Sunday, September 15, 2013

မှတ်ဥာဏ်ကို ထိခိုက်စေနိုင်သော အစားအစာ ကိုးမျိုး

Photo: မှတ်ဥာဏ်ကို ထိခိုက်စေနိုင်သော အစားအစာ ကိုးမျိုး 
Sunday, September 15, 2013

အစာလည်းဆေး ဆေးလည်းအစာ ဆိုရာမှာ တချို့အစား အစာတွေက သင့်မှတ်ဥာဏ်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အ ထောက်အကူပြုသလိုပဲ တချို့ အစားအ စာတွေကတော့ သင့်ကျန်းမာရေးကို နှောင့်ယှက်တာမျိုးတွေရှိပါတယ်။ ဖော် ပြပါအစားအစာတွေကို သင့်ကျန်းမာ ရေးအတွက်ရှောင်ပါ။

(၁) အဆင့်သင့် စားနိုင်သော အချို့ အစားအစာများ

များပြားလွန်းတဲ့ အလုပ်တာဝန် တွေနဲ့ လှုပ်ရှားနေရတဲ့ ဘဝထဲမှာ ဘယ် အရာကိုပဲဖြစ်ဖြစ် အမြန်ဆုံးပြီးမြောက် သွားတာကို သဘောကျတတ်ကြပါ တယ်။ အစာစားချိန်မှာတောင် ခပ်မြန် မြန်စားရတာကို သဘောကျလာတတ် ကြပါတယ်။ ရေနွေးလေးဖြောပြီး အ လွယ်တကူ စားရတာကို နှစ်သက်လာ ကြပါတယ်။ လေ့လာမှုတွေအရ အသင့် ပြုလုပ်ထားတဲ့ အစာတွေကို အစားများ တာကြောင့် ဦးနှောက်ကျန်းမာရေးအ တွက် စိုးရိမ်ဖွယ်ရှိတယ်လို့ဆိုတာကြောင့် အသင့်အစားအစာတွေနဲ့ ခပ်ဝေးဝေးနေ ပါ။

(၂) ဖန်တီးပြုလုပ်ထားသော အစာတုများ

အရသာတူအောင် ဖန်တီးပြုပြင် ထားတဲ့ အစားအစာမျိုးတွေပါ။ အနံ့နဲ့ အရသာက တစ်ထပ်တည်းကျအောင် ဖန်တီးပြုလုပ်ထားတဲ့ အစားအစာ၊ အချို ရည်စတာတွေထဲမှာ ဓာတုဗေဒပစ္စည်း တွေ၊ ဆိုးဆေးတွေနဲ့ အနံ့တွေပါဝင်တတ် ပါတယ်။ ဒါတွေအစားများရင် သင့်ဦး နှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါ တယ်။ သဘာဝအစားအစာတွေကသာ ကောင်းမွန်မှန်ကန်တဲ့ အာဟာရကို ပေး စွမ်းနိုင်ကာ သင့်ဦးနှောက်နဲ့ မှတ်Óဏ် ကို အထောက်အကူပြုပါလိမ့်မယ်။

(၃) ငန်လွန်းသော အစားအစာများ

အရမ်းငန်လွန်းတဲ့ အစားအစာတွေ ကသင့်နှလုံးကျန်းမာရေးကိုလည်း ထိ ခိုက်စေနိုင်ပါသေးတယ်။ ဆားလွန်ကဲတဲ့ အစားအစာတွေများများစားတာကြောင့် သင့်ဦးနှောက်တစ်သျှူးတွေကို ပျက်စီးစေ နိုင်တဲ့ မကောင်းကျိုးဖြစ်စေတာကြောင့် ဆားပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။

(၄) ပြုပြင်ထားသော ဒိန်ချဉ်

ဒိန်ချဉ်ကို ကြာရှည်ခံအောင် ပေါင်း စပ်ပြုလုပ်ထားပြီး စတော်ဘယ်ရီ၊ စပျစ် စတဲ့အသီးတွေရဲ့ ရနံ့နဲ့ ပေါင်းစပ် ပြုလုပ် ထားတဲ့ ဒိန်ချဉ်ဘူးတွေကို ပုံမှန်သောက် သုံးတာကြောင့် ဒိန်ချဉ်အစစ်လိုတူညီတဲ့ အကျိုးကျေးဇူးကို မရရှိနိုင်ဘူးလို့ လေ့ လာသူတွေက ဆိုပါတယ်။ ရေဆာနေ ချိန်မှာ ရေဆာကိုသာ ပြေစေပြီး အမှန် တကယ်တော့ အဲလိုအသင့်ပြုလုပ်ထား တဲ့ ဒိန်ချဉ်ဘူးတွေက အဆီနဲ့ ဓာတု ပစ္စည်းတွေသာ ပါဝင်တတ်တယ်လို့ဆိုပါ တယ်။

(၅) စွမ်းအားဖြည့် အချိုရည်များ

စွမ်းအားကို ပြန်လည်ဖြည့်တင်းပေး တဲ့ အချိုရည်တွေကို လွန်ကဲစွာသောက် သုံးတာကြောင့် သင့်ဦးနှောက်ကျန်းမာ ရေးကို ထိခိုက်စေနိုင်ပါတယ်။ ယင်းအချို ရည်တွေက အချိန်အတိုင်းအတာတစ်ခု အထိ လူကို တက်ကြွလန်းဆန်းစေကာ တာကြောင့် အဲဒီအချိန်တွင်းမှာ အလုပ် ကို အင်တိုက်အားတိုက်လုပ်မိပြီး အချိန် အတိုင်းအတာကုန်သွားချိန်မှာတော့ လူ ကိုပင်ပန်းနွမ်းနယ်နေစေတာကြောင့် သင့်ခန္ဓာကိုယ်ရော သင့်ဦးနှောက်ကိုပါ ပင်ပန်းနွမ်းနယ်နေစေပါလိမ့်မယ်။

(၆) ပီဇာများ

လူကြီး၊ လူငယ်မရွေးကြိုက်နှစ် သက်ကြပြီး စားချင်စဖွယ် ပြုပြင်ဖန်တီး ထားတာကြောင့် လူကြိုက်များတဲ့ ပီဇာ ကိုပုံမှန်စားမယ်ဆိုရင် သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါလိမ့် မယ်။ အဆာပြေစာစားမယ်ဆိုရင်တောင် သီးရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ပီဇာကို ရွေးချယ်ပေးပါ။

(၇) ထပ်ကာထပ်ကာ ကြော်ထားသော အစာများ

ဆီအများကြီးနဲ့ အထပ်ထပ်အခါခါ ကြော်ထားတဲ့ အစာတွေကို စားတာ ကြောင့် သင့်ခန္ဓာကိုယ်ကို အာဟာရ မ ဖြစ်စေတဲ့အပြင် သင့်ဦးနှောက်ကို ထိခိုက် စေနိုင်ပါသေးတယ်။ ဆီကြော်စာတွေက စားလို့ကောင်းပေမယ့် သင့်ကျန်းမာရေး ကိုတော့ လုံးဝအထောက်အကူမပြုပါဘူး။

(၈) ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်တွေကို အ ထူးသဖြင့် ရုပ်ရှင်ကြည့်ချိန်မျိုးမှာ အ များအပြား စားမိတတ်ကြပါတယ်။ ပြောင်းဖူးပေါက်ပေါက်တွေထဲမှာ ဆားနဲ့ အဆီများစွာပါဝင်တတ်ပြီး တချို့အသင့် ပြုလုပ်စားသောက်နိုင်တဲ့ ပေါက်ပေါက် တွေထဲမှာ ဓာတုပစ္စည်းတွေလည်းပါဝင် နေတတ်ပါတယ်။ ဒါကြောင့် အညွှန်းကို သေချာဖတ်ပြီး ဝယ်ယူပါ။

(၉) သကြားမျာသော အသုပ်များ

ဟင်းရွက်သုပ်တွေက သင့်ကျန်းမာ ရေးကို အထောက်အကူပြုတယ်ဆိုပေ မယ့် အဆီအများကြီးထည့်ပြီး၊ သကြား များစွာပါဝင်တဲ့ အသုပ်တွေကတော့ သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ဟင်းရွက်သုပ်တွေကို သံလွင် ဆီအနည်းငယ်ထည့်သုပ်ပေးပြီး ရှလကာ ရည်အနည်းငယ်သုံးပေးတာက သင့် ကျန်းမာရေးကို အထောက်အကူပြုပါ တယ်။  

