Wednesday, September 10, 2014

ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေလူထုနှင့် တက္ကသိုလ် ကျောင်းသားများ တောင်းဆို

ဆရာတော်ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသူ ၊ ကျောင်းသား များက တောင်းဆို လိုက်သည်။

ဦးဆန်းဆင့်၏ အချုပ်လွတ်ထုချေခွင့် ထပ်မံပယ်ချခံရ

ဦးဆန်းဆင့်၏ ကျန်းမာရေးအရ အချုပ်လွတ်ထုချေခွင့်လျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး တရားရုံးက ထပ်မံ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

‘‘မန္တလေးမှာ အာမခံအသစ် ပြန်လျှောက်တာကို ပလပ်တယ်။ ကျယ်ကျယ်ပြန့်ပြန့် မစစ်ဆေးဘဲနဲ့ အကျဉ်းနည်းနဲ့ ပလပ်တယ်’’ဟု ဦးဆန်းဆင့်၏ ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

ဦးဆန်းဆင့်၏ အချုပ်လွတ်ထုချေခွင့်ယူရန် လျှောက်ထားမှုကို ဒက္ခိဏခရိုင် တရားရုံးက ပထမအကြိမ်ပယ်ချခဲ့ပြီး မန္တလေးတိုင်းဒေသကြီး တရားရုံးသို့ ထပ်မံလျှောက်ထားရာ ပယ်ချလိုက်ကြောင်း ဦးတင်ထွန်းက ပြောသည်။

အပစ်မရပ်ခြင်း နောက်ကွယ်တွင် KIA လူသစ်စုဆောင်းမှု အရှိန်မြှင့်လာ

Photo: အပစ်မရပ်ခြင်း နောက်ကွယ်တွင် KIA လူသစ်စုဆောင်းမှု အရှိန်မြှင့်လာ
Wednesday, September 10, 2014

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီနှင့် မိုးမောက်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ လူသစ်စုဆောင်းမှုများ အရှိန်မြှင့်လုပ်ဆောင်လာရာ စက်တင်ဘာ ၈ ရက်နေ့အထိ စုဆောင်းခံရသော လူသစ် ဦးရေ စုစုပေါင်း(၈၀)ဦးခန့် ရှိပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ဒေသအတွင်းရှိ လူငယ်များအား ကချင်လူမျိုးရေးစိတ်ဓာတ်ပိုင်းဆိုင်ရာ ကို အခြေခံ၍လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု အားနည်းချက်အပေါ် အသုံးချ၍လည်းကောင်း နည်းအမျိုးမျိုးဖြင့် စုဆောင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“ အင်ဘာပါစခန်းကို ခေါ်သွားတာတွေ့တယ်၊ အဲဒီစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရတယ်၊ အယောက် ၈၀ လောက်တော့ ရှိမှာပေါ့ ” ဟု မန်စီမြို့ခံတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ စုဆောင်းခြင်းခံရသော လူသစ်များမှာ အသက် ၂၀ မှ ၃၀ နှစ်အတွင်း အတန်းပညာ အလယ်တန်း အဆင့် တက်ရောက်ပြီးသူများဖြစ်ပြီး အများစုမှာ ကချင်လူငယ်များဖြစ်ကြောင်း သိရသည်။

အင်ဘာပါစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော လူငယ်များသည် ထွက်ပြေးပါက ၎င်းတို့၏ မိဘဆွေမျိုး များအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထား၍ ထွက်မပြေးရဲကြကြောင်း၊ အစားအသောက် အဆင်မပြေသဖြင့် မိဘဆွေမျိုးများထံ အစားအစာများမှာယူနေကြကြောင်း ဆွေမျိုးတော်စပ်သူ ဒေါ်ဘောက်နန် က ဆိုသည်။

အလားတူ KIA အဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာ အရှေ့ဘက်တွင် တောင်ယာလုပ်နေသော ရွာသား ၄ ဦးအား စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ရွာသား ၄ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပေကုန်းကျေးရွာ နေ မောင်နေ၀င်းရှိန်(၂၆)နှစ်၊ မောင်အင်ခွန်ဘရန်အောင်(၂၈)နှစ်၊ မောင်လဇွန်တူးဂျာ(၂၅)နှစ်နှင့် မောင်နော်ဂျာ (၂၂)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် မထိုးရ သေးသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ အရှိန်မြှင့်လာသော လူသစ်စုဆောင်းမှုများက ငြိမ်းချမ်းရေး လမ်းစဉ်ကို ချိုးဖောက်နေခြင်းဖြစ်သလို ဒေသခံလူငယ်များ၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာကြောင်း ကချင် အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောကြားသွားခဲ့သည်။

ခိုင်မြဲ
Credit to Kachin Daily News
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီနှင့် မိုးမောက်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ လူသစ်စုဆောင်းမှုများ အရှိန်မြှင့်လုပ်ဆောင်လာရာ စက်တင်ဘာ ၈ ရက်နေ့အထိ စုဆောင်းခံရသော လူသစ် ဦးရေ စုစုပေါင်း(၈၀)ဦးခန့် ရှိပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ဒေသအတွင်းရှိ လူငယ်များအား ကချင်လူမျိုးရေးစိတ်ဓာတ်ပိုင်းဆိုင်ရာ ကို အခြေခံ၍လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု အားနည်းချက်အပေါ် အသုံးချ၍လည်းကောင်း နည်းအမျိုးမျိုးဖြင့် စုဆောင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“ အင်ဘာပါစခန်းကို ခေါ်သွားတာတွေ့တယ်၊ အဲဒီစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရတယ်၊ အယောက် ၈၀ လောက်တော့ ရှိမှာပေါ့ ” ဟု မန်စီမြို့ခံတစ်ဦးက ပြောသည်။

တယ်လီနောမှ ဆင်းကဒ်ဖြန့်ဝေမှု မန္တလေးမှစတင်မည်ဟုသိရ

တယ်လီနောမှ ငွေကျပ် ၁၅၀၀ ထက်မပိုသော တစ်မိနစ်ပြောဆိုနှုန်းထား ၂၅ ကျပ်ထက် မပိုသော ဆင်းကဒ်များအား မြန်မာနိုင်ငံအတွင်း ဖြန့်ချိရာတွင် မန္တလေးမြို့မှ စတင် သွားမည်ဖြစ်ကြောင်း၊ ယနေ့ ၁၀ နာရီခွဲမှစကာ မန္တလေး စက်မူဇုံ ကနောင်ခန်းမ တွင် တယ်လီနောနှင့် စက်မူစီးပွားရေးလုပ်ငန်းစုများ အတွက်သီးသန့် ဝန်ဆောင်မှုများအကြောင်း လာရောက် ရှင်းလင်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

မြန်မာယူ ၂၃ နှင့် ဂျပန်ညွန့်ပေါင်းအသင်း ခြေစမ်းပွဲ MRTV တိုက်ရိုက်ပြသမည်


Photo: မြန်မာယူ ၂၃ နှင့် ဂျပန်ညွန့်ပေါင်းအသင်း ခြေစမ်းပွဲ MRTV တိုက်ရိုက်ပြသမည်
Wednesday, September 10, 2014

ပဏာမလက်ရွေးစင် မြန်မာယူ ၂၃ အသင်းနှင့် ဂျပန်ညွန့်ပေါင်းအသင်း (JFL ALL STAR) တို့၏ ချစ်ကြည်ရေး ခြေစမ်းပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ (ယနေ့) တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယင်းခြေစမ်းပွဲကို MRTV (မြန်မာ့အသံနှင့် ရုပ်မြင်သံကြား) က တိုက်ရိုက် ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီမံရေးရာ ညွှန်ကြားရေးမှူး ဦးစိုးမိုးကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ်တို့ စီစဉ်ကျင်းပသည့် အဆိုပါ ခြေစမ်းပွဲကို သုဝဏ္ဏကွင်း၌ ယင်းနေ့ညနေ ၄ နာရီတွင် ယှဉ်ပြိုင်မည်ဖြစ်ရာ ကွင်းဝင်ကြေး အခမဲ့ဖြင့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

