Friday, July 25, 2014

တိုက်မိပြီးမောင်းနှင်ထွက်ပြေးသည့်ကား လမ်းဘေးသစ်ပင်ကိုတိုက်ကာ မြောင်းထဲထိုးကျ မီးလောင်

- မုံရွာမြို့ နန္ဒ ဝန်ရပ် စီးပွားရေးတက္ကသိုလ်အနီး တွင် ဇူလိုင် ၂၃ရက် ည ၉နာရီက လမ်းပေါ်တွင် ဆိုင်ကယ်နှင့် ဆိုက် တွဲတို့အား ဝင်ရောက်တိုက်မိ၍ မောင်းနှင်ထွက်ပြေးခဲ့သည့် ခြောက် ဘီးယာဉ်တစ်စီးသည် လမ်းဘေးရှိ ထနှောင်းပင်အား ထပ်မံတိုက်မိပြီး ရေမြောင်းထဲထိုးကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာယူဒီကောင်တာ ခြောက်ဘီးယာဉ် ၉က/......အား မောင်းနှင်သူကျောက္ကာတောင် ရွာမှ ဘိုတော ၃ဝနှစ်သည် မုံရွာမြို့ တွင်း သလ္လာရပ်ကွက်မှ ဗန္ဓုလလမ်း အတိုင်း မြဝတီရပ်ကွက်သို့ မောင်း နှင်လာစဉ် ပေ ၈ဝလမ်းဆုံအရောက် မျက်နှာချင်းဆိုင်မောင်းလာသော မမစုအောင် ၃၃နှစ်စီးလာသည့် ဆိုင် ကယ်ကို

လယ်စိုက်ဘဏ်၏ ဝိုင်းကြီးချုပ်ချေးငွေစနစ်အရ ချေးငွေမဆပ်သူများကြောင့် ကျန်တောင်သူများနစ်နာနေဟု လပွတ္တာမြို့နယ်တောင်သူတချို့ဆို

- လပွတ္တာမြို့ နယ်ရှိ တောင်သူလယ်သမားများမှာ ဝိုင်းကြီးချုပ်ချေးငွေစနစ် အရ ချေးငွေမဆပ်သူ တစ်ဦးတစ်ယောက် ကြောင့် ကျန်သူများ နစ်နာနေရကြောင်း လပွတ္တာမြို့နယ်ရှိ တောင်သူလယ် သမားများထံမှ သိရသည်။

ယင်းလယ်သမားများမှာ နှစ် ချင်းဆပ်ချေးငွေဖြင့် လယ်ယာစိုက် ပျိုးရေးနှင့်ဖွံ့ဖြိုးရေးဘဏ်မှ ဝိုင်း ကြီးချုပ်စနစ်ဖြင့် လယ်သမား ၁ဝ ဦးလျှင် တစ်စုဖွဲ့၍ ချေးယူရပြီး ယင်း လယ်သမား ၁ဝဦးလျှင်ကိုးဦးမှာ ချေးငွေ ကိုပြန်ဆပ်နိုင်သော်လည်း တစ်ဦးဆပ်ရန်ကျန်ရှိပါက နောက် နှစ်များတွင် ယင်းအဖွဲ့ကိုချေးငွေမ ပေးခြင်းကြောင့် လပွတ္တာမြို့နယ်ရှိ လယ်သမားအများအပြား လယ် ယာစိုက်ပျိုးရန်

ဒီနှစ် Miss Universe Myanmar မှာ ရေပန်းစားနေတဲ့ ခါးနံပတ်-၁၈ သျှားထွဋ်အိန္ဒြာ



Waist No-18 Sharr Htut Eaindra

ဆိုင်ကယ်နှင့် သုံးဘီးဆိုက်တွဲကို တိုက်ပြီး ထွက်ပြေးသော ခြောက်ဘီးကား ထနောင်းပင်ကို တိုက်ပြီး မီးလောင်

ဆိုင်ကယ်တစ်စီးနှင့် သုံးဘီးဆိုက်တွဲကို တိုက်မိရာမှ မောင်းနှင် ထွက်ပြေးသော ခြောက်ဘီးယာဉ် တစ်စီးမှာ မုံရွာစီးပွားရေး တက္ကသိုလ်ရှေ့ အရောက်၌ ထနောင်းပင်ကို ဝင်တိုက်ကာ မြောင်းအတွင်း ထိုးကျပြီး မီးလောင်မှုတစ်ခု ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်း ၉ နာရီဝန်းကျင် အချိန်က ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိများနှင့် မြင်တွေ့ခဲ့သူများက အတည်ပြု ပြောကြားသည်။

အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအဆို ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသား ပါတီများက ကန့်ကွက်နေသော အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို လာမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများတွင် ကျင့်သုံးနိုင်ရေး အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ယနေ့ အတည်ပြုလိုက်သည်။

ဇူလိုင်လ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ

ရန်ကုန်မြို့တော်၌ အငှားယာဉ်ကို နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲ

ရန်ကုန်မြို့တော်၌ နေ့ခင်းကြောင်တောင် အချိန်၌ပင် ခရီးသည် အယောင်ဆောင်ကာ အငှားယာဉ်နှင့် အငှားယာဉ်မောင်းကို ကျပ်နှစ်သိန်းဖြင့် ပြန်ပေးဆွဲခဲ့မှုတစ်ခု မရမ်းကုန်းမြို့နယ်၌ ဇူလိုင်လ ၂၁ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းထံမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က အသက် ၄၆ နှစ်အရွယ် ပရိုဘောက်စ် အငှားယာဉ်မောင်းကို ဝေဇယန္တာလမ်း ရေကူး အသံလွှင့်ရုံရှေ့တွင် လူငယ်နှစ်ဦးက မြေနီကုန်းသို့သွားရန် ငှားရမ်းခဲ့ရာ မောင်းနှင်လာစဉ် မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် သဇင်ရုံလမ်းတွင် ယာဉ်ပေါ် ပါလာသူ နှစ်ဦးက ဝက်အူလှည့်ဖြင့် ထောက်ကာ ငွေတောင်းခဲ့ကြောင်း ယာဉ်မောင်း၏ တိုင်တန်းချက်အရ သိရှိရသည်။

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင် အသက်ခြောက်ဆယ်ထက် ပို၍ တိုးမြှင့်မည် မဟုတ်ဟုဆို


Photo: နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင် အသက်ခြောက်ဆယ်ထက် ပို၍ တိုးမြှင့်မည် မဟုတ်ဟုဆို
Friday, July 25, 2014

အစိုးရအသက်ပြည့် ပင်စင်ကို အသက် ၆၀ ထက်ပို၍ တိုးမြှင့် သတ်မှတ်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းငွေ၏ အစိုးရ သက်ပြည့်ပင်စင်ကို အသက် ၆၀ အစား ၆၃ နှစ်ပြည့်အထိ တိုးမြှင့် သတ်မှတ်မည် ဆိုသည်မှာ မှန်ကန်မှု ရှိမရှိ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံဝန်ထမ်းဥပဒေ နည်းဥပဒေ ၂၃၀ တွင် ဝန်ထမ်းတစ်ဦး အငြိမ်းစား ယူရမည့် နေ့ရက်သည် ယင်းဝန်ထမ်း အသက် ၆၀ နှစ် ပြည့်သည့်နေ့ရက် ဖြစ်သည်ဆိုပြီး အတိအကျ ဖော်ပြထားပါကြောင်း ဦးကျော်သူက ပြောဆိုသည်။

“ဝန်ထမ်းအသက်ကို ၆၀ ပြည့်လို့ သတ်မှတ်ထားတာကနေ နှစ်တိုးပြီး ၆၃ နှစ် ပြည့်မှသာ သက်ပြည့်ပင်စင် သတ်မှတ်မယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှု မရှိပါဘူး” ဟု ၎င်းကဆိုသည်။

သို့သော် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းငွေက ဝန်ထမ်းများကို အသက် ၆၃ နှစ်ပြည့်မှ ပင်စင်ပေးရန်အတွက် ဝန်ကြီးဌာနတွင် စာရောက်ရှိပြီ ဆိုသော ကောလာဟလများ ဖြစ်ပေါ်နေကြောင်း ပြောကြားသည်။

ထို့အပြင် ဝန်ထမ်းများ ခန့်ထားခြင်းကို အသက် ၂၅ နှစ် သတ်မှတ်ထားသော်လည်း အသက်တိုးမြှင့် သတ်မှတ်ပေးနိုင်ရန်မှာ သက်ပြည့်ပင်စင် ပေးရမည် ဖြစ်သောကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်ပြီး အသက်လျှော့ချ သတ်မှတ်ပေးရန်မှာလည်း အသက်ငယ်ရွယ်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ လက်လွတ် ဆုံးရှုံးနိုင်သည့်အတွက် အသက် ကန့်သတ်ချက်ကို လျှော့ပေါ့ခြင်း မပြုနိုင်ကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ထံမှ သိရသည်။

The Voice Weekly

အစိုးရအသက်ပြည့် ပင်စင်ကို အသက် ၆၀ ထက်ပို၍ တိုးမြှင့် သတ်မှတ်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။
ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြု လုပ်သော ပြည်သူ့ လွှတ်တော် အစည်းအဝေး တွင် မြောင်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းငွေ၏ အစိုးရ သက်ပြည့် ပင်စင်ကို အသက် ၆၀ အစား ၆၃ နှစ်ပြည့်အထိ တိုးမြှင့် သတ်မှတ်မည်

ဒိုင်လူကြီးများကို လိင်ဖျော်ဖြေမှုဖြင့် လာဘ်ထိုးပြီး လုပ်ပွဲ လုပ်စားသူ ထောင် ၃ နှစ်ကျ

လက်ဘနွန်နိုင်ငံသား ဘောလုံးဒိုင်လူကြီး ၃ ဦးအား ပြည့်တန်ဆာ များဖြင့် ဖျော်ဖြေပေးပြီး၎င်းတို့ တာဝန်ယူမည့် ဘောလုံးပွဲကို လုပ်ပွဲ လုပ်ခိုင်းသူ စင်္ကာပူနိုင်ငံသား အသက် ၃၂ နှစ်ရှိ Eric Ding ကို ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ထောင်ဒဏ် ၃ နှစ် မနေ့က ချမှတ်ခဲ့သည်။
Eric Ding သည် ၂၀၁၃ ခုနှစ်က စင်္ကာပူကလပ် တန်းပနိစ်ရိုဗာ Tampinese Rover နှင့် အိန္ဒိယကလပ်အသင်း East Bengal တို့ ကစားမည့် AFC ဖုလားပွဲစဉ်တခုအတွက် တာဝန်ကျဒိုင် ၃ ဦးကို လိင်ဖျော်ဖြေမှုဖြင့် လာဘ်ထိုးခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း ရပ်ရခြင်းမှာ နောက်ကွယ်က လူတစ်စုကြောင့်ဟု တရုတ်သံအမတ်ဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့အကြား ဆက်သွယ်မည့် မီးရထားလမ်း စီမံကိန်း ရပ်ဆိုင်းလိုက်ရခြင်းမှာ နောက်ကွယ်က လူတစ်စု၏ လုပ်ဆောင် မှုကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Yang Houlan က ပြောကြားသည်။