ရိုးရာလေး
အစာလည်းဆေး ဆေးလည်းအစာဆိုရာမှာ တချို့အစားအစာတွေက သင့်မှတ်ဥာဏ်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုး မှုကို အ ထောက်အကူပြုသလိုပဲ တချို့အစားအစာတွေကတော့ သင့်ကျန်းမာရေးကို နှောင့်ယှက် တာမျိုးတွေရှိပါတယ်။ ဖော် ပြပါအစားအစာတွေကို သင့်ကျန်းမာ ရေးအတွက်ရှောင်ပါ။

ငါးအသည်းဆီပြန်ဟင်းနှင့် ဒညင်းသီးပြုတ်တို့ စားသုံးခဲ့ရာမှ အစာအဆိပ်သင့်

၁၄.၉.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာ၊ မြန်မာ့ မီးရထား ၀င်းနေ ဆောက်လုပ်ရေးကုမ္မဏီတွင် သံချည်သံကွေးလုပ်ကိုင်သူများဖြစ်သည့် ကိုထွန်းထွန်းဦး (၃၃)နှစ်၊

မြန်မာနိုင်ငံ ငါးပိငါးခြောက် လုပ်ငန်းရှင်များအသင်း (ယာယီ) နာယက ဦးမောင်မောင်သိန်းနှင့် တွေ့ဆုံခြင်း

Photo: မြန်မာနိုင်ငံ ငါးပိငါးခြောက် လုပ်ငန်းရှင်များအသင်း (ယာယီ) နာယက ဦးမောင်မောင်သိန်းနှင့် တွေ့ဆုံခြင်း 
Sunday, September 15, 2013

ဧရာဝတီတိုင်းက ငါးပိလုပ်သူတွေက ငါးပိမှာ အရိုးမြန်မြန်ဆွေးဖို့ ဓာတ် မြေသြဇာတွေ ထည့်တယ်ဆိုပြီး စားသုံးသူ ကာကွယ်ရေးအသင်းကပြောတဲ့ အပေါ် ဘာများပြောချင်ပါသလဲ။ ငါးပိလုပ်တဲ့ အခြေအနေကို ပြောပြပေးပါဦး။

UMMT : ငါးပိလုပ်တဲ့ ငါးတွေက ဧရာဝတီတိုင်းဘက်က လာတယ်။ အဲဒီလို လာတဲ့နေရာမှာလည်း နှစ်မျိုးနှစ်စား ရှိတယ်။ ဧရာဝတီတိုင်းမှာက အင်းတွေပေါတော့ အစိုးရက လေလံပစ်တယ်။ အဲဒီတော့ လေလံပစ်တဲ့ အင်းတွေကို ဘယ်သူမှ ဝင်ဖမ်းလို့မရဘူး။ အင်းထဲက ငါးကို သူပဲပိုင်တယ်။ အင်းဖော်တဲ့အခါကျရင် ငါးတွေကို စံပြငါးဈေးကို တချို့ပို့တယ်။ မိတဲ့ငါးကများတော့ ဝယ်သူဈေးကွက် အနေအထားအရ အကုန်မရောင်းနိုင်ဘူး။ ဒီတော့ အရှင်တွေကို စံပြငါးဈေးပို့တယ်။ ငါးအသေတွေကို ဆားလူးပြီး ပီနံအိတ်ထဲ ထည့်တယ်။ တောင်းထဲထည့်တယ်။ ပြီးရင် ဘုရင့်နောင်ပွဲရုံကို ပို့တယ်။ အဲဒီဘုရင့်နောင်ပွဲရုံက တစ်ရာကို ငါးကျပ်နဲ့ ကော်မရှင်ယူပြီး ငါးပိလုပ်ငန်းရှင်တွေကို ရောင်းပေးတယ်။ ဘုရင့်နောင်ရောက်တဲ့ ငါးတွေကို နယ်ပေါင်းစုံကနေ လာဝယ်တယ်။ လာဝယ်ကြတဲ့ လုပ်ငန်းရှင် အနည်းအများပေါ် မူတည်ပြီး တစ်နေ့ငါးရတဲ့နှုန်းက ကွာတယ်။ အဲဒီတော့ ဒီလိုနေ့တိုင်း ဝယ်တဲ့ငါးတွေကို လေးထောင့်ကန်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ဇုန်ကို သယ်သွားတယ်။ အဲဒီရောက်ရင် ဝယ်လာတဲ့ ငါးတွေကို သွန်ချတယ်။ ပြီးရင် ရေဆေးတယ်။ ရေဆေးတယ် ဆိုတာကလည်း ဆားများမှာ စိုးလို့ရယ်၊ ငါးထဲမှာ ရွှံ့ပါရင် ရွှံ့ပျောက်အောင် ရေဆေးရတယ်။ နောက်တော့ ရေဆေးပြီးတဲ့ ငါးတွေကို အချိန်တစ်ရာမှာ ဆားဆယ်ပိဿာ ပြန်ရောရတယ်။ ပြီးရင် ထမနဲကျိုရတယ်။

ထမနဲ ဆိုတာကလည်း ဆန်ကို အစေ့ပျောက်အောင်ကျိုတာ။ ပြီးရင် ငါးအချိန်တစ်ရာကို ထမနဲ တစ်ဆယ်ရောတယ်။ မွှေတယ်။ ပြီးတော့ အိုးရှိရင် အိုးထဲသိပ်တယ်။ ရိုင်ပတ်ကို ခင်းတယ်။ ဝါးခြမ်း နှစ်ပြားနဲ့ အိုးကိုဖိထား၊ အိုးထဲမှာ အထစ်ကလေးရှိတော့ အောက်ငါးတွေ ကြွတက်မလာတော့ဘူး။ အဲဒီအခါမှ ငံပြာရည်က အပေါ်တက်လာတယ်။ ခြောက်လ၊ တစ်နှစ်လောက်ထား၊ ပိုတောင်မှ မွှေးနေသေးတယ်။ ငံပြရည် ရှိနေသရွေ့ ငါးပိကမပျက်ဘူး။ ငါးပိဖော်လိုက်ရင်လည်း ငါးပြေမက အကောင်လည်း မပျက်ဘူး။ မွှေးနေတယ်။ အဲတော့ ငါးပြေမမှန်းသိပြီး ဈေးလည်း ထောင့်ငါးရာနဲ့ ရောင်းလို့ရတယ်။ ငါးစင်ရိုင်းဆို တစ်ထောင်ရောင်းတယ်။ ငါးရံ့ဆိုရင် နှစ်ထောင့်နှစ်ရာ ရောင်းတယ်။

ဒါဆိုကျိုစားရင် ကြေကုန်ရော။ ဒါက အင်းသမားတွေက ငါးကိုသုံးတဲ့ပုံ။ နောက်ထပ်ချောင်းတွေမှာ လိုက်ပြီး ငါးဖမ်းတဲ့သူတွေ ရှိတယ်။ အဲဒီအနည်းအကျဉ်းရတာကို ရွာထဲက ငါးပိလုပ်တဲ့ သူတွေဆီ ရောင်းကြတယ်။ အိမ်စား ဖို့လုပ်တာလည်း ရှိတယ်။ ရွာနီးနားမှာ ရောင်းဖို့ ရေကျိုငါးပိလုပ်တာ ရှိတယ်။ အဲဒီလိုမျိုး မှန်ခဲ့သည် ရှိသော်လည်း ဘယ်သူ့မှာမှ သက်သေအထောက် အထားဆိုတာ မရှိဘူး။ အဲဒီလိုလူမျိုးတွေက အရင်းအနှီး နည်းနည်း မြန်မြန်ရောင်းချင်လို့ နှစ်ပတ်လောက်နဲ့ ငါးပိဖြစ်အောင် လုပ်ရောင်းရင်တော့ မသိဘူး။ ဓာတ်မြေသြဇာထည့်မှန်း ဘယ်သူမှလည်း အခုထိမတွေ့သေးပါဘူး။ ဓာတ်မြေသြဇာက အကောင်ကြေအောင်၊ အရိုးဆွေးအောင် ဓာတ်မြေသြဇာထည့်တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူတိုင်းက ငါးပိ အကောင်လိုက်ဖြစ်မှ ကြိုက်တာ။ ကြေသွားရင် ဘယ်သူမှမဝယ်ဘူး။

