Wednesday, August 7, 2013

တမလွန်ရောက် ဇနီး၏အမည်ဖြင့် တန်ဖိုးနည်းဖုန်းပေါက်၍ ထုတ်သွားသူ ရာအိမ်မှူးအား အရေးယူပေးရန် တိုင်ကြား


ငါးလကျော်က သေဆုံးခဲ့သော ဇနီး၏ အမည်ဖြင့် တန်ဖိုးနည်းဖုန်း ပေါက်၍ ထုတ်သွားခဲ့သော ရာအိမ်မှူး အား အရေးယူပေးရန် ရပ်ကွက်နေသူ တစ်ဦးက အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးထံသို့ တိုင်တန်းလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး တစ်ဦး ဖြစ်သူက ဇူလိုင် ၃ဝ ရက်တွင် ပိန္နဲ ကုန်းရပ်ကွက် တန်ဖိုးနည်းဖုန်း ရောင်း ချရေးကော်မတီမှ ပေါက်မဲအမှတ် ၇၄ ဖြင့် ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်ဟု တိုင်တန်းသူ ဦးဘိုဘိုတင်က ဆိုသည်။

ပြင်ပဈေးကွက်တွင် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း GSM ဖုန်းများ ပေါက်ဈေး တစ်သိန်းကျော် အထိ ရှိသော်လည်း ၀ယ်မရ

Photo: ပြင်ပဈေးကွက်တွင် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း GSM ဖုန်းများ ပေါက်ဈေး တစ်သိန်းကျော် အထိ ရှိသော်လည်း ၀ယ်မရ 

Wednesday, August 7, 2013

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လေးကြိမ်မြောက်  ရောင်းချပေးနေသည့် တန်ဖိုးနည်း GSM နှင့် CDMA ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချပေး နေသော်လည်း ပြင်ပတွင် အဆိုပါ ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ်တစ်သိန်းကျော် အထိ ဈေးပေါက်နေလျက် ရှိကြောင်း  မိုဘိုင်းလ် အရောင်းဆိုင်များမှ သိရသည်။

ငွေကျပ် ၁၅၀၀ တန် GSM နှင့် CDMA ဖုန်းများကို ပြင်ပအရောင်း ဆိုင်များတွင် ရောင်းချခွင့်ကို  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လုပ်ကိုင်ခွင့် မပြုခဲ့သော်လည်း ပြင်ပ အရောင်းဆိုင် အချို့ တွင် အဆိုပါ ငွေကျပ် ၁၅၀၀ တန် ဖုန်းများကို စတင်ရောင်းချစဉ် အခါကပင် ဈေးနှုန်းမှာ အနည်းဆုံး ငွေကျပ်ရှစ်သောင်းမှ အများဆုံး ငွေကျပ်နှစ်သိန်း အထိ ဈေးပေါက်လျက် ရှိသည်။

CDMA 800 MHz ဖုန်းများမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စတင် ရောင်းချပေးခဲ့စဉ် အချိန်က ပြင်ပ ဆိုင်များတွင် ၀ယ်ယူ၍ မရခဲ့သော်လည်း ပြည်သူများ ကြားတွင် အချိတ်ဆက် ပြုလုပ်ကာ ပေါက်ဈေး ငွေကျပ် သုံးသောင်းမှစတင်ကာ ငွေကျပ်တစ်သိန်း ပေးဝယ်သည်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လေးကြိမ်မြောက် အဖြစ် ထပ်မံ ထုတ်ပေးထားသည့် တန်ဖိုးနည်း GSMဖုန်းများမှာ လက်ရှိပြင်ပ ဈေးကွက်တွင် ငွေကျပ် တစ်သိန်းနှစ်သောင်းမှ ငွေကျပ်တစ်သိန်းခွဲ အထိ ဈေးနှုန်း မြင့်မားနေသော်လည်း ဖုန်းအရောင်း ဆိုင်များတွင် မဲပေါက် သူများမှ ပြန်လည် ရောင်းချထားသည့် ကတ်များကိုပင် ၀ယ်ယူရရှိနိုင်ခြင်း မရှိသည် အထိ ရောင်းအား ကောင်းမွန်နေလျက် ရှိသည်။

