Wednesday, January 22, 2014

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေ ပြဌာန်းနိုင်ရေး သူရ ဦးရွှေမန်း တိုက်တွန်း


ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းတဲ့ "ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်း" ကို အမြန် ဆုံး ပြဌာန်းနိုင်အောင်ကြိုးစားဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက ဒီနေ့ အစည်းအဝေးမှာ လွှတ်ေ တာ် ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

မော်လမြိုင်စက်မှုဇုန် စီမံကိန်းမြေ သတင်းကြိုတင်ရသူများ လိုက်လံဝယ်ယူ

Photo: မော်လမြိုင်စက်မှုဇုန် စီမံကိန်းမြေ သတင်းကြိုတင်ရသူများ လိုက်လံဝယ်ယူ
Wednesday, January 22, 2014

မွန်ပြည်နယ် အစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် လုပ်ကိုင်မည်ဟု စီမံကိန်း ရေးဆွဲထားသော မော်လမြိုင်စက်မှုဇုန် (ကျောက်တန်း စက်မှုဇုန်) မြေများကို ပြည်နယ်အစိုးရနှင့် နီးစပ်ပြီး သတင်းအချက်အလက် ကြိုတင် ရရှိထားသည့် အဖွဲ့အစည်းများက လက်ဦးမှု ရယူကာ လိုက်လံဝယ်ယူလျက် ရှိကြောင်း မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။

အဆိုပါ စက်မှုဇုန်ကို တပ်မတော် အစိုးရလက်ထက် ၁၉၉၇ ခုနှစ်ကတည်းက သတ်မှတ်ထားသော မြေနေရာတွင် ပြန်လည် တည်ဆောက်ရန် မွန်ပြည်နယ် အစိုးရက စီစဉ်ထားခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးနိုင်လဝီအောင်က ပြောကြားသည်။

အဆိုပါ စက်မှုဇုန်မြေနေရာ အဖြစ် သတ်မှတ်ထားသော လယ်ယာမြေများကို မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေး ကော်မတီ အထောက်အကူပြု ကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲ ကော်မတီ တို့တွင် ပါဝင်ခွင့် ရရှိထားသည့် စီးပွားရေး လုပ်ငန်းရှင် အချို့က လိုက်လံဝယ်ယူနေခြင်း ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ အတွင်းရေးမှူး ဦးလှရှိန်က ဆိုသည်။

အဆိုပါ စက်မှုဇုန်စီမံကိန်း အတွက် မြေဧက ၂၅၄ ဧက သတ်မှတ်ထားရာ အဆိုပါကော်မတီတွင် ပါဝင်သော စီးပွားရေး လုပ်ငန်းရှင်အချို့က မြေဧက ၂၀၀ နီးပါး လက်ဦးမှုရယူကာ ဝယ်ယူခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ ဦးသောင်းရှိန်က ရှင်းပြသည်။

"ဒီစီမံကိန်း ရှိတယ်ဆိုတာ ပြည်သူတွေကို အစိုးရအပါအဝင် အထောက်အကူပြု ကော်မတီတွေက ချပြဖို့တာဝန် ရှိတယ်။အဲ့လို ချပြရမယ့်အစား သူတို့ကိုယ်တိုင် လိုက်ဝယ်နေတာတော့ မဖြစ်သင့်ဘူး" ဟု ဦးလှရှိန်က ဆိုသည်။

အဆိုပါ စီမံကိန်းအတွက် မြေ လိုက်လံဝယ်ယူမှုများ ရှိနေသည်ကို သိရှိထားခြင်း မရှိကြောင်း၊ ယင်းစက်မှုဇုန် မြေနေရာတွင် စက်ရုံတည်ဆောက်ရန် အတွက် လျှောက်ထားသည့် ကုမ္ပဏီတစ်ခုသာ ရှိသေးကြောင်း၊ အဆိုပါ ကုမ္ပဏီက မြေ ၂၇ ဒသမ ၅ ဧကကို လျှောက်ထားခဲ့ကြောင်း မွန်ပြည်နယ် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးနိုင်လဝီအောင်က ဆိုသည်။

အဆိုပါ စက်မှုဇုန်စီမံကိန်း အတွင်းရှိ လယ်ယာမြေများသည် ကာလပေါက်ဈေး တစ်ဧက ကျပ်ငါးသိန်း နီးပါးသာ ရှိသော်လည်း ကျပ်နှစ်ဆယ့်နှစ်သိန်းမှ ကျပ်သိန်းငါးဆယ် အထိ ပေးဝယ်နေကြောင်း ဦးသောင်းရှိန်က ဆိုသည်။

"စက်မှုဇုန်က မြေကိုပိုင်တိုင်း စက်ရုံ ဆောက်ခွင့်ရမှာ မဟုတ်ပါဘူး။ တကယ် စက်ရုံတည်မယ့် သူတွေကို ပြည်နယ်အစိုးရက ရင်းနှီးမြှုပ်နှံခွင့် ပြုသွားမယ်။ ဒါပေမဲ့ ဒီမြေအားလုံး ကိုတော့ တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်ခွင့်တော့ မပြုဘူး။ ဆောက်မယ့်စက်ရုံက သေးပြီး မြေနေရာ များနေရင်လည်း ခွင့်မပြုဘူး။ နောက် အဲဒီစက်ရုံက ဘေးထွက်ဆိုးကျိုး ဘယ်လောက်ရှိလဲ၊ ဒေသခံတွေကို ဘယ်လောက် အလုပ်ပေးနိုင်မလဲ ဆိုတာတွေ ကြည့်ပြီးမှ ခွင့်ပြုမှာပါ" ဟု စက်မှုဇုန်စီမံကိန်း မြေလက်ဦးမှု ရယူခြင်းနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရက ချမှတ်ထားသည့် မူဝါဒကို ဦးနိုင်လဝီအောင်က ရှင်းပြသည်။