အော်ရီဒူးဖုန်းကတ်များ တရားဝင်မရောင်းချမီ စမ်းသပ်ခေါ်ဆိုမှု စတင်လုပ်ဆောင်

- အော်ရီဒူး အနေဖြင့် ဖုန်းကတ်များ မရောင်းချခင်အချိန်၌ နိုင်ငံတကာ လုပ်ထုံးလုပ် နည်းအတိုင်း အော်ရီဒူးမြန်မာ၏ ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ စမ်းသပ်ခေါ်ဆိုမှုများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း အော်ရီဒူးမှ သိရသည်။
''ကျွန်မတို့ရဲ့ မိသားစုဝင် ကိုယ်စားလှယ်တွေဆီကနေပြီး စမ်းသပ် ခေါ်ဆိုတာတွေ ကောင်းမကောင်း၊ လူကိုယ်တိုင်ကတစ်ဆင့်လဲ အကြံပြု နိုင်သလို လုံးလုံးလျားလျားလည်ပတ် နေပြီဖြစ်တဲ့ ကျွန်မတို့ရဲ့ contact စင်တာကနေတစ်ဆင့်လဲ အကြံပြုနိုင် ပါတယ်။ ဒါမှလဲ ဘယ်နေရာတွေ မှာ ဖြေရှင်းရမယ်ဆိုတာသိပြီး ကျွန်မ တို့ စတင်မိတ်ဆက်မယ့် ဒီနှစ်ရဲ့တတိယ သုံးလပတ်အတွင်းမှာ ကျွန်မတို့ရဲ့ သုံးစွဲသူ မိဘပြည်သူများကို အ ကောင်းဆုံး ဝန်ဆောင်မှုတွေကို ပေး နိုင်မှာဖြစ်ပါ တယ်''ဟု အော်ရီဒူး မြန်မာ၏ပြန်ကြားရေးမှ မသီရိကြာညိုမှ အင်တာနက်မှတစ်ဆင့်ပေးပို့ ပြောကြားသည်။
ဇူလိုင် ၂၃ရက်၌ အော်ရီဒူးဖုန်း ကတ်ဓာတ်ပုံများမှာ ဖေ့စ်ဘွတ်ခ်ပေါ် ၌ ရောက်ရှိခဲ့ပြီး

MH17၏ Black Boxများတွင် မသမာသည့် ပြုပြင်ပြောင်းလဲထားမှုများ မရှိဟု ကျွမ်းကျင်သူများပြော

Photo: MH17၏ Black Boxများတွင် မသမာသည့် ပြုပြင်ပြောင်းလဲထားမှုများ မရှိဟု ကျွမ်းကျင်သူများပြော
Friday, July 25, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် MH17 ခရီးသည်တင် လေယာဉ်မှ ပြန်လည် ရရှိလာသည့် Black Boxများမှ အချက်အလက်အားလုံးကို Download ရယူခဲ့ပြီဖြစ်ပြီး မသမာသည့် နည်းလမ်းဖြင့် ပြောင်းလဲထားမှု အထောက်အထား မတွေ့ရကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ရုရှားလိုလားသည့် ယူကရိန်း ခွဲထွက်ရေး ပြောက်ကျား သူပုန်များက ဒုံးကျည်ဖြင့် မှားယွင်းပစ်ချခဲ့သည်ဟု ယူဆရသော လေယာဉ်ပျက်မှ Black Boxနှစ်လုံးကို သူပုန်များ၏ လက်လွှဲပေးမှုကြောင့် ပြန်လည် ရရှိခဲ့သည်။ နယ်သာလန် နိုင်ငံမှ ကျွမ်းကျင်သူများက ပျံသန်းမှုဆိုင်ရာ မှတ်တမ်းများ သိုလှောင်သိမ်းဆည်းထားသည့် Black Box၏ အချက်အလက် အားလုံးကို ရယူထားနိုင်ပြီဖြစ်ပြီး ပြုပြင် ပြောင်းလဲထားသည့် လက္ခဏာ မရှိကြောင်း ဆိုသည်။

“တစ်ခုခု ဖျက်လိုဖျက်ဆီး လုပ်ထားတာ၊ လှည့်စားထားတာမျိုး ဘာအထောက်အထားမှ မတွေ့ရပါဘူး”ဟု နယ်သာလန် လုံခြုံရေး ဘုတ်အဖွဲ့ (OVV)မှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “တိကျမှန်ကန်တဲ့ ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေကို အောင်အောင်မြင်မြင်ပဲ Download ရယူနိုင်ခဲ့ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ ကျွမ်းကျင်သူများသည် လေယာဉ်မှူးခန်းအတွင်း ပြောဆိုနေမှုများကို အသံသွင်း သိမ်းဆည်းထားသည့် Black Boxမှ အချက်အလက်များကိုလည်း ဇူလိုင်(၂၃)ရက်က အောင်မြင်စွာ Download ရယူနိုင်ခဲ့ပြီး ဖြစ်သည်။

လတ်တလောတွင် အဆိုပါ Black Box နှစ်လုံးကို ဗြိတိန်နိုင်ငံ၊ လန်ဒန်တောင်ပိုင်းရှိ ဖန်းဘရော့ရှိ လေကြောင်းမတော်တဆမှု စုံစမ်းရေးဌာနတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်။ OVVသည် ယူကရိန်း သူပုန်များထံမှ Black Boxများကို လက်လွှဲယူပြီး ဖန်းဘရော့သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်(၁၇)ရက်က ပျက်ကျသည့် MH17 လေယာဉ်တွင် လိုက်ပါသွားသူ (၂၉၈)ဦးစလုံး သေဆုံးပြီး ယင်းတို့အနက် (၁၉၃)ဦးသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။

_Channel Newsasia

7 Day Daily
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် MH17 ခရီးသည်တင် လေယာဉ်မှ ပြန်လည် ရရှိလာသည့် Black Boxများမှ အချက်အလက်အားလုံးကို Download ရယူခဲ့ပြီဖြစ်ပြီး မသမာသည့် နည်းလမ်းဖြင့် ပြောင်း လဲထားမှု အထောက်အထား မတွေ့ရကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လူမထွက်စေတဲ့နည်း

နာမည်ကြီးစာရေးဆရာတပါး အိမ်ယာတည်ထောင်လူတို့ဘောင်ကို ပြောင်းရွှေ့သွားတော့ စာသင်သား ဦးဇင်းလေးတွေကိုရဟန်းခံသိမ်ထပ်ထားကြတဲ့ ဒကာမတွေက သူတို့ဦးဇင်းလေးတွေလဲ အားကျမကြာ လူထွက်မှာကိုစိုးရိမ်ကြလို့ လူမထွက်အောင်ဘယ်လိုလုပ်ရမလဲဆိုက
ာမေးလာကြခြင်းကြောင့်ဒကာမတယောက်ပြောပြတဲ့ ကိုယ့်ရဟန်းဦးဇင်း မထွက်အောင် လုပ်တဲ့နည်းကို ပြန်လည်မျှဝေလိုက်ပါတယ် သူပြောပြတဲ့နည်းက ဒီလိုဗျ ဒီလို 

မန္တလေးမြို့ကအရုပ်ခပ်ဆိုးဆိုး အပျိုကြီးတယောက်ကစာသင်တိုက်တစ်တိုက်ကကိုရင်တပါးကို ရဟန်းခံပေးပြီးရဟန်း အမ ရဟန်းမယ်တော်ခံယူလိုက်ပါသတဲ့ 

ရှေးဟောင်းပစ္စည်းမို့ သိန်းတစ်ရာပေးလည်း မရောင်းပါ


- မန္တလေး တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနရုံးဝင်းအတွင်း ယာဉ်သက်တမ်းတိုးရန် လာ ရောက်သည့် သက်တမ်းနှစ် ၆ဝကျော် ရှိ ဂျာမနီနိုင်ငံထုတ် ကားဆိုင်ကယ်တစ်စီးအား ဇူလိုင် ၂၂ရက် နံနက် ပိုင်းက တွေ့မြင်ခဲ့ရသည်။
အဆိုပါ ကားဆိုင်ကယ်မှာ (ဟ) နံပါတ်ဖြစ်၍ ၁၉၅၄ခုနှစ်တွင် ဂျာမနီနိုင်ငံမှ

အင်တာနက်သာ မရှိတော့ရင်

၂၁ ရာစုနှောင်းပိုင်းမှာ လူတွေကြားထဲ ရေပန်းစားလာခဲ့တဲ့ စကားလုံးတစ်လုံးရှိပါတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။ အင်တာနက်လိုင်း မကောင်းဘူးပဲဖြစ်ပါတယ်။ အခုချိန်မှာ အင်တာနက်ရဲ့ အရေးပါမှုကလည်း တဖြည်းဖြည်း တွင်ကျယ်လာတဲ့အခါမှာ အင်တာနက်ကို အားကိုးရတဲ့ ပမာဏကလည်း များပြားလာပါတယ်။ အင်တာနက်ဆိုတာကလည်း မိမိတို့ သိလို၊ တတ်လိုတဲ့ အသိပညာ အတတ်ပညာမှန်သမျှကို စိတ်ရှိလက်ရှိ မွှေနှောက်နိုင်တဲ့ ဗိမာန်ကြီးတစ်ခုလိုဖြစ်နေတော့ ဒီလိုမျိုး အင်တာနက်ကို အလွန်တရာ အားကိုးလာတာကို အပြစ်လို့ မဆိုသာတော့ပါဘူး။

ငွေချေးယူ၍ဆင်းရဲမှုလျှော့ချပေးရန်နည်းလမ်းမှာ အမှန်တကယ်ထိရောက်မှုမရှိဟု လွှတ်တော်တွင်တင်ပြ

-ငွေချေး ယူ၍ ဆင်းရဲမှုလျှော့ချပေးရန်နည်း လမ်းမှာ အမှန်တကယ်ထိရောက်မှု မရှိဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်မွှေးလွင်က ပြည်သူ့လွှတ် တော်တွင် တင်ပြခဲ့သည်။

ဇူလိုင် ၂၂ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်မွှေးလွင်မှ ဆင်းရဲနွမ်း ပါးမှုလျှော့ရန် ဒေသနှင့် ကိုက်ညီ သော နည်းလမ်းသစ်များဖြင့် စီမံချက် ချဆောင်ရွက်ရန်နှင့် အလုပ်အကိုင် ရှားပါးခြင်း အကြောင်းရင်း ပြန်လည် ဖော်ထုတ်၍ ကုစားနိုင်မည့်နည်းလမ်း ရှိမရှိ စပ်လျဉ်းသောမေးမြန်း မှုတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၃ မိနစ်မျှသာ အချိန်ပေးပါ

Photo: ၃ မိနစ်မျှသာ အချိန်ပေးပါ
Friday, July 25, 2014

အဖေ လုပ်သူဟာ မနေ့ကမှ ဝယ်လာတဲ့ ကားအသစ် တစ်စီးကို ရေဆေးနေ ပါတယ်။ ထိုအချိန် ၆ နှစ်အရွယ်မျှ ရှိသေးသော သားကလေးဟာ 
ကျောက်ခဲ တုန်းလေးကို ကောက်ယူပြီး ကားအသစ်ရဲ့ ဘော်ဒီမှာ စကားလုံး တစ်ချို့ကို ရေးခြစ်နေပါတယ်။
သားဖြစ်သူရေးခြစ်နေတာကို အဖေလုပ်သူဟာ တွေ့တော့ အလွန်ဒေါသ ဖြစ်သွားပြီး " ဒီကောင် ငါအခုမှ ဝယ်လာတဲ့ ကား အသစ်မှာ ရေးခြစ် ရမလားဆိုပြီး " သားဖြစ်သူ၏ လက်ကို ပြင်းထန်စွာ ရိုက်လိုက်ပါတယ်။ ကလေးဟာ နာတော့ ရုန်းကန် သော်လည်း မလွှတ်တန်း ရိုက်လိုက်ပါတယ်။
အဖေလုပ်သူ ပြင်းထန်စွာ ရိုက်လိုက်တဲ့ အချိန်ကြောင့် ကလေးကို ဆေးရုံသို့ တင်လိုက်ရပါတယ်။ သို့သော် ကလေး၏ လက်တစ်ဖက် စလုံးဟာ မကောင်းတော့ပါဘူး။
သားဖြစ်သူဟာ မျက်ရေတွေနဲ့အတူ သူ့အဖေကို ကြည့်ပြီးတော့ " ဖေဖေ သားရဲ့လက်က ဘာဖြစ်တာလဲ "
အဖေလုပ်သူဟာ သားဖြစ်သူရဲ့ အမေးကို ပြန်မဖြေနိုင်ခဲ့ပါဘူး။ ရုတ်တရက် အပြင်သို့ ပြေးထွက်သွားပြီး ကလေးရေးခြစ်ထားတဲ့ စာတန်းလေးကို ကြည့်လိုက်တော့ " Love You Dad " တဲ့
နောက်တစ်နေ့ မှာတော့ အဖေလုပ်သူဟာ သူ့ကိုယ်သူ အဆုံးစီရင် သွားပါ တော့တယ်။
ဒီစာလေးကို ဖတ်ပြီး စာဖတ်ပရိတ်သတ်တို့လည်း ရင်ထဲမှ တစ်စုံတစ်ခု ရရှိသွားမယ်လို့ စာရေးသူ ထင်မိပါတယ်။ တစ်ခါတစ်လေ မိမိဒေါကြောင့် အချစ်တွေလည်း ပျောက်ကွယ်သွားတတ် ပါတယ်။ သားသမီးအပေါ် ထားတဲ့ မိဘမေတ္တာတောင် မိမိ၏ ဒေါသစိတ်ကြောင့် ပျောက်ကွယ်သွားပါတော့တယ်။
ဒီလိုပြဿနာတွေဟာ ယနေ့ခေတ် အတော်များများ ဖြစ်နေကြတဲ့ ကြုံဖူး တွေ့ဖူး နေကြတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အရာရာကို သတိတရား လက်ကိုင် ထားကာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်ပေးလိုက် ရပါတယ်။
စာဖတ်သူ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။
Ref - General knowledge
ကျော်လင်းနိုင် (ရိုးရာလေး)
အဖေ လုပ်သူဟာ မနေ့ကမှ ဝယ်လာတဲ့ ကားအသစ် တစ်စီးကို ရေဆေးနေ ပါတယ်။ ထိုအချိန် ၆ နှစ်အရွယ်မျှ ရှိသေးသော သား ကလေးဟာ ကျောက်ခဲ တုန်းလေးကို ကောက်ယူပြီး ကားအသစ်ရဲ့ ဘော်ဒီမှာ စကားလုံး တစ်ချို့ကို ရေးခြစ်နေပါတယ်။
သားဖြစ်သူရေးခြစ်နေတာကို အဖေ လုပ်သူဟာ တွေ့တော့ အလွန်ဒေါသ ဖြစ်သွားပြီး " ဒီကောင် ငါအခုမှ ဝယ်လာတဲ့ ကား