““အခု ထပ်ချပေးတဲ့ GSM ဆင်းကတ်တွေက လူကြိုက် ပိုများနေတယ်။ အရင်ချ ပေးတုန်းက   ဒီလောက်အရောင်း အ၀ယ်မဖြစ်ဘူး။ အခုချပေးတဲ့ ဆင်းကတ်တွေ ကျတော့ ဆိုင်မှာတောင် မရှိတော့တဲ့ အထိကို ရောင်းအား ကောင်းတယ်။ အခု ဒီကတ်တွေရဲ့ ပေါက်ဈေးနှုန်းက တစ်သိန်းလေးသောင်း ပေါက်တယ်။ ဒီဖုန်းတွေရဲ့ ဈေးနှုန်းက တည်ငြိမ်မှု မရှိဘူး။   အမျိုးမျိုး ပြောင်းတယ်””  ဟု Mobile  House မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တန်ဖိုးနည်း ငွေကျပ် ၁၅၀၀ တန် ဖုန်းများ ထွက်ပေါ်လာခြင်းကြောင့် ဖုန်းဈေးကွက် အတွင်း ယခင်က တန်ဖိုးနည်း ဖုန်းအဖြစ် ပထမဆုံး ချထားပေးခဲ့သည့် CDMA ငါးသိန်းတန်ဖုန်း များဖြစ်သော ၀၉-၉၁.... ဖုန်းများ၏ ဈေးနှုန်းမှာ အင်တာနက်မပါ ရောင်းဈေး ငွေကျပ် သုံးသိန်းသာ ပေါက်ဈေး ရှိတော့ကြောင်း ဖုန်းရောင်းဝယ် သူများထံက သိရသည်။

အဆိုပါ ငွေကျပ် ငါးသိန်းတန်ဖုန်းများ နည်းတူ ငွေကျပ် နှစ်သိန်းတန် GSM ဖုန်းများမှာလည်း  ၀ယ်ယူသူပင် မရှိသလောက် ရှားပါးနေပြီး အရောင်းဆိုင်များတွင် ရောင်းမကုန် တော့ကြောင်း အဆိုပါ မိုဘိုင်းလ် အရောင်းဆိုင်များမှ သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် ပူးပေါင်း၍ WCDMA 800 MHz မိုဘိုင်းလ်ဖုန်း လိုင်းများကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလအတွင်း စတင် ရောင်းချပေးခဲ့ပြီး CDMA ဖုန်းလိုင်း အသုံးမပြုနိုင်သည့် နေရာဒေသ တချို့တွင် WCDMA  ဖုန်းလိုင်း အနည်းငယ်ကို ယခင်က ရောင်းချပေးခဲ့သည်။

ယခင် ချထားပေးသည့် ဖုန်းလိုင်း အရေအတွက်မှာ ၁၀ သိန်းကျော် အထိ ချထားပေးပြီး ဖြစ်သည့် MEC ၏ CDMA 800 MHz မိုဘိုင်းလ်ဖုန်းလိုင်း ကွန်ရက်သည် လက်ရှိ အချိန်၌ ပြည့် ကျပ်မှု ဖြစ်ပေါ်လာကြောင်း၊ ဆက်လက် တိုးချဲ့နေသည့် မိုဘိုင်းလ် ကွန်ရက်များမှာ 3G   စနစ် အသုံးပြုသည့် GSM မိုဘိုင်းလ်ဖုန်းလိုင်း ကွန်ရက်များသာ ဖြစ်ကြောင်း မိုဘိုင်းလ် အင်ဂျင်နီ ယာမှူး တစ်ဦးက ပြောကြားခဲ့သည်။

Myawady

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လေးကြိမ်မြောက် ရောင်းချပေးနေသည့် တန်ဖိုးနည်း GSM နှင့် CDMA ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချပေး နေသော်လည်း ပြင်ပတွင် အဆိုပါ ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ်တစ်သိန်းကျော် အထိ ဈေးပေါက်နေလျက် ရှိကြောင်း မိုဘိုင်းလ် အရောင်းဆိုင်များမှ သိရသည်။

ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ


Photo: ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ
=======================

