Friday, May 2, 2014

ကျိုင်းတုံတွင် တစ်ဦးချင်း ကုန်သွယ်မှုကတ် ထုတ်ပေးမည်ဟု စီးပွား/ကူးသန်း ဝန်ကြီးဆို


 မြန်မာ-တရုတ် နယ်စပ်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ် ပြီးဖြစ်ရာ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်ငယ်များ ကုန်သွယ်မှု ပြုလုပ်နိုင် ရန်အတွက် တစ်ဦးချင်းကုန်သွယ်မှုကတ် Individual Trading Card (ITC) များကို ထုတ်ပေး မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ပြောကြားသည်။ ဧပြီလ ၃၀ ရက် မွန်းလွဲ ၂ နာရီက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ဌာနဆိုင် ရာများ ကုန်သည်လုပ်ငန်းရှင်ကြီးများ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြော ကြားခြင်း ဖြစ်သည်။ ယခင်က သွင်းကုန်/ထုတ်ကုန် လိုင်စင်များ လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှုများ ရှိခဲ့သဖြင့် လက်ရှိ အချိန်တွင် ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်ငယ်များပါ ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) ကို ထုတ်ပေးခြင်း ဖြစ်ရာ ယင်း ITC ကတ် ရရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖွင့်လှစ်သည့် ရက်တို သင်တန်းကို တက်ရောက်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

NCCT သဘောထားတွေဟာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသော နိုင်ငံတော်အစိုးရကို အကျပ်အတည်း မဖြစ်စေချင်လို

ပြည်ထောင်စုသမ္မတနိုင်ငံတော်၊ နိုင်ငံတော်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများအား အမြန်ဆုံးချုပ်ငြိမ်းပြီး နိုင်ငံနေ တိုင်းရင်းသားလူမျိုးများအားလု
ံး ငြိမ်းချမ်း စွာအတူတကွ နေထိုင်နိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရေးဆွေးနွေး ပွဲများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ခေါင်းဆောင် များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT (Nationwide Ceasefire Coordination Team) အဖွဲ့နှင့် ၄.၁၁.၂၀၁၃ ခုနှစ်မှစပြီး မြစ်ကြီးနား မြို့မှာ ဆွေးနွေးပွဲကို စတင်ခဲ့တယ်။ ဆွေးနွေးပွဲတွေမှာလဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေရဲ့ မိမိပြည်နယ်အလိုက် တောင်းဆိုမှုများကို နိုင်ငံအရေးအတွက် ရှေ့ရှုကာ နိုင်ငံတော်အစိုးရ ဘက်မှ လိုက်လျောနိုင်သမျှကို လိုက်လျော၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ညှိနှိုင်း၍မရသော ကျန်ရှိတဲ့ အချက်လက်များ ကိုလည်း ပြေလည်စေရန်အတွက် နိုင်ငံတော်အစိုးရဘက်မှ ၂၉.၄.၂၀၁၄ ရက်နေ့ အထိ ၅ ကြိမ်တိုင်တိုင် ဆွေးနွေးမှုများ၊ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ 

ကိုယ်ပိုင်ကားနှင့်စီးလုံးငှားယာဉ်များအတွက် အာမခံထားနိုင်ပြီ

ကိုယ်ပိုင်ကားနှင့် အဝေးပြေး ခရီးသွားသူများအတွက် အလုံးစုံ မော်တော်ယာဉ်အာမခံကို မေ ၈ ရက်မှစတင်ရောင်းချတော့မည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမောင်မောင် သိမ်းက ယမန်နေ့တွင်ပြောသည်။
''အာမခံကို မေ ၈ ရက်မှာ စမယ်။ ဒီ့ထက်ပိုကောင်းတဲ့အချက် ကတော့ မူလကတော့ ဒီအာမခံကို အဝေးပြေးကားနဲ့ ခရီးသည်တွေ အတွက်ပဲ ရည်ရွယ်ထားပေမယ့် တချို့ပုဂ္ဂလိကကိုယ်ပိုင်ကားနဲ့ သွားမယ်၊ တက္ကစီငှားပြီးသွားမယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲ ဒီ အာမခံဝယ်ချင်တဲ့သူတွေရှိနေတယ်။ အဲဒီအတွက်ကြောင့် ဘာလုပ်လိုက် သလဲဆိုရင် ဒီအမြန်လမ်းမကြီး ဆိုင်ရာ အထူးခရီးသွားအာမခံကို မော်တော်ယာဉ်လိုင်းနဲ့ သွားမှ မဟုတ်ဘူး၊ ကိုယ်ပိုင်ယာဉ်နဲ့သွား တဲ့သူတွေလဲ ဝယ်လို့ရအောင်လုပ် ပေးမယ်။ ကိုယ်ပိုင်ယာဉ်နဲ့သွား မယ့် ခရီးသည်တွေအနေနဲ့ ၂ ယူနစ်အထိ ဝယ်ခွင့်ရှိတယ်''ဟု ဒေါက်တာမောင်မောင်သိမ်းကပြော သည်။

Wi-Fi နဲ့ Bluetooth ကွာဟချက်

Photo: Wi-Fi နဲ့ Bluetooth ကွာဟချက်
Friday, May 2, 2014

Wi-Fi ( Wireless Fidelity) ရဲ့ စနစ်က အနီးစပ်ဆုံး Bluetooth နဲ့ဆင်တူပါတယ်။ Wi-Fi က 100m အတွင်း ဖမ်းနိင်ပြီး Bluetooth ကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံးကို 10m အတွင်းသာ Sharing တွေ ပြုလုပ်နိင်မှာ ဖြစ်ပါတယ်။ ပါဝါအားအသုံးပြုမူမှာနဲ့ App မှာလည်း ကွာပါတယ်။ Bluetooth က သုံးစွဲတဲ့ Device ရဲ့ ပါဝါအား ကို နည်းနည်းပဲ သုံးပေးပြီး Data Exchange တွေကို ပုံမှန်အတိုင်းသာ ဆောင်ရွက်ပေးပါတယ်။ Wi-Fi ကတော့ ပါဝါသုံးပြီး မြင့်မားတဲ့ Data Exchange တွေနဲ့
ကူးပြောင်းခြင်းတွေကို ပြုလုပ်ပေးပါတယ်။ တစ်ခု ကြည့်ရမှာက Bluetooth တွေက Sharing လုပ်နေသူရဲ့ personal Data တွေကို လုံခြုံမူ မရှိစေပါပဲ။ Wi-Fi ကတော့ လုံခြုံမူတွေ ရှိနေပါတယ်။
Wi-Fi တွေကို 2.4GHz နဲ့ 5GHz ကြားတွင် ထုတ်လွှတ်အသုံးပြုတတ်ကြပြီး ဖုန်းတွေမှာပါတဲ့ WLAN ရဲ့ အရှည်ကတော့ ( Wireless Local Aera Network )ဖြစ်ပါတယ်။ အမြန်နှုန်းအနေနဲ့ 2.4GHz တွင် 1-2Mbps ရှိပြီး 5GHz တွင်ဆိုရင် 54Mbps ရှိပါတယ်။ Wi-fi ကို အမေရိကန် အစိုးရပိုင်းကပဲ စတင်ထွင်ခဲ့တာ ဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာ ကော်မတီတွေ စတင်ဖွဲ့ခဲ့ကာ ၁၉၉၉ နဲ့ ၂၀၀၂ မှာတော့ ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ နဲ့ Nokia, Motorola တို့နဲ့ပူးပေါင်းကာ Wi-Fi ထုတ်လွှတ်စမ်းသပ်ခြင်းတွေ ပြုခဲ့ပါတယ်။ ကုမ္ပဏီတွေ အနေနဲ့ Wi-Fi Trademark တွေကို ဖုန်းမှာ တံဆိပ်ရိုက်ခြင်းတွေကို ပြုလုပ်နိင်လာပါတယ်။ ယခုဆိုရင်တော့ (၅၀၀) ထက် ပိုတဲ့ ကုမ္ပဏီတွေက အသုံးပြုနေကြပါတယ်။
Wi-Fi နဲ့ Bluetooth မှာ Wi-Fi က router ကတစ်ဆင့် ရေဒီယိုလိုင်းတွေကို ဖမ်းပြီး ပြန်လွှင့်ပေးကာ Device တစ်ခုနဲ့တစ်ခု အင်တာနက်သုံးစေနိင်ခြင်း၊ အချက်အလက်တွေ စီးဆင်းစေနိင်ခြင်းကို ပြုလုပ်ပေးပြီး
Bluetooth ကတော့ Device တစ်ခုနဲ့တစ်ခု တိုက်ရိုက်ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ထိုသို့ပေးပို့ရာတွင်လည်း encoding , decoding, Acknowledge တွေကိုသုံးပါတယ်။ ပေးပို့လိုက်တဲ့ အရာတွေကို Wireless Singanal ကနေတစ်ဆင့် သွားပါတယ်။ ၀ှက်စာနဲ့ သင်္ကေတတွေကို ပို့ပြီး လက်ခံတဲ့ Device့ လည်း ဒါကို ပြန်ပြီး ၀ှက်စာဖော်ပါတယ်။ ပြီးမှာ ပြန်ဖော်ပြပေးတာမျိုး ဖြစ်ပါတယ်။

Smart Pro Journal 
 Wi-Fi ( Wireless Fidelity) ရဲ့ စနစ်က အနီးစပ်ဆုံး Bluetooth နဲ့ဆင်တူပါတယ်။ Wi-Fi က 100m အတွင်း ဖမ်းနိင်ပြီး Bluetooth ကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံးကို 10m အတွင်းသာ Sharing တွေ ပြုလုပ်နိင်မှာ ဖြစ်ပါတယ်။ ပါဝါအားအသုံးပြုမူမှာနဲ့ App မှာလည်း ကွာပါတယ်။ Bluetooth က သုံးစွဲတဲ့ Device ရဲ့ ပါဝါအား ကို နည်းနည်းပဲ သုံးပေးပြီး Data Exchange တွေကို ပုံမှန်အတိုင်းသာ ဆောင်ရွက်ပေးပါတယ်။ Wi-Fi ကတော့ ပါဝါသုံးပြီး မြင့်မားတဲ့ Data Exchange တွေနဲ့
ကူးပြောင်းခြင်းတွေကို ပြုလုပ်ပေးပါတယ်။ တစ်ခု ကြည့်ရမှာက Bluetooth တွေက Sharing လုပ်နေသူရဲ့ personal Data တွေကို လုံခြုံမူ မရှိစေပါပဲ။ Wi-Fi ကတော့ လုံခြုံမူတွေ ရှိနေပါတယ်။

မသန်စွမ်းဝန်ထမ်း ခန့်အပ်ရန် မြန်မာ့ရှေ့ဆောင်ဘဏ် စီစဉ်နေ

မသန်စွမ်းတစ်ဦးကို ဝန်ထမ်းအဖြစ် စတင်ခန့်ထားရန် မြန်မာနိုင်ငံ မသန်စွမ်း သူများရှေ့ဆောင်အဖွဲ့ သို့ မြန်မာ့ရှေ့ဆောင်ဘဏ်က ဝန်ထမ်းတစ်ဦး တောင်းထားကြောင်း သိရသည်။
မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးကိုရှေးရှု၍ စမ်းသပ်ခန့်ထားခြင်းဖြစ်ပြီး လုပ် ငန်းခွင်အဆင်ပြေပါက မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိလာမည်ဖြစ်သောကြောင့် မိမိတို့ပေးပို့ မည့်ဝန်ထမ်းကိုအရည်အချင်းပြည့်ဝစေရန်စနစ်တကျသင်ကြား၍အရည်အချင်းပြည့်ဝသောသူကို စေလွှတ် မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့တည်ထောင်သူ စီမံကိန်းဒါရိုက်တာ ဦးနေလင်းစိုး က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။
''မတ်လနှောင်းပိုင်းလောက်က ကမ်းလှမ်းတာပါ။ အင်္ဂလိပ်စာတတ်ရမယ်၊ ကွန်ပျူတာ အခြေခံရှိပြီး အစီရင်ခံ စာရေးတာတို့ ရုံးလုပ်ငန်းအတွေ့အကြုံ နည်းနည်းပါးပါးရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်လေးတွေတော့ ရှိတာပေါ့။ လိုအပ်တာတွေကို သင်ကြားပေးပြီးမှ လွှတ်ရင် ဟိုဘက်အတွက် ပိုကောင်း တယ်။ လောလော ဆယ်မှာ တစ်ယောက်စခန့်မယ်။ အဆင်ပြေရင်ထပ်ခန့်ဖို့တော့ရှိပါတယ်''ဟု ဦးနေလင်းစိုးက ဆက်ပြော သည်။

မြေသယ်ယာဉ်ပေါ်၌ အိပ်ပျော်နေသည့် လူငယ်တစ်ဦး မြေကြီးပိသေဆုံး

မြောက်ဒဂုံမြို့နယ်၊ ကုန်းဘောင်အိမ်ယာအတွင်း၌ ရပ်ထားသောမြေသယ်ယာဉ်ပေါ်တွင် အိပ်ပျော်နေသူ လူငယ်တစ်ဦး မြေကြီးပိ၍ သေဆုံးခဲ့သောဖြစ်စဉ်တစ်ခု မေလ ၁ရက်၊ နံနက် ၉နာရီခွဲ အချိန်ကဖြစ်ပွား ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။မြေကြီးပိ၍ သေဆုံးသူမှာ အသက် (၁၆)နှစ်သာ ရှိသေးပြီး မြေကြီးချပေးစဉ် မြေညှိသောလုပ်ငန်းကို လုပ်ကိုင်သူဖြစ်သည်။ဖြစ်ပွားပုံ မှာ မြောက်ဒဂုံမြို့နယ်၊ စက်မှုဇုန်အတွင်း ကနောင်မင်းသားလမ်းဘေးရှိ General Enterprises Garment ကုမ္ပဏီဝင်းအတွင်းမှ ကိုဖြိုးမင်းလတ် မောင်းနှင်သော CAT-320 Backhoe နှင့် မြေကြီးများကိုယူကာဦး သန်းမြင့် မောင်းနှင်သော မြေသယ်ယာဉ်ပေါ်သို့ မြေကြီးများတင်ဆောင်စဉ် ယာဉ်ပေါ်၌ အိပ်ပျော်နေသော မောင်ဝင်းသူမှာ မြေကြီးပိ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းကဆိုသည်။ သေဆုံး သူအားယာဉ်မောင်းဦးသန်းမြင့်ကလိုက်လံရှာဖွေစဉ် မြေသယ်ယာဉ်ပေါ်ရှိ မြေကြီးပုံအကြားတွင် သေဆုံးသူ၏ ပုဆိုးစကို တွေ့ရှိသဖြင့် မြေကြီးပိသေဆုံးနေသည်ကို သိရှိခဲ့ခြင်းဖြစ်သည်။အဆိုပါအမှုနှင့် ပတ်သက်၍ Backhoe ယာဉ်မောင်းနှင့် မြေသယ်ယာဉ် ယာဉ်မောင်းတို့ကို ဒဂုံမြောက်ရဲစခန်းမှ(ပ) ၂၃၁/၁၄ ၊ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အရေးယူထားပြီး ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။
Mizzima - News in Burmese
မေလ ၂ ရက်နေ့ အတွက် ရည်ညွှန်း နိုင်ငံခြား ငွေလဲလှယ်နှုန်း
Friday, May 02, 2014

