Monday, June 17, 2013

မိကျောင်းကန်ရပ်ကွက်မှ ဖယ်ရှားခံရသူများကို တောင်ဒဂုံ တွင် မြေနေရာပေးမည်

Photo: မိကျောင်းကန်ရပ်ကွက်မှ ဖယ်ရှားခံရသူများကို တောင်ဒဂုံ တွင် မြေနေရာပေးမည်
Monday, June 17, 2013

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ရှိဖယ်ရှားခံရသူ အိမ်ထောင်စုများ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းမြေကွက်များ ပြန်လည် ချထားပေးရန်စီစဉ်နေကြောင်း နေ အိမ် ဖယ်ရှားခံရသူများထံမှ သိရသည်။

လက်ရှိဖယ်ရှား ခံထားရ သူများသည် မြေကွက်ပေ (၂၀* ၆၀)ကို ပေးရန်အလိုရှိသော်လည်း သက်ဆိုင် ရာမှမြေကွက် ပေ (၂၀* ၃၀)ကိုသာပေးရန် ပြန်လည်ပြင် ဆင်ပြော ကြောင်း ဖယ်ရှားခံရသူများက ရန်ကုန်တိုင်းမ် သတင်းစာ သို့ပြောသည်။

ဖယ်ရှားခံထားရ သူတစ်ဦးဖြစ်သည့်အပြင် ဒုက္ခ ရောက်နေသူများအတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်းရေးပြုလုပ်နေသည့် ကော်မတီမှအဖွဲ့ဝင်ဖြစ်သူ ဒေါ်ကြည်ကြည်မြင့်ကလည်း ''ဇွန်၁၅ရက်က သင်္ဃန်းကျွန်းမြို့နယ် မယကက ဖယ်ရှား ခံရသူတွေ ကို ပေ၂၀*၆ဝ မြေကွက် တွေ တောင်ဒဂုံ ဘက်မှာပေးမယ် လို့ပြောတယ်။

ဒါကို ဖယ်ရှားခံရ သူတွေက လက်ခံလိုက်တာမဟုတ် ဘူး။ ကျွန်မတို့ကဖယ်ရှားခံရသူ တွေနဲ့ ညှိနှိုင်း ပြီး ဒီနံနက်လက်ခံ မယ်ဆိုပြီး သွားတဲ့အခါကျတော့ သူတို့ဘက်က အပြောမှားလို့တဲ့။ ပေ(၂၀*၃၀) ပဲပေး မယ်လို့ ပြော တယ်။

ပေ(၂၀*၃၀)က ကျွန်မတို့အတွက်တော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ''ဟု မြေကွက်စီစဉ်ပေး မှုကို ပြော သည်။

အဆိုပါမိကျောင်းကန်ရပ် ကွက်အပိုင်း(၁၊ ၂)တွင် ဇွန်၁၃ ရက် နံနက်၆နာရီဝန်းကျင်တွင် အာဏာပိုင်များ ဘက်မှ အဓမ္မဝင် ရောက်ဖျက်ဆီးခဲ့သည့်အတွက် ယင်းရပ် ကွက်များ တွင် မြေငှား ရမ်းလုပ်ကိုင်နေသည့် စိုက်ပျိုးရေး သမားမိသားစု ၁ရဝကျော်သည် ယင်းရပ်ကွက်၏ဘေးဘက် ကားလမ်းဘေးသို့ ဖယ်ရှား ပေးခဲ့ ရပြီး လမ်းဘေး တွင် မိုးကာသားများ ဖြင့် တဲထိုးပြီးနေထိုင်နေရသည်မှာ ယနေ့အထိ သုံးရက်ရှိပြီ   ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ဖယ်ရှားခံထား ရသူ၉ဝကျော်သည် ယင်းရပ်ကွက်ဘေးရှိ ဘောက်ထော်ဘူတာသို့ သွားရာ လမ်းမဘေးတွင် တဲထိုး နေထိုင်နေကြပြီး ကျန်မိသားစု များသည် ယင်းရပ်ကွက်အနီးရှိ ဘုန်းကြီးကျောင်း တိုက် သုံးခုတွင် နေထိုင်နေကြောင်း သိရသည်။

ဖယ်ရှားခံထားရသူတစ်ဦး က ''အခုအချိန်ထိရေမချိုးရသေးဘူး။ ကလေး တွေကျောင်းတက်ဖို့ လဲရှိသေး တယ်။ သူတို့စီစဉ်ပေး မယ်ဆိုတဲ့နေရာကို အမြန်ဆုံး ပြောင်း ချင်ပြီ''ဟု ပြောသည်။

အဆိုပါမိကျောင်းကန်ပိုင်း (၁၊ ၂)ရပ်ကွက်သားများကို ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၈၃) ရပ်ကွက်နှင့် (၁၅၅)ရပ်ကွက်ကြား တွင် နေရာချ ထား မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ယင်းရပ်ကွက်ကို 'တပ်မြေမ ကျူးကျော်ရ' ဆို သည့်စာတန်းအနီများဖြင့် သိမ်း ပိုက်လိုက်ပြီး စည်ပင်သာ ယာ ဝန် ထမ်း များနှင့်စစ်သားများက ယင်း ဝင်းကြီးကို လုံခြုံရေးယူထားကြောင်း သိရ သည်။

မာန်ယုကျော် ၊ ကျော်ဇေယျ

http://www.yangonmedia.com/index.php/local/2012-11-09-05-29-08/533-2013-06-17-03-51-24

Posted From Yangon Media 
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ရှိဖယ်ရှားခံရသူ အိမ်ထောင်စုများ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းမြေကွက်များ ပြန်လည် ချထားပေးရန်စီစဉ်နေကြောင်း နေ အိမ် ဖယ်ရှားခံရသူများထံမှ သိရသည်။

‘မျိုးစောင့် ဥပဒေ’မူကြမ်း အမျိုးသမီးအဖွဲ့များ ကန့်ကွက်

Photo: ‘မျိုးစောင့်ဥပဒေ’မူကြမ်း အမျိုးသမီးအဖွဲ့များ ကန့်ကွက်
Monday, June 17, 2013

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့် ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းအား ရန်ကုန်မြို့ အခြေစိုက် အမျိုးသမီးအဖွဲ့ ၈ ဖွဲ့က ဆန့်ကျင်ကန့်ကွက်ကြောင်း ဇွန်လ၁၆ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် အမျိုးသမီးများ အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေကြသော RAINFALL ၊ အက္ခရာ၊ Colourful Girls၊ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့၊ ဖန်တီးအိမ်၊ ၈၈ မျိုးဆက် အမျိုးသမီးကွန်ရက်၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တ-က-သ) နှင့် Triangle Women Support Group အဖွဲ့များက “ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ တစ်ဦးချင်း လွတ်လပ်မှု အခွင့်အရေးကိုချုပ်ချယ်ရန် ကြိုးပမ်းမှုသည် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ ပါ အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း၏ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ကို ချိုးဖောက်ခြင်း ဖြစ်သည်”ဟု ရေးသားဖော်ပြထားသည်။

“ဒီဥပဒေကြမ်းရဲ့ ပစ်မှတ်က ဗုဒ္ဒဘာသာအမျိုးသမီးထု ဖြစ်နေပြီးတော့ ဘယ်အမျိုးသမီးမှလည်း မသိလိုက်ရဘဲ ဖြစ်နေတယ်။ ရေးဆွဲတဲ့ တင်သွင်းတာကလည်း ဘုန်းတော်ကြီးတွေ ဖြစ်နေတယ်။ ဒါကြောင့် ကျမတို့ အမျိုးသမီးတွေကို ကိုယ်စားမပြုဘူးဆိုတော့ ကန့်ကွက်တာပါ ” ဟု RAINFALL အဖွဲ့မှ ဒေါ်ဇင်မာအောင်က ပြော သည်။ ဒေါ်ဇင်မာအောင်သည် နေပြည်တော် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဘီဘီစီမှ ကမကထလုပ်သည့် စကားဆွေးနွေးဝိုင်း ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးစိုးသိန်းတို့နှင့်အတူ ယှဉ်တွဲပြီး ပါဝင် ဆွေးနွေးခဲ့သူ ဖြစ်သည်။

“မျိုးစောင့်ဥပဒေ” ဟုခေါ်ဆိုနေကြသော အဆိုပါ ထိမ်းမြားလက်ထက်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းအား မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူက ယခုလ ၁၃ ရက်နေ့က မှော်ဘီမြို့ ဓမ္မဒူတ ဇေတ၀န် တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ ပြုလုပ်ခဲ့သည့် ဗုဒ္ဒသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ဖြန့်ဝေပြီး မီဒီယာသို့ ထုတ်ပြန်တင်ပြသွားခဲ့သော်လည်း ယခုကဲ့သို့ အပြင်းအထန် ကန့်ကွက်မှုများနှင့် ကြုံနေရသည်။

အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာခြား၊ လူမျိုးခြားများမှ ဗုဒ္ဒဘာသာဝင် အမျိုးသမီးတဦးအား လက်ထပ်နိုင်ရန် ၎င်းတို့ထံတွင် ဗုဒ္ဒဘာသာဝင်ဖြစ်ကြောင်း တရားဝင်လတ်မှတ်ရှိရန် နှင့် လက်ထပ်မည့် အမျိုးသမီး၏ မိဘ ၊ အုပ်ထိန်းသူ ထံမှ တရားဝင်ခွင့်ပြုချက်ရရှိပြီးမှသာ လက်ထပ်ခွင့်ရှိကြောင်း၊ လိုက်နာခြင်း မရှိပါက ထောင်ဒဏ်၁၀ နှစ်အပြင် ထိုသူပိုင်ဆိုင်သော ပစ္စည်းများအား သိမ်းယူ၍ အမျိုးသမီးအားပေးရန် ၊ ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အပြင် အခြားပုဒ်မများနှင့်ပါ အရေးယူမည် ဆိုသော အချက်များအား ထည့်သွင်းထားသည်။

“ဘာသာရေး ပဋိပက္ခတွေဖြစ်ချိန်မှာ ဒီဥပဒေပေါ်လာတာက ကျယ်ကျယ်ပြန့်ပြန့်မကြည့်ဘဲ လတ်တလောဖြစ်ရပ်တွေကို ကြည့်ပြီးတော့ ဖြေရှင်းဖို့လုပ်တယ်လို့ မြင်တယ်၊ ဒါတွေအားလုံးကို သေချာလေ့လာစမ်းစစ် ချက်တွေ လုပ်ပြီးမှ လုပ်ရင်ကောင်းမယ်” ဟု ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဌ ဒေါ်စူဆန်နာလှလှစိုးကလည်း ပြောသည်။

အမျိုးသမီးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဘာသာရေး၊ လူမျိုးရေးများ ပြဿနာများဖြစ်ပွားနေချိန်တွင် ပြည်သူတရပ်လုံး အပြန်အလှန် လေးစားညီညွတ်ရမည့် အချိန်တွင် အဆိုပါ မျိုးစောင့်ဥပဒေသာ အတည်ပြုဖြစ်ခဲ့လျှင် “ဗုဒ္ဒဘာသာသည် အခြားဘာသာဝင်များနှင့် ယှဉ်တွဲနေထိုင်ရန် ယုံကြည်မှု ကိုယ်ခံအားနည်းသော၊ နိမ့်ကျစိတ်ကို အခြေခံသော၊ မလုံမခြုံခံစားနေရသော ဘာသာ သာသနာ တခုဖြစ်ကြောင်း ဆိုလိုရာရောက်နိုင်သည်”ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

ဥပဒေမူကြမ်းတွင် ဗုဒ္ဒဘာသာဝင်အမျိုးသမီးများ၏ ထိမ်းမြားလက်ထပ်ခွင့် နှင့်ပတ်သက်၍သာ ထည့်သွင်းရေးဆွဲထားပြီး အမျိုးသားများအတွက် ပါဝင်ခြင်း မရှိခြင်းကြောင့် အမျိုးသားများအနေဖြင့် မည်သည့်ဘာသာဝင်အမျိုးသမီးများနှင့် မဆို လက်ထပ်ခွင့်ရှိကြောင်း ဆိုလိုရာရောက်သည်။

ဒေါ်စူဆန်နာလှလှစိုးက “ အရင်ထဲက တရားမ၀င် ကြားဖူးတာက မွတ်စလင်အမျိုးသားက အမျိုးသမီးတယောက်နဲ့ယူရင် ဘာသာပြောင်းရတယ်၊ မပြောင်းလို့ မရဘူးပေါ့။ အဲဒါဟာ ဂျန်ဒါ(လိင်ခွဲခြားဆက်ခံမှု) ဆိုတဲ့အချက်ကို ထည့်မစဉ်းစားတော့ဘဲနဲ့ လုပ်လိုက်သလို ဖြစ်နေတယ်။ အခုလည်း အမျိုးသမီးတွေအတွက်ပဲဆိုတာကလည်း လုံးဝမဖြစ်သင့်ပါဘူး” ဟု ပြောဆိုသည်။

အဆိုပါဥပဒေက စင်ကာပူနှင့် မလေးရှား နိုင်ငံမှ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို နမူနာယူပြီး ဘုန်းတော်ကြီးများနှင့် ဥပဒေပညာရှင်များက ပူးပေါင်းရေးဆွဲထားခြင်းကြောင်း၊ ယင်းဥပဒေမူကြမ်းကို တရားဝင်အတည်ပြုနိုင်ရန် လွှတ်တော်တွင် တင်ပြမည့် ကိုယ်စားလှယ်များကိုလည်းရွေးချယ်ထားပြီးဖြစ်ကြောင်း၊ တနိုင်ငံလုံး၏ သဘောထား ထောက်ခံချက်လက်မှတ်များကိုလည်း ကောက်ယူသွားရန် စီစဉ်နေကြောင်း ဦးစီးရေးဆွဲထားသော ဘုန်းတော်ကြီးများက ဆိုကြသည်။

မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက ၎င်း၏ဖေ့ဘုတ်စာမျက်နှာတွင်လည်း “ အထူးသဖြင့် မြန်မာတိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခြင်း ဖြစ်ပြီး ဥပဒေပေါ်ပေါက်လာပါက မွတ်စလင်တို့ ၀ါးမြိုလိုမှု၊ ဖျက်စီးလိုမှု၊ ကျူးကျော်လိုမှုများအား ကာကွယ်တားဆီးနိုင်မည် ဖြစ်သည်။ အမျိုးစောင့် ဥပဒေ ကမ်ပိန်း လာလေပြီ။ မြန်မာပြည် အပြည့်အ၀ လုံခြုံမှု ရှိတော့မည်” ဟု ရေးသားခဲ့သည်။

“ ဦးဝီရသူက ဒီဥပဒေကို လုပ်ဖို့ မန္တလေးမှာကတည်းက သူကြိုးစားနေခဲ့တာ ကြာပြီ။ အခုလိုမျိုး မှော်ဘီ သံဃာ့ညီလာခံနဲ့ တိုက်ဆိုင်သွားတဲ့အခါမှာ သူက သွားတတ်ပြီးတော့ ဘယ်ဆရာတော်ကြီးတွေရဲ့ သဘောထားမှ မပါဘဲနဲ့ သူသဘောနဲ့ သူ ထုတ်ခဲ့တာလို့ ဆရာတော်ကြီးတွေက ပြောတယ်” ဟု ၈၈ မျိုးဆက် အမျိုးသမီးများကွန်ရက်မှ မမီးမီးက ပြောဆိုသည်။