Wednesday, August 07, 2013

ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။

သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချခဲ့သူ ဖြစ်ပါတယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း iTune စတိုးမှာ ဒေါင်းလုခ်ဆွဲမှု အကြိမ်ပေါင်း ၈သိန်း၈သောင်း ကျော်လွန်ခဲ့ပါတယ်။ ယင်း App ကို စတင်ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်းကထုတ်တဲ့ Apple IIGS ကွန်ပျူတာနဲ့ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန်က CNN ရုပ်သံလိုင်းမှလည်း အင်တာဗျူးခဲ့ပြီး စင်္ကာပူမြို့ ရဲ့  ဂုဏ်ရှိန်ကြီးရတဲ့ အကြောင်းအရင်းမှာ ယင်းကလေးငယ် Lim Ding Weng ကို ထည့်သွင်းခဲ့ပါတယ်။

Doodle Kids အပြင် Invader War တို့လို နာမည်ကြီး app နဲ့ အခြား application ပေါင်းများစွာကိုလည်း တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း Invader War 2 ရေးဆွဲလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ သူဟသာ Objective-C, Java, JavaScript နဲ့ ActionScript တို့လို အခြား ဆော့ဖ်ဝဲ/ပရိုဂရမ်များကို ကောင်းကောင်းအသုံးချ၊ရေးဆွဲ တတ်သူ တစ်ဦး ဖြစ်နေပြီလို့ သိရပါတယ်။

မြန်မာပြည်မှာဆိုရင်လည်း အသက် ၁၀ နှစ်မပြည့်သေးပဲ ဒိုတာဂိမ်းကောင်းကောင်း ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ ဂျပန်ကာတွန်းထဲမှာ ဇာတ်ကောင်အားလုံး အလွတ်ရနေသူများ၊ ဂိမ်မာကြီးတို့နဲ့ ယှဉ်ပြိုင်ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ PSP ဂိမ်းကို ဆရာတစ်ဆူလို ဆော့ကစားနိုင်တဲ့ ကလေးငယ်များ ရှိနေပါတယ်။

ယင်းကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုင်တီဆိုင်ရာ ကုန်ပစ္စည်းများကို စိတ်ဝင် စားပြီး ဝါသနာ ပါပါ ကိုင်တွယ်နေတတ်တဲ့ ကလေးငယ်များ ကို သေချာလေ့ ကျင့်သင်ကြားပေးရင်၊ အိုင်တီနဲ့ ဆက်စပ်ပညာများ သင်ကြားပေးရင် အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ စာဖတ်သူတို့ရဲ့  အသိုင်းအဝိုင်းထဲမှာ ယခုလို ထူးချွန်တဲ့ ကလေးငယ်များရှိရင် လမ်းမှားမရောက်အောင် နည်းပညာဆိုင်ရာ အသိနဲ့ ပညာများ သင်ကြား လေ့ကျင့်ပေးစေလိုပါတယ်။
--
Ref:wiki
ရိုးရာလေး နည်းပညာ
ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ ယခုလအတွင်း ကင်တားနား လာမည်

Photo: မြန်မာနိုင်ငံသို့ ယခုလအတွင်း ကင်တားနား လာမည်
Wednesday, August 07, 2013

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်နှင့် ခရီးစဉ် အသေးစိတ်ကို ကင်တားနား ကိုယ်တိုင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကင်တားနားသည် ရခိုင်ပြည်နယ်သို့ သြဂုတ်လ ဒုတိယပတ် ဝန်းကျင် တွင် ရောက်ရှိမည် ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်၊ ဘင်္ဂါလီနှင့် ရခိုင် ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာပြီး အစီရင်ခံရန် ကင်တားနားသည် ယခုတစ်ကြိမ် မတိုင်မီ ရှစ်ကြိမ် တရားဝင် လာရောက် ခဲ့ပြီး ဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီလ အတွင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ရခိုင်ပြည်နယ် ရှိ ဒုက္ခသည်များ အခြေအနေကို လေ့လာ ရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

The Voice Weekly

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောကြားသည်။

ဖြတ်၊ ဖောက်၊ ချုပ်


Photo: ဖြတ်၊ ဖောက်၊ ချုပ်
Wednesday, August 07, 2013

သူ့နာမည်က PAT ပါ။ သူဟာ မကြာသေးခင်ကမှ မိန်းကလေး ဘ၀ကို ပြောင်းလဲခံယူခဲ့သူ လည်းဖြစ်ပါ တယ်။ မြန်မာပြည်မှာ အများ ခေါ်ကြတာတော့ ဖြတ်၊ ဖောက်၊ ချုပ် ပေါ့လေ။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလှဖန်တီးရှင်တဦးအနေနဲ့ ဆယ်နှစ်ကျော်ကြာ ဘ၀ကို ဖြတ်သန်းရင်း သူ့ ကိုယ်သူ မိန်းကလေး ဖြစ်ချင်လွန်းလို့ ငွေကြေး အကုန်အကျခံကာ လိင်အင်္ဂါ ခွဲစိပ် အသွင်ပြောင်းလိုက်တာ ပါတဲ့။