(၂၈) ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင်မည့် လက်ရွေးစင် အသင်းအတွက် ခြေစွမ်းကောင်းမွန်ပြီး အသက်မီသည့် ကစားသမားများ ပေါ်ထွက်လာရန် ရည်ရွယ် ဖွဲ့စည်းထားသည့် လက်ရွေးစင် B အသင်းအနေနှင့် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ပဏာမမြန်မာယူ ၂၃ အသင်း ယာယီနည်းပြချုပ် ဦးကြည်လွင်က ရှင်းပြသည်။

မြန်မာအသင်းနှင့် ခြေစမ်းမည့် ဂျပန် ညွန့်ပေါင်းအသင်းမှာ ဂျပန် ဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ဂျေလိဂ်-၂ မှ ဆီမီးပရိုအဆင့် ကစားသမားများဖြင့် စက်တင်ဘာ ၅ ရက်နေ့က ဖွဲ့စည်းခဲ့သည့် အသင်းဖြစ်ကြောင်း ယင်းအသင်း၏ အဖွဲ့ခေါင်းဆောင် ကိုင်တိုဆိုင်ဇိုက ပြောသည်။

အဆိုပါ ဂျပန် ဘောလုံးအဖွဲ့ချုပ် (JFL) ညွန့်ပေါင်းအသင်းသည် စက်တင်ဘာလ ၅ ရက်နေ့က လာအို လက်ရွေးစင်အသင်းနှင့် လာအိုနိုင်ငံတွင် ခြေစမ်းကစားခဲ့ရာ သုံးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း၊ မြန်မာအသင်းနှင့် ယှဉ်ပြိုင်ပြီးပါက ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း ယင်းအသင်းက ထုတ်ပြန်ထားသည်။

ပဏာမမြန်မာယူ ၂၃ အသင်းကို ကစားသမား ၂၅ ဦးဖြင့် စက်တင်ဘာလ ၄ ရက်နေ့က စတင်လေ့ကျင့်နေပြီး ယခုခြေစမ်းပွဲ တစ်ပွဲတည်း အတွက်သာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

The Voice Weekly 
ပဏာမလက်ရွေးစင် မြန်မာယူ ၂၃ အသင်းနှင့် ဂျပန်ညွန့်ပေါင်းအသင်း (JFL ALL STAR) တို့၏ ချစ်ကြည်ရေး ခြေစမ်းပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ (ယနေ့) တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယင်းခြေစမ်းပွဲကို MRTV (မြန်မာ့အသံနှင့် ရုပ်မြင်သံကြား) က တိုက်ရိုက် ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီမံရေးရာ ညွှန်ကြားရေးမှူး ဦးစိုးမိုးကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ်တို့ စီစဉ်ကျင်းပသည့် အဆိုပါ ခြေစမ်းပွဲကို သုဝဏ္ဏကွင်း၌ ယင်းနေ့ညနေ ၄ နာရီတွင် ယှဉ်ပြိုင်မည်ဖြစ်ရာ ကွင်းဝင်ကြေး အခမဲ့ဖြင့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်

Photo: ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်
----------------------------------------------------------------------

ဂျွန်ဟော့(ပ်)ကင်း(စ်)မှကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။

ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ 
ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။

၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်)တွေရှိတယ်။ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး။

ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာ
ကင်ဆာဆဲ(လ်)တွေ မရှိတော့ဘူးလို့ ဆရာဝန်တွေကပြောတဲ့အခါ
လူတွေရဲ့ကိုယ်ထဲက ကင်ဆာဆဲ(လ်)တွေဟာ စစ်ဆေးသိရှိနိုင်တဲ့အရေအတွက်အထိ မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။

၂။ လူတစ်ယောက်ရဲ့ ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀ ကြိမ်အထက်အထိ ပေါ်ပေါက်ပါတယ်။

၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊ အကျိတ်လည်းမဖြစ်နိုင်ပါဘူး။

၎။ လူတစ်ယောက်ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရအတော်များများချို
့တဲ့နေပြီ ဆိုတာကို ပြသတာပါဘဲ၊ ဒါဟာမျိုးရိုး၊ပတ်ဝန်းကျင်၊အစားအစာနဲ့ လူနေမှုပုံစံစတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

၅။ ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်စားသောက်ပုံစံကို ပြောင်းလဲပြီး ဖြည့်စွက်အစား အစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။

၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့ မှာရှိတဲ့ အပွားမြန်တဲ့ ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ကျောက်ကပ်၊
အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။

၇။ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို
ပျက်စီးစေသလို ကောင်းတဲ့ဆဲ(လ်)တွေ တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေပါတယ်။

၈။ ဓါတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့်
အကျိတ်တွေ ကျုံ့သွားတတ်ပါတယ်၊
ဒါပေမယ့် ရေရှည်ကုသတဲ့အခါ ထိရောက်မှုကျဆင်းသွားပါတယ်၊အကျိတ်တွေ နောက်ထပ် မကြေပျက်တော့ပါဘူး။

၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများလာတဲ့အခါ ရောဂါပြီးစနစ်ဟာ အားလျော့တာတွေ၊ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။အဲ့ဒီအခါမှာ လူတွေဟာ
ရောဂါပိုး အမျိုးမျိုးကြောင့် ဖြစ်စေ နောက်ဆက်တွဲ အမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။

၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို
ဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရခက်စေနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်းဟာလည်း ကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ့
့စေနိုင်ပါတယ်။

၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ သူတို့မျိုးပွားရာမှာလိုအပ်တဲ့ အဟာရတွေကိုဖြတ်
တောက်လိုက်ခြင်းပါဘဲ။

(က) သကြား။ ။သကြားဟာကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ ။ သကြားကို ဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲ့ အဓိက အဟာရတစ်ခုကို ဖြတ်လိုက်သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့သကြား အစားထိုးပစ္စည်းတွေဟာ Aspartame ဆိုတဲ့အရာ ပါဝင်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။ သဘာဝအစားအစာဖြစ် တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေးက ပိုကောင်းပါတယ်။

စားပွဲတင်ဆားဟာ
ဓာတုပစ္စည်း ရောထားတဲ့အတွက် ဖြူဖွေးနေတာပါ၊ ပင်လယ် နေလှမ်းဆားကပိုကောင်းပါတယ်။

(ခ) နို့ ။ ။ နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲ တွေ ထွက်စေပါတယ် ၊ အထူးသဖြင့်
အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်) တွေ က စားသုံးနိုင်ပါတယ် ။ နို့အစားသကြားမပါတဲ့ ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)တွေကို အစာပြတ်စေနိုင်ပါတယ်။

(ဂ) ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ပတ်ဝန်းကျင်မှာ
ပိုပွားနိုင်ပါတယ် ။ အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ် ။ အမဲသား၊၀က်သားထက် ငါးစားတာအကောင်းဆုံးပါဘဲ ။ ဒါမှမဟုတ် ကြက်သား နည်းနည်းစားနိုင်ပါတယ် ။ အသားတွေမှာ မွေးမြူရေးကသုံးတဲ့ ပဋိဇီဝဆေးတွေ ၊ ကြီးထွားဟော်မုန်းတွေနဲ့ ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ် ၊ ဒါတွေဟာ လူတွေ အထူးသဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။

(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။ ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။ အဆန် ။ အနှံ နဲ့ သစ်သီးအနည်းငယ်ကို အစား အစာရဲ့ ၈၀% အချိုးနဲ့ စားရင် ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine) အခြေအနေရောက်စေနိုင်တယ် ။ ကျန်၂၀% ကိုတော့ ပဲအပါအ၀င် ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ် ။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်ထဲ မှာ စွံမ်းအားမြင့် အင်ဆိုင်းတွေ ပါဝင်တယ် ။ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က ဆဲလ်များဆီ ရောက်နိုင်တယ်။ ဆဲ လ်တွေကို အဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့ အားပေးတယ်။

