Wednesday, March 27, 2013

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ

မတ်လ ၂၇ ရက်နေ့ ည ၈ နာရီ

"ဒီကိစ္စက သာမန် ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူး၊ မိတ္ထီလာလို အစ္စလာမ် ဘာသာဝင်ကနေပြီးတော့ တစ်ခုခုမှားယွင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာလည်း ဒီဖြစ်စဉ်မှာ ဖော်ထုတ်လို့ မရဘူး။ ဒီမှာ ကတော့ ဘေးပယောဂကြောင့် ဒီလိုမျိုး ဖြစ်တယ်လို့ သုံးသပ်တယ်။ နောက်ကွယ်ကနေ ကြိုးကိုင် ပြီးတော့ ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်၊ ဒါကိုလည်းဖျက် ဆီး ဆောင် ရွက် ခဲ့တဲ့လူတွေကိုလည်း ဥပဒေအရထိရောက်စွာ အရေး ယူဖို့ ဆောင်ရွက်လျက်ရှိ ပါတယ်။ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့ အရေးယူသလိုပဲ တစ်ပိုင်းက ဥပဒေမဲ့ လုပ်ရပ်တွေကို

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ


မတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်

မတ် ၂၆ ရက်နေ့ ညပိုင်းက နတ္တလင်းတွင်လူအုပ်စုများဖွဲ့ပြီး ဆိုင်ခန်းများကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀င်ရောက်ဖျက်ဆီးခြင်းများ ပြုလုပ်သည့်အတွက် လူနေအိမ်ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်းနဲ့ ဘာသာရေး အဆောက်အအုံတစ်ခုပျက်စီးခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သဲကုန်းမြို့နယ် အင်းမကျေး ရွာ၌ ဘာသာရေး အဆောက်အအုံ တစ်ခုကို လေးခွများဖြင့် ပစ်ခတ်မှု ရှိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဇီးကုန်းမြို့၌ ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးမှုများကြောင့် လူနေအိမ် ၁၄ လုံးနှင့် ဘာသာရေး

အမ်ဳိးသားလိင္အဂါၤေတြကိုမွ စားတဲ့ငါး

အမ်ဳိးသားလိင္အဂါၤေတြကိုမွ စားတဲ့ငါး

မတ်လ ၂၇ ရက်၊ ၂၀၁၃

(ယောကျာ်းလေးသူငယ်ချင်းတွေ အဲဒီငါးရှိတဲ့နေရာမသွားမိကြနဲ့နော်)

အမျိုးသား လိင်အင်္ဂါတွေကို စားတဲ့ငါးအဏ္ဏဝါ ရေပြင်တွေမှာ အင် မတန် ထူးခြား ဆန်းပြားတဲ့ ငါးတွေရှိ တယ် ဆိုတာကို အားလုံးသိပြီးသားပါ။

အခုလည်း အဲဒီလို ထူးခြားတဲ့ ငါးတစ် မျိုးကြောင့် အမေရိကန်နိုင်ငံ အီလီ နွိုက်စ်ပြည်နယ်က နာမည်ကြီးရေကန် တစ်ခုမှာ လုံခြုံရေးတွေ တင်းတင်း ကျပ်ကျပ်ချထားရပါပြီ။

အရင်တ လောတုန်းက ပါးပူးဝါးနယူးဂီနီ ငါး ဖမ်းသမားနှစ်ဦး ကို သေဆုံးစေ ခဲ့တဲ့ Pacu ငါးတစ်ကောင်ကို အဲဒီရေကန်မှာ ဇူလိုင် (၇) ရက်နေ့က ဖမ်းဆီး ရမိခဲ့ တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါ တယ်။

အဲဒီ Pacu ငါးက သေဆုံးသွား တဲ့ ငါးဖမ်းသမား (၂) ယောက် ရဲ့ ဝှေးစေ့တွေ ကို ကိုက်ဖြတ်ခဲ့တာပါ။

ဒါ ကြောင့် သွေးထွက်လွန်ပြီး သေဆုံးကြ တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ပိုင်း Pacu ငါးတွေကို အမျိုးသား လိင် အင်္ဂါတွေကို စားတဲ့ငါးတွေ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

သူတို့မှာ မာ ကျောချွန်ထွက်တဲ့ သွားတွေရှိတာ ကြောင့် သားကောင်ကို အလွယ်တကူ ကိုက်ဖြတ်ဝါးစားနိုင်ပါတယ်။

ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “Lou Yaeger ရေကန်မှာPacu ငါး တစ် ကောင်တွေ့တယ်ဆိုတဲ့ သတင်းကြား လိုက်တော့ အားလုံးတုန်လှုပ်သွားခဲ့ကြ ပါတယ်။

သူတို့ကြောင့် ငါးဖမ်းသ မားနှစ်ဦး ရုပ်ပျက်ဆင်းပျက် သေသွား တာကိုလည်း ကျွန်မတို့ သိထားပါပြီ။

အမျိုးသားတန်စာမှန်း မသိကြပေမယ့် သူတို့က အဲဒီနေရာကိုမှ ရွေးကိုက်ကြ တာပါ။

အတော်လေး ကြောက်စရာ ကောင်းပါတယ်"လို့ ပြောကြားခဲ့ပါ တယ်။

ref:ဆိုင်မွန်

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
အမျိုးသား လိင်အင်္ဂါတွေကို စားတဲ့ငါးအဏ္ဏဝါ ရေပြင်တွေမှာ အင် မတန်ထူးခြားဆန်းပြားတဲ့ ငါးတွေရှိတယ်ဆိုတာကို အားလုံးသိပြီး သား ပါ။
အခုလည်း အဲဒီလိုထူးခြားတဲ့ ငါးတစ်မျိုးကြောင့် အမေရိကန်နိုင်ငံ အီလီ နွိုက်စ်ပြည်နယ်က နာမည်ကြီးရေကန် တစ်ခုမှာ လုံခြုံရေးတွေ

ပဲခူးတိုင်း မြို့နယ် ၅ ခုတွင် ပုဒ်မ ၁၄၄ နှင့် ပုဒ်မ ၁၈၈ များ ထပ်မံထုတ်ပြန်


ရန်ကုန်၊ မတ် ၂၇ (ညနေ ၆ နာရီ ၃၅ မိနစ်)