အဆိုပါ ဥပဒေအား ယခုကဲ့သို့ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်သာမက လူမှုရေးအဖွဲ့များနှင့်ဆက်သွယ်၍ အများပြည်သူများ၏ သဘောထားမှတ်ချက်များကို စုဆောင်းသွားမည်ဖြစ်ကြောင်း RAINFALL မှ ဒေါ်ဇင်မာအောင်က ဆိုသည်။

လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ တွင် အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ရှိကြောင်း ပြဌာန်းထားသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကြယ်ပြာ
လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ တွင် အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ရှိကြောင်း ပြဌာန်းထားသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကိုလက်ထပ်မည့် ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာ သို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းအား ရန်ကုန်မြို့အခြေစိုက် အမျိုးသမီး အဖွဲ့ ၈ ဖွဲ့က ဆန့်ကျင်ကန့်ကွက်ကြောင်း ဇွန်လ၁၆ ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘင်္ဂါလီ ဒုက္ခသည်များအတွက် ယာယီ စာသင်ကျောင်း သုံးဆယ်ကျော်ဆောက်မည်



Photo: ဘင်္ဂါလီ ဒုက္ခသည်များအတွက် ယာယီ စာသင်ကျောင်း သုံးဆယ်ကျော်ဆောက်မည်
Monday, June 17, 2013

ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF (မြန်မာ) တို့ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်ကျောင်းသား များ အတွက် ယာယီ စာသင်ကျောင်း ၃၃ ကျောင်းကို ဇူလိုင်လအတွင်း အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းဖွင့်ရာသီ ရောက်ရှိသော်လည်း ကျောင်းမတက်နိုင်သေးသော ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ကျော် အတွက် ရခိုင်ပြည်နယ် မြို့နယ် ငါးခုတွင် ယာယီ စာသင်ကျောင်းများကို UNICEFက အကုန်အကျခံ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယာယီ စာသင်ကျောင်းများတွင် သင်ကြားပေးမည့် စေတနာ့ဝန်ထမ်း အလုပ်သင် ဆရာ၊ ဆရာမ ၉၃ ဦးအတွက် ထောက်ပံ့မှုများလည်း ပေးသွား ရန် ရှိကြောင်း၊ ယင်း စာသင်ကျောင်းများတွင် ကျောင်းသား တစ်ဦးကို တစ်နေ့လျှင် နှစ်နာရီသာ သင်ကြားပေးမည်ဖြစ်ကြောင်း UNICEF အရေးပေါ် ပညာရေး ထောက်ပံ့မှု တာဝန်ခံ Ms. Mary Ombaka က ပြောကြားသည်။

ယခုလ ၂၈ ရက်နေ့တွင် စစ်တွေ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များရှိ ယာယီ စာသင်ကျောင်းများကို အပြီးသတ်သွားမည်ဖြစ်ပြီး စစ်တွေမြို့တွင် စာသင်ကျောင်း ၁၆ ကျောင်း ဆောက်လုပ်ထားကြောင်း ပညာရေး ဝန်ကြီး ဌာနထံမှ သိရသည်။

"ကျောင်းပညာရေး စနစ်ကနေ နှစ်ဖက် အဖွဲ့အစည်းတွေကို ပြန်လည် စေ့စပ် ညှိနှိုင်းပေးဖို့ ကြိုးစားရမယ်" ဟု ရခိုင်ပြည်နယ်တွင် အခြေစိုက်သော OCHA ရုံးချုပ်မှ တာဝန်ရှိသူ Ms. Barbara Manzi က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခင်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပျက်စီး သွားသော စာသင်ကျောင်း သုံးကျောင်းကို ပညာရေး ဝန်ကြီးဌာနက ဇူလိုင်လတွင် စတင် ပြင်ဆင်ရန် စီစဉ်လျက်ရှိကြောင်း၊ ပြည်နယ် တစ်ခုလုံး စာသင်ကျောင်း နှစ်ထောင့် ခုနစ်ရာ ကျော်ရှိပြီး ကျောင်းသား ဦးရေ ငါးသိန်းကျော် ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF (မြန်မာ) တို့ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်ကျောင်းသား များ အတွက် ယာယီ စာသင်ကျောင်း ၃၃ ကျောင်းကို

ကချင်ပြည်နယ် ဒေါ့ဖုန်းယန် မြို့နယ် မာကေ ကျေးရွာတွင် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များမှ တိုင်းရင်းသား ပြည်သူများကို ဆေးဝါးများ ကုသပေးလျက်ရှိ

၂၀၁၃ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းများ အနေဖြင့် လုံခြုံရေး တာဝန် များ ဆောင်ရွက်လျက်ရှိစဉ် ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်၊ ဖာကေကျေးရွာတွင် တိုင်းရင်းသားပြည် သူများ၏ ကျန်းမာရေးအတွက် ဆေးဝါးများ ကူညီ စောင့်ရှောက် ကုသပေးလျက် ရှိပါသည်။

KIA ဝင်ဖမ်းမှာ ကွတ်ခိုင်ဒေသခံများ စိုးရိမ်နေ

KIA ဝင်ဖမ်းမှာ ကွတ်ခိုင်ဒေသခံများ စိုးရိမ်နေ
Monday, June 17, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်ထဲက ကျေးရွာအချို့မှာ သူတို့ ရွာထဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့တွေ ဝင်လာပြီး လူငယ်တွေကို ဝင်ဖမ်းမှာ စိုးရိမ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာ၊ မန်နိမ်း၊ လွယ်ကန် စတဲ့ကျေးရွာတွေထဲကို တပ်မဟာ (၄) လက်အောက်ခံ KIA တပ်ဖွဲ့တွေ ဝင်လာပြီး လူငယ်တွေကို ဖမ်းဆီးရာမှာ အသက် ၁၂ နှစ် ၁၃ နှစ် အရွယ် မိန်းကလေးတွေပါ ပါဝင်တဲ့အတွက် အမျိုးသားတွေသာမကဘဲ အမျိုးသမီးငယ်တွေပါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“KIA တွေက အရင် ဒီလိုတက်လာပြီး ဖမ်းတာ တခါမှတော့ မကြုံဖူးဘူး၊ အခုဟာက ကျနော်တို့ ယောက်ကျားလေးတွေတင် မကဘူး၊ မိန်း ကလေးတွေ ပါဖမ်းတာ” လို့ မန်နိမ်း ရွာခံတစ်ဦးက ပြောပါတယ်။

KIA တပ်ဖွဲ့တွေဟာ အစိုးရစစ်တပ်တွေနဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေထဲကို အလစ်အငိုက်ဝင်ပြီး လူငယ်တွေကို အိမ်တွေပေါ်ထိ တက်ရှာဖမ်းဆီးတဲ့ အပြင် အစိုးရ စစ်တပ်တွေရှိတဲ့ မန္တလေး-မူဆယ် ကားလမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ဖတ်ကာ ရွာပေါ်အထိ တက်ပြီး လမ်းပေါ်မှာတွေ့တဲ့ လူငယ်တွေနဲ့ အမျိုးသမီးငယ်တွေကိုပါ ဖမ်းဆီးတယ်လို့လည်းသိရပါတယ်။

အဲဒီလို တက်ပြီး ဖမ်းဆီးရာမှာ နမ့်ဖက်ကာရွာသူ၊ ရွာသား ၁၃ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပြီး အသက်ပြည့်တဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေ အပြင် အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် ၃ ဦးပါဝင်တယ်လို့ မျက်မြင်ရွာခံတွေကပြောပါတယ်။

“ဒီ (နမ့်ဖတ်ကာ) မှာ ကျတော့ လမ်းသွားလမ်းလာ တွေ့တဲ့လူတွေကို ဖမ်းသွားတယ်၊ ကလေးမ လေးတွေပါ ဖမ်းသွားတာတော့ တော်တော် ဆိုးတယ်၊ သူတို့မိဘတွေဆို ငိုကြတယ်၊ ဟိုဘက်မှာရှိတဲ့ ရွာတွေမှာလည်း ဖမ်းလို့ တချို့ ဒီနားက အစိုးရ စစ်တပ်ရှိတဲ့ မိုင်းယု ရွာဘက်ကို ပြေးလာကြ တယ်” လို့ နမ့်ဖတ်ကာ ရွာက ဈေးဆိုင်ရှင် တဦးကလည်း ပြောပါတယ်။

နမ့်ဖတ်ကာ ကျေးရွာနဲ့ နီးကပ်နေတဲ့ မိုင်းယု ကျေးရွာမှာ အစိုးရစစ်တပ်တွေ အထိုင်ချ တပ်စွဲထားပေမယ့် KIA တပ်ဖွဲ့တွေ ပြန်ထွက်သွားတဲ့ အချိန်မှ လာရောက် သတင်းမေးမြန်း တာပဲ ရှိတယ်လို့သိရပါတယ်။

KIA တပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးရာမှာ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၂၂ နှစ်အရွယ် မန်နိမ်း ရွာသား တစ်ဦး က “KIA စစ်သားတွေ အယောက် ၆၀ လောက် ညနေဖက် ရွာထဲကို ဝင်လာပြီး လူငယ်တွေ လိုက်ဖမ်းတယ်၊ ကျနော်တို့က လွတ်တယ်၊ ၃ ယောက်အဖမ်းခံလိုက် ရတယ်၊ ယောက်ကျားလေးတစ်ယောက်၊ မိန်းကလေး ၂ ယောက်ပါသွား တယ်၊ တစ်ယောက်က ၁၂ နှစ် နောက်တစ်ယောက်က ၁၃ နှစ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။

သူ့အနေနဲ့လည်း လတ်တလော ကာလမှာ မန်နိမ်းရွာကိုပြန်မှာ မဟုတ်ဘဲ မြို့ပြနဲ့ နီးတဲ့ နေရာတွေမှာ ကျဘန်းအလုပ်လုပ်ကိုင်ပြီး ရွာမှာကျန်ခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးအတွက် စားရိတ်ထောက်ပံ့တော့မယ်လို့ သူက ဆက်ပြော ပါတယ်။

KIA အနေနဲ့ ဖမ်းဆီးသွားတဲ့ ဒေသခံ ရွာသူရွာသားတွေကို စစ်သားတွေ၊ စစ်သမီးတွေအဖြစ် မွေးပြီး အသုံးပြုဖွယ်ရှိတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆို နေကြပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ အစိုးရစစ်တပ်အပါအဝင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ KIA၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရတဲ့ ဦးခွန်တီမြတ် ရဲ့ အထူးပြည်သူ့စစ် အဖွဲ့တွေ လှုပ်ရှားနေပါတယ်။

KIA က မြန်မာ့တပ်မတော်နဲ့ အပစ်အခတ်ရပ်ဆဲဖို့ ငြိမ်းချမ်းရေးဆွေးနွေးနေပြီး ယခင် အပတ်က ဒုက္ခသည်စခန်းတွေဆီ ကုလသမဂ္ဂက စားနပ်ရိက္ခာ ပို့ဆောင်ထောက်ပံ့မှု ကို နေပြည်တော်က ခွင့်ပြုပေးခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တောင်တန်းပေါ်ရှိကျေးရွာ တစ်ရွာ (ဓာတ်ပုံ- ဧရာဝတီ)

Irrawaddy
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်ထဲက ကျေးရွာအချို့မှာ သူတို့ ရွာထဲကို ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့တွေ ဝင်လာပြီး လူငယ်တွေကို ဝင်ဖမ်းမှာ စိုးရိမ်နေကြ

ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် စက်မှုလုပ်ငန်းများအား တရုတ် အစိုးရညွှန်ကြား

လာမည့် ၂၀၁၇ ခုနှစ်တွင် လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်နေမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချရမည်ဖြစ်ကြောင်း တရုတ်အစိုးရက နိုင်ငံတွင်းရှိ စက်မှုလုပ်ငန်း အလုပ်ရုံများအား

ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်း ပြည်တွင်းပြည်ပသို့ လွယ်ကူစွာ ခေါ်ဆိုနိုင်

ပြည်သူများ အလွယ်တကူ ဆက်သွယ်နိုင်ရန်အတွက် တန်ဖိုးနည်းဖုန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် တစ်လလျှင် အလုံးရေ သုံးသိန်းခွဲအား အချိုးကျ ကျပ် ၁၅၀၀ နှုန်း သတ်မှတ်ကာ မဲစနစ်ဖြင့်

ယနေ့ မိုးလေဝသအခြေအနေ

The Voice Weekly
ယနေ့ မိုးလေဝသအခြေအနေ

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၅၀၀၀ိ/- တန်ငွေတုများတွေ့ရှိ၍ အရေးယူ



Photo: ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၅၀၀၀ိ/- တန်ငွေတုများတွေ့ရှိ၍ အရေးယူ

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့်(၂)လမ်း၊ အမှတ်(၃၀)နေ ကားပွဲစား ဦးခင်မောင်မြင့်(ဘ)ဦးလှမှ ၅၀၀၀ိ/- တန် (၁၅)ရွက်သည် အတုများဟုယူဆ ရသောကြောင့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ် ကွက်အုပ် ချုပ်ရေးမှူး ဦးလှခိုင်ထံသို့ အပ်နှံထားခဲ့ရာ မှုခင်းတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးပြီး 

ဦးခင်မောင်မြင့်အား ငွေတုများပေးခဲ့သူ ကမာရွတ်မြို့နယ်နေ ကားပွဲ စားဌေးမြင့်၊ (၄၈)နှစ်၊(ဘ)ဦးအောင်သိန်းအား တာမွေမြို့ မရဲစခန်း (ပ)၂၄၃/၂၀၁၃၊ ပုဒ်မ ၄၈၉(ခ)/၄၈၉(ဂ) ဖြင့် အရေးယူထားကြောင်း သိရှိရပါသည်။

အဆိုပါ ၅၀၀၀ိ/-တန် ငွေစက္ကူအတုများ၏ စက္ကူအရွယ်အစားနှင့် စက္ကူအမျိုးအစားမှာ ငွေစက္ကူအစစ်နှင့် မတူကြောင်း၊ လုံခြုံရေးကြိုးမှာ မှိန်နေကြောင်းတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ပြည်သူများသတိပြုနိုင်ရန် ရဲတပ်ဖွဲ့မှ သတိပေးထားကြောင်းသိရှိရပါသည်။

Posted From Yangon Police News
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့်(၂)လမ်း၊ အမှတ်(၃၀)နေ ကားပွဲစား ဦးခင်မောင်မြင့်(ဘ)ဦးလှမှ

မလေးရှားနိုင်ငံ ဆလာရန်း ဒေသတွင် အကြမ်းဖက် တိုက်ခိုက်ခံရသူ တစ်ဦးအပါအ၀င် မြန်မာအလုပ်သမား ၂၅ ဦး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်