ယနေ့ မေလ ၂ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၉၆၂ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၃၃၃.၇ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၇၆၇.၆၇ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၆၂၅.၀ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၄၀.၁၄ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၈၉၁.၈၆ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၅၃.၆၉ ကျပ်၊
အိန္ဒိယရူပီး တစ်ရူပီး - ၁၅.၉၆၂ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ - ၉၃.၃၀၃ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၉၅.၀၀ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၉.၇၀၅ ကျပ် သတ်မှတ်သည်။

Mrtv 4

မဲဆောက်တွင် ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် များ ဖော်ဆောင်ရေးကော်မတီနှင့် တိုင်းရင်းသားအဖွဲ့ အစည်းများ၊ နယ်စပ်အခြေစိုက် ဒီမိုကရက်တစ်အင်အားစုများနှင့် တွေ့ဆုံဆွေးနွေး

Photo: မဲဆောက်တွင် ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် များ ဖော်ဆောင်ရေးကော်မတီနှင့် တိုင်းရင်းသားအဖွဲ့ အစည်းများ၊ နယ်စပ်အခြေစိုက် ဒီမိုကရက်တစ်အင်အားစုများနှင့် တွေ့ဆုံဆွေးနွေး

Friday, May 02, 2014
 
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ NLD-LA ရုံး၌ အေပြီလ ၂၉ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီခွဲအထိ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးကော်မတီနှင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့မှ ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ - ထိုင်း နယ်စပ်ရှိ သတင်းထောက်တစ်ဦးထံမှ သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်အကောင်အထည်ဖော်ရေး ကော်မတီမှ ကိုမြအေး၊ ကိုတိုးလှိုင်ကျော်၊ ကိုသန့်ဇင်၊ ကိုစည်သူမောင်၊ ကိုရွှေဇင်ထွန်း၊ ကိုစိုးမိုးထွန်းနှင့် ကိုအံ့ဘွယ်ကျော် တို့ ပါဝင်ပြီး တိုင်းရင်းသားကိုယ်စားလှယ်များဘက်မှ ဦးခိုင်စိုးနိုင်အောင်(ALP)၊ ဗိုလ်ချုပ်ကြီး အာစီ(KNU/ KLNA)၊ ဒေါက်တာ ၀င်းနိုင်၊ ဖဒိုမန်းမန်း(KNU)၊ ခွန်းဟတ်ကိုဘန်(UNLD-LA)၊ တိုက်ဂါး(KNU/KNLU-PC)၊ ဗိုလ်မှူးကြီး စောဆန်းအောင် (DKBA)၊ ဦးမြင့်သိန်း (NLD-LA)၊ စောလှငွေတို့ တက်ရောက် ဆွေးနွေးခဲ့ကြ သည်။ 

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ၏ ဆုံးဖြတ်ချက်များ ဖြစ်သည့် (က) ကိုယ့်ကြမ္မာကို ပြဋ္ဌာန်းခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရန်၊ 

(ခ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရန်(သို့) အသစ် ပြန်လည်ရေးဆွဲရန်၊ 

(ဂ) ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား အင်အားစုအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရန် စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားတပ် ပေါင်းစု၏ လုပ်ငန်းစဉ်များနှင့် ထပ်တူဖြစ်သောကြောင့် ထပ်မံတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ ၀င်တစ်ဦး၏ ပြောပြချက်အရ အေပြီ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များဖော်ဆောင်ရေးကော်မတီနှင့် နယ်စပ်အခြေစိုက်ဒီမိုကရက်တစ်အင်အားစုများ တွေ့ဆုံဆွေးနွေးခဲ့ကြရာ နယ်စပ်အခြေစိုက်ဒီမိုကရက်တစ် အင်အားစုများမှ ရဲဘော် မျိုးဝင်း(ABSDF)၊ ရဲဘော် ချစ်ဝင်း (ABSDF)၊ ရဲဘော် အေးလွင်(ABSDF)၊ နော်ဆန်း (SYCB)၊ ကျော်ထက် (PDF/FDB)၊ လွေးဒီဒီမှိမ်း (PWO)၊ လွေးပိုးငယ်(PWO)၊ ဦးတင်ရှိန်(မြိတ်-ထားဝယ် ညီညွတ်ရေးတပ်ဦး)၊ ဒေါက်တာ ကျော်ညွှန့် (ပြည်သူ့တိုးတက်ရေးပါတီ)၊ ကိုမြင့်သိန်း(NLD-LA)၊ ရဲဘော် ထွန်းအောင်ကျော်(NLD-LA)၊ စောသာဝင်း (MTC)တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲမှ 

``(၁)ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ၏ ဆုံးဖြတ်ချက်(၃) ရပ်တို့သည် နယ်စပ်အခြေစိုက်ဒီမိုကရက်တစ်အင်အားစုများ၏ နိုင်ငံရေးအမြင်၊ သဘောထားများနှင့် ထပ်တူ ဖြစ်သည်။ 

(၂)မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်၏ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ထွန်းလာရေးတွင် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များဖော်ဆောင်ရေးကော်မတီ လအနေဖြင့် နယ်စပ် အခြေစိုက်ဒီမိုကရက်တစ်အင်အားစုများနှင့် ပူးပေါင်းလက်တွဲတောင်ရွက်သွားမည်ဖြစ်သည်။

(၃) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းများ တွင် ပြည်သူလူထုအနေဖြင့် အင်တိုက်အားတိုက်ပူးပေါင်းဆောင်ရွက်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်။ 

(၄) ယခုကဲ့သို့ အလားတူ တွေ့ဆုံဆွေးနွေးမှုမျိုးကို လာမည့် ဇူလိုင်လမတိုင်မီ ထပ်မံတွေ့ဆုံသွားမည်။ ´´ ဟု သဘောတူညီချက်များ ဆုံးဖြတ်ခဲ့ကြကြောင်း မဲဆောက်မြို့သို့ ရောက်ရှိနေသော အလွတ်သတင်းထောက် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဆွေးနွေးပွဲများကို လာမည့် ဇူလိုင်လမတိုင်မီ မဲဆောက်မြို့၌ ထပ်မံပြုလုပ်သွားရန် သဘောတူညီမှုများ ရရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဝေလင်းဦး(မြ၀တီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ NLD-LA ရုံး၌ အေပြီလ ၂၉ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီခွဲအထိ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးကော်မတီနှင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့မှ ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ - ထိုင်း နယ်စပ်ရှိ သတင်းထောက်တစ်ဦးထံမှ သိရသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်အကောင်အထည်ဖော်ရေး ကော်မတီမှ ကိုမြအေး၊ ကိုတိုးလှိုင်ကျော်၊ ကိုသန့်ဇင်၊ ကိုစည်သူမောင်၊ ကိုရွှေဇင်ထွန်း၊ ကိုစိုးမိုးထွန်းနှင့် ကိုအံ့ဘွယ်ကျော် တို့ ပါဝင်ပြီး တိုင်းရင်းသားကိုယ်စားလှယ်များဘက်မှ ဦးခိုင်စိုးနိုင်အောင်(ALP)၊ ဗိုလ်ချုပ်ကြီး အာစီ(KNU/ KLNA)၊ ဒေါက်တာ ၀င်းနိုင်၊ ဖဒိုမန်းမန်း(KNU)၊ ခွန်းဟတ်ကိုဘန်(UNLD-LA)၊ တိုက်ဂါး(KNU/KNLU-PC)၊ ဗိုလ်မှူးကြီး စောဆန်းအောင် (DKBA)၊ ဦးမြင့်သိန်း (NLD-LA)၊ စောလှငွေတို့ တက်ရောက် ဆွေးနွေးခဲ့ကြ သည်။ 

ခုံသမာဓိအဖွဲ့ဆုံးဖြတ်ချက်ကို လုပ်ငန်းရှင်များ လိုက်နာခြင်းမရှိ

အလုပ်သမားပြဿနာများ ကို သက်ဆိုင်ရာခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ပေးသည့်အပေါ် အချို့အ လုပ်ရှင်များမှာ လိုက်နာမှုမရှိ ကြောင်း အလုပ်သမားအခွင့်အရေးဆောင် ရွက် သူရှေ့နေဦးယဉ်အောင်က ပြော သည်။ အလုပ်ရှင်အလုပ်သမား ပြဿ နာများပေါ်ပေါက်လာပါက အလုပ် သမားညွန်ကြားမှုဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦး၊ အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်တစ်ဦးနှင့် အလုပ် သမားကိုယ်စားလှယ်တစ်ဦးတို့မှ ခုံသမာဓိအဖွဲ့ဖွဲ့၍ ဖြေရှင်းကာဆုံး ဖြတ်ပေးရကြောင်း၊ ထိုဆုံးဖြတ်ချက် များအပေါ် အလုပ်ရှင်အချို့မှလိုက် နာမှုမရှိကြကြောင်းယင်းကပြော သည်။''ခုံသမာဓိအဖွဲ့အနေနဲ့ အလုပ် သမားဥပဒေနဲ့ အညီအခု ထက်ပို ကြပ်မတ်ဖို့လိုအပ်လာပြီ။ သူတို့ ဆုံးဖြတ်တာကိုမလိုက်နာရင် အလုပ်သမားတွေအတွက် ဘာမှထူးလာမှာ မဟုတ်ဘူး''ဟု ယင်းကပြောသည်။

MAI လေကြောင်းလိုင်း ၀န်ထမ်းနှစ်ဦးနှင့် ဖုန်းကုမ္ပဏီ ဒါရိုက်တာကို မှောင်ခိုမှုဖြင့် စသုံးလုံးက အမှုဖွင့်



Photo: MAI လေကြောင်းလိုင်း ၀န်ထမ်းနှစ်ဦးနှင့် ဖုန်းကုမ္ပဏီ ဒါရိုက်တာကို မှောင်ခိုမှုဖြင့် စသုံးလုံးက အမှုဖွင့်
Friday, May 2, 2014

ဖုန်းကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတစ်ဦးနှင့် MAI လေကြောင်းလိုင်းမှ ဌာနခွဲမန်နေဂျာအဆင့်ရှိ ၀န်ထမ်းနှစ် ဦးပါ စုစုပေါင်းလေးဦးကို တရားမ၀င်ကုန်ပစ္စည်းတင်သွင်းမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က အမှုဖွင့်တိုင်ကြားထားရာ မင်္ဂလာဒုံရဲစခန်းက ဧပြီ ၂၉ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Mobile Mother ကုမ္ပဏီ မန်နေဂျင်း ဒါရိုက် တာ ဦးသက်ပိုင်ဖြိုး၊ Custom Agent ကိုဇေယျာမိုးနှင့် MAI လေကြောင်းလိုင်းမှ Cargo ဌာနခွဲမန်နေဂျာ ကိုဇော်မျိုးအောင်၊ လုံခြုံရေးမန်နေဂျာ ကိုဇော်မင်းလတ်တို့အပြင် ကယ်ရီသမား ကိုမြတ်အောင်ခိုင် ဆိုသူ တို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

အမှုတွင် ဦးသက်ပိုင်ဖြိုးသည် အထက်ပါ သုံးဦးနှင့် ပူးပေါင်းသဘောတူညီချက်ဖြင့် ၂၀၁၃ ဇွန်လခန့်မှစ၍ တစ်လလျှင် သုံးကြိမ်နှုန်းဖြင့် မိုဘိုင်းဖုန်းဟန်းဆက်များနှင့် ဆက်စပ်ပစ္စည်းများကို တရားမ၀င်တင် သွင်းခဲ့ သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ ၁၅ ရက်က ဆိုက်ရောက်လာသည့် အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း MAI ခရီးစဉ်အမှတ် 8M -232 လေယာဉ်တွင် ကျပ်သိန်းပေါင်း ၃,၀၀၀ တန်ဖိုး ရှိ မိုဘိုင်းဟန်းဆက် ၆၂၅ လုံး၊ 16GB မန်မိုရီကတ် ၂၇၃ ခု၊ 8GB မန်မိုရီကတ် ၁,၀၀၀ခု၊ Blue tooth နား ကြပ် ၅၀ ခုတို့ကို စစ်ဆေးတွေ့ရှိထားသည်။
အဆိုပါ ပစ္စည်းများကို ကယ်ရီသမားဖြစ်သူ မြတ်အောင်ခိုင်မှ ခရီးဆောင်အိတ်များ၊ စက္ကူပုံးများတွင် ထည့်၊၍တင်သွင်းခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အထက်ပါ လူငါးဦးတို့ကို စသုံးလုံးမှ ဦးစီးအရာရှိဖြစ်သူ ဦးစိုး လွင်က တရားလိုပြုလုပ်တိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၁၈၈/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အရေးယူရန် တရားလိုဖြစ်သူ ဦးစိုးလွင်ကပင် စစ်ဆေးဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါကိစ္စဖြင့်ပတ်သက်၍ MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်အေးမရသာက “ဒီကိစ္စဖြစ်ခဲ့တာတော့ ဟုတ်ပါတယ်။ အဓိကတော့ ဟိုဘက်က သွင်းလာတဲ့အချိန်မှာ တာဝန်ကျနေတဲ့ လေကြောင်းဝန်ထမ်းတွေကို ထိတာပါ။ ဒီ ကိစ္စဖြစ်ဖြစ်ချင်းမှာပဲ ကျွန်မတို့လေကြောင်းလိုင်း ၀န်ထမ်းတွေ ကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာပါ”ဟု ဆိုခဲ့သည်။
ထို့ပြင် MAI လေကြောင်းလိုင်းအနေဖြင့် ယင်းတို့လေကြောင်းလိုင်းကို အသုံးပြု၍ တရားမ၀င်ပစ္စည်းများ တင်သွင်းနိုင်ခြင်း မရှိစေရန် လေကြောင်းလိုင်းဝန်ထမ်းများကို သင်တန်းပို့ချမှုများ ပြုလုပ်သွားမည်ဟု ဆိုခဲ့သည်။

Mizzima
ဖုန်းကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတစ်ဦးနှင့် MAI လေကြောင်းလိုင်းမှ ဌာနခွဲမန်နေဂျာအဆင့်ရှိ ၀န်ထမ်းနှစ် ဦးပါ စုစုပေါင်းလေးဦးကို တရားမ၀င်ကုန်ပစ္စည်းတင်သွင်းမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က အမှုဖွင့်တိုင်ကြားထားရာ မင်္ဂလာဒုံရဲစခန်းက ဧပြီ ၂၉ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Mobile Mother ကုမ္ပဏီ မန်နေဂျင်း ဒါရိုက် တာ ဦးသက်ပိုင်ဖြိုး၊ Custom Agent ကိုဇေယျာမိုးနှင့် MAI လေကြောင်းလိုင်းမှ Cargo ဌာနခွဲမန်နေဂျာ ကိုဇော်မျိုးအောင်၊ လုံခြုံရေးမန်နေဂျာ ကိုဇော်မင်းလတ်တို့အပြင် ကယ်ရီသမား ကိုမြတ်အောင်ခိုင် ဆိုသူ တို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