ဘင်္ဂါလီများကို ကျောက်ဖြူမှ ရန်ကုန်သို့ တရားမဝင်သယ်ဆောင်ရာတွင် ဖမ်းဆီးခဲ့သည့် ပဲပဒုံစစ်ဆေးရေးဂိတ်မှ ဝန်ထမ်းတချို့ကို အမည်မသိသူများက ဖုန်းဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ပြုလုပ်ဟုဆို

 ဘင်္ဂါလီများ ကို ကျောက်ဖြူမှရန်ကုန်သို့တရား မဝင်သယ်ဆောင်ရာတွင် ဖမ်းဆီး ခဲ့သည့် ပဲပဒုံစစ်ဆေးရေးဂိတ်မှ ဝန်ထမ်းတချို့ အမည်မသိသူများ၏ ဖုန်းဖြင့်အသက်အန္တရာယ်ခြိမ်းခြောက် မှုများပြုလုပ်ခံခဲ့ရကြောင်း ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိရဲမှူး တစ်ဦးက ဒီမိုကရေစီတူဒေးသို့ ထုတ် ဖော်ပြောကြားလိုက်သည်။

ချောင်းရေလျှံစဉ် ကြိုးတံတားပြတ်ကျရာ ပါသွားသူလေးဦး ပျောက်ဆုံးနေဆဲ

ရှမ်းပြည်နယ် (မြောက် ပိုင်း) ကွမ်းလုံမြို့တွင် ဇူလိုင် ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်း ပြီး ချောင်းရေလျှံသောကြောင့် ကြိုးတံတားတစ်စင်းပြတ်ကျရာ လူ ၂၀ ခန့် ချောင်းအတွင်းပါ သွားပြီး လေးဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ကွမ်းလုံမြို့ရှိ ဟိုလီကျေးရွာ နှင့် ရှင်လုံကျိုင်းကျေးရွာကို ဆက် သွယ်ထားသည့် သံလွင်မြစ်နှင့် ဆက်စပ်နေသော  နမ့်လင်း ချောင်းကူးကြိုးတံတားသည် ဇူလိုင် ၂၂ ရက်က ပြတ်ကျခဲ့ခြင်းဖြစ် သည်။ ပျောက်ဆုံးနေ သူများကို ဇူလိုင် ၂၄ ရက်အထိ ပြန်မတွေ့သေးကြောင်း ကွမ်းလုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သမ္မတကြီး တိုင်းပြည်ကို ဘယ်လို ပတ်ဝန်းကျင်မှာ ထားခဲ့မလဲ

ခုဆိုရင် သမ္မတဦးသိန်းစိန် တာဝန်ယူတာ သုံးနှစ်ကျော်ပါပြီ။ ပုံမှန်အားဖြင့်ဆိုရင် နောက်ထပ် သက်တမ်း တစ်နှစ်ခွဲကျော် ကျန်ပါတယ်။ သုံးနှစ်ကျော် သက်တမ်းအတွင်း သမ္မတဦးသိန်းစိန်အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြေလျှော့မှုပေးခဲ့တာတွေ၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ နိုင်ငံတကာမိသားစု ရင်ခွင်ထဲ ပြန်လည် ၀င်ရောက်ဖို့ ကြိုးစားခဲ့တာတွေအတွက် ချီးကျူးဂုဏ်ပြုခံရပါတယ်။ လက်ရှိမှာလည်း တိုင်းပြည်အတွက် အရေးအကြီးဆုံးလို့ ဆိုနိုင်တဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ အကြီးအကျယ်ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတက သူ့ရဲ့

အထက်လူကြီးနှင့်အဆင်ပြေသူများသာ ရာထူးတိုး၍ နေရာကောင်းရနေဟု လွှတ်တော်အမတ် ဝေဖန်ပြော

အစိုးရရုံးဌာနများတွင် သက်ဆိုင်ရာဌာနမှ တာဝန်ရှိ အထက်လူကြီးများနှင့် ရင်းနှီးအဆင်ပြေသော ၀န်ထမ်းများသာလျှင် ရာထူးတိုးပြီးနေရာ၊ ဌာနများကို အဆင်ပြေစွာ ပြောင်းရွှေ့နိုင်သည့် အခြေအနေတွင်ရှိသည်ဟု ချင်းပြည်နယ်၊ ထန်တလန် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းက ဇူလိုင် ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

လေယာဉ်ပစ်ဒုံးကျည်များရှိကြောင်း ယူကရိန်းသူပုန်တပ်မှူးဝန်ခံ

မလေးရှားလေကြောင်း MH17 မှ သေဆုံးသူများ၏ရုပ်ကလာပ်များ သယ်ဆောင်လာသောယာဉ်တန်း အင်ဒိုဗင်လေတပ်အခြေစိုက်စခန်းမှ ထွက်ခွာသွားသည်ကို တွေ့ရစဉ် (REMKO DE WAAL/REUTERS)
ဒိုနက်စ်− ရုရှားနိုင်ငံတွင် ထုတ် လုပ်ခြင်းဖြစ်နိုင်ပြီး မလေးရှား လေယာဉ် MH17 ကို ပစ်ချရာ၌ အသုံးပြုခဲ့သော ဒုံးကျည်အမျိုးအစားဟု ဝါရှင်တန်က ပြော ကြားသည့် လေယာဉ်ပစ်ဒုံးကျည်များမှာ ရုရှားလိုလားသော ခွဲထွက်ရေးသမားများ ပိုင်ဆိုင်ထားကြောင်း ယူကရိန်းသူပုန်ခေါင်းဆောင်တစ်ဦးက အတည်ပြုပြော ကြားသည်။

စရဖ ဟုဆိုကာ ဗန်းမော်မြို့ရှိ မြစ်ဆုံတည်းခိုခန်း ဝင်ရောက်အနုကြမ်းစီး

ဗန်းမော်၊ ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်းရှိ မြစ်ဆုံတည်းခိုခန်း၌ ဇူလိုင် ၁၇ ရက် ည ၆ နာရီ ဝန်းကျင်တွင် စရဖ အဖွဲ့အစည်းမှဆိုကာ လူလေး ဦးက ဝင်ရောက်ခဲ့ပြီး အကြမ်းဖက်ရိုက်နှက်မှုတစ် ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အခင်းဖြစ်သည့်နေ့တွင် တည်းခို ခန်းပိုင်ရှင် ဒေါ်ခေါန်ဒင်းမှာ တည်းခိုခန်းရှိ မန် နေဂျာ ကိုစိုးစိုးလင်းအား တည်းခိုခန်းအခြေအနေကို ဖုန်းဆက်မေးမြန်းရာ တစ်ဖက်မှ ညစ်ညမ်း စွာ ပြန်လည်ဆဲဆိုသဖြင့် တည်းခိုခန်းသို့ သွား ကြည့်ရာ အရပ်ဝတ်နှင့်လူလေးဦးက စရဖ အဖွဲ့

လိုင်ဇာညီလာခံကို အဓိကတာဝန်ခံ ဆွေးနွေးမည့် ဦးဆောင်ကော်မတီဖွဲ့

Photo: လိုင်ဇာညီလာခံကို အဓိကတာဝန်ခံ ဆွေးနွေးမည့် ဦးဆောင်ကော်မတီဖွဲ့
Friday, July 25, 2014

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် တတိယအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံတွင် အဓိကတာဝန်ခံ ဆောင်ရွက်မည့် ဦးဆောင်ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဆွေးနွေးပွဲ စတင်မည့်ရက်ကို ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်နေ့သို့ ရွှေ့ဆိုင်း သတ်မှတ်လိုက်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်သော အဆိုပါ ဦးဆောင်ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က ဒုတိယဥက္ကဋ္ဌနှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ဒုတိယဥက္ကဋ္ဌ ဦးခူဦးရယ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားကြောင်း NCCT ထံမှ သိရသည်။

“အပစ်ရပ်စာချုပ်မှာ အစိုးရနဲ့ အဓိက ကွဲလွဲနေတဲ့ မူပိုင်းဆိုင်ရာတွေကို တိုင်းရင်းသား အဖွဲ့တွေအကြား အဆုံးအဖြတ် ယူတဲ့အခါ ဦးဆောင်ကော်မတီက ညှိနှိုင်း ဆုံးဖြတ်ပေးဖို့ပါ” ဟု ကော်မတီ၏ တာဝန်နှင့် ပတ်သက်၍ NCCT အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက ရှင်းပြသည်။ 

NCCT အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးနိုင်ဟံသာ အနေနှင့်မူ အဆိုပါ ဦးဆောင်ကော်မတီတွင် ကော်မတီဝင် တစ်ဦးအဖြစ် ပြန်လည် ပါဝင်သွားမည် ဖြစ်ကြောင်း NCCT က ဆိုသည်။

လိုင်ဇာညီလာခံ၏ ပထမနေ့ အစီအစဉ်ကို တစ်ရက် နောက်ဆုတ်ခဲ့သော်လည်း မူလသတ်မှတ်ထားသည့် ညီလာခံ ကျင်းပရက်များအတိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး ရက်ထပ်တိုး ကျင်းပရန် အစီအစဉ် မရှိကြောင်း ညီလာခံ စီစဉ်သူများထံမှ သိရသည်။

NCCT အဖွဲ့ဝင်များ၏ ထိပ်သီးညီလာခံကို ဇူလိုင်လ ၂၅ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပ၍ NCCT အဖွဲ့ဝင် မဟုတ်သော အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ ထပ်တိုးပါဝင်မည့် ညီလာခံကို ဇူလိုင်လ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ဒုတိယအဆင့် ဆက်လက်ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

The Voice Weekly ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် တတိယအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံတွင် အဓိကတာဝန်ခံ ဆောင်ရွက်မည့် ဦးဆောင်ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဆွေးနွေးပွဲ စတင်မည့်ရက်ကို ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်နေ့သို့ ရွှေ့ဆိုင်း သတ်မှတ်လိုက်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ

လေကြောင်းကာကွယ်ရေး စနစ်ဖြင့် နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသည်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ် တင်းမာမှု ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကာကွယ်ရေးစနစ် (Air Defence System) အသုံးပြုနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောကြား သည်။

