Thursday, February 6, 2014

ကောင်းခါး၌ ပြည်သူ့စစ် ဝတ်စုံဝတ်ဆင်သူများ၏ ဖမ်းဆီးခံရသူ ကျပ်သိန်း ၆၀၀ နီးပါးလျော်မည်ဟု ဝန်ခံပြီးနောက် ပြန်လွှတ်

ရှမ်းပြည်နယ် လားရှိုးမြို့နယ် တရားရုံး ရုံးထုတ် အချုပ်ခန်းမှ တရားရုံး၏ အမိန့်ဖြင့် လွှတ်ပေးလိုက်သည့် အမျိုးသားတစ်ဦးကို ပြည်သူ့စစ်ဝတ်စုံ ဝတ်ဆင်ထားသူများက ဖမ်းဆီးသွားပြီး ရှစ်ရက်ခန့် အကြာ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စွပ်စွဲခံထားရသော အလွဲသုံးစားမှုအတွက် ကျပ်သိန်း ၆၀၀ နီးပါး ပေးလျော်မည်ဆိုသည့် ကတိကြောင့် အိမ်ပြန်ပို့ပေးကြောင်း ကာယကံရှင် ဖြစ်သူ ဦးမျိုးသက်ပိုင်က ပြောကြားသည်။

မိုးမိတ်-မန္တလေးလမ်းတွင် ရေသန့် ဖြန့်ချိရေးကားကို အဖွဲ့အစည်းတစ်ခုက ဆပ်ကြေးတောင်း

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ AHA သောက်ရေသန့်လုပ်ငန်းက ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်သို့ သွားရောက်ကာ ဈေးကွက်ဖြန့်ချိပြီး အပြန် မိုမိတ်မြို့နှင့် ၁၃မိုင်ခန့်အကွာ အရောက်တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက ငွေကျပ်ခြောက်သိန်း ဆပ်ကြေးအဖြစ်တောင်းခံခဲ့သဖြင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု AHA သောက်ရေသန့် ပြင်ပဆက်ဆံရေး မန်နေဂျာ ဦးခိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

ကမ္ဘာ့ သက်တမ်းအတိုဆုံး အိမ်ထောင်သက်တမ်းကို ယူအေအီးက စံချိန်တင်


ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ နေထိုင်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက ဖြစ်ရပ် ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီး တစ်မိနစ်မကြာပဲ ကွာရှင်းခဲ့ခြင်း ဖြစ်ပါတယ်။

အမျိုးသမီးဖြစ်သူရဲ့ ဖခင်ဟာ သမီးလေး အိမ်ထောင်ပြုပြီးမှ အလုပ်ရာထူး တစ်ခု ပေးမယ်လို့ ဆိုထားတာကြောင့် သူ့အတွက် မိတ်ဆွေအမျိုးသားက ကူညီပေးခဲ့ခြင်း ဖြစ်ပြီး တရားရုံးမှာ မင်္ဂလာဆောင်

မှန်ချပ်ပါကင်ထုပ် ပိမိသဖြင့် သေဆုံး

၅.၂.၂၀၁၄ ရက်နေ့ ၁၄၃၀ ချိန် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် အင်းစိန်ဆေးရုံတွင် အမျိုးသားတစ်ဦးမှာ မှန်ချပ်များပိမိပြီးသေဆုံး သွားသဖြင့် ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ မောင်အောင်အောင်ဖြစ်ပြီး ရင်ဘတ်ညိုမဲဒဏ်ရာ၊ ၀ဲခြေဖမိုးပြတ်ရှဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဆင်ဘိုမြို့နယ်ခွဲအတွင်း ကျေးရွာများထံမှ ဆန်အိတ်များကို KIA အဖွဲ့မှ အဓမ္မ လာရောက်တာင်းယူ

မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲအတွင်းရှိ ကျေးရွာများထံမှ ဆန်အိတ်များကို KIA တပ်ရင်း(၅)မှ ဗိုလ်ကြီးဇော်တူး ဦးဆောင်သောအဖွဲ့က ယနေ့ (၆၊၂၊၂၀၁၄) ရက်နေ့တွင် လက်နက်အားကိုးနဲ့ အဓမ္မလာရောက်တောင်းယူသွားခဲ့တယ်လို့ သိရှိရသည်။
ဆင်ဘိုမြို့နယ်ခွဲအတွင်း တောပင်လုံ၊ ပင်တော်၊ မံကင်း၊ မံဖွား၊ နောင်ပွဲ၊ နယ်ခြား၊ ကျွန်းဦး အစရှိသည့်ကျေးရွာများမှ တစ်ရွာလျှင် (၅)ယောက် KIA တပ်သားသစ်အဖြစ် ပေးဆောင် ရန် ကျေးရွာ လူကြီးများထံ (၁၈၊၉၊၂၀၁၃)ရက်နေ့က တောင်းခံစာများ ပေးပို့ထားခဲ့ပြီး

နှလုံးရောဂါ အတွက် သိသင့်သော အရေးကြီး လက္ခဏာ သုံးရပ်



၁။ ရင်ဘတ်အောင့်တာမပျောက်ရင်

ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။

ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။

ကမ္ဘာ့စိတ်ပျက်ဖွယ်အကောင်းဆုံး နယ်စပ် (တောင်-မြောက် ကိုရီးယား)

ကမ္ဘာ့စိတ်ပျက်ဖွယ်အကောင်းဆုံး နယ်စပ် (တောင်-မြောက် ကိုရီးယား)

ကမ္ဘာ့စိတ်ပျက်ဖွယ် အကောင်းဆုံး နယ်စပ် ကတော့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား နယ်စပ် ဖြစ်ပါတယ်။ 

ပုံမှာပြသထားတာကတော့ Joint Security Area မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ကိုခွလို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အတွက် တည်ဆောက်ထားတဲ့ အဆောက်အအုံမှာ ဖြစ်ပါတယ်။ အဆောက်အအုံ မှာတော့မှာ သူ့ဘက်ကိုယ့်ဘက် ထပ်ခွဲထားပါသေးတယ်။ 

တောင်ကိုရီးယားတစ်ဖက်ခြမ်းမှာ တံခါးဖွင့်မယ်ဆိုရင်ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း နောက်မှာ တစ်ယောက်က လက်နဲ့ဆွဲထားရပါတယ်။ အကြောင်းကတော့ ဖွင့်တဲ့အခါ ဟိုဘက်က ဆွဲထည့်ပြီး ရန်ပြုမှာစိုးလို့ ဖြစ်ပါတယ်။ တစ်ဖက်နယ်မြေကိုရောက်သွားရင် ဘယ်သူမှ ကယ်လို့မရတော့ပါဘူး။ နယ်မြေကို ခြေတစ်လှမ်းကျွံတာနဲ့ ကျွံတဲ့ ခြေထောက်ကို ဖြတ်ဖို့လောက်ထိတောင် နှစ်ဖက်လုံးက စည်းကမ်းများ တင်းကြပ်ထားပါတယ်။ 

မြောက်ကိုရီးယားဘက်က တံခါးဖွင့်ရင်လည်း တောင်ကိုရီးယားလိုပဲ တစ်ယောက်လည်း တစ်ယောက်ဆွဲလို့ အဆင့်ဆင့်ခံပါတယ်။ ဒါက အဆောက်အအုံထဲမှာပါ။ အဆောက်အအုံအပြင်မှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ၁ ပေဝန်းကျင်မှ အကွာလောက်သာ ခြားပြီး ရပ်နေကြပါတယ်။ 

အတွင်းကော အပြင်မှာပါ ကမ္ဘာမှာ မရှိဖူးသေးတဲ့ နယ်စပ်စည်းမျဉ်း စည်းကမ်း များ ချမှတ်ထားပြီး တစ်ဖက်နဲ့တစ်ဖက် ရန်လိုတဲ့ အကြည့်များနဲ့ ကင်းစောင့်နေကြပါတယ်။ အားလုံးက အသင့် အနေအထားပါပဲ။ တစ်ဖက်ဆီမှာလည်း အနည်းဆုံး စစ်သေားထောင်ချီ ရှိနေပြီး အရေးကြီး အခြေအနေဆိုရင် သောင်းချီ၊ သိန်းချီတောင် ရှိပါတယ်။  တောင်ကိုရီးယား စခန်းဘက်ကမှာ အမေရိကန် စစ်သားများလည်း ရှိနေပါတယ်။ 

