Saturday, July 27, 2013

ငွေ ၁၀ သိန်းစီဖြင့် ခေါင်းဖြတ် လူသတ်ခဲ့သူများ စရန် တစ်သိန်းစီသာ ရပြီး အဖမ်းခံရ

တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်းအတွင်း အသက် ၅၇ နှစ် အရွယ် ဒေါ်သန်းစိန် (ခ) ဒေါ်သန်းမြင့် ခေါင်းဖြတ် အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူ နှစ်ဦးမှာ ငွေကျပ် ၁၀ သိန်းစီ ရမည်ဟု ဆို၍ လူသတ်ရန် သဘောတူခဲ့သော်လည်း စရန်ငွေ တစ်သိန်း စီသာ လက်ခံ ရရှိသေးသည်ဟု ထွက်ဆိုခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိ ရ သည်။

ဆက်သွယ်ရေးဝန်ကြီး အယောင်ဆောင်ပြီး ငွေကျပ် ၅၁ သိန်း လိမ်လည်

သူ့ကိုယ်သူ ဆက်သွယ်ရေးဝန်ကြီးဟု မိတ်ဆက်ပြီး ဖုန်းဆက်ကာငွေကျပ် ၅၁သိန်း လိမ်လည်ရယူ သွားခဲ့မှုကို ဒေါပုံရဲစခန်းတွင် ဇူလိုင် ၂၄ ရက်က အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ မှုခင်းသတင်းထုတ်ပြန်သည်။

လိင်တူချစ်သူတွေ အရှက်ခွဲခံရမှု လူ့အခွင့်အရေး ကော်မရှင်ထံတိုင်ကြား

မန္တလေးမြို့မှာ လိင်တူချစ်သူတွေကို ရဲကဖမ်းဆီးခဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တာကြောင့် လိင်တူ ချစ်သူ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်ကို ဒီနေ့ လာရောက်တိုင်ကြားခဲ့ကြပါတယ်။

အာဆင်နယ်သို့ပြောင်းရွှေ့ပါက မှားလိမ့်မည်ဟု ဆွာရက်ဇ်အား ရော့ဂျာ သတိပေး



Photo: အာဆင်နယ်သို့ပြောင်းရွှေ့ပါက မှားလိမ့်မည်ဟု ဆွာရက်ဇ်အား ရော့ဂျာ သတိပေး
Saturday, July 27, 2013

အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်သည် လီဗာပူးလ်နှင့် ချုပ်ဆိုထားသော စာချုပ်အရ ပေါင်စတာလင် သန်း(၄၀)နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အသင်းနှင့် ဆွေးနွေးခွင့်ရမည်ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထား

လီဗာပူးလ်အသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာက တိုက်စစ်မှူး လူးဝစ်ဆွာ ရက်ဇ် အနေဖြင့် အ သင်းကို ကျောခိုင်းပြီး အာဆင်နယ်သို့ ပြောင်းရွှေ့ပါက အမှားကြီး မှားလိမ့်မည်ဟု သတိပေး ပြောဆိုလိုက်သည်။ အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်သည် လီဗာပူးလ်နှင့် ချုပ်ဆိုထားသော စာချုပ်အ ရ ပေါင် စတာလင် သန်း(၄၀)နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အ သင်းနှင့် ဆွေးနွေးခွင့်ရမည်ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထား သည်။အာဆင်နယ်သည် အဆိုပါ အချက်ကို အခွင့်ကောင်းယူ ကာ ပေါင်စ တာလင် သန်း(၄၀)အပြင် ငွေသား(၁)ပေါင် ထပ်ပေးကာ ဆွာရက်ဇ်ကို ကမ်းလှမ်းထားသည်။ လီဗာပူးလ်က ဆွာရက်ဇ်ကို မရောင်းနိုင်ဟု ငြင်းဆို ထားသော်လည်း အကယ်၍ ကစားသမားကသာ အသင်းပြောင်းခွင့် တောင်း ဆိုလာလျှင် စာချုပ်သတ်မှတ်ချက် စတင်အကျုံးဝင်ပြီး လီဗာပူးလ်အတွက် ယခုကိစ္စကို ကိုင်တွယ်ရန် ခက်ခဲသွားမည် ဖြစ်သည်။