အစိုးရက မြေဧက ၂၅၄ ဧကကို စက်မှုဇုန်မြေနေရာ အဖြစ် သတ်မှတ်ပေး ထားကြောင်း၊ ယင်းကြောင့် အဆိုပါ စက်မှုဇုန်နယ်မြေ အတွင်း လယ်ယာမြေ ပိုင်ဆိုင်ထားသော လယ်သမားများကို ကာလပေါက်ဈေး အတိုင်း လျော်ကြေးပေးဆောင် ရမည် ဖြစ်ကြောင်း ဦးနိုင်လဝီအောင်က ဆိုသည်။

အဆိုပါမြေနေရာတွင် ၁၉၉၇ ခုနှစ် ကတည်းက တပ်မတော်အစိုးရက စက်မှုမြေနေရာ အဖြစ် သတ်မှတ်သိမ်းယူခဲ့ပြီး စီမံကိန်းစတင်ရန် လမ်းများနှင့် တံတားများ တည်ဆောက်အပြီးတွင် စီမံကိန်း ပြန်ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ယင်းစက်မှုဇုန်မြေနေရာ၏ မူလပိုင်ရှင် များကို လယ်ယာ လုပ်ပိုင်ခွင့် ပြန်လည်ပေးအပ် ခဲ့သည်။

The Voice Weekly
မွန်ပြည်နယ် အစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် လုပ်ကိုင်မည်ဟု စီမံကိန်း ရေးဆွဲ ထားသော မော်လမြိုင်စက်မှုဇုန် (ကျောက်တန်း စက်မှုဇုန်) မြေများကို ပြည်နယ်အစိုး ရနှင့် နီးစပ်ပြီး သတင်းအချက်အလက် ကြိုတင် ရရှိထားသည့် အဖွဲ့အစည်းများက လက်ဦးမှု ရယူကာ လိုက်လံဝယ်ယူ လျက် ရှိကြောင်း မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်တွင် နေထိုင် သူ များ က ပြောကြားသည်။

NLD ရဲ့ ပညာရေးမူကြမ်းကို လက်ခံဆွေးနွေးဖို့ အစိုးရသဘောတူ

Photo: NLD ရဲ့ ပညာရေးမူကြမ်းကို လက်ခံဆွေးနွေးဖို့ အစိုးရသဘောတူ
Wednesday, January 22, 2014

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားကွန်ရက်က ရေးဆွဲထားတဲ့မူကြမ်းကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက လက်ခံဆွေးနွေးဖို့ အစိုးရအဖွဲ့က ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပညာရေး မူဝါဒမူကြမ်းကို မနေ့ကစပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာ ဆွေးနွေးနေတာဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေမှာ ရန်ကုန်တက္ကသိုလ် ဆရာ ဆရာမများအသင်း၊ ကျောင်းသားသမဂ္ဂတွေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားကွန်ရက်အဖွဲ့ဝင်တွေ ၀င်ရောက်ဆွေးနွေးခွင့် မရတဲ့အတွက် အဲဒီအဖွဲ့တွေအားလုံးက မနေ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့ကြပါတယ်။

ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားကွန်ရက်က ရေးဆွဲထားတဲ့ မူကြမ်းကို ဒီနေ့ အစိုးရဖက်က လက်ခံဆွေးနွေးဖို့ ဖြစ်လာတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“အစိုးရဘက်ကလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး တာဝန်ရှိသူတွေနဲ့ ကျနော်တို့ NNER ဘက်က ပညာရေးမူဝါဒဆိုင်ရာ တာဝန်ရှိတဲ့သူတွေ တွေ့ဆုံပြီးတော့ မူဝါဒနှစ်ခုကို ထပ်မံညှိနှိုင်းတာလုပ်ဖို့ ကျနော်တို့ ဒီနေ့ပဲ ဆွေးနွေးသဘောတူညီခွင့်ရပါတယ်၊ အဲဒါကတော့ လာမယ့်တစ်ပတ်မှာ လုပ်သွားမှာပါ”

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့မူကြမ်းကို လွှတ်တော်မှာတင်ပြပြီး ဥပဒေအဖြစ်ပြဌာန်းမှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူကြမ်းကို လွှတ်တော်မှာ တင်သွင်းထားတယ်လို့ သိရပါတယ်။ အဲဒီမူကြမ်းကို လာမယ့်သတင်းပတ်ထဲမှာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

RFA Burmese
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသား ကွန်ရက်က ရေးဆွဲ ထားတဲ့မူကြမ်းကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက လက် ခံဆွေးနွေး ဖို့ အစိုးရအဖွဲ့က ဒီနေ့ သဘော တူလိုက်တယ်လို့ သိရပါတယ်။

ကလေးမြို့တွင် အန္တရာယ်ရှိ ဆေးဝါးတစ်မျိုး ပေါ်ပေါက်နေဆိုသော သတင်းအား စုံစမ်းစစ်ဆေးမည်

ကလေးမြို့ APK အွန်လိုင်းသတင်းတွင်ဖော်ပြသော အန္တရာယ်ရှိနိုင်ဟု ယူဆရသည့်ဆေးဝါး တစ်မျိုး ပေါ်ပေါ က် နေ သည်ဆိုသည့်သတင်းအား စုံစမ်းစစ် ဆေးမည်ဟု သိရသည်။

ဆန္ဒပြမှုများနှင့် ဗုံးပေါက်ကွဲမှုများ ပိုမိုများပြားလာသောကြောင့် ဘန်ကောက်မြို့ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

ဆန္ဒပြမှုများနှင့် ဗုံးပေါက်ကွဲမှုများ ပိုမိုပြင်းထန်များပြားလာသောကြောင့် ထိုင်းအစိုးရက ဘန်ကောက်မြို့နှင့် အနီး အနားခရိုင်အချို့ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။

အာဆတ်ကို ဖြုတ်ချဖို့ အမေရိကန်ပြော

Photo: အာဆတ်ကို ဖြုတ်ချဖို့ အမေရိကန်ပြော
Wednesday, January 22, 2014

ဆီးရီးယား အစိုးရရဲ့ ညှင်းပမ်း နှိပ်စက်မှု အထောက် အထားတွေဟာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချဖို့ လိုအပ် နေပြီ ဆိုတဲ့ အချက်ကို လေးနက် ထင်ရှား စေတယ်လို့ အမေရိကန် အစိုးရက ပြောလိုက် ပါတယ်။ ဆီးရီးယား အရေး ဆွေးနွေးပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံတွေကို ရိုက်ကူးသူက သူ့နာမည်ကို ဆီဇာဆိုတဲ့ လျှို့ဝှက်နာမည်သာ ထုတ်ဖော် ပြောဆိုပါတယ်။ သူဟာ အရင်က စစ်ဘက်ဆိုင်ရာ ရဲတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အလုပ်တာဝန်ဟာ သေသူတွေရဲ့ အလောင်းကို ဓါတ်ပုံရိုက်ရတဲ့ တာဝန်လို့လည်း ဆိုပါတယ်။

