက်ရုံပေါင်း ၃၀ကျော်မှ လုပ်သား နှစ်ထောင်နီးပါး အလုပ်ခေါ်ယူသော အလုပ်အကိုင်ပြပွဲကို နှစ်ရက်ကြာကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအလုပ်အကိုင်ပြပွဲတွင် အလုပ်လိုအပ်သော လုပ်သားများအပြင် အလုပ်ရှင်ထွက်ပြေး၍ အလုပ်လက်မဲ့ ဖြစ်နေသည့် မာစတာစပေါ့မှ ရာချီသောလုပ်သားများလည်း အလုပ်နေရာရရှိစေရန် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။

စဥ့်ကူးတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်၍ နှစ်ဘက်အမှုဖွင့်ထား

စဥ့်ကူးမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာတွင် သြဂုတ် ၁၄ ရက်က ဖြစ်ပွား ခဲ့သော မြေယာအငြင်းပွားမှုတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရွာသား ကိုးဦးကို အမှုဖွင့်ထားသည့်အပြင် သေနတ် ထိမှန်ခဲ့သည့် သူက ပစ်ခတ်ခဲ့သူ ရဲကို အရေးယူပေးရန် တိုင်တန်းမှုကိုလည်း အမှုဖွင့်လှစ်ခွင့်ပြုထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။ ဖြစ်စဉ်တွင် စည်းရုံးလှုံ့ဆော်ခဲ့သည့် ညောင်ပင်ဝန်းကျေးရွာ မှ ပေတလူ(ခ) မျိုးငြိမ်းဇော်၊ မျိုးဝင်း၊ ချစ်စန်းမောင်၊ သန်းဇော်၊ အောင်မျိုးဇော်၊ ဇော်ပိုင်၊ ထက်ဇော်၊ ဒေါ်ခင်မြင့်၊ မစန်းကျင်နုတို့အား ကျူးလွန်ခဲ့သူများအဖြစ် အရေးယူပေးရန် သြဂုတ်လ ၁၅ ရက်က လက်ပန်လှရဲစခန်းမှ (ပ)၁၆၃/ ၁၄။ ပြစ်မှုပုဒ်မ ၃၃၃ /၁၄၉/၄၂၇/၅၀၅ (ခ)အရ အမှုဖွင့်စစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။
ထို့ပြင် မဆန်းကြင်နု (၃၇)နှစ် ခြေထောက်တွင် သေနတ်မှန်ခဲ့ရာမှ ပြင်းထန်စွာ ဒဏ်ရာရအောင် မဆင်မခြင် သေနတ်ပစ်ခတ်သူကို ဖော်ထုတ် အရေးယူပေး ပါရန် ဒေါ်စန်းတင့်က တိုင်တန်းခြင်းကို လက်ပံလှ ရဲကင်းစခန်းက (ပ)၁၆၂/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈အရ သြဂုတ် ၁၅ ရက်က လက်ခံထားရှိသည်။

ပဲခူးရေဘေး ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာမှ အပြန် လှူဒါန်းသူတစ်ဦး ရေနစ်သေဆုံး