ဆူပူအကြမ်းဖက်မှုများဖြစ်ပွားလျက်ရှိသော ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၅ ခုတွင် ပုဒ်မ ၁၄၄ နှင့် ပုဒ်မ ၁၈၈ များ ယနေ့ညနေပိုင်းတွင် ထပ်မံထုတ်ပြန် လိုက်ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

မတ်လ ၂၇ ရက်နေ့ ဇီးကုန်းမြို့မြင်ကွင်းများ


မတ်လ ၂၇ ရက်နေ့ ဇီးကုန်းမြို့မြင်ကွင်းများအား စုစည်းဖော်ပြလိုက်ပါသည်။
From...Eleven 

မတ်လ ၂၇ ရက်နေ့ နတ္တလင်းမြင်ကွင်း

ဇီးကုန်းနှင့် နတ်တလင်းမြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်


အကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေသော ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဇီးကုန်းနှင့် နတ်တလင်း မြို့များတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိစေရန် ယနေညနေပိုင်းမှ စတင်ကာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ရကြောင်း သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများထံမှသိရသည်။
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် ရဲတပ်ဖွဲ့ဝင် ၆၀ဦးခန့်လုံခြုံရေး ယူထားသော်လည်း မတ်လ ၂၆ ရက် ည ၁၁နာရီမှ နံနက်(မတ် ၂၇) ၃နာရီအထိ အင်အား နှစ်ရာမှ ငါးရာဝန်းကျင် အထိ ရှိသော လူအုပ်သည် မြို့ပေါ်ရှိ နေအိမ် ၁၄လုံး၊ ဈေးဆိုင် ၁၁လုံး၊ ဆန်စက်ရုံးခန်း တစ်ခန်း၊ ဓာတ်ဆီဆိုင် တစ်ဆိုင်၊ ဆိုင်ကယ် လေးစီး၊ ထော်လာဂျီ တစ်စီး၊ ဗလီတစ်လုံးနှင့် ကားလက်မှတ်ရောင်းသည့် ဂိတ်တစ်ခုတို့ကို ဖြိုချဖျက်ဆီးခဲ့ကြောင်း နတ်တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှုး၏ ပြောကြားချက်အရသိရသည်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ၊ နတ္တလင်းမြို့

နတ္တလင်းမြို့
မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်

ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်က ရရှိသော သတင်းများအရ နတ္တလင်းမြို့၌ မီးရှို့မည် ဆိုသော သတင်းများ ထွက်ပေါ် နေသောကြောင့် မြို့ခံများ အချင်းချင်း သီးခြား အစုငယ်များဖြင့် အုပ်စုလိုက် နေထိုင်မှုများ ရှိနေကြောင်း သိရှိရပါသည်။

ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ

Photo: ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း
လေ့လာတွေ့ရှိ
Wednesday, March 27, 2013

မြွေပွေးအဆိပ်၏ သေစေနိုင်သောသတ္တိကို ခွေးလှေးယားသီးစေ့အနှစ်ရည်
နှင့် ၎င်းင်းအနှစ်ရည် ထိုးသွင်းထားသော ယုန်၏သွေး ရည်ကြည်တို့က ချေ
ဖျက်နိုင်စွမ်းရှိကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)က သုတေသနပြုလေ့လာတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ခွေးလှေးယားသီးစေ့ အနှစ်ရည်အချိုးအစား အမျိုးမျိုးကို မြွေပွေးအဆိပ်နှင့်
ပေါင်းစပ်၍ ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏အကြောအတွင်း
သို့ ထိုးသွင်းစမ်းသပ်ရာ အနှစ်ရည် ၀ ဒသမ ၂၁မီလီဂရမ်သည် မြွေပွေးအဆိပ်
ကို ချေဖျက်နိုင်သည့်အပြင် ခွေးလှေးယားသီးအနှစ်ရည်တစ်ပတ်တစ်ကြိမ်ဖြင့်
 သုံးကြိမ်ထိုးထားသော ယုန်များ၏ သွေးရည် ကြည် ၁၀၀မိုက်ခရိုလီတာသည်
လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ချေဖျက်နိုင်ကြောင်း
တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ခွေးလှေးယားသီးစေ့ အနှစ်ရည်ရဲ့ အချိုးအစားပေါ်မူတည်ပြီး မြွေပွေးအ
ဆိပ်ကို ၁၀၀ ရာခိုင်နှုန်း ချေဖျက်နိုင်ပါတယ်” ဟု သုတေသနပြုလုပ်မှုတွင် ပါဝင်သူ ဒေါက်တာဒေါ်အေးအေးမြင့်က ပြောသည်။

မြေဆိပ်ဖြေဆေး ထုတ်လုပ်ရန်အတွက်မူ ခွေးလှေးယားသီးစေ့ အနှစ်
ရည်၏ ဘေးထွက်ဆိုးကျိုးများနှင့် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်မည့် 
အနှစ်ရည်ပမာဏကိုလည်း တိတိကျကျဖြစ်စေရန် သုတေသနများ ဆက်လက်ပြုလုပ်ရမည်ဟု ၎င်းက ဆိုသည်။

မြေဆိပ်ဖြေဆေးများအား ကျေးလက်ကျန်းမာရေး ဆေးခန်းများအ
ထိ ထားရှိပေးထားသော်လည်း အရေအတွက်နည်းပါးလွန်း သဖြင့် လုံလောက်အောင် ထိုးပေးနိုင်ခြင်းမရှိကြောင်း မြွေကိုက်ခံရမှု ကာ
ကွယ်ရေးစီမံချက်မှ သိရသည်။

“အခုက ပဲစိုက်ရာသီရောက်ပြီလေ။ ဒီမှာက မြွေပွေးအရမ်းပေါတယ်။ အကိုက်ခံရတာလည်း များတယ်။ အခုလို မြွေဆိပ်ဖြေဆေး နည်းအသစ်
ကို ဆေးအဖြစ် ထပ်ထုတ်နိုင်ရင်တော့ တောင်သူတွေအတွက် ပိုပြီး ကောင်း
လာမယ် ထင်တယ်” ဟု မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့မှ ဒေသခံ ပဲ
စိုက်တောင်သူတစ်ဦးက ပြောသည်။ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသည် မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု အများ
ဆုံးဒေသများဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးရုံဆေးခန်းများ၏ စာရင်းများအရ မြွေကိုက်ခံရမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ၁၀၀၀ ကျော် အသက်ဆုံးရှုံးလျက်ရှိသည်။ 