အဲသလို ဓါတ်ပုံရိုက်ခိုင်းတဲ့ ရည်ရွယ်ချက်ကတော့ သေစာရင်းပြုလုပ်ဖို့ရယ်၊ အစိုးရက သုတ်သင်ရှင်းလင်းခိုင်းတဲ့သူတွေ သေဆုံးသွားပြီဆိုတာ အထောက်အထား ခိုင်မာဖို့လို့ ဆိုပါတယ်။

သူနဲ့ အတူ သူရိုက်ကူးခဲ့တဲ့ သောင်းနဲ့ချီတဲ့ ဓါတ်ပုံတွေကို ယူဆောင်ပြီး ဆီဇာဟာ ဆီးရီးယားနိုင်ငံထဲက ခိုးထွက်ပြီး စစ်ရာဇဝတ်မှုစွဲချက်တင်သူ အမှုလိုက်ရှေ့နေ သုံး ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူနဲ့ပါလာတာကတော့ သေဆုံးသူ ၁ သောင်း ၁ ထောင်ရဲ့ ဓါတ်ပုံပေါင်း ၅ သောင်း ၅ထောင်လို့ ဆိုပါတယ်။

ဆီးရီးယား အပြင်ဘက် တနေရာမှာ ရက်အတန်ကြာ တွေ့ဆုံ မေးမြန်းစုံစမ်းမှုတွေ လုပ်ပြီးနောက် သက်သေအထောက်အထားတွေဟာ အလွန်ခိုင်မာတဲ့ သက်သေတွေ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

ဒီလို ဓါတ်ပုံတွေကို ရိုက်ကူးပေးပို့ဖို့ အစီစဉ်ချ တာဝန်ပေးခဲ့သူကတော့ ကာတာနိုင်ငံ ဖြစ်ပါတယ်။

ဆီးရီးယား သူပုန်တွေကို ထောက်ခံသူ ကာတာနိုင်ငံက စီစဉ်တဲ့ဓါတ်ပုံတွေ ဖြစ်တဲ့ အတွက် ဒီဓါတ်ပုံတွေဟာ လက်ခံယုံကြည်ဖွယ်ရာ မရှိဘူးလို့ ဆီးရီးယား အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအမှူး နာဗီပီလေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရူးပါတ် ကိုဗေးလ်က အခုဒီပုံတွေဟာ အချက်ပေးခေါင်းလောင်းတီးလိုက်သလိုပါပဲ။ ဒီပုံတွေဟာ အစစ်အမှန်ဖြစ်ကြောင်းသက်သေထူနိုင်ပြီဆိုရင်တော့ အလွန်ဆိုးဝါး ကြောက်မက်ဖွယ် ကောင်းပါတယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မေရီ ဟာ့ဖ် က ကျမတို့အနေနဲ့ အာဆတ်အစိုးရကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရ တရပ်ဖွဲ့စည်းဖို့လိုပါပြီလို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ဂ် ကလည်း အင်မတန် တုန်လှုပ်ခြောက်ခြားစရာကောင်းပြီး ခိုင်မာတဲ့ သက်သေ အထောက်အထားတွေကို သူတွေ့ခဲ့ရပါတယ်လို့ ပြောပါတယ်။

လူပေါင်း ၁သောင်းကျော်ရဲ့ ဓါတ်ပုံတွေအားလုံးအနက် လူတယောက်ကလွဲပြီး ကျန်သူအားလုံးဟာ ယောကျာ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ အများစုဟာ အလွန်ပိန်လှီချိနဲ့နေကြပြီး အများအပြားဟာ ရိုက်နှက်ခံထားရတာတွေ လည်မြိုညှစ်ခံထားရတာတွေကို တွေ့ရတယ်လို့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။ တချို့ဟာ မျက်စိမပါတော့ဘူး တချို့ကတော့ လျှပ်စစ်ရှော့ရိုက်ခံထားရတယ်လို့လည်း ဆိုပါတယ်။

ဒီအထောက်အထားတွေဟာ ဆွေးနွေးပွဲ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ထွက်ပေါ်လာတာဖြစ်တဲ့ အတွက် စနစ်ကျတဲ့ နိုင်ငံရေး ထိုးနှက်ချက် တခုဖြစ်သလို ဒီအထောက်အထားတွေရဲ့ ဂယက်ဟာ ဆွေးနွေးပွဲကို အများကြီး သြဇာသက်ရောက်စေမှာလည်း ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဆီးရီးယား အစိုးရရဲ့ ညှင်းပမ်း နှိပ်စက်မှု အထောက် အထားတွေဟာ သမ္မတ ဘာရှား အယ်လ် အာဆတ် ကို ဖြုတ်ချဖို့ လိုအပ် နေပြီဆိုတဲ့ အချက်ကို လေးနက်ထင်ရှား စေတယ်လို့ အမေရိ ကန်အစိုးရက ပြော လိုက်ပါတယ်။ ဆီးရီးယားအရေး ဆွေးနွေးပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို ပြောဆိုလိုက်တာ လည်း ဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ

Photo: ၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ
Wednesday, January 22, 2014

မကြာမီ ရက်ပိုင်း အတွင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား များအဖို့ အကျပ်ရိုက် နိုင်လောက်သည့် မေးခွန်း တစ်ခုကို ဖြေကြား ရတော့မည်ဖြစ်သည်။

မေးခွန်းက “သင်မည်သည့် လူမျိုး ဖြစ်သနည်း”ပင်ဖြစ်သည်။

လာမည့်မတ်လ ၃၀ ရက်မှစတင်ပြီး နှစ်ပတ်ကြာ ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် အထက်ပါ မေးခွန်းကို ဖြေကြရမည်ဖြစ်သည်။