Voice : ဒါဆို ငါးပိလုပ်ငန်းရှင်ကြီးတွေဆိုတာ ရန်ကုန်တိုင်းဒေသကြီး ထဲမှာပဲ ရှိတာပေါ့။

UMMT : ဟုတ်တယ်။ လုပ်ငန်းကြီးသမားက ရန်ကုန်ထဲမှာပဲ ရှိတယ်။ အင်းဖော်လိုက်တယ် ဆိုတာနဲ့ ငါးစင်ရိုင်းဆိုရင် ကုန်ချိန်လေးသောင်းလောက်ကို ပိဿာဈေး ဝယ်တယ်။ တစ်ထောင်ဈေးနဲ့ဆိုရင် လေးသောင်းလောက် ကျတယ်။ အဲဒီမှာ ပွဲစားကပွဲခ သိန်းနှစ်ဆယ်လောက် ရမယ်။ ဦးတို့ကို ရောင်းရင် ဆယ်ရက်လောက်ဆို ပိုက်ဆံသွားချေတယ်။ အဲတော့ ငွေရမြန်တဲ့အတွက် ဒီအတိုင်းလုပ်တယ်။ အင်းသမားကလည်း အဲဒီပွဲရုံမှာပဲ အရောင်းအဝယ် ဖြစ်တယ်။ ငွေမမြုပ်တော့ဘူး။ ဒီတော့ ဧရာဝတီတိုင်းဘက်က ငါးလုပ်ငန်းလုပ်တဲ့ သူတွေက ငါးပိဖြစ်တဲ့အထိဆိုရင် ဒီလောက်အများကြီး မလုပ်နိုင်ဘူး။ ဖောက်သည်လည်း မရှိဘူး။

Voice : ဒီလိုသတင်းတွေ ထွက်တော့ လုပ်ငန်းအတွက် ဘယ်လောက်ထိခိုက်မှု ရှိခဲ့လဲ။

UMMT : အခု ဒီသတင်းစတာ စားသုံးသူ ကာကွယ်ရေးအသင်းက စလာတယ်။ သူကလည်း သူ့ဆီကို ဟိုလူက ဖုန်းဆက်၊ ဒီလူက ဖုန်းဆက်နဲ့ဆိုတော့ စားသုံးသူတွေအတွက် စေတနာနဲ့ လုပ်နေမှန်း နားလည်ပါတယ်။ အဲဒီတော့ မီဒီယာတွေကို ခေါ်ပြီးဖွင့်ချလိုက်တော့ မီဒီယာတွေက ဈေးကွက်ထဲမှာရှိတဲ့ ငါးပိတွေရဲ့ ၉၉ ရာခိုင်နှုန်းမှာ ဓာတ်မြေသြဇာ ပါတယ်ဆိုပြီး ဖော်ပြကြတော့ ဘယ်သူမှ မစားရဲတော့ဘူး။ ဓာတ်ခွဲကြည့်တော့ ဓာတ်မြေသြဇာတွေ့လို့ ပြောတာလားဆိုတော့ မဟုတ်ဘူး။ ဆီကို အကြော်ခံအောင် ရေသန့်ဘူးထည့်တယ် ဆိုတာကို ဘယ်မီဒီယာမှ မရေးဘူး၊ မရေးတော့ ပြဿနာက အဲလောက်မကြီးခဲ့ဘူး။ ငါးပိထဲမှာ ဓာတ်မြေသြဇာ ပါတယ်ဆိုတော့ ငါးပိက မြောင်းထဲ ရောက်သွား တာပေါ့။ ဦးတို့ဆီကို လာတဲ့သူတွေထဲမှာ လက်လီယူတဲ့သူ နည်းပါတယ်။

သင်္ဃန်းကျွန်းဈေးတို့၊ ဗဟန်းဈေးတို့ထဲက ချရောင်းတဲ့သူတွေက နေ့ခင်းနှစ်နာရီလောက် ဆိုရင် လာဝယ်ကြတယ်။ ခေါင်းရွက် ဗျပ်ထိုးသမားတွေက အိမ်ရှင်မတွေ မသုံးရဲတော့ ဒီကိုဘယ်လာရဲ တော့မလဲ။ ငါးရက် လာရမယ့်ဟာကို နှစ်ရက်လောက်ပဲ လာတော့တာပေါ့။ နောက်ပြီး ဧရာဝတီတိုင်းကို အခုစစ်ဆေးနေတယ် ဆိုရင် ဘယ်နေရာတွေ စစ်တာလဲ ပြောပါ။ ညောင်တုန်းမှာ တွေ့တယ်ဆိုတာ ညောင်တုန်းက ဘယ်သူ့ဆိုင်မှာ တွေ့တယ်ဆိုရင် ပြောပေါ့။ ညောင်တုန်း တစ်မြို့လုံးဆိုတော့ စွပ်စွဲရာ ကျတာပေါ့၊ တိတိကျကျ နာမည်နဲ့လုပ်ပါ။

Voice : ပြည်တွင်းက ငါးပိငါးခြောက် လုပ်ငန်းရှင်တွေက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်မှတ်ရထားတဲ့ သူတွေချည်းပဲလား။

UMMT : ငံပြာရည်ကတော့ လက်မှတ်ရတယ်။ ငါးပိကတော့ ဆိုင်မှာလက်ကား ရောင်းကြတယ်။ ငါးပိကို တစ်ပိဿာထုပ် ရွှေမင်းသား ဆိုပြီး ရောင်းတာမရှိဘူး။ ကျန်းမာရေးဌာနက ရွှေမင်းသား တစ်ပုလင်းပေးပါ၊ ကျွန်တော်တို့ စစ်ချင်လို့ပါဆိုပြီး လာတောင်းပြီးစစ်တာ မရှိဘူး။ ကျွန်တော်တို့ဆီက ငံပြာရည်ပုလင်းတွေကို ညောင်ပင်လေးဈေး တို့လို ဈေးတွေမှာ တင်တယ်။ ကျန်းမာရေးဝန်ကြီးဌာနကယူပြီး သူ့ဘာသာစစ်တယ်။ ဦးတို့လည်း မသိဘူး။ ငါးပိထဲမှာ ဓာတ်မြေသြဇာ ထည့်လို့ရတယ်ဆိုတာ ဒီအလုပ်လုပ်နေတာလည်းကြာပြီ မသိပါဘူး။

ထည့်ခဲ့လို့ ရှိရင်လည်း ထည့်တဲ့သူတွေက မီဒီယာက ရေးရင်တော့ အရှိန်သတ်သွားမှာပေါ့။ တကယ်တမ်းပြောရရင် ငါးပိနှစ်ပိဿာမှာ တစ်ပိဿာပဲ ရောင်းရတာ ပြဿနာမရှိဘူး။ မရောင်းရလို့လည်း လုပ်ငန်းရှင်တွေ ထိခိုက်စရာမရှိဘူး။ ငါးပိမှာ မရောင်းရလို့ သံချေးတက်မယ်၊ ပျက်စီးမယ်ဆိုတာ မရှိဘူး။ ရောင်းမရလည်း အိုးထဲမှာရှိမယ်၊ ကန်ထဲမှာရှိမယ်။ ကြာလို့ရှိရင် ငါးပိမွှေးတောင် မွှေးနေဦးမယ်။