အဆိပ်ရှိသော မြွေကိုက်ခံရမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်မှာ မြွေပွေး
ကိုက်ခံရမှုများဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေးကို မြင်း၏သွေးဖြင့် အဓိကထား အသုံးပြု၍ ထုတ်လုပ်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံလောက်သည့် ပမာဏ မထုတ်လုပ်နိုင်သေးပေ။

ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) သည် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် ကြက်ဥအနှစ်ကို အသုံးပြု၍ မြွေပွေးအဆိပ်အား ချေ
ဖျက်နိုင်သော မြွေဆိပ်ဖြေဆေးထုတ်လုပ်နိုင်ခဲ့သည်။

7Day News Journal

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ


မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်


ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို့မြို့လယ်တွင် ရှိသော အစ္စလာမ်ဘာသာဝင် များ၏ နေအိမ်၊ ဆိုင်ခန်းများကို အင်အား(၄၀၀) ခန့်ရှိသော လူတစ်စုက ၀င်ရောက် ဖျက်ဆီးခြင်းများ လုပ်ဆောင်ခြင်းကို လုံခြုံရေးတာဝန်ရှိသူများက ပစ်မိန့်ပေး ဖြိုခွင်းခဲ့သောကြောင့် လူစုကွဲသွားကြောင်း အုတ်ဖိုမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။ အဆိုပါ လူစု၏ ဖျက်ဆီးမှုကြောင့် ဗလီ တစ်လုံးနှင့် နေအိမ်သုံးလုံး ပျက်စီးသွားကြောင်း သိရသည်။ 

အဓိကရုဏ်း နှိမ်နင်းရေးအတွက် ရန်ကုန်မြို့တော်ခန်းမ ရှေ့၌ လေ့ကျင့်

အဓိကရုဏ်းများ ဖြစ်ပေါ်လာပါက နှိမ်နင်းရန်အတွက် လေ့ကျင့်မှုတစ်ခုကို မတ်လ (၂၇) ရက်နေ့ နံနက် ပိုင်း အချိန်က ရန်ကုန်မြို့တော် ခန်းမ ရှေ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 
From....Eleven

မြန်မာနိုင်ငံက အကြမ်းဖက် ပဋိပက္ခကို စိုးရိမ်ထိတ်လန့်



မြန်မာနိုင်ငံက အကြမ်းဖက် ပဋိပက္ခကို စိုးရိမ်ထိတ်လန့်
Wednesday, March 27, 2013

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားနေ
တဲ့ အကြမ်းဖက်ပဋိပက္ခ သတင်းတွေနဲ့ပတ်သက်ပြီး အလေးအနက် စိုးရိမ်ထိတ်လန့်မိကြောင်း လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ Adama Dieng က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္တီလာမြို့မှာဖြစ်ပွားခဲ့
တဲ့ ဘာသာရေးအကြမ်းဖက် ပဋိပက္ခတွေဟာ တခြားမြို့နယ်တွေကိုပါ ကူးစက်ပြန့်ပွားလာနေတဲ့အတွက် ပိုပြီးစိုးရိမ်စရာဖြစ်လာပါတယ်၊ ပြီး
ခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာကြောင့်၊ ကြိုတင်ကာကွယ်တားဆီးရေး အစီအမံတွေ နေရာတကျ စီစဉ်မထားဘူး
ဆိုရင် နောက်ထပ်အကြမ်းဖက်တာတွေ ထပ်မံပေါ်ပေါက်လာနိုင်ဖွယ် ရှိနေပါတယ်၊ ဒီစီမံဆောင်ရွက်မှုတွေဟာ လတ်တလောဖြစ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းပေးရုံသာမက၊ ပြဿနာရဲ့
အရင်းအမြစ်ကိုပါ ဖယ်ရှားနိုင်ရမှာဖြစ်ပါတယ်။

 မြန်မာအစိုးရအနေနဲ့ လူမျိုးဘာသာမခွဲပဲဖြစ်ပြီး ဖြစ်နေဆဲအကြမ်း
ဖက်မှုတွေအပေါ် အလေးအနက်တာဝန်ယူတယ်ဆိုတာ ထင်ထင်ရှား
ရှားဆောင်ရွက်ပြသရမှာဖြစ်ပါတယ်၊ ဒုက္ခကြုံနေရတဲ့ ပြည်သူတွေ
အတွက် အကာအကွယ်ပေးရမှာဖြစ်ပါတယ်လို့ မစ္စတာ Dieng
က တိုက်တွန်းလိုက်ပါတယ်။

ဒါ့ပြင်ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ ရပ်ရွာအသိုင်းအ၀ိုင်းတွေ ကိုယ်တိုင်ကလည်း မတူညီတာတွေအပေါ်
လေးစားတတ်တဲ့၊ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်တတ်တဲ့ ယဉ်
ကျေးမှုကို မြှင့်တင်ကြရမှာဖြစ်ပါတယ်၊ လက်ရှိဒီမိုကရေစီ ပြုပြင်ပြောင်း
လဲရေးဆောင်ရွက်မှုတွေကြောင့် နိုင်ငံတကာက ရင်သပ်ရှုမောအံ့သြခဲ့
ရတဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိတယ်ဆိုတာ၊ ဘာသာလူမျိုးမ
ခွဲပဲ အကြမ်းဖက်ဘေးက အကာအကွယ်တွေ ရရှိနေတယ်ဆိုတာ
ပြသကြဖို့လိုပါတယ်လို့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ Adama Dieng ရဲ့ ကြေညာ
ချက်မှာ ဖေါ်ပြထားပါတယ်။

RFA
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားနေတဲ့ အကြမ်းဖက်ပဋိပက္ခ သတင်းတွေနဲ့ပတ်သက်ပြီး အလေးအနက် စိုးရိမ်ထိတ်လန့်မိကြောင်း လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ Adama Dieng က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သရုပ်ဆောင် ဇတ်မင်းသား "စွမ်း"ရဲ့ ဖနောင့်စာ မျက်ခွက်မှာမိသွားတဲ့ ဧရာဝတီတိုင်း ဇလွန်မြို့က အနေအထိုင်မတတ်သူ ပွဲကြည့်ပရိသတ်တစ်ဦးရဲ့ ဖြစ်အင်