မလေးရှားအစိုးရက ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်


Photo: မလေးရှားအစိုးရက ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်
Friday, May 2, 2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပတ်သက်ပြီး စာမျက်နှာ ၅ မျက်နှာပါ အစီရင်ခံကို မလေးရှားအစိုးရက မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အရပ်ဘက်လေယာဉ်တွေကို အချိန်နဲ့ တပြေးညီ နောက်ယောင်ခံနိုင်မယ့် စနစ်တခုကို စတင်အသုံးပြုဖို့ အပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်းအဖွဲ့ကို မလေးရှားအာဏာပိုင်တွေက အစီရင်ခံစာထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။ 
၂၀၀၉ ခုနှစ်ကလည်း ပြင်သစ်လေကြောင်းပိုင်လေယာဉ်တစီးလည်း အခုလိုပဲ နောက်ယောင်မခံနိုင်ပဲ ပျောက်ဆုံးခဲ့တာကြောင့် ၅ နှစ်အတွင်း အရပ်ဘက်လေယာဉ်နှစ်စီး ပျောက်ဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

လေယာဉ်ရဲ့နောက်ဆုံးအခြေအနေနဲ့ တည်နေရာကို အတိအကျစုံစမ်းထောက်လှမ်း နိုင်ခြင်း မရှိတာကြောင့် လေယာဉ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့ အခက်အခဲ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

အရင်က မလေးရှားအစိုးရက ထုတ်ပြန်ခဲ့ဖူးခြင်းမရှိတဲ့ အချက်အလက်တချို့ကိုလည်း အစီရင်ခံစာမှာ တည့်သွင်းအစီရင်ခံထားတာလည်းပါဝင်ပါတယ်။

လေယာဉ်မှူးတွေနဲ့ လေကြောင်းဆက်သွယ်ရေးဌာန နောက်ဆုံးပြောဆိုခဲ့တဲ့ အသံဖိုင်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ပြန်လည်အားသွင်းနိုင်တဲ့ lithium batteries ဓာတ်ခဲ ၂ တန်ခွဲကိုလည်း လေယာဉ်ပေါ် သယ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လေယာဉ် ပျောက်ကြောင်းသိရှိခဲ့ပြီး ၄ နာရီကြာ မနက် ၅ နာရီခွဲတဲ့အထိ လေယာဉ်ရှာဖွေ ကယ်ဆယ်ရေးတွေ မစနိုင်ခဲ့ဘူးဖို့လည်း ဆိုပါတယ်။

ဒီအပတ်ထဲမှာပဲ လေကြောင်း၊ ရေကြောင်း လေယာဉ်ရှာဖွေရေး မအောင်မမြင်ဖြစ်ခဲ့ပြီး ရေအောက်ရှာဖွေရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်တော့မယ်လို့ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘတ်က ပြောဆိုခဲ့ပါတယ်။
လေယာဉ်ပျောက်မိသားစုဝင်တွေကို ထောက်ပံ့ကူညီမှုတွေကိုလည်း ရပ်ဆိုင်းတော့မှာ ဖြစ်လို့ မိသားစုဝင်တွေအိမ်ပြန်နိုင်ပြီလို့ မလေးရှားလေကြောင်းလိုင်းက မေလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။
DVB TV News
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပတ်သက်ပြီး စာမျက်နှာ ၅ မျက်နှာပါ အစီရင်ခံကို မလေးရှားအစိုးရက မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အရပ်ဘက်လေယာဉ်တွေကို အချိန်နဲ့ တပြေးညီ နောက်ယောင်ခံနိုင်မယ့် စနစ်တခုကို စတင်အသုံးပြုဖို့ အပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်းအဖွဲ့ကို မလေးရှားအာဏာပိုင်တွေက အစီရင်ခံစာထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။ ၂၀၀၉ ခုနှစ်ကလည်း ပြင်သစ်လေကြောင်းပိုင်လေယာဉ်တစီးလည်း အခုလိုပဲ နောက်ယောင်မခံနိုင်ပဲ ပျောက်ဆုံးခဲ့တာကြောင့် ၅ နှစ်အတွင်း အရပ်ဘက်လေယာဉ်နှစ်စီး ပျောက်ဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

သက်တမ်းရင့်လေယာဉ်အချို့ ပြန်ရောင်းထုတ်ရန် MAI စီစဉ်နေ


Photo: သက်တမ်းရင့်လေယာဉ်အချို့ ပြန်ရောင်းထုတ်ရန် MAI စီစဉ်နေ
Friday, May 2, 2014

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI မှ သက်တမ်းရင့် လေယာဉ် အချို့ကို ပြန်ရောင်းကာ လေယာဉ်သစ်များဖြင့် ပြေးဆွဲသွားရန်ရှိကြောင်း အဆိုပါလေကြောင်း လိုင်း ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြော သည်။ မြန်မာနိုင်ငံတွင် လေယာဉ်သက်တမ်း ၂၅ နှစ်ပြည့်ပါက သုံးခွင့်မရှိတော့သောကြောင့် လေယာဉ် အချို့ ကို ပြန်ရောင်းရန် စီ စဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် MAI ၌ သက်တမ်း ၂ဝ ကျော် လေယာဉ်လေးစင်းရှိ ကြောင်း၊ ကျန်သည့်လေယာဉ်များမှာမူ သက်တမ်း ၁၂ နှစ်၊ ၁၃ နှစ်ရှိ လေယာဉ် များဖြစ်ကြောင်း သိရသည်။ အဆိုပါ လေယာဉ်များကို အာဖရိက၊ အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူလေ့ရှိကြောင်း ၎င်းက ပြောသည်။ MAI တွင် စုစုပေါင်း လေယာဉ် ကိုးစင်းရှိပြီး လက်ရှိတွင် လေယာဉ် ငါးစင်းဖြင့် ပြည်ပခရီးစဉ်များကို ပြေးဆွဲပေးနေခြင်းဖြစ်သည်။ MAI သည် ၁၉၉၃ ခုနှစ်မှစ၍ ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဂျပန်၊ ကိုရီးယား၊ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂယာ၊ ဖနွမ်းပင်၊ ဆီရန်ရိ ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
Popular Myanmar News Journal
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI မှ သက်တမ်းရင့် လေယာဉ် အချို့ကို ပြန်ရောင်းကာ လေယာဉ်သစ်များဖြင့် ပြေးဆွဲသွားရန်ရှိကြောင်း အဆိုပါလေကြောင်း လိုင်း ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြော သည်။ မြန်မာနိုင်ငံတွင် လေယာဉ်သက်တမ်း ၂၅ နှစ်ပြည့်ပါက သုံးခွင့်မရှိတော့သောကြောင့် လေယာဉ် အချို့ ကို ပြန်ရောင်းရန် စီ စဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စေ့စပ်ကြောင်းလမ်းခြင်းဂယက် စာနယ်ဇင်းများမှတစ်ဆင့် ပြန်လည် ဖြေရှင်း သွားမည်ဟု ဆုပန်ထွာဆို




Photo: စေ့စပ်ကြောင်းလမ်းခြင်းဂယက် စာနယ်ဇင်းများမှတစ်ဆင့် ပြန်လည် ဖြေရှင်း သွားမည်ဟု ဆုပန်ထွာဆို
Friday, May 2, 2014

နိုင်ငံပိုင်သတင်းစာ တစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ ဧပြီလ ၂၉ ရက်နေ့က ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ဇနီးဖြစ်သည်ဆိုသူ ဒေါ်မဉ္ဇူအောင်က ရှေ့နေမှတစ်ဆင့် ကြေညာချက်ထုတ်ကာ ကန့်ကွက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ဖြေရှင်းဖို့ ဆန္ဒမရှိသေးပေမယ့် စေ့စပ်ကြောင်းလမ်းခြင်း ဂယက်နဲ့ ပတ်သက်ပြီး မကြာခင်မှာ စာနယ်ဇင်းများမှ တစ်ဆင့် ပြန်လည် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း သရုပ်ဆောင် ဆုပန်ထွာက ပြောပါတယ်။

သားဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ဒေါ်မဉ္ဇူအောင်က ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန်ထွာတို့ စေ့စပ်ကြောင်းလမ်းတဲ့ သတင်းကို ဂျာနယ်များ၊ ဝက်ဘ်ဆိုက်များနဲ့ Facebook များနှင့် မိတ်ဆွေများရဲ့ ပြောကြားချက်အရ ကြားသိရသလို၊ အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ Myanmar Gazette စာစောင်မှာလည်း စေ့စပ်ကြောင်းလမ်းခြင်း သတင်းကို ထပ်မံတွေ့ရှိရကြောင်း၊ ကိုဥက္ကာကျော်ရဲ့ မိဘများကို ဆက်သွယ် မေးမြန်းရာမှာလည်း စေ့စပ်ကြောင်းလမ်းမှုမှာ ပါဝင်ပတ်သက်မှု မရှိသလို စေ့စပ်ခြင်းကို သဘောလည်း မတူဟု သိရှိခဲ့ရကြောင်း၊ ၎င်းနှင့် ကိုဥက္ကာကျော်တို့မှာ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ လင်မယားအဖြစ် ပေါင်းသင်းခြင်း တရားဝင် တည်မြဲလျက် ရှိစဉ်မှာ ယခုကဲ့သို့ စေ့စပ်ကြောင်းလမ်းခြင်းမျိုးကို တရားဝင် ဇနီးတစ်ဦး အနေနှင့် ကန့်ကွက်ကြောင်း ဧပြီလ ၂၉ ရက်နေ့က ကြေးမုံသတင်းစာမှာ ဒေါ်မဉ္ဇူအောင်က ရှေ့နေကတစ်ဆင့် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“နိုင်ငံပိုင် သတင်းစာတွေထဲမှာ ကိုဥက္ကာကျော် ဘက်ကလည်း ရှေ့နေက တစ်ဆင့်ပြန်လည် ရှင်းသွားမယ်။ ပန်ပန် ကိုယ်တိုင်လည်း တစ်ဦးချင်း မဖြေကြားနိုင်တဲ့အတွက် ပန်ပန်ရဲ့ Facebook နဲ့ စာနယ်ဇင်းတွေက တစ်ဆင့် ပြန်လည် ရှင်းလင်း အသိပေးသွားပါမယ်” လို့ သရုပ်ဆောင် ဆုပန်ထွာက ပြောဆိုပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတဲ့ နေရယ်၊ လရယ်၊ အမှန် တရားရယ် အမည်ရှိ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် နေယံ၊ ခင်ဇာခြည်ကျော်တို့နဲ့အတူ သရုပ်ဆောင်နေကြောင်း၊ ဂီတဘက်က ပရိသတ်တွေ အတွက်လည်း ဒုတိယမြောက် တစ်ကိုယ်တော် စီးရီးကို စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဆုပန်ထွာက ထပ်လောင်း ပြောကြားပါတယ်။

အနုပညာ နယ်ပယ်အတွင်း တေးသံရှင် ထူးအယ်လင်းနဲ့ မီးမီးခဲတို့ ဧပြီလ ၃၀ ရက်က တရားဝင် ကွာရှင်းခွင့်ရကြပြီ ဖြစ်သလို သရုပ်ဆောင် လင်းဇာနည်ဇော်ကလည်း ရဲကိုကိုနဲ့ တရားဝင် ကွာရှင်းဖို့အတွက် လုပ်ဆောင်နေတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
The Voice Weekly
နိုင်ငံပိုင်သတင်းစာ တစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ ဧပြီလ ၂၉ ရက်နေ့က ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ဇနီးဖြစ်သည်ဆိုသူ ဒေါ်မဉ္ဇူအောင်က ရှေ့နေမှတစ်ဆင့် ကြေညာချက်ထုတ်ကာ ကန့်ကွက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ဖြေရှင်းဖို့ ဆန္ဒမရှိသေးပေမယ့် စေ့စပ်ကြောင်းလမ်းခြင်း ဂယက်နဲ့ ပတ်သက်ပြီး မကြာခင်မှာ စာနယ်ဇင်းများမှ တစ်ဆင့် ပြန်လည် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း သရုပ်ဆောင် ဆုပန်ထွာက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်း ဟောပြောမည်

Photo: ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်း ဟောပြောမည်
Friday, May 2, 2014

လာမယ့် မေလ ၁၇ ရက်နေ့ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဟောပြောမှာ ဖြစ်ပါတယ်။ 
ရန်ကုန်မြို့က ဟောပြောပွဲအသေးစိတ်ကို လာမယ့် ၅ ၇က်နေ့ကျရင် ထုတ်ပြန်ကြေညာ သွားမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။

ရန်ကုန်ဟောပြောပွဲပြီးရင်တော့ မေလ ၁၈ ရက်နေ့မှာ မန္တလေးမြို့ လုပ်ဆောင်ဖို့ ရှိတာဖြစ်ပြီး အဓိကအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဖြစ်တယ်လို့ ဦးဂျင်မီက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေကို ဆွေးနွေးခဲ့ပါ တယ်။ နောက်ဆက်တွဲ လှုပ်ရှားမှုအနေနဲ့ အခုလို ဟောပြောပွဲတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ ဦးဂျင်မီက ဒီဗွီဘီကို ပြောပါတယ်။ 
DVB TV News
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ တွေ့ဆုံစဉ်
လာမယ့် မေလ ၁၇ ရက်နေ့ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဟောပြောမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့က ဟောပြောပွဲအသေးစိတ်ကို လာမယ့် ၅ ၇က်နေ့ကျရင် ထုတ်ပြန်ကြေညာ သွားမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သံတွဲ မြို့နယ်နှင့် တောင်ကုတ် မြို့နယ် တို့မှ ဒေသခံ ပြည်သူ များအား တွေ့ဆုံ

Photo: ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သံတွဲ မြို့နယ်နှင့် တောင်ကုတ် မြို့နယ် တို့မှ ဒေသခံ ပြည်သူ များအား တွေ့ဆုံ
Friday, May 2, 2014

လွှတ်တော်များသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဟူသော မူဘောင်အရ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးရှိမည့် ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဧပြီ ၃ဝ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပသည့် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ စဉ် ပြောကြားသည်။

တွေ့ဆုံပွဲတွင် မြို့နယ်ဖံွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုးမြင့်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်အေးနှင့် သံတွဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းတို့က ဒေသ၏ လိုအပ်ချက်များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူတို့က အထွေထွေ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးလှ မောင်တင်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စု လွှတ်တော် နာယက က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့သည် သံတွဲမြို့မှ မော်တော် ယာဉ်များဖြင့် တောင်ကုတ်မြို့သို့ ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ ကျင်းပသော ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

ထို့နောက် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တောင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စံလှိုင်တို့က ဒေသ၏ လိုအပ်ချက်များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် နိုင်ငံရေး ပါတီများမှ ဦးခင်လှနှင့် ဦးမြင့်ဆွေမောင်၊ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့မှ ဦးတင်အုန်းတို့က အထွေထွေ ကိစ္စရပ် များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ဖြည့်စွက် ရှင်းလင်း တင်ပြသည်။

တင်ပြချက်များ အပေါ် ပြည်ထောင်စု လွှတ်တော် နာယကက ပြန်လည်သုံးသပ် ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကား ပြောကြား သည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်ခွဲ မအီမြို့ရှိ ရန်ကုန်- ကျောက်ဖြူလမ်း စီမံကိန်း အင်ဂျင်နီယာရုံးသို့ ရောက်ရှိကြသည်။