စိတ်မကောင်းတာတော့ အခြေခံလူတန်းစားပေါ့။ ငါးရာတန်ပစ္စည်းမှာ နှစ်ဆယ်သား ဝယ်ရင် တစ်ရာပဲကျတယ်။ အဲဒီတော့ နေ့ည စားပါလေဦး၊ မီးဖိုချောင်စရိတ်လည်း သက်သာတယ်။ အခုတော့ ကြက်သားမှုန့်တွေ၊ အချိုမှုန့် အတုတွေ စားနေရတော့ ကျန်းမာရေးတွေ ပိုဆိုးတာပေါ့။ ဝမ်းနည်းစရာ ကောင်းတာက ရိုးရာရေကျိုငါးပိဟင်း တစ်ခွက်တောင် ပျောက်သွားမလို ဖြစ်နေပြီ။ စားသုံးသူတွေကလည်း ဘာငါးပိပဲဝယ်ဝယ် ရောင်းတဲ့သူတွေကို အာမခံခိုင်းပေါ့။ ဒီလိုဆိုရင် မဟုတ်တာ လုပ်မယ့်သူက မလုပ်ရဲဘူး ဖြစ်သွားမယ်။ ဓာတ်မြေသြဇာ ထည့်တဲ့သူလည်း မလုပ်ရဲတော့ဘူး ဖြစ်သွားမယ်။ အာမခံနိုင်တဲ့သူပဲ ရောင်းရတော့မှာပေါ့။

The Voice Weekly
ဧရာဝတီတိုင်းက ငါးပိလုပ်သူတွေက ငါးပိမှာ အရိုးမြန်မြန်ဆွေးဖို့ ဓာတ် မြေသြဇာတွေ ထည့်တယ်ဆိုပြီး စားသုံးသူ ကာကွယ်ရေးအသင်းကပြောတဲ့အပေါ် ဘာများပြောချင်ပါသလဲ။ ငါးပိလုပ်တဲ့ အခြေအနေ ကို ပြောပြပေးပါဦး။

ဂန့်ဂေါမြို့ စည်ပင်ဌာနမှ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေ စက်ကြီးမြစ်ရေ နှင့်အတူ မျောပါသွား

Photo: ဂန့်ဂေါမြို့ စည်ပင်ဌာနမှ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေ စက်ကြီးမြစ်ရေ နှင့်အတူ မျောပါသွား 
Sunday, September 15, 2013

ဂန့်ဂေါမြို့ စည်ပင်ဌာန မှ ဂန့်ဂေါ မြို့ပေါ် ရပ်ကွက်များသို့ ရေပေးဝေ နေ သည့် ရေစက်ကြီး သည် စက်တင်ဘာလ ၁၃ ရက် ညပိုင်းက မြစ် သာမြစ်ရေ နှင့် အတူ မျောပါ သွားကြောင်း သိရသည်။

မြစ်သာမြစ်ရေ သည် ဂန့်ဂေါမြို့ ပေါ်တွင် ထူးခြားစွာ မိုးရွာသွန်းမှု မရှိခဲ့ သော်လည်း ဂန့်ဂေါမြို့ အထက်ပိုင်းတွင် မိုးရွာသွန်းမှု များခြင်းကြောင့် အဆိုပါ ရက်ပိုင်း အတွင်း မြစ်သာမြစ်ရေ တက်နေသည် ဟု သိရ သည်။ " စက်တင်ဘာလ ၁၃ ရက် ညပိုင်းက ဂန့်ဂေါမှာ မိုးနည်းနည်း ပဲ ရွာတာပါ ၊ မနှစ်က ပြောစမှတ် ဖြစ်လောက် အောင် တက်ခဲ့ တဲ့ မြစ်သာမြစ်ရေ မှာတောင် ရေပေးဝေရေး စက်ကြီး မမျောခဲ့ပါဘူး ၊ လက်ရှိ အချိန် ထိတော့ စည်ပင်ရေကို အား ထား နေရ သူတွေက စည်ပင် ရေစက်ကြီး ရေထဲမျော သွားတဲ့ အတွက် သောက်သုံးရေ အခက်အခဲ ဖြစ်မှာ စိုးရိမ် နေကြပါတယ် ... " ဟု အမှတ်(၁) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောကြား ခဲ့သည်။

" စည်ပင် ရေက ဒေသခံ ပြည်သူတွေ အားကိုး သလောက် ဖြစ်မလာပါဘူး ၊ ပြီးခဲ့တဲ့ သြဂုတ်လ ထဲမှာဆိုရင် ရေစက် ပျက်လို့ဆိုပြီး တစ်လလုံးမှ တစ်ကြိမ်ပဲ ရေပေးခဲ့တယ် ၊ လကုန် ခါနီးတော့ တစ်ကြိမ် လာတယ် ၊ အခုမြစ်ရေနဲ့ အတူ မျောသွားတယ် ဆိုတော့ တစ်လတစ်ကြိမ် တောင် လာဖို့ ခက်သွားပါပြီ ၊ ပြောရမယ် ဆိုရင် ရေသာ ပုံမှန်မလာ တာပါ ၊ လစဉ်ကြေး ကတော့ ကောက်ခံမှု မပျက်ကွက် ပါဘူး ၊ သူတို့ ရေမပေးနိုင် တဲ့ လဆို ချက်ချင်း လာမကောက်ဘဲ ရေပေးတဲ့ လကြမှ နှစ် လစာပေါင်း ကောက်တာ တွေလည်း ရှိပါတယ် ၊ ကျွန်တော်တို့ ဆန္ဒကတော့ ရေဆိုတာ နေ့စဉ် လူနေမှုဘဝ မှာ မရှိမဖြစ် လိုအပ် တဲ့အရာပါ ၊ အခုချိန်ထိ တော့ရေစက် ကြီး မျောပါသွားတဲ့ အတွက် ဒေသခံတွေ အခက်အခဲ မဖြစ်အောင် စည်ပင်ဌာနမှ ဘယ်လို ဆောင်ရွက် ပေးမယ် ဆိုတာကို ဘာမှ မပြောသေး ပါဘူး ... '' ဟု အမှတ်(၄) ရပ်ကွက်မှ ဒေသခံတစ်ဦး က ပြောကြားခဲ့သည်။


ဂန့်ဂေါမြို့ စည်ပင်ဌာနမှ ရေပေးဝေ ရာတွင် မူလ သတ်မှတ်ချက် မှာ တစ်လ လျှင် (၁ဝ) ကြိမ် ပေးဝေရန်သတ်မှတ် ထားသည်။ သို့သော် ရေပေးဝေသည့် နေ့များတွင် အချိန် ကြာမြင့်စွာ ပေးသည့် အတွက် ဒေသခံ များ သည် ရေရရှိခိုက် ခံယူထား ကြရသည်။ စည်ပင်ရေ၏ လစဉ် သတ်မှတ်ကြေးမှာ ငွေကျပ် ၅၀၀၀ ဟု သိရှိရသည်။

( ယောသူလေး )
The Myawady Daily
ဂန့်ဂေါမြို့ စည်ပင်ဌာန မှ ဂန့်ဂေါ မြို့ပေါ် ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေစက်ကြီးသည် စက်တင် ဘာ လ ၁၃ ရက် ညပိုင်းက မြစ် သာမြစ်ရေ နှင့် အတူ မျောပါ သွားကြောင်း သိရသည်။

ဗြိတိန်၊ ထိုင်း၊ ဟောင်ကောင် အထည်ချုပ်လုပ်ငန်းသုံးခု CMP ဖြင့် လုပ်ကိုင် ခွင့်ပြု


ဗြိတိန်၊ ထိုင်း၊ ဟောင်ကောင်တို့မှ အထည်ချုပ်လုပ်ငန်းသုံးခုကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှု ဇုန်တွင် လက်ခစား(CMP)စနစ်ဖြင့် ဆောင် ရွက်လုပ်ကိုင်ရန် စက်တင်ဘာလ ၁၁ ရက်နေ့က လုပ်ငန်းလုပ် ကိုင်ခွင့် ချထားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင် (MIC) ထံမှ သိရှိရသည်။

မွန်ပါတီများ၊ လက်နက်ကိုင် အဖွဲ့များ ညီလာခံ ကျင်းပမည်

မွန်တိုင်းရင်းသားပါတီတွေနဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေပါဝင်တဲ့ ညီလာခံတစ်ရပ်ကို လာမဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ ကနေ ၃၀ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ မှာ ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။

လုယက်မှုကျူးလွန်သူတရားခံအား သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိ

Photo: လုယက်မှုကျူးလွန်သူတရားခံအား သက်သေခံပစ္စည်းနှင့်အတူ 
ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၅

၁၅.၉.၂၀၁၃ရက်နေ့ ၀၇၂၀ အချိန်တွင် ကမာရွတ်မြို့နယ်နေ
ဒေါ်စောကလျာသည် နေအိမ်မှလှည်းတန်းဈေးသို့ အထည်ဆိုင်ဖွင့်ရန် တစ်ဦးတည်းလမ်းလျှောက်လာစဉ် သင်္ဃန်းဆိုင်နှင့် ဗဟိုလမ်းကြား
အရောက်တွင် အမည်မသိအသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးနှင့် မျက်နှာချင်းဆိုင်တွေ့မိပြီး ၄င်းအမျိုးသားမှ မျက်နှာကိုလက်ဖြင့်ကာ၍
ဒေါ်စောကလျာ၏ လည်ပင်းတွင်ဆွဲထားသော (၅)မူးသားခန့်ရှိ ကြံဆစ်ပုံရွှေဆွဲကြိုး(၁)ကုံးနှင့် တွဲလျက် ရွှေချိန် (၁)ပဲ၊ (၆)ရွေးရှိ
ကျောက်ဖြူ (၁၄)လုံးပါလော့ကက်သီး(၁)ခု စုစုပေါင်းတန်ဘိုး
ငွေကျပ်(၅)သိန်းခန့်အား ဆွဲဖြတ်ယူကာထွက်ပြေးသွားသဖြင့်
စုံစမ်းအရေးယူပေးရန် ဒေါ်စောကလျာမှ တိုင်တန်းခဲ့၍ ကမာရွတ်မြို့မ
ရဲစခန်း(ပ)၄၀၉/၂၀၁၃၊ပုဒ်မ၃၈၂ဖြင့်အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှ ပြစ်မှုကျူးလွန်သူအား ကမာရွတ်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် ပူးပေါင်း၍ လိုက်လံစုံစမ်းရှာဖွေ
ဖမ်းဆီးခဲ့ရာ ၁၀၀၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ကွမ်းခြံ(၂)လမ်းရှိ လူနေထိုင်ခြင်းမရှိသည့်ခြံဝင်းထဲမှ ကျော်ကျော်၊ (ဘ)ဦးထွန်းရှိန်၊ ပတ္တမြားရပ်ကွက်၊ ကျိုက်လတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား သက်သေခံပစ္စည်းများနှင့်အတူ
တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၁၅.၉.၂၀၁၃ရက်နေ့ ၀၇၂၀ အချိန်တွင် ကမာရွတ်မြို့နယ်နေ ဒေါ်စောကလျာသည် နေအိမ်မှ လှည်း တန်းဈေးသို့ အထည်ဆိုင်ဖွင့်ရန် တစ်ဦးတည်းလမ်းလျှောက်လာစဉ် သင်္ဃန်းဆိုင်နှင့် ဗဟိုလမ်းကြား

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဖခင် နှင့် သမီးဖြစ်သူတို့ ဒဏ်ရာရရှိ

Photo: သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဖခင် နှင့် သမီးဖြစ်သူတို့ ဒဏ်ရာရရှိ 
 Sunday, September 15, 2013

၂ဝ၁၃ ခုနှစ် ၊ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီ အချိန်ခန့် တွင် အမျိုးသား ၂ ဦးမှ သေနတ် အတိုဖြင့် ပစ်ခတ်မှု ကြောင့် ဦးစိုင်းစိုင်း နှင့် သမီးဖြစ်သူ နန်းဟောင်ဖောင်း (ခ) လုံးလုံး အား ဒဏ်ရာများ ရရှိ၍ ဆေးရုံးသို့ ဆေး ကုသမှုခံ ယူနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ မယ်ခေါင်ရပ်ကွက် ၊ ၁/၈၆ ၊  ၁ လမ်း ၊ တာချီလိတ်မြို့ နေ အရှေ့ မိုးသောက်ကြယ် မိသားစု ကုမ္ပဏီ ပိုင်ရှင် ဦးစိုင်းစိုင်း ယာဉ်မောင်း သည် ၄င်း၏ ဇနီးဖြစ်သူ မနန်းခမ်းတစ်လုံ ၊ အိမ်အကူ မချိုစန်း တို့ လိုက်ပါ လာသော ၆ဂ/ VIGO CHAMP အဖြူရောင် မော်တော်ယာဉ် သည် သမီးဖြစ်သူ မနန်းဟောင်ဖောင်း (ခ) လုံးလုံး ( ၄/၂ဝ၁၃ ) နှစ်အား မူကြိုကျောင်း မှ ကြိုပြီး ပြန်လာ စဉ် ရွှေမြေသာယာ ဈေးရှေ့ ဦးစိုင်းစိုင်း ၏ နေအိမ် အနီး အရောက် တွင် ဆိုင်ကယ် ဦးထုပ် ဆောင်းထားသော အမျိုးသား ၂ ဦး ( အမည်စုံစမ်းဆဲ ) မှ မော်တော်ယာဉ် ၏ ယာဘက်ဘေး မှ မော်တော် ဆိုင်ကယ် စီးနင်းလာပြီး သေနတ် အတိုဖြင့် (၃) ချက်ခန့် ပစ်ခတ် ထွက်ပြေး သွားကြောင်း ၊ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် ၏ ယာဉ်မောင်း ယာဘက်ဘေး မှန်တစ်ချပ် ကွဲသွားပြီး ဦးစိုင်းစိုင်း တွင် မေးစေ့ ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ယာလက်မောင်း ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ယာပခုံး ဖောက်ဝင် ဒဏ်ရာ တစ်ချက် နှင့် သမီးဖြစ်သူ မနန်းဟောင်ဖောင်း (ခ) လုံးလုံး တွင် ဝဲလက်ဖဝါး ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ဝဲပါးရိုး ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ဝဲမေးရိုး ဖောက်ဝင် ဒဏ်ရာ တစ်ချက် တို့အသီးသီး ရရှိခဲ့ပြီး တာချီလိတ် ဆေးရုံသို့ ညနေ ၄ နာရီ ၁ဝ မိနစ်အချိန် ပို့ဆောင် ဆေးကုသမှု ခံယူခဲ့ပြီး နောက်  ထိုင်းနိုင်ငံ ၊ ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

ပစ်ခတ် ထွက်ပြေး သွားသူအား စုံစမ်း ဖော်ထုတ် အရေးယူ ပေးရန် ဦးစိုင်းစိုင်း (ဘ) ဦးနန်နွန်း (၅၅/၂ဝ၁၃) နှစ် ၏ သားဖြစ်သူ စိုင်းအင် တစ် ( ၂၆/ ၂ဝ၁၃) နှစ် ၊ ၁/၈၆(ဂ) ၊ ၁ လမ်း ၊ မယ်ခေါင် ရပ်ကွက် ၊ တာချီလိတ်မြို့ နေသူမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် တာချီလိတ် မြို့မ ရဲစခန်း မှ (ပ) ၁၉၈/၂ဝ၁၃ ၊ ပြစ်မှုပုဒ်မ ၃ဝ၇ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။

The Myawady Daily
၂ဝ၁၃ ခုနှစ် ၊ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီ အချိန်ခန့် တွင် အမျိုးသား ၂ ဦးမှ သေနတ် အတိုဖြင့် ပစ်ခတ်မှုကြောင့် ဦးစိုင်းစိုင်းနှင့် သမီးဖြစ်သူ နန်းဟောင်ဖောင်း(ခ) လုံးလုံးအား ဒဏ်ရာများရရှိ၍ ဆေးရုံ သို့ ဆေး ကုသမှုခံ ယူနေကြောင်း သိရသည်။

အမြန်လမ်း လမ်းဘေး ဓါတ်တိုင်ဝင်တိုက် ခင်ပွန်းသေဆုံး၊ ဇနီး ဒဏ်ရာရ


၁၄-၉-၂၀၁၃ ရက်နေ့ ၁၁၅၀ အချိန် နေပြည်တော်ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊

တွင်းထွက်သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) အလုပ်ရုံဆွေးနွေး