“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း”စသည့် တိုင်းရင်းသား မျိုးနွယ်စုကြီး များထဲမှ တစ်ခုခုကိုဖြေပြီး မေးခွန်းက လွယ်လွန်းသည်ဟု ထင်သူများအတွက် ဦးနှောက်ခြောက်စေမည့် နောက်ထပ်မေးခွန်း တစ်ခုရှိသေးသည်။

ဥပမာ- သင်က ဗမာဟု ဖြေလိုက်သည်ထားတော့။ နောက်ဆက်တွဲမေးခွန်းက “ဗမာမျိုးနွယ်စုဝင်အဖြစ် သတ်မှတ်ထားသည့် ဗမာ၊ ထားဝယ်၊ မြိတ်၊ ဆော(ယော)၊ ရဘိန်း၊ ကဒူး (ဒုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်)” ကိုးမျိုးထဲမှ တစ်ခုကို ရွေးချယ်ရဦးမည်ဖြစ်သည်။

“ကချင်”ပါဟု ဖြေကြားသူများအတွက်လည်း “ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိန်းဖော၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရူ (လော်ဂေါ်)၊ ရ၀မ်၊ လရှီ၊ အဇီး၊ လီဆူး”မျိုးနွယ်စုများထဲမှ တစ်ခုကို ရွေးချယ်ရဦးမည်ဖြစ်သည်။

ယခင်အစိုးရများလက်ထက်က တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး သတ်မှတ်ရာတွင် အငြင်းပွားစရာ ဆုံးဖြတ်ချက်များရှိခဲ့ကြောင်း တိုင်းရင်းသားမျိုးနွယ်စုများက အစဉ်တစိုက်ဝေဖန်ခဲ့ကြသည်။

ဂဏန်းနံပါတ်အစွဲအလမ်းကြီးလွန်းသည့် အစိုးရအရာရှိများ၏စနက်ကြောင့် ၁+၃+၅=၉ ဖြင့် ၁၃၅ ဖြစ်လာသည်ဟုလည်း စွပ်စွဲမှုများလည်း ရှိခဲ့သည်။

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ၁၉၉၀ စက်တင်ဘာ ၂၆ ရက်ထုတ် အစိုးရသတင်းစာများ၏ လူမျိုး ၁၃၅ မျိုး သတ်မှတ်ချက်မှစတင်သည်ဟုလည်း ပြောလေ့ရှိသည်။

အစိုးရဘက်ကတော့ သမိုင်းပညာရှင်များ၊ သမိုင်းကြောင်းအချက်အလက်များကို လေ့လာသုတေသနပြုရာမှ ထွက်ပေါ်ခဲ့သည့်စာရင်းဟု တုံ့ပြန်ခဲ့သည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ချိန်တွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး သတ်မှတ်မှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုအရှိန်သည် အမြင့်ဆုံးသို့ ရောက်လာနိုင်ကြောင်း တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်အချို့ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာရင်းထဲတွင် မပါဝင်သူများအား သီးခြားစာရင်းခွဲကာ ကောက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ၀က) ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားထားသည်။

ကယန်းပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလွင်က ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အချက်အလက်များရရှိရန် သန်းခေါင်စာရင်းကောက်ခံခြင်းအပေါ် ထောက်ခံသော်လည်း တိုင်းရင်းသားများ၏ခံစားချက် ထည့်သွင်းစဉ်းစားရန် အစိုးရကပျက်ကွက်ခြင်းကို ကန့်ကွက်ကြောင်း ပြောသည်။

“တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်ကိုမယူဘဲနဲ့ အစိုးရရဲ့ တစ်ဖက်သတ် သတ်မှတ်ချက်တွေအပေါ် အခြေခံပြီးလုပ်တဲ့အခါကျတော့ ဆိုးကျိုးတွေဖြစ်လာမှာ သေချာပါတယ်။ တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုးကြား အထင်အမြင်လွဲမှားမှုတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်”ဟု ဗိုလ်မှူးစောလွင်ကပြောသည်။

အစိုးရသတ်မှတ်ချက်များအရ စာရင်းကောက်ခံမည်ဆိုပါက ၎င်းတို့သည် “ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ (ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်”အဖြစ် သတ်မှတ်ထားသည့် ကယားမျိုးနွယ်စု ကိုးစုအောက်တွင် စာရင်းရောက်ရှိမည်ဖြစ်သည်။

ယင်းကဲ့သို့သတ်မှတ်ချက်ကို ကယန်းလူမျိုးများက အပြင်းအထန်ကန့်ကွက်မှုများရှိနေသည်။ သီးခြားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုရန် “ကယန်း(ပဒေါင်)” အမည်တွင် “ပဒေါင်”သည် နှိမ့်ချသည့်အသုံးအနှုန်းဖြစ်သောကြောင့် ပယ်ဖျက်ပေးရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် Kayun အစား Kayan ဟုသုံးနှုန်းရန် စသည့်အချက်များကိုလည်း ကယန်းတိုင်းရင်းသားများအရေး လှုပ်ရှားသူများက အပြင်းအထန်တောင်းဆိုလျက်ရှိသည်။

အစိုးရသတ်မှတ်စာရင်းတွင် မျိုးနွယ်စု ၅၃ စုထိ သတ်မှတ်ထည့်သွင်းကာ ချင်းတိုင်းရင်းသားမျိုးနွယ်စုခေါင်းစဉ်အောက်တွင် ကောက်ခံခဲ့ပါကလည်း အဆိုပါမျိုးနွယ်စုဝင်များအကြား စည်းလုံးညီညွတ်မှုများ ပျက်ပြားမည်ကို စိုးရိမ်မိကြာင်း ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါးကပြောသည်။