ပဲခူးမြို့ ရေဘေး ကယ်ဆယ်ရေးသို့ ဆေးဝါးနှင့် အစားအသောက်များ သွားရောက် လှူဒါန်းခဲ့သော မိုဘိုင်းလ်ပြုပြင်ရေး သင်တန်းသားအဖွဲ့မှ အသက် ၂၄ နှစ်အရွယ် သင်တန်းသားတစ်ဦး အပြန်တွင် လမ်းတစ်ထောက် နားရာ၌ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။ လှိုင်မြို့နယ်၊ ပါရမီအိမ်ရာရှိ မိုဘိုင်းလ်ပြုပြင်ရေး သင်တန်းမှ သင်တန်းသားများသည် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ရေဘေး ကယ်ဆယ်ရေးသို့ သွားရောက်လှူဒါန်းခဲ့ပြီး ရန်ကုန်မြို့သို့ အပြန် အမှတ် (၃) လမ်းနှင့် ထောက်ကြန့် တိုးဂိတ်ကြားရှိဆည်မြောင်းအတွင်း ရေဆင်းကူးရာမှ သုံးခွမြို့နယ်တွင် နေထိုင်သူသင်တန်းသားတစ်ဦး ရေနစ်သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ထောက်ကြန့် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “အမှတ်(၃)ကားလမ်းဘေးကစားသောက်ဆိုင်မှာ သူတို့အဖွဲ့ကမုန့်ဝင်စားပြီးဆည်မြောင်း ထဲ ရေဆင်းကူးကြတာ။ ရေကြီးနေချိန် မို့ မြောင်းရေ လျှံနေတာ အနက်က ၁၅ ပေလောက် ရှိတယ်။ ရေနစ်နေတဲ့ သင်တန်းသားကို သူတို့အဖွဲ့က ဝိုင်းရှာဖွေပြီး ဆေးရုံပို့ပေမယ့် လမ်းခုလတ်မှာ ဆုံးသွားတယ်” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ရေနစ်သေဆုံးခဲ့ သူ ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပီအာရ် ၀၄ ဖြင့် ပို့အပ်ထားပြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၀/၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
The Voice Weekly

ထိုင်းတွင် သိမ်းဆည်းလက်နက်များ အခိုးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စစ်ခုံရုံးကနေ ရာဇ၀တ်မှုနဲ့ သိမ်းဆည်းထားတဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက်တွေ အခိုးခံရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဗဟိုတရားသူကြီးချုပ်ရုံးက ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က အတည်ပြုပါတယ်။စစ်တပ်အရာရှိ ၂ ယောက်ရဲ့ ပါဝင်ပတ်သက်မှု ဖြစ်နိုင်ချေကိုလည်း အာဏာပိုင်တွေက သက်သေပြခဲ့ပါတယ်။
အခိုးခံရတဲ့ လက်နက်တွေဟာ လတ် တလော နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ရော တရားမ၀င် လက်နက်တွေကို အစိုးရက စီးနင်း သိမ်းဆည်းမှုတွေနဲ့ပါ မပတ်သက်ဘူးလို့ ဗဟိုတရားသူကြီးချုပ် ဗိုလ်ချုပ် ဂျီရာကမွတ်ပန်က ပြောပါတယ်။