Photo: တွင်းထွက်သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) အလုပ်ရုံဆွေးနွေး
 Sunday, September 15, 2013

မြန်မာနိုင်ငံ တွင်းထွက်သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ် လုပ်ရေး၊ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (MEITI) အလုပ်ရုံ ဆွေးနွေး ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တော ရပ်ကွက်ရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ရုံးခန်းမ၌ကျင်းပရာ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်း အိုက်ပေါင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန်ရုံးမှ ဒေါ်ကေသီနှင့် EITI option study မှ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် Dr. Jeremy Weate၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများနှင့် မီဒီယာ အဖွဲ့များ တက်ရောက်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်သစ်တောနှင့် သတ္တု ဝန်ကြီးက အမှာစကားပြောကြားပြီး ရေနံသဘာဝဓာတ်ငွေ့နှင့် ဓာတ် သတ္တု  များ ပေါကြွယ်ဝသော နိုင်ငံများတွင် သဘာဝအရင်း အမြစ်များကို တူးဖော်ခြင်းသည် ဝင်ငွေကောင်းရရှိကာ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက် အကူပြုသည့် အပြင် ဆင်းရဲနွမ်းပါးမှု ကိုလည်း လျော့ကျစေနိုင်သည်။ EITI (သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာရေး) သည် တူးဖော် ထုတ်လုပ်ရေးကဏ္ဍတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တို့ကို တိုးတက်ကောင်းမွန်စေခြင်းများ ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံ သည် လည်း သဘာဝသယံ ဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်၍ ပြည်ထောင်စု ဝန်ကြီး ငါးဦးဖြင့် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး၊ စက်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းထားရှိပြီး အစိုးရသာမက အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များပါ အခွန်ငွေ ဆိုင်ရာတို့ကို ပွင့်လင်းမြင်သာမှုရှိစေရန် ကုမ္ပဏီများ၏ဝင်ငွေ အပေါ်မူတည်၍ ဝင်ငွေအချိုးအလိုက် ပေးဆောင်မှု အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန် ရုံးမှ ဒေါ်ကေသီက ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ EITI option study မှ တွေ့ရှိချက် များကို နိုင်ငံတကာကျွမ်းကျင် ပညာရှင် Dr. Jeremy Weate က EITI ဖော်ဆောင်ဖွဲ့မှုတွင် မိမိဘက်မှရှိနေသော အဟန့် အတား များ၊ ၎င်းအဟန့်အတားများကို ကျော်လွှားနိုင်မည့် အခွင့်အလမ်း များ၊ MSG ဖွဲ့စည်းရေးအတွက် အကြံပြုလိုသော အချက်များကို ရှင်း လင်းပြော ကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် အစိုးရ အဖွဲ့နှင့် လုပ်ငန်းရှင်များက သိလိုသည့် အချက်များကို မေးမြန်းကြရာ EITI option study မှ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် Dr. Jeremy Weate နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန်ရုံးမှ ဒေါ်ကေသီတို့က ရှင်းလင်းဖြေကြားကာ တက်ရောက်လာကြသူ များကလည်း အစုအဖွဲ့ဖွဲ့ ၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

မြ၀တီ
မြန်မာနိုင်ငံ တွင်းထွက်သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး၊ ပွင့်လင်းမြင်သာမှု ဖော်

နေရောင်ခြည်သည် အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပွား မှုကို လျှော့ချ နိုင် ဖွယ် ရှိ

Photo: နေရောင်ခြည်သည် အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပွား မှုကို လျှော့ချ နိုင် ဖွယ် ရှိ
Sunday, September 15, 2013

နေရောင်ခြည်သည် အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပွားမှု အန္တရာယ် ကို လျှော့ ချနိုင်ဖွယ် ရှိသောကြောင့် နေရောင်ခြည် ပိုမိုရရှိသည့် နေ ရာ ဒေသများ၌ နေထိုင် သူများတွင် အဆိုပါ ရောဂါ ဖြစ်ပွား မှု လျော့ ကျ နိုင် ဖွယ် ရှိသည်ဟု အမေရိကန် သုတေသီများက ပြောကြား ထား သည်။

သုတေသီ များသည် အမျိုးသမီး ၂ဝဝဝဝဝ ကျော်ကို စစ်ဆေး လေ့လာခဲ့ ရာ နေရောင်ခြည်နှင့် အဆစ်အမြစ် ရောင်ရောဂါ တို့အကြား ဆက်စပ်မှု ရှိကြောင်းနှင့် နေရောင်ခြည် အတွင်းရှိ ဗီတာမင် ဒီသည် ယင်းရောဂါ ဖြစ် ပွားမှု အန္တရာယ် ကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ကို တွေ့ရှိ ခဲ့ကြသည်။ သို့ရာတွင် အဆိုပါ ဗီတာမင် ရရှိရေးအတွက် နေပူထဲတွင် တစ်နေကုန် မနေထိုင် သင့်ကြောင်း ကျွမ်းကျင်သူ များက သတိပေး ထားသည်။

အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲသည့် ရောဂါသည် ကိုယ်ခန္ဓာ အတွင်းရှိ ကိုယ်ခံအားက အဆစ်အမြစ် များကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွား ရခြင်း ဖြစ်ပြီး အလွန်နာကျင် တတ်သည့် ရောဂါ တစ်မျိုး ဖြစ်သည်။

ဟားဗတ်ဆေးကျောင်းမှ သုတေသီ များသည် အမျိုးသမီးများ၏ နေထိုင်ရာ အရပ်ဒေသနှင့် ၎င်းတို့၏ နေရောင်ခြည် လက်ခံရရှိမှု ပမာဏကို အခြေခံ ၍ နှစ်ပေါင်း သုံးဆယ်ကြာ လေ့လာ ခဲ့ရာ နေရောင်ခြည် လက်ခံရရှိမှု ပိုမို များပြားသူ အမျိုးသမီးများသည် အခြား အမျိုးသမီး များနှင့် နှိုင်းယှဉ်ပါက အဆစ်အမြစ်ရောင် ရောဂါဖြစ်ပွားမှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်း လျက် ရှိကြောင်း တွေ့ရှိ ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သုတေသီ များ က စစ်ဆေး လေ့လာ ခဲ့သည့် အမျိုးသမီးများ အနက် ၁၃၁၄ ဦးတွင် အဆစ် အမြစ်ရောင် ရောဂါ ခံစားရသည့် လက္ခဏာများ ဖြစ်ပေါ်လျက် ရှိသည်ကို သုတေသီများက လေ့လာတွေ့ ရှိခဲ့သည်။

သုတေသီ များသည် လေ့လာမှု ပြုချိန်တွင် အသက်အရွယ် ပိုမိုကြီးရင့်သူ အမျိုးသမီး များကိုသာ အဓိက စစ်ဆေးလေ့လာ ခဲ့ခြင်းဖြစ်ပြီး ယခင် ကာလက အမျိုးသမီး ကြီးများသည် ယခုခေတ် မျိုးဆက်သစ် လူငယ် များ ကဲ့သို့ နေပူဆာ လှုံခြင်းဖြင့် ရောဂါ အန္တရာယ် ကာကွယ် ခြင်းကို သတိမူ မိခဲ့ပုံ မရှိခဲ့ကြကြောင်း ဒေါက်တာ အယ်လိဇဘက် အာကီးမားက ပြောကြား ထားသည်။

ထို့အပြင် အဆစ်အမြစ် ရောင်ရမ်းမှုကို ခံစားနေရ သူများတွင် ဗီတာမင်ဒီ ပါဝင်မှု ပမာဏ လျော့နည်းလျက် ရှိပြီး ယင်းသို့ ဗီတာမင်ဒီ ပါဝင်မှုလျော့ နည်း ခြင်းသည်ရောဂါ ဖြစ်ပွားမှုအပေါ်အကျိုး သက်ရောက်မှု ရှိစေနိုင်သောကြောင့် ဗီတာ မင်ဒီအား ရောဂါခုခံ ကာကွယ်ရေး တွင် ပြောင်းလဲအသုံးပြု နိုင်ခြင်း ရှိ၊ မရှိကို လက်တွေ့စမ်းသပ် လျက် ရှိကြောင်း ဗြိတိန်နိုင်ငံရှိ အဆစ် အမြစ်ရောင် ရောဂါ သုတေသန ဌာန မှ ညွှန်ကြားရေးမှူး ပါမောက္ခ အာလန် ဆီလ်မန်းက ပြောကြားထားသည်။