ထောင်ကျနေစဉ် နေအိမ်မှထိုင်ခုံနှစ်လုံး ယူဆောင်သွားသည့်ရဲဝန်ထမ်းအား တရားစွဲမည်

ရန်ကုန်၊ ထောင်ဒဏ်ကျခံနေရသည့် တရားခံ၏နေအိမ်မှ ကျပ်ငွေတစ်သောင်းနှင့်ညီမျှသော ပလတ်စတစ် ထိုင်ခုံနှစ်လုံးကို ရွှေပြည်သာရဲစခန်း မှရဲတပ်ဖွဲ့ဝင်တစ်ဦးက လာရောက် ယူဆောင်သွားသဖြင့် တရားခံဖြစ်သူ က အဆိုပါရဲဝန်ထမ်းနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးတို့ကို တရားစွဲဆိုရန်စီစဉ် နေကြောင်း သိရသည်။

နှစ်အတော်ကြာ ရှာလိုက်ရပြီး အလုပ်တစ်ခုတည်းမှာပဲ အမေ့ကို ပြန်တွေ့


Photo: နှစ်အတော်ကြာ ရှာလိုက်ရပြီး အလုပ်တစ်ခုတည်းမှာပဲ အမေ့ကို ပြန်တွေ့ 
Friday, July 25, 2014

သက္ကရာဇ် ၂၀⁠၀၇ ခုနှစ် ဒီဇင်ဘာလက ဖြစ်ရပ်လေးတစ်ခု ဖြစ်ပါတယ်။ အသက် ၂⁠၂ နှစ် ရှိပြီ ဖြစ်တဲ့ Steve Flaig ဟာ အမေဖြစ်သူ Christine Tallady ကို အလုပ် အတူလုပ်တဲ့ ကုန်တိုက်ကြီးမှာပဲ ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ 

Christine Tallady ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရပြီး ဆင်းရဲ ပါတယ်။ ငွေကြေးအားဖြင့်လည်း ကျွေးမွေးဖို့မလုံလောက်ပေမယ့် ကိုယ်ဝန်ဖြတ်ချဖို့ စိတ်မကူးခဲ့ပါဘူး။ မဖြစ်ဖြစ်အောင် မွေးခဲ့ပြီး မိဘမဲ့ ကလေးကျောင်း တစ်ခုကို သွားထားခဲ့ ပါတယ်။ ထားတုန်းက တစ်ချန်ကျရင် သူ့ကို ပြန်ရှာလို ပြန်ရှာညား ဆိုတဲ့ မျော်လင့်ချက်လေးနဲ့ သူမရဲ့ အမည်ကို ရေးထားခဲ့ ပါတယ်။ နောက်တော့ Tallady ဟာလည်း နောက်ထပ် သားသမီး ၂ ဦးထပ်ရပြီး မိသားစု အဆင်ပြေ သါ်ွားပါတယ်။ မွေးစားသူ မိဘများ ရှိသွားခဲ့တဲ့ ကလေးငယ် Steve Flaig ဟာ အသက် ၁၈ နှစ် ရောက်တဲ့ အချိန်က စလို့ မိရင်းဖရင်းကို ရှာဖွေဖို့ အတွက် စတင် ပါတော့တယ်။ ဒီအတွက်လည်း သူ့ရဲ့ မွေးစား မိဘ များက သဘောတူ ပါတယ်။ ကုန်တိုက်မှာ အလုပ်လုပ်ရင်း နဲ့ ရှာပါတယ်။ 

တစ်နေ့တော့ သူ့ရဲ့ အမေ ဖြစ်သူနဲ့ အလုပ် အတူ လုပ်နေတာကို သိရပြီး ပြန်ရှာတွေ့ခဲ့ ပါတယ်။ အမေ ဖြစ်သူက ငွေချေ ဌာနမှာ အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။ Steve Flaig ကတော့ သယ်ယူပို့ဆောင်ရေး ဒရိုင်ဘာ ဖြစ်ပါတယ်။ ၂၀⁠၀၇ ခုနှစ် ဧပြီလက စတင်လို့ သူ့ရဲ့ အမေ ဖြစ်သူ အလုပ်စဝင်တာ ဖြစ်ပေမယ့် ၂၀⁠၀၇ ခုနှစ် ဒီဇင်ဘာမှ အမေဖြစ်မှန်း သိရှိခဲ့ခြင်း ဖြစ်ပါတယ်။ အမြဲတွေ့ဖြစ်ကြ၊ ကြုံရင် စကား ပြောဖြစ်ကြပေမယ့် အမေမှန်း မသိခဲ့ ပါဘူး။ ယခုတော့ မိသားစု ပြန်လည် စုံတွေ့ရတဲ့ အတွက် သားအမိ နှစ်ဦးလုံး ပျော်ရွှင်နေတာကို ယခုလို မြင်တွေ့ ရပါတယ်။
.
Ref: seatletime
အောင်ခမ်း (ရိုးရာလေး)
သက္ကရာဇ် ၂၀⁠၀၇ ခုနှစ် ဒီဇင်ဘာလက ဖြစ်ရပ်လေးတစ်ခု ဖြစ်ပါတယ်။ အသက် ၂⁠၂ နှစ် ရှိပြီ ဖြစ်တဲ့ Steve Flaig ဟာ အမေဖြစ်သူ Christine Tallady ကို အလုပ် အတူလုပ်တဲ့ ကုန်တိုက်ကြီးမှာပဲ ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

Christine Tallady ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရပြီး ဆင်းရဲ ပါတယ်။ ငွေကြေးအားဖြင့်လည်း ကျွေးမွေးဖို့မလုံလောက်ပေမယ့် ကိုယ်ဝန်ဖြတ်ချဖို့ စိတ်မကူးခဲ့ပါဘူး။ မဖြစ်ဖြစ်အောင် မွေးခဲ့ပြီး မိဘမဲ့ ကလေးကျောင်း တစ်ခုကို သွားထားခဲ့ ပါတယ်။ ထားတုန်းက

PR စနစ် တင်သွင်းမှုကြောင့် လွှတ်တော်အမတ်အချို့ လွှတ်တော်မတက်ဘဲ ဆန္ဒထုတ်ဖော်

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများတွင် PR (အချိုးကျကိုယ်စားပြု) စနစ် ကျင့်သုံးရေးအဆိုကို ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခွင့် ပြုခဲ့သောကြောင့် တိုင်းရင်းသား လွှတ်တော်အမတ်အချို့ ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေးကို တက်ရောက်ခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းစနစ်ကို ကန့်ကွက်ခဲ့သော ကိုယ်စားလှယ်အချို့က ပြောကြားသည်။

မီဒီယာကို အပြစ်ပေးသည့်ကိစ္စ အစိုးရအဖွဲ့နှင့် မသက်ဆိုင်ဟု သမ္မတရုံး တုံ့ပြန်ဖြေရှင်းချက်ပေး

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မီဒီယာများအားအရေးယူနေသည့်ကိစ္စအပေါ် ရှင်းလင်းဖော်ပြရန် သ၀ဏ်လွှာပေးပို့အပြီး တစ်ရက်အကြာ ဇူလိုင် ၂၄ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် မသက်ဆိုင်သည်ကို ရှင်းလင်းစွာ ရှုမြင်ရန်လိုသည်ဟု နိုင်ငံတော် သမ္မတရုံးက ပြန်လည် တုံ့ပြန်လိုက်သည်။

အီရတ်ရှိ ISIS စစ်သွေးကြွအုပ်စုက အမျိုးသမီးများ လိင်အင်္ဂါ ဖျက်ဆီးရန် အမိန့်ထုတ်


Photo: အီရတ်ရှိ ISIS စစ်သွေးကြွအုပ်စုက အမျိုးသမီးများ လိင်အင်္ဂါ ဖျက်ဆီးရန် အမိန့်ထုတ်
Friday, July 25, 2014

အီရတ်နိုင်ငံတွင် နေရာဒေသအချို့ကို သိမ်းပိုက်ကာ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ထားသော ISIS စစ်သွေးကြွအုပ်စုက အသက် ၁၁ နှစ်မှ ၄၆ နှစ်အရွယ် အမျိုးသမီးများအားလုံးကို လိင်အင်္ဂါပုံပျက်အောင် ဖျက်ဆီးပစ်ရမည်ဟု အမိန့်ထုတ်လိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြောင့် စစ်ပွဲများဖြစ်ပွားနေသည့် အီရတ်ရှိ အမျိုးသမီးနှင့် မိန်းကလေးငယ် ၄ သန်းအထိမှာ လိင်အင်္ဂါ ဖျက်ဆီးခံရမည့် အခြေအနေနှင့် တွေ့ကြုံ ရဖွယ်ရှိကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားသည်။

၎င်းမှာ အစ္စလာမ်မစ်နိုင်ငံအဖြစ် ထူထောင်ခဲ့သည့် ISIS က ထုတ်ပြန်လိုက်သည့် ဖာ့သ်ဝါ သို့မဟုတ် ဘာသာရေးဆိုင်ရာ အမိန့်ပင်ဖြစ်ကြောင်း အီရတ်ရှိ ကုလသမဂ္ဂထိပ်တန်းအရာရှိ ဂျက်ကွေလိုင်း ဘတ်ဒ်ကွတ်က ပြောကြားသည်။ ISIS စစ်သွေးကြွတို့၏ အဆိုပါ အမိန့်ထုတ်ပြန်မှုကို ကြာသပတေးနေ့ နံနက်ပိုင်းတွင် ကြားသိခဲ့ရကြောင်းနှင့် အမျိုးသမီး အရေအတွက် မည်မျှအကျုံးဝင်သည်ကို အတိအကျ မသိရှိရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

Ref: AFP
Mizzima

အီရတ်နိုင်ငံတွင် နေရာဒေသအချို့ကို သိမ်းပိုက်ကာ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ထားသော ISIS စစ်သွေးကြွအုပ်စုက အသက် ၁၁ နှစ်မှ ၄၆ နှစ်အရွယ် အမျိုးသမီးများအားလုံးကို လိင်အင်္ဂါပုံပျက်အောင် ဖျက်ဆီးပစ်ရမည်ဟု အမိန့်ထုတ်လိုက်ကြောင်း သိရသည်။

Miss Globe Myanmar ဂျူးစံသာ ကို Miss Globe Myanmar အဖြစ်မှ ရပ်ဆဲလိုက်ပါပြီ

Photo: Miss Globe Myanmar ဂျူးစံသာ ကို Miss Globe Myanmar အဖြစ်မှ ရပ်ဆဲလိုက်ပါပြီ 
Friday, July 25, 2014

ဆရာဖြိုးပိုင် နှင့် လှနုတို့ မေမြတ်နိုးအတွက် ကိုရိးယားလိုက်ပါသွားနေစဉ်အတွင်း ဂျူးစံသာအားဖိလစ်ပိုင်တွင် တစ်လနီးပါး သင်ကြားပေးခဲ့သော လေ့ကျင့်မှုများကို သာ ဦးစားပေးပြီး မှန်မှန်ပြုလုပ်ထားရန်နှင့် သူမနှင့် သူမမိသားစုကိုလည်း မည်သည်အော်ဂနိုင်ဇေးရှင်းကိုမှ လှနုခွင့်ပြုချက်မရပဲ အကူအညီတောင်းခြင်း၊ ဆက်သွယ်ခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်း မပြုလုပ်ပါရန် မှာကြားခဲ့ပါသည်။ ဆရာပြည်စိုးအောင်မှ National Costume ကိုစေတနာဖြင့် တာဝန်ယူပေးပြီး၊ ဖိလစ်ပိုင်မှ Designer Chico မှ Final Gown ကို စပွန်ဆာပေးကာစီစဉ်ခဲ့ပါသည်။ သို့ သော် တခြားအော်ဂနိုင်ဇေးရှင်းအား သွားရောက်အကူအညီတောင်းသည့် အပြင် ခင်မင်စည်းလုံးနေပါသော အော်ဂနိုင်ဇေးရှင်းအချင်းချင်း အထင်အမြင်လွဲကာ စိတ်ဝမ်းကွဲစေမည့် စကားများကို ပြောဆိုခဲ့သည့်အတွက် ကြောင့်သော်လည်းကောင်း၊ လှနုအား ဘာမှ မလုပ်ပေးခဲ့ ပါဟု ကိုယ်တိုင် မက်ဆေ့ ဘောက်မှ ပြောဆိုခဲ့ခြင်းကြောင့် လည်းကောင်း၊ အော်ဂနိုင်ဇေးရှင်းမှ စာချုပ်အတွက် ယနေ့ လာရောက်ဆွးနွေးပါရန် တောင်းဆိုသော်လည်း အဖေနေမကောင်းသာကြောင့် မအားသည်ကို လှနုတို့ နားလည်လက်ခံပါသော်လည်း၊ အသက်ငယ်သေးသော ကြောင့် ဘာမှ နားမလည်သဖြင့် မေမေနှင့် သာ ပြောပါဟုဆိုပြိး တမျိုးအကြောင်းပြကာ တခြားအော်ဂနိုင်ဇေးရှင်းကို သွားရောက်ဖို့ ကိုသာ ဦးစားပေးရွေးခြယ်သွားသောကြောင်လည်းကောင်း ဒီနေ့ ဒီရက် ဒီအချိန်မှ စပြီး Miss Globe Myanmar အဖြစ်မှ ရပ်ဆဲလိုက်ပါပြီဖြစ်ကြောင်း အသိပေးပြောကြားလို ပါသည်ရှင့်။ Miss Globe Myanmar ဟူသော အမည်ကို အသုံးပြုခွင့်မရှိတော့ပဲ အနုပညာလုပ်ငန်းများ ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်၊ ဂျူးစံသာနှင့် သူမမိသားစုဝင်များ Miss Globe Myanmar Organization နှင့် လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိတော့ပါကြောင်း လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးကို အသိပေးအပ်ပါတယ်ရှင့်၊
လေးစားစွာဖြင့်။
လှနုထွန်း
National Director 
Miss Globe Myanmar