Credit - သစ်ထူးလွင်

ZinYawNews
သရုပ်ဆောင် ဇတ်မင်းသား "စွမ်း"ရဲ့ ဖနောင့်စာ မျက်ခွက်မှာမိသွားတဲ့
ဧရာဝတီတိုင်း ဇလွန်မြို့က အနေအထိုင်မတတ်သူ ပွဲကြည့်ပရိသတ်တစ်ဦးရဲ့ ဖြစ်အင်

Credit - သစ်ထူးလွင်

http://www.facebook.com/ZinYawNews

မိုးကြိုးပစ်ရာမှ အိမ် ၄ လုံးမီးလောင်



၂၆-၃-၂၀၁၃ရက်နေ့ ၁၃၀၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင၊် ကွတ်ခိုင်မြို့နယ်၊ ဟိုမောမန်နိမ့်ကျေးရွာ အုပ်စု စာရေး ဦးညီလော့မှ ၀၁၀၀ အချိန်ခန့်တွင် မိုးရွာသွန်းမှုကြောင့် မိုးကြိုးပစ်ရာက အိမ်ခြေ ၄ လုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သတင်းပေးပို့ခဲ့သဖြင့် နမ့်ဖက်ကာရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စာရေး ဦးညီလော့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ၀၁၀၀ အချိန် လေပြင်းများတိုက်ခတ်ပြီး မိုးများရွာသွန်းခဲ့ရာ ဦးအိုက်လိန် (ခ) ဦးလှအေး၏ ထရံကာ၊ သွပ်မိုး၊ ၁၀ ပေ ၂ ခန်းတွဲနေအိမ်အား မိုးကြိုး ၂ ချက်ပစ်ခတ်ခဲ့သဖြင့် ၄င်းအိမ်မှ စတင်မီးလောင်ကျွမ်းပြီး အနီးပတ်ဝန်းကျင်ရှိ ဦးအိုက်ဒဲ့(၂၅)နှစ်၏ သွပ်မိုး၊ ထရံကာ၊ ၁၀ ပေ ၁ ခန်း၊

နေပြည်တော်တွင် ပြုလုပ်သော ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

တပ်မတော်သမိုင်းတွင် လူမျိုးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု ကာချုပ်ပြောကြား

Photo: တပ်မတော်သမိုင်းတွင် လူမျိုးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု ကာချုပ်ပြောကြား

ရန်ကုန်၊ မတ်-၂၇

မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် မည်သည့်အခါမျှ လူမျိုးတုန်းသတ်ဖြတ်မှုများ ပြုလုပ်ခြင်းမရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၆၈ နှစ်မြေက် တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းတွင် ပြောကြားသည်။

"လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ဆိုတာ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

တပ်မတော်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းအား လေးစားလိုက်နာလျက်ရှိသဖြင့် မည်သည့်စစ်ရာဇ၀တ်မှုကိုမျှ ကျူးလွန်ခြင်းမရှိသကဲ့သို့ စည်းကမ်းဖောက်ဖျက်သော စစ်သည်များရှိပါကလည်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လက်ရှိအစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသကဲ့သို့ မိမိတို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကို အခြားသူများထက် ပို၍လိုလားသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

"နိုင်ငံတော်က တပ်မတော်အတွက် ဘယ်တုန်းကမှမဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ တပ်မတော်ဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို လိုလားတယ်။ အရင်ကလို တိုင်းပြည်ထိခိုက်နစ်နာမှုတွေဖြစ်မှာကို မလိုလားဘူး" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ဓာတ်ပုံ - AFP

၁၄၄ ထုတ်ပြန်ထားသော ပဲခူးတိုင်းအတွင်းရှိမြို့နယ် ၃ခု အနီးတစ်ဝိုက်မြို့နယ်ဒေသခံများ လုံခြုံရေးကာကွယ်မှုအပေါ်စိုးရိမ်ရန်မရှိကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူပြောကြား

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် မင်းလှမြို့ နယ်နှင့်အနီး တစ်ဝိုက်ရှိ အခြားမြို့နယ်များတွင် ဆူပူမှုကိုဖြစ်ပေါ်စေ သည့် ကောလာဟလသတင်း များကြောင့် မြို့ခံပြည်သူလူထုမှာ ကြောက်ရွံ့စိုးရိမ်နေကြပြီး နေအိမ်များကို စွန့်ခွာမှုများရှိနေသည့်အပေါ် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က လုံခြုံရေးကာကွယ်မှုအပေါ် တစ်စုံတစ်ရာ စိုးရိမ်ရန် မရှိကြောင်း ပြောကြားသည်။

စစ်ကြောင်းကြီးများ ချီတက်လာကြတဲ့ လမ်းတစ်လျှောက် မိဘပြည်သူများ.. မိဘညီအစ်ကို မောင်နှမ များမှ ဂုဏ်ပြုပန်းကုံးများ စွပ်ပြီး ကြိုဆို...


၆၈နှစ်မြောက်တပ်မတော်နေ့အခမ်းအနား

ပွင့်လင်းမြင်သာမှု ရှိလာသည့် မြန်မာ့တပ်မတော်

Photo: ပွင့်လင်းမြင်သာမှု ရှိလာသည့် မြန်မာ့တပ်မတော်
Wednesday, March 27, 2013

ယခု မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြု လုပ်မည့် (၆၈)နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့)တွင် စစ်ရေးပြ စစ်ကြောင်းကြီးများနှင့် ပါဝင်ချီတက် အလေးပြုကြမည့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ကိုယ်စားပြု စစ်ကြောင်းက ယခုနှစ်တွင် မြန်မာ့ တပ်မတော်သုံး လေကြောင်းရန် ကာကွယ်ရေး မြေပြင်မှဝေဟင်ပစ် ဒုံးကျည် များကို စစ်ရေးပြပွဲသို့ တက်ရောက်ကြည့်ရှုကြမည့် အများပြည်သူ များ လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။

ထို့အပြင် BTR. 3 U အမျိုးအစား စစ်သည်တင် သံချပ် ကာယာဉ် f(Armoured Personnel Carrier) များ၊ အကြီးစား ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံများမှ ထုတ်လုပ်သည့် နောင်ရိုးဂျစ် များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း၊ Myanmar Military Power ဖေ့စ်ဘွတ် စာမျက်နှာများတွင် ဖော်ပြထားသည်။