“နောက်တစ်ချက်က ဥပမာ လူဦးရေ ၀ ဒသမ ၀၁ ရာခိုင်နှုန်းရှိတယ်ဆိုရင် ပြည်နယ်တစ်ခုမှာလား။ တိုင်းဒေသကြီးတစ်ခုမှာလား။ တိုင်းရင်းသားရေးရာဝန်ကြီးတွေရှိရမယ်ဆိုတာ ဖြစ်လာတော့ ၁၃၅ မျိုး တစ်ခုချင်းဆီကို အခြေခံမှာလား။ ဒါမှမဟုတ် အရင်တုန်းကလို ချင်း၊ ရှမ်း၊ ကချင် အဲလိုဟာမျိုးကို အခြေခံမှာလားဆိုတာက မေးခွန်းမေးစရာဖြစ်လာတယ်”ဟု ဒေါက်တာရွှေခါးကပြောသည်။

အထက်ပါ တိုင်းရင်းသားခေါင်းဆောင်များ စိုးရိမ်သလို အခြားတိုင်းရင်းသားများလည်း အဆိုပါ ၁၃၅ မျိုးကိစ္စအပေါ် စိုးရိမ်စိတ်ကိုယ်စီရှိနေကြသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဟု ဆိုနေကြသည့် ရခိုင်ပြည်နယ်တွင်လည်း “ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်”ဟု သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတွက် စိုးရိမ်စိတ်မကင်းဖြစ်လျက်ရှိသည်။

ရခိုင်မျိုးနွယ်စုအောက်သတ်မှတ်ချက်ထဲထည့်သွင်းပြီး “ကမန်” လူမျိုးများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ထားရှိမှုသည် ကမန်များနှင့် ဘာသာတူဘင်္ဂါလီများ အခွင့်အရေးအဖြစ် အသုံးချမည်ကို ရခိုင်တိုင်းရင်းသားများက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။

လက်ရှိအချိန်တွင်ပင် ကမန်အမည်ခံ ဘင်္ဂါလီအများအပြား နိုင်ငံသားလက်မှတ် လက်ဝယ်ရရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများကဆိုသည်။

မျိုးနွယ်စုအမည် ထည့်သွင်းသတ်မှတ်ရာတွင် တစ်မျိုးတည်းကို ထပ်ခါထပ်ခါရေတွက်ခြင်းများလည်းရှိကြောင်း၊ အပြင်လောကတွင် အမှန်တကယ်မရှိသည့် မျိုးနွယ်စုဝင်များ စာရင်းပေါက်နေသည်များလည်းရှိကြောင်း တိုင်းရင်းသားများကထောက်ပြသည်။

“ကရင်ပြည်နယ်မှာတော့ စကောကရင်ရယ်၊ ပိုးကရင်ရယ်ဆိုပြီးတော့ပဲရှိတယ်။ အဲဒီတော့မျိုးနွယ်စုကိစ္စတော့ ပြဿနာသိပ်မရှိဘူး။ ဒါပေမဲ့ စာဖြူကရင်ဆိုတာကို လူမျိုးနာမည်ထဲမှာ ထည့်မယ်ဆိုလို့တော့ ကြားထားတယ်။ ဒါကလူမျိုးနာမည်တော့ မဟုတ်ဘူး။ ခရစ်ယာန်ကိုးကွယ်ကြတဲ့ ကရင်လူမျိုးတွေကို ခေါ်ကြတာပါ”ဟု ဖလုံစခေါ်ဒီမိုကရက်တစ်ပါတီ(ဥက္ကဋ္ဌ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်ကပြောသည်။

အစိုးရစာရင်းများအရ ကရင်မျိုးနွယ်စု ၁၁ စုရှိပြီး အသေးစိတ်အနေဖြင့် ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင်(စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုး(ကရင်)တို့ဖြစ်သည်။

ကချင်တိုင်းရင်းသားစာရင်းတွင် မျိုးနွယ်စုတစ်ခုအဖြစ် “ကချင်”ကို ပြန်လည်ထည့်သွင်းထားခြင်းကြောင့် ပြည်နယ်အတွင်းတိုင်းရင်းသားများအကြား ဝေဖန်မှုများရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။

“အားလုံးက စိုးရိမ်ပူပန်ပြီး ကချင်ပျောက်မှာစိုးလို့ ကချင်မှာပဲ အားလုံးထည့်ပါပြောတော့ အားလုံးထည့်ရင် ကျန်တဲ့လဝေါ်တို့၊ လချိပ်တို့၊ ဂျိန်းဖောတို့ဆိုတာ ပျောက်သွားမှာပေါ့နော်”ဟု ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်ဒွဲဘူကပြောသည်။

၁၃၅ စာရင်းတွင် ထူးခြားမှုအနေဖြင့် မျိုးနွယ်စုတစ်စုတည်းသာ အစိုးရသတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစုတစ်စုလည်းရှိသည်။ “မွန်”သည် ထပ်မံခွဲခြားစိတ်ဖြာခြင်းမခံရသည့် တစ်ခုတည်းသောတိုင်းရင်းသား ဖြစ်သည်။

သို့သော်လည်း သူတို့တွင်လည်း စိန်ခေါ်မှုအများအပြားရှိနေဆဲဖြစ်သည်။ မွန်တိုင်းရင်းသားများသည် ယခင်ကာလများက အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်(သို့) သန်းခေါင်စာရင်းတွင် “မွန်”အဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသောကြောင့် လူမျိုးပျောက်ကွယ်မည့်အရေး ကြုံတွေ့နေရကြောင်း မွန်တိုင်းရင်းသားများကဆိုသည်။

သန်းခေါင်စာရင်းကောက်ယူသည့်အချိန်မတိုင်မီ မွန်သံဃာတော်များနှင့် မွန်ခေါင်းဆောင်များက အဆိုပါအချက်ကို အစဉ်အမြဲထောက်ပြကာ မွန်လူမျိုးစာရင်းကောက်ယူရေးအတွက် ကြိုးစားလျက်ရှိသည်။