ယင်းနောက် ပြည်ထောင်စု လွှတ်တော် နာယကသည် မအီမြို့ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ မြို့နယ်ခွဲ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများအား သိရှိလိုသည်များကို မေးမြန်းပြီး တင်ပြချက်များ အပေါ် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေး ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲများသို့ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထိန်လင်း၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ နေလင်း၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီများ၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီများ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြသည်။
မြ၀တီ
လွှတ်တော်များသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဟူသော မူဘောင်အရ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးရှိမည့် ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဧပြီ ၃ဝ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပသည့် ဒေသ ခံ ပြည်သူများနှင့် တွေ့ဆုံ စဉ် ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြင်ဦးလွင် မြို့ရှိ ကင်းထောက် မောင်မယ် စခန်းသို့ သွားရောက်၍ ကင်းထောက် မောင်မယ်များအား တွေ့ဆုံ အားပေး ၊အနာဂတ် ကောင်းစေရေး ဗလငါးတန်နှင့် ပြည့်စုံစေရန် ပြုစု ပျိုးထောင်နေ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကင်းထောက်မောင်မယ် စခန်းသို့ သွားရောက်၍ ကင်းထောက် မောင်မယ်များအား တွေ့ဆုံ အားပေးသည်။
ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ပြင်ဦးလွင်မြို့ ကန်တော်ကြီး အမျိုးသား သဘာဝ ဥယျာဉ်တွင် ဖွင့်လှစ်ထားသည့် ကင်းထောက် မောင်မယ်စခန်း သို့ ရောက်ရှိရာ ကင်းထောက် လူငယ်မောင်မယ် များက ကြိုဆိုကြသည်။

Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြင်ဦးလွင် မြို့ရှိ ကင်းထောက် မောင်မယ် စခန်းသို့ သွားရောက်၍ ကင်းထောက် မောင်မယ်များအား တွေ့ဆုံ အားပေး ၊အနာဂတ် ကောင်းစေရေး ဗလငါးတန်နှင့် ပြည့်စုံစေရန် ပြုစု ပျိုးထောင်နေ
Friday, May 2, 2014

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကင်းထောက်မောင်မယ် စခန်းသို့ သွားရောက်၍ ကင်းထောက် မောင်မယ်များအား တွေ့ဆုံ အားပေးသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ပြင်ဦးလွင်မြို့ ကန်တော်ကြီး အမျိုးသား သဘာဝ ဥယျာဉ်တွင် ဖွင့်လှစ်ထားသည့် ကင်းထောက် မောင်မယ်စခန်း သို့ ရောက်ရှိရာ ကင်းထောက် လူငယ်မောင်မယ် များက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ကင်းထောက်ကြီးများ ဖြစ်ကြသည့် ဦးတင်ညို၊ ဦးသာစိန်၊ ဦးအောင်ကြည်နှင့် ကင်းထောက် အလံကိုင်အဖွဲ့ခေါင်းဆောင် ဦးအေးကြိုင်တို့ ရှေ့မှောက်၌ ကင်းထောက်အလံကို ကိုင်ပြီး ကင်းထောက် ကတိ(၃)ပါးကို ရွတ်ဆို ကတိပြုကာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ကင်းထောက်ချုပ် အဖြစ် ခံယူသည်။

ယင်းနောက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ကင်းထောက်ချုပ် နိုင်ငံတော် သမ္မတကြီးအား ကင်းထောက် မောင်မယ်များက ကင်းထောက် အလေးပြုနည်းဖြင့် အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ကင်းထောက် မောင်မယ်များ၏ ကင်းစိတ်အလိုက် စခန်းချ စွမ်းဆောင်မှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတက ကင်းထောက်မောင်မယ်များအား အမှာစကား ပြောကြားရာတွင် ကင်းထောက်မောင်မယ်များ ကျန်းမာ ပျော်ရွှင်စေရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်းသည် နိုင်ငံတော် သမ္မတ အနေဖြင့် သာမက လုပ်ဖော်ကိုင်ဖက် ကင်းထောက် နာယက အနေဖြင့်ပါ လာရောက် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် အနာဂတ်၏ ခေါင်းဆောင်များ၊ ပညာရှင်များ၊ ဝန်ကြီးများ၊ နိုင်ငံ အကြီးအကဲများ အဖြစ် တာဝန်ယူကြမည့် မျိုးဆက်သစ်များ ဖြစ်သည့်အတွက် ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း ၊ နေပြည်တော်တွင် မောင်တို့မယ်တို့ အပါအဝင် စွမ်းဆောင်ရှင်များ၊ ထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီ မောင်မယ်များကို နိုင်ငံတော် အခမ်းအနားဖြင့် ဂုဏ်ပြုရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ ပြင်ဦးလွင် စခန်းသိမ်းပြီးသည်နှင့် နေပြည်တော်သို့ သွားရောက်ကြမည် ဖြစ်သည့်အတွက် နာယက ကိုယ်တိုင် မောင်တို့မယ်တို့ကို လာရောက် ကြိုဆိုခေါ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းပြည်၏ အနာဂတ်သည် မောင်တို့မယ်တို့ လက်တွင် ရှိပါကြောင်း၊ အနာဂတ် ကောင်းရန်အတွက် မောင်တို့မယ်တို့ ဗလငါးတန်နှင့် ပြည်စုံရန် လိုပါကြောင်း၊ ထို့ကြောင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် အတွက် ပြုစု ပျိုးထောင်နေခြင်းဖြစ်ပါကြောင်း၊ကင်းထောက်လုပ်ငန်းသည် နိုင်ငံရေး၊ စစ်ရေး မစွက်ဖက်သော မွန်မြတ်သည့် လူမှုရေး လုပ်ငန်း သက်သက် ဖြစ်ပါကြောင်း၊ ကင်းထောက်လုပ်ငန်း၏ အဓိက ရည်ရွယ်ချက်သည် တာဝန်သိသော နိုင်ငံသား တစ်ယောက်ဖြစ်အောင် လေ့ကျင့် တည်ဆောက်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ကို ကိုယ်ကျင့်တရား ကောင်းကောင်း၊ မိမိကိုယ်မိမိ အားကိုးအောင်၊ အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်အောင်၊ အမိန့်နှင့် သွန်သင်မှုများကို နာခံတတ်အောင်၊ နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး သစ္စာ စောင့်သိတတ်အောင်၊ လူမှု ရေး ကိစ္စများတွင် ကျွမ်းကျင်အောင်၊ အခြားသူများ အတွက်ပါ အသုံးဝင်သည့် နိုင်ငံသား တစ်ဦးဖြစ်အောင် လေ့ကျင်သင်ကြား ပေးသွား မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကင်းထောက် များသည် သဘာဝနှင့် ပတ်ဝန်းကျင်ကို လေ့ လာရန်၊ ကြင်နာစိတ် မွေးရန်၊ တွေ့သမျှလူကို မိတ်ဆွေအဖြစ် သဘောထားရန်လိုပါကြောင်း၊ ယူနီဖောင်း ဝတ်ထားသော်လည်း လူမှုရေး လုပ်ငန်း လုပ်ဆောင်သူသာ ဖြစ်ပါကြောင်း၊ ကင်းထောက်တို့၏ ဆောင်ပုဒ်ဟာ အစဉ် အသင့် (Be Prepared)ဖြစ်ပါကြောင်း၊ ကင်းထောက် သမိုင်းကို ပြန်ကြည့်လျှင် ကင်းထောက်အဖွဲ့ကို ဗြိတိန်နိုင်ငံသား ဗိုလ်မှူးကြီး ရောဘတ်ဗေန်ပိုဝဲလ်က ၁၉ဝ၇ ခုနှစ်တွင် လူ ၂ဝ နှင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူး ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၂ဝ ပြည့်နှစ်တွင် ကင်းထောက်အဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မိမိတို့နိုင်ငံတွင် ကင်း ထောက် လုပ်ငန်းများ ဖွံ့ဖြိုးခဲ့ပါကြောင်း၊ နိုင်ငံ၏ ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်သည် ကင်းထောက်အသင်း၏ နာယက ဖြစ်သကဲ့သို့ သမ္မတကြီး ဒေါက်တာဘဦး၊ မန်းဝင်းမောင်နှင့် ဝန်ကြီးချုပ် ဦးနုတို့သည်လည်း ကင်းထောက် အသင်း၏ နာယကကြီး များ ဖြစ်ပါကြောင်း၊ အမျိုးသမီး ကင်းထောက် အသင်းကိုမူ ၁၉၁၆ ခုနှစ်တွင်YWCA ခရစ်ယာန် အမျိုးသမီး အသင်းက အမျိုးသမီး ၃ဝ နှင့် စတင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် တိုင်း ပြည် မတည်ငြိမ်မှုကြောင့် လုပ်ငန်း ရပ်ဆိုင်းခဲ့ရာမှ ၁၉၅ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ် ဦးနု၏ ဇနီး ဒေါ်မြရီက ဥက္ကဋ္ဌ တာဝန်ယူပြီး ပြန်လည် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်သည်လည်း ကင်းထောက်ချုပ် အဖြစ် တာဝန်ယူ ခဲ့ဖူးပါကြောင်း၊ စာရေး ဆရာမကြီး ဒေါ်မြလေး (ဒေါ်သိန်းဆိုင်)၊ ဒေါ်စောမုံညင်း (ဒေါ်ရင်ရင်) စစ်ကိုင်းမြို့သူ ဒေါ်ကြည်ကြည် တို့သည်လည်း ထင်ရှားသော ကင်းထောက်အဖွဲ့ အကြီးအကဲများ ဖြစ်ခဲ့ပါ ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် ကင်းထောက်အဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီးနောက် နှစ်ငါး ဆယ်ကျော် မိမိတို့ အစိုးရ လက်ထက်တွင် အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းနိုင်ရန် အတွက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ သင်တန်းသား ၉၈ ဦးကို ရန်ကုန်တွင် အခြေခံသင်တန်းများ ပေးခဲ့ပါကြောင်း၊ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် ၁၈ မြို့နယ်ရှိ အခြေခံပညာကျောင်း ၁၈ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၈ဝဝ ဖြင့် စတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခု အင်အားနှစ်ထောင် ရှိပြီဖြစ်ပါကြောင်း၊

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ ကင်းထောက်ကြီးများ တွေ့ဆုံပွဲကို ရန်ကုန် တက္ကသိုလ် စိန်ရတု သဘင်ခန်းမ တွင် ပြုလုပ်ခဲ့ပြီး ပထမအကြိမ် ကင်းထောက် လူငယ် တွေ့ဆုံပွဲ (Jamboree)ကို နေပြည်တော်တွင် ၂ဝ၁၃ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့ရာ ကင်းထောက်လူငယ် ၄၈ဝ တက်ရောက် ခဲ့ပါကြောင်း၊ ဧပြီ ၈ ရက်တွင် ဘက်စုံထူးချွန် မောင် မယ်များ၊ ကြက်ခြေနီ လူငယ်များနှင့် ကင်းထောက်လူငယ်များကို နိုင်ငံတော် သမ္မတက ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါကြောင်း၊ ယခုလည်း မေ ၃ ရက်တွင် နေပြည်တော် သမ္မတ အိမ်တော်၌ တွေ့ဆုံရန် စီစဉ်ထားပြီး ဖြစ် ပါကြောင်း၊ မောင်တို့မယ်တို့ အနေဖြင့် နိုင်ငံတကာ အဆင့်အတန်းမီ ကင်းထောက်များ ဖြစ်အောင် လေ့ကျင့်ကြရန်၊ နိုင်ငံတော် အတွက် ဒုတိယမျိုးဆက်သစ် အဖြစ် ဗလငါးတန်နှင့် ပြည့်စုံသော ကင်းထောက်မောင်မယ် များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် နိုင်ငံတော် သမ္မတအား ကင်းထောက်လူငယ် မောင်မယ်များက အမှတ်တရ လက်ဆောင်ကို ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတက ကင်းထောက်မောင်မယ် စခန်း ဧည့်သည်တော် မှတ် တမ်းတွင် လက်မှတ် ရေးထိုးပြီး ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ်များနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

အဆိုပါ ကင်းထောက်မောင်မယ် စခန်းတွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများမှ အမျိုးသား၊ အမျိုးသမီး ကင်းထောက်မောင်မယ် စုစုပေါင်း ၄၉ဝ နှင့် ကြီးကြပ်ဆရာ၊ ဆရာမ ၈ဝ၊ စုစုပေါင်း ၅၇ဝ တို့က ဧပြီ ၂၉ ရက်မှ စတင်၍ စခန်းချလျက်ရှိပြီး ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကင်းထောက် လှုပ်ရှားမှုများအား ဆောင်ရွက်ခြင်းနှင့် ကင်းထောက်ကင်းစိတ်များ အလိုက် စွမ်းရည်များ ပြသခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
မြ၀တီ

eBay ကုမ္ပဏီမှ အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှုအတွက် အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများအား ဒဏ်ကြေးပေးဆောင်ရ

အင်တာနက် လုပ်ငန်းကြီး တစ်ခုဖြစ်သည့် eBay မှ အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှု ဆန့်ကျင်သည့် အမူအကျင့်များအပေါ်တွင်စွပ်စွဲမှုများနှင့် ပတ်သက်ပြီး နစ်နာကြေး ပေးအပ်သွားရန် သဘောတူညီခဲ့သည်။
အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများမှ သီးခြား တရားစွဲဆိုမှု နှစ်ခုတွင် eBay အား နည်းပညာ လုပ်ငန်းစု Intuit နှင့် တစ်ခု၏လုပ်သားများအား တစ်ခုမှ ငှားရမ်းခြင်း မပြုရန် သဘောတူညီခဲ့မှုဖြင့် စွပ်စွဲထားသည်။
eBay အနေဖြင့် ကာလီဖိုးနီးယား အစိုးရအား အမေရိကန် ဒေါ်လာ ၃.၇၅ သန်း ပေးဆောင်ရမည် ဖြစ်ပြီး ယှဉ်ပြိုင်ငှားရမ်းမှုဆန့်ကျင်သော အမူအကျင့်များမှ ရှောင်ကြဉ်ရမည် ဖြစ်သည်။


Photo: eBay ကုမ္ပဏီမှ အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှုအတွက် အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများအား ဒဏ်ကြေးပေးဆောင်ရ 
Friday, May 2, 2014

အင်တာနက် လုပ်ငန်းကြီး တစ်ခုဖြစ်သည့် eBay မှ အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှု ဆန့်ကျင်သည့် အမူအကျင့်များအပေါ်တွင်
စွပ်စွဲမှုများနှင့် ပတ်သက်ပြီး နစ်နာကြေး ပေးအပ်သွားရန် သဘောတူညီခဲ့သည်။

အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများမှ သီးခြား တရားစွဲဆိုမှု နှစ်ခုတွင် eBay အား နည်းပညာ လုပ်ငန်းစု Intuit နှင့် တစ်ခု၏
လုပ်သားများအား တစ်ခုမှ ငှားရမ်းခြင်း မပြုရန် သဘောတူညီခဲ့မှုဖြင့် စွပ်စွဲထားသည်။

eBay အနေဖြင့် ကာလီဖိုးနီးယား အစိုးရအား အမေရိကန် ဒေါ်လာ ၃.၇၅ သန်း ပေးဆောင်ရမည် ဖြစ်ပြီး ယှဉ်ပြိုင်ငှားရမ်းမှု
ဆန့်ကျင်သော အမူအကျင့်များမှ ရှောင်ကြဉ်ရမည် ဖြစ်သည်။