ကျွန်တော်က အသင်းကို ဘယ်လို တည်ဆောက်ရမယ်၊ ဘယ်လို မြှင့်တင် ကြိုးစားရမယ် ဆိုတာကို သိပါတယ်။ ရိုးရိုးသားသား ပြောရအောင်။ လီဗာပူးလ်က ကစားသမားတစ်ယောက် အာဆင်နယ်ကို ပြောင်းသွားတာ တိုးတက်မှုတစ်ခုပဲလား။ ကျွန်တော်တို့ မသေချာဘူးလေ။ အာဆင်နယ်ဟာ သူတို့ရဲ့ ကိုယ်ပိုင် သမိုင်းကြောင်းနဲ့ ခန့်ထည်မှု ရှိခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အသင်းတစ်ခုပါ။ လောလောဆယ် ကျွန်တော်တို့ ချန်ပီယံလိဂ် ကစားခွင့် မရထားဘူး။ ဒါပေမဲ့ အဲဒီအဆင့်နဲ့ ဝေးကွာလွန်းနေတာ မဟုတ်ပါဘူး။ ရှေ့တစ်လှမ်း တိုးပြီး စိန်ခေါ်မှု တစ်ခုအတွက် အသင့်ဖြစ်နေပါပြီဟု ပြောကြားခဲ့သည်။

၎င်းက ချန်ပီယံလိဂ် ကစားခွင့် မရတာဟာ ဆွာရက်ဇ်အတွက် ခက်ခဲပါတယ်။ ဒါကို ကျွန်တော် နားလည်တယ်။ အထူးသဖြင့် တခြားအသင်းတစ်ခုက ကိုယ့်ကို လိုချင်နေတာ သိရင် ပိုခက်ခဲလာတတ်တယ်။ ဒါပေမဲ့ ဆွာရက်ဇ်ဟာ လီဗာပူးလ် ရဲ့ ရပ်တည်မှုနဲ့ အခြေအနေကို နားလည်ဖို့လိုတယ်။ ဘာတွေ ဖြစ်လာမယ် ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ကိစ္စတစ်ခုခုကို အကြာကြီး အချိန်ဆွဲနေတာမျိုးတော့ မဖြစ်စေချင်ဘူးဟုလည်း ဆိုသည်။ ဆွာရက်ဇ်သည် လက်ရွေးစင် အသင်းနှင့်အတူ ကွန်ဖက်ဒရေးရှင်းဖလား ကစားခဲ့ရသည့်အတွက် အပိုဆောင်း နားရက်ယူခဲ့ပြီး ယခုအခါတွင်မူ ဩစတြေးလျတွင် လေ့ကျင့်ခန်း ဆင်းနေသည့် အသင်းတွင် ပြန်လည် ပူးပေါင်းနေပြီ ဖြစ်သည်။

သတင်းထောက်များက ဆွာရက်ဇ် အနေဖြင့် အသင်းပြောင်းရန် အတင်းအ ကျပ် တောင်း ဆိုမှု ရှိလာပါက အမှားတစ်ခု ဖြစ်နိုင် မဖြစ်နိုင် မေးမြန်း ရာ ရော့ဂျာက (၁၀၀)ရာခိုင်နှုန်း သေချာတာပေါ့။ ဆွာရက်ဇ်ဟာ သူ့ကို ဝန်းရံပြီး တည်ဆောက်ထားတဲ့ အသင်းတစ်ခုအတွက် ကစားနေရတာပါ။ သူ့ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် ကစားသမားသစ် တချို့ကိုလည်း ကျွန်တော် ခေါ်ပေးခဲ့တယ်။ ကျွန်တော်တို့ကတော့ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ ခုချိန်မှာ ဆွာရက်ဇ်ဟာ လီဗာပူးလ် ကစားသမားတစ်ယောက် ဖြစ်နေဆဲပါ။ ဒါကို ကျွန်တော်တို့ဘက်က အလေးအနက် တန်ဖိုးထားပါတယ်ဟု ဖြေဆိုသွားသည်။

Planet Myanmar Network
အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်သည် လီဗာပူးလ်နှင့် ချုပ်ဆိုထားသော စာချုပ်အရ ပေါင် စတာလင် သန်း(၄၀)နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အသင်းနှင့် ဆွေးနွေးခွင့် ရမည် ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထား

ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်ဝင်လာသည့် ယခင်မြန်မာ နိုင်ငံသားအား ဥပဒေအရ အရေးယူပြီး၍ ပြည်နှင်ဒဏ်ပေး

7.26.18
စိုင်းဆုတ်အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ပေးအပ်နေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်လည်ဝင်လာသည့် Somchai Rakyodying (ခ)

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ခုနစ်လအတွင်း ၈၄ ဦးအထိ သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင် လ နှောင်းပိုင်းအထိ ခုနှစ်လတာ ကာလအတွင်း သေဆုံးသူ ၈၄ ဦးထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြိုင်ပွဲဖျက်သိမ်းလိုက်လို့ အသက် ၃၉ နှစ်အရွယ် ပရိသတ်တစ်ဦးနဲ့ မတွေ့ဆုံခဲ့ရတဲ့ တေလာဆွစ်ဖ်