“ကျွန်တော်တို့က ပအိုဝ်းလူမျိုးက ကရင်ပြည်နယ်မှာ လူနည်းစုပါ။ ဒါပေမဲ့ သန်းခေါင်စာရင်းမှာ လူမျိုးနာမည်ဖြည့်မယ်ဆိုရင်တော့ ပအိုဝ်းလူမျိုးဆိုပြီး ဖြည့်မှာပါ။ လူကြီးတွေကလည်း ကိုယ့်လူမျိုးနာမည်ပဲဖြည့်လို့ပြောထားတယ်။ အဲလိုဖြည့်လို့လည်း ပြဿနာမဖြစ်လောက်ပါဘူး။ ကိုယ့်လူမျိုးနာမည်ဖြည့်မှ ဘာလူမျိုးလဲဆိုတာကို သိကြမှာလေ။ ရပ်ကွက်ထဲက လူကြီးတွေကတော့ သန်းခေါင်စာရင်းမှာ ဘယ်လိုဖြည့်ရမလဲဆိုတာတော့ ပြောထားတာရှိပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ကိုယ်လူမျိုးနာမည်ပဲ ဖြည့်မှာပါ”ဟု ကရင်ပြည်နယ်၊ နောင်သငဲ့ကျေးရွာမှ ပအိုဝ်းတိုင်းရင်းသား ခွန်မျိုးလွင်ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပုံစံနှင့် လူမျိုးအမည် ကုတ်သတ်မှတ်ချက်များသည် သက်ဆိုင်ရာလူမျိုးစုများအကြား ရှုပ်ထွေးနေပြီး အငြင်းပွားမှုများရှိနေ၍ ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်းများက သန်းခေါင်စာရင်းကောက်ယူမှုကို အချိန်ရွှေ့ဆိုင်းနောက်ဆုတ်ပေးရန် ဇန်န၀ါရီ ၁၂ ရက်က အစိုးရထံတောင်းဆိုထားသည်။

“ကချင်တိုင်းရင်းသားတွေရဲ့ လိုလားချက်က ဘာလဲဆိုတာကို အရင်ဆွေးနွေးပြီးမှ သူတို့ကုတ်သတ်မှတ်ရမှာ။ အဲဒီလိုမဆွေးနွေးဘဲနဲ့ အပေါ်ကနေ ဗဟိုဦးစီးစနစ်နဲ့ချပေးတော့ အောက်ခြေမှာ မကျေမလည်တွေ အများကြီးဖြစ်တာပေါ့”ဟု ဒေါ်ဒွဲဘူကပြောသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာမှ တစ်ကျော့ပြန်လာသည့် သန်းခေါင်စာရင်းကောက်ယူမှုမှာ ယခင်အစိုးရများလက်ထက် သတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးအရေးနှင့် မကြာမီအချိန်အတွင်း သန်း ၆၀ သော နိုင်ငံသားများ ကြုံတွေ့ရတော့မည်ဖြစ်သည်။

အချို့အတွက်တော့ “သင် မည်သည့်လူမျိုးဖြစ်သနည်း”ဆိုသည့်မေးခွန်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ရေး ကန့်သတ်ချက် ၅၉(စ)ကို ပြင်ရေး၊ မပြင်ရေး(သို့မဟုတ်) လွှတ်တော်တွင်း ပုံမှန်ခွဲတမ်းရနေမည့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များ စစ်တန်းလျား ပြန်ရေး၊ မပြန်ရေး ကိစ္စထက်လည်း ပိုအရေးကြီးလေးနက်သည့်ကိစ္စတစ်ခုလည်း ဖြစ်နိုင်ပေသည်။

ရေးသားသူ- နန်းအောင်၊ ရန်မျိုးနိုင်၊ ထွန်းခိုင်
7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားများအဖို့ အကျပ်ရိုက် နိုင်လောက်သည့် မေး ခွန်း တစ်ခုကို ဖြေကြား ရတော့မည်ဖြစ်သည်။

GM ကားကုမ္ပဏီမှ မြန်မာဈေးကွက်တွင်တိုးချဲ့ရန်စီစဉ်

Photo: GM ကားကုမ္ပဏီမှ မြန်မာဈေးကွက်တွင်တိုးချဲ့ရန်စီစဉ်
Wednesday, January 22, 2014

ထိုင်းနှင့် မြန်မာဈေးကွက်အတွင်း ကားအစီးရေ ၅၇ဝဝဝကျော် ခန့်ရောင်းချ၍ မြန်မာပြည်ဈေးကွက်သို့ပါတင်ပို့နိုင်ရန် စီစဉ်နေကြောင်း GM ကားကုမ္ပဏီမှ သိရသည်။

မြန်မာနိုင်ငံတွင် မာစီဒီး၊ချက်ပလက်အပါအဝင် နိုင်ငံတကာမှ ကမ္ဘာကျော်ကားကုမ္ပဏီများက အရောင်းပြခန်းများဖွင့်လှစ်ကာ
ဈေးကွက်တိုးချဲ့ဝင်ရောက်နေပြီး GM ကုမ္ပဏီကလည်း ဈေးကွက်
ဝေစုပိုမိုရရှိရန် ကြိုးပမ်းချက်တစ်ခုဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် GM ကုမ္ပဏီရုံးခွဲမှ တာဝန်ခံဂတ်စတာ ဗိုကိုလော့ဆီက''ဒီနှစ်ထဲမှာလုပ်ငန်းတိုးချဲ့ဖို့လိုအပ်ပါတယ်။ အရောင်း အဝယ်ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး ပိုလုပ်သွားမှာပါ။ မြန်မာပြည်ဈေး ကွက်တိုးချဲ့ဖို့လဲစီစဉ်နေပါတယ်'' ဟုပြောသည်။

ွGM ကုမ္ပဏီသည် ယမန်နှစ်က လာအိုနိုင်ငံတွင် ဈေးကွက် စတင်ခဲ့ပြီး ထိပ်တန်းအမှတ်တံဆိပ် ၁ဝ ခု စာရင်းဝင်အဖြစ်ရရှိထား ကြောင်းသိရသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ GM စက်ရုံမှာ အင်ဂျင်များထုတ်လုပ် သည့် နောက်ဆုံးပေါ်ခေတ်မီစက်ရုံတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၇ဝ သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတစ်ဝန်းတွင် GM ကားအရောင်းဆိုင် ၁ဝ၄ ဆိုင်ရှိပြီး ထိုဆိုင်ပေါင်း ၁၁ဝ အထိ တိုးမြင့်ဖွင့်လှစ်ရန်နှင့် အာဆီယံဒေသ တွင်း ရောင်းအားအစီးရေ ၅၆ဝဝဝ ကျော်ရှိကြောင်းသိရသည်။