ကျန်းမာတဲ့ဆဲလ် တွေ တည်ဆောက်ဖို့ စွမ်းအားမြင့်အင်ဆိုင်းတွေရရှိအောင်
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အရည်နဲ့ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို တနေ့နှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ် ။အပူချိန်104’F (40’c)
ဆိုရင် အင်ဆိုင်းတွေပျက်စီးသွားနိုင်တယ်။

(င) ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တွေကို ရှောင်ပါ။
လက်ဖက်ရည် ကြမ်း ( Green Tea ) ဆိုပိုကောင်းတယ်။ ကင်ဆာကို
ခုခံတဲ့ သတ္တိလည်းရှိတယ်။ ရေဆိုရင် သောက်ရည်သန့် ဒါမှမဟုတ်
သေချာစွာ စစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ ဘုံပိုင်ရေမှာက သတ္တုအလေးစား (
Ileavy Metals ) တွေ၊ အဆိပ်အတောက်တွေ ပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့
အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။

၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေ အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီး အဆိပ်အတောက်တွေ ပိုမိုဖြစ်ပေါ်စေပါတယ်။

၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်) ရဲ့ ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေ ပိုမိုလာတဲ့ အတွက် ခန္ဒာ ကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer Cells ) တွေဟာ ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ပိုလွယ်သွားပါတယ် ။

၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants )
ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့
ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး ဆဲ(လ်)
တွေ အားသုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E )
ဟာလည်း ခန္ဒာကိုယ်မှာ ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ ၊
ထိခိုက်ခံထားရတဲ့ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ ပံ့ပိုးပေးနိုင်းကြောင်း သိရပါတယ် ။

၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ
။
၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆီဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ မပွားများနိုင်ပါဘူး ။
နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာ
ကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများရောက် စေနိုင်တယ်။
အောက်ဆီဂျင်ကုထုံး ( Oxygen Therapy ) ဟာကင်ဆာဆဲ(လ်) တွေကို
ချေဖျက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတခုပါဘဲ ။

ရှောင်ကြဉ်ရန် အချက်များ
-----------------------------

(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။

(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။

(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီး မသုံးရန် ။

ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က သတင်းလွှာမှာထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်း အချက်အလက်တွေကို ဝေါ်(လ်) တာ ရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန ( Walter Reed Army Medical Center ) မှာလည်း ဖြန့်ဝေထားပါတယ်။ ဒိုင်အောက်ဆင်း ( Dioxin )
ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ် ။ ဒိုင် အောက်
ဆင်းဟာ ကျွန်တော် တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက် အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့ ။ ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ ။

ဒီ ကျန်းမာရေး ပြသနာကိုမကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို ( Dr. Edward Fujumoto ) ဟာ ရုပ်သံ အစီးအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့ ကျန်းမားရေး အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ် ။
သူဟာ ဒိုင်အောက်ဆင်းရဲ့ဆိုကျိုးတွေ ကို တင်ပြဆွေးနွေးထားပါတယ်။
ပလပ်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်
ပါဘူး လို့ သူကပြောပါတယ်။

အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ် ၊ အဆီရယ် ၊ အပူချိန်မြင်မြင့်ရယ် ပေါင်းစပ်လိုက်ရင်
ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာထဲ ရောက်ရှိသွားကာ နောက်ဆုံးမှာ
ခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။ ပလပ်စတစ်အစား ဖန်ထည် ၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex, Ceramic ……….)
ကို သူကသုံးခိုင်းပါတယ် ။ ဒိုင်အောက်ဆင်းမထွက်တော့ပါဘူး ။ ဒါကြောင့်
အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွေးတဲ့ အခါ မူလ ဗူးခွက်တွေကို
မသုံသင့်ပါဘူး။

စက္ကူကို သုံးရင်လည်းမဆိုးဘူး ။ ဒါပေမယ့်
စက္ကထဲမှာဘာပါသလဲဆိုတာ မသိရဘူး။ ဖန်ထည် ၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ် ။
အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစား
စက္ကူတွေကို သုံးလာကြပါပြီ။ အဓိက အကြောင်းရင်းတစ်ခုကတော့ ဒိုင်အောက်ဆင်းပါဘဲ လို့ သူကပြောပါတယ် အစားအစာတွေကို ပလပ်စတစ် ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ ချက်ပြုတ် တာဟာလည်း အလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။

မြင့်မာတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီး အစားအစာထဲရောက်ရှိစေပါတယ် ။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ် ။

ကျန်းမာချမ်းသာကျပါစေ

ကြိုးစားပါဉီးမည်

ရတီ
Yati Netpumchee Athinchay

Credit to သင့်အတွက်ကျန်းမာရေး
ဂျွန်ဟော့(ပ်)ကင်း(စ်)မှကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။

ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။

ပြည်မြို့ တိုက်ဖြူဗလီကြီးအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လေ့လာခွင့်ပြု

ပြည်မြို့ရှိ ဘာသာပေါင်း စုံငြိမ်းချမ်းရေးအဖွဲ့နှင့် လူငယ် များအား စက်တင်ဘာ ၉ ရက်က ပြည်မြို့ ဆွေးနွေးဘုရားလမ်းရှိ တိုက်ဖြူဗလီကြီးအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လေ့လာ ခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ဖြူဗလီကြီးတွင် Religion for Peace Interfaith Youth Network ၏ ဘာသာပေါင်းစုံ လပတ်အစည်းအဝေး   အမှတ်စဉ် (၉)  ကျင်းပပြုလုပ်ခဲ့သည်။ ဟိန္ဒူဘာသာရေးခေါင်းဆောင်များ၊ 

အနုပညာလောကကြောင့် အနာဂတ် လူနေမှုစရိုက် ပြောင်းလဲနိုင်

အတုမြင် အတတ်သင် ဆိုရာ၌ ကောင်းသော ဘက်တွင် အတုမြင် အတတ်သင် ခြင်းသည် လူတစ်ဦး တစ်ယောက် အတွက် ဘဝ လမ်းကြောင်း မှန်ကို တည့်မတ်ကာ အကျိုးကျေးဇူး များနိုင်မည် ဖြစ်သော်လည်း မကောင်းသည့် အမူအကျင့်များ အတုယူမိ ပါက ဘဝ တစ်လျှောက်လုံး လမ်းမှား ရောက်နိုင် သည်ကို သတိပြု ကြရမည် ဖြစ်သည်။

လောကတွင် အတုယူဖွယ် များစွာ ရှိသည်။ ကောင်းသော အရာများ ရှိသကဲ့သို့ မကောင်းသော၊ မှားယွင်းသော အရာများလည်း ရှိသည်။ မှားယွင်းသော အရာများကို အတုယူ မမှားရန် လိုသည်။ အထူးသဖြင့် လူငယ်များ အတုယူ မမှားရန် လိုသည်။ လူတို့ အတုယူ စရာ အသိအမြင် ဗဟုသုတများ