Joint Security Area မှာရှိတဲ့ ဆွေးနွေးခန်းတစ်ခုဆို ရင် တောင် ကော မြောက်ကိုရီးယားပါ ပိုင်ဆိုင် ပါတယ်။ တောင် နဲ့ မြောက်ကြားမှာ ဘေးမဲ့ တော တစ်ခုလည်း ထားရှိပါတယ်။ ယင်းတောထဲမှာလည်း လှုပ်လှုပ်ရှားရှား တစ်ကောင်ကောင် တွေ့ ရင် တောင်ရော၊ မြောက်ဘက်က စစ်သားများက လက်နက်မျိုးစုံနဲ့ ပစ်ခတ်ပါတယ်။ 

တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်က ထူးခြားချက်နဲ့ ဓာတ်ပုံများကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://www.businessinsider.com/north-and-south-korea-dmz-border-is-a-warzone-2013-2?op=1

အောင်ခမ်း ( ရိုးရာလေး ) 

.
ကမ္ဘာ့စိတ်ပျက်ဖွယ် အကောင်းဆုံး နယ်စပ် ကတော့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား နယ်စပ် ဖြစ် ပါတယ်။

ပုံမှာပြသထားတာကတော့ Joint Security Area မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ကို ခွလို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အတွက် တည်ဆောက်ထားတဲ့ အဆောက်အအုံမှာ ဖြစ် ပါတယ်။ အဆောက်အအုံ မှာတော့မှာ သူ့ဘက်ကိုယ့်ဘက် ထပ်ခွဲထားပါသေးတယ်။

တပ်သိမ်းမြေ ဧကတစ်သိန်းခွဲကျော် ပြန်ပေးရန် ကာချုပ် ထပ်မံခွင့်ပြု

တပ်မတော် အစိုးရလက်ထက်တွင် စီမံကိန်းများဖြင့် သိမ်းဆည်းထားသော မြေဧက တစ်သိန်းခွဲကျော်ကို မူလပိုင်ရှင်များထံသို့ ပြန်လည် ပေးအပ်ရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံခွင့်ပြုထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

ကျောက်မျက်ဈေးဖွင့်ပြီးနောက် နေပြည်တော် သပြေကုန်းဈေး အိမ်ခြံမြေဈေးကွက် တုံ့နှေး

နေပြည်တော်သပြေကုန်းဈေးအိမ်ခြံမြေဈေးကွက်သည် ၂၀၁၃ ခုနှစ်နှောင်း ပိုင်းတွင် ရွှေကြာပင် ရပ်ကွက်၌ ကျောက်မျက်ဈေးဖွင့်လှစ်ပြီးနောက် အရောင်းအ၀ယ်များ တုံ့နှေးလျက် ရှိသည်ဟု နေပြည်တော်ကောင်စီ နယ်မြေရှိ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်များက ဖေဖော်ဝါရီ ၅ ရက်က တညီတညွတ်တည်း ပြောသည်။

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အလုပ်ရှင်၊ အလုပ်သမားကြား ကန့်ကွက်မှုများကြောင့် ကြန့်ကြာနိုင်

အနိမ့်ဆုံးလုပ်ခလစာကို ၂၀၁၄ ခုနှစ်အတွင်း သတ်မှတ်နိုင်ရန် ဆောင်ရွက်နေသော်လည်း အလုပ်ရှင် အလုပ်သမားကြား နှစ်ဖက်ကန့်ကွက်မှုများကြောင့် သတ်မှတ်နိုင်ရေး ပိုပြီးကြန့်ကြာနိုင်သည်ဟု အလုပ် သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

ဦးသိန်းစိန်အစိုးရ နိုင်ငံရေးပြဿနာကို ဖြေရှင်းလိုစိတ်မရှိဟု ကေအိုင်အိုဥက္ကဋ္ဌ ဝေဖန်