မလေးရှားနိုင်ငံ ဆလာရန်း ဒေသတွင် အကြမ်းဖက် တိုက်ခိုက်ခံရသူ တစ်ဦးအပါအ၀င် မြန်မာအလုပ်သမား ၂၅ ဦး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်
Monday, June 17, 2013

မလေးရှားနိုင်ငံ ဆလာရန်းဒေတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသူ တစ်ဦးအပါအ၀င် ဆလာရန်း ၀န်းကျင်၌ နေထိုင်သူများ ပါဝင်သော မြန်မာ အလုပ်သမား ၂၅ ဦးသည် ဇွန် ၁၇ ရက် (ယနေ့) တွင် MAI လေကြောင်း လိုင်းဖြင့် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့သို့ ပြန် လည်ရောက်ရှိမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်းပေးပို့ပါသည်။

အဆိုပါ ၂၅ ဦးသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။  

"ကျွန်တော်တို့ အနေနဲ့ မလေးရှားမှာ ရှိနေတဲ့ မြန်မာအလုပ်သမားတွေ ထဲက မြန်မာပြည် ပြန်ချင်တဲ့ လူတွေကို ဦးစားပေးအဆင့် လေးဆင့်နဲ့ ပို့ဆောင်ပေးနေပါတယ်။ ပထမအဆင့် အနေနဲ့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ သူတွေရဲ့ မိသားစုတွေ၊ ဒုတိယအဆင့် အနေနဲ့ ဒဏ်ရာရရှိခဲ့သူတွေ၊ တတိယအဆင့်အနေနဲ့ အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ နေရာတွေက မလုံခြုံတဲ့သူတွေ၊ စတုတ္ထအဆင့်မှာ မလေးရှား ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံထား ရသူတွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်" ဟု ဧရာဝတီ ဖောင်ဒေးရှင်း၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ ဦးအောင်မျိုးစောက ပြောကြားသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့ရာတွင် မေ  ၃၁ ရက်က ဆလာရန်းဈေးဟောင်း အနီးရှိ NSK ကုန်တိုက်တွင် အလုပ်လုပ်ကိုင်နေပြီး အလုပ်မှအပြန်တွင် တိုက်ခံခဲ့ရသူ တစ်ဦးနှင့် ဆလာရန်း ဒေသတ၀ိုက်တွင် နေထိုင်သူ ၁၆ ဦး၊  အခြားဒေသများမှ ၈ ဦးတို့ ပါဝင်ကြောင်း သိရသည်။ ထိုသူများကို မြန်မာနိုင်ငံသို့ ပြန်နိုင်ရန်အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ ကူညီပေးခဲ့ခြင်း ဖြစ်ပါသည်။

ဧရာဝတီ ဖောင်ဒေးရှင်းသည် မလေးရှာနိုင်ငံရှိ နေရပ်ပြန် လိုသော မြန်မာ အလုပ် သမားများအတွက် လေယာဉ်လက်မှတ် ၁၀၀၀ လှူဒါန်း ထားသည့်အပြင် နေရပ်ပြန်လိုသူများ အဆင်ပြေစေရန်အတွက် အမှုဆောင် အဖွဲ့တစ်ဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်ပြီး လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ငွေလှူဒါန်းမှုများကိုပါ ပြုလုပ်လျက် ရှိပါသည်။    

ဇွန် ၁၅ ရက်က မလေးရှားနိုင်ငံမှ မြန်မာ အလုပ်သမားများ မြန်မာနိုင်ငံ သို့ ပြန် လည်ရောက်ရှိ လာစဉ်
EMG
မလေးရှားနိုင်ငံ ဆလာရန်းဒေတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသူ တစ်ဦးအပါအ၀င် ဆလာရန်း ၀န်းကျင်၌ နေထိုင်သူများ ပါဝင်သော မြန်မာ အလုပ်သမား ၂၅ ဦးသည် ဇွန် ၁၇ ရက် (ယနေ့) တွင်

“မလေးရှားမှ ဇွန် ၁၅ တွင် ပြန်လာသူ ၄၅ ဦး ယခင်ကတည်းက အဖမ်းခံရသူများဖြစ်”


Photo: မလေးရှားမှ ဇွန် ၁၅ တွင် ပြန်လာသူ ၄၅ ဦး ယခင်ကတည်းက အဖမ်းခံရသူများဖြစ်
---------------------------------------

ရန်ကုန်- မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန် ၁၅ ရက်တွင် ပြန်လည်ပို့ဆောင်ခံရသော မြန်မာနိုင်ငံသား ၄၅ ဦးမှာ လတ်တလောအကြမ်းဖက် မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူများမဟုတ်ဘဲ မလေးရှားထောင်များတွင် ယခုနှစ်ပိုင်းကတည်းက ဖမ်းဆီးခံထားရသူများသာဖြစ်ကြောင်း 
သတင်းရရှိသည်။
 
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအား အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မလေးရှားရဲတပ်ဖွဲ့က စာရွက်စာတမ်းမပြည်စုံသူ မြန်မာ  
နိုင်ငံသား ၃၀၇ ဦးကို ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနဒုဝန်ကြီးဦးဇင်ယော်ကပြောသည်။ ၎င်းတို့ကို မြန်မာနိုင်ငံသို့
 ပြန်ပို့ရန်စီစဉ်နေသည်ဟု ဦးဇင်ယော်ကပြောကြားထားသော်လည်း ဇွန် ၁၅  ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောသူများမှာ ယခင်ကတည်းက မလေးရှားထောင်များအတွင်း ဖမ်းဆီးခံထားရသူများနှင့် တရားဝင်အလုပ်လုပ်ကိုင်နေပြီး ခေတ္တခွင့်ဖြင့်ပြန်လည်ရောက်ရှိလာ
သူများဖြစ်နေသည်။
 
လက်ရှိအချိန်တွင် မလေးရှားရှိ မြန်မာသံရုံးမှ တရားမ၀င်နေထိုင်သူအားလုံးကို လိုအပ်သည့် အကူအညီများပေးမည်ဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံမှ လေကြောင်းလိုင်းများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ထောက်ပံ့လှူဒါန်းမှုများ မလေးရှားသို့ ပေးပို့ထားသော်လည်း ယခုပြန်ပို့ခံရသူ
၄၅ ဦးမှာ သံရုံး၏ သက်သေခံလက်မှတ်ထုတ်ပေးသည့် အကူအညီသာ ရရှိခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ်ကိုလည်း 
မိမိစရိတ်ဖြင့်သာ ၀ယ်ယူခဲ့ရကြောင်း ဇွန် ၁၅ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ပြန်ပို့ခံရသူများကဆိုသည်။
 
“သံရုံးက သက်သေခံလက်မှတ်စီစဉ်ပေးလို့ လေယာဉ်လက်မှတ်ခ မလေးရှားရင်းဂစ် ၆၅၀ ပေးဝယ်ပြီး ပြန်လာတာပါ။ ထောင်ထဲမှာ စုစုပေါင်း ရက်တစ်ရာနေခဲ့ရပါတယ်။ ဒီနေ့မနက် ပြန်တော့မယ်ဆိုမှ Camp ထဲက ထွက်ရတာပါ။ ကျွန်တော်တို့မှာ ပတ်စ်ပို့မရှိလို့ ဖမ်းခံရတာပါ။ ဆိုက်ထဲဝင်ဖမ်းတော့ ကျွန်တော်တို့နဲ့အတူ မြန်မာ ၄၇ယောက်အဖမ်းခံခဲ့ရပါတယ်” ဟု ပီနန်ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ခဲ့ သည့် အုတ်ဖိုဇာတိ ကိုဇော်ဝင်းထွန်းကပြောသည်။
 
ပြန်ပို့ခံရသူအများစုမှာ မလေးရှားနိုင်ငံသို့  ပြန်လည်သွားရောက်လုပ်ကိုင်လိုစိတ် မရှိတော့ကြောင်း တညီညွတ်တည်း ပြောကြားခဲ့သည့်
အပြင် တရားဝင်အလုပ်လုပ်ကိုင်ပါမစ်ဖြင့် သွားရောက်လုပ်ကိုင်ပြီး ခွင့်ဖြင့် ခေတ္တပြန်လာသူမြန်မာနိုင်ငံသားအများစုကလည်း ပြန်လည်
သွားရောက်လိုစိတ်မရှိကြောင်း 7Day Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။
 
“မလေးမှာ ဓားတွေနဲ့လိုက်ခုတ်တဲ့ ကောင်တွေက ယူအင်န်ကတ်တွေ ကိုင်ထားတဲ့ ကောင်တွေဆိုတော့ ကျွန်တော်တို့ဘက်က လုံခြုံပေမယ့် ရှောင်ရတယ်။ မြန်မာတွေ တော်တော်အထိများတယ်။ အခုပြန်ဖို့ သူဌေးစီစဉ်ပေးတာပါ။ မလေးဆိုရင်တော့ ပြန်မသွားချင်တော့ဘူး။ 
အခုမလေးက အရင်လိုခေတ်မကောင်းတော့ဘူး” ကလန်းမြို့ ဆိုဖာစက်ရုံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပါမစ်ဖြင့် လေးနှစ်ကြာ
အလုပ်လုပ်ခဲ့သော ဟင်္သာတမြို့မှ ကိုလှမျိုးထွန်းကဆိုသည်။
 
ပြန်ပို့ခံရသော မြန်မာနိုင်ငံသားများတွင် အ၀တ်အစားအသုံးအဆောင်ပစ္စည်းအိတ်များလည်း မပါဝင်ဘဲ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့်သာ ပြန်ရောက်လာကြခြင်းဖြစ်သည်။
 
“ကျွန်တော်ပတ်တနီထောင်မှာ ကိုးလပိုင်းကတည်းကထောင်ကျနေတာ။ ငါးလပိုင်း ၂ ရက်နေ့ထောင်ကထွက်ပြီး Camp မှာ ရက်နှစ်ဆယ်  လောက်နေရတယ်။ ထောင်ထဲမှာ မွတ်ဆလင်နဲ့ရောထားတော့ အဆင်မပြေပါဘူး။ မကောင်းဘူးပေါ့ဗျာ။ အသက်အန္တရာယ်တင်မကဘူး။ 
နေရထိုင်ရတာကအစ မကောင်းဘူး။ ဖြစ်လာရင်ဘာမှ အကာအကွယ်မရပါဘူး။ ကိုယ့်အိမ်မှာကိုယ်ငါးပိရည်နဲ့ပဲ စားစားပါဗျာ။ ပြန်မသွားတော့ဘူး” ဟု ပတ်တနီရာဘာခြံတစ်ခြံတွင် ရာဘာခြစ်ရင်း အဖမ်းခံခဲ့ရသည့် ကျောက်ဖြူမြို့မှ ကိုစိုးစိုးအောင်ကပြောသည်။
 
ယခုပြန်ပို့ခံရသူ ၄၅ဦးတွင် အသက်အငယ်ဆုံးအဖြစ် ၁၇ နှစ်အရွယ် မောင်ရန်နိုင်လင်းလည်း ပါဝင်ပြီး မလေးရှားနိုင်ငံ၊ ပတ်တနီသို့ ရောက်ရှိပြီး တစ်ရက်အကြာတွင် ဖမ်းဆီးခံရသူလည်းဖြစ်သည်။
 
“မလေးရှားရဲသုံးယောက်က ၀ိုင်းဖမ်းတယ်။ ထောင်ထဲမှာ ရဲတွေက ရိုက်တယ်”ဟု ရန်နိုင်လင်းက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း 
မြန်မာအထူးအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပြီးနောက် မလေးရှားပြည်ထဲရေးဒုဝန်ကြီးက မလေးရှားထောင်များအတွင်း ဖမ်းဆီး
ထားသော မြန်မာနိုင်ငံသားလေးထောင်ကျော်ကို ပြန်ပို့မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။
 
ပြန်ပို့ခံရသူများသည် မြန်မာနိုင်ငံသို့ ဆက်တိုက်ဝင်ရောက်လာဖွယ်ရှိနေပြီး ဇွန် ၁၇ ရက်တွင်လည်း ဧရာဝတီဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားအချို့ပြန်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်- မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန် ၁၅ ရက်တွင် ပြန်လည်ပို့ဆောင်ခံရသော မြန်မာနိုင်ငံသား

သံဃာတော်များအပါအဝင် အများပြည်သူ ရန်ကုန်ဗလီလေ့လာ

သံဃာအပါအ၀င် အများပြည်သူ ရန်ကုန်ဗလီလေ့လာ
Monday, June 17, 2013

ဗလီတွေထဲမှာ လက်နက်တွေ သိုလှောင်ထားတယ်၊ ဗလီကျောင်းတွေဟာ စစ်စခန်းတွေ ဖြစ်တယ်လို့ စွပ်စွဲချက်တွေ ရှိနေတဲ့အတွက် အစ္စလာမ်ဘာသာဝင် ၀တ်ပြုရာ ဗလီတွေထဲကို အများပြည်သူ ၀င်ထွက်သွားလာခွင့်၊ လေ့လာကြည့်ရှု ခွင့်တွေ ပြုလုပ်နိုင်ဖို့ မြန်မာ မူစလင်ခေါင်းဆောင်တွေက ဒီကနေ့ ပထမဆုံး အကြိမ် စီစဉ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေအပါအ၀င် လေ့လာသူ ၁၀၀ ကျော်ဟာ ဒီကနေ့ မနက်အစောပိုင်းမှာပဲ ဗိုလ်အောင်ကျော် လမ်းမှာရှိတဲ့ ဗိုလ်အောင်ကျော် ဗလီ ၀တ်ပြုကျောင်းတွေကို ၀င်ရောက် လေ့လာခဲ့ပါတယ်။ ဒီအကြောင်း အပြည်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ရန်ကုန် သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်တဲ့ လူတစ်စုက မူစလင်တွေရဲ့ ဗလီတွေထဲမှာ အက်စစ်တွေနဲ့ လက်နက်တွေ သိုလှောင်ထားပြီး စစ်စခန်းတစ်ခုလို ပြုလုပ်နေတယ်ဆိုတဲ့ ၀ါဒ ဖြန့်ချိမှုတွေဟာ တကယ် မဟုတ်တဲ့အကြောင်း ဒီကနေ့ကစပြီး ဗလီတွေကို လေ့လာနိုင်တဲ့ အစီအစဉ်တစ်ခုကို ဗိုလ်အောင်ကျော် လမ်းက ဗလီမှာ ကျင်းပခဲ့တာပါ။
အခုလို ဗလီထဲကို အခြား ဘာသာဝင်တွေ ၀င်ထွက် ကြည့်ဖို့ စီစဉ်ပေးတဲ့ နေရာမှာ အခြား တစ်စုံတစ်ရာ အခက်အခဲတွေ ကြီးကြီးမားမား မရှိဘဲ ပြေပြေလည်လည် ရှိခဲ့တယ်လို့ ပွဲစီစဉ်ပေးတဲ့ အဖွဲ့ဖြစ်တဲ့ Pray for Myanmar က ကိုဇော်မင်းလတ် က ပြောပါတယ်။