Credit to Myanmar Celebrities
 ဆရာဖြိုးပိုင် နှင့် လှနုတို့ မေမြတ်နိုးအတွက် ကိုရိးယားလိုက်ပါ သွားနေစဉ်အတွင်း ဂျူးစံသာအားဖိလစ်ပိုင်တွင် တစ်လနီးပါး သင်ကြားပေးခဲ့သော လေ့ကျင့်မှုများကို သာ ဦးစားပေးပြီး မှန်မှန်ပြု လုပ်ထားရန်နှင့် သူမနှင့် သူမမိသားစုကိုလည်း မည်သည်အော်ဂနိုင်ဇေးရှင်းကိုမှ လှနုခွင့်ပြုချက်မရပဲ အကူအညီတောင်းခြင်း၊ ဆက်သွယ်ခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်း မပြုလုပ်ပါရန် မှာကြားခဲ့ပါသည်။ ဆရာပြည်စိုးအောင်မှ National Costume ကိုစေတနာဖြင့် တာဝန်ယူပေးပြီး၊ ဖိလစ်ပိုင်မှ Designer Chico မှ Final Gown ကို စပွန်ဆာပေးကာစီစဉ်ခဲ့ပါသည်။ သို့ သော် တခြားအော်ဂနိုင်ဇေးရှင်းအား သွားရောက်အကူအညီတောင်းသည့် အပြင် ခင်မင်စည်းလုံးနေပါသော အော်ဂနိုင်ဇေးရှင်းအချင်းချင်း အထင်အမြင်လွဲကာ စိတ်ဝမ်းကွဲစေမည့် စကားများကို ပြောဆိုခဲ့သည့်

AIDS ရောဂါပိုးကို ကို နိုင်သည့် တိုင်းရင်းဆေးစွမ်း

ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး) မပေးနိုင်သူ နှစ်သောင်းကျော် ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။
ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်
ရောဂါတွေတိုးလာကြတာများတယ်၊ တချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။
ဒီလိုဘဲဆေးရုံက ဆေးကုသရင် စရိတ်တွေ အကုန်မခံနိုင်တဲ AIDS ဝေဒနာရှင်တဦးက ရောဂါ

အပစ်ရပ်မူကြမ်း သဘောကွဲပါက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ၊ဆုံးဖြတ်မည်

Photo: အပစ်ရပ်မူကြမ်း သဘောကွဲပါက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ၊ဆုံးဖြတ်မည်
Friday, July 25, 2014

တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အစိုးရနှင့်ညှိနှိုင်းမည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်းအပေါ် သဘောကွဲမှုရှိပါက ဆုံးဖြတ်မည့် ဦးဆောင်ကော်မတီကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆုံးဖြတ်ရန် ဇူလိုင် ၂၄ရက်က လိုင်ဇာတွင် သဘောတူလိုက်ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များထဲမှ ကိုယ်စားပြုတစ်ဦး စီဖြင့်ဖွဲ့စည်းထားသောကော်မတီတွင် ကေအိုင်အေစစ် ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဂမ်းဆောင်က ဒုတိယဥက္ကဋ္ဌ၊ ကယန်းအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ခူဦးရယ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူရန် လိုင်ဇာဟို တယ်တွင် ခုနစ်နာရီကျော်ကြာ ဆွေးနွေးအပြီး ဆုံးဖြတ်ခြင်းဖြစ်သည်။

“လိပ်ခဲတည်းလဲဖြစ်နေတဲ့ဟာတွေကို ကျော်လွှားဖို့ အမြင်တွေကွဲမယ်ဆိုလို့ရှိရင် ဦးဆောင်ကော်မတီက ဆုံးဖြတ်သွားမှာဖြစ်တယ်”ဟု အစည်းအဝေးတက်ရောက်ခဲ့သည့်  NCCT အဖွဲ့ဝင်ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

အမြင်ကွဲလွှဲမှုရှိပါကဦးဆောင်ကော်မတီက မည်ကဲ့သို့ဆုံးဖြတ်သွားမည်ကို အစည်းအဝေးတွင် ချမှတ်ခဲ့ပါသ လဲဟုမီဒီယာများ၏ မေးမြန်းမှုကိုမူ “method (နည်းလမ်း) တစ်ခုအနေနဲ့တော့ချထားတာမရှိပါဘူး”ဟု ၎င်း က ပြောသည်။

အဆိုပါဦးဆောင်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုးမှာ ဇွန်လ အတွင်းနေပြည်တော်တွင် သမ္မတဦးသိန်းစိန် အပါအ၀င်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင် လှိုင်တို့နှင့်တွေ့ဆုံဆွေးနွေးစဉ်က သြဂုတ်လတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် သ ဘောတူထားသည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ တတိယအကြိမ် ထိပ်သီးအစည်းအဝေးကို  ကေအိုင်အေဌာနချုပ်ရှိရာက ချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဇူလိုင် ၂၄ ရက်က ကျင်းပရန် ကနဦးကလျာထားသော်လည်း ဦးဆောင်ကော် မတီကိုရွေးချယ်ခဲ့ရသည့်အတွက် ဇူလိုင် ၂၅ ရက်မှသာ စတင်ဆွေး နွေးနိုင်တော့မည် ဖြစ်သည်။

“ဦးဆောင်ကော်မတီကအစည်အဝေးကိုကြီးကြပ်မယ်၊ကွပ်ကဲမယ်၊နိုင်ငံရေးအရဦးဆောင်မယ်၊ အစကောင်း မှအနှောင်းသေချာမှာဖြစ်တဲ့အတွက် ဒီနေ့အချိန်ယူလိုက်တာပါ”ဟု ဦးဆောင်ကော်မတီဖွဲ့ရန် အစည်းအ ဝေးတက်ရောက်သူတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCCT  အဖွဲ့တွင် ပါဝင်သည့် တိုင်းရင်းသားခေါင်းဆောင်များ၏ အစည်းအဝေး တွင်NCCT ၏ လုပ်ငန်း စဉ်များကိုတင်ပြ ခြင်း၊ အပစ်ရပ်မူကြမ်းကို လက်ခံအတည်ပြု နိုင်ရေးဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များ ချမှတ်ခြင်းတို့ ပါဝင်မည်ဖြစ်ပြီး ဇူလိုင် ၂၅နှင့် ၂၆ရက်တွင် ကျင်းပမည်ဖြစ်သည်။

ထို့နောက် အဆိုပါ အပစ်ရပ်မူကြမ်းကိုပင် NCCT  အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့များ ဖြင့် ဇူလိုင် ၂၇ နှင့် ၂၈ တို့တွင်ဆွေးနွေးရန်လျာထားသည်။ အပြီးသတ်ရက်များအတွင်း ပြုလုပ်မည့် အစည်းအဝေးများတွင်NCCT ၌ မပါဝင်သည့် “၀”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၊ ရှမ်းအထူး ဒေသ(၄)မိုင်းလား လက်နက်ကိုင်အဖွဲ့၊ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့ တက်မတက် မသေချာသေးပေ။

ယခုအစည်းအဝေးသည် တတိအကြိမ်ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် တိုင်းရင်းသားခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးကိုကချင်ပြည်နယ်၊ လိုင်ဇာနှင့်ကရင်ပြည်နယ်၊လော်ခီးလာတွင် ကျင်းပခဲ့သေး သည်။

Mizzima
တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးတွင် အစိုးရနှင့်ညှိနှိုင်းမည့် နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်မူကြမ်းအပေါ် သဘောကွဲမှုရှိပါက ဆုံးဖြတ်မည့် ဦးဆောင်ကော်မတီကို ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆုံးဖြတ်ရန် ဇူလိုင် ၂၄ရက်က လိုင်ဇာတွင် သဘောတူလိုက်ကြသည်။

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကာကွယ်ရေးအပါအ၀င် ဘက်စုံလုံခြုံရေးစနစ်များ စီမံဆောင်ရွက်ထားဟု ပြည်ထဲရေး ဒုဝန်ကြီး ပြော

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေး မကျိုးပေါက်စေရန် ကြည်း၊ ရေ၊ လေတပ်ဌာန ချုပ်များ အပါအ၀င် နယ်နိ မိတ်မျဉ်းတစ်လျှောက် ကာကွယ်ရေးနှင့် လုံခြုံ ရေးစနစ်များစီမံဆောင်ရွက်ထားသည်ဟု ပြည်ထဲ ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်း အဝေးတွင်ပြော သည်။

ဂါဇာကမ်းမြောင်ရှိ ကုလသမဂ္ဂ စာသင်ကျောင်း အစ္စရေးတိုက်ခိုက်မှုခံရ


Photo: ဂါဇာကမ်းမြောင်ရှိ ကုလသမဂ္ဂ စာသင်ကျောင်း အစ္စရေးတိုက်ခိုက်မှုခံရ
Friday, July 25, 2014 

ဂါဇာ ကမ်းမြောင်တွင် ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမတ်စ်တို့ကြားတိုက်ခိုက်မှုများအတွင်း ကုလသမဂ္ဂက ဖွင့်လှစ်ထားသည့် စာသင်ကျောင်း တစ်ကျောင်းမှာ အစ္စရေးတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးကာ ကလေးငယ်များ အပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ စာသင်ကျောင်းမှာ ကြာသပတေးနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂း၃၀ တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ကျောင်းအတွင်း အမျိုးသမီးနှင့် ကလေးငယ် အများစု အပါအဝင် လူ ၈၀၀ ဝန်းကျင် ရှိနေပြီး ၎င်းတို့မှာ တိုက်ခိုက်မှုများကို တိမ်းရှောင် ခိုလှုံနေကြသူများ ဖြစ်ကြောင်း သိရသည်။ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည့် ၁၆ ရက်အတွင်း အရပ်သားအများစု ပါဝင်သော ပါလက်စတိုင်း လူမျိုး ၇၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေး စစ်သား ၃၂ ဦး သေဆုံးခဲ့သည်ဟု သိရှိရသည်။

Mizzima

ဂါဇာ ကမ်းမြောင်တွင် ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမတ်စ်တို့ကြားတိုက်ခိုက်မှုများအတွင်း ကုလသမဂ္ဂက ဖွင့်လှစ်ထားသည့် စာသင်ကျောင်း တစ်ကျောင်းမှာ အစ္စရေးတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးကာ ကလေးငယ်များ အပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ စာသင်ကျောင်းမှာ

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတေဇ အသင်းမှနုတ်ထွက်မည်

Photo: မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတေဇ အသင်းမှနုတ်ထွက်မည်
Friday, July 25, 2014 