ဥရုဂွေး သမ္မတ ဆေးရုံမှာ သာမန်လူနာလို တန်းစီစောင့်

Photo: ဥရုဂွေး သမ္မတ ဆေးရုံမှာ သာမန်လူနာလို တန်းစီစောင့်
Monday, August 18, 2014

ဥရုဂွေး သမ္မတ José Mujica ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ၊ ကမ္ဘာ့အရက်ရောဆုံး သမ္မတ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ဖူး ပါတယ်။ သူဟာ ထင်ထားတာထက် ပိုမြင့်မြတ်သူပါ။ ဒီရက်ပိုင်းမှ သူဟာ ဆေးရုံမှာ သူ့အလှည့်ကျဖို့အတွက် သာမန်လူလို စောင့်ဆိုင်းတတ်သူဆိုတာကိုလည်း သိလိုက်ရ ပါတယ်။
လစဉ် အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကို လစာ အဖြစ် ရှိပေမယ့် ၉၀ ရာခိုင်နှုန်းကို ဆင်းရဲသားများသို့ လှူဒါန်းခြင်း အသေးစား စွန့်ဦးတီထွင်သူများကို ပြုလုပ်ပါတယ်။ အိမ် နဲ့ ခြံဟာလည်း သာမန်လူလို ပုံမှန်လေးသာ ဖြစ်ပြီး သွားလာဖို့အတွက်လည်း ဘယ်လုံခြုံရေးမှ မယူ ပါဘူး။ အိမ်မှာလည်း လုံခြုံရေး ထားရှိမထား ပါဘူး။ ၂၀၁၀ ခုနှစ် မှ လို့ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်လာတာ ယနေ့တိုင်လည်း သမ္မတ ဖြစ်နေ ပါသေးတယ်။ သူ့ကို နိုင်ငံတကာ ခေါင်းဆောင်များလည်း ချီးကျူးပြီး မီဒီယာများလည်း ဂုဏ်ပြု ဖော်ပြလေ့ ရှိပါတယ်။
တစ်ချိန်တုန်းက အစိုးရဆန့်ကျင်သူပုန်ခေါင်းဆောင် ဖြစ်ခဲ့ပြီး တိုင်းပြည် ပြုပြင်ပြောင်းလဲရေးအချန် ရောက်တဲ့အခါ သေနတ်နဲ့ အုပ်ချုပ်မင်းလုပ်ခြင်းထက် နှလုံးသားနဲ့ အုပ်ချုပ်မင်းလုပ်ခြင်းကို လိုလားလို့ သာမန်လူလို ရွေးကောက်ပွဲ ၀င်ပြိုင် အနိုင်ရခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်ဖို့သာ ကြိုးပမ်းအားထုတ်သူ ဖြစ်ပြီး သမ္မတသာ ဖြစ်ပေမယ့် ဘာအဆောင်အယောင်မှာ ရှိသူ မဟုတ်ပါဘူး။ ပါရာဂွေး၊ ပီရူးနဲ့ မက္ကဆီ နိုင်ငံတို့ကလည်း သူ့ကို ဂုဏ်ပြု ဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး) ဥရုဂွေး သမ္မတ José Mujica ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ၊ ကမ္ဘာ့အရက်ရောဆုံး သမ္မတ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ဖူး ပါတယ်။ သူဟာ ထင်ထားတာထက် ပိုမြင့်မြတ်သူပါ။ ဒီရက်ပိုင်းမှ သူဟာ ဆေးရုံမှာ သူ့အလှည့်ကျဖို့အတွက် သာမန်လူလို စောင့်ဆိုင်းတတ်သူဆိုတာကိုလည်း သိလိုက်ရ ပါတယ်။

အမ်ပီစီနဲ့ အင်န်အယ်လ်ဒီ ကင်းကွာနေသလား

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ညက ရန်ကုန် ရွှေလီလမ်း ငြိမ်းချမ်းရေးစင်တာမှာ ငြိမ်းချမ်းရေးညစာစားပွဲ တစ်ခု လုပ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ သြဂုတ် ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရည်စူးပြီး လုပ်တဲ့ပွဲပါ။ ခါတိုင်းလည်း ခုလိုပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးတဲ့အခါ ညစာစားပွဲ လုပ်ပေးလေ့ရှိပါတယ်။ ဒီညစာ စားပွဲမှာ မတူညီတဲ့ အသိုင်းအ၀ိုင်းမျိုးစုံက လူတွေ တွေ့ဆုံစကားပြော အလွတ်သဘော အမြင်ချင်း ဖလှယ်နိုင်ကြပါတယ်။ များသောအားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ပြီး လက်ရှိ တပ်မတော်မှာ တာဝန်ယူနေဆဲ စစ်ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ ငြိမ်းချမ်းရေးစင်တာက အကျိုးဆောင်တွေ၊ နိုင်ငံခြားသံတမန်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က ခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အင်န်ဂျီအိုအဖွဲ့ တာဝန်ရှိသူတွေ၊ သတင်းစာဆရာတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အစရှိသဖြင့် စုံစုံလင်လင် တက်ရောက်ကြတဲ့ ပွဲမျိုးပါ။ အဓိကအားဖြင့် လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံမေးမြန်း အမြင်ချင်းဖလှယ် လုပ်ကြတာမျိုးပါ။