“ဗလီတွေကို ၀င်ကြည့်အောင် စီစဉ်ပေးတဲအချိန်မှာ အားလုံးက ချောချောချူချူပဲ ခင်ဗျ။ ဘာအခက်အခဲမှ မရှိပါဘူး။ ကျနော်တို့ အာဏာပိုင်ကို ခွင့်ပြုချက်ယူတဲ့အချိန်ကနေ နောက်ဆုံးပြီးတဲ့ အချိန်အထိမှာ အားလုံး ပြေပြေလည်လည်နဲ့ အခက်အခဲမရှိအောင် အောင်မြင်စွာ ပြီးဆုံးနိုင်ပါတယ်ခင်ဗျ။”

ဗုဒ္ဓဘာသာမြန်မာတွေအနေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြားမှာ အခြား အထင်အမြင်လွဲမှားမှုတွေ ထပ်မရှိစေဖို့ နဲ့ လုံးဝ အထင်အမြင်လွဲမှားမှုတွေ မရှိဖို့ အတွက် ဘာသာတစ်ခုနဲ့တစ်ခုအကြား အပြန်အလှန် နားလည်သည်းခံပြီး အမြင်ချင်းဖလှယ်နိုင်တဲ့အထိ ဖြစ်အောင် အခုလို ဗလီလေ့လာရေးတွေကို စီစဉ်ခဲ့တာ ဖြစ်တယ်လို့လည်း ကိုဇော်မင်းလတ်က ပြောပါတယ်။

“ကျနော်တို့ ဗုဒ္ဓဘာသာနဲ့ မူစလင်ကို အကြမ်းဖက်လူတစ်စုက စနစ်တကျ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် တချို့က ၀ါဒဖြန့်တာတွေ ရှိပါတယ်ခင်ဗျ။ ၀ါဒဖြန့်တယ်ဆိုတာ ကျနော်တို့ ဗလီထဲမှာ underground ထားတယ်။ ဗလီထဲကို ဗုဒ္ဓဘာသာတွေ ၀င်လို့မရဘူး။ ဗလီထဲမှာ စစ်သင်တန်းတွေ ပေးနေတယ်။ ဗလီထဲမှာ ဟိုဟာတွေလုပ်တယ်ဆိုပြီးတော့၊ ဒါတွေကို အစ်ကိုတို့လည်း ကြားပါမယ်။ ကျနော်တို့လည်း ခဏခဏ ကြားနေရပါတယ်ခင်ဗျ။ ဒါတွေကို ကျနော်တို့က မဟုတ်ဘူး ဆိုတာလည်း အရင်ကတည်းက ပြောပြထားပြီး သားဖြစ်ပါတယ်ခင်ဗျ။”

ဇွန်လ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ ဗလီလေ့လာရေးအတွက် လာရောက်တဲ့ ဧည့်သည်တွေဟာ အချိန် ၂ နာရီ နီးပါးလောက် ဗလီ ၀တ်ပြုကျောင်းထဲမှာ ရှိတဲ့ ဘာသာရေး သဘောတရားတွေ ကို လေ့လာခဲ့တယ်လို့ ဗလီ ၀တ်ပြုကျောင်း လေ့လာရေးမှာ ပါလာတဲ့ မူစလင်တဦးလည်းဖြစ်၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက် က ခေါင်းဆောင်ပိုင်း တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။

“မနက်ပိုင်း ၉ နာရီကျော်လောက် လူစုံတဲ့အခါမှာ အားလုံး သံဃာတော်တွေရော၊ ဘုန်းကြီးတွေရော၊ ဧည့်သည်တော်တွေရော၊ ဗလီကို လိုက်လေ့လာတယ်ပေါ့။ ဗလီဝတ်ပြုတဲ့ သဘောတရား၊ ၀တ်ပြုဆောင်တွေ၊ ဓမ္မစင်တွေ။ နောက် အဲဒီမှာရှိတဲ့ ကျနော်တို့ သင်္ကေတတွေပေါ့။ နောက် ကိုယ်လက် သန့်စင်တဲ့နေရာတွေ။ စာသင်ဆောင်တွေ။ အကုန်လုံးပါပဲ။ အဓိက ကတော့ ဗလီတွေဟာ စစ်စခန်းမဟုတ်ဘူး။ လက်နက်တွေ သိုလောင်ထားတဲ့ဟာတွေ မဟုတ်ဘူး။ ဒီဟာလေးတွေကို နည်းနည်းစဉ်းစားဖြစ်အောင်ပေါ့။ အဲဒါက ပထမပိုင်းမှာ အားလုံး လိုက်ကြည့်ကြတယ်ပေါ့။”

ဒီကနေ့ လေ့လာရေးခရီးစဉ်မှာ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့တဲ့ သံဃာတော်တွေလည်း ဗလီ ၀တ်ပြုကျောင်းအတွင်း ၀င်ရောက်လေ့လာခဲ့ပြီး ဆရာတော် ဘဒ္ဒ န္တပဏ္ဍ၀ံသ က ဘာသာရေးနဲ့ပတ်သက်ပြီး သံသယတွေ ကင်းရှင်းရေး မိန့်ကြားခဲ့ပါတယ်။

အခုလို ဗလီထဲကို ၀င်ရောက်လေ့လာခွင့်ရတဲ့အတွက် နောက်အခါမှာ သံသယတွေလည်း ဘာသာတစ်ခုနဲ့တစ်ခု ကြားမှာ ကင်းဝေသွားနိုင်တယ်လို့ ဆရာတော် ဘဒ္ဒ န္တပဏ္ဍ၀ံသ က မိန့်ကြားပါတယ်။

“အဲဒီတော့ သူတို့က လူတစ်စုကြောင့်ပဲဖြစ်ဖြစ်၊ လူတစ်စုကြောင့် မဟုတ်တာပဲဖြစ်ဖြစ်၊ အရေးကြီးဆုံးကတော့ စစ်ပွဲတွေထက် အရေးကြီးတာ ပဋိပက္ခပေါ့နော်။ စစ်ပွဲဆိုတာ ကချင်ပြည်နယ်မှာ ဖြစ်ရင် ကချင်ပြည်သူတွေပဲ စစ်ပွဲဒဏ်ခံရတယ်ပေါ့နော်။ ရခိုင်ပြည်နယ်မှာဖြစ်ရင် ရခိုင်ကပြည်သူတွေပဲ ခံစားရတာ။ အခုလို ဘာသာရေးကို အခြေခံပြီးတော့၊ လူမျိုးရေးကို အခြေခံပြီးတော့ ပဋိပက္ခ တစ်ခုခုဖြစ်ရင်တော့ တနိုင်ငံလုံးက ရှိနေတဲ့ပြည်သူတွေ အားလုံး ဒုက္ခရောက်ကြရတဲ့ဟာကို ခံစားရမှာပဲ။”

ဘာသာပေါင်းစုံ ယဉ်ကျေးမှုတွေ ဖလှယ်တဲ့ ဒီပွဲမှာ မြန်မာနိုင်ငံအတွင်း မှာ နေထိုင်ကြတဲ့ ဘာသာပေါင်းစုံရဲ့ ၀တ်ပြုကျောင်းတွေနဲ့ ဘုရားတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို ဘာသာပေါင်းစုံက ဘာသာဝင်တွေက အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လေ့လာမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့လည်း ကိုဇော်မင်းလတ် ကပြောပါတယ်။

ရှေ့တပတ်မှာ အင်းစိန်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ကို လေ့လာရေး သွာဖို့ စီစဉ်ထားပြီးတော့ မူစလင်တွေလည်း လာရောက်လေ့လာမှာ ဖြစ်တယ်လို့ ဘာသာပေါင်းစုံ လေ့လာရေးပွဲ စီစဉ်ရေးလုပ်တဲ့ Pray For Myanmar အဖွဲ့က ခေါင်းဆောင်ပိုင်းတွေက အတည်ပြုပြောကြားခဲ့ပါတယ်။

VOA Burmese
 ဗလီတွေထဲမှာ လက်နက်တွေ သိုလှောင်ထားတယ်၊ ဗလီကျောင်းတွေဟာ စစ်စခန်းတွေ ဖြစ်တယ်လို့  စွပ်စွဲချက်တွေ ရှိနေတဲ့အတွက် အစ္စလာမ်ဘာသာဝင် ၀တ်ပြုရာ ဗလီတွေထဲကို အများပြည်သူ ၀င်ထွက်

မလေးသွား ခိုးလှေနစ်၍ ၂ ဦးသေ၊ ၂၆ ဦး အသက်ဘေးမှ လွတ်မြှောက်

မလေးသွား ခိုးလှေနစ်၍ ၂ ဦးသေ၊ ၂၆ ဦး အသက်ဘေးမှ လွတ်မြှောက်
Monday, June 17, 2013

လူ ၂၈ ယောက်ကို တင်ဆောင်လာသော မလေးရှားသို့  တရားမ၀င်သွားသည့် စက်လှေ တစ်စီး မြန်မာ- ဘင်္ဂလာနယ်စပ်တွင် နစ်မြုပ်သွားရာ လူ ၂ ယောက် သေပြီး ၂၆ ယောက်မှာ ရေကူးပြီး အသက်ဘေးမှ လွတ်မြောက် လာခဲ့ကြသည်ဟု သတင်း ရရှိသည်။

သေဆုံးသူ နှစ်ယောက်၏ အလောင်းကို တက်ကနက် မြို့နယ် ဆားပြင်အုပ်စု ကာတာဘိုနီယာနှင့် မိုဟီခါလီယာ ပါရာ ပင်လယ်ပြင်တွင် ယမန်နေ့ (တနင်္ဂနွေ) နေ့လည်က ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

တက်ကနက် အခြေစိုက် အမှတ် (၄၂) ဘီဂျီဘီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က New Age သတင်းစာကို မလေးကို ခိုးသွားသည့် စက်လှေ တစ်စီး နစ်မြုပ်ရာမှ သေဆုံးသွားသူများ ဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။

အဆိုပါ သစ်သား စက်လှေသည် မလေးရှားကို ခိုးသွားမည့် လူ ပေါင်း ၂၈ ယောက်ကို တင်ဆောင်လာကြောင်း၊ တနင်္ဂနွေနေ့ နံနက် ၂ နာရီခန့် အချိန်တွင် ကာတာဘိုနီယာ ပင်လယ်တွင် နစ်မြုပ်သွားခဲ့ကြောင်း၊ လူ ၂၆ ဦးမှာ ကမ်းပေါ်သို့ ရေကူး ပြန်လာခဲ့ကြကြောင်း၊ နှစ်ဦးမှာ ရေနစ် သေဆုံးသွားကြောင်း ဗိုလ်မှူးကြီးက ပြောဆိုသည်ဟု ဆိုသည်။

သေဆုံးသွားသူ နှစ်ယောက်၏ အလောင်းကို ဒေသခံများက ဆယ်ယူထားသည်ဟု ပြောသည်။

ကော့စ်ဘဇား ခရိုင် ရဲဌာနက လွန်ခဲ့သော တစ်ပတ် အတွင်း မလေးရှားကို ခိုးသွားရန် ကြံစည်သူ လူပေါင်း ၇၇ ယောက် ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

narinjara

ယခင် မလေးသွားရာမှ လှေနစ်၍ ကမ်းကူး လွတ်မြောက်လာသူ ဘင်္ဂလားဒေခ်ျ့များ။
လူ ၂၈ ယောက်ကို တင်ဆောင်လာသော မလေးရှားသို့ တရားမ၀င်သွားသည့် စက်လှေ တစ်စီး မြန်မာ- ဘင်္ဂလာနယ်စပ်တွင် နစ်မြုပ်သွားရာ လူ ၂ ယောက် သေပြီး ၂၆ ယောက်မှာ ရေကူးပြီး အသက်ဘေးမှ

ရခိုင်ပြည်တွင် ရခိုင်လူမျိုးများရှိနေသမျှ ဘင်္ဂလီများက ဘယ်တော့မှ ကျူးကျော်သိမ်းပိုက်၍မရဟု ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ မိန့်ဆို

ရခိုင်ပြည်တွင် ရခိုင်လူမျိုးများရှိနေသမျှ ဘင်္ဂလီများက ဘယ်တော့မှ ကျူးကျော်သိမ်းပိုက်၍မရဟု ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ မိန့်ဆို
Monday, June 17, 2013

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများရှိနေသမျှ ကာလပတ်လုံး ဘင်္ဂလီလူမျိုးများ၏ အဓိက မဟာဗျူဟာ ပန်းတိုင်ဖြစ်သော ရခိုင်ပြည်နှင့် ရခိုင်လူမျိုးကို သိမ်းပိုက်ဝါးမျိုရေး အစီအစဉ်သည် ဘယ်ဘော့မှ အထမြောက် အောင်မြင်လာလိမ့်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင် ခေမာစာရက မိန့်ဆိုလိုက်သည်။

ဇွန်လ ၁၆ ရက် တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီခန့် အချိန်တွင် အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ် (Iowa State) မာရှဲလ်တောင်း (Marshalltown) မြို့ရှိ ရခိုင်အမျိုးသား အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲ တက်ရောက်လာသူများက ဘင်္ဂလီ-ရခိုင် ပဋိပက္ခနဲ့ ပတ်သက်၍ မေးမြန်းရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင် ခေမာစာရက ထိုသို့ မိန့်ဆိုလိုက်ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ် (Iowa State) မာရှဲလ်တောင်း (Marshalltown) မြို့ရှိ ရခိုင်အမျိုးသား အင်အားစုများနှင့် အရှင် ခေမာစာရ တွေ့ဆုံဆွေးနွေးမှုမှာ ပထမအကြိမ်ဖြစ်ပြီး ရခိုင်အမျိုးသားများ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလီလူမျိုးများအနေဖြင့် ရိုဟင်ဂျာဆိုသည့် လူမျိုးအမည်သစ် မှည့်တွင်ပြောင်းလဲသည့်ကိစ္စမှာ ရခိုင်လူမျိုးများ၏ ဆန့်ကျင်ဘက်မဟုတ်ကြောင်း၊ မည်သည့်လူမျိုးမဆို အမည်သစ်ကိုမှည့်တွင်ခေါ်ဝေါ်၍ရကြောင်း၊ သို့သော် ရခိုင်ပထ၀ီ၊ ရခိုင်မြေ၊ ရခိုင်လူမျိုးများ၏ အကျိုးစီးပွား မှန်သမျှကို ထိခိုက်လာသည်မှာ ဆန့်ကျင်မှုဖြစ်ကြောင်း အရှင် ခေမာစာရက ယခုလို မိန့်ကြားသည်။