ယခင်က မြန်မာ့တပ်မတော် စစ်လက်နက်ပစ္စည်းအသစ်အဆန်းများကို လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့ကြသော်လည်း ယခုကဲ့သို့ ထုတ်ပြခြင်းမှာ မြန်မာ့တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာမှု ပိုမို ရှိလာခြင်းဖြစ်သည်။

ယခုပြသမည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အမျိုးအစားမှာ S-125 Pechora အမျိုးအစား ဖြစ်ပြီး ရုရှားသမ္မတနိုင်ငံထုတ် စစ်လက်နက် ပစ္စည်းဖြစ်သည်။

နေတိုး (NATO)က SA-3 GOA ဟု အမည်ပေးထားသည်။ လောင်စာခဲသုံး တာတိုပစ်ဒုံးကျည် အမျိုးအစားဖြစ်သည်။

အလွယ်တကူ ရွှေ့ပြောင်းသယ်ဆောင်နိုင်ပြီး ဒုံးကျည် သွားနှုန်းမှာ အသံထက် ၃ ဆမှ ၃ ဆခွဲအထိ ရှိသည်။ ရေဒီယို လမ်းညွှန်ပဲ့ ထိန်းပါ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း သိရသည်။


မောင်ကျော်
The Hot news

၆၈ နှစ်မြောက်တပ်မတော်နေ့ ၊တပ်မတော်(လေ)မှ လေကြောင်းစွမ်းရည်


၆၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် ထည့်သွင်းပြသသွားသော Pechora 2M စနစ်လေကြောင်းရန်ကာကွယ်ရေးဒုံပျံစနစ် — ၆၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနား

(၆၈)နှစ်မြောက် တပ်မတော်နေ့ အခန်းအနားတက်ရောက်လာသူများ


၆၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်

၆၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်

Posted From မြ၀တီ

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား

( ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ ၆၈ နှစ်မြောက် တပ်မတော်နေ့အခမ်း အနား မိန့်ခွန်းမှ ကောက်နှုတ်ချက်အချို့)

( ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ ၆၈ နှစ်မြောက် တပ်မတော်နေ့အခမ်း အနား မိန့်ခွန်းမှ ကောက်နှုတ်ချက်အချို့)


ဒို့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကထဲက တပ်မတော် သည် နိုင်ငံတော် အတွက် ဖြစ်ရမယ်ဆိုတဲ့ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ် နဲ့ ဆောင်ရွက် ခဲ့ကြတာဖြစ်တယ်။ 

နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သ လို နောင် လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ××

မည်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်မယ်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါး မယ်။ ပြည်ထောင်စုပြိုကွဲစေမယ်၊ တိုင်းရင်းသား ချစ်ကြည်စည်းလုံး မှုကို ပြိုကွဲစေမယ်၊ ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိပါးစေမယ့် လုပ်ဆောင်မှု တွေကို ပြုလုပ်မယ်ဆိုရင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ထားတဲ့ ဒို့ တပ်မတော်က ကာကွယ်သွားမှာပဲဖြစ်တယ်။ ××× 

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားခွင့်များရရှိရေးနဲ့ လိုက် နာဆောင် ရွက်နိုင်ရေးအတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနဲ့ အတူ ထိန်းသိမ်းဆောင်ရွက်သွားမှာဖြစ်တယ်။××

နိုင်ငံတော်ကာကွယ်ရေးမှာ အသက်ခန္ဓာတွေကိုပေးအပ်ပြီး ထမ်းဆောင်နေ ကြရတဲ့ တပ်မတော်က လည်း ငြိမ်းချမ်းရေးကို ပိုပြီး ဖြစ်ပေါ်စေချင် ပါတယ်။××

မိမိတို့ လိုလားတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးလမ်းကြောင်းပေါ်မှာ ခိုင်ခိုင် မာမာ ဖြစ်စေဖို့ များစွာကြိုးစားပြီး ဆက်လက် လုပ်ဆောင်သွားကြရမယ်။ ×× ဒို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေ စီနိုင်ငံပေါ် ထွန်းရေး ကို လိုလားတယ်။ စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီ စနစ်မှန်ကန်စွာရှင်သန်ဖွံ့ဖြိုးလာရင် ဒီအသီးအပွင့်တွေ ကို ပြည်သူပြည်သား တွေနဲ့ အတူ ဒို့တပ်မတော်သားတွေလည်း ခံစားကြရမှာဖြစ်တယ်။ ×××

ဒို့တပ်မတော်အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထု က ရွေးချယ် တင်မြှောက် ထားတဲ့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတော် ထာဝရတည်ငြိမ်းအေး ချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ တာဝန်ကျရာအခန်းကဏ္ဍကနေ တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်။ ××

ဒို့တပ်မတော်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာ ဖို့ လေ့ကျင့် သင်ကြားပေးလျှက် ရှိတာကြောင့် ဒို့တပ်မတော်ဟာ ဘယ်လို စစ်ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်းဖောက်ဖျက်ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မတော် စည်းမျဉ်း ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူတယ်။××× လူမျိုးတုံးသတ်ဖြတ်မှု ( Genocide ) ဆိုတာ ဒို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်။ ××

လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်က ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်မျှော်မှန်းခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေး အတွက် အင်အားတောင့်တင်းတဲ့ တပ်မတော်ဖြစ်အောင် ကြိုးပမ်းရမယ်×× 

U Ye Htut ဒို့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကထဲက တပ်မတော်သည် နိုင်ငံတော် အတွက် ဖြစ်ရမယ်ဆိုတဲ့ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ် နဲ့ ဆောင် ရွက်ခဲ့ကြတာဖြစ်တယ်။
နိုင်ငံတော်ဟာဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သ လို နောင် လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ××

( ၆၈ ) နှစ်မြောက် တပ်မတော်နေ့ မှတ်တမ်းဓါတ်ပုံများ

မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့၏ SH-1 ၁၅၅မမ ယာဉ်တင်အမြောက်စနစ်

မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့၏ SH-1 ၁၅၅မမ ယာဉ်တင်အမြောက်စနစ်

လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် မရိုးသားကြောင်း ရွှေညဝါ ဆရာတော် မိန့်ကြား

Photo: လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် မရိုးသားကြောင်း ရွှေညဝါ
ဆရာတော် မိန့်ကြား
Wednesday, March 27, 2013 