အသက် ၃၀ အရွယ် ထိုင်းလူမျိုး PAT က သူ့ရဲ့ လိင်အင်္ဂါ ခွဲစိပ်မှုကို ချင်းမိုင်မြို့မှာပဲ ထိုင်း ဘတ်ငွေ ၃ သိန်းကျော်၊ ၄ သိန်း နီးပါး ကုန်ကျခံခွဲစိပ်ခဲ့တာ မကြာသေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ဆရာဝန် ညွှန်ကြားချက်အရ လိင်ဆက်ဆံမှု ၆ လ ကြာ စောင့်ရမယ်လေ” လို့ PAT က ဆိုတယ်။

ခွဲစိပ်မှု လုပ်ပြီး ဆေးဝါးတွေ ဆက်လက်မှီဝဲနေရသေတယ်လို့ သူက ဆက်ပြောတယ်။ ခွဲစိပ်မှုအပြီး မိန်းကလေး ဘ၀ ဖြစ်သွားတဲ့ PAT က နေရ ထိုင်ရတာလည်း အဆင်ပြေပါတယ်တဲ့။ သူ့ ကျန်းမာရေး ကလည်း ကောင်းပါတယ်တဲ့။ အထူးသဖြင့် ကိုယ်ဖြစ်ချင်တာကို ဖြစ်လိုက်ရလို့ ဘ၀မှာ ယုံကြည်မှုကို ပိုရှိလာပြီး ကျေနပ်တယ်လို့ သူ က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဆေးရုံတွေ က ၀န်ဆောင်မှု ကောင်းတာလည်း ယုံကြည်မှုကို အားကောင်းစေနိုင်ပါတယ်။

ထိုင်းနိုင်ငံက လိင်တူချစ်သူဆိုတာတွေက တကယ့် မိန်းကလေး အလား ထင်မှတ်မှားနိုင်ပါတယ်။ တချို့ လည်း ယောင်္ကျား ရင့်မာကြီးပုံစံတွေလည်း တွေ့ရပါတယ်။ သူတို့ဟာ မိန်းကလေးတွေထက် သူတို့ရဲ့ အသားအရေကို ပိုဂရုစိုက်ပါတယ်။

ထိုင်းနိုင်ငံက လိင်တူ ချစ်သူဆိုတာတွေဟာ ထူးထူးခြားခြား ခွဲခြား ဆက်ဆံတာမျိုး မခံရဘဲ သူတို့ ရုပ်ရှင် ကားတိုင်းလိုလိုမှာ အမြဲ လိုလို ပါဝင် တတ်တာလည်း တခု အပါအ၀င်ပါဘဲ။ အများသူငါကလည်း သာမန်လိုပဲ သူတို့ ကို ဆက်ဆံကြတာ သတိထားမိပါတယ်။ အလုပ်ခွင်တွေမှာလည်း တန်းတူ အခွင့်အရေး ရကြပါ တယ်။

ပြောရရင် ထိုင်းနိုင်ငံဟာ လိင်တူချစ်သူ အများဆုံး နိုင်ငံတွေထဲက တခုလို့ ပြောရမလားပါဘဲ။ အမျိုးသား ချင်း၊ အမျိုးသမီး ချင်း လိင်တူချစ်သူ အလွန်များတယ်လို့ ဆိုရပါမယ်။

ကျမရဲ့ ထိုင်းမိတ်ဆွေ အမျိုးသမီး တယောက်က ပြောတာက စိတ်ဝင် စားစရာပါ။ ထိုင်းနိုင်ငံမှာ မိန်းမလျှာ
ဖြစ်သွားသူတွေလည်း များ၊ ယောင်္ကျားလျှာဖြစ်သွားသူတွေလည်း များလာတာတွေ ကြောင့် ထိုင်း အမျိုးသမီးတွေမှာ ခင်ပွန်း ရှားလာတယ်လို့ သူက ပြောတယ်။