KIA နှင့် ဘင်္ဂါလီ ပြည်ဖျက်ရန် ကြံစည်ပြီလား

စက်တင်ဘာလ (၇) ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဘင်္ဂါလီ ကုလားအဖွဲ့အစည်းနှင့် KIO အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းအပေါ်တွင် လူမှုကွန်ယက်များပေါ်၌ ဂယက်ရိုက်ခတ်လျက်ရှိပေသည်။ ၄င်းအဖွဲ့စည်း နှစ်ဖွဲ့တွေ့ဆုံခဲ့ရာတွင် မြန်မာပြည်သူလူထှတစ်ရပ်လုံးထံမှ ဝေဖန်ချက်ပေါင်းမြောက်များစွာထွက်ပေါ်လာခဲ့ပြီး မည်ကဲ့သို့သောရည်ရွယ်ချက်များ၊ မည်ကဲ့သို့သောအကြောင်းပြချက်များဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကို လည်းအားလုံးသိချင်နေခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ‘ကချင်ပြည်နယ်တွင် ရိုဟင်ဂျာတပ်မတော် တည်ထောင် ရန်တပ်နေရာပေးရေး’ ဟူသည့် ဆွေးနွေးချက်၏နောက်ကွယ်တွင်ရှိသော အကြံအစည၊် ရည်ရွယ်ချက် ရည်မှန်းချက် များသည်ကောင်းသောအလားအလာများမဖြစ်နိုင်သကဲ့သို့ မြန်မာနိုင်ငံနှင့်မြန်မာ တစ်မျိုးသားလုံး အတွက်ကြီးမားသော အန္တရာယ်တစ်ခုဖြစ်လာနိုင်သည်ဆိုတာ ကတော့ကျွန်ပ်အဖို့ မလွဲမှားနိုင်သော ယူဆချက် ဖြစ်ပေလိမ့်မည်။

ဆီမီးဖိုင်နယ်တွင် မြန်မာယူ ၁၉ နှင့်ဗီယက်နမ် တွေ့ပြီ

Photo: ဆီမီးဖိုင်နယ်တွင် မြန်မာယူ ၁၉ နှင့်ဗီယက်နမ် တွေ့ပြီ

စက်တင်ဘာ ၁၀ ရက်၊ ၂၀၁၄ ခုနှစ်

၂၀၁၄ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု ခ မှာ ဂျပန် အသင်း က ဗီယက်နမ်အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိသွားပြီး အုပ်စုဗိုလ်အဖြစ် နဲ့ ဆီးမီးဖိုင်နယ်ကို တက်သွားပြီ  ဖြစ်ပါတယ်။

စက်တင်ဘာ ၁၁ ရက် နေ့ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အုပ်စု (က) ပထမ ရထားတဲ့ မြန်မာ နဲ့  အိမ်ရှင်ဗီယက်နမ် တို့  မြန်မာစံတော် ချိန် ညနေ ၄ နာရီမှာ ကစားကြမှာဖြစ်ပြီး ဂျပန် နဲ့ ထိုင်းအသင်း တို့ ကတော့ မြန်မာစံတော်ချိန်  ညနေ ၆ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို My Dinh အားကစားကွင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

DVB
၂၀၁၄ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု ခ မှာ ဂျပန် အသင်း က ဗီယက်နမ်အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိသွားပြီး အုပ်စုဗိုလ်အဖြစ် နဲ့ ဆီးမီးဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၁ ရက် နေ့ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အုပ်စု (က) ပထမ ရထားတဲ့ မြန်မာ နဲ့ 

မျိုးစေ့မမှန်လို့ ပင်မသန်သော ABSDF

Photo: မျိုးစေ့မမှန်လို့ ပင်မသန်သော ABSDF

စက်တင်ဘာ ၉ ရက်၊ ၂၀၁၄ ခုနှစ်

လူတစ်ဦးတစ်ယောက်ချင်းစီတွင် မိဘမျိုးရိုး ကောင်းမွန်မှု သည် အဓိကကျလှ၏။ မိဘမျိုးရိုးကောင်းမှသာ ထိုလူသည် လည်း ကောင်းသောအလေ့အထများကို ဆက်ခံခွင့်၊ လူ့ အသိုင်း အ၀ိုင်းမှာလည်း ၀င်ဆန့်ခွင့် ရရှိမည်ဖြစ်ပါသည်။ 

ထိုနည်းတူ အများအကျိုးအတွက် အလုပ်အကျွေးပြုမည်ဟူ သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အသင်းအဖွဲ့များ သည်လည်း သန္ခေ ကောင်းဖို့လိုပါသည်။ သို့မှသာ ရည်မှန်း ချက်အတိုင်း အများအကျိုးကို သယ်ပိုးရွက်ဆောင်နိုင် မည်ဖြစ်ပါသည်။ ထို အသင်းအဖွဲ့များတွင် ပရဟိတအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းစသဖြင့် အမျိုးမျိုး ရှိပါသည်။

ယနေ့မြန်မာနိုင်ငံတစ်ဝှမ်း ဟိုးလေးတကြော်ပျံ့နှံ့နေသော အသင်းအဖွဲ့တစ်ခုအကြောင်းပြောစရာဖြစ်လာပါပြီ။ အများ ပြည်သူက အတိုင်းအတာတစ်ခုအထိ အထင်ကြီးထားသော အဖွဲ့တစ်ဖွဲ့မှ နောက်ထပ်အဖွဲ့တစ်ဖွဲ့ ထပ်မံခွဲထွက်လိုက်ပြီ ဟူသောသတင်းကြောင့် အံ့အားသင့်ကြရသည်။ အများမေးစရာမလိုအောင် သူတို့၏ အရှုပ်အရှင်းပြဿနာကို ရဲဘော် ခင်ကျော်က ဖွင့်ချလိုက်ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မကဒတ) ABSDF မှ ရဲဘော်ခင်ကျော် ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ပြည်ထောင်စုကာကွယ်ရေးတပ်) ABSDF(UNRA) အမည် ဖြင့် ခွဲထွက်လိုက်ကြောင်း စစ်ဦးစီးချုပ်တာဝန်ကို ကိုယ့်ကိုယ်ကိုပေးလိုက်သော ရဲဘော်ခင်ကျော်က စက်တင်ဘာလ ၆ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေငြာလိုက်ခြင်းဖြစ်ပါသည်။

ရဲဘော်ခင်ကျော်ကတော့ ABSDF ကချမှတ်ထားသော မူဝါဒများကို တိတိကျကျအကောင်အထည်ဖော်ရန် အားကျိုးမာန် တက်လုပ်ဖို့က အတော်နည်းပါး၍ ခွဲထွက်လာခြင်းဖြစ်ကြောင်း၊ စိတ်ဝမ်းကွဲတာမျိုးမဟုတ်ဘဲ စိတ်သဘောထားချင်း မတိုက် ဆိုင်၍ ခွဲထွက်ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ထိုစကားနှင့် ပတ်သက်ပြီး လက်ရှိ ABSDF ဒုဥက္ကဌရဲဘော်မျိုးဝင်း က ဘာကိုသဘောထားကွဲလွဲသည်ဟုပြောဆိုခြင်းကို နားမလည်ကြောင်း၊ တစ်ဦးတစ်ယောက်ကောင်းလုပ်လို့မရဘဲစုပေါင်း  ဦးဆောင်မှု၊ တစ်ဦးချင်းတာဝန်ယူမှုနှင့်သွားနေတာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

မည်သို့သော အကြောင်းတရားများဖြင့် ခွဲထွက်သည်ဖြစ်စေ လူ ၁၀၀ ကျော်ရှိသော အဖွဲ့အစည်းမှာ အချင်းချင်းမညီညွှတ် ခြင်းကြောင့်ဟုဆိုရပါမည်။ ခေါင်းဆောင်ပိုင်း အာဏာရလိုမှု၊ ဘဏ္ဍာငွေအလွဲသုံးစားမှု၊ အများအကျိုးထက်ကိုယ်ကျိုးအတ္တ ကိုရှေ့တန်းတင်မှုများကြောင့် ABSDF နှစ်ခြမ်းကွဲခြင်းဖြစ်ပါသည်။ အများအတွက် အလုပ်လုပ်ပါမည်ဟု ကြွေးကြော် ဖွဲ့စည်းလာသော ABSDF ၏သက်တမ်း ၂၅ နှစ်ကျော်ကာလရောက်လာသောအခါ သရုပ်မှန်ပေါ်လာပြီဖြစ်ပါသည်။ နဂို တည်းက မျိုးစေ့မမှန်ခဲ့တော့ ယခုလည်း အပင်ဆက်လက်ရှင်သန်ရန် အားအင်ချည့်နဲ့သွားပြီဖြစ်ပါသည်။