တရားစွဲဆိုမှုများအား အမေရိကန် တရားမျှတမှု ဌာန (DOJ) နှင့် ကာလီဖိုးနီးယား ရှေ့နေချုပ်တို့မှ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နစ်နာကြေးမှ ကာလီဖိုးနီးယား တရားရုံးမှ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ eBay ရဲ့ Intuit နဲ့ သဘောတူညီချက်ဟာ ရည်ရွယ်ချက် မရှိပေမဲ့လည်း လုပ်ငန်းစု နှစ်ခုကြားက အလုပ်သမား ငှားရမ်းမှုအတွက်
ယှဉ်ပြိုင်ခြင်းကို ကန့်သတ်ရာရောက်စေခဲ့ပါတယ်။ အလုပ်သမား ဈေးကွက်ကို ပုံပျက်စေပြီး အလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့
အလုပ်အကိုင်နဲ့ ပိုပြီး ကောင်းမွန်တဲ့ လစာနှုန်းထားတွေကို ရရှိဖို့ အခွင့်အရေးတေါ ဆုံးရှုံးစေပါတယ် ” ဟု DOJ မှ လက်ထောက်
ရှေ့နေချုပ် ဘီလ်ဘဲမှ ကြေငြာချက်တွင် ပြောဆိုခဲ့သည်။

eBay မှ ၎င်းအနေဖြင့် ၂၀၁၀ ခုနှစ်ကတည်းက စပြီး အမေရိကရှိ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် ပတ်သက်မည့် မည့်သည့်
အလုပ်သမား ငှားရမ်းမှုမျိုးတွင်မှ ပါဝင်လုပ်ဆောင်မှု မရှိခဲ့ကြောင်း ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ၎င်းတို့အနေဖြင့်
ယခု တရားစွဲဆိုမှုများကို ပြုလုပ်ခဲ့သည့် မူဝါဒသည် လက်ခံနိုင်ဖွယ် ရှိပြီး တရားမျှတသည်ဟု ယုံကြည်ကြောင်းနှင့် ယှဉ်ပြိုင်နေရသည့်
အရည်အချင်း ဈေးကွက်တွင် အလုပ်သမား ယှဉ်ပြိုင်ငှားရမ်းမှု မရှိသည့် အဖြစ်မျိုး ကင်းမဲ့သွားစေမည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။

ကာလီဖိုးနီးယားရုံးနှင့် သဘောတူညီချက်အရ eBay နှင့် Intuit တို့တွင် ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်လုပ်ကိုင်ခဲ့သည့် နစ်နာရန်
အလားအလာရှိသော ကာလီဖိုးနီးယား နယ်သားများအား နစ်နာကြေး အမေရိကန်ဒေါ်လာ ၃.၇၅ သန်းကို eBay မှ ပေးဆောင်သွားရမည်
ဖြစ်သည်။ ထပ်မံပြီး လူမှုရေးဆိုင်ရာ ပြစ်ဒဏ်အနေဖြင့် အမေရိကန်ဒေါ်လာ ၂.၅ သိန်းကိုလည်း ပေးဆောင်ရမည် ဖြစ်သည်။

Intuit အဖွဲ့အစည်းမှာ အမေရိကန် စည်းမျဉ်းထိန်းသိမ်းသူများနှင့် ရင်ဆိုင်ခဲ့ရသည့် ၂၀၁၀ ခုနှစ်က တရားစွဲဆိုမှုတွင် သဘောတူညီ
ရှင်းလင်းခဲ့ပြီးဖြစ်သောကြောင့် ယခုနစ်နာကြေး ပေးရမည့် အစီအစဉ်တွင် ပါဝင်ခြင်း မရှိပေ။

ယခု လှုပ်ရှားမှုများမှာ Apple၊ Google၊ Adobe နှင့် Intel ကုမ္ပဏီများမှ သီးခြား အဆင့်အတန်းရှိ အလားတူ တရားစွဲဆိုမှုများကို
ရင်ဆိုင်ဖြေရှင်းခဲ့ရပြီးနောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကုမ္ပဏီကြီးများ၏ သဘောတူညီချက်အား ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

BBC 

အခွင့်ထူးခံ လူတန်းစား NGO နဲ့ INGO အဖွဲ့အစည်းများ

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသော NGO အဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွက်ဟု လုပ်ကိုင်နေသည်များ ရှိပါသည်။ သို့သော်လည်း “တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်း အောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၇၀ ထည့်တယ်။ အများဆုံး ၃၀ လောက်ပဲ သုံးတယ်။ပြည်သူလူထုလက်ထဲကိုလုံးဝ မရောက်ဘူး” ဒါတွေ အားလုံးဟာ NGO နဲ့ INGO အဖွဲ့တွေအတွက် အခွင့်ထူးခံ လူတန်းစားတစ်ရပ်လို ဖြစ်နေလေတော့သည်။
“မြန်မာနိုင်ငံက အဖွဲ့အစည်း တော်တော်များများမှာ လုပ်နေတဲ့ မြန်မာနိုင်ငံက ပညာတတ်တွေကိုယ်တိုင် ပြောသင့်ပြောထိုက်တာကို မပြောဘဲ နေသာသလို နေနေကြတဲ့သူတွေ အများကြီးရှိတယ်။ ငွေကြေးလှူဒါန်း ကြတဲ့ အဖွဲ့တွေက အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင် ပိုက်ဆံရတယ်ဆိုပြီး လုပ်ချင်သလို လုပ်နေကြ တယ်။ တချို့ INGO တွေက နာမည်ကောင်းလေးရချင်လို့ နိုင်ငံတကာ ပညာရှင်တွေကိုခေါ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက် ခိုင်းတယ်။ နိုင်ငံတကာပညာရှင်တွေက လာကူညီတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ပြတယ်။ အဲဒီလို လာရောက် ကူညီလုပ်ကိုင်တော့ သူတို့အတွက် အခွင့်ကောင်းတစ်ရပ်လို အစီရင်ခံစာရေးလို့ ကောင်းသွား တယ်။NGO နှင့် INGO အချို့တွင် စီမံခန့်ခွဲမှုစရိတ်ကို အကြောင်းပြုပြီး ငွေကြေးအလွဲသုံးစားမှုများ ရှိနေပါသည်။ ပြည်တွင်း NGO များအနေဖြင့် စာရင်းဇယားများကို တိကျစွာလုပ်ကိုင်နိုင်အောင် ဒီ NGO နှင့် INGO ပြည်တွင်း အဖွဲ့များ သော်လည်းကောင်း ပြည်ပ အဖွဲ့များသော်လည်းကောင်း သေချာစိစစ်ပြီးမှသာ လုပ်ကိုင်ကြဖို့ လိုအပ် ပါတယ်။ လုပ်ကိုင်ချင်တဲ့ NGO နှင့် INGO ဖွဲ့တွေကို ရှေ့ဆက်လုပ်မဲ့ လုပ်ငန်းအသေးစိတ်ကို တင်ပြဖို့ လိုအပ် ပါတယ်။ တင်ပြလာမှုအပေါ်တွင်လည်း အမှန်တကယ် လိုအပ်သည်များကိုသာ လုပ်ကိုင်ခွင့်ပြု ရန်လိုသလို တင်ပြလာတဲ့ လုပ်ငန်းစဉ်တွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ ကလည်း သေချာစစ်ဆေး ကြပ်မတ်ဖို့ လိုအပ်ပါတယ်။

ခုံသမာဓိအဖွဲ့ဆုံးဖြတ်ချက်ကို လုပ်ငန်းရှင်များ လိုက်နာခြင်းမရှိ

အလုပ်သမားပြဿနာများကို သက်ဆိုင်ရာခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ပေးသည့်အပေါ် အချို့အ လုပ်ရှင်များမှာ လိုက်နာမှုမရှိ ကြောင်း အလုပ်သမားအခွင့်အရေးဆောင်ရွက်သူရှေ့နေဦးယဉ်အောင်က ပြော သည်။ အလုပ်ရှင်အလုပ်သမား ပြဿ နာများပေါ်ပေါက်လာပါက အလုပ်သမားညွန်ကြားမှုဦးစီးဌာနမှ တာ ဝန်ရှိသူ တစ်ဦး၊ အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်သမားကိုယ်စားလှယ်တစ်ဦးတို့မှ ခုံသမာဓိ အဖွဲ့ဖွဲ့၍ ဖြေရှင်းကာဆုံး ဖြတ်ပေးရကြောင်း၊ ထိုဆုံးဖြတ်ချက်များအပေါ် အလုပ်ရှင်အချို့မှလိုက်နာမှုမရှိ ကြကြောင်းယင်းကပြော သည်။''ခုံသမာဓိအဖွဲ့အနေနဲ့ အလုပ်သမားဥပဒေနဲ့အညီအခု ထက်ပို ကြပ်မတ်ဖို့ လိုအပ်လာပြီ။ သူတို့ဆုံး ဖြတ်တာကိုမလိုက်နာရင် အလုပ်သမားတွေအတွက် ဘာမှထူးလာမှာ မဟုတ်ဘူး'' ဟုယင်းကပြောသည်။အလုပ်သမားအငြင်းပွားမှု ပြဿနာများဖြေရှင်းရေးအတွက် ခုံသမာဓိကောင်စီအဖွဲ့ဝင် တစ်ဦး ဖြစ်သူဦးသန်းမောင်(စစ်တွေ)ကလည်း လက်ရှိအလုပ်သမားအငြင်းပွားမှု ဆိုင်ရာ ဖြေရှင်းရေး ဥပဒေအရ ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်ကို မလိုက်နာလျှင် မည်သို့အရေးယူရမည်ဆို သည့် ပုဒ်မပါရှိခြင်း မရှိသည့်အတွက် ယခုမှပြန်လည်ပြင်ဆင် နေဆဲဖြစ် ကြောင်း ရန်ကုန်တိုင်းမ်နှင့် တွေ့ ဆုံစဉ်ပြောဆိုခဲ့ဖူး သည်။အလုပ်ရှင်များအနေဖြင့် ယ ခင်ထက် အလုပ်သမားများအပေါ် လုပ်ပိုင်ခွင့်များပိုမိုပေးလာပါကြောင်း၊ အချို့သောစက်ရုံအလုပ်ရုံများတွင် အလုပ်သမားလိုအပ်ချက်ကိုအခွင့် ကောင်းယူနေသူများလည်းရှိကြောင်း ရွှေပေါက္ကံစက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။''အလုပ်သမားနဲ့ အလုပ်ရှင် ကြား အဆင်မပြေတာတော့ တစ်ခါတလေရှိမှာပဲ။ ဒါပေမဲ့ ဒါကိုအခွင့် ကောင်းယူတဲ့လူ မျိုးတွေကိုလဲသတိ ထားသင့်တယ်''ဟုယင်း ကပြော သည်။
၂ဝ၁၄ခုနှစ်တွင် ယမန်နှစ်ထက် အလုပ်သမားဆန္ဒပြမှုများ သိသိသာသာလျော့ ကျလာခဲ့သော်လည်း အချို့ပြေလည်မှုရရှိပြီးသောအလုပ် ရုံများတွင် ပြဿနာများထပ်မံပေါ် ပေါက်လျက်ရှိနေသည်။
အနိမ့်ဆုံးလုပ်ခလစာဥပဒေ အပါအဝင် အလုပ်သမားဆိုင်ရာ အခွင့်အရေးများရရှိရန် မေ ၁ရက် (May Day)တွင် ဆူးလေစေတီတော် အနီးတွင် စက်ရုံအလုပ်ရုံ ၁ဝ ရုံခန့် မှ အလုပ်သမားများစုပေါင်းဆန္ဒပြ ကြမည်ဖြစ်သည်။
Yangon Media Group

ကြံ့ခိုင်ရေးပါတီနှင့် NLD တို့ ဆန့်ကျင်ဘက် ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့အတွက် ဆန့်ကျင်ဘက် အမြင်များဖြင့် မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ဆန္ဒဖော် ထုတ်ပွဲများ အပြိုင်ကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ပါတီများ၏ ကော်မတီဝင်များက ပြောကြား သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီများက ဦးဆောင်၍ လူအင်အား တစ်ထောင်ကျော်ဖြင့် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲကို မေလ ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ယင်းပါတီ၏ မြို့နယ် ကော်မတီဝင် ဦးကြည်ဝင်းက ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ပါတီဥက္ကဋ္ဌကြီးတို့ က ပြောဆိုထားပြီး ဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဘဲ ပုဒ်မ ၅၉ (စ) တစ်ခုတည်းကိုသာ မပြင်ဆင်ရန် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

MAI လေကြောင်းလိုင်း ၀န်ထမ်းနှစ်ဦးနှင့် ဖုန်းကုမ္ပဏီ ဒါရိုက်တာကို မှောင်ခိုမှုဖြင့် စသုံးလုံးက အမှုဖွင့်


Photo: MAI လေကြောင်းလိုင်း ၀န်ထမ်းနှစ်ဦးနှင့် ဖုန်းကုမ္ပဏီ ဒါရိုက်တာကို မှောင်ခိုမှုဖြင့် စသုံးလုံးက အမှုဖွင့်
Friday, May 2, 2014

ဖုန်းကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတစ်ဦးနှင့် MAI လေကြောင်းလိုင်းမှ ဌာနခွဲမန်နေဂျာအဆင့်ရှိ ၀န်ထမ်းနှစ် ဦးပါ စုစုပေါင်းလေးဦးကို တရားမ၀င်ကုန်ပစ္စည်းတင်သွင်းမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က အမှုဖွင့်တိုင်ကြားထားရာ မင်္ဂလာဒုံရဲစခန်းက ဧပြီ ၂၉ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Mobile Mother ကုမ္ပဏီ မန်နေဂျင်း ဒါရိုက် တာ ဦးသက်ပိုင်ဖြိုး၊ Custom Agent ကိုဇေယျာမိုးနှင့် MAI လေကြောင်းလိုင်းမှ Cargo ဌာနခွဲမန်နေဂျာ ကိုဇော်မျိုးအောင်၊ လုံခြုံရေးမန်နေဂျာ ကိုဇော်မင်းလတ်တို့အပြင် ကယ်ရီသမား ကိုမြတ်အောင်ခိုင် ဆိုသူ တို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

အမှုတွင် ဦးသက်ပိုင်ဖြိုးသည် အထက်ပါ သုံးဦးနှင့် ပူးပေါင်းသဘောတူညီချက်ဖြင့် ၂၀၁၃ ဇွန်လခန့်မှစ၍ တစ်လလျှင် သုံးကြိမ်နှုန်းဖြင့် မိုဘိုင်းဖုန်းဟန်းဆက်များနှင့် ဆက်စပ်ပစ္စည်းများကို တရားမ၀င်တင် သွင်းခဲ့ သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ ၁၅ ရက်က ဆိုက်ရောက်လာသည့် အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း MAI ခရီးစဉ်အမှတ် 8M -232 လေယာဉ်တွင် ကျပ်သိန်းပေါင်း ၃,၀၀၀ တန်ဖိုး ရှိ မိုဘိုင်းဟန်းဆက် ၆၂၅ လုံး၊ 16GB မန်မိုရီကတ် ၂၇၃ ခု၊ 8GB မန်မိုရီကတ် ၁,၀၀၀ခု၊ Blue tooth နား ကြပ် ၅၀ ခုတို့ကို စစ်ဆေးတွေ့ရှိထားသည်။
အဆိုပါ ပစ္စည်းများကို ကယ်ရီသမားဖြစ်သူ မြတ်အောင်ခိုင်မှ ခရီးဆောင်အိတ်များ၊ စက္ကူပုံးများတွင် ထည့်၊၍တင်သွင်းခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အထက်ပါ လူငါးဦးတို့ကို စသုံးလုံးမှ ဦးစီးအရာရှိဖြစ်သူ ဦးစိုး လွင်က တရားလိုပြုလုပ်တိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၁၈၈/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အရေးယူရန် တရားလိုဖြစ်သူ ဦးစိုးလွင်ကပင် စစ်ဆေးဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါကိစ္စဖြင့်ပတ်သက်၍ MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်အေးမရသာက “ဒီကိစ္စဖြစ်ခဲ့တာတော့ ဟုတ်ပါတယ်။ အဓိကတော့ ဟိုဘက်က သွင်းလာတဲ့အချိန်မှာ တာဝန်ကျနေတဲ့ လေကြောင်းဝန်ထမ်းတွေကို ထိတာပါ။ ဒီ ကိစ္စဖြစ်ဖြစ်ချင်းမှာပဲ ကျွန်မတို့လေကြောင်းလိုင်း ၀န်ထမ်းတွေ ကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာပါ”ဟု ဆိုခဲ့သည်။
ထို့ပြင် MAI လေကြောင်းလိုင်းအနေဖြင့် ယင်းတို့လေကြောင်းလိုင်းကို အသုံးပြု၍ တရားမ၀င်ပစ္စည်းများ တင်သွင်းနိုင်ခြင်း မရှိစေရန် လေကြောင်းလိုင်းဝန်ထမ်းများကို သင်တန်းပို့ချမှုများ ပြုလုပ်သွားမည်ဟု ဆိုခဲ့သည်။