ဒီကြားထဲ အမျိုးသမီးတွေ လုပ်ကြတဲ့ လေယာဉ်မယ်၊ ကား မယ်စတဲ့ နေရာတွေမှာ လည်း မိန်းမလျှာတွေ က နေရာဝင်ယူသွားတော့ အမျိုးသမီးတွေ အတွက် အလုပ်ခွင် နေရာ လျော့ ပါတယ်တဲ့။

မနှစ်ကဆို ဒေါ်လာဘီလျံနဲ့ချီပြီး ချမ်းသာတဲ့ သူဌေးကြီးတဦးက ထိုင်းနိုင်ငံက မိန်းမလျှာ တဦးကို ဒေါ်လာ သန်းချီ တင် တောင်းပြီး ခမ်းနားတဲ့ မင်္ဂလာပွဲတောင် ကျင်းပခဲ့တာမျိုးတောင် ရှိခဲ့တယ်။

မြန်မာနိုင်ငံက လိင်တူချစ်သူတွေထဲက တချို့လည်း ဖြတ်၊ ဖောက်၊ ချုပ် လုပ်ထားကြတဲ့ သတင်းတွေ ကြားနေရပါတယ်။ တချို့လည်း နိုင်ငံခြားထွက်ပြီး လုပ်ကြသလို တချို့လည်း ပြည်တွင်းမှာပဲ လက်တည့် စမ်းလိုက်လို့ မလိုလား အပ်တဲ့ ဖြစ်စဉ် တွေ ဖြစ်ပြီး အသက်ဆုံးပါး သွားရတာမျိုးတောင် ရှိတယ်လို့ ဆိုကြတယ်။

ဖြတ်၊ ဖောက်၊ ချုပ် လုပ်လိုက်တဲ့သူတွေအတွက် မှတ်ပုံတင်မှာ ဘယ်လို ပြောင်းလဲ ဖြည့်စွက်ရမလဲ ဆို တာတော့ မြန်မာ ပြည်မှာ သေချာ မရှင်းလင်းသေးပါဘူး။

ဒီအပြင် မြန်မာပြည်က လိင်တူ ချစ်သူ ဆို တာတွေမှာ ခွဲခြား ဆက်ဆံခံရတာတွေ ရှိနေသေးပြီး တလောက မန္တလေးဘက် မှာ လိင်တူချစ်သူတချို့ ကျုံးဘေးနားမှာ သောင်းကျန်းတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ဖမ်းဆီး နှိမ် ချ အပြစ်ပေးတာခံကြရတယ်လို့ သတင်းပေါ်ထွက်ခဲ့ပါတယ်။

အလှဖန်တီးတဲ့ သူ့ရဲ့ ဆိုင်တွင်းမှာ သာမန်အချိန်တွေ့ရတဲ့ PAT၊
ဓာတ်ပုံ- အိမ့်သံစဉ်

အိမ့်သံစဉ်
သူ့နာမည်က PAT ပါ။ သူဟာ မကြာသေးခင်ကမှ မိန်းကလေး ဘ၀ကို ပြောင်းလဲခံယူခဲ့သူ လည်းဖြစ်ပါ တယ်။ မြန်မာပြည်မှာ အများ ခေါ်ကြတာတော့ ဖြတ်၊ ဖောက်၊ ချုပ် ပေါ့လေ။

လက်ပံတောင်းဇီးတောမှာ ဖမ်းခေါ်သွားသူတွေကို စစ်မေးပြီး ပြန်လွှတ်

ဗုဒ္ဓဘာသာအပေါ် အကြမ်းဖက်မှုအား ကန့်ကွက်သည့်အနေဖြင့် မန္တလေးတွင် လူ ၆၀၀ ခန့် ဆန္ဒပြ

ဗုဒ္ဓဘာသာ၏ အထင်ကရနေရာများကို အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် နိုင်ငံတကာ မီဒီယာများတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အမြင်လွဲစေသည့် ရေးသားဖော်ပြချက်များကို ကန့်ကွက်သည့်အနေဖြင့် သြဂုတ် ၆ ရက် က မန္တလေးတွင် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၆၀၀ ခန့် စုဝေးဆန္ဒပြခဲ့ကြသည်။