မြန်မာနိုင်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသော ဦးတေဇသည် အသင်း၏ လာမည့်ရွေးကောက်ပွဲများ တွင် ထပ် မံရွေးချယ်ခံတော့မည် မဟုတ်ဘဲ နုတ်ထွက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းစီး ပွားရေးလုပ်ငန်းရှင်ဖြစ်သော ဦးတေဇ မှာ မြန်မာနို င်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်း စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှ စတင်ကာ ဥက္ကဋ္ဌ ရာထူးကိုသုံးကြိမ်ဆက် ရယူထား သူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ ဇန်န၀ါရီလကတည်းက အသင်း ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ရန် စီစဉ် ခဲ့သော ဦးတေဇသည် အခြားအ သင်းတာဝန်ရှိသူများ၏ တိုက် တွန်းမှုေ ကြာင့် မူလတာဝန်ကို ဆက်လက်ရယူခဲ့သော်လည်း ယခုအကြိမ်တွင် ထပ်မံေ ရွးချယ် ခံတော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များအသင်းအတွင်း ရေးမှူး (၃)ဦးထွန်းလှအောင်က ပြောသည်။

‘‘သူက မလုပ်တော့ဘူး။ အရင်ကတည်းက ပြောထားပြီး သား။ ဦးတေဇနုတ် ထွက်သွား တော့ အသင်းအပေါ် အားကိုးလျော့သွားတာပေါ့။ အသင်းသားအ များစုက သူ့ကို ကြိုက်ကြတယ်။ သူလိုလုပ်ငန်းရှင်တစ် ယောက်က ကျွန်တော် တို့အသင်း မှာ ရှိသင့်တယ်’’ ဟု ဦးထွန်းလှ အောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ကျောက်မျက် ရတနာများကို အမေရိကန်နိုင်ငံ မှ တင်ပို့ခွင့် ပိတ်ပင်ထားဆဲ ဖြစ် ရာ ၎င်းအသင်းဥက္ကဋ္ဌအဖြစ် တာ ၀န်ယူထားခြင်းေ ကြာင့် မြန်မာ ကျောက်မျက်ရတနာလုပ်ငန်းအ ပေါ် ထိခိုက်မှု မရှိစေရန်နှင့် အ များကောင်းကျိုးအတွက် အသင်း ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပေးခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံ၏ တားမြစ်ပိတ်ဆို့ခံထားရဆဲဖြစ်သူ အသက်(၅၀)အရွယ် ဦးတေဇက ပြောဆိုကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်သစ်များ ရွေးချယ်ပွဲကို လာမည့် သြဂုတ် ၁၅ ရက်တွင် ကျင်းပမည်ဖြစ် သည်။ ရွေးချယ်ခံရသည့် အမှု ဆောင်သစ်များသည် စက်တင် ဘာတွင် စတင်တာဝန်ယူမည် ဖြစ်သည်။ အမှုဆောင်သစ်ရွေး ချယ်ပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း လက်အောက်တွင် မန္တလေး၊ မြစ် ကြီးနား၊ မိုးကုတ်၊ ဖားကန့်စသည့် မြို့အလိုက် ဖွဲ့စည်းထားသည့် အသင်းခွဲများရှိသည်။ အသင်း တွင် ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌ ခြောက်ဦး၊ အတွင်းရေးမှူးသုံးဦးနှင့် တွဲဖက်အတွင်းရေးမှူးသုံးဦးရှိ သည်။

7 Day Daily
 မြန်မာနိုင်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသော ဦးတေဇသည် အသင်း၏ လာမည့်ရွေးကောက်ပွဲများ တွင် ထပ် မံရွေးချယ်ခံတော့မည် မဟုတ်ဘဲ နုတ် ထွက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ထိပ်တန်းစီး ပွားရေး လုပ်ငန်း ရှင်ဖြစ်သော ဦးတေဇ မှာ မြန်မာနို င်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်း စတင် ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှ စတင်ကာ ဥက္ကဋ္ဌ

ချင်းမိုင်မှာ မြန်မာ ကောင်စစ်ဝန်ရုံး ဖွင့်ဖို့ စီစဉ်နေ

Photo: ချင်းမိုင်မှာ မြန်မာ ကောင်စစ်ဝန်ရုံး ဖွင့်ဖို့ စီစဉ်နေ
Friday, July 25, 2014 

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ ကောင်စစ်ဝန် ရုံးကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်မှာ ချင်းမိုင်မြို့ကို ရောက်ရှိလာပြီး ကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေး အတွက် နေရာလာရောက် ရှာဖွေခဲ့တယ်လို့ မြန်မာသံရုံး အသိုင်းအ၀န်းက တဆင့် သိရပါတယ်။

“သံအမတ်ကြီး ကိုယ်တိုင် ရုံးဖွင့်ဖို့ အိမ်သွားရှာတာပါ၊ နေရာ ၆ နေရာလောက် ကြည့်ခဲ့တယ်၊ စိတ်ကြိုက်တော့ မရသေးပေ မယ့် ဖွင့်ဖို့ကတော့ သေချာနေပါပြီ”လို့ သံရုံး အသိုင်းအ၀န်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဖို့ ကြည့်ရှုခဲ့တဲ့ နေရာတွေက ချင်းမိုင်မြို့တွင်း နေရာများဖြစ်ပြီး မြန်မာနိုင်ငံသားများ လာရောက် ဆက်သွယ်နိုင်မယ့် နေရာဖြစ်ဖို့ လိုအပ်တာကြောင့် ရွေးချယ်နေခြင်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ချင်းမိုင်မှာ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်ကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

မြန်မာနိုင်ငံက ၁၉၇၀ – ၁၉၇၂ ခုနှစ် ၀န်းကျင်က  ချင်းမိုင်မြို့က ၀ပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်း အနီးမှာ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခဲ့ဖူးပါတယ်။

အဲဒီအချိန်က မြန်မာ ကောင်စစ်ဝန်ရုံးနဲ့ ချင်းမိုင် ဒေသခံ ထိုင်းလူမျိုးများရဲ့ ဆက်ဆံရေးက အထူးကောင်းမွန်ခဲ့တယ်လို့ ချင်းမိုင်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ဂေါပက ဦးတင်ဝင်းက ပြောပါတယ်။

“အဲဒီတုန်းက ချင်းမိုင်က မြို့မိမြို့ဖတွေနဲ့ ကောင်စစ်ဝန်ရုံးက အရာရှိတွေနဲ့ ဆက်ဆံရေးက အလွန်ကောင်းတာ၊ တဖက်နဲ့ တဖက် လေးလေးစားစားကို ဆက်ဆံခဲ့ကြသလို၊ ကောင်စစ်ဝန်ရုံးက လုပ်တဲ့ ပွဲလမ်းသဘင်ဆို အကုန်လာကြတယ်၊ ကောင်စစ်ဝန်ရုံးကို ၀င်ထွက်ခဲ့ဖူးတဲ့ ထိုင်းသက်ကြီးရွယ်အိုတွေက အခုအချိန်အထိ တသသ ပြောကြတုန်းပဲ၊ အဲဒီတုန်းက မြန်မာကလည်း အခုလို မဆင်းရဲသေးတော့ သူတို့က လေးစားကြတယ်”လို့ သူက ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ မြန်မာအစိုးရကို တော်လှန်တဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ ပြည်ချစ် အဖွဲ့တွေ ချင်းမိုင်မှာ လာရောက် အခြေစိုက်တဲ့ အချိန်မှာ မြန်မာ ကောင်စစ်ဝန်ရုံးဘက်က မယုံသင်္ကာမှုများ ပိုများလာကာ၊ ကြောက်ရွံ့စိုးရိမ်လာတဲ့ အတွက် ကောင်စစ်ဝန်ရုံးနဲ့ ဒေသခံတွေ အကြားမှာ ဆက်ဆံရေး အေးစက်ခဲ့တယ်လို့ ဦးတင်ဝင်းက ရှင်းပြပါတယ်။

နောက်ပိုင်းမှာတော့ မြန်မာအစိုးရ ကိုယ်တိုင်က ချင်းမိုင်မှာရှိတဲ့ ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မှာ မြန်မာအစိုးရ ဆန့်ကျင်ရေး အင်အားစုများ ပိုမို အားကောင်းရာ ဒေသတခု ဖြစ် လာတာကြောင့် မြန်မာအစိုးရက ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဖို့ လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။

အခုလို နှစ်ပေါင်း ၄၀ ကျော် အကြာမှ ဒုတိယအကြိမ် မြန်မာကောင်စစ်ဝန်ရုံးကို ချင်းမိုင်မြို့မှာ ပြန်လည် ဖွင့်လှစ်ဖို့ လုပ်ဆောင် နေချိန်ဟာ မြန်မာအစိုးရနဲ့ ပြည်ပ အတိုက်အခံများ၊ လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေချိန်နဲ့လည်း တိုက်ဆိုင်လျက် ရှိနေပါတယ်။

ချင်းမိုင်မြို့ အခြေစိုက် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ဝင်၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ရဲ့အကြံပေး၊ ရှမ်း သံတော်ဆင့် သတင်းဌာန တည်ထောင်ခဲ့သူ အယ်ဒီတာချုပ်ဟောင်း ဦးခွန်ဆိုင်းက “မြန်မာ အစိုးရ ဆန့်ကျင်ရေး သမားတွေများတဲ့ ချင်းမိုင်မှာ ဖွင့်ဖို့ ကြိုးစားတဲ့ ရည်ရွယ်ချက်က အခုအချိန်မှာ ကောင်းတယ်လို့ ယူဆရပေမယ့်၊ အခု ဖော်ဆောင်နေတဲ့  ငြိမ်းချမ်းရေးဆိုတဲ့ အစီအစဉ်ကြီးသာ ပျက်သွားရင် အခြေအနေ တမျိုးဖြစ်သွားလိမ့်မယ်လို့ ထင်တယ်၊ ဒါပေမယ့် ရှမ်း လက် နက်ကိုင်တွေ အနေနဲ့က အိမ်ရှင် ထိုင်းတွေ မျက်နှာပျက်အောင် လုပ်မယ် မထင်ပါဘူး”လို့ ဧရာဝတီကို ပြောဆိုပါတယ်။

ချင်းမိုင်မြို့မှာ လာရောက် ဖွင့်လှစ်မယ့် မြန်မာကောင်စစ်ဝန်ရုံး အနေနဲ့ အစိုးရ အတိုက်အခံတွေ အပေါ်မှာ သူလျှိုလုပ်ဖို့ ဆို တာထက်၊ ဒီဒေသမှာ လာရောက် နေထိုင်နေတဲ့ မြန်မာ အလုပ်သမားများ အရေးကို အနီးကပ် ဆောင်ရွက် ပေးနိုင်ရင် ပိုကောင်းမွန်လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်စတဲ့ နိုင်ငံတွေက ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ် ထားကြပါတယ်။

ဧရာဝတီ
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ ကောင်စစ်ဝန် ရုံးကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။
ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်မှာ ချင်းမိုင်မြို့ကို ရောက်ရှိ လာပြီး ကောင်စစ် ၀န်ရုံး ဖွင့်လှစ်နိုင်ရေး အတွက် နေရာလာရောက် ရှာဖွေခဲ့တယ်လို့ မြန်မာသံရုံး အသိုင်းအ၀န်းက

မိုးသည်းထန်သဖြင့် လမ်းပေါ်ရေကျော် ကာ နေအိမ်များ ရေလွမ်းမှုဖြစ်ပွား

မိုးသည်ထန်းစွာ အဆက်မပြတ်ရွာသွန်းမှုကြောင့်တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီး မဏ္ဍိုင်မြို့နယ်ခွဲ ထောင်ငါးသိုင်းကျေးရွာအုပ်စု ၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၂၄/၅၇ နေရာ တွင် ကားလမ်းပေါ် ရေကျော် ၍ မြေနှိမ့်ပိုင်းရှိ လူနေအိမ်များ ရေလွမ်းမူ ဇူလိုင် ၂၃ ရက် နေ့ နံနက်ပိုင်း ကဖြစ်ပွားသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာ သွန်းမှုကြောင့် တောင်ကျရေများ