မြ၀တီ
နေရောင်ခြည်သည် အဆစ်အမြစ်ရောင်ရောဂါဖြစ်ပွားမှု အန္တရာယ်ကိုလျှော့ချနိုင်ဖွယ် ရှိသောကြောင့် နေရောင်ခြည် ပိုမိုရရှိ သည့် နေရာ ဒေသများ၌ နေထိုင်သူများတွင် အဆိုပါ ရော ဂါ ဖြစ်ပွားမှု လျော့ကျ နိုင်ဖွယ်ရှိသည်ဟု အမေရိကန် သုတေသီများက ပြောကြားထား သည်။

မြောင်းမြမြို့ အောင်မြေဗောဓိ ဘုရားကြီးမှ စိန်သုံးပွင့်ပါ စိန်ဖူးတော် ပျောက်ဆုံး

Photo: မြောင်းမြမြို့ အောင်မြေဗောဓိ ဘုရားကြီးမှ စိန်သုံးပွင့်ပါ စိန်ဖူးတော် ပျောက်ဆုံး
Sunday, September 15, 2013

မြောင်းမြမြို့ အမှတ် (၄)ရပ်ကွက် အောင်ဆန်းလမ်းမကြီးတွင် တည်ထား ကိုးကွယ်သော အောင်မြေဗောဓိဘုရားကြီး (ညောင်ပင်မြိုဘုရား)မှ သိမ်းဆည်းထားသော ဘုရားစိန်ဖူးတော် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေဗောဗိ ဘုရားကြီးတွင် ခါတော်မီ ဆရာတော်ဘုရားကြီး ဦးဝိသုဒ္ဓနှင့် ဆေးဝင်္ကပါ ဆရာတော် ဦးသူရိယနှင့် တပည့်သားမြေးများ စုပေါင်း၍ လှူဒါန်းခဲ့သော၊ စိန်ပွင့်သုံးပွင့် တြိဂံပုံစံ စီထား ကာ ဖောင်းကြွခြောက်ထောင့်ကြယ်နှစ်ဖက်လှတွင် ကျောက်မျိုးစုံ စီခြယ် ထားသော အခြေတွင် ဦးသူရိယနှင့် အများကောင်းမှု ဟု ရွှေပြားပေါ်တွင် ကဗျည်းခပ်နှိပ်ထားကာ အလျားရှစ်လက်မခန့်ရှိသည့် စိန်ဖူးတော်ကို ၁၉၅၆ ခုနှစ်တွင် တင်လှူပူဇော်ခဲ့ကြောင်း၊ စိန်ဖူးတော်တင်လှူ ပူဇော်ပြီးနောက်ပိုင်း တွင် သူခိုးများပူသောကြောင့် စိန်ဖူးတော် ကို ပြန်လည်ချကာ ယာယီစိန်ဖူးတော်တင်လှူ ပူဇော်ထားခဲ့သည်။ အဆိုပါ ခါတော်မီကျောင်းတိုက် ဆရာတော် အဆင့်ဆင့် လက်ဆင့်ကမ်းလာသည့် စိန်ဖူးတော်ကြီးမှာ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျောက်ဆုံး သွားခဲ့ကြောင်း သိရသည်။

စိန်ဖူးတော်ကြီးကို ကျောင်းထိုင်ဆရာတော် ဦးသုမနမှ ကျောင်း၏ကမ်းနား ဘက် အခြမ်းကျောင်းဆောင်အခန်းရှိ မှန်ဘီဒိုတွင် သိမ်းဆည်းထား ခဲ့ကြောင်း၊ စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီခန့်တွင် ဆရာတော်မှ ယင်းအခန်းထဲရှိ သွားတိုက်ဆေးဘူး အသစ်ကို ၀င်ယူရာတွင် အခန်းတွင်းရှိ ဘီဒိုမှ သော့ခတ်ထားသော မျောက်လက် ပျက်နေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးကြည့်ရာ စိန်ဖူးတော် ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် စိန်ဖူးတော် ပျောက်ဆုံးခဲ့သည့် အကြောင်းနှင့် ပတ်သက်၍ မြောင်းမြမြို့ နယ် ရဲစခန်း၌ စက်တင်ဘာ ၁၂ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ စိန်ဖူးတော်၏ တန်ဖိုးကိုမူ ကျပ် ၁၅ သိန်းခန့် ခန့်မှန်းကြောင်း ခါတော် မီကျောင်းထိုင် ဆရာတော် ဦးသုမနက မိန့်သည်။

"စိန်ဖူးတော် ပျောက်တယ်ဆိုတာ ၁၂ ရက်ကမှ သိရတာ။ အဲ့ဒီ့ကျောင်းမှာ ပွဲကျင်းပလို့သွားမှ သိရတာ။ ပျောက်နေတာကို အကြောင်းမကြားဘူး။ ဦးတို့ လုံးဝ မသိခဲ့ရဘူး။ သိသိချင်း စခန်းမှာ အမှုဖွင့်ဖို့ ပြောပါတယ်။ မြို့နယ် သာသနာရေးမှူးလည်း ပါတယ်။ အမှုမဖွင့်လို့ မရဘူး။ ဖွင့်ကိုဖွင့်ရ မယ်လို့ ကျောင်းမှာရှိတဲ့ သူတွေကို ပြောလိုက်မှ အမှုဖွင့်ဖြစ်သွားတာ" ဟု အမှတ် (၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဘုရားကြီး စိန်ဖူးတော် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ "ကျွန်တော်တို့ ပထမ တစ်ရက် သွားစစ်တုန်းကတော့ သဲလွန်စ သိပ်မရခဲ့ဘူး။ နောက်ရက် တစ်ခေါက် ထပ်သွားတော့ ရွှံပေနေတဲ့ ခြေရာတစ်ခု တွေ့တယ်။ ဗီရိုထဲမှာ စိန်ဖူးတော်အပြင် ဆရာတော် ထည့်ထားတဲ့ ပိုက်ဆံနှစ်သောင်းကျော် ရှိတယ်။ ပိုက်ဆံတော့ ယူမသွားဘူး။ စိန်ဖူးတော်ကိုပဲ ယူသွားတယ်" ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စိန်ဖူးတော် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မြောင်းမြရဲစခန်းသို့ စက်တင် ဘာ ၁၃ ရက် ညနေ ၄ နာရီခန့်တွင် သွားရောက်မေးမြန်းခဲ့ရာ တာဝန် ယူ ဖြေကြားနိုင်သူ စခန်းမှူး မရှိသောကြောင့် ဟုဆိုကာ မေးမြန်းခွင့်မရဘဲ စိန်ဖူးတော် ပျောက်ဆုံးခဲ့မှုကို အမှုဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group

(မြောင်းမြမြို့ အောင်မြေဗောဓိ ဘုရားကြီးအား တွေ့ရစဉ်)
(မြောင်းမြမြို့ အောင်မြေဗောဓိ ဘုရားကြီးအား တွေ့ရစဉ်)
မြောင်းမြမြို့ အမှတ် (၄)ရပ်ကွက် အောင်ဆန်းလမ်းမကြီးတွင် တည်ထား ကိုးကွယ်သော အောင်မြေဗောဓိ ဘုရားကြီး (ညောင်ပင်မြိုဘုရား)မှ သိမ်းဆည်းထားသော ဘုရားစိန်ဖူးတော် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဂက်(စ်)ဖြင့် ကျောက်ဖြူတွင် စက်တင်ဘာ ၁၅ မှစ၍ လျှပ်စစ်မီး စတင်ပေးတော့မည်

Photo: ရွှေဂက်(စ်)ဖြင့် ကျောက်ဖြူတွင် စက်တင်ဘာ ၁၅ မှစ၍ လျှပ်စစ်မီး စတင်ပေးတော့မည်
Sunday, September 15, 2013