“ ဘင်္ဂလီလူမျိုးတွေအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်သစ် မှည့်တွင်ပြောင်းလဲတာက ဦးဇင်းတို့ ရခိုင်လူမျိုးတွေရဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး၊ ဘယ်လိုမျိုးမဆို နာမည်သစ် ပြောင်းလဲ မှည့်ခေါ်လို့ရပါတယ်၊ ဒါပေမယ့် ရခိုင်လူမျိုးတွေရဲ့ နယ်မြေနှင့် အကျိုးစီးပွားမှန်သမျှကို ထိခိုက်လာတာကတော့ ဆန့်ကျင်မှုဘဲ ဖြစ်ပါတယ်။ ရခိုင်မြေမှာ နှစ်ပေါင်းများစွာကတည်းက လယ်ယာ ကိုင်းကျွန်းလုပ်ဖို့ ၀င်ရောက်လာပြီး နောက်ပိုင်းမှာ အခြေချနေထိုင်ခဲ့တဲ့ ဘင်္ဂလီအချို့ ရှိတယ်ဆိုတာကိုလည်း ဦးဇင်းတို့ သိပါတယ်။ ” ဟု မိန့်ဆိုသည်။

ဘင်္ဂလီလူမျိုးများက ရိုဟင်ဂျာဆိုသည်မှာ ရခိုင်လူမျိုး၊ ရခိုင်လူမျိုးဆိုသည်မှာ ယနေ့ ခေါ်ဆိုနေသည့် ရခိုင်လူမျိုးမဟုတ်ဘဲ ရိုဟင်ဂျာလူမျိုးကို ခေါ်ဆိုခြင်းသာဖြစ်သည်ဟု ကမ္ဘာက လက်ခံလာအောင် နည်းမျိုးစုံဖြင့် လိမ်ညာရေးသား လုပ်ဆောင်နေကြပြီး ၄င်းတို့အထဲတွင် မြန်မာကျောင်းသားတချို့လည်း ပါဝင်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ ဘင်္ဂလီလူမျိုးတွေက ရိုဟင်ဂျာဆိုတာဟာ ရခိုင်လူမျိုးဆိုပြီး လိမ်ညာရေးသား လုပ်ဆောင် အကောင်ထည်ဖော်နေကြတဲ့အထဲမှာ မြန်မာကျောင်းသား တချို့ပါဝင်နေကြပြီး ဒီလူတွေဟာ ဘင်္ဂလီ- ရခိုင် ပဋိပက္ခကို အဓိကဖန်တီးသူတွေအဖြစ် တရားခံစာရင်းတွေထဲမှာ ပါဝင်ကြတယ်။ ” ဟု အရှင် ခေမာစာရက မိန့်ကြားသည်။

ဘင်္ဂလီများနှင့် ဘင်္ဂလီဘက်တော်သားများ ရေးသား ထုတ်ဝေ ဖြန့်ချိထားသော ရိုဟင်ဂျာဆိုသည်နဲ့ ပတ်သက်သော စာအုပ်စာတန်းများသည် တခုနဲ့တခု ညီညွတ်တူညီမှုမရှိ၊ သမိုင်းဆိုင်ရာ အချက်အလက်များသည်လည်း အကွဲအလွဲများစွာရှိပြီး မည်သည့် စာအုပ်စာတန်းသမိုင်းကို အတည်ပြုရမှန်း မသိကြောင်းနှင့် ဘင်္ဂလီများ၏ မဟာဗျူဟာများကို ပြည်တွင်းပြည်ပ ရခိုင်များသာမက မြန်မာတိုင်းရင်းသားများနှင့် ကမ္ဘာကပါ သိရှိနားလည်ထားပြီ ဖြစ်ကြောင်းကို အရှင် ခေမာစာရက မိန့်ဆိုသည်။

“ ဘင်္ဂလီတွေနှင့် သူတို့ရဲ့ဘက်တော်သားတွေ ရေးသားထုတ်ဝေဖြန့်ချိထားတဲ့ ရိုဟင်ဂျာဆိုတဲ့ စာအုပ်စာတန်းတွေကို ဦးဇင်း သေသေချာချာ လေ့လာဖူးပါတယ်၊ တခုနဲ့တခုက ညီညွတ်မှုမရှိဘူး၊ သမိုင်းဆိုင်ရာ အချက်အလက်တွေဟာလဲ တော်တော်များများ ကွဲလွဲနေတာကို တွေ့ရပါတယ်၊ ဘင်္ဂလီတွေရဲ့ မဟာပျူဟာ ရည်မှန်းချက် ပန်းတိုင်က ဘာလဲဆိုတာကိုလည်း ဦးဇင်းတို့ ပြည်တွင်းပြည်ပ ရခိုင်တွေသာမက မြန်မာတိုင်းရင်းတွေ အားလုံးနဲ့ ကမ္ဘာကသိနေပါပြီ။ ” ဟု မိန့်ဆိုသွားခဲ့သည်။

Arakan Times
ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများရှိနေသမျှ ကာလပတ်လုံး ဘင်္ဂလီလူမျိုးများ၏ အဓိက မဟာဗျူဟာ

မန္တလေး-ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းများ သယ်ဆောင်မှု ရှိကြောင်း ရှမ်းပြည်နယ် ၀န်ကြီးချုပ် ပြောကြား

မန္တလေး-ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းများ သယ်ဆောင်မှု ရှိကြောင်း ရှမ်းပြည်နယ် ၀န်ကြီးချုပ်
ပြောကြား
Monday, June 17, 2013

မန္တလေးနှင့် ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်များဖြင့် မူးယစ်ဆေးဝါးများ၊ လက်နက်ပစ္စည်း အစိတ်အပိုင်းများ သယ်ဆောင်မှု ရှိသဖြင့် (mobile team) အဖွဲ့များ အနေဖြင့် ဆိုင်ကယ်ကယ်ရီများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ပြောကြားသည်။

ဇွန် ၁၄ ရက်တွင် ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ပြုလုပ်သော မန္တလေး-မူဆယ် လမ်းကြောင်း စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး (mobile team) အဖွဲ့(၁)မှ ရှမ်းပြည်နယ် ဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းသော (mobile team) အဖွဲ့သို့ လုပ်ငန်းတာဝန်များ လွှဲပြောင်း ပေးအပ်ရာတွင် ၀န်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ''အထူးသဖြင့်တော့ ဆိုင်ကယ်ကယ်ရီတွေ သတိထားပေးဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရှမ်းမြောက်မှာ လုပ်တုန်းကဆိုရင် လက်နက်အစိတ်အပိုင်းတွေ သယ်တာရှိတယ်။ မူးယစ်ဆေးဝါးတွေ သယ်တာရှိတယ်။ နောက် ဂိုဏ်းဆန်ဆန် ဖြစ်လာတာတွေရှိလို့ ဒါတွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေး ဖော်ထုတ်ပေးဖို့ လိုပါတယ်'' ဟု ပြောကြားသည်။

လက်ရှိတွင် ဆိုင်ကယ်မှောင်ခိုသွင်းမှု ရှိနေသေးပြီး ဆိုင်ကယ်အပြင် အခြားပစ္စည်းများပါ တရားမ၀င် သယ်ယူမှု ရှိနေကြောင်း၊ ''သူတို့က သာမန်အားဖြင့် ရောင်းဝယ်တာထက်ကို တရားမ၀င်ပစ္စည်း သယ်ဆောင်တာမျိုးက ပိုများနေလို့ ဆိုင်ကယ်ကယ်ရီနဲ့ ပတ်သက်ပြီး သေသေချာချာ ဆောင်ရွက်သင့်ပါတယ်'' ဟု ၀န်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

တရားမ၀င် ကုန်သွယ်မှုများကို mobile team များ ဖွဲ့စည်းဆောင်ရွက်
နေသဖြင့် ကုန်သွယ်မှုများ တိုးတက်လာသော်လည်း တရားမ၀င် ကုန်သွယ်မှုများ ရှိနေသေးကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

မူးယစ်ဆေးဝါးများ တရားမ၀င် သယ်ဆောင်နေမှုများနှင့် ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသူ တစ်ဦးက ''မန္တလေး-မူဆယ် ယာဉ်လိုင်းတချို့က လမ်းတစ်ဝက်မှာ ဆိုင်ကယ်နဲ့ တရားမ၀င် ပစ္စည်းတွေ တင်တယ်။ သူတို့က စစ်ဆေးရေး လမ်းကြောင်းကို သိပြီးဖြစ်နေလို့ စစ်ဆေးရေးကျော်မှ လာတင်
ကြတာ။ ခရီးသည်တွေလည်း ဘာမှမပြောရဲဘူး'' ဟု ပြောသည်။

eleven media group
မန္တလေးနှင့် ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်များဖြင့် မူးယစ်ဆေးဝါးများ၊ လက်နက်ပစ္စည်း

လက်ကျန်နိုင်/ကျဉ်း အကုန်လွှတ်ပေးမည်

 လက်ကျန်နိုင်/ကျဉ်း အကုန်လွှတ်ပေးမည်
Monday, June 17, 2013

တနင်္ဂနွေနေ့ကကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရွေးချယ်ရေး ကော်မတီ ရဲ့ စတုတ္ထအကြိမ်မြောက် အစည်းအဝေးမှာ လက်ကျန် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို အတည်မပြုနိုင်သေးပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမကျန်အောင် လွှတ်ပေးမယ်လို့ နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ကတိပေး လိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရာမှာ ခံဝန်ချက်ပေးရသလိုဖြစ်နေတဲ့ ပုဒ်မ (၄၀၁) နဲ့ လွှတ်ပေးထားသူတွေ ကို အစိုးရက ထပ်ပြီးအရေးယူမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ စိစစ်ရွေးချယ်ရေးကော်မတီက ဇွန်လ ၁၆ ရက်နေ့မှာ မြန်မာငြိမ်းချမ်းရေးစင်တာမှာ (၄) ကြိမ်မြောက် အစည်းအဝေးလုပ်ခဲ့တာပါ။ ဒီအစည်းအဝေး အပြီးမှာ နိုင်ငံရေးအကျဉ်းသားများ အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက ကော်မတီထဲမှာပါနေတဲ့ အာဏာပိုင်တွေကို သူတို့လက်ထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့စာရင်းတွေ ပေးလိုက်ပြီး၊ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းပြုစုဖို့ ဆွေးနွေးခဲ့တယ် လို့ နိုင်/ကျဉ်း စိစစ်ရေး ကော်မတီဝင်လည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးရဲအောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“အစည်းအဝေးမှာက ကျနော်တို့က စာရင်းဇယားတွေက ပထမတခါတုန်းက တတိယအစည်းအဝေးမှာ ပေးထားတဲ့စာရင်းဇယား အပေါ်မှာ၊ အယောက် ၂၀၀ အပေါ်မှာတော့ ကျနော်တို့အဖွဲ့တွေ အနေနဲ့ ကျနော်တို့တင်ပြထားတဲ့ စာရင်းတွေကိုတော့ ကျနော်တို့ အကြံပြုလိုက်ပါတယ်။ ဒီလူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် ကျနော်တို့ သတ်မှတ်တယ် ဆိုတဲ့ဟာပေါ့နော်။”

လက်ကျန် နိုင်ငံရေး အကျဉ်းသား စာရင်းကို တနင်္ဂနွေနေ့ အစည်းအဝေးမှာ အတည်မပြုနိုင်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီ ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ သမ္မတရုံးဝန်ကြီးလည်း ဖြစ်တဲ့ ဦးစိုးသိန်းက မြန်မာနိုင်ငံ တနှံတလျား အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး ခေါင်းစဉ်အောက်မှာ ထောင်ကျခံနေ ရသူတွေကို တစ်ယောက်မှမကျန်တဲ့အထိ လွှတ်ပေးမယ်ဆိုပြီး အစည်းအဝေးမှာ ကတိပေးလိုက်တဲ့ အကြောင်း ကော်မတီအဖွဲဝင်လည်းဖြစ်၊ ကိုယ်တိုင် လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်တဲ့ မြန်မာအမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

“အခု ၂၀၁၃ ခုနှစ်အတွင်းမှာ သုညအဆင့်အထိ မရောက်တောင် သုညအဆင့်နီးပါးအထိ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မကျန်တော့လောက်တဲ့အထိ လွတ်မြောက်စေဖို့ရာအတွက် သူ ကြိုးစားမယ်လို့ ပြောပါတယ်။”

အရင်စစ်အစိုးရလက်ထက်က နိုင်ငံရေးတက်ကြွလှုပ်ရှားလို့ ထောင်ကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးသာမက အခု စစ်အစိုးရတဖြစ်လဲ အရပ်သား အစိုးရ လက်ထက်မှာ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြလို့ ပုဒ်မ (၁၈) နဲ့ ထောင်ကျ ခံရသူတွေ၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေတဲ့ အမှုလို့ခေါ်တဲ့ ပုဒ်မ (၅၀၅/ခ) နဲ့ ထောင်ချခံရသူတွေ အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ဖို့ သူတို့ရဲ့အမည်တွေကို အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ဦးရဲအောင်က ပြောပါတယ်။

“ကျနော်တို့ ပုဒ်မ (၁၈) နဲ့ရော၊ ပုဒ်မ (၅၀၄/ခ) နဲ့ရော ထောင်ကျခံရတဲ့ သူတွေ၊ ထောင်ကျသွားတဲ့သူတွေစာရင်းကို ကျနော်တို့သတ်မှတ်ထားတဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့စာရင်းမှာ ကျနော်တို့ထည့်ပြီးတော့ တင်ပေးလိုက်ပါတယ်ခင်ဗျ။”

နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရိုးရိုးအကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရောပြီးလွှတ်တဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပုဒ်မ (၄၀၁) တပ်ပြီးလွှတ်တဲ့ကိစ္စတွေလည်း ရှိနေပါတယ်။ ပုဒ်မ (၄၀၁) ဟာ လက်ကျန်ထောင်ဒဏ်တွေကို မှတ်ထားတာဖြစ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို လိုသလို ပြန်ပြီးဖမ်းနိုင်တဲ့ ပုဒ်မတစ်ခုလည်း ဖြစ်နေပါတယ်။ ဒီ ပုဒ်မ (၄၀၁) ကိစ္စနဲ့ပတ်သက်ပြီး ကော်မတီဝင်တွေက ကော်မတီဥက္ကဋ္ဌ ဦိးစိုးသိန်းကို တင်ပြကြတဲ့အခါမှာ၊ ဦးစိုးသိန်းက နောက်ပိုင်းမှာ ပုဒ်မ (၄၀၁) ကိစ္စ ပယ်ဖျက်ဖို့ကို လွှတ်တော်နဲ့သာ ညှိနှိုင်းရမှာဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်က (၄၀၁) နဲ့ ထပ်ပြီး အရေးယူတာတွေ မလုပ်ဘူးလို့ သူ့ရဲ့မိန့်ခွန်းထဲမှာ ပြောပြီးဖြစ်တဲ့ အကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