ဘာသာ ကူးပြောင်း မှုကြောင့် သေဒဏ် ချမှတ်ခံရပြီး လွတ်မြောက် ခဲ့သည့် ဆူဒန် အမျိုးသမီး အီတလီသို့ရောက်ရှိ

Photo: ဘာသာ ကူးပြောင်း မှုကြောင့် သေဒဏ် ချမှတ်ခံရပြီး လွတ်မြောက် ခဲ့သည့် ဆူဒန် အမျိုးသမီး အီတလီသို့ရောက်ရှိ
Friday, July 25, 2014

အစ္စလာမ် ဘာသာဝင် အဖြစ်မှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်း ကိုးကွယ်မှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး လွတ်မြောက်ခွင့် ရခဲ့သည့် ဆူဒန် အမျိုးသမီး မာရီယမ် အီဘရာဟမ်မှာ ကြာသပတေးနေ့ (ဇူလိုင် ၂၄ ရက်)တွင် အီတလီ နိုင်ငံသို့ ရောက်ရှိ သွားပြီ ဖြစ်သည်။သူမသည် အမေရိကန် သံရုံးတွင် တစ်လကျော်ကြာ ခိုလှုံ နေထိုင်ခဲ့ ပြီးနောက် အီတလီသို့ ထွက်ခွာ နိုင်ခဲ့ခြင်း ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် ခရစ်ယာန် ဘာသာဝင် ခွင်ပွန်းဖြစ်သူ ဒန်နီရယ် ဝင်နီနှင့် လက်ထပ်ခဲ့ပြီး ၎င်းတို့တွင် ကလေးနှစ်ဦး ရှိသည်။ ဒန်နီရယ် ဝင်နီမှာ တောင်ဆူဒန် မှ ဖြစ်ပြီး အမေရိကန် နိုင်ငံသား တစ်ဦး ဖြစ်သည်။ မာရီယမ် အီဘရာဟမ် မိသားစုအား အစိုးရ ဧည့်သည် အဖြစ် အီတလီက ဖိတ်ခေါ် ခဲ့ခြင်းဟု ဆိုသည်။ ဘာသာ ကူးပြောင်း မှုကြောင့် သေဒဏ် ချမှတ် ခံရသည့် သူမ၏ ဖြစ်ရပ်မှာ နိုင်ငံတကာ မီဒီယာ များကြား ထင်ရှားသည့် သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။

Ref: BBC

Credit to Mizzima
အစ္စလာမ် ဘာသာဝင် အဖြစ်မှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်း ကိုးကွယ် မှုကြောင့် သေဒဏ် ချမှတ်ခံခဲ့ရပြီး လွတ်မြောက်ခွင့် ရခဲ့သည့် ဆူဒန် အမျိုးသမီး မာရီယမ် အီဘရာဟမ်မှာ ကြာသပတေးနေ့ (ဇူလိုင် ၂၄ ရက်)တွင် အီတလီ နိုင်ငံသို့ ရောက်ရှိ သွားပြီ ဖြစ်သည်။သူမသည် အမေရိကန် သံရုံးတွင် တစ်လကျော်ကြာ ခိုလှုံ နေထိုင်ခဲ့ ပြီးနောက် အီတလီသို့ ထွက်ခွာ နိုင်ခဲ့ခြင်း ဖြစ်သည်။ အသက်

င်ငံတကာ အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်မှာ ပြန်လည် အကူအညီပေးဖို့ အစိုးရဖိတ်ခေါ်

Photo: င်ငံတကာ အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်မှာ ပြန်လည် အကူအညီပေးဖို့ အစိုးရဖိတ်ခေါ်
Friday, July 25, 2014

ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းပေါင်း ၂၀ကျော်  အနေနဲ့ လုပ်ငန်းတွေပြန်ပြီးလုပ်ကိုင် ကြဖို့ မြန်မာအစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရက မနေ့က ဖိတ်ခေါ်လိုက်ပါတယ်။ အဲ့ဒီ့အဖွဲ့တွေထဲမှာ အထူးသဖြင့် MSF လို့ခေါ်တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ လည်း ပါဝင်ပါတယ်။ အခုလို မြန်မာအစိုးရရဲ့ဖိတ်ခေါ်ချက်ကို MSF အဖွဲ့ကလည်း ကြိုဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကပြောပြမှာပါ။

ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ရက်စွဲနဲ့ ရခိုင်ပြည်နယ်ကနေ MSF လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ မြန်မာအစိုးရက အမိန့်ပေးခဲ့ပြီးနောက် အဲ့ဒီပြည်နယ်မှာ အခုလို လုပ်ကိုင်ခွင့် ပြန်ပေးလိုက်တာကို ကြိုဆိုကြောင်း ဗွီအိုအေကို ဂျနီဗာအခြေစိုက် MSF က ဗွီအိုအေကို Emailနဲ့ ပေးပို့တုန့်ပြန်ခဲ့ပါတယ်။

အဲ့ဒီ့အထဲမှာ ရေးသားထားတာကတော့  ရခိုင်ပြည်နယ် မှာ လူသားချင်း စာနာမှု ဆိုင်ရာ ဆေးဝါးကုသမှု လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ခွင့် ပေးတဲ့အတွက် ဒီကနေ့ မြန်မာအစိုးရရဲ့ ဖိတ်ခေါ်ချက်ကို MSF ကကြိုဆိုကြောင်း၊ 
လက်ရှိ လူသားချင်း စာနာမှုဆိုင်ရာ အတိဒုက္ခတွေရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်ရှိ လူတွေကို အသက်ကယ်ဆေးဝါးကုသမှုတွေ ချက်ချင်း ဘယ်လိုတိုးချဲ့ပေးရာမှာ MFS အနေနဲ့ ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်ဖို့လည်း မျှော်လင့်ကြောင်း MSF ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို MSF ရဲ့အကူအညီပေးရေးလုပ်ငန်းတွေ ရခိုင်ပြည်နယ် တွင်းပြန်စဖို့ အရေးနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီရဲ့ အမှုဆောင်တဦးဖြစ်သူ ဦးဦးလှစောက  သူရဲ့အမြင်ကို အခုလိုပြောပါတယ်။

"နိုင်ငံတကာ အဖွဲ့အစည်းတွေကို သူတို့ ပြန်ပြီးတော့ ဖိတ်ခေါ်တာပေါ့လေ။ အချို့လည်း ရောက်နေကြပါပြီ။ မတ်လ ၂၆၊ ၂၇မှာ ပြဿနာ တခု ဆိုးဆိုးရွားရွား ဖြစ်တယ်။ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ် ဆိုတာ နှစ်ဖက်လုံးမှာ၊ နှစ်ဖက်လုံးမှာဆိုတာ NGO အဖွဲ့အစည်းတွေမှာ လည်း ဘက်လိုက်မှုတွေ ရှိတယ်ပေါ့။ NGO အဖွဲ့အစည်းဆိုတာ အကုန်လုံးကို ဆိုလိုတာမဟုတ်ဘူးခင်ဗျ။ MSF ရှိတယ်။ တချို့အဖွဲ့အစည်းတွေပေါ့။ အများစုကတော့ ကောင်းပါတယ်။ ဆိုးဆိုးရွားရွား လုပ်တဲ့အဖွဲ့တွေ ရှိတာပေါ့လေ။ အဲ့တော့ အဲ့ဒီ့အပေါ်မှာ လူထုက အမြင်မရှင်းဘူး။ မရှင်းတဲ့အခါကျတော့ ဒီဘက်ကလည်း ဥပဒေမဲ့ တုန့်ပြန်လိုက်တယ်ပေါ့လေ။ ဥပဒေမဲ့ တုန့်ပြန်တော့ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဆိုးဆိုးရွားရွား ဖြစ်တယ်ဆိုတော့ အခုအခြေအနေကို ပြန်လည် ထိန်းဖို့ ကြိုးစားတယ်။

လူထုအတွက်လည်း အကျိုးရှိမယ်။ နိုင်ငံတကာဘက်မှာလည်း သူ့အနေနဲ့ အစိုးရအတွက်သော်လည်းကောင်း၊ သူ့အတွက်သော်လည်းကောင်း၊ နည်းနည်းလုပ်နိုင်ကိုင်နိုင် စွမ်းရည်ကိုပြတယ်။

မေး။   ။အဲတော့ အနာဂတ်မှာ ရခိုင်ဒေသခံတွေနဲ့ NGO တွေကြားမှာ နားလည်မှုလွဲမှားတဲ့ပြဿနာတွေ ဆက်ပြီး မဖြစ်ပေါ်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲလို့ မြင်လဲရှင့်။

" သူတို့ဖွဲ့ထားတဲ့ ECC ဆိုတာရှိတယ်။ ECC နဲ့ အစိုးရအဖွဲ့တွေနဲ့ NGO ကြားထဲမှာတော့ အဲ့ဒီ့လို ဆောင်ရန်၊ ရှောင်ရန် တွေပေါ့လေ။ NGO၊ INGO တွေကို Watch Dog အဖွဲ့တွေ လုပ်တယ်ဆိုတာတော့ ကြားတယ်။ စောင့်ကြည့်ရေးအဖွဲ့တွေ လုပ်တယ်။ နောက် MOU Check-up လုပ်တာတွေ သူတို့ရဲ့ Activities တွေကို Regular Check Up လုပ်မယ်။ နောက် Movement တွေ Check Up လုပ်မယ်။ အဲ့တာတွေနဲ့ပတ်သက်ပြီးတော့ NGO တွေနဲ့ INGO တွေနဲ သူတို့နဲ့ကြားထဲမှာ နားလည်မှုတော့ ရထားပုံပေါ်တယ်။ နှစ်ဦးနှစ်ဖက် နားလည်မှု တစုံတရာ ရှိတဲ့အတွက်ကြောင့် သူကတော့ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တာလို့ပဲ ကျနော်မြင်ပါတယ်။"

မနေ့ကထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်အစိုးရရဲ့ ၁/၁၄ ဆိုတဲ့ ထုတ်ပြန်ကြေညာချက် မှာလည်း အခုလို ပြည်နယ် အစိုးရအနေနဲ့ MSF အပါအ၀င်  နိုင်ငံတကာ NGO အဖွဲ့တွေကို ပြန်ပြီးဖိတ်ခေါ်တာဟာ ဇွန်လ ၂၆ နဲ့ ၂၇ ရက်နေ့ကကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ECC၊ လူထုအခြေပြု ကိုယ်စားလှယ်အဖွဲ့တွေ၊ မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးပွဲ ရလာဒ်ကို အကောင်အထည်ဖေါ် တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ရဲ့ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကို ခေတ္တ ရပ်ဆိုင်းထားရမယ်လို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလက ကြေညာခဲ့တာပါ။ ဇန်န၀ါရီလက ရခိုင်ပြည်နယ် ဒူချီယားတန်း မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်လို့ MSF ရဲ့ စိုးရိမ်မကင်းဖြစ်မှု ထုတ်ဖေါ်ပြောကြားချက်တွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် လုပ်ငန်းတွေကို ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။ 

MSF ဟာ ဒုက္ခသည်စခန်းတွေထဲ မှာနေထိုင်ကြတဲ့ မူဆလင်ရိုဟင်ဂျာဒုက္ခသည် တသိန်းကျော်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးကုသမှုတို့ကို အဓိက အထောက်အကူ ပေးနေတာဖြစ်ပါတယ်။ ရခိုင်ဒေသခံတွေဘက်က MSF လုပ်ငန်းတွေဟာ မူဆလင်ရိုဟင်ဂျာတွေအပေါ် ဘက်လိုက်တယ်၊ ထင်သာမြင်သာမရှိဘူးဆိုပြီး စွပ်စွဲထားပါတယ်။

 ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိထားတဲ့  MSF အဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာ ၂၂ နှစ်နီးပါးကြာအောင် လုပ်ကိုင်ခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ ကျန်းမားရေးကို စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခြေခံ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတို့ကို ဒုက္ခသည်စခန်းတွေမှာ သွားရောက်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဇွန်လကလည်း ကုလရဲ့ အရေးပေါ်ကယ်ဆယ်ရေး OCHA ရဲ့ လက်ထောက် အတွင်းရေးမှုးချုပ် ကျုံဝှာခမ်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး စခန်းတွေရဲ့ ဆိုးရွားလာတဲ့အခြေအနေအကြောင်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