Mizzima ဖုန်းကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတစ်ဦးနှင့် MAI လေကြောင်းလိုင်းမှ ဌာနခွဲမန်နေဂျာအဆင့်ရှိ ၀န်ထမ်းနှစ် ဦးပါ စုစုပေါင်းလေးဦးကို တရားမ၀င်ကုန်ပစ္စည်းတင်သွင်းမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က အမှုဖွင့်တိုင်ကြားထားရာ မင်္ဂလာဒုံရဲစခန်းက ဧပြီ ၂၉ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

နိုင်ဂျီးရီးယား ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၉ ဦး သေဆုံး

 နိုင်ဂျီးရီးယား မြို့တော် အဘူဂျာတွင် ကြာသပတေးနေ့ညက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား အာဏာပိုင်များမှ ပြောဆိုခဲ့သည်။ညနေ ၈ နာရီခန့်တွင် အလုပ်သမားများ အိမ်ပြန်ရန် စောင့်ဆိုင်းနေကြသည့် ကားဂိတ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနိုင်ငံ့ အရေးပေါ် စီမံခန့်ခွဲမှု ဌာန၏ ပြောရေးဆိုခွင့် ရှိသူ မန်ဇို အီဇက်ကီယ်မှ ပြောဆိုခဲ့သည်။ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် ဧရိယာအား ပိတ်သိမ်းထားစဉ်တွင် ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြသည်။ သတိလစ်နေသော လူ ၉ ဦးခန့်မှာ သီးခြား ဆေးရုံများတွင် ကုသမှု ခံယူလျက် ရှိသည်။
Photo: နိုင်ဂျီးရီးယား ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၉ ဦး သေဆုံး 
Friday, May 2, 2014

နိုင်ဂျီးရီးယား မြို့တော် အဘူဂျာတွင် ကြာသပတေးနေ့ညက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၉ ဦး
သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား အာဏာပိုင်များမှ ပြောဆိုခဲ့သည်။

ညနေ ၈ နာရီခန့်တွင် အလုပ်သမားများ အိမ်ပြန်ရန် စောင့်ဆိုင်းနေကြသည့် ကားဂိတ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း
နိုင်ငံ့ အရေးပေါ် စီမံခန့်ခွဲမှု ဌာန၏ ပြောရေးဆိုခွင့် ရှိသူ မန်ဇို အီဇက်ကီယ်မှ ပြောဆိုခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဧရိယာအား ပိတ်သိမ်းထားစဉ်တွင် ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြသည်။
သတိလစ်နေသော လူ ၉ ဦးခန့်မှာ သီးခြား ဆေးရုံများတွင် ကုသမှု ခံယူလျက် ရှိသည်။

နိုင်ဂျီးရီးယား ရေဒီယို အသံလွှင့်ဌာနမှ ဒဏ်ရာရရှိသူများအတွက် လိုအပ်သော သွေးများကို လှုဒါန်းကြရန် နှိုးဆော်ခဲ့သည်။

ယခု ဖြစ်ပွားခဲ့သော နေရာမှာ ဧပြီလ ၁၄ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာနှင့် မီတာ ၁၀၀ ခန့် အကွာတွင်
ဖြစ်ကြောင်း မစ္စတာ အီဇက်ကီယ်မှ ပြောဆိုခဲ့သည်။ ၎င်းဖြစ်စဉ်မှာ မနက်ခင်း အလုပ်ဆင်းသူများနှင့် ပြည့်နှက်နေသည့်
ညန်ရာ ကားဂိတ်အနီးတွင် ရပ်တန့်ထားသော ကားတစ်စီးမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၁၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြသည်။

ဧပြီလ ၁၄ ရက် ဗုံးဖောက်ခွဲမှုကို ၎င်းတို့အဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကို ဟာရမ်အဖွဲ့
ခေါင်းဆောင်ဖြစ်သူမှ ပြောကြားခဲ့သည်။ အဖွဲ့၏ အမည်သည် ဒေသတွင်း ဘာသာစကားဖြင့် အနောက်တိုင်း ပညာရေးမှာ
ဒုစရိုက် ပြစ်မှုတစ်ခု ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။

 ၎င်းတို့ အဖွဲ့သည် ကျောင်းများ၊ ခရစ်ယာန် ချာ့ခ်ျကျောင်းများ၊ ဗလီများကို ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြပြီး ကလေးသူငယ်နှင့်
အမျိုးသမီးများကို ပြန်ပေးဆွဲခြင်း၊ နိုင်ငံရေးသမားများနှင့် ဘာသာရေး ခေါင်းဆောင်များကို လုပ်ကြံခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
mmanewsagency.com

လမ်းပေါ်တွင် ယာဉ်စက်ပျက်ပါက…

 
 ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သော ဆရာဦးခင် မောင်ဌေး(ပညာရေး) နှင့် သီလ၀သားတို့၏ ဆောင်းပါးများ ဖတ်ရှုရသည်မှာ လွန်စွာမှ တန်ဖိုးရှိလှပါသည်။ မိမိ အနေဖြင့်လည်း အတွေ့အကြုံရှိခဲ့သည်ကို ရေးသားတင်ပြ လိုပါသည်။ ဧပြီ ၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာ တွင် စက်ပျက်၍ ရပ်နားထားသော ခရီးသည်တင်ယာဉ် တစ်စီးအား အခြားခရီးသည်တင်ယာဉ်တစ်စီးမှ ဝင်တိုက်ရာ လူနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖတ်ရှုခဲ့ ရပါသည်။ အဆိုပါ ဖြစ်စဉ်မျိုး မကြာခဏဆိုသလို ဖြစ်ပွား နေတာလည်း ကြားသိရပါသည်။ ယာဉ်မောင်းအများစု အနေဖြင့် မိမိယာဉ်စက်ပျက်ပါက ယာဉ်၏နောက်တွင် ကားဘီးတာယာများ၊ ကျောက်တုံး/ခဲများ၊ သစ်ကိုင်း၊ ဝါးကိုင်းများ၊ ပုံးများထားရှိပြီး ယာဉ်ပျက်၍ ရပ်တန့်ထား ကြောင်းသိရှိရန် အချက်ပြစနစ်သုံးကြသည်ကို တွေ့ရှိ ရပါသည်။

ပြည်ထောင်စု အစိုးရအဖွဲ့တွင် တိုင်းရင်းသားများ ပါဝင်ခွင့် ခွဲတမ်း သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသား ဝန်ကြီး တောင်းဆို

Photo: ပြည်ထောင်စု အစိုးရအဖွဲ့တွင် တိုင်းရင်းသားများ ပါဝင်ခွင့် ခွဲတမ်း သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသား ဝန်ကြီး တောင်းဆို
Friday, May 2, 2014

ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက တိုင်းရင်းသား ကိုယ်စားလှယ်များကို ပါဝင်ခွင့်ပြုရေးအတွက် ခွဲတမ်း သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်အမျိုးသားညီလာခံတွင် တောင်းဆိုလိုက်သည်။

ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက တိုက်ရိုက် ရွေးချယ်ခွင့်ပေးရန်၊ ပြည်ထောင်စုအဆင့် ဖြစ်သည့် ဥပဒေချုပ်ရုံး၊ စာရင်းစစ်ရုံး စသည်တို့တွင်လည်း ခွဲတမ်းပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ထိန်းချုပ်မှုအောက်တွင် ထားရှိရန် အချက်များကို ရခိုင်အမျိုးသားညီလာခံက တောင်းဆိုမည့် မူဝါဒများတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ တွင် ပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတို့၏ လုပ်ပိုင်ခွင့်များကို တိုးချဲ့ပေးရန်၊ ဇယား ၅ တွင် ပါရှိသည့် အခွန်ကောက်ယူသည့် ကိစ္စများကိုလည်း တိုးချဲ့ပေးရန် လိုအပ်ကြောင်း ဦးဇော်အေးမောင် ပြောဆိုသည်။

ရခိုင်အမျိုးသားညီလာခံက ထွက်ပေါ်လာသည့် မူဝါများတွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံသား အခွင့်အရေးနှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ယဉ်ကျေးမှု စာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေး အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတတူးဖော်ရေး အသုံးပြုခွင့် ရရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်တို့နှင့် ပတ်သက်သည့် မူဝါဒများကို တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း နိုင်ငံသားစိစစ်ပြီး နိုင်ငံသားဖြစ်ခွင့် ရရှိသူများကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် လိုအပ်ပြီး ဧည့်နိုင်ငံသားများကို ဧည့်နိုင်ငံသား ပေးရန်၊ နိုင်ငံသားပြုခွင့် ရသူများကို နိုင်ငံသားပြုခွင့် ရသူအဖြစ် သတ်မှတ်ရန်၊ တရားမဝင် ရောက်ရှိနေသူများကို နိုင်ငံတကာ စံနှုန်းအတိုင်း ထားရန် လိုအပ်ကြောင်း ဦးဇော်အေးမောင်က ဆက်လက် ပြောကြားသည်။
“White Card (ယာယီသက်သေခံကတ်) ကိုင်ထားတဲ့သူ နိုင်ငံသား မဟုတ်တဲ့ သူတွေကိုတော့ နိုင်ငံရဲ့ Idenity ပေါက်သွားမှာ စိုးတဲ့အတွက် မဲပေးခွင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရွေးကောက်ပွဲတွေကို ဥပဒေပြုပြင်ပြီး တားမြစ်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် စာသင်ကြားခွင့် မရရှိသူများ များစွာ ရှိနေပြီး စာသင်ကျောင်းများ၊ စွမ်းရည်မြင့် ဆရာ၊ ဆရာမများ နည်းပါးနေသဖြင့် ရခိုင်ပြည်နယ်၏ ပညာရေး နိမ့်ပါးနေသဖြင့် စာသင်ကျောင်းများများ တည်ဆောင်ပေးရန်၊ စွမ်းရည်မြင့် ဆရာ၊ ဆရာများ ထပ်တိုးချပေးရန်၊ ရခိုင်ပြည်နယ်တွင် ဆေးကျောင်းနှင့် အသက်မွေးဝမ်းကျောင်း စင်တာများ ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို လေ့လာသုံးသပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းကော်မတီက ဆက်လက်စဉ်းစား လုပ်ဆောင်မည် ဖြစ်ကာ ယင်းမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်နဲ့ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တည်ဆဲဥပဒေနှင့် ပတ်သက်ပြီးသည့် ကိစ္စများကို သက်ဆိုင်ရာ ဌာနများက ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆိုသည်။
“တောင်းဆိုချက်တွေထဲက နိုင်ငံတော်နဲ့ အခြေအနေနဲ့ ကိုက်ညီသော လိုက်လျောညီထွေ ဖြစ်တဲ့ ကိစ္စတွေကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကျောက်ဖြူမြို့မှ သဘာဝဓာတ်ငွေ့များ စေလွှတ်မှု၊ ရေနံ့သယ်ယူမှု များကြောင့် ရေနံယိုဖိတ်မှု ပြသာနာများ မဖြစ်ပွားအောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ အမျိုးသားအကျိုးစီးပွားကို ရှေးရှုလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဘင်္ဂါလီများ ခိုးဝင်မှု၊ ခိုးထွက်မှု၊ ပင်လယ်ပင်တွင် ငါးထွက်ဖမ်းသည့် ရခိုင်တိုင်းရင်းသားများ တိုက်ခိုက်ခံရမှုတို့ကို ကာကွယ်ရန် ပင်လယ်ပင်လုံခြုံရေးကို အထူးလုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးဇော်အေးမောင်က ပြောဆိုသည်။

The Voice Weekly ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက တိုင်းရင်းသား ကိုယ်စားလှယ်များကို ပါဝင်ခွင့်ပြုရေးအတွက် ခွဲတမ်း သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်အမျိုးသားညီလာခံတွင် တောင်းဆိုလိုက်သည်။

မြန်မာအများအပြား အလုပ် လုပ်ကိုင်နေသည့် စင်ကာပူတွင် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒအား နိုင်ငံသားများ ဆန္ဒပြ

Photo: မြန်မာအများအပြား အလုပ် လုပ်ကိုင်နေသည့် စင်ကာပူတွင် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒအား နိုင်ငံသားများ ဆန္ဒပြ
Friday, May 2, 2014

မေ ၁ ရက်က စင်ကာပူ၌ နိုင်ငံသား ၄၀၀ ခန့်သည် အစိုးရ၏လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် အနီရောင်ဖြင့် “စင်ကာပူ၏ အခွင့်အရေးကို ကာကွယ်ပါ” ဟု ရေးသားထားသော အနက်ရောင်ခေါင်းစည်းများကို ၀တ်ဆင်လျက် ကာလကြာရှည်စွာ အုပ်စိုးလာသည့် People's Action ပါတီကို ဆန့်ကျင်သည့် ကြွေးကြာ်သံများကို ဟစ်ကြွေးခဲ့ကြသည်။

အလုပ်အကိုင် အတိုင်ပင်ခံတစ်ဦးဖြစ်သည့် ဆန္ဒပြခေါင်းဆောင် ဂေးဘတ်ဂိုးက ဆန္ဒပြပွဲသည် စင်ကာပူနိုင်ငံ၌ နိုင်ငံခြားသားအရေအတွက် အလွန်များပြားနေခြင်းကို မကျေနပ်ကြောင်း ဆက်လက်ပြသရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။
သူက “ကျွန်တော်တို့ တိုင်းပြည်အတွက်ပြောတဲ့အခါ ကျွန်တော်တို့ကို နိုင်ငံခြားသားကြောက်သူတွေလို့ တံဆိပ်ကပ်ကြတယ်။ ကျွန်တော် ဒါတွေအားလုံးကို ကျွန်တော့်တိုင်းပြည်အတွက် လုပ်တာပါ။ ကျွန်တော်တိုင်းပြည်အတွက် အသက်စွန့်ဖို့ ဆန္ဒရှိပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် ဂိုးသည် ရဲတပ်ဖွဲ့ထံမှ ပြင်းထန်သော သတိပေးမှုကို လက်ခံရရှိပြီးနောက် ဆန္ဒပြသူများအား ၀န်ကြီးချုပ်လီရှန်လွန်း၏ ပိုစတာပုံကို ဖျက်ဆီးခိုင်းမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့သည်။ စင်ကာပူတွင် လူဦးရေ ၅ ဒသမ ၄ သန်း ရှိသည့်အနက် ၆၀ ရာခိုင်နှုန်းသာ စင်ကာပူနိုင်ငံသားများ ဖြစ်ကြသည်။ ယခု ဆန္ဒပြပွဲကို လွတ်လပ်စွာပြောဆိုနိုင်ရန် ပြုလုပ်ပေးထားသည့် ပန်းခြံတစ်ခု၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဝေဖန်သူများက နိုင်ငံသားများသည် နိုင်ငံခြားသားများနှင့် အလုပ်အကိုင်အတွက် ယှဉ်ပြိုင်နေရသည်ဟု ဆိုသည်။    