The Union Daily
ထိုင်းနှင့် မြန်မာဈေးကွက်အတွင်း ကားအစီးရေ ၅၇ဝဝဝကျော် ခန့်ရောင်းချ၍ မြန်မာပြည်ဈေး ကွက်သို့ပါ တင်ပို့နိုင်ရန် စီစဉ်နေကြောင်း GM ကားကုမ္ပဏီမှ သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်းတွင် ရခိုင်တိုင်းရင်းသားအများ ပိုင်ကုမ္ပဏီ (၁၁ )ခုနှင့် အခြားတိုင်းရင်းသား ကုမ္ပဏီတစ်ခုပါဝင်

Photo: ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်းတွင်
ရခိုင်တိုင်းရင်းသားအများ ပိုင်ကုမ္ပဏီ (၁၁ )ခုနှင့် အခြားတိုင်းရင်းသား ကုမ္ပဏီတစ်ခုပါဝင်
Wednesday, January 22, 2014

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ဆောင် ရွက်ရန် မြန်မာနိုင်ငံမှလုပ်ငန်းရှင် များက ၅၁ ရာခိုင်နှုန်းရင်းနှီးမြှုပ်
နှံရမည်ဖြစ်ရာ ရခိုင်အများပိုင် ကုမ္ပဏီ(၁၁)ခုနှင့် အခြားတိုင်းရင်း သားကုမ္ပဏီတစ်ခုတို့မှ ရှယ်ယာ ရှင်များဖွဲ့စည်းကာ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရခိုင် ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းမှ သိရသည်။ 

ကျောက်ဖြူအထူး စီးပွားရေးဇုန် သည် သီလဝါနှင့် ထားဝယ်အထူး စီးပွားရေးဇုန်များကဲ့သို့ အစိုးရ အချင်းချင်းရင်းနှီးမြှုပ်နှံမှု (Govern- ment to Government) မဟုတ်ဘဲ ပုဂ္ဂလိကအများပိုင်ကုမ္ပဏီအချင်း ချင်း(Business to Business)ရင်း နှီးမြှုပ်နှံမှုဖြစ်သောကြောင့် အများ ပိုင်ကုမ္ပဏီများကို တင်ဒါခေါ်ဆောင် ရွက်ရခြင်းဖြစ်ရာ နည်းပညာနှင့် အတတ်ပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရန် အတွက် အများပိုင်ကုမ္ပဏီ(၁၂)ခု ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်းသိရသည်။ 

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ကို အဆင့်သုံးဆင့်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် 
SEZ Dev- elopment Plan အတွက် ပြည်တွင်း ကုမ္ပဏီ (၁၂) ခုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ၌ ဖွဲ့စည်းထားပြီး ဒုတိယအဆင့်ဖြစ်သှောနဇ အတွက် အကြံပေးအဖွဲ့တစ်ဖွဲ့ကို ပြည်ပနိုင်ငံ ပေါင်း ၁၆ နိုင်ငံရှိ အဖွဲ့ပေါင်း ၃၁ဖွဲ့မှ ရွေးချယ်သွားမည်ဖြစ်ရာ အထက်ပါအဆင့်များဆောင်ရွက် ပြီးစီးပါက တတိယအဆင့်ဖြစ်သော SEZ (အထူးစီးပွားရေးဇုန်) ပထမ အဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်သည် အများပိုင်ကုမ္ပဏီများရင်း
နှီးမြှုပ်နှံသွားမည်ဖြစ်သော်လည်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှု
၅၁ ရာခိုင် နှုန်းတွင်အစိုးရဘက်မှလည်း ရင်း နှီးမြှုပ်နှံမှုပါဝင်နိုင်ကြောင်း၊ ပါဝင် နိုင်မည့်ပမာဏကိုမူ အတိအကျ မသိရှိရသေးချေ။ ကျန် ၄၉ ရာခိုင် နှုန်းကို ပြည်ပလုပ်ငန်းရှင်များက ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

စီးပွားရေးဇုန်ပထမအဆင့်ဧက ၁ဝဝဝ အကောင်အထည်ဖော်ရာ တွင် ဒေသခံများကျွမ်းကျင်သော ငါးဖမ်းလုပ်ငန်းကိုအခြေခံသည့် စက်မှုလုပ်ငန်း၊ အထည်ချုပ်လုပ် ငန်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလုပ်ကိုင်ကာ ဒေသခံ များအတွက် အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ဖန်တီးဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။

The Voice Weekly
ကျောက်ဖြူ အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ဆောင် ရွက်ရန် မြန်မာနိုင်ငံမှလုပ်ငန်းရှင် များက ၅၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရမည်ဖြစ်ရာ ရခိုင်အများပိုင် ကုမ္ပဏီ(၁၁)ခုနှင့် အခြားတိုင်းရင်း သားကုမ္ပဏီတစ်ခုတို့မှ ရှယ်ယာ ရှင်များဖွဲ့စည်းကာ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရခိုင် ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းမှ သိရသည်။ 

မဏိစန္ဒာကျောက်စာမှ မြန်မာစာပေ အသစ် တွေ့ရှိဟုဆို

Photo: မဏိစန္ဒာကျောက်စာမှ မြန်မာစာပေ အသစ် တွေ့ရှိဟုဆို
Wednesday, January 22, 2014

ဘာသာခြောက်မျိုးနဲ့ရေးထိုးထားတဲ့ မဏိစန္ဒာမိဖုရားနဲ့ ကျောက်စာကိုမြစ်သားမြို့မှာ တွေ့ရှိခဲ့ရတဲ့အ တွက် မြန်မာစာပေနဲ့ပတ်သက်ပြီး အသစ်တွေ့ရှိခဲ့တယ်လို့ ပျူအက္ခရာကို အထူးပြုကျွမ်းကျင်တဲ့ မြန်မာ့ရှေးဟောင်း ကျောက်စာသုတေသနပညာရှင် Mr.Mikey Heart ကပြောပါတယ်။