မိမိတို့နိုင်ငံတွင် နေရာဒေသတချို့၌ ဖြစ်ပေါ်နေသော လူမျိုးရေး
ပဋိပက္ခကဲ့သို့သော ဖြစ်ရပ်တချို့သည် ရိုးသားမှု မရှိကြောင်း
ရွှေညဝါဆရာတော်က မအူပင်မြို့နယ်ရှိ ပလောင် ရွာသို့ ရောက်
ရှိစဉ် မိန့်ကြားသွားသည်။

“နိုင်ငံတော်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ
ပဋိပက္ခ၊ လူမျိုးရေး အဓိကရုဏ်းနဲ့ဘာသာရေး ပဋိပက္ခတွေဟာ
အချိန်မရွေး တစ်တိုင်းတစ်ပြည်လုံးကို ချက်ခြင်း မီးလောင်သွား
နိုင်တဲ့ မှတ်တိုင်ကြီး ဖြစ်နေတယ်၊ ဒါကို နည်းနည်းတော့ ပြော
ချင်တယ်၊ သိပ်မရိုးသားဘူးလို့ ဘုန်းကြီးက ဝေဖန်ချင်တယ်၊
ဘာဖြစ်လို့ ဒီ အကွက်ကျကျနဲ့ ပေါက်ကွဲမှုတွေဟာ ဟိုနား ဒီနား ဖြစ်နေတာလဲ”ဟုဆရာတော်က ဒေသခံရွာသားများအား
ဆုံးမစကားပြောကြားရာ၌ ထည့်သွင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ဆရာတော်နှင့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)
စသည့် (၈၈)မျိုးဆက်ကျောင်းသားများသည်ရဲနှင့်ဒေသခံများ
အကြား ပဋိပက္ခဖြစ်ပွားခဲ့ဖူးသော မအူပင်မြို့နယ်ရှိ ပလောင်ရွာရှိ
ဒေသ ခံများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေး အ
ကြံပြုပေးရန် ယနေ့နေ့လည်(၁၁)ခွဲ အချိန်၌ အဆိုပါ ရွာသို့
ရောက်ရှိလာကြခြင်း ဖြစ်ကြောင်းသိရသည်။

“ကျုပ်လည်း မအားဘူး။ ဒကာမင်းကိုနိုင်တို့လည်း မအားဘူး။ ကျုပ်တို့ နိုင်ငံရေးကို မလုပ်ရဘူးဗျာ။ ကယ်ဆယ်ရေးတွေပဲ
လျောက်လုပ်နေရတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ကျုပ်တို့လုပ်
နေတာက ရှေ့ကို မရောက်တော့ဘူး။ ပွက်တဲ့နေရာ ဆူတဲ့နေရာ အကုန်လုံး လျောက်ပြီးတော့ သွားနေရတယ။် ”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ထိုကဲ့သို့ ကိစ္စများနှင့် ဆက်စပ်၍ “အဲလို သွားနေရတာကြီးက
ကျုပ်တို့ တဖြည်းဖြည်းနဲ့ စဉ်းစားမိတယ်။ဒါ ဘာကြောင့်လဲ။
မွတ်စလင် ဘာသာဝင်တွေဟာ ဧည့်သည်ဘာသာဝင်တွေပါ။ ဧည့်သည်ဘာသာဝင်တွေ လူနည်းစုတွေဆိုပြီးတော့ ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေက အများစုဆိုပြီးတော့ နိုင့်ထက်စီးနင်း အနိုင်ကျင့်ကြတာတွေတော့ ကျုပ်မတွေ့ခဲ့ဖူးဘူး။ အနိုင်ကျင့်တဲ့ ဗုဒ္ဓဘာသာဝင်တွေတော့ ရှိကောင်းရှိမယ်။ ဒါပေမယ့် ခုထက်ထိ ကျုပ်မတွေ့သေးဘူး” ဟုမိန့်ကြားသည်။

ပလောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပက်သက်
၍လည်း တိုင်းဒေသကြီး တစ်ခုလုံး၏ သိက္ခာကျစရာ ဖြစ်သွား
နိုင်သည့် အရေးကို လာရောက်ဖြေရှင်းပေးခဲ့ရဖူးကြောင်း၊ ရဲတပ်သားတစ်ဦး သေဆုံးသွားသည့်အတွက် ဝမ်းနည်း ရပါကြောင်းနှင့် နှစ်ဦးနှစ်ဘက် မည်သူမှန်သည်မှားသည် မဝေဖန်ချင်ပဲ နောက်နောင် မဖြစ်ပွားကြစေရန် ဆရာတော်မှ တိုက်တွန်းလိုက်ပြီး ရွာသားများအနေဖြင့် ဆန္ဒမစောကြရန်၊ အကြမ်းမဖက်ကြရန်နှင့် စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်နဲ့
လုပ်ကြရန်နှင့် ရသင့်ရထိုက်သည်များကို ဦးတည်ပြီး၍ လိုချင် မှုတစ်ခုတည်းနှင့် လုပ်ဆောင်နေပါက ရသင့်သည်များပါ ဆုံးရှုံးသွားရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။

ရွှေညဝါ ဆရာတော်သည် ပလောင်ပြဿနာ စုံစမ်းစစ်ဆေးရေး
ကော်မရှင် ဥက္ကဌဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေး
ဝန်ကြီး ဦးဝင်းကိုကိုမှ လှူဒါန်းသော အလှူငွေ (၁)သိန်းကျပ်နှင့် ပလောင်ဒေသခံများ လှူဒါန်းသော အလှူငွေ (၁)သိန်းကျော်အား ပလောင်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ပြန်လည် လှူဒါန်းခဲ့သည်။

၎င်းတို့ ရောက်လာရခြင်းသည်လည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်
ရန်နှင့် တိုင်းဒေသကြီး အစိုးရနှင့် တောင်သူလယ်သမားများ အကြား နှစ်ဦးနှစ်ဖက် မျှတသော အခြေအနေများ ပေါ်ပေါက်
ကာဒေသခံများ၏ ဘဝနေရေးထိုင်ရေး ပြေလည်ပြီး တရားဥပ
ဒေ စိုးမိုးမှုအောက်၌ ဘေးကင်းလုံခြုံသော ဘဝများ ဖြစ်စေချင်
သောကြောင့်ဟု ဒေသခံရွာသားများအား မိန့်ကြားခဲ့သည်။