Eleven Media Group  

မေ ၁ ရက်က စင်ကာပူတွင် ဆန္ဒပြခေါင်းဆောင် ဂေးဘတ်ဂိုး လူအုပ်ကြီးကို မိန့်ခွန်းပြောနေစဉ်
မေ ၁ ရက်က စင်ကာပူတွင် ဆန္ဒပြခေါင်းဆောင် ဂေးဘတ်ဂိုး လူအုပ်ကြီးကို မိန့်ခွန်းပြောနေစဉ်
 မေ ၁ ရက်က စင်ကာပူ၌ နိုင်ငံသား ၄၀၀ ခန့်သည် အစိုးရ၏လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူ ၀ါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် အနီရောင်ဖြင့် “စင်ကာပူ၏ အခွင့်အရေး ကို ကာကွယ်ပါ” ဟု ရေးသားထားသော အနက်ရောင်ခေါင်းစည်းများကို ၀တ်ဆင်လျက် ကာလကြာရှည်စွာ အုပ်စိုးလာသည့် People's Action ပါတီကို ဆန့်ကျင်သည့် ကြွေးကြာ်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ရခိုင်မှာ အရေးပေါ်ပေါင်းစပ်ရေး စင်တာ ထားရှိရေး သမ္မတ အဆိုပြု

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များဟာ နိုင်ငံကြီးသားတိုင်း အတွက် လက်ခံလို့မရနိုင်တဲ့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပြီးတော့ နောက်ပိုင်း ဒီဒေသမှာ ဒီလို ပြဿ  နာတွေ ထပ်ပေါ်လာရင် ဖြေရှင်းနိုင်ဖို့ အတွက် အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး စင်တာ တစ်ခု ထားရှိဆောင်ရွက်မယ်လို့ သမ္မတ သူရဲ့ မေလအတွက် မိန့်ခွန်း ထဲမှာ ထည့်သွင်းပြောဆိုသွားတာပါ။ ဒီအချက်ကို ရခိုင် တိုင်းရင်းသားခေါင်းဆောင်တွေ ကလည်း လက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်ရေး ကိစ္စအပါအ၀င်၊ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ကို သမ္မတ ဦးသိန်းစိန်က ဘာတွေ အလေးထားပြောခဲ့လဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။ရခိုင်ပြည်နယ် တည်ငြိမ်ရေး နဲ့ ဖြွံ့ဖိုးရေးလုပ်ငန်းတွေ ပိုလုပ်နိုင်အောင် အစိုးရ အဖွဲ့ဝင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်း တွေ က ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ပြီး အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေး စင်တာ တစ်ခု တည်ထောင်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
Photo: ရခိုင်မှာ အရေးပေါ်ပေါင်းစပ်ရေး စင်တာ ထားရှိရေး သမ္မတ အဆိုပြု 
Friday, May 2, 2014   

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များဟာ နိုင်ငံကြီးသားတိုင်း အတွက် လက်ခံလို့မရနိုင်တဲ့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပြီးတော့ နောက်ပိုင်း ဒီဒေသမှာ ဒီလို ပြဿ     နာတွေ ထပ်ပေါ်လာရင် ဖြေရှင်းနိုင်ဖို့ အတွက် အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး စင်တာ တစ်ခု ထားရှိဆောင်ရွက်မယ်လို့ သမ္မတ သူရဲ့ မေလအတွက် မိန့်ခွန်း ထဲမှာ ထည့်သွင်းပြောဆိုသွားတာပါ။ ဒီအချက်ကို ရခိုင် တိုင်းရင်းသားခေါင်းဆောင်တွေ ကလည်း လက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။  ရခိုင်ပြည်နယ် တည်ငြိမ်ရေး ကိစ္စအပါအ၀င်၊ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သမ္မတ ဦးသိန်းစိန်က ဘာတွေ အလေးထားပြောခဲ့လဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

ရခိုင်ပြည်နယ် တည်ငြိမ်ရေး နဲ့ ဖြွံ့ဖိုးရေးလုပ်ငန်းတွေ ပိုလုပ်နိုင်အောင် အစိုးရ အဖွဲ့ဝင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊  အရပ်ဘက် လူ့အဖွဲ့အစည်း တွေ က  ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ပြီး အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေး စင်တာ တစ်ခု တည်ထောင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

"လူတစ်ချို့ အနေနဲ့ ဥပဒေ ချိုးဖောက်မှုများ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီလိုအပြုအမူတွေကို ကျနော်တို့အနေနဲ့ လက်သင့်မခံဘဲ ဥပဒေနဲ့အညီ အရေးယူမှုများ ပြုလုပ်နေပါတယ်။ ယခုလို ဖြစ်ပွါးနိုင်ခြေရှိတဲ့ ပြဿ    နာတွေကို ကြိုတင်ကာကွယ်သွားနိုင်ဖို့အတွက် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ တစ်ခုကို အစိုးရအဖွဲ့ဝင်များ နိုင်ငံတကာအဖွဲ့အစည်းများ နဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားပြီး ရခိုင်ပြည်နယ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးများကို ပြည်သူများနဲ့ တိုင်ပင်ပြီး ပိုမို၍ အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံး နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ အနေနဲ့လည်း အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ နဲ့ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်ထွန်းလိုပါတယ်။"

ရခိုင်ပြည်နယ် အတွင်းမှာ အခုလို အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာတစ်ခု ကို တည်ထောင်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေ မှာ အခြေ့ပုပြီးတော့ ဒေသဆိုင်ရာ ကိုယ်စားပြုမယ့် သူတွေ နဲ့ ပေါင်းစပ်ဖွဲ့စည်းဖို့ လိုတယ်လို့လည်း ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယခေါင်းဆောင် ဒေါက်တာ အေးမောင်က ဗွီအိုအေ ကို ပြောပါတယ်။

"အရေးပေါ်ညှိနှိုင်းရေး စင်တာဆိုတာကောင်းပါတယ်။ ဒါပေမယ့် အဲဒီမှာ ဘယ်သူတွေ ပါမလဲပေါ့နော်။ အဲဒီမှာ အရပ်ဖက်လူထု ပါမယ်။ တကယ် အရပ်ဖက်ကို ကိုယ်စားပြုတဲ့ အဖွဲ့တွေဖြစ်ဖို့ လိုတယ်။ ဒေသခံ ကိုယ်စားလှယ် ဆိုပါစို့။ တကယ် ဒေသက ကိုယ်စားပြု တဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုတယ်။ ဟုတ်ပြီနော် မြို့မိ မြို့ဖဆိုရင်လည်း တကယ် မြို့မိ မြို့ဖတွေက ရွေးထားတဲ့ မြို့ရဲ့  ကိုယ်စားလှယ်တွေ အစစ်အမှန်ဖြစ်ဖို့လိုတယ်။  အဲ့ဒါမျိုးဆိုရင်ကောင်းပါတယ်။
ဒီ့စင်တာမှာ ပဋိပက္ခဖြစ်ရင် အကြောင်းရင်း ရှာနိုင်တာတို့ပေါ့ဗျာ။  နောက် ပဋိပက္ခရဲ့ ဇစ်မြစ်ကို ကျနော်တို့ အများလည်းသိအောင် ဝင်ရှင်းလင်း နိုင်အောင် စသဖြင့်ပေါ့နော် ကျနော်တို့အများကြီး သုံးသပ်ပေးဖို့ လိုပါတယ်။ ဥပမာ ပြီးခဲ့တဲ့ ကာလက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဖြစ်တယ်ဆိုရင်  နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပါတ်သက်တဲ့ ဘာကြောင့် ဒီအဖွဲ့အစည်းတွေကို ဒီနယ် ဒီဒေသမှာ ထားပေးနေရတယ် ဆိုတာ လူထုသိအောင် ရှင်းပြပေးဖို့လိုတယ်။"

ပြည်တွင်း ငြိမ်းချမ်းရေး၊ တစ်ပြည်လုံး အပစ်ရပ်ဆဲရေး နဲ့ ပတ်သက်ပြီးတော့ လည်း သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ မိန့်ခွန်း အတွင်းမှာ အသိအမှတ်ပြုပြော ခဲ့ပါသေးတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကို အမှန်တကယ် ချုပ်ငြိမ်းနိုင်ဖို့ အတွက် နိုင်ငံရေးဆွေးနွေးမှုတွေ နဲ့ အဖြရှာဖို့လိုတယ်ဆိုတာကို သူ့အနေနဲ့ လက်ခံတယ်လို့ ပြောဆိုပါတယ်။

"ယခင် ဆွေးနွေးပွဲများက အတည်ပြုခဲ့တဲ့ ခေါင်းစဉ်များကို အသေးစိတ် အချိန်ယူ ဆွေးနွေးခဲ့ကြပြီး တစ်ခုတည်းသော သဘောတူညီချက် ပထမ မူကြမ်းကို ပြုစုနိုင်သည့် တိုးတက်မှုများ ရရှိခဲ့ပါတယ်။ ဤအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေး ညှိနှိုင်းခြင်းနှင့် အသေးစိတ် လုပ်ငန်းများမှ ပေါ်ထွက်လာသည့် ရလဒ်ကောင်း တစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အဆင့် တစ်ဆင့် တက်ခြင်းဟု ရှုမြင်ကြရမှာ ဖြစ်ပါတယ်။ ဒီရလဒ်များကို အခြေခံပြီး များမကြာမီ ကာလမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုရမှာဖြစ်ပြီး တိုင်းရင်းသားများကို ကျွန်တော် ကတိပြု ပြောကြားထားသည့် အတိုင်း လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာနိုင်တော့မှာ ဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ကချင်အမျိုးသား အစည်းအရုံးက အစိုးရ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းမှု တွေ ရှိလာချိန်မှာ သမ္မတ ကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပိုပြီးတော့ ကြိုးစား လုပ်ဆောင်မယ် လို့ ပြောလာတဲ့အတွက် တစ်ပြည်လုံး ငြိမ်းချမ်းရေး ရနိုင်မယ့် ခြေလှမ်းတွေ ဖြစ်လာမယ့် သဘောရှိတယ်လို့လည်း ဖက်ဒရယ် ပြည်ထောင်စုပါတီ ဒုဥက္ကဋ္ဌ ဦးစောသန်းမြင့် ကပြောပါတယ်။

"ဒီအခု လောလောဆယ် ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အဓိကမှာ KIA/ KIO က အဓိကဖြစ်တယ်လေ။ သူပါလိုက်တာနဲ့ အားလုံးပြီး သွားပြီပေါ့နော်။ ပြီး သလောက်ဖြစ်သွားပြီ။  သူပါလိုက်တာနဲ့ ကျနော်အထင် ပလောင်အဖွဲ့ကလည်း သူ့ဟာသူ ဘယ်လိုဖြစ်ဖြစ် ပါလာမှာပဲလေ။ အဲဒီတော့ ကျနော်ထင်တယ် တစ်ချို့ကလည်း U.S ကိုသွားလိုက်တယ်။  U.S ကလည်း ကျနော်တို့နိုင်ငံ အကြီးအကျယ် ငြိမ်းချမ်းတဲ့ ဒေသဖွံ့ ဖြိုးရေး အတွက်ကို အကြီးအကျယ်ဖြစ်စေချင်တဲ့ အချိန်မှာ အခု U.S ကဘယ်လိုမြင်လည်း ဆိုရင် ကျနော်တို့နိုင်ငံကို နံပါတ်တစ် ငြိမ်းချမ်းရေး ရစေချင်တယ်။ နံပါတ်နှစ် ဒီမိုကရေစီနိုင်ငံဖြစ်စေချင်တယ် နံပါတ်သုံး ဖွံ့ ဖြိုးတိုးတက်တဲ့နိုင်ငံ အာရှမှာ ဖွံ့ဖြိုးတိုးတက် တဲ့နိုင်ငံအဖြစ် သူတို့ မြင်ချင်တယ်။ အဲဒီတော့ သူတို့ရဲ့ အကြံဉာဏ်လည်းပါမယ်။  နဂိုကတည်းက ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒလည်း ရှိတယ်ဆိုတော့ ကျနော်ထင်ပါတယ်။ သိပ်မကြာခင်လုပ်မယ့် ဆွေးနွေးပွဲမှာ ပိုပြီးတော့ ကျနော်တို့နိုင်ငံအတွက် အောင်မြင်မယ် အကျိုးဖြစ်မယ့် ပိုပြီးတော့ ငြိမ်းချမ်းရေးအတွက် ပိုပြီးနီးစပ်မယ်လို့ ကျနော်က ဒီလိုပဲ ယူဆပါတယ်ခင်ဗျာ" 

မေလအတွက် ပြောကြားခဲ့တဲ့ သူရဲ့ မိန့်ခွန်းထဲမှာ ပြည်တွင်းက နိုင်ငံရေး ပါတီတွေအနေနဲ့ အစိုးရ နဲ့ လက်တွဲပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ မှာ အတူ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သမ္မတ ကပြောခဲ့တာဖြစ်ပါတယ်။

VOA

အပူချိန်မြင့်တက်မှုကြောင့် ချောက်မြို့တွင် ၄ ရက်အတွင်း လူ ၁၀ ဦး သေဆုံး


မန်မာပြည်အလယ်ပိုင်းက ချောက်မြို့မှာ အပူချိန်မြင့်တက်တဲ့အတွက် ၄ ရက်အတွင်းမှာ လူ ၁၀ ဦး သေဆုံး ခဲ့တယ်လို့ ဒေသခံဦးစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။ “အပြင်ချိန်မြင့်တော့ နဂိုမကျန်းမာတဲ့သူတွေ၊ အရက်သောက်တဲ့သူတွေ အဲဒါတွေ သေကြပါတယ်။ အသက် ၄၀ ကျော်တွေနဲ့ ကျန်တာတွေတော့ ၆၀ ကျော်တွေပါ။”ချောက်မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာ ဦးမောင်မောင်ကျော်ကတော့ အပူ ချိန်ကြောင့် ဖြစ်တတ်တာတွေနဲ့ သူကြုံတွေ့တာကို အခုလို ပြောပါတယ်။ “အပူရှပ်တာတော့ ရောက် မလာဘူး။ အပူကြောင့်ဖြစ်တာ ၃ မျိုးတွေရှိတယ်။ အပူကြောင့် ဗိုက်နာတာ၊ ကြွက်သားတွေနာတာ အဲဒါ လည်းသိပ်မတွေ့ဘူး။ အပူကြောင့် နှုံးတာ နည်းနည်းပါးပါးတွေ့တယ်။ နောက် အပူကြောင့် အဖျားကြီးပြီး သတိလစ်တဲ့ လူနာတော့ မတွေ့သေးဘူး။ အများကြီး မတွေ့သေးဘူး။” ချောက်မြို့နယ် ပြည်သူ့ဆေးရုံ အုပ် ဒေါက်တာစန်းလွင်ကတော့ ဒီတပတ်အတွင်းမှာ အပူချိန်ကြောင့် အဖျားကြီးပြီး သတိလစ်တဲ့ လူနာ ၃ ဦး ရောက်လာတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ချောက်မြို့ ဆေးရုံမှာ အပူ ချိန်ကြောင့် လူနာတွေထားလို့မဆန့်အောင်အထိ ဖြစ်ခဲ့ပြီး အသေအပျောက်လည်း များခဲ့တယ်လို့ သိရပါတယ်။ မိုးလေ၀သပညာရှင်တွေကတော့ မြန်မာနိုင်ငံတ၀န်းမှာ ခရမ်းလွန်ရောင်ခြည် လွန်ကဲမှု အဆင့်ကို ရောက်ရှိနေတာကြောင့် နေပူထဲကို မသွားကြဖို့၊ သွားရင်လည်း နေရောင်ခြည် မထိအောင် လုံလုံခြုံခြုံဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။
DVB TV News