“(၄၀၁) ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီနေ့ပွဲမှာ ပြောတာဆိုတာလေးတွေ ရှိပါတယ်။ (၄၀၁) နဲ့ပတ်သက်ပြီးတော့ သူတို့ဘက်ကလည်း ဘာကို အာမခံလဲ ဆိုတဲ့အခါ ကျတော့ ဒါကို သမ္မတ မိန့်ခွန်းထဲမှာလည်း ပြောထားပြီးသွားပြီပေါ့လေ။ (၄၀၁) နဲ့ ပတ်သက်ပြီးတော့ ပြန်ပြီးတော့ အရေးမယူပါဘူး ဆိုတဲ့ဟာမျိုးပေါ့။ ဒါ သမ္မတရဲ့ ကတိစကားဟာ အတည်ပါပဲပေါ့။ ဒါမျိုးမလုပ်ပါဘူး ခုချိန်မှာ။ နောက်ပြီး ဒါနဲ့ပတ်သက်ပြီးတော့ ဗိုလ်ကြီးနေမျိုးဇင် ကို ဖြစ်သွားတဲ့ ဟာက သူတို့အနေနဲ့ ပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့အကြောင်း ပြောပြပါတယ် ခင်ဗျ။”

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲအောင်ပြောသွားခဲ့တာပါ။
နိုင်/ကျဉ်းရွေးချယ်ရေးကော်မတီ ရဲ့ လေးကြိမ်မြောက် အစည်းအဝေး အပြီးမှာ နောက်ပိုင်း နိုင်/ကျဉ်းရွေးချယ် အတည်ပြုရေးကိစ္စတွေကို ဆက်လုပ်ဖို့ တစ်လတစ်ကြိမ် အစည်းအဝေးတွေ ပုံမှန် လုပ်ဖို့ကိုလည်း ၀န်ကြီး ဦးစိုးသိန်းက ပြောခဲ့တယ်လို့ ကော်မတီ ၀င်တွေက ပြောပါတယ်။

VOA
တနင်္ဂနွေနေ့ကကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရွေးချယ်ရေး ကော်မတီ ရဲ့ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးမှာ လက်ကျန် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို အတည် မပြုနိုင်သေးပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမကျန်အောင် လွှတ်ပေး

အမေရိကန်ထောက်လှမ်းရေး အကြမ်းဖက်ကြံစည်မှု ၆၀ ခန့် ဟန့်တားနိုင်ခဲ့

အမေရိကန်ထောက်လှမ်းရေး အကြမ်းဖက်ကြံစည်မှု ၆၀ ခန့် ဟန့်တားနိုင်ခဲ့
Monday, June 17, 2013

အမေရိကန်အစိုးရရဲ့ အငြင်းပွားစရာ စောင့်ကြည့်ထောက်လှမ်းတဲ့
အစီအစဉ်ကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းကနိုင်ငံပေါင်း ၂၀
ကျော်မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှု လေး ငါး ခြောက်ဆယ် လောက် ကို လက်ဦးမှုယူ တားဆီးနိုင်ခဲ့တယ် လို့ ထောက်လှမ်းရေး တာဝန်ရှိသူတွေ က ပြောပါတယ်။ ဘယ်လို ကြိုတင်ကြံစည်မှုတွေလဲ၊ ဘယ်နိုင်ငံတွေနဲ့ ပတ်သက်နေသလဲ ဆိုတဲ့ နောက်ထပ်အချက်တွေကိုတော့ ထုတ်ဖော်ပြောခြင်း မရှိပါဘူး။

ထောက်လှမ်းမှု အစီအစဉ်တွေဟာ ထိရောက်ပါတယ်ဆိုတာ ပြသ ဖို့ နောက်ထပ် အချက်အလက်တွေ ပေးဖို့ အမေရိကန်လွှတ်တော် အမတ်တွေ က တောင်းဆိုခဲ့ပြီးနောက် လျှို့ဝှက်မှုအဆင့်ကို လျှော့ချထားတဲ့ အချက်အလက်တွေကို ထောက်လှမ်းရေး အေဂျင်စီတွေက စနေနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အစီရင်ခံစာတွေထဲမှာ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံထဲက တယ်လီဖုန်းဆက်သွယ်မှု မှတ်တမ်းပေါင်း သန်းနဲ့ချီကို ရယူခဲ့ကြောင်းနဲ့၊ အဲဒီထဲမှာမှ ဖုန်းဆက်သွယ်မှု ၃၀၀ အတွက် ဆက်သွယ်သူတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အချက်အလက်တွေကို စုံစမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားလုံခြုံရေးအေဂျင်စီ NSA အကြီးအကဲ ဗိုလ်ချုပ်ကြီး Keith Alexander က ကြိုတင် တားဆီးနိုင်ခဲ့တယ် လို့ ဆိုတဲ့ ကြိုတင်ကြံစည်မှုပေါင်း ဒါဇင်နဲ့ချီနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လျှို့ဝှက်မှုအဆင့်ကို လျှော့ချဖို့ လုပ်နေပါတယ်လို့ ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့ရဲ့ စောင့်ကြည့် ထောက်လှမ်းတဲ့ အစီအစဉ်ဟာ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို အမေရိကန်ပြည်သူတွေကို ပြသဖို့ ခုလို ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်နေပေမဲ့ အမေရိကန်ရဲ့ အကြမ်းဖက်မှု တန်ပြန်ရေးအစီအစဉ်တွေ ကို ဖော်ထုတ်ပြရာ မရောက်အောင် အသေအချာ လုပ်လိုတယ်လို့ လည်း ပြောပါတယ်။ နိုင်ငံရပ်ခြား စောင့်ကြည့်ထောက်လှမ်းရေး အက်ဥပဒေအရ လျှို့ဝှက်တရားရုံးကနေ NSA ရဲ့ ထောက်လှမ်းမှု အစီအစဉ်တွေကို ရက် ၉၀ ကြာတိုင်းမှာ သုံးသပ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

စောင့်ကြည့် ထောက်လှမ်းတဲ့ အစီအစဉ်မှာရရှိတဲ့ ဖုန်းဆက်သွယ်မှု မှတ်တမ်းတွေမှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်မှုရှိမရှိ ဆိုတာအတွက် ဖုန်းဆက်တဲ့ အချိန်အခါနဲ့ ကြာမြင့်မှုကိုပဲ စစ်ဆေးလို့ရတယ်လို့ ပြောပါတယ်။ ရယူထားတဲ့ အချက်အလက် မှတ်တမ်းတွေကိုလည်း ၅ နှစ်တခါ ဖျက်ဆီးပစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားလုံခြုံရေးအေဂျင်စီ NSA အကြီးအကဲ ဗိုလ်ချုပ်ကြီး Keith Alexander
ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်အစိုးရရဲ့ အငြင်းပွားစရာ စောင့်ကြည့်ထောက်လှမ်းတဲ့ အစီအစဉ်ကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းကနိုင်ငံပေါင်း ၂၀ ကျော်မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်

ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေးဆေး ရုံပို့

ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေးဆေး ရုံပို့
Monday, June 17, 2013

၁၅.၆.၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ် ကွက်၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်
စောင်းတန်း သို့ လွန်ခဲ့သော (၃)နှစ်ခန့်က
ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ကူးပြောင်း ထားသူ မခင်မျိုး၊

၃၈နှစ်၊ (ဘ)ဦးစံရင်၊ ဘူတာရပ်၊ တန့်ယမ်းမြို့နယ်၊ ရှမ်း/မြောက်
နေသူနှင့် ၎င်း၏ချွေးမ မမျိုးသန္တာစိုး၊ (၁၇)နှစ်၊ ဗုဒ္ဓဘာသာ၊ (ဘ)ဦးသန်းဌေးတို့ ရောက်ရှိလာပြီး နှင်းဆီပန်း (၁၀၀၀၀)ကျပ်ဖိုး ခန့်ဝယ်ယူကာ စေတီတော်ရင်ပြင်အရှေ့ဘက်မုခ်စောင်းတန်း
အနီးရှိ အလှူခံပုံးပေါ်တွင် နှင်းဆီပန်းများ တင်၍လည်းကောင်း၊

ပန်းအချို့အားအောက်သို့ချ၍လည်းကောင်း၊ ဓါတ်ပုံဆရာဖြင့် ဓါတ်ပုံအရိုက်ခံခဲ့ကြောင်း၊ ထိုသို့ဓါတ်ပုံ အရိုက်ခံစဉ် မခင်မျိုးမှ ဘော်လကာဝတ်ရုံခြုံလျက် မျက်မှန်တပ်ခဲ့ကြောင်း၊


ထိုကဲ့သို့ ဓါတ်ပုံအရိုက်ခံနေသဖြင့် ဂေါပကအဖွဲ့ဝင် ဦးသိန်းလင်းနှင့်အဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့ပြီး ၁၄၄၀ အချိန် မခင်မျိုးအား နောက်နောင် အလားတူမပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ပါသည်။

မခင်မျိုးသည် ပထမအိမ်ထောင်ဖြစ်သည့် ဦးအောင်ဘို၊
ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးချစ်ထွန်း၊ ဘူတာရပ်၊ နောင်ချိုမြို့နယ်နေသူနှင့် သား(၂)ဦးထွန်းကားခဲ့ပြီး ဗုဒ္ဓဘာသာကိုးကွယ်ခဲ့ကြောင်း၊ ဒုတိယအိမ်ထောင်ဖြစ်သည့် မောင်မောင်နိုင်(ခ)ဘုနူကဒီ ၊

အစ္စလာမ်ဘာသာဝင်နှင့် အိမ်ထောင်ကျခဲ့ပြီး လွန်ခဲ့သော (၃)နှစ်ခန့်မှ စ၍ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း၊ မခင်မျိုးသည် တစ်ခါတစ် ရံ စိတ်ဖိစီးမှုကြောင့် စိတ်ဖေါက်ပြန် တတ်ပြီး ယခင် ပန်ဆန်းမြို့တွင်နေထိုင်စဉ်ကလည်း စိတ်ဖေါက်ပြန်ခဲ့ ဖူးကြောင်း၊

၁၄.၆.၂၀၁၃ ရက်နေ့တွင်
မခင်မျိုးသည် သားအကြီးဖြစ်သူမောင်ကောင်းထက်သော်
(ခ)ချစ်ဖွယ်၏ ဇနီးဖြစ်သူ မမျိုးသန္တာစိုးနှင့်အတူ ရွှေမန္တလာ
ယာဉ်ဖြင့် လားရှိုးမှရန်ကုန်သို့ ဆေးကုသရန်လာရောက်ခဲ့ပြီး ဒဂုံတောင်မြို့နယ်နေ အဒေါ်ဖြစ်သူ ဒေါ်မာလာ၏နေအိမ်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊

၁၅.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ပန်းဘဲတန်း မြို့နယ်၊ ရွှေဘုံသာလမ်း၊ ရဲမျက်မှန်ဆေးခန်းရှိ ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်ဒေါ်မိမိ ချိုနှင့် ပြသ ရန်စီစဉ်ထားရှိကြောင်း သိရှိရပါသည်။

၁၅.၆.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မခင်မျိုးသည် ချွေးမဖြစ်သူ မမျိုးသန္တာစိုးနှင့် ရန်ကုန်မြို့ထဲသို့ လာရောက်ခဲ့ပြီး ရွှေတိ ဂုံစေတီတော်ဖူးမြော်ရန်အတွက် စေတီတော်အရှေ့ဘက် စောင်း တန်းမှ တက်ရောက်ခဲ့ပြီး ပန်းများဝယ်ယူကာ ဘော်လာကာဝတ်စုံဝတ်၍ အမှတ်တရဓါတ်ပုံရိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

၁၆.၆.၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန်တွင် ရန်ကုန်အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချူပ်မှ ဦးမောင်မောင်လေး နှင့် မော်လ၀ီဟာရာရှစ် တို့ဦးဆောင်သောအဖွဲ့သည် ဒေါ်မာလာ၏ နေအိမ်သို့
သွားရောက်ပြီး ဒေါ်မာလာနှင့်အတူ မခင်မျိုးအားခေါ်ဆောင်၍

ဒဂုံအရှေ့မြို့နယ် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ တင်ပို့ကုသစေခဲ့ ရာ တာဝန်ကျဆရာဝန် ဒေါက်တာနန်းယုလွင်မှ လက်ခံစစ်ဆေးထားရှိပြီး အဆောင်(၄)၊ အခန်း(၁)တွင် တက်ရောက်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။

Posted From Yangon Police News
၁၅.၆.၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ် ကွက်၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် စောင်းတန်း သို့ လွန်ခဲ့သော (၃)နှစ်ခန့်က ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့

ရန်ကုန်မြို့၌ အိမ်ခန်းငှားရမ်းခများ အဆမတန် မြင့်တက်လာ

ရန်ကုန်မြို့၌ အိမ်ခန်းငှားရမ်းခများ အဆမတန် မြင့်တက်လာ
Monday, June 17, 2013

ရန်ကုန်မြို့အတွင်း၌ အိမ်များ ငှားရမ်းနေထိုင်သူများ အနေဖြင့် အိမ်ငှားရမ်းခများမှာ လက်ရှိပေါက်ဈေးထက် အဆမတန် မြင့်တက်နေခြင်းကြောင့် ငှားရမ်းနေထိုင်သူများ အနေဖြင့် အခက်တွေ့လျက်ရှိကြောင်း လုံးချင်းအိမ်များနှင့် တိုက်ခန်းငှားရမ်း နေထိုင်သူများထံမှ သိရသည်။

ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် အိမ်ငှားရမ်းနေထိုင်သည့် မိသားစုက ''ကျွန်မတို့ လင်မယား နှစ်ယောက်တည်းနေတာ။ ငှားတုန်းက တစ်လ ကိုးသောင်းပေးရတယ်။ အခန်းကလည်း အကောင်းကြီးတော့ မဟုတ်ဘူး။ နှစ်လပဲ ရှိသေးတယ်။ အိမ်လခတက်သွားပြီ တစ်လကို တစ်သိန်းနှစ်သောင်း ဖြစ်သွားပြီတဲ့။ ကျွန်မတို့ လင်မယား နှစ်ယောက်ပေါင်းရင် တစ်လလေးသိန်း လောက်တော့ရတယ်။ ဘယ်လိုမှ မတက်နိုင်တော့ဘူး'' ဟု ဆိုသည်။

လှည်းတန်းတွင် နေထိုင်သည့် အိမ်ငှား တစ်ဦးကလည်း ''ပွဲစားအချို့ စီးပွားရှာတယ် ဆိုပေမယ့် အတိုင်းအတာ တစ်ခုတော့ ရှိသင့်တယ်။ အခုဆိုရင် သူတို့ ပွဲခလိုချင်တိုင်း ဈေးတွေကို လျှောက်ပြောနေတယ်။ နေတဲ့သူတွေ အနေနဲ့ကလည်း ရွှေ့ပြောင်းရမှာ အလုပ်ရှုပ်မှာဆိုးလို့ ဆက်နေကြတာလည်း ရှိတယ်။ မနေနိုင်လို့ ပြောင်းကြတဲ့ သူတွေလည်း ရှိတယ်။ အိမ်ငှားတဲ့ ဈေးက တစ်လတစ်လ ပိုများလာတယ်'' ဟု ဆိုသည်။

ရန်ကုန်မြို့တွင် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ အိမ်ခြံမြေ ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာကာ အိမ်ငှားရမ်း နေထိုင်ရန်အတွက် များစွာ ခက်ခဲလျက်ရှိသည်။