ထို့ကြောင့် ABSDF ရဲ့အတိတ်ပုံရိပ်ကို ပြန်ကြည့်လျှင် ယနေ့လိုအဖြစ်မျိုးကြုံရတာ မဆန်းဟုဆိုရမည်ဖြစ်ပါသည်။ ABSDF ဆိုတာ ၈ လေးလုံးအရေးအခင်းကာလတုန်းက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် နယ်စပ်ကိုရောက်ရှိလာသော ကျောင်းသားလူငယ်များစုပေါင်းပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ၁၉၉၂ ခုနှစ် အရောက်မှာတော့ ABSDF မြောက်ပိုင်းနယ်မြေဟုခေါ်တွင်သော ပါချောင်ဒေသမှာ ကျောင်းသား ၁၀၇ ဦးကိုစစ်ထောက် လှမ်းရေးဟုစွပ်စွဲပြီး ဖမ်းဆီးမှုများရှိခဲ့သည်။ ဖမ်းဆီးထားသူများအနက် အထက်ဗမာပြည် ABSDF ဥက္ကဋ္ဌကျောင်းသား ခေါင်းဆောင်ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ၄၀ ဦးခန့်အားသတ်ဖြတ်ခဲ့သည်။ ထိုအချိန်က ABSDF ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာနိုင်အောင်အား တာဝန်ယူဖြေရှင်းရန် သတ်ဖြတ်ခံရသော ကျောင်းသားမိဘများက တောင်းဆိုခဲ့မှုကြောင့် ဖြေရှင်းပေးပါမည်ဟု လက်မှတ်ထိုး ကတိပြုခဲ့သော်လည်း ယနေ့တိုင် အဖြေမထွက်သေးပါ။

ပါချောင်ဒေသလူသတ်မှုနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကြောင့် ABSDF အဖွဲ့ကွဲသွားခဲ့ရာ ကျန်ရှိသော အဖွဲ့ ၀င်အနည်းငယ်က KIA နယ်မြေအတွင်း ဆက်လက်နေထိုင်ကာ ပြည်ပအထောက်အပံ့၊ အလှူငွေများမျှော်ကိုးပြီး ရပ်တည် နေကြရခြင်းဖြစ်ပါသည်။ ယနေ့အချိန်အထိ ယင်းအဖွဲ့အတွင်းအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ ရဲဘော်ခင်ကျော်နှုတ် ထွက်မှု၊ ပြည်သူ့အတွက် အကျိုးမပြုနိုင်မှုများက ABSDF ၏အရည်အချင်းကို ဖော်ပြနေခြင်းဖြစ်ပါသည်။

လူ ၁၀၀ ကျော်ရှိသော ABSDF အဖွဲ့အား အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ တွင် ပထမအကြိမ် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။ ပြုပြင်ပြောင်းလဲလာသော ဒီမို ကရေစီခေတ်တွင် ABSDF အဖွဲ့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အနေဖြင့် လူရာသွင်းခြင်းခံရပေမယ့် ပြာသလောက်        ဖွဲမထွက်သောလုပ်ရပ်များက အံအားသင့်စရာ ကောင်းနေပါသည်။ ရဲဘော်သံခဲဦးဆောင်သော ABSDF အဖွဲ့နှင့် ရဲဘော် ခင်ကျော် ဦးဆောင်သော ABSDF(UNRA) အဖွဲ့နှစ်ခြမ်းကွဲပြီးနောက်ပိုင်းတွင် ဘယ်သူတွေထပ်ပြီး ခွဲထွက်ကြဦးမလဲ စောင့်ကြည့်နေကြပါသည်။ အချုပ်ပြောရရင်အစကတည်းက မျိုးစေ့မမှန်သော ABSDF ဆိုတဲ့အဖွဲ့အစည်းရေရှည်မှာလည်း ထပ်မံပြိုကွဲရုံကလွဲလို့ အခြားမရှိနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

Credit: ထွန်းသစ်အောင်
လူတစ်ဦးတစ်ယောက်ချင်းစီတွင် မိဘမျိုးရိုး ကောင်းမွန်မှု သည် အဓိကကျလှ၏။ မိဘမျိုးရိုးကောင်းမှသာ ထိုလူသည် လည်း ကောင်းသောအလေ့အထများကို ဆက်ခံခွင့်၊ လူ့ အသိုင်း အ၀ိုင်းမှာလည်း ၀င်ဆန့်ခွင့် ရရှိမည်ဖြစ်ပါသည်။

ထိုနည်းတူ အများအကျိုးအတွက် အလုပ်အကျွေးပြုမည်ဟူ သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အသင်းအဖွဲ့များ သည်လည်း သန္ခေ ကောင်းဖို့လိုပါသည်။ သို့မှသာ ရည်မှန်း ချက်အတိုင်း အများအကျိုးကို သယ်ပိုးရွက်ဆောင်နိုင် မည်ဖြစ်ပါသည်။ ထို အသင်းအဖွဲ့များတွင် ပရဟိတအဖွဲ့၊ လူမှုရေးအသင်း အဖွဲ့၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းစသဖြင့် အမျိုးမျိုး ရှိပါသည်။

ယနေ့မြန်မာနိုင်ငံတစ်ဝှမ်း ဟိုးလေးတကြော်ပျံ့နှံ့နေသော အသင်းအဖွဲ့တစ်ခုအကြောင်းပြောစရာဖြစ်လာ ပါပြီ။ အများ ပြည်သူက အတိုင်းအတာတစ်ခုအထိ အထင်ကြီးထားသော အဖွဲ့တစ်ဖွဲ့မှ နောက်ထပ်

ပြုပြင်ပြောင်းလဲရေးတည်ငြိမ်ခြင်း တပ်မတော်ကျေးဇူးကြောင့်ဟု သမ္မတပြောကြားချက် နိုင်ငံရေးအင်အားစုအချို့ သဘောမတူ

 မြန်မာ့နိုင်ငံရေးပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်သည် အာ ရပ်နွေဦး ဖြစ်စဉ်ကဲ့သို့ မဖြစ်ဘဲ တည်ငြိမ်နေခြင်းမှာ တပ်မတော် ၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က စက်တင် ဘာ ၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ၌ ပြောကြားခဲ့မှုအပေါ် မြန်မာ့ နိုင်ငံရေးအင်အားစုအချို့က သ ဘော မတူနိုင်ကြောင်း ပြောကြသည်။

ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ ကချင်တွင် အခြေစိုက်စခန်းဆောက်ခွင့် KIO ထံတောင်း

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေပြုသော ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization) က ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်ပြုရန် KIO ထံ တောင်းဆိုခဲ့ကြောင်း KIO နှင့် ဘင်္ဂါလီ ခေါင်းဆောင်များ ဆွေးနွေးပွဲ မှတ်တမ်းအရ သိရသည်။

KIO အဖွဲ့မှ ဗိုလ်မှူးကြီးဂျိမ်းစ်နှင့် ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီအဖွဲ့မှ ဦးမောင်ကျော်နု အပါအဝင် အစ္စလာမ်

(၇၅) နှစ်မြောက် ဦးဥတ္တမနေ့တွင် ရခိုင်လူထု အချက်သုံးချက်တောင်းဆို

(၇၅) နှစ်မြောက် ဆရာ တော်ဦးဥတ္တမနေ့ကို စစ်တွေနှင့် ရန်ကုန်မြို့အပါအ၀င် ရခိုင်ပြည် နယ် မြို့နယ်အားလုံးတွင် စက် တင်ဘာ ၉ ရက်က ကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ဆရာတော်အတွက် ရည်စူးကာ လွမ်းသူ့ပန်းခွေ ပူဇော်ဆပ်ကပ် ရန်လာသော ရခိုင်လူထုက စစ် တွေမြို့ ဦးဥတ္တမပန်းခြံရုပ်တု ရှေ့တွင် ‘မြန်မာသမိုင်းစာအုပ် တွင် ဆရာတော်ဦးဥတ္တမအ ကြောင်း ထည့်သွင်းရေး’၊ ‘ရန် ကုန်ကန်တော်မင်ပန်းခြံကို ဆရာ တော်ဦးဥတ္တမပန်းခြံအဖြစ် ပြန် လည်သတ်မှတ်ပေးရေး’ နှင့် ‘စက်တင်ဘာ ၉ ရက်ကို အစိုးရ ရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးရေး’ တို့ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။