ယခင်ကမြန်မာစာပေနဲ့ပတ်သက်ပြီး ရာဇကုမာရ်ကျောက်စာမှာ အစောဆုံးတွေ့ရှိခဲ့ရပေမဲ့ ယခု ကျောက်စာဟာ စောလူးမင်းရဲ့ မိဖုရားခေါင်ကြီးဖြစ်စဉ်အချိန်က ရေးထိုးထားခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။

'ကျွန်တော်တို့ပညာရှင်တွေ သိလာခဲ့ကြတဲ့အသိက ကျွန်တော်တို့မြန်မာမှာ ကျန်စစ်သားမင်းမတိုင်မီ ကမြန်မာစာပေရေးသားခြင်းမရှိဘူးလို့ ပြောကြတယ်။ ကျန်စစ်သားမင်းလက်ထက် ရောက်လာတဲ့အခါ မှမွန်စာပေကို ကျွန်တော်တို့ကအတုယူပြီးတော့ လိုက်ပြီးရေးတဲ့အခါကျတော့မှ ဒီရာဇကုမာရ်လက် ထက်ရောက်လာတဲ့အခါကျတော့မှ မြန်မာစာပေကိုသုံးနိုင်တယ်လို့ အခုထက်ထိယူဆထားကြတယ်။ ဒါပေမဲ့ ဒီစောလူးမိဖုရား (မဏိစန္ဒာ) ကျောက်စာက ရာဇကုမာရ်ထက်လဲ စောနေတယ်။ ကျန်စစ်သား မင်းထက်လဲ စောနေတယ်။ မြန်မာစာရှိနေပြီ။ အဲဒီတစ်ချက်ပြောရတယ်။ ကျန်စစ်သားမင်းလက်ထက် စောတဲ့စောလူးမင်းလက်ထက် မြန်မာစာကိုတွေ့ရတယ်' လို့ မြန်မာလူမျိုးထိုင်းနိုင်ငံသား မြန်မာ့ရှေး ဟောင်းကျောက်စာသုတေသန ပညာရှင် Mr.Mikey Heart ကပြောပါတယ်။

သုတေသနပြုလေ့လာတွေ့ရှိချက်အရ မဏိစန္ဒာမိဖုရားကြီး (သီရီစန္ဒာဝဋံသကာဒေဝီ) ကိုမြန်မာ၊ ဂုံသျှမ်း၊ ပျူသုံးပါဠိ၊ ပျူ၊ မွန်-မြန်မာပါဠိ၊ မွန်-ဂြွမ်းဘာသာတွေနဲ့ ရေးထိုးထားတယ်။ မိဖုရားကြီးပြုလုပ် တဲ့လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ရေးထိုးထားတာဖြစ်တယ်။ မြန်မာစာအရေးအသားနဲ့ပတ်သက်ပြီး ယခင် လက်ခံထားတဲ့ သမိုင်းဆိုင်ရာတွေနဲ့ ကွဲလွဲမှုရှိနေတယ်လို့ ဆိုပါတယ်။

'မြန်မာအက္ခရာနဲ့ အစောဆုံးအက္ခရာဟာ လေးထောင့်အခြေခံအက္ခရာပါလို့ ဒီနေ့ထိတိုင်ယုံကြည် တုန်း၊ ဒီစောလူး မိဖုရားကျောက်စာမှာ လေးထောင့်မဟုတ်ပါဘူး။ ဒါကြောင့်မြန်မာအက္ခရာဟာ လေးထောင့်ကမစဘူးလို့ ပြောလို့ရပါတယ်' လို့ Mr.Mikey Heart ကပြောပါတယ်။

မဏိစန္ဒာ မိဖုရားကြီးရဲ့ကျောက်စာကို တွေ့ရှိခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပေတော ကျောင်းတိုက်မှာပဲ ကျောက်စာတိုက်ပြုလုပ်ပြီး ထိန်းသိမ်းမှာဖြစ်တယ်လို့ ကျောက်စာထိန်းသိမ်းရေး ကော်မတီဝင်တစ်ဦးထံက သိရပါတယ်။

မော်ဒန်သတင်းဂျာနယ်
ဘာသာခြောက်မျိုးနဲ့ရေးထိုးထားတဲ့ မဏိစန္ဒာမိဖုရားနဲ့ ကျောက်စာကိုမြစ်သားမြို့မှာ  တွေ့ရှိခဲ့ ရတဲ့ အတွက် မြန်မာစာပေနဲ့ပတ်သက်ပြီး အသစ်တွေ့ရှိခဲ့တယ်လို့ ပျူအက္ခရာကို အထူးပြု ကျွမ်းကျင်တဲ့ မြန် မာ့ရှေးဟောင်း ကျောက်စာသုတေသနပညာရှင် Mr.Mikey Heart ကပြော ပါတယ်။

သီးနှံရောင်းချငွေမပေးက အတိုက်အခံနှင့် ပူးပေါင်းမည်ဟု တောင်သူများ ထိုင်းအစိုးရကိုခြိမ်းခြောက်

မိမိတို့၏ သီးနှံရောင်းချငွေများကို အချိန်မီမပေးပါက အစိုးရကိုဖြုတ်ချရန် ကြိုးစားနေသော အတိုက်အခံ များနှင့် ပူးပေါင်းတော့မည်ဟု ထိုင်းနိုင်ငံစပါးတောင်သူ အချို့ကခြိမ်းခြောက် လိုက်ကြောင်း ဇန်န၀ါရီ ၂၁ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ခမောက်ကြီးမြို့နယ်ခွဲ တွင် ဆိုင်ကယ်နှင့် ခြောက်ဘီးကား ခေါင်းခြင်း ဆိုင်တိုက် မှုဖြစ်ပွား

ခမောက်ကြီးမြို့နယ်ခွဲ ကော့သောင်း-ဘုတ်ပြင်း ကားလမ်း ပေါ်တွင် ဇန်န၀ါရီ ၂၀ ရက်နေ့၊ ည(၇း၄၅)နာရီ က ခြောက်ဘီးတပ် ကုန်တင် မော်တော်ကား နှင့် မော်တော်ဆိုင်ကယ်ခေါင်းခြင်းဆိုင်တိုက်မှု တစ်ခုဖြစ်ပွား သည်။