အိမ်ငှားရမ်းသူများ အနေဖြင့် နေရာကောင်းလျှင် ဈေးနှုန်းများ ပိုပေးရပြီး အများဆုံး ငှားရမ်းသည့် နေရာများမှာ တာမွေ၊ လှည်းတန်း၊ ကျောက်မြောင်း၊ ရန်ကင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် အိမ်ငှားရမ်းမှုများ အများဆုံး ပြုလုပ်လာကြပြီး အနည်းဆုံး ခြောက်လ စာချုပ်ရကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးရှိ ယုဇနဥယျာဉ်မြို့တော်တွင် ယမန်နှစ် အိမ်ငှားရမ်းခမှာ ကျပ် ၂၅၀၀၀ မှ ၄၀၀၀၀ အကြားရှိရာမှ ယခုအခါတွင် ၅၀၀၀၀ မှ ၆၀၀၀၀ အထိ လည်းကောင်း၊ သာကေတမြို့နယ်တွင် ယမန်နှစ်ကကျပ် ၃၀၀၀၀ မှ ၄၀၀၀၀ အထိရှိရာမှ ယခုအခါ ကျပ် ၅၀၀၀၀ မှ ၇၀၀၀၀ အထိလည်းကောင်း၊ တာမွေ၊ ကျောက်မြောင်း၊ လှည်းတန်း၊ ရန်ကင်း၊သင်္ဃန်းကျွန်း မြို့နယ်တို့တွင် ယမန်နှစ်က ကျပ် ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ ရှိရာမှ ယခုအခါ ၁၀၀၀၀၀ မှ ၁၅၀၀၀၀ အထိ လည်းကောင်း ငှားရမ်းခများ မြင့်တက်ခဲ့သည်။

ယင်းကဲ့သို့ အိမ်ငှားရမ်းခများ အဆမတန် မြင့်တက်မှုများ ရှိလာခြင်းကြောင့် နယ်များမှ လာရောက် အခြေချ လုပ်ကိုင်သူများမှာ အကျပ်အတည်းနှင့် ပိုမိုရင်ဆိုင် လာရကြောင်း သိရသည်။

EMG
ရန်ကုန်မြို့အတွင်း၌ အိမ်များ ငှားရမ်းနေထိုင်သူများ အနေဖြင့် အိမ်ငှားရမ်းခများမှာ လက်ရှိပေါက်ဈေး

မြောက်ကိုရီးယား နိုင်ငံ နျူကလီးယား လက်နက် အသုံးပြု၍ ကာကွယ်ရေး စွမ်းအားတိုးမြှင့် သွားမည်

မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန်၏ စစ်ပွဲဖြစ်ပွားရန် ခြိမ်းခြောက်မှုနှင့် တောင်ကိုရီးယား၏ ထိပ်တိုက် တွေ့ဆုံမှုမူဝါဒများအား နျူကလီးယား လက်နက်အသုံးပြု၍ ကာကွယ်ရေး စွမ်းအားကို တိုးမြှင့်

အစိမ်းရောင်ပါတဲ့ အာလူး မစားသင့်

အစိမ်းရောင်ပါတဲ့ အာလူး မစားသင့်
Monday, June 17, 2013

အာလူးပါတဲ့ အစားအစာ ဆိုတာ ကျနော်တို့  စားပွဲတော်တော်များများမှာ ပါရှိတက်တဲ့ အမယ်တစ်မျိုးလို့ လည်း ပြောလို့ ရပါတယ်။ အာလူးကို ကြိုက် သည် ရှိသော် မကြိုက်သည်ရှိသော အခု မျှဝေပေးမယ့်  အကြောင်းအရာ ကတော့ အာလူးနဲ့ ပတ်သတ်တဲ့ ကျန်းမာရေး ဂရုစိုက်မှု ဖြစ်ပါတယ်။

အာလူးကို ပထမဆုံး အခွံခြစ် လိုက်တဲ့ အခါ ထွက်ပေါ်လာတဲ့ အသားမှာ အစိမ်းရောင် ပါနေရင် စားသုံးဖို့  မသင့်တော် ဘူးလို့  သိရပါတယ်။

ဘာကြောင့်လဲ ..?
ဒီဇာတ်လမ်းကို စတင်ခဲ့တာက Solanine လို့ အမည်တွင်တဲ့ ဓာတုဓာတ် ပါတဲ့ အဆိပ်တစ်မျိုးကြောင့် ဖြစ်ပါတယ်။ သူက အာလူးနဲ့ ခရမ်းချဉ်သီးမှာ အဓီက တွေ့ ရတဲ့ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။ အဆိပ်ဖြစ်ကြောင်း တွေ့ ရှိ ခဲ့တာ ကတော့ ၁၈၂၀ ခုနှစ်ပိုင်း ဥရောပမှာ ဖြစ်ပါတယ်။

ဒီ အစိမ်းရောင် သန်းနေတဲ့ အာလူးကို စားသုံးမိမယ် ဆိုရင် မအီမသာ ဖြစ်လာမယ် ၊ ၀မ်းလျှောတာတွေ ၊ ပျို့ အန်တာတွေ ဖြစ်မယ် ၊
နောက် အစာအိမ်ကို ထိခိုက်စေပြီး လည်ချောင်းကိုလည်း အပူကန်စေနိုင်တယ် ၊ ကယောင်ချောက်ချားဖြစ်မယ် ၊ နောက်ဆုံး ခေါင်းကိုက်ခြင်း နဲ့ ခေါင်းမူးခြင်းကို ပါ ဖြစ်စေနိုင်တဲ့ အစာ ဆိပ်တက်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

ဒီလို အစိမ်းရောင် သန်းနေရခြင်းကလည်း နေရောင်ခြည်နဲ့ အစာချက် လုပ်ဆောင်ခြင်း ဓာတ် chlorophyll များစွာ ပါရှိနေတဲ့  အတွက်ကြောင့် ဆိုထားပါတယ်။ ဒါကြောင့် ဈေး နဲ့ စူပါမားကတ် တစ်ချို့ မှာလည်း ဒီလို အစိမ်းရောင် သန်းနေတဲ့ အာလူးများကို မရောင်းချ ဖို့ တားမြစ်ထားပါတယ်။

အလွယ်တကူး ဈေးပေါပေါနဲ့ ရရင်လည်း မ၀ယ်စားသင့်ပါဘူး။
အကယ်လို့ မိမိချက်တဲ့ အခါ အစိမ်းရောင်အပိုင်းဟာ တစ်စိတ်တစ်ပိုင်း
အနေနဲ့ ပါဝင်နေမယ် ဆိုရင်လည်း ထိုပါဝင်နေတဲ့ အပိုင်းကို လှီးထုတ်ပစ်
ရမှာ ဖြစ်ပါတယ်။

အစိမ်းရောင်ပါတဲ့ အာလူးဟာ လတ်ဆပ် တာ မဟုတ်ဘဲ အဆိပ်ဖြစ်စေ တက်တာကို သတိပြုနိုင်ဖို့ နဲ့ စားသုံးမိသူများ အနေဖြင့် အစာ အဆိပ်သင့်တဲ့ သာဓက များ လတ်တလော ဖြစ်ပွားနေပြီး မိမိကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေတာ ကြောင့် အသိပညာပေး မျှဝေလိုက်ရပါတယ်။

Ref;Wiki
Myawady News
အာလူးပါတဲ့ အစားအစာဆိုတာ ကျနော်တို့  စားပွဲတော်တော်များများမှာ ပါရှိတက်တဲ့ အမယ် တစ်မျိုး

မျိုးစောင့် ဥပဒေကြမ်း ကန့်ကွက်စာထုတ်

မျိုးစောင့် ဥပဒေကြမ်း ကန့်ကွက်စာထုတ်
Monday, June 17, 2013

သံဃာ တချို့ တင်သွင်းဖို့ ကြိုးစား နေတဲ့ မျိုးစောင့် ဥပဒေကြမ်း ဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များရဲ့ တဦးချင်း လွတ်လပ်မှု အခွင့်အရေးကို ချုပ်ချယ်ဖို့ ကြိုးစားတယ် ဆိုပြီး ကန့်ကွက်မှုတွေ ရှိလာ ပါတယ်။

ဒီ ဥပဒေကြမ်းက အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းကို ချိုးဖောက်ရာ ကျတယ်လို့ ကရင် အမျိုးသမီး ဖွံ့ဖြိုးရေး အဖွဲ့၊ ၈၈ မျိုးဆက် အမျိုးသမီး အဖွဲ့ စတဲ့ အမျိုးသမီး ၇ ဖွဲ့နဲ့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါတယ်။

ဒီ ဥပဒေဟာ အမျိုးသမီး တို့ရဲ့ ဆင်ခြင်တုံ တရား ကို အထင်သေး စော်ကား နေပြီး ဗုဒ္ဓဘာသာ ဟာ အခြား ဘာသာဝင် တွေနဲ့ ရော စပ် ယှဉ် တွဲ နေထိုင်ဖို့ ယုံ ကြည် မှု ကိုယ်ခံ အား နည်းတဲ့ ဘာသာ ဖြစ်ကြောင်း ဆိုလိုရာ ကျတယ် လို့လဲ ဒီကြေညာချက်မှာ ဖော်ပြ ပါတယ်။

ဒီဥပဒေ ကြမ်းကို ဇွန်လ (၁၃)ရက် နေ့ က မှော်ဘီမှာ ပြုလုပ်တဲ့ သံဃာ အစည်းအဝေးမှာ ဦးဝီရသူနဲ့ ရဟန်းတော် တစုက ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဥပဒေနဲ့ အတူ ချပြ ဆွေးနွေးခဲ့တဲ့ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ ကြမ်း ဟာလဲ လူ့အခွင့်အရေး စံနှုန်းနဲ့ မကိုက်လို့ ဒီမို ကရေစီ နိုင်ငံ တွေမှာ ပြဋ္ဌာန်း လို့ မရဘူး၊ နိုင်ငံရေးမှာ ဘာသာရေး မစွက်ဖက် သင့်ဘူး လို့လဲ ဥပဒေ ပညာရှင် ဦးကိုနီ က ပြောကြား ပါတယ်။

မြန်မာ ဓလေ့ ထုံးတမ်း ဥပဒေ တွေ အရ ထိမ်းမြားမှုဟာ ဘာသာရေးနဲ့ မသက်ဆိုင် ဘူး လို့လဲ ဆိုပါတယ်။ 

BBC Burmese
သံဃာတချို့ တင်သွင်းဖို့ ကြိုးစား နေတဲ့ မျိုးစောင့်ဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများရဲ့ တဦးချင်း လွတ်လပ်မှု အခွင့်အရေးကို ချုပ်ချယ်ဖို့ ကြိုးစားတယ် ဆိုပြီး ကန့်ကွက်မှုတွေ ရှိလာ ပါတယ်။

အီးယူမှ ပေးအပ်သော ကုန်သွယ်မှု အထူးအခွင့်အရေးကြောင့် မြန်မာ့အထည်ချုပ် လုပ်ငန်းများ တိုးတက်လာနိုင်ပြီး ငါးနှစ်အတွင်း လုပ်သားနှစ်သန်းခန့် အလုပ်အကိုင် ရလာနိုင်

အီးယူမှ ပေးအပ်သော ကုန်သွယ်မှု အထူးအခွင့်အရေးကြောင့် မြန်မာ့အထည်ချုပ် လုပ်ငန်းများ တိုးတက်လာနိုင်ပြီး ငါးနှစ်အတွင်း လုပ်သားနှစ်သန်းခန့် အလုပ်အကိုင် ရလာနိုင်
Monday, June 17, 2013

အီးယူ(ဥရောပသမဂ္ဂ)နိုင်ငံမှ ပေးအပ်သည့် GSP ကုန်သွယ်မှု အထူးအခွင့်အရေးများ ပြန်လည်ရရှိပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် အဓိက တိုးတက်လာနိုင်သည့် ကဏ္ဍမှာ အထည်ချုပ်လုပ်ငန်း ကဏ္ဍဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အီးယူမှ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူ ပြုစေရန် ကုန်သွယ်မှု အထူးအခွင့်အရေး ပြန်လည်ပေးအပ်ရန် ဇွန် ၁၂ ရက်နေ့က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ အဓိက ဖွံ့ဖြိုးလာနိုင်ပြီး ရေထွက်ကုန်ပစ္စည်း တင်ပို့မှု လုပ်ငန်းများလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ပြင် အထည်ချုပ် လုပ်ငန်းများ၌ အနည်းဆုံး အခကြေးငွေများသာ အပြောင်းအလဲ မရှိပါက ငါးနှစ်အတွင်း လုပ်သားနှစ်သန်းခန့် အလုပ်အကိုင် ရရှိလာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

''အီးယူရဲ့ GSP ရလာတာဟာ ကိုယ့်အတွက် အခွင့်အရေးတစ်ရပ် ဖြစ်သလို ကိုယ့်အတွက် ဂရုစိုက်ရမယ့် ကိစ္စတွေလည်း ရှိတယ်။ ဒီက လုပ်ငန်းရှင်တွေက GSP နဲ့ ဝေးနေတာကြာပြီ။ အဓိကကတော့ quality အရည်အသွေးတွေ ထိန်းဖို့လိုတယ်။ တချို့လုပ်ငန်းရှင်တွေ အရည်အသွေးထိန်းဖို့ မြှင့်ဖို့ မလုပ်ခဲ့တာ ကြာသွားပြီ။ သူတို့ဈေးကွက်ကို ပို့မယ်ဆိုရင် သူတို့ရဲ့သတ်မှတ်ချက်ကို မီအောင်ပို့နိုင်ဖို့ လိုတယ်။ လိုက်နာဖို့လိုတယ်။ အရေးကြီးဆုံးကတော့ GSP နဲ့ပတ်သက်ရင် နားလည်ဖို့လိုတယ်။ သူတို့သတ်မှတ်တာတွေနဲ့ ကိုက်ညီအောင် ပို့နိုင်ဖို့ လိုပါတယ်'' ဟုလည်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောကြားခဲ့သည်။

GSP ကြောင့် အီးယူဈေးကွက်အတွင်း မြန်မာ့ကုန်ပစ္စည်းများ ယခုထက် ဈေးသက်သာလာမည် ဖြစ်ကြောင်းနှင့် အထည်ချုပ် လုပ်ငန်းများ၌ အော်ဒါများ ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း ဈေးကွက်အတွင်းသို့လည်း ဈေးသက်သက်သာသာနှင့် ၀ယ်ယူမည့်သူများ ၀င်ရောက်လာနိုင်ကြောင်း သိရသည်။

''အရင်ကတော့ အထည်ချုပ် လုပ်ငန်းတွေမှာ တစ်နှစ်လုံးမှာ ၈ လ၊ ၉ လပဲ လုပ်ရပြီး သုံးလလောက် နားရတာတွေလည်း ရှိခဲ့တယ်။ အော်ဒါ များတဲ့လ၊ အော်ဒါ မရတဲ့လဆိုတာ ရှိတယ်။ အခု GSP ကြောင့် အရှေ့နိုင်ငံက အော်ဒါနည်းရင် အနောက်နိုင်ငံက အော်ဒါရှိမယ်။ အနောက်က အော်ဒါနည်းပြီဆိုရင် အရှေ့က အော်ဒါတွေရှိပြီး တစ်နှစ်ပတ်လုံး လုပ်ငန်းလည်ပတ်လာနိုင်မှာ ဖြစ်ပါတယ်'' ဟုလည်း လက်ဝါးအထည်ချုပ် စက်ရုံမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာမောင်မောင်အေးက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မတ်လအထိ သုံးလတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ်လုပ်ငန်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရရှိခဲ့ကာ ယခင်နှစ် ကာလတူထက် နှစ်ဆနီးပါး ပိုမိုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