မြန်မာယူ-၂၃ အသင်းနှင့် JFL ညွန့်ပေါင်းအသင်းတို့ ယနေ့ခြေစမ်းမည်

နိုင်ငံတကာ ပြိုင်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် ပဏာမ မြန်မာယူ -၂၃ အသင်းနှင့် JFL ညွန့် ပေါင်းအသင်းတို့၏ ခြေစမ်းပွဲကို စက်တင်ဘာ ၁၀ ရက် ယနေ့ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပ သွားမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲကို ကွင်းဝင်ကြေးကို အခမဲ့သတ်မှတ်ထားကြောင်း သိရသည်။
ပထမမြန်မာယူ-၂၃အသင်းသည် (၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်းပြိုင်ပွဲ ဝင် မြန်မာအသင်းကို အထောက်အကူ ပြုနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ကိုင်တွယ်လျက်ရှိပြီး ယခုခြေစမ်းပွဲအပြီးတွင် လေ့ကျင့်မှုများ ခေတ္တရပ်နားသွားမည်ဖြစ် သည်။ ခြေစမ်းပွဲ ကစားမည့် မြန်မာယူ-၂၃ အသင်းကို ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

ဂျော့ဘုရင်(၂)သို့ အလောင်းဘုရားပေးခဲ့သော ရွှေပေလွှာမိတ္တူ ဂျာမနီက မြန်မာထံ ပေးအပ်

 မြန်မာဘုရင်အလောင်း မင်းတရားက ၁၇၅၆ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ ဒုတိယ မြောက်ဂျော့ဘုရင်ထံသို့ လက်ဆောင်ပေးအပ်ခဲ့သော ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေပေလွှာ၏ ဒစ်ဂျစ်တယ်မိတ္တူကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံပေးအပ်ခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက  သ တင်းထုတ်ပြန်သည်။

၁၇၅၆ခုနှစ်တွင်အလောင်း မင်းတရားသည် တန်ဖိုးကြီးမားသော ပတ္တမြား ၂၄လုံးနှင့် ရွှေစင်ရွှေသားဖြင့်ပြုလုပ်ထားသော ရွှေပေလွှာကို ဂျော့ဘုရင်ထံပေးပို့ခဲ့ခြင်းဖြစ်ပြီး  လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌  ထိန်းသိမ်းပြသ ထားသည်။

ISIS အစွန်းရောက်အန္တရာယ်ကြီးမားမှု နိုင်ငံကို အိုဘားမားချပြမည်

Photo: ISIS အစွန်းရောက်အန္တရာယ်ကြီးမားမှု နိုင်ငံကို အိုဘားမားချပြမည်
Wednesday, September 10, 2014

Islamic State အစ္စလာမ်အစွန်းရောက် စစ်သွေးကြွတွေကို အမေရိကန်က ဘယ်လိုနှိမ်နင်းမယ်ဆိုတဲ့ မဟာဗျူဟာကို သမ္မတ Barack Obama က ဗုဒ္ဓဟူးနေ့ညကျရင် ရုပ်မြင်သံကြားပေါ်ကနေ မိန့်ခွန်းပြောကြား ရှင်းပြမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ လုံခြုံရေးအတွက် အင်မတန် အရေးတကြီး ဦးစားပေးရမယ့် ကိစ္စတခုဖြစ်တယ်လို့ သမ္မတအိုဘားမားက ယုံကြည်တဲ့အကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က ပြောပါတယ်။

စစ်သွေးကြွတွေရဲ့ အန္တရာယ်နဲ့ Islamic State အစ္စလာမ်အစွန်းရောက်တွေ အင်အား လျော့နည်းသွားစေဖို့နဲ့ သူတို့ကို ဖြိုခွင်းနှိမ်နင်းသွားဖို့ သူ့ရဲ့အစီအစဉ်တွေကို သမ္မတက ပြောပြမှာဖြစ်တယ်လို့ ပြောခွင့်ရသူက ပြော ပါတယ်။

သမ္မတရဲ့ အစီအစဉ် အသေးစိတ်ကို  အိမ်ဖြူတော်ပြောခွင့်ရသူ Earnest က မပြောပေမဲ့ အီရတ်ကို အမေရိကန်တပ်တွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက ပြောထားပြီး ဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းကတော့ သမ္မတအိုဘားမားက သူ့ရဲ့ အစီအစဉ်တွေကို  အထက်လွှတ်တော်နဲ့ အောက် လွှတ်တော်က Democratic နဲ့ Republican ခေါင်းဆောင်တွေကို တွေ့ဆုံ ရှင်းပြခဲ့ပါတယ်။

ဆီးရီးယားအပေါ် လေကြောင်းက တိုက်ခိုက်တာ အပါအဝင် Islamic State အစွန်းရောက် စစ်သွေးကြွတွေအပေါ် စစ်ရေး ဆောင်ရွက်မှုမှန်သမျှ မလုပ်ခင်မှာ သမ္မတအနေနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရယူရမယ်လို့ လွှတ်တော်အမတ်တချို့က အလေးထား ပြောနေကြပါတယ်။ ဒါပေမဲ့ သမ္မတကတော့ သူ့မှာ လုပ်ပိုင်ခွင့်အာဏာ ရှိတယ်လို့ လွှတ်တော်ခေါင်းဆောင်တွေကို ပြောခဲ့တဲ့အကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

VoA
Islamic State အစ္စလာမ်အစွန်းရောက် စစ်သွေးကြွတွေကို အမေရိကန်က ဘယ်လိုနှိမ်နင်းမယ်ဆိုတဲ့ မဟာဗျူဟာကို သမ္မတ Barack Obama က ဗုဒ္ဓဟူးနေ့ညကျရင် ရုပ်မြင်သံကြားပေါ်ကနေ မိန့်ခွန်းပြောကြား ရှင်းပြမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ လုံခြုံရေးအတွက် အင်မတန် အရေးတကြီး ဦးစားပေးရမယ့် ကိစ္စတခုဖြစ်တယ်လို့ သမ္မတအိုဘားမားက ယုံကြည်တဲ့အကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က ပြောပါတယ်။

စစ်သွေးကြွတွေရဲ့ အန္တရာယ်နဲ့ Islamic State အစ္စလာမ်အစွန်းရောက်တွေ အင်အား လျော့နည်းသွားစေဖို့နဲ့ သူတို့ကို ဖြိုခွင်းနှိမ်နင်းသွားဖို့ သူ့ရဲ့အစီအစဉ်တွေကို သမ္မတက ပြောပြမှာဖြစ်တယ်လို့ ပြောခွင့်ရသူက ပြော ပါတယ်။

NCCT ဆွေးနွေးပွဲ KNU တက်ရောက်

Photo: NCCT ဆွေးနွေးပွဲ KNU တက်ရောက်
Wednesday, September 10, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ကခေါင်းဆောင် တွေဟာ အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ တစ်နေရာမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေပြီး အဲဒီအစည်းအဝေးကို KNU ကရင်အမျိုးသား အစည်းအရုံးက အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း အပါအ၀င် KNU ခေါင်းဆောင်တချို့ တက်ရောက်ကြပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ဒီအစည်းအဝေးမှာ သီးခြားတင်ပြဆွေးနွေးတာမျိုး မရှိဘူးလို့ KNU အထွေထွေအတွင်းရေးမှူးလည်းဖြစ် NCCT အဖွဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ ပဒို စောကွယ်ထူးဝင်းက ပြောပါတယ်။