တာချီလိတ်တွင် ရေတွင်းထဲ နုန်းဆင်းဆယ်ရာမှ သားအဖ နှစ်ဦး သေဆုံး

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် ၀ိန်းကျောက်ကျေးရွာ၊ အာခါဈေးလမ်းသွယ် ရှိ နေအိမ် တစ်အိမ်တွင် ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက် ညနေ (၄း၃၀)နာရီအချိန်ခန့်က ရေတွင်းထဲမှ နုန်းများကို ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်၍ သားအဖနှစ်ဦး
သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Photo: တာချီလိတ်တွင် ရေတွင်းထဲ နုန်းဆင်းဆယ်ရာမှ သားအဖ နှစ်ဦး သေဆုံး
Friday, May 2, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် ၀ိန်းကျောက်ကျေးရွာ၊ အာခါဈေးလမ်းသွယ်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက် ညနေ (၄း၃၀)နာရီအချိန်ခန့်က ရေတွင်းထဲမှ နုန်းများကို ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်၍ သားအဖနှစ်ဦး
သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေအိမ်၌ အိမ်ငှားအဖြစ်နေထိုင်သူ အသက်(၄၄)နှစ်အရွယ် ဦးသောင်းဌေးသည် နွေရာသီ ရေခမ်းခြောက်သည့် ကာလကို ရောက်လာသည့်အတွက် နေအိမ်အတွင်းရှိ အနက်(၃၀)ပေ၊ အကျယ်(၄)ပေခန့်ရှိသော ရေတွင်းထဲမှ နုန်းများကို ဆယ်ယူရန် ရေတွင်းထဲသို့ ၀ါးလှေကားဖြင့် ဆင်းချိန် ရေပြင်နှင့် ထိလု (၅)ပေခန့် အရောက်တွင် အောက်ဆီဂျင်ပြတ်တောက်ပြီး

လှေကားပေါ်မှ ပြုတ်ကျသွားခဲ့သည့်အတွက် ရေတွင်းအပေါ်တွင် ရှိနေသူ အသက်(၁၆)နှစ်အရွယ် သားဖြစ်သူ မောင်အောင်နိုင်ဦးသည် ၎င်း၏ ဖခင်ဖြစ်သူအား ဆင်းဆယ်ရန်အတွက် ဆင်းသွားရာမှ ၎င်း၏ ဖခင်နည်းတူ အောက်ဆီဂျင်ပြတ်တောက်၍ ရေအနက် (၅)ပေခန့်တွင် နစ်မြုပ်သေဆုံးသွားခဲ့သည်။

ရေတွင်းထဲတွင် အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးနေသော သားအဖနှစ်ဦးကို တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ပါဝင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၇)ဦး စုစုပေါင်း (၃၅)ဦး အပြင် လူမှုကူညီရေးအသင်းအဖွဲ့များဖြင့် ၀ိုင်းဝန်းကြိုးပမ်း၍ ရေတွင်းထဲမှ ည(၇း၀၅)နာရီအချိန်က ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအတွက် ရောက်ရှိလာသော မီးသတ်တပ်ဖွဲ့ဝင်များသည် ရေတွင်းထဲသို့ မဆင်းမီတွင် ရေတွင်းအတွင်း မီးတောက်ဖြင့် အောက်ဆီဂျင်ရှိမရှိကို စစ်ဆေးရာ ရေပြင်နှင့်ထိလု (၅)ပေခန့်တွင် မီးငြိမ်းသွားခဲ့သဖြင့် ရေတွင်းအတွင်း သစ်ခတ်များချမွှေ့ယမ်းခြင်း၊ အောက်စီဂျင်ဘူးအား ဖွင့်ချ၍ ရေတွင်းအတွင်း မွှေ့ယမ်းခြင်းတို့ကို ပြုလုပ်ပြီးနောက် သေဆုံးသူ (၂)ဦးကို ရေတွင်းပေါ်သို့ တင်ဆောင်နိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။

ရေတွင်းထဲ၌ သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့တွင် လွန်ခဲ့သော ၂၀၁၂ခုနှစ်ဝန်းကျင်က ရေတွင်းထဲ၌ အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးမှုနှင့် မြေပြို၍ သေဆုံးမှုများလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း။ ။ ကိုဇောင်း

http://www.tachileik.net/2014/04/die.html 
ဖြစ်စဉ်မှာ အဆိုပါနေအိမ်၌ အိမ်ငှားအဖြစ်နေထိုင်သူ အသက် (၄၄)နှစ်အရွယ် ဦးသောင်းဌေးသည် နွေရာသီ ရေခမ်းခြောက်သည့် ကာလကို ရောက်လာသည့် အတွက် နေအိမ် အတွင်းရှိ အနက်(၃၀)ပေ၊ အကျယ်(၄)ပေခန့်ရှိသော ရေတွင်းထဲမှ နုန်းများကို ဆယ်ယူ ရန် ရေတွင်းထဲသို့ ၀ါးလှေကားဖြင့်ဆင်းချိန် ရေပြင်နှင့် ထိလု (၅)ပေခန့် အရောက်တွင် အောက်ဆီ ဂျင်ပြတ်တောက်ပြီးလှေကားပေါ်မှ ပြုတ်ကျသွားခဲ့သည့်အတွက် ရေတွင်းအပေါ်တွင် ရှိနေသူ အသက် (၁၆)နှစ်အရွယ် သားဖြစ်သူ မောင်အောင်နိုင်ဦးသည် ၎င်း၏ဖခင်ဖြစ်သူအား ဆင်းဆယ်ရန်အတွက် ဆင်းသွားရာမှ ၎င်း၏ ဖခင်နည်းတူ အောက်ဆီဂျင်ပြတ်တောက်၍ ရေအနက် (၅)ပေခန့်တွင် နစ်မြုပ်သေ ဆုံး သွားခဲ့သည်။

ရေပြဿနာ ဖြေရှင်းရန် အစိုးရက ကျပ်ဘီလီယံနှစ်ဆယ်ပိုသုံးမည်

 နှစ်စဉ်ကြုံတွေ့နေကျ ဖြစ်သော သောက်သုံး ရေရှား ပါးမှု ပြဿနာ ဖြေရှင်းရန် အစိုးရက ယခင်နှစ်များ ထက် ကျပ်ဘီလီယံ ၂၀ကျော် ပိုသုံးစွဲမည်ဖြစ် ကြောင်း ကျေးလက်ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ သတင်းရရှိ သည်။

Photo: ရေပြဿနာ ဖြေရှင်းရန် အစိုးရက ကျပ်ဘီလီယံနှစ်ဆယ်ပိုသုံးမည်
Friday, May 2, 2014

 နှစ်စဉ်ကြုံတွေ့နေကျ ဖြစ်သော သောက်သုံး ရေရှား ပါးမှု ပြဿနာ ဖြေရှင်းရန် အစိုးရက ယခင်နှစ်များ ထက် ကျပ်ဘီလီယံ ၂၀ကျော်  ပိုသုံးစွဲမည်ဖြစ် ကြောင်း ကျေးလက်ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ သတင်းရရှိ သည်။

နှစ်စဉ် နွေရာသီတွင် ကြုံ တွေ့နေကျ သောက်သုံးရေ ရှားပါး မှု ပြဿနာ ဖြေရှင်းရန် အစိုးရက ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်  ကျပ်ငွေ၁၂ဘီလီယံ  သုံးစွဲခဲ့သော်လည်း ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျပ် ၃၈ ဘီလီယံသုံးစွဲရန် လျာထား ခြင်းဖြစ်သည်။

‘‘၂၀၁၃ ခုနှစ်ကစပြီး ရေကိစ္စဖြေရှင်းဖို့ အစိုးရဘတ်ဂျက်က  တဖြည်းဖြည်းတိုးလာပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၂-၂၀၁၃တုန်းက ခြောက်ဘီလီယံပဲရှိတာ အခု ၃၈ အထိတောင်ဖြစ်လာပါပြီ’’ဟု ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနတာဝန်ရှိသူတစ်ဦးကပြော သည်။

သောက်သုံးရေရှားပါးမှုပြဿနာကို ယခုအခါ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတွင် ကြုံတွေ့ရလာခြင်းကြောင့် အစိုး ရအသုံးစရိတ်ဘတ်ဂျက်တွင် ရေ ပြဿနာဖြေရှင်းရန် ရန်ပုံငွေတိုး မြှင့်လာရခြင်းဖြစ်သည်ဟု အ ထက်ပါအမည်မဖော်လိုသူအကြီး တန်းဝန်ထမ်းတစ်ဦးက ပြော သည်။ ယခုတိုးမြှင့်လာသည့် အစိုး ရဘတ်ဂျက်ဖြင့် ကျေးရွာပေါင်း ၃၂၀၀တွင် တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ ရေကန်နှင့်အခြား ရေပေးဝေရေးနည်းစနစ်များအ ကောင်အထည်ဖော်သွားမည်ဟု သတင်းရရှိသည်။

‘‘စည်ပင်ရေမလုံလောက် တော့ ရေ၀ယ်သုံးရတယ်။ ငါးဂါ လန် ဆယ်ဘူးပါတဲ့ ရေစည်တစ် လှည်းကို အရင်က သုံးရာ၊ လေး ရာလောက်ပဲပေးရတာ အခု ၁၅၀၀လောက်ဖြစ်နေတယ်။ ရေ ရှားလို့ နှစ်ဆလောက်ဈေးတက် သွားတယ်’’ဟု ရေရှားပါးမှုပြဿ နာကို ရသေ့တောင်မြို့တွင်နေ ထိုင်သူ  ဦးကိုကိုမောင်ကပြော သည်။

နွေရာသီ  ရေပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ရခိုင် ပြည်နယ်တွင် သောက်သုံးရေ သယ်ပို့ခဈေးနှုန်းများ မြင့်တက်ခဲ့ သည်။ ယခင်က သောရေရှားပါးမှု ပြဿနာကို စစ်ကိုင်း၊ မကွေး၊ မန္တ လေးတိုင်းဒေသကြီးတို့တွင်သာ နှစ်စဉ်ကြုံတွေ့ခဲ့ရသော်လည်းယ ခုအခါ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်း၊ ကရင် နှင့် ရခိုင်ပြည်နယ်များတွင်ပါ ကြုံတွေ့နေရခြင်းဖြစ်သည်။

Author: အိဖြူမွန်
7Day Daily နှစ်စဉ် နွေရာသီတွင် ကြုံ တွေ့နေကျ သောက်သုံးရေ ရှားပါး မှု ပြဿနာ ဖြေရှင်းရန် အစိုးရက ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကျပ်ငွေ၁၂ဘီလီယံ သုံးစွဲခဲ့သော်လည်း ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျပ် ၃၈ ဘီလီယံသုံးစွဲရန် လျာထား ခြင်းဖြစ်သည်။ ‘‘၂၀၁၃ ခုနှစ်ကစပြီး ရေကိစ္စဖြေရှင်းဖို့ အစိုးရဘတ်ဂျက်က တဖြည်းဖြည်းတိုးလာပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၂-၂၀၁၃တုန်းက ခြောက်ဘီလီယံပဲရှိတာ အခု ၃၈ အထိတောင်ဖြစ်လာပါပြီ’’ဟု ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနတာဝန်ရှိသူတစ်ဦးကပြော သည်။

“ TNLA ပြန်ကြားရေးတာဝန်ခံ ပြောကြားချက်များ မှန်ကန်မှု မရှိဟု တပ်မတော် အရာရှိကြီးတစ်ဦးမှ ငြင်းဆို ”


ယနေ့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အဖြစ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်း ခဲ့သည်မှာ သုံးနှစ်နီးပါး ရောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အသွင်ပြောင်းလဲ လာသော်လည်း အဓိက အဟန့်အတားဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပုံဖော်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကို ရရှိဖို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို မလွဲမသွေ လုပ်ဆောင်ရမှာ ဖြစ်သလို အဲဒီအပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ဖို့လည်း လိုအပ်ပါတယ်။ သို့မှသာ ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ် ကာလအတွင်းမှာ TNLAအနေဖြင့် တပ်မတော်မှ စတင် ကျူးကျော် တိုက်ခိုက်နေကြောင်း ၊ ပြည်သူလူထုအပေါ် ဆက်ကြေးများ ကောက်ခံနေကြောင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်း နေကြောင်း၊ အပြစ်မဲ့ ဒေသခံ ပြည်သူများ၏ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ တိုက်ပွဲ ဖြစ်ပွားတိုင်း တပ်မတော် ဘက်မှ အကျအရှုံးများကြောင်း လုပ်ကြံသတင်းများ ရေး သားဖော်ပြပြီး တပ်မတော်ကဘဲ တိုင်းရင်းသာ လက်နက်ကိုင်များအပေါ် မတရားပြု လုပ်နေခြင်းဖြစ်ကြောင်း စွပ်စွဲ လုပ်ကြံရေးသားပြီး ငြိမ်းချမ်းရေးကို တကယ် မလိုချင်သယောင် အများအထင်အမြင်လွဲမှားစေရန် လုပ်ကြံ ၀ါဒဖြန့် ရေးသားဖော်ပြနေတယ်လို့ နေပြည်တော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသူ တပ်မတော် အရာရှိကြီးတစ်ဦးမှ ပြော ကြား သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်များ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်များ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်း ခင်ထွေးမြင့်က ပြောကြားသည်။အဆိုပါ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲများကို မေလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့နှင့် ၁၈ ရက်နေ့ မန္တလေးမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဘယ်နေရာတွေ လုပ်မလဲ ဆိုတာကတော့ မသိသေးပါဘူး။ အသေးစိတ်ကို ထပ်ပြီးတော့ ထုတ်ပြန်ပေးမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။အဆိုပါ လူထုဟောပြောပွဲများ ပြုလုပ်ရန် ဧပြီလ ၂၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် များ တွေ့ဆုံ သဘောတူညီခဲ့ခြင်း ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုက်တွန်း ဟောပြော သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးဌေးကြွယ်က ဆိုသည်။“၈၈ မျိုးဆက်အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို NLD နဲ့ ပူးပေါင်း လုပ်ဆောင်မယ် လို့ ကြေညာ ထားတဲ့အတိုင်း လုပ်မှာပါ” ဟု ၎င်းကဆိုသည်။