အခုလို မြန်မာအစိုးရရဲ့ ဖိတ်ခေါ်တဲ့ ကြေညာချက်ထွက်ပေါ်လာချိန်မှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယွန်ဟီလီ မြန်မာနိုင်ငံကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

VOA

ရခိုင်မူဆလင်ဒုက္ခသည်စခန်း။
ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းပေါင်း ၂၀ကျော် အနေနဲ့ လုပ်ငန်းတွေပြန်ပြီးလုပ်ကိုင် ကြဖို့ မြန်မာအစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရက မနေ့က ဖိတ်ခေါ်လိုက်ပါတယ်။ အဲ့ဒီ့အဖွဲ့တွေထဲမှာ အထူးသဖြင့် MSF လို့ခေါ်တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ လည်း ပါဝင်ပါတယ်။ အခုလို မြန်မာအစိုးရရဲ့ဖိတ်ခေါ်ချက်ကို MSF

Algeria လေယာဉ်ပျက်ကျရာ နေရာတွေ့ပြီ

Photo: Algeria လေယာဉ်ပျက်ကျရာ နေရာတွေ့ပြီ
Friday, July 25, 2014

ပျက်ကျသွားတဲ့ အဲ Air Algerie လေယာဉ်ပျက်ရှိရာနေရာကို ရှာဖွေနေသူတွေက တွေ့ရှိထားပြီလို့ မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita ကပြောပါတယ်။ Burkina Faso ကနေ Algeria ကို ပျံသန်းနေစဉ် Air Algerie လေယာဉ်ဟာ ပျောက်ဆုံးသွားခဲ့တာပါ။ လေယာဉ်ပျက်ဟာ Mali နိုင်ငံ အရှေ့မြောက်ပိုင်း သဲ ကန္တာရ ဒေသမှာ ရှိနေတယ်လို့ မစ္စတာ ကီယာတာ က ပြောပါတယ်။ Bamako မြို့မှာ ကျင်းပနေတဲ့ အစည်းဝေးတခုအတွင်း မစ္စတာ Keita  က အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။
 
အသက်ရှင်ကျန်ရစ်သူ ရှိမရှိဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ တာဝန်ရှိသူတွေ  အပြောအရ လေယာဉ်ပေါ်မှာ လူ ၁၁၆ ဦး လိုက်ပါသွားတယ်လို့ ဆိုပါတယ်။
 
အာဖရိက အနောက်ပိုင်းမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေယာဉ်တွေ ကလည်း လေယာဉ်ပျက်ရှာဖွေရာမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ စောစောပိုင်း ကတော့ အဲဒီလေယာဉ်ဟာ ပျက်ကျသွားတာဖြစ်ဖို့ များတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

VOA

Air Algerie လေကြောင်းပိုင်လေယာဉ်တစ်စင်း။ 
 ပျက်ကျသွားတဲ့ အဲ Air Algerie လေယာဉ်ပျက်ရှိရာနေရာကို ရှာဖွေနေသူတွေက တွေ့ရှိထားပြီလို့ မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita ကပြောပါတယ်။ Burkina Faso ကနေ Algeria ကို ပျံသန်းနေစဉ် Air Algerie လေယာဉ်ဟာ ပျောက်ဆုံးသွားခဲ့တာပါ။ လေယာဉ်ပျက်ဟာ Mali နိုင်ငံ အရှေ့မြောက်ပိုင်း သဲ ကန္တာရ ဒေသမှာ ရှိနေတယ်လို့ မစ္စတာ ကီယာတာ က ပြောပါတယ်။ Bamako

အိမ်ဖော်ကလေးငယ်ကို ညှဉ်းပမ်းနှိပ်စက်မှုဖြင့် စွပ်စွဲခံရသူ လင်မယား တိမ်းရှောင်နေ

အသက် ၁၄နှစ်အရွယ် အိမ်ဖော် ကရင်တိုင်းရင်းသူတစ်ယောက်ကို ပိတ်လှောင်ထားပြီး ညှဉ်းပမ်းနှိပ်စက်ခဲ့တဲ့အမှုနဲ့ ကိုယ့်မင်းကိုယ်ချင်းလမ်းထဲက အိမ်ရှင်လင်မယား ထွက်ပြေးတိမ်းရှောင်နေ တယ်လို့ ဗဟန်းရဲစခန်းက ဇူလိုင် ၂၄မှာ အတည်ပြုလိုက်ပါတယ်။ ကလေးငယ်ရဲ့လက်ကို ဆီပူအိုးထဲထည့်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဘာ့ကြောင့်နှိပ်စက်ခဲ့တာလဲ။

ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းမိသားစုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်နိုင်ရန် ကိုယ်ပိုင်ဝင်ငွေရရှိရေး ဆောင်ရွက်မည်

ကချင်ပြည်နယ်တွင် စစ်မက်ပဋိပက္ခဖြစ်ပွားခြင်းကြောင့် စစ်ဘေး ဒဏ်သင့်နေရပ်ရွှေ့ပြောင်းလာသူ မိသားစုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် ကိုယ်ပိုင်ဝင်ငွေ ရရှိရေးကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ သိရသည်။

သိမ်းဆည်းခံ လယ်ယာ၊ ဖမ်းဆီးခံ လယ်သမားများနှင့်ပတ်သက်၍ ၈၈ မျိုးဆက်အဖွဲ့ (ငြိမ်း/ပွင့်) မှ သဘောထားကြေညာချက် ထုတ်ပြန်

Photo: သိမ်းဆည်းခံ လယ်ယာ၊ ဖမ်းဆီးခံ လယ်သမားများနှင့်ပတ်သက်၍ ၈၈ မျိုးဆက်အဖွဲ့ (ငြိမ်း/ပွင့်) မှ သဘောထားကြေညာချက် ထုတ်ပြန်
Friday, July 25, 2014

သိမ်းဆည်းခံ လယ်ယာ၊ ဖမ်းဆီးခံ လယ်သမားများနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ကာယကံရှင်လယ်သမားများ ပူးပေါင်းပြီးသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက ၈၈ မျိုးဆက်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကန့်ဘလူ၊ ထားဝယ်၊ ရှမ်းပြည်နယ်တို့မှ လယ်သမားများလည်း တက်ရောက်ကာ မီဒီယာများအား လယ်ယာမြေသိမ်းဆည်းခံရမှုများ နှင့်တရားစွဲဆိုထောင်ချခံနေရသည့် ဖြစ်စဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုမင်းကိုနိုင်က“ကန့်ဘလူ တစ်မြို့နယ်တည်းမှာတင် တရားစွဲခံရတဲ့ လယ်သမားတွေက ၄၅ဝ လောက် ရှိနေတယ်။ ဒီထဲက ၅၆ ယောက်ကို ထောင်ချလိုက်ပါပြီ။ ထောင်ချပြီးတဲ့အခါ ထောင်တွေကိုလည်း အကုန်ခွဲပြီး ရွှေ့လိုက်ပါတယ်။ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ လက္ခဏာပါ။ မြို့နယ်တစ်ခုတည်း ၄၅ဝ လောက် တရားစွဲဆိုခံရတာဆိုရင် ကျန်တဲ့မြို့နယ်တွေမှာ ဘယ်လောက်များမလဲဆိုတာကို ခန့်မှန်းလို့ရနေပါပြီ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပိုပြီးအရေးကြီးပါတယ်။ သတင်းသမားတွေ လက်လှမ်းမမီတဲ့ နေရာတွေမှာ ဘယ်လောက်အနိုင်ကျင့်နေသလဲဆိုတာ ကျွန်တော်တို့ အချက်လက်တွေရဖို့လိုပါတယ်” ဟု လယ်သမားများ ဖမ်းဆီးထောင်ချခံရမှုအပေါ် သုံးသပ်သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုထွန်းမြင့်အောင်က“လက်ရှိအစိုးရသက်တမ်းက ပြည့်တော့မယ်။ လယ်ယာမြေကိစ္စတွေကို အခုထိပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘူး။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လယ်သမားတွေကို ဖမ်းဆီးထောင်ချတာတွေက မဖြစ်သင့်တဲ့ကိစ္စပါပဲ” ဟု ရှင်းလင်းပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်တွင် လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းတစ်ကြိမ် ပြည့်လုနီးနီး ရောက်လာသော်လည်း လယ်သမားထု၏ ဘဝအခြေနေမှာ မျှော်လင့်တောင့်တသကဲ့သို့ ဖြစ်မလာခဲ့ကြောင်း၊ ဘိုးဘွားပိုင် ဓားမဦးချ မြေများမှ မတရားသဖြင့် သိမ်းဆည်းခံနေရဆဲဖြစ်ကြောင်း၊ နိုင်ငံအနှံ့မှ လယ်သမားများသည် ပုဒ်မအမျိုးမျိုးဖြင့်ဖမ်းဆီးခံနေရ တရားစွဲဆိုခံနေရကြောင်း ပါရှိသည်။

ထို့အပြင် စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်စွမ်းရှိသော လယ်သမားများ ဖမ်းဆီးချုပ်နှောင်ခံနေရခြင်း၊ စိုက်ပျိုးမြေများလက်လွှတ်ဆုံးရှုံးနေရခြင်းသည် တိုင်းပြည်၏စိုက်ပျိုးစီးပွားကဏ္ဍကို များစွာထိခိုက်စေသဖြင့် မြေသိမ်း၊ လူဖမ်းလုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးလုပ်ငန်းစဉ်များကို အစိုးရတစ်ရပ်အနေဖြင့် ကြွေးကြော်ရုံသက်သက်မျှ မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။

သိမ်းဆည်းခံ လယ်ယာ၊ ဖမ်းဆီးခံ လယ်သမားများနှင့်ပတ်သက်၍ ၈၈ မျိုးဆက်အဖွဲ့ (ငြိမ်း/ပွင့်)နှင့် ကာယကံရှင်လယ်သမားများ ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်

Eleven
သိမ်းဆည်းခံ လယ်ယာ၊ ဖမ်းဆီးခံ လယ်သမား များနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ကာယကံရှင် လယ်သမားများ ပူးပေါင်းပြီးသတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက ၈၈ မျိုးဆက်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကန့်ဘလူ၊ ထားဝယ်၊ ရှမ်းပြည်နယ်တို့မှ လယ်သမားများလည်း တက်ရောက်ကာ မီဒီယာများအား လယ်ယာမြေ သိမ်းဆည်းခံရမှုများ နှင့် တရားစွဲဆိုထောင် ချခံနေရသည့် ဖြစ်စဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှု၊ ၀ယ်ယူငွေများ ငွေဖြူ ဟုတ် မဟုတ် စသည်တို့နှင့် ပတ်သက်၍ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေဟု ဆိုထား

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ ဝယ်ယူငွေများ ငွေဖြူ ဟုတ် မဟုတ်စသည်တို့နှင့်ပတ်သက်၍ လည်းကောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြောကြားသည်။

လားရှိုး-ကွမ်းလုံ ကားလမ်းပေါ်တွင် မြေပြိုမှုကြောင့် မြေတူးစက် ကျသွားသောဖြစ်စဉ်မှ ယာဉ်အကူအား တစ်ရက်ကျော်အကြာ၌ အသက်ရှင်လျက် ပြန်တွေ့

ဇူလိုင် ၂၂ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-ကွမ်းလုံ ကားလမ်းပေါ်တွင် ဇူလိုင် ၂၂ ရက်က ဖြစ်ပွားခဲ့သော လူနှစ်ဦးပါဝင်သော မြေတူးစက်တစ်စီး မြေပြို မှုကြောင့် ပေ ၁ဝဝ ခန့်အနက်သို့ ပြုတ်ကျ သွားခဲ့ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ ဇူလိုင် ၂၃ ရက် ည ၇ နာရီခန့်တွင် မြေတူးစက်မှ ယာဉ်အကူ ကျော်ဇင်အား မြေကြီးအောက်တွင် အသက်ရှင်လျက် တွေ့ရှိခဲ့သည်။