EMG
လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
အီးယူ(ဥရောပသမဂ္ဂ)နိုင်ငံမှ ပေးအပ်သည့် GSP ကုန်သွယ်မှု အထူးအခွင့်အရေးများ ပြန်လည်

ကေအန်ယူနဲ့ အစိုးရတပ်ကြား ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေး

  ကေအန်ယူနဲ့ အစိုးရတပ်ကြား ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေး
Monday, June 17, 2013

ကရင် အမျိုးသား အစည်း အရုံး ကေအန်ယူနဲ့ အစိုးရ စစ်တပ်တွေ အပစ် အခတ် ရပ်စဲ ထားပြီး နောက်မှာ နှစ်ဘက် တပ်တွေ လိုက်နာ ရမယ့် ကျင့်ဝတ်တွေ ကိစ္စကို နှစ်ဖက် ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ ဆွေးနွေး နေကြ ပါတယ်။

ကေအန်ယူ ဘက်က ဗဟို ကော်မီတီဝင် စောတာ့ဒိုမူး၊ နိုင်ငံခြားရေး တာဝန်ခံ စောအောင်ဝင်းရွှေတို့ ဦးဆောင်တဲ့ အဖွဲ့နဲ့ အစိုးရ ဘက်က ငြိမ်းချမ်းရေး စင်တာ တာဝန်ရှိ သူတွေ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာမှာ စနေနေ့က စပြီး ဆွေးနွေး နေကြ တာ ဖြစ်ပါတယ်။

ကေအန်ယူ စစ်တပ်နဲ့ အစိုးရ စစ်တပ် နှစ်ဘက် ကြားမှာ လိုက်နာ ရမယ့် ကျင့်ဝတ် code of conduct တွေ ကို အခု ဆွေးနွေး ပွဲမှာ အလွတ် သဘော တိုင်ပင် ညှိနှိုင်း နေတာ ဖြစ်ပါတယ်။

ဒီ တိုင်ပင် ညှိနှိုင်းမှုက ရတဲ့ အချက် အလက်တွေကို နောက်တကြိမ် နှစ်ဘက် စစ်ဖက် ဆိုင်ရာ ကျွမ်းကျင် သူတွေက ဆွေးနွေး ရဦးမှာ ဖြစ်တယ်လို့ ညှိနှိုင်း ဆွေးနွေး ပွဲ ကို တက်ရောက်တဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဒါပေမဲ့ သူတို့ ဆွေးနွေးတဲ့ အသေးစိတ် အချက်တွေကို ပြောကြားခြင်း မရှိပါဘူး။ ကေအင်ယူနဲ့ အစိုးရ ကြားမှာ အပစ် အခတ် ရပ်စဲရေး လုပ်ထားတာ တနှစ် ကျော်သွား တဲ့ အချိန်မှာ ကေအန်ယူ ဘက်က ဆက်ဆံရေး ရုံးတွေ နေရာ အတော် များများမှာ ဖွင့်နိုင်ခဲ့ ပါတယ်။ အဲဒီ ဆက်ဆံရေး ရုံးတွေက နှစ်ဘက် စစ်တပ် ကြား ပြဿနာ တွေကို ဖြေရှင်း ရတာမျိုး အထိတော့ မရှိသေး ဘူးလို့ဆိုပါတယ်။

ဒါပေမဲ့လည်း အစိုးရ စစ်တပ် အပြောင်း အရွှေ့ လုပ်တာတွေ၊ ရိက္ခာတွေ ဖြည့်နေတာမျိုး ရှိတဲ့ အပေါ်မှာ၊ လူမျိုးစု တွေရဲ့ အောက်ခြေ တပ်တွေမှာ စိုးရိမ် နေတာ တွေ လည်း ရှိပါတယ်။

ဒါကြောင့် အပစ်အခတ် ရပ်စဲ ထားတဲ့ ကာလ အတွင်း နားလည်မှု မလွဲမှား ရအောင် ကေအန်ယူနဲ့ အစိုးရ နှစ်ဘက် စစ်တပ်ကြားမှာ ထားရမယ့် ကျင့်ဝတ် code of conduct ကို ညှိနှိုင်းပြီးတော့ သတ်သတ် မှတ်မှတ် ဖြစ်စေချင်နေတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့၊ အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီနဲ့ ကေအန်ယူ နှစ်ဘက်ကြား ပြောဆိုထားတာတွေ ရှိပေမဲ့၊ ကချင် ကိစ္စ ဖြစ်နေတာ ကြောင့်၊ ကြန့်ကြာ သွားရကြောင်း၊ အခု ကချင် ကိစ္စပြီးမှ၊ ဒီဘက်ကို ပြန်လှည့်လာ နိုင်တာလို့ နှစ်ဖက် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တွေ က ပြောပါတယ်။

တချိန်ထဲမှာ ကေအန်ယူ ဥက္ကဌ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကလည်း ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံဖို့ မြန်မာ နိုင်ငံကို ရောက်နေ ပါတယ်။ ဒါပေမဲ့ ဆွေးနွေးမယ့် အချက်တွေ ကိုတော့ ကေအန်ယူက ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပါ။

BBC Burmese
ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူနဲ့ အစိုးရစစ်တပ်တွေ အပစ်အခတ် ရပ်စဲထားပြီး နောက်

မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များတွင် တစ်တပ်တစ်အား ပါဝင် ကူညီမည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်သစ် ပြောကြား

Photo: မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များတွင် တစ်တပ်တစ်အား ပါဝင် ကူညီမည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်သစ် ပြောကြား 
Monday, June 17, 2013

ဗြိတိန် နိုင်ငံ၏ နိုင်ငံခြားနှင့် ဓနသဟာယ ရုံးတွင် (FCO) တောင်အာရှ ရေးရာ တွဲဖက် ဒါရိုက်တာ အဖြစ် တာဝန် ထမ်းဆောင်နေသည့် မစ္စတာ အန်ဒရူး ပတ်ထရစ်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်သစ် အဖြစ် ဇွန် ၁၃ ရက်က ရွေးချယ်ခန့်အပ် ခံခဲ့ရသည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မစ္စတာ ပတ်ထရစ်သည် ယခင်မြန်မာ နိုင်ငံဆိုင်ရာ သံအမတ် မစ္စတာ အန်ဒရူးဟေး နေရာတွင် သြဂုတ်လမှ စ၍ တာဝန်လွှဲပြောင်း ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ မစ္စတာ ပတ်ထရစ်သည် ၁၉၈၈ ခုနှစ်မှ စ၍ (FCO) တွင် တာဝန်စတင် ထမ်းဆောင် ခဲ့သည်ဟု သိရသည်။

မိမိ အနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ် အဖြစ် ရွေးချယ်ခန့်အပ် ခံခဲ့ ရခြင်းကြောင့်  အလွန်ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ မိမိ အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဦးတည် လျှောက်လှမ်းနေသည့် မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များ၌ ပါဝင် ကူညီမည့် ဗြိတိန် နိုင်ငံ၏ ကြိုးပမ်း လုပ်ဆောင်မှုတွင် တစ်တပ်တစ်အား ပါဝင်သွားမည် ဖြစ်ကြောင်း မစ္စတာ ပတ်ထရစ်က ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ
ဗြိတိန် နိုင်ငံ၏ နိုင်ငံခြားနှင့် ဓနသဟာယ ရုံးတွင် (FCO) တောင်အာရှ ရေးရာ တွဲဖက် ဒါရိုက်တာ အဖြစ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူ ၁၅၀ ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူ ၁၅၀ ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွား
Monday, June 17, 2013

မြစ်ကြီးနားဆေးရုံသို့ ရောက်ရှိနေကြသော အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လ ၁၆ ရက် ညနေ ၆ နာရီ ၀န်းကျင်ခန့်မှ စတင်၍ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ လူ(၁၅၀) ခန့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်းရပ်ကွက် နယ်မြေ (၁၀)၊ ရပ်ကွက် (၃) ရှိ ၊ ဦးလဘန်တန်နှင့် ဒေါ်မရန်ကော့တို့ နေအိမ်တွင် တက္ကသိုလ်ဝင်တန်းအောင် သမီးငယ် မလဘန်ထုနန်အတွက် တနင်္ဂနွေ အိမ်ထောင်ဆုတောင်းပွဲ ပြုလုပ်ရာတွင် ကျွေးမွေးသည့် ကချင်ဒံပေါက်ခေါ် (ကြက်သားနှင့် ထမင်းရော၍ နယ်ထားသော စားစရာ) စားရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧည့်သည်များသည် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် စားသုံးပြီးနောက် ညနေ ၆ နာရီခန့်တွင် ၀မ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ရင်ပူခြင်းများ ဖြစ်လာကာ နီးစပ်ရာ ဆေးခန်းများသို့ စုပြုံရောက်ရှိ လာခဲ့သည်။

လူနာ (၂၃)ဦး ကုသနေသော မလိဇွပ် ပုဂ္ဂလိက ဆေးခန်းမှ ဒေါက်တာဂျိုးဇက်က ''စားသောက်ပြီးတာနဲ့ မကြာမီ ဒါဖြစ်တာဆိုတော့ (ဘက်တီးရီးယား ) ထက် ဓာတုဖြစ် ပစ္စည်းကြောင့် ဖြစ်ဖို့များတယ်။ ဒီဆေးခန်းမှာ လာပြတဲ့ လူနာ ၂၃ ဦးမှာ ၁၁ ဦး က စိုးရိမ်ရလို့ မြစ်ကြီးနား ပြည်သူ့ဆေးရုံကို လွှဲပေးလိုက်တယ်'' ဟု ဆိုသည်။

ည ၁၁ နာရီခွဲစာရင်းအရ မြစ်ကြီးနား ဆေးရုံတွင် ကလေး ၉၃ ဦးနှင့် လူကြီး ၄၁ ဦး ရောက်ရှိနေကြောင်း၊ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ကလေးများအား ကုသနေသော ပြည်သူ့ဆေးရုံ ဆရာဝန် တစ်ဦးက ''စိုးရိမ်စရာတော့ ကောင်းတယ်။ အသက်အန္တရာယ် ဖြစ်တဲ့အထိ မစိုးရိမ်ရဘူးလို့ ယူဆတယ်။ ကလေးတွေကတော့ ပျော့ခွေခွေ ဖြစ်သွားတယ်'' ဟု ဆိုသည်။

အသက် ၆၂ နှစ်အရွယ် အဖိုးအို တစ်ဦးက''ကျွန်တော်လည်း အများကြီး စားလိုက်တယ်။ တစ်နာရီ ခွဲလောက်ကြာတော့ အန်လာတယ်။ ၀မ်းသွားတယ်။ ရင်ဘတ်တွေပူပြီးတော့ ပျော့ကျသွားတယ်။ ကလေး တွေကတော့ စိုးရိမ်ရမယ် ထင်တယ်။ ကျွန်တော်ကတော့ သက်သာလာပြီ'' ဟု မြစ်ကြီးနားဆေးရုံတွင် ည ၁၀ နာရီ ၁၅ မိနစ်က ဖြေကြားခဲ့သည်။

ဆေးကုသမှု ခံယူနေရသော လူနာများအား ရပ်ကွက်လူကြီးများ၊ မြို့နယ် ပြည်နယ် ရဲဌာနများ၊ ခရစ်ယာန်လူငယ် အသိုင်းအ၀ိုင်းများ၊ နီးစပ်ရာ ဆွေမျိုးများက အကူအညီပေးလျက်ရှိသည်။ ''တချို့ဆို တစ်အိမ်လုံးဖြစ်လို့ အိမ်စောင့်တောင် မကျန်တော့ဘူး။ ကျွန်တော်တို့က အားလုံးကို စီမံပေးနေတယ်'' ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

EMG
မြစ်ကြီးနားဆေးရုံသို့ ရောက်ရှိနေကြသော အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လ ၁၆ ရက် ညနေ ၆ နာရီ ၀န်းကျင်ခန့်မှ စတင်၍ အစာ အဆိပ်

၁၅ဝဝ ကျပ်တန် ဖုန်းဆင်းကတ်များ ပြင်ပဈေး မတည်ငြိမ်

ရန်ကုန်မြို့တွင် နိုင်ငံတော်မှ မဲဖောက် ရောင်းချပေးသော ၁၅ဝဝ ကျပ် တန် CDMA 800 MHz ဖုန်းဆင်း ကတ်များ သည် ပြင်ပ ဈေးကွက်များ၌လည်း ဗြောင်ကျကျ အရောင်းအဝယ် လုပ်လာကြပြီး  အချို့ ဆိုင်များတွင် ဆိုင်းဘုတ်များဖြင့်ပါ  ကြေညာပြီး  အရောင်းအဝယ် လုပ်လာကြသည် ကို တွေ့ ရသည်။

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်အတွင်း မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းသိရှိရ

6.16.18
အသတ်ခံရသော မြန်မာအလုပ်သမား ကိုမိုးလွင်၏ နာရေးကို ဇွန် ၁၆ ရက်က ပြုလုပ်နေစဉ်
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်အတွင်း မြန်မာအလုပ်သမား တစ်ဦး အသတ်ခံရမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

မလေးရှားရောက် မြန်မာအလုပ်သမားများ ပြည်တော်ပြန်နိုင်ရေး အတွက် ရှုပ်ထွေးမှုပေါင်းစုံနှင့် ရင်ဆိုင်နေရ

6.16.8
မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ဆလာရန်းဈေးအနီး မြင်ကွင်း
မေလနောက်ဆုံးပတ်မှ ဇွန်လ ပထမပတ်အတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဆလန်ဂေါ ပြည်

မသန်စွမ်း ကလေးငယ်များသည် အခြားသော ကလေးများနှင့် နှိုင်းယှဉ်ပါက အကြမ်းဖက်မှု၏ သားကောင် ဖြစ်နိုင်ခြေ သုံးဆမှ လေးဆအထိရှိနေ

6.16.15
မသန်စွမ်း အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် မသန်စွမ်း ကလေးငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံအောင်)
မသန်စွမ်း ကလေးငယ်များသည် အခြားသော ကလေးများနှင့် နှိုင်းယှဉ်ပါက အကြမ်းဖက်မှု၏

လူငယ်လူရွယ်များ နေရပ်စွန့်ခွာမှု များပြား၍ လယ်ယာစိုက်ပျိုးရေး စတင်ချိန် လုပ်သားရရှိရန် အခက်ကြုံ

6.16.17
လှည်းကူးမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြည်တွင်း ပြည်ပသို့ နေရပ်မှ စွန့်ခွာပြောင်းရွှေ့မှု