မဲဆန္ဒနယ်များတွင် PR စနစ် ဟောပြောရန် ကြံ့ခိုင်ရေးပါတီ ညွှန်ကြားခြင်း မရှိဟုဆို


 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပတ်သက်ပြီး ဟောပြောရန် ပါတီ (ဗဟို) က တိုက်ရိုက်ညွှန်ကြားခြင်း မရှိကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက The Voice သို့ ပြောကြားသည်။
ရွေးကောက်ပွဲများ၌ PR စနစ် ကျင့်သုံးနိုင်ရေး လွှတ်တော်အတွင်း ကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်နေဆဲ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် PR စနစ်အကြောင်း ဟောပြောရန် ညွှန်ကြားထားကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

သံရည်ကျိုကားများ အပ်နှံရာတွင် မလိုအပ်သောအချက်များကိုဖြေလျှော့ပေးရန် လိုအပ်နေသေးကြောင်း မော်တော်ကား တင်သွင်းရောင်းချသူများဆို


ကားတင် သွင်းမှုဆိုင်ရာမူဝါဒများ ဖြေလျှော့ ပေးသကဲ့သို့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရာတွင် ပါဝင်သည့် သံရည်ကျို အပ်နှံမှုတွင် မလိုအပ်သောအချက် များကို ဖြေလျှော့ပေးရန် လိုအပ်နေ သေးကြောင်း မော်တော်ကား တင် သွင်းရောင်းချသူများအသိုင်းအဝိုင်း မှ သိရသည်။
လက်ရှိ ယာဉ်အိုယာဉ်ဟောင်း များ အရည်ကျိုအပ်နှံရာတွင် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မှ စစ်ဆေးလက်ခံသော်လည်း သံရည် ကျိုလုပ်ငန်း ပြီးစီးမှသာ အက္ခရာ နံပါတ် ထုတ်ယူနိုင်သည့်အတွက် မော်တော်ယာဉ်တင်သွင်းသူများအနေ ဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း ယင်းတို့ထံမှ သိရသည်။မော်တော်ကားရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ''မန္တလေး တိုင်းထဲက မြင်းခြံသံရည်ကျိုစက်ရုံမှာ သံရည်ကျိုအပ်ရင် အဝင်တစ်ဆင့်ပဲ ရှိတယ်။ ရန်ကုန်မှာဆိုရင် အဆင့် ၁၇ဆင့်နဲ့ သတ်မှတ်ချက် ၄၇ချက် အားလုံးညီမှ လက်ခံတယ်ဆိုတော့ တော်တော်လေး အခက်အခဲဖြစ်နေ ပါတယ်''ဟု ဆိုသည်။

မြောက်ကိုရီးယားက ခြိမ်းခြောက်မှုများ ပြုလုပ်ထားသော်လည်း အမေရိကန်နှင့်တောင်ကိုရီးယား စစ်လေ့ကျင့်မှု စတင်

Photo: မြောက်ကိုရီးယားက ခြိမ်းခြောက်မှုများ ပြုလုပ်ထားသော်လည်း အမေရိကန်နှင့်တောင်ကိုရီးယား စစ်လေ့ကျင့်မှု စတင်
Monday, August 18, 2014

သက်ညှာမည်မဟုတ်သည့် လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ခြိမ်း ခြောက်ထားသော်လည်း အမေရိ ကန်နှင့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၈ ရက်တွင် စတင်လိုက် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို Ulchi Freedom Guardian ဟု အမည်ပေးထားပြီး သြဂုတ် ၂၉ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ငါးရက်ကြာ တောင်ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း ဆိုးလ်မြို့လူထုတွေ့ဆုံ ပွဲတစ်ခုတွင် ကိုရီးယားကျွန်း ဆွယ်ပြန်လည် သင့်မြတ်ရေးအတွက် တိုက်တွန်းခဲ့သည်။

ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုမှ အစီအစဉ်အများအပြားကို ကွန်ပြူတာပေါ်တွင် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း တောင်ကိုရီးယားနှင့် အမေရိကန်မှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်မည်ဖြစ်ကာ မြောက်ကိုရီးယားမှ ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက အဆင်သင့်ဖြစ်စေ ရန် လေ့ကျင့်မှု ပြလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်စစ်ရေးလေ့ကျင့်မှုတွင် နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်မှုအား တုန့်ပြန်မည့် နည်းလမ်း ပါဝင်မည်ဖြစ်သည်။ အဆိုပါ နည်းလမ်းအား ယမန်နှစ်က ပြုလုပ်ခဲ့သည့် တောင်ကိုရီးယားနှင့်အမေရိ ကန်တို့၏ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ညှိနှိုင်းခဲ့သည့် နည်းလမ်းသစ်တစ်ခုဖြစ်ကြောင်း သိရသည်။

ယခုစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ဖျက်သိမ်းပစ်ရန် မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ညှာမှု မရှိသော တုန့်ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

တောင်ကိုရီးယား စစ်ဘက်အဆင့်မြင့်အရာရှိတစ်ဦးက “မြောက်ကိုရီးယားက ရန်စတိုက်ခိုက်လာမယ် ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားထားသည်။
Re:AFP သက်ညှာမည်မဟုတ်သည့် လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ခြိမ်း ခြောက်ထားသော်လည်း အမေရိ ကန်နှင့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၈ ရက်တွင် စတင်လိုက် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို Ulchi Freedom Guardian ဟု အမည်ပေးထားပြီး သြဂုတ် ၂၉ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ရေအောက် ဖိုင်ဘာကြိုးများကို ငါးမန်းရန်မှ ကာကွယ်နိုင်ရန် Google စီစဉ်နေ

အင်တာနက် ရှာဖွေရေး လုပ်ငန်းစုကြီး Google သည် ၎င်းတို့၏ ရေအောက် အင်တာနက် ဖိုင်ဘာလိုင်းများကို ငါးမန်းများ၏ ဝါးမြိုကိုက်ဖျက်မှုမှ ကာကွယ်ရန်အစီအမံများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။Google ၏ ထုတ်ကုန်ဌာန မန်နေဂျာ တစ်ဦးက Google သည် ကျည်ကာ အင်္ကျီများတွင် အသုံးပြုသည့် ကက်ဗ်လာသားကဲ့သို့ ကြားခံပစ္စည်းမျိုး ကို ရေအောက် ဖိုင်ဘာကြိုးများတွင် ထည့်သွင်း တပ်ဆင်နေကြောင်း Network World သို့ ပြောကြားခဲ့သည်။ကမ္ဘာ့အင်တာနက်ကွန်ရက် ဖြန့်ကျက်မှုတွင် ရေအောက်မှ သွယ်တန်းထားသည့် ဖိုင်ဘာကြိုးလိုင်းများသည် အဓိက အကျဆုံး ဆက်သွယ်မှု လမ်းကြောင်းများ ဖြစ်ကြသည်။ရေအောက် ဖိုင်ဘာကြိုးများ ပြတ်တောက်နိုင်သည့် အကြောင်းရင်းများတွင် ငါးမန်းများ၏ သွားဒဏ်ကလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ငါးမန်းများသည် အမြင်အာရုံ မကောင်းလှသဖြင့် ဖိုင်ဘာကြိုးလိုင်းများက ထုတ်လွှင့်နေသော သံလိုက်စက်ကွင်းကို အာရုံခံကာ အစာဟု မှားယွင်းယူဆပြီး ကိုက်ဖြတ်လေ့ရှိသည်။ ငါးအုပ်ကြီးတစ်အုပ် ကစဥ့်ကလျား လှုပ်ရှား ကူးခတ်သွားချိန်တွင် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုမျိုးသည် ဖိုင်ဘာကြိုးလိုင်းများ၏ သံလိုက်စက်ကွင်းမှ လှိုင်းများ ရိုက်ခတ်မှုနှင့်တူညီနေတတ်ရာ ငါးမန်းများက အဆိုပါ ကြိုးများကို ကိုက်ခဲရန် အလွန်စိတ်ဝင်စားလေ့ ရှိကြောင်းလည်း သိရသည်။