သုံးရက်ကြာကျင်းပမယ့် ဒီအစည်းအဝေးမှာ တပ်ပိုင်းဆိုင်ရာကိစ္စအပါအ၀င် ပူးတွဲစောင့်ကြည့်ရေး ကော်မတီကိစ္စ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိပြီး ဒီကိစ္စတွေ ရေးဆွဲဖို့အတွက် အလုပ်အဖွဲ့တွေ ဖွဲ့စည်းသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဒီအစည်းအဝေးမှာ NCCT အဖွဲ့ရဲ့ရှေ့လုပ်ငန်းစဉ်တွေချမှတ်တာ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပြန်လည်တွေ့ဆုံဆွေးနွေးရမယ့် ကိစ္စတွေကို အဓိကထားဆွေးနွေးသွားဖို့ ရှိတယ်လို့လည်းသိရပါ တယ်။

RFA
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ကခေါင်းဆောင် တွေဟာ အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ တစ်နေရာမှာ ဒီကနေ့ တွေ့ ဆုံဆွေးနွေးနေပြီး အဲဒီအစည်းအဝေးကို KNU ကရင်အမျိုးသား အစည်းအရုံးက အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း အပါအ၀င် KNU ခေါင်းဆောင်တချို့ တက်ရောက်ကြပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ဒီအစည်းအဝေးမှာ သီးခြားတင်ပြဆွေးနွေးတာမျိုး မရှိဘူးလို့ KNU အထွေထွေအတွင်းရေးမှူးလည်းဖြစ် NCCT အဖွဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ ပဒို စောကွယ်ထူးဝင်းက ပြောပါတယ်။

အယ်လ်ကိုင်ဒါ အဖွဲ့ အရှိန်အဝါများ ပြန်လည် အဖတ်ဆည်နိုင်ရန် အတွက် တောင်အာရှဂိုဏ်းခွဲသစ် တည်ထောင်ခြင်းဖြစ်ဟု လေ့လာသူများ သုံးသပ်

04-alqaeda
အစ္စလာမ်မစ်နိုင်ငံတော် IS အဖွဲ့ ၏ ရက်စက်ကြမ်းကြုတ်မှု နှင့် တိုက်ခိုက်ရေးအောင်မြင်မှုများကြောင့် ယခင်က ကမ္ဘာတွင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အရှိန်အဝါ ကြီးမားခဲ့သော အယ်လ်ကိုင်ဒါ အဖွဲ့မှာ အရှိန်အဝါ ကျဆင်းလာခဲ့ပြီး တောင်အာရှဒေသတွင် ဂိုဏ်းခွဲသစ်တစ်ခု တည် ထောင်လိုက်ခြင်းအားဖြင့် ၄င်းတို့၏ သြဇာပြန်လည်ကြီးမားလာအောင် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည် ဟု  အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီအရာရှိတွေ ၈၈ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး

Photo: တရုတ်ကွန်မြူနစ်ပါတီအရာရှိတွေ ၈၈ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး
Wednesday, September 10, 2014

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Rao Huihua ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို ရန်ကုန်မြို့က ၈၈ မျိုးဆက်ရုံးခန်းမှာ ဒီနေ့ တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေးကိစ္စ တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကို အခုလိုပြောပါတယ်။

"အဓိကကတော့ သူတို့က မြန်မာနိုင်ငံအပြောင်းအလဲမှာ အရေးပါတဲ့ပုဂ္ဂိုလ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သူတို့ ဆက်ဆံရေးကိုသာ မျက်နှာစာအသစ်တစ်ခုအဖြစ်ပေါ့လေ သူတို့စပြီးတော့ ဆောင်ရွက်တဲ့သဘောပါ၊ နောက်ပိုင်းမှာလည်းပဲ ပြည်သူလိုချင်တဲ့ဆက်ဆံရေး တိုးမြှင့်လာဖို့အတွက်ကို သူတို့ ဆောင်ရွက်ချင်တာတွေလည်းပြောပါတယ်၊ ဒီသဘောထားကတော့ ကျနော်တို့ ပြည်သူလူထုရဲ့ သဘောထားပါ၊ ကျနော်တို့ကလည်း တကယ့်၊ တကယ်က အိမ်နီးချင်းနိုင်ငံတွေဆိုတာက ဟိုနှစ်ပေါင်းများစွာကတည်းက ထိစပ်လာတယ်၊ ကျနော်တို့ ရေရှည်လည်းဆက်ဆံရမှာဆိုတော့ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းဖို့က အရေးကြီးပါတယ်၊ ဒါပေမယ့် အဲ့လို နှစ်နိုင်ငံ ဆက်ဆံရေးလုပ်တဲ့နေရာမှာ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင်ပေးဖို့၊ အကာအကွယ်ပေးဖို့ဆိုတာတွေက ဒါတွေက အရေးကြီးတဲ့ အခြေခံတွေလို့ ကျနော်တို့က အဲ့ဒါတွေဆွေးနွေးဖြစ်တာပေါ့"

ဒါ့အပြင် မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှုရှိပြီး၊ ဒေသခံပြည်သူ တွေရဲ့ဆန္ဒနဲ့သဘောထားကို အလေးထားဖို့ကိုလည်း တိုက်တွန်းပြောဆိုလိုက်တယ်လို့ သိရပါတယ်။

RFA
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Rao Huihua ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို ရန်ကုန်မြို့က ၈၈ မျိုးဆက်ရုံးခန်းမှာ ဒီနေ့ တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေးကိစ္စ တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကို အခုလိုပြောပါတယ်။

အပူလောင်လျှင် အမြန်ဆုံးသက်သာပြီး အမာရွတ် မထင်စေမည့် နည်းများ

အိမ်ရှင်မတွေ ဟင်းချက်တဲ့အခါမှာ ဖြစ်ဖြစ်၊ ဖယောင်းတိုင် ထွန်းရာမှာဖြစ်ဖြစ် ရုတ်တရက် ဟင်းရည်ပူလောင်တာ၊ မီးပူလောင်တာတွေ ဖြစ်ဖူးကြမှာပါ။ အဲဒီအခါမှာ မီးပူလောင်တဲ့ နာကျင်မှု သက်သာပြီး အနာကျက်နှုန်းမြန်ကာ အမာရွတ်မထင်စေဖို့ သဘာဝအိမ်တွင်း ကုထုံးတွေ ရှိပါတယ်။

ရေခဲ မကပ်ပါနှင့်

တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ခြင်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်းကြောင့် ဈေးနှုန်းနှင့် အရောင်းအဝယ် မြင့်တက်

ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ်များနှင့် မြေဈေးနှုန်းများမှာ ယခုရက်ပိုင်း အတွင်း ယခင်ကာလ များထက် အရောင်းအဝယ် ပိုမိုဖြစ်ပေါ်လျက် ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

အိမ်ခြံမြေ အရောင်းအဝယ်နှင့် ဈေးနှုန်းပိုင်း မြင့်တက်နေရခြင်းမှာ ရန်ကုန်မြို့၌ တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ခြင်း များနှင့် ရန်ကုန်မြို့သစ် စီမံကိန်းများကြောင့် စီးပွားရေး လုပ်ငန်းရှင်များက အိမ်ခြံမြေများကို ဈေးနှုန်းများ အဆမတန်ပေး၍ ဝယ်ယူလာခြင်း များကြောင့် ဖြစ်ပြီး အဆိုပါ

Apple က iPhone 6 ၊ iPhone 6 Plus နှင့် စမတ်နာရီသစ်ကို မိတ်ဆက်


နာမည်ကျော် iPhone ကို မျက်နှာပြင်အရွယ်အစား ပြောင်းလဲခဲ့ပြီး ပိုမိုကြီးမားသော ၄ ဒသမ ၇ လက်မအရွယ် iPhone 6 နှင့် ၅ ဒသမ ၅ လက်မအရွယ် iPhone 6 Plus တို့ကို စက်တင်ဘာ ၉ ရက်တွင် Apple က မိတ်ဆက်ခဲ့သည်။

