
ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ဟဲဟိုးလေဆိပ်
မှ တာချီလိတ် လေဆိပ်သို့ လေကြောင်းဖြင့် လိုက်ပါ လာသော ခရီးသည် များအား စစ်ဆေးစဉ် အမျိုးသား
၅ ဦး နှင့် အမျိုးသမီး ၆ ဦးအား သင်္ကာမကင်း ဖွယ်ရာ တွေ့ရှိရ သဖြင့် လေဆိပ် လုံခြုံရေး
တာဝန်ကျ ဒုရဲအုပ် ၀ဿန်ကျော် မှ လူကုန်ကူး (အထူး) အဖွဲ့ရုံးသို့ ပို့ဆောင် မေးမြန်းရာ
အဆိုပါ ခရီးသည် များသည် တာချီလိတ် မြို့တွင် ဆွေမျိုး သားချင်း တစ်ဦး တစ်ယောက်မျှ




![ဇနီးဖြစ်သူကို သတ်ခဲ့သည့် ခင်ပွန်းအား ပြစ်ဒဏ်ချမှတ်
Thursday,May09,2013
၂၃-၁၂-၂၀၁၂ ရက်နေ့ ၁၇၄၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကလေးရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာနေ မတင်ဇာဝင်း(ခ)၀င်းဝင်းအောင်(၂၄)နှစ်အား ခင်ပွန်းဖြစ်သူ ထွန်းနိုင်စိုး(၂၄)နှစ်မှ လင်မယားရန်ဖြစ်စဉ် ဓါးဖြင့်ထိုး၍ ရင်ဘတ်နှင့်ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကလေးရဲစခန်း (ပ)၅၁၇/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အမှုအား ကလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီးမှုအမှတ် ၃/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ထွန်းနိုင်စိုးအား ပြစ်မှုပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့်ထောင်ဒဏ်(၈)နှစ် ကျခံစေရန် ၇-၅-၂၀၁၃ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇာနည်
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](http://sphotos-f.ak.fbcdn.net/hphotos-ak-snc6/s480x480/408429_572487409458568_396333327_n.jpg)