သမ္မတဦးသိန်းစိန်အစိုးရသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းချင်စိတ်မရှိဟု ကချင်လွတ် လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ လညော်ဇောင်းဟရားက ဖေဖော်ဝါရီ ၅ ရက်တွင်ကျရောက်သည့် ကချင့်တော် လှန်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်း ဝေဖန်ပြောကြားလိုက်သည်။
“အစိုးရက ပြည်တွင်းစစ်ကို နိုင်ငံရေးအရဖြေရှင်းချင်တဲ့စိတ် မရှိသေးဘူး ဆိုတာကို ကောင်းကောင်းတွေ့ မြင်နေတယ်။ ဒါပေမဲ့ အဲဒီစိတ်ဓာတ်ပေါ်လစီကို ပြောင်းလဲလာအောင် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်းများ ဆက်ကြိုးပမ်းနေပါတယ်”ဟု ကေအိုင်အိုဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့်ခေတ်မမီတော့သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ

စနစ်တစ်ခု အသွင်ကူးပြောင်းနေသည့်ကာလတွင် ဦးတည်သွားနေသည့် စနစ်နှင့် မကိုက်ညီတော့သော စနစ်ဟောင်း၏ ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲရန် အရေးတကြီး လို အပ်ပါသည်။

ထိုသို့ မလုပ်ဆောင်ပါက ဒီမိုကရေစီစနစ်သို့ ဦးတည်လျှောက်လှမ်းသည့် လမ်းခရီးတွင် အချင်းချင်း ပွတ် တိုက်မှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ၊ အကျိုးစီးပွားချင်း ဆန့်ကျင်ရာတွင် ခေတ်မမီတော့သည့် ဥပဒေဖြင့် ဆုံးဖြတ်ကြလျှင် ပဋိပက္ခအသွင်၊ ပွတ်တိုက်မှုအသွင် ပေါ်ပေါက်လာမည် ဖြစ်ပေသည်။

သိမ်းထားသည့်မြေများအနက် မြေဧက ၁၅၀၀၀၀ ကျော် စွန့်လွှတ်ရန် ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်းလုပ်ငန်းစဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဒုတိယ၀န်ကြီး ပြောကြား

သိမ်းထားသည့်မြေများအနက် မြေဧက ၁၅၀၀၀၀ ကျော် စွန့်လွှတ်ရန် ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်းလုပ်ငန်းစဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဒုတိယ၀န်ကြီး ပြောကြား

ဖေဖော်ဝါရီ ၆ ရက် ၂၀၁၄

သိမ်းထားသည့် လယ်မြေများအနက်မှ မြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ ဧကအား ပြန်လည်စွန့်လွှတ်ရန်အတွက် တပ်မတော် အကြီးအကဲထံမှ အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်းလုပ်ငန်းစဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးအလိုက် ဘယ်လောက်စွန့်လွှတ်သွားမယ်ဆိုတာ မကြာခင် သတင်းစာများမှာ ထည့်သွင်းဖော်ပြသွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်အနေနဲ့ ‘မြေသိမ်းလုပ်ငန်းစဉ်’ မရှိတော့ဘဲ ‘မြေပြန်လည်စွန့်လွှတ်သည့် လုပ်ငန်းစဉ်’ သာရှိပါကြောင်း ဖြေကြားလို . . . . .
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော အစီရင်ခံစာ အပိုင်း(၁) (၂) (၃)ပါ ကိစ္စနှင့် ပတ်သက်၍ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ချက်အရ တပ်မတော်အနေနဲ့ အားလုံးပြန်လည်စွန့်လွှတ်သည့် မြေဧက ၁၀၀၄၁ ဒသမ ၈၉၊ တစ်စိတ်တစ်ဒေသ ပြန်လည်စွန့်လွှတ် မြေဧက ၂၆၅၁၂ဒသမ ၂၉ ရှိခဲ့ပြီး ယခုလည်း စိစစ်ပြီးမြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ အား ပြန်လည်စွန့်လွှတ်ပေးရန်အတွက် တပ်မတော်အကြီးအကဲထံမှ အတည်ပြုပြီးဖြစ်ပါတယ်။ ယခင်စွန့်လွှတ်ခဲ့ပြီးသော မြေဧက ၅၄၂၅၅ ဒသမ ၀၀၃ ဧကနှင့်ပေါင်းပါက တပ်မတော်မှ စွန့်လွှတ်မည့် မြေစုစုပေါင်းမှာ ၂၀၈၃၇၁ ဒသမ ၅ ဧကခန့် ရှိသွားမယ်ဖြစ်ပါတယ်။ ယခုထပ်မံစွန့်လွှတ်မယ့် မြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ ဧကအတွက်လည်း တိုင်းဒေသကြီးအလိုက် ဘယ်လောက်စွန့်လွှတ်သွားမယ်ဆိုတာ မကြာခင် သတင်းစာများမှာ ထည့်သွင်းဖော်ပြသွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်အနေနဲ့ ‘မြေသိမ်းလုပ်ငန်းစဉ်’ မရှိတော့ဘဲ ‘မြေပြန်လည်စွန့်လွှတ်သည့် လုပ်ငန်းစဉ်’ သာရှိပါကြောင်း ဖြေကြားလိုပါတယ်” ဟု ပြောကြားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး ဆွေးနွေးခဲ့သည့် မြေကိစ္စများကြောင့် တပ်မတော်အား ပြည်သူများ ချစ်ကြည်လေးစားမှု ကျဆင်းလာခြင်းသည် အလွန်နှမြောစရာကောင်းကြောင်း ဆွေးနွေးချက်နှင့် ပတ်သက်၍ ကာကွယ်ရေး ဒုတိယ၀န်ကြီးက တပ်မတော်အနေနှင့် မြေယာနှင့်ပတ်သက်၍ ပြည်သူလူထုအား အခမဲ့စေခိုင်းမှု မရှိသလို အခကြေးငွေ အပြည့်အ၀မပေးဘဲ ခိုင်းစေမှုလည်း မရှိကြောင်း၊ ဥပဒေအရလည်း ခွင့်ပြုမထားကြောင်း၊ မြေကိစ္စကို တပ်မတော်အနေနဲ့ လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းနေသည့်အတွက် တစ်စုံတစ်ခုသော အချိန်အတိုင်းအတာ ရောက်ပါက ပြေလည်သွားမည်ဟု ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တပ်ပိုင်မြေတွင် ကျူးကျော်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၄ ရက်က ရွာလုံးကျွတ် ဖယ်ရှားခံရသည့် သမီးကလေးကျေးရွာမှ မိသားစုတစ်စုကို တွေ့ရစဉ်