ထက်နောင်နောင်
မြန်မာ့ခေတ် မိမိတို့နိုင်ငံတွင် နေရာဒေသတချို့၌ ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခကဲ့သို့သော ဖြစ်ရပ်တချို့သည် ရိုးသားမှု မရှိကြောင်း ရွှေညဝါ ဆရာတော်က မအူပင်မြို့နယ်ရှိ ပလောင်ရွာသို့ ရောက်ရှိစဉ် မိန့်ကြား သွားသည်။
“နိုင်ငံတော်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာပဋိပက္ခ၊ လူမျိုးရေး အဓိကရုဏ်းနဲ့ဘာသာရေး ပဋိပက္ခတွေဟာအချိန်မရွေး တစ်တိုင်းတစ်ပြည်လုံးကို ချက်ခြင်းမီးလောင်သွားနိုင်တဲ့ မှတ် တိုင်ကြီး ဖြစ်နေတယ်၊ ဒါကို နည်းနည်းတော့ ပြောချင်တယ်၊ သိပ်မရိုး သားဘူးလို့ ဘုန်းကြီးက ဝေဖန်ချင်တယ်၊ဘာဖြစ်လို့ ဒီအကွက် ကျကျ

မိတ္ထီလာ မြို့၌ ယာယီ ဖွင့်လှစ် ထားသော ကယ်ဆယ်ရေး စခန်း များသို့ အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ လာရောက်လှူ ဒါန်းလျက်ရှိ

မိတ္ထီလာ မြို့၌ ယာယီ ဖွင့်လှစ် ထားသော ကယ်ဆယ်ရေး စခန်း များသို့ အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ လာရောက်လှူ ဒါန်းလျက်ရှိ


မိတ္ထီလာ မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများမှ ဒုက္ခသည်များ အတွက် မတ် ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ စေတနာရှင် ပြည်သူ များက အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ လာရောက် လှူဒါန်းလျက် ရှိရာတွင် ယနေ့

မွန်းလွဲ ပိုင်း အထိ ခေါက်ဆွဲခြောက် ၁၇၈ဝ၆၆ ထုပ်၊ ရေသန့် ၁၁၄၄၉၆ ဘူး၊ မုန့်မျိုးစုံ ၄၄၆၃၉ ထုပ်၊ အချိုရည် ၁၇၉၆ ဘူး၊ ဓာတ်ဆားထုပ် ၃ဝဝဝ၊ ကော်ဖီမစ်ထုပ် ၁ဝဝဝဝ၊ ဆန် ၂၂၇၁ အိတ်၊ ဆီ ၁၁၂၂ ပိဿာ၊ ကြက်ဥ အလုံး ၃၃၉ဝဝ၊ ပိတ်စ သုံးထုပ်၊ အဝတ် အထည် ၁၉ ထုပ်၊ ဆေးဝါး မျိုးစုံ တစ်သေတ္တာ၊ မိုးကာ ၁ဝ ထည်၊ ဖိနပ်အရန် ၄ဝဝဝ၊ ပလတ် စတစ်ဖျာအချပ် ၂ဝဝဝ၊ ကုလားပဲ ပိဿာ ၃ဝဝဝ၊ ငါးသေတ္တာဘူး ၃ဝဝဝ တို့ဖြစ်ပြီး အလှူငွေ စုစု ပေါင်းမှာ ငွေကျပ် ၅၃၅ဝဝဝဝ ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့ ဆက်သွယ်ရေး ဝန်ထမ်း ရိပ်သာ၌ ဖွင့်လှစ် ထားသော အလှူငွေ နှင့် ပစ္စည်း လက်ခံရာ ဌာနသို့ စေတနာရှင် ပြည်သူများ လာရောက် လှူဒါန်းလျက် ရှိကြရာ မြန်မာနိုင်ငံ အမျိုး သမီး ရေးရာ အဖွဲ့ချုပ် (ဗဟို)က ငွေကျပ်သိန်း ၃ဝ၊ မိတ္ထီလာ ခရိုင် အမျိုး သမီး ရေးရာ အဖွဲ့က ငွေကျပ် ငါးသောင်း၊ မိတ္ထီလာ ခရိုင် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့က ငွေကျပ် ငါးသောင်း၊ မိတ္ထီလာ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း က ငွေကျပ် နှစ်သောင်း၊ မိတ္ထီလာ မြို့နယ် အမျိုး သမီး ရေးရာ အဖွဲ့က ငွေကျပ် တစ်သောင်း၊ မန္တလေး ကျောက်စိမ်း ရောင်းဝယ်ရေးက ခေါက်ဆွဲခြောက်ထုပ် ၂၈ဝဝ၊ ရေသန့်ဘူး ၁၅ဝဝ နှင့် မုန့် မျိုးစုံ အထုပ် ၃၁၂ဝ၊ ကျောက်ဆည် မိသားစုက ရေသန့် ၃၈၄ ဘူး၊ မုန့်မျိုးစုံ ၅၂၈ ထုပ်၊ အဝတ် အထည် တစ်ထုပ်၊ ဆေးဝါး တစ်သေတ္တာနှင့် တစ်အိတ်၊ အောင်မြင်သူ ကုမ္ပဏီများ အုပ်စုက ရေသန့်ဘူး ၂၃၄ဝ နှင့် ဆန်အိတ် ၉ဝ၊ ဧရာ မေတ္တာ လူမှု ကူညီရေး အသင်းက ခေါက်ဆွဲခြောက်ထုပ် ၃ဝဝ၊ ရေသန့်ဘူး ၁၈ဝ နှင့် ဆန်အိတ် ၈ဝ၊ ကျင်းလုံ မြန်မာက ခေါက်ဆွဲခြောက်ထုပ် ၉ဝဝဝ၊ ရေသန့် ၁၅၂၇၆ ဘူးနှင့် ဆန်အိတ် ၃ဝဝ၊ ဧဒင် အုပ်စု ကုမ္ပဏီက ဆန်အိတ် ၈ဝ၊ KTM သောက်ရေသန့်က ရေသန့် ဘူး ၃ဝဝဝဝ၊ နိုင်ငံရေး အကျဉ်း သားများ ကူညီရေး အဖွဲ့က ခေါက်ဆွဲ ခြောက်ထုပ် ၁၆၅ဝ၊ မုန့်မျိုးစုံ အထုပ် ၂ဝဝ၊ အချိုရည် ၅၇၆ ဘူးနှင့် အဝတ် အထည် ၈၈ ထည်၊ တော်ဝင် ဖောင်ဒေးရှင်းက ဆန်အိတ် ၁၅ဝ၊ မြို့တော် ဘီစကစ်က မုန့်မျိုးစုံ ၅၁၄၈ ထုပ်၊ ဆန်အိတ် ၁ဝဝ၊ ပဲဆီ ပိဿာ ၃ဝဝဝ နှင့် ငါး သေတ္တာဘူး ၃ဝဝဝ တို့ကို လာရောက် လှူဒါန်း ခဲ့ကြ သည်။