Photo: ပြိုင်ပွဲဖျက်သိမ်းလိုက်လို့ အသက် ၃၉ နှစ်အရွယ် ပရိသတ်တစ်ဦးနဲ့ မတွေ့ဆုံခဲ့ရတဲ့ တေလာဆွစ်ဖ်
Saturday, July 27, 2013

အမေရိကန်ကျေးလက်အဆိုတော်မလေး တေလာဆွစ်ဖ်ဟာ FM တစ်ခုကပြုလုပ်တဲ့ တေလာဆွစ်ဖ်နဲ့ အကြီးကျယ်ဆုံးပရိသတ်များ တွေ့ဆုံပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ပွဲမှာ ပြိုင်ပွဲဖျက်သိမ်းလိုက်လို့ အသက် ၃၉ နှစ်အရွယ် ကျေးလက်သူဌေးသားတစ်ဦးနဲ့ လွဲချော်ခဲ့ရတယ်လို့ သိရပါတယ်။

ဘော်စတွန်မြို့က KISS FM ကနေပြုလုပ်တဲ့ ဒီအစီအစဉ်မှာ ကံထူးတဲ့ပရိသတ်တစ်ဦးဟာ တေလာဆွစ်ဖ် ကိုကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခွင့်ရမှာဖြစ်တာကြောင့် ပရိသတ်များစွာပါဝင်ခဲ့ကြပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ အဆိုပါပရိသတ်ဟာ တေလာရဲ့ဆံပင်တွေကို ကင်မရာတွေရှေ့မှာ နမ်းရှုပ်ချင် တယ်လို့ဆိုခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့ကြောင့်ဒီပွဲကို ကမကထပြုလုပ်တဲ့ KISS FM က သူတို့ရဲ့စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်ညီမှုမရှိတာကြောင့် ဒီပွဲကိုဖျက်သိမ်းဖို့ ဆုံးဖြတ် ရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး အမြဲ တမ်းအားပေးနေတဲ့ပ ရိသတ်တွေနဲ့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပရိသတ်တွေအားလုံးကို အနူးအညွတ်တောင်း ပန် ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

အောင်သုတ
မဇ္ဈိမ
အမေရိကန်ကျေးလက်အဆိုတော်မလေး တေလာဆွစ်ဖ်ဟာ FM တစ်ခုကပြုလုပ်တဲ့ တေလာဆွစ်ဖ်နဲ့ အကြီးကျယ်ဆုံးပရိသတ်များ တွေ့ဆုံပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ပွဲမှာ ပြိုင်ပွဲဖျက်သိမ်းလိုက်လို့ အသက် ၃၉ နှစ်အရွယ် ကျေးလက်သူဌေးသားတစ်ဦးနဲ့ လွဲချော်ခဲ့ရတယ်လို့ သိရပါတယ်။

ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် ဓားပြတိုက်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါ သုံးဦးအား ရုံးတင်စစ်ဆေးတော့မည်

7.25.19
ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့သော ရာဇာမင်း ခရီးသည်တင်ကားတွင် မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းအပါ သုံးဦးအား မကြာမီ တရားရုံးတင် စစ်ဆေးတော့မည် ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်သန်းက ဇူလိုင် ၂၅ ရက် တွင် Eleven Media သို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာကုန်သည်များ ခွဲခြားဆက်ဆံခံရ

ဇူလိုင် ၁၀ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာ ကုန်သည်များ ခွဲခြားဆက်ဆံ ခံခဲ့ရကြောင်း ယင်းပြပွဲသို့ သွားရောက်ရောင်းချ ၀ယ်ယူခဲ့ကြသည့် ကုန်သည်များက ပြောကြားသည်။

တာမွေမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ခြောက်ဦးဒဏ်ရာရ

7.25.2
ယာဉ်သုံးစီး ဆင့်တိုက်မှု မြင်ကွင်းအား ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)
တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် ဇူလိုင် ၂၆ရက် နံနက် ၁၀ နာရီ ၀န်းကျင်ခန့်က ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု ပြဿနာများ ပိုမိုရှုပ်ထွေး နိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရမှ နိုင်ငံသားများအား မေတ္တာရပ်ခံ

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များသည် လက်ရှိအချိန်တွင် ပြန်လည် တည်ငြိမ်နေ ပြီ ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ အချို့အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ စွပ်စွဲမှုများက ပြဿနာများ ပိုရှုပ်ထွေးနိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရက နိုင်ငံသားများအား ဇူလိုင် ၂၆ ရက်က သတင်း ထုတ်ပြန်ချက် (၁၀/၂၀၁၃) ဖြင့် မေတ္တာရပ်ခံခဲ့သည်။