Credit to..Eleven Media Group
သိမ်းထားသည့် လယ်မြေများအနက်မှ မြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ ဧကအား ပြန်လည် စွန့်လွှတ်ရန်အတွက် တပ်မတော် အကြီးအကဲထံမှ အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်း လုပ်ငန်း စဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြော ကြားသည်။

ဘုရားပွဲခင်းတွင် ဓါးရှည်ကိုင်ကာရမ်းကားနေသူကို ဖမ်းဆီးအရေးယူ

၅.၂.၂၀၁၄ ရက်နေ့ ၀၂၄၅အချိန် ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကြည့်မြင်တိုင်မြို့နယ်၊ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအောင်မြင်သည့်အထိမ်းအမှတ်အဖြစ် ဇာတ်ပွဲကပြဖျော်ဖြေရာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် ဇာတ်စင်ဝဲဘက်ဘေး တွင် လူတစ်ဦး ဓါးကိုင်ရမ်းကားနေကြောင်းသတင်းအရ သွားရောက်ဖမ်းဆီး ရာ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီး ရပ်ကွက်နေ ဝေလင်း(ဘ)ဦးစံညိမ်းမှာ အရိုးအသွား(၂)ပေ(၆)လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးရှည်အား ကိုင်ဆောင် ကာရမ်းကားနေသည်ကို တွေ့ရပါသည်။

ကေအိုင်က ဆပ်ကြေးများ ဆက်လက် ကောက်ခံလျှက်ရှိ

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖားကန့်ဒေသ ကရင်ချောင်ကျေးရွာသား လက်လုပ်လက်စား ဆယ်ဦးခန့်ကို ကေအိုင်အေ ရင်း (၆) တပ်စခန်းတည်ရှိရာ ဂျာလီယန်သို့ခေါ်ယူ၍ ဆပ်ကြေး များကို တောင်းခံခဲ့ကြောင်းဒေသခံများကဆိုသည်။
'' တစ်ချို့က တစ်သိန်းကျော် တစ်ချို့ကလည်း နှစ်သိန်းခွဲကနေ ငါးသိန်းအထိပေးကြရတယ်။ " ဟု အမည်မဖော်လိုသူ ကရင်ချောင်ရွာသားတစ်ဦးကဆိုသည်။