ရွှေဂက်(စ်)ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ လျှပ်စစ်မီး ပေးတော့မည်ဖြစ်ကြောင်းနှင့် လျှပ်စစ်မီး သုံးစွဲခနှုန်း ထားကို နှစ်မျိုးသတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ သတင်းရရှိသည်။ ယင်းသို့ လျှပ်စစ်မီး သုံးစွဲ ခနှုန်းထားကို သတ်မှတ်ရာတွင် အထွေထွေ စီးပွားရေး လုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်း ကောက်ခံမည်ဖြစ်ပြီး အထွေထွေ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် သတ်မှတ်ကောက် ခံ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရွှေဂက်(စ်)ဖြင့် ကျောက်ဖြူတစ်မြို့လုံး သာမက စီမံကိန်းပါ အနီး အနား ကျေး ရွာ ၂၁ ရွာသို့လည်း မီးပေးရန် ဓာတ်အားလိုင်းများနှင့် ဓာတ်အား ခွဲရုံများ တည်ဆောက်ပြီးစီး နေပြီဖြစ်သော်လည်း မနက်ဖြန် တွင် ကျေးရွာ ၁၃ ရွာကို စတင်မီးပေးမည် ဖြစ်ကြောင်းလည်း သိရသည်။ လျှပ်စစ်မီး ပေးရန်အတွက် ကျေးရွားများသို့ လျှပ်စစ်မီတာအိုးများ ထုတ်ပေးနေကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် မြို့ မီးလင်းရေး ကော်မတီတို့ ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အားပေးမှုကို စက်တင်ဘာ ၁၄ ရက်တွင် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် မှ စတင်ကာ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း တစ်ခုတည်းမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးတင်အောင်မိုးက ပြောကြားသည်။

ကျောက်ဖြူမြို့တွင် လျှပ်စစ်မီး သုံးစွဲခအဖြစ် မီတာခ တစ်ယူနစ်မှ ၁၀ ယူနစ်ထိ ကျပ် ၃၅၀ နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး၊ ၁၀ ယူနစ်အထက် လျှပ်စစ်မီတာခများကို မြို့မီးလင်းရေး ကော်မတီမှ ကျပ် ၅၀၀ နှုန်းဖြင့် သတ်မှတ်ကောက်ခံခဲ့ပြီး တစ်နေ့လျှင် နာရီ ၂၀ ဖြန့်ဖြူးပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခင်က ကျောက်ဖြူမြို့တွင် မီတာအလုံးပေါင်း ၃၈၀၀ ခန့် ရှိသော်လည်း မီတာခ ၃၅ ကျပ်နှုန်းဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးမည်ဟု သတင်း ထွက်ပေါ်ပြီးနောက် လာရောက်မီတာ လျှောက်ထားသူ များပြားနေပြီး မီတာအလုံးပေါင်း ၂၅၀၀ ခန့် လျှောက်ထားမှု ရှိနေကြောင်းနှင့် ဆက်လက်မီတာ လျှောက်ထားသူ များပြားဖွယ်ရှိကြောင်းလည်း သိရသည်။

Eleven Media Group

(ဂက်(စ်)ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ရေး ဂက်(စ်)တာပိုင်များကို အမှတ် (၁) ဆိပ်ကမ်းမှ တင်ဆောင်နေသည်ကို တွေ့ရမြင်ရစဉ်)
(ဂက်(စ်)ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ရေး ဂက်(စ်)တာပိုင်များကို အမှတ် (၁) ဆိပ်ကမ်းမှ တင်ဆောင်နေသည်ကို တွေ့ရမြင်ရစဉ်)
ရွှေဂက်(စ်)ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ လျှပ်စစ် မီး ပေးတော့မည်ဖြစ်ကြောင်းနှင့် လျှပ်စစ်မီး သုံးစွဲခနှုန်း ထားကို နှစ်မျိုးသတ်မှတ် ကောက်ခံ သွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ သတင်းရရှိသည်။

ညောင်ဦး ဆယ်လံကျွန်းတွင် ဧရာဝတီမြစ်ရေ၀င်ကာ ကမ်းပါးပြိုလာသည့် အတွက် ကယ်ဆယ်ရေး ဆောင်ရွက်

Photo: ညောင်ဦး ဆယ်လံကျွန်းတွင် ဧရာဝတီမြစ်ရေ၀င်ကာ ကမ်းပါးပြိုလာသည့် အတွက် ကယ်ဆယ်ရေး ဆောင်ရွက်
Sunday, September 15, 2013

ညောင်ဦးမြို့နယ်၊ ဧရာဝတီမြစ် အတွင်းရှိ အရှေ့ဆယ်လံကျွန်းရွာတွင် ဧရာဝတီမြစ်ရေ ၀င်ရောက်ကာ ကမ်းပါးပြိုနေသည့် အတွက် ပြောင်းရွှေ့ကယ် ဆယ်ရေးကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကာ လူမှုရေး အသင်းအဖွဲ့များက စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီတွင် သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း သတင်းရရှိသည်။

"ရွာအရှေ့ပိုင်း ကမ်းပါးက ပြိုလိုက်လာတယ်။ အိမ် ၁၂ လုံးကုန်းဘက်ကို မနေ့က ရွှေ့ပြောင်းလိုက်ရတယ်။ အရင်နှစ်က အိမ်သုံးဆယ်လောက် ကမ်းပါးပြိုလို့ ပြောင်းရွှေ့ခဲ့ရသေးတယ်" ဟု ဆယ်လံရွာမှ ဦးမြင့်စိုးက ပြောကြားသည်။

"ရေ၀င်တာက အတော်မြန်တယ်။ တချို့က ပေကပ်ပြီး မလိုက်ချင်ကြဘူး။ အန္တရာယ်များလို့ မနည်းလိုက်ဖို့ ပြောနေရတယ်" ဟု ကယ် ဆယ်ရေး ဆောင် ရွက်ပေးနေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆယ်လံကျွန်းရွာသည် အိမ်ခြေ ၂၂၈၊ အိမ်ထောင်စုပေါင်း ၂၄၇ စု၊ လူဦးရေ ၁၁၀၀၊ နွားကောင်ရေ ၃၀၀၊ မြင်းငါးကောင်၊ ၀က်ကောင်ရေ ၂၀ နှင့် ကြက်၊ ဘဲများရှိကြောင်း၊ စက်လှေများ၊ ဇက်များဖြင့် သွားရောက် ကယ်ဆယ်ရေး ဆောင်ရွက်ကာ ညောင်ဦးဘက်ကမ်းရှိ နတ်ထောင့်ကျောင်းနှင့် အနီးတစ်ဝိုက် ဘုန်းတော်ကြီးကျောင်းများတွင် ယာယီနေထိုင်နိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီ မြစ်ရေသည် ညောင်ဦးမြို့တွင် စက်တင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်များအရ ၂၁၄၅ စင်တီမီတာသို့ ရောက်ရှိကာ စိုးရိမ်ရေမှတ် ကျော်လွန်နေပြီဖြစ်ကြောင်း၊ ညောင်ဦးမြို့၏ စိုးရိမ်ရေမှတ်မှာ ၂၁၂၀ စင်တီမီတာဖြစ်ကြောင်း သိရသည်။

Eleven Media Group
(ညောင်ဦးမြို့နယ် အရှေ့ဆယ်လံကျွန်းရွာမှ သက်ကြီးရွယ်အို များအား ရွေ့ပြောင်းနေစဉ်)
(ညောင်ဦးမြို့နယ် အရှေ့ဆယ်လံကျွန်းရွာမှ သက်ကြီးရွယ်အို များအား ရွေ့ပြောင်းနေစဉ်)
ညောင်ဦးမြို့နယ်၊ ဧရာဝတီမြစ် အတွင်းရှိ အရှေ့ဆယ်လံကျွန်းရွာတွင် ဧရာဝတီမြစ်ရေ ၀င်ရောက်ကာ ကမ်းပါးပြိုနေသည့် အတွက် ပြောင်းရွှေ့ကယ် ဆယ်ရေးကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကာ လူမှုရေး အသင်းအဖွဲ့များက စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီတွင် သွားရောက်ဆောင်ရွက် ခဲ့ရကြောင်း သတင်းရရှိသည်။