စေတနာရှင် ပြည်သူများ အနေဖြင့် မိတ္ထီလာမြို့ ဆက်သွယ်ရေး ဝန်ထမ်း ရိပ်သာ၌ ဖွင့်လှစ် ထားသည့် အလှူငွေနှင့် ပစ္စည်း လက်ခံရာ ဌာနသို့ လာရောက် သတင်း ပို့၍ ကယ်ဆယ်ရေး စခန်း များသို့ ကိုယ်တိုင် သွားရောက် လှူဒါန်း နိုင်ကြောင်း သိရှိ ရသည်။

https://www.facebook.com/ZinYawNews
Credit to:မြ၀တီ မိတ္ထီလာ မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများမှ ဒုက္ခသည်များ အတွက် မတ် ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ စေတနာရှင် ပြည်သူ များက အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ လာရောက် လှူဒါန်းလျက် ရှိရာတွင် ယနေ့မွန်းလွဲပိုင်းအထိ ခေါက် ဆွဲခြောက် ၁၇၈ဝ၆၆ ထုပ်၊ ရေသန့် ၁၁၄၄၉၆ ဘူး၊ မုန့်မျိုးစုံ ၄၄၆၃၉ ထုပ်၊ အချိုရည် ၁၇၉၆ ဘူး၊ ဓာတ်ဆားထုပ် ၃ဝဝဝ၊ ကော်ဖီ မစ်ထုပ်

(၆၈) နှစ်မြောက်တပ်မတော်နေ့ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား

(၆၈) နှစ်မြောက်တပ်မတော်နေ့ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား


(၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်
==============================
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု
မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊

(၂)ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်အညီ နိုင်ငံတော်၏ အမျိုးသား
နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့
နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်
ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး၊

(၃) ပြည်တွင်းပြည်ပ အဖျက်သမား များ၏ အန္တရာယ် မှန်သမျှကို
နိုင်ငံတော် စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော် စွမ်းအားတို့ဖြင့် ပူးပေါင်းကာကွယ် တိုက်ဖျက်ရေး၊

(၄) နိုင်ငံတော်၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့
ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီး
စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ်တပ်မတော် ဖြစ်ပေါ်
လာစေရေး'' တို့ဖြစ်ကြသည်။
(၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်
==============================
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊

၆၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် ထည့်သွင်းပြသသွားသော Pechora 2M စနစ်လေကြောင်းရန်ကာကွယ်ရေးဒုံပျံစနစ်
General Knowledge
 ၆၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် ထည့်သွင်းပြသသွားသော Pechora 2M စနစ်လေကြောင်းရန်ကာကွယ်ရေးဒုံပျံစနစ်

မြန်မာ့ဆန် ဂျပန်နိုင်ငံက ၀ယ်ယူမည်

Photo: မြန်မာ့ဆန် ဂျပန်နိုင်ငံက ၀ယ်ယူမည်

မြန်မာနိုင်ငံက ဆန်တွေကို နှစ်ပေါင်း ၄၅ နှစ်နီးပါး ၀ယ်ယူမှုရပ်ဆိုင်းထားတဲ့ ဂျပန်နိုင်ငံက အခုမြန်မာပြည်က ဆန်တွေကို ပြန်လည်ဝယ်ယူတော့မယ်လို့ Financial Times သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။

၁၉၆၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံက ဆန်ဝယ်ယူမှု ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အခု ဂျပန် Mitsui ကုမ္ပဏီက  ပြန်လည်ဝယ်ယူဖို့ လက်ခံခဲ့တာဖြစ်ပြီး လာမယ့်မေလမှာ ဆန်တန်ချိန် ၅၀၀၀ စတင် ၀ယ်ယူမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ၀ယ်ယူတဲ့ဆန်တွေကို  ဘီယာ၊ ဘီစကွတ်လိုမျိုး မုန့်ပဲသရေစာလိုအပြင် ဂျပန်အရက်ချက်တဲ့ နေရာမျိုးတွေမှာသုံးဖို့ဖြစ်တယ်လို့ ဂျပန်စိုက်ပျိုးရေး ၀န်ကြီးဌာနကပြောကြောင်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ဂျပန်အစိုးရနဲ့ မြန်မာအစိုးရတို့ကြား ပိုမိုရင်းနှီးတဲ့ ညှိနှိုင်းဆက်ဆံမှုတွေရှိလာခဲ့တာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါ ဂျပန်နိုင်ငံက အကူအညီပေးနေတာတွေ ရှိလာပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံအပေါ်တင်ရှိနေတဲ့ လက်ရှိကြွေးမြီ ဂျပန်ယန်းငွေ သန်းပေါင်း ၃ သိန်းကျော်၊ အမေရိကန်ဒေါ်လာနဲ့ ဆိုရင် သန်းပေါင်း ၃၇၀၀ ကို ပြီးခဲ့တဲ့မတ်လက လျော်ပေးခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆန်တွေကို နှစ်ပေါင်း ၄၅ နှစ်နီးပါး ၀ယ်ယူမှုရပ်ဆိုင်း ထားတဲ့ ဂျပန်နိုင်ငံက အခုမြန်မာပြည်ကဆန်တွေကို ပြန်လည် ၀ယ်ယူတော့မယ်လို့ Financial Times သတင်းစာက ဒီကနေ့ ရေး သားလိုက်ပါတယ်။
၁၉၆၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံက ဆန်ဝယ်ယူမှုရပ်ဆိုင်းခဲ့တာဖြစ်ပါ တယ်။ အခု ဂျပန် Mitsui ကုမ္ပဏီက ပြန်လည်ဝယ်ယူဖို့ လက်ခံခဲ့ တာဖြစ်ပြီး လာမယ့်မေလမှာ ဆန် တန်ချိန် ၅၀၀၀ စတင် ၀ယ်ယူမှာဖြစ်ပါတယ်။