ပိုမိုတာရှည်ခံသော ဘက်ထရီနှင့် ပိုမိုမြန်ဆန်သော ပရိုဆက်ဆာတို့ ပါဝင်သည့် iPhone အသစ်များသည် “Retina HD” မျက်နှာပြင်နည်းပညာကို သုံးစွဲထားပြီး ယခင်မျိုးဆက် iPhone 5S ထက် မီလီမီတာဝက်နီးပါး ပိုမိုပါးလွှာသွားမည် ဖြစ်သည်။

နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားလိုဟု အေဗရာမိုဗစ်တောင်းဆို

Photo: နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားလိုဟု အေဗရာမိုဗစ်တောင်းဆို 
Wednesday, September 10, 2014

ရန်ကုန်၊ စက်တင်ဘာ ၈။ လာမည့် အောက်တိုဘာတွင် ဆူဇူကီးဖလား ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် ပြိုင်ပွဲမတိုင် မီ နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲခန့် ကစားလိုသည်ဟု မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အေဗရာမိုဗစ်က တောင်း ဆိုခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့် ဆူဇူကီးဖလားခြေစစ်ပွဲတွင် လာအို၊ ကမ္ဘောဒီးယား၊ တီမော၊ ဘရူနိုင်း စသည့် အသင်း များနှင့် ငါးသင်းပတ်လည် ကစား ရမည် ဖြစ်ပြီးအုပ်စုပထမနှင့် ဒုတိယနှစ်သင်း နောက်ဆုံး အဆင့်အုပ်စုပွဲသို့ တက်ရောက် နိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့အသင်းမှာ လက်ရှိ လူ အင်အားက အကောင်းဆုံး အနေအထား မှာ ရှိပါတယ်။ လာမယ့် ဆူဇူကီးဖလားမတိုင်ခင်မှာတော့ကစားသမား၃၅ ဦး လောက်ရွေးပြီး လေ့ကျင့်မှု ပြုလုပ်ချင်ပါ တယ်။ ဆူဇူကီးမတိုင်ခင် နိုင်ငံတကာ ခြေ စမ်းပွဲနှစ်ပွဲလောက် ကစားခွင့် ရချင်ပါတယ်။ ဒီခြေစမ်းပွဲမှာ ကစား သမားတွေရဲ့ အနေအထားကိုကြည့်ပြီး အပြီးသတ်ရွေးချယ်လို့ အဆင်ပြေမှာပါ”” ဟု အေဗရာမို ဗစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းမှာ ဖိလစ် ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲကို ဆူဇူကီး ခြေစစ်ပွဲအကြို ပြင်ဆင်မှု အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲမတိုင်မီတွင် ဂျေ-လိဂ်ကလပ် ဆီရီဇိုအိုဆာကာ၊ ဗီယက် နမ်လက်ရွေးစင်အသင်းများနှင့် ခြေစမ်းပွဲ များ ကစားခဲ့သည်။

Mizzima

ပုံစာ - မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို အသင်းခေါင်းဆောင် ခင်မောင်လွင်၊ တိုက်စစ်မှူး ကျော်ကိုကိုတို့နှင့်အတူ တွေ့ ရစဉ်။ ဓာတ်ပုံ - ရဲဟိန်း
ရန်ကုန်၊ စက်တင်ဘာ ၈။ လာမည့် အောက်တိုဘာတွင် ဆူဇူကီးဖလား ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် ပြိုင်ပွဲမတိုင် မီ နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲခန့် ကစားလိုသည်ဟု မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အေဗရာမိုဗစ်က တောင်း ဆိုခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့် ဆူဇူကီးဖလားခြေစစ်ပွဲတွင် လာအို၊ ကမ္ဘောဒီးယား၊ တီမော၊ ဘရူနိုင်း စသည့် အသင်း များနှင့် ငါးသင်းပတ်လည် ကစား ရမည် ဖြစ်ပြီးအုပ်စုပထမနှင့် ဒုတိယနှစ်သင်း နောက်ဆုံး အဆင့်အုပ်စုပွဲသို့ တက်ရောက် နိုင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် ၃၀တွင် ရေကြီးမှုများဖြစ်ပေါ်နေ

Thailand Flood 3

လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး

Photo: လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး
Wednesday, September 10, 2014

ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။

လည်ချောင်းနာခြင်းအတွက် အလွယ်တကူ အိမ်တွင်းကုထုံးများကို ပြုလုပ်ပေးနိုင်ကြပါတယ်။

၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါမည်။

၂။ လက်ဖက်ရည်(ရေနွေးကြမ်း)ခွက်ထဲကို ဂျင်း လက်မ၀က်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ်။

၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးပါ။

၎။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်ပါ။ ပလုတ်ကိုလည်း ကျင်းပေးပါ။

၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။ ကြက်စွပ်ပြုတ်သည် အာဟာရဓါတ်ပြည့်ဝသည့်အတွက် လည်ချောင်းနာခြင်းကို ပျောက်ကင်းစေရုံမက ခုခံအားကောင်းစေ၍ အခြားရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါသည်။

စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။

Ref: Sore Throat: Medline Plus

Credit to ကျန်းမာရေးသတင်းများ
ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။

လည်ချောင်းနာခြင်းအတွက် အလွယ်တကူ အိမ်တွင်းကုထုံးများကို ပြုလုပ်ပေးနိုင်ကြပါတယ်။

၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအား ကိုလည်း ကောင်းမွန်စေပါမည်။

ယခုနှစ်အတွင်း ပြည်တွင်း၌ လူကုန်ကူးခံရသူ ၁၅၃ ဦးအထိ ရှိလာပြီး တရုတ်နိုင်ငံသို့ အများဆုံး လူကုန်ကူးခံနေရကာ အဓမ္မလက်ထပ်ရန်စေခိုင်းမှု အများဆုံးဖြစ်

၂ဝ၁၄ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်အထိ ပြည်တွင်း၌ လူကုန်ကူးခံရသူဦးရေ ၁၅၃ ဦးအထိရှိလာပြီး တရုတ်နိုင်ငံသို့အများဆုံး လူကုန်ကူးခံရကာ လူကုန်ကူးခံရမှုများမှာ ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားနှိမ်နင်းရေးရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ စက်တင်ဘာ ၉ ရက်တွင် စုံစမ်းသိရသည်။ ထိုသို့ လူကုန်ကူးခံမှုများထဲတွင် အမျိုးသမီးများအား အဓမ္မလက်ထပ်ရန်စေခိုင်းမှုမှာ အများဆုံးဖြစ်ပြီး ၄၈ မှုအထိ ပါဝင်ခဲ့ကာ အဓမ္မခိုင်းစေမှု ၁၄ မှုနှင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု ၁ဝ မှုတို့ ပါဝင်လာခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ လူကုန်ကူးခံခဲ့ရသည့်သူများအနက်မှ မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး

နိုင်ငံခြားသား တိုက်ခိုက်ရေးသမား ၁၂၀၀၀ ကျော် ဆီးရီးယားတွင် ရောက်ရှိနေဟုဆို

foreign fighters 1

ဆီမီးဖိုင်နယ်တွင် မြန်မာယူ-၁၉နှင့် အိမ်ရှင်ဗီယက်နမ် တွေ့ဆုံ

၂၀၁၄ခုနှစ် အာဆီယံ ယူ-၁၉ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်များကို ယနေ့ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းက အင်ဒိုနီးရှားကို (၃)ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်အဖြစ် ဆီမီးတက်ရောက်နိုင်ခဲ့ကာ အခြားတစ်ဖက်တွင် အိမ်ရှင် ဗီယက်နမ်ကို ဂျပန်အသင်း (၂-၃)ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းအတွက် စက်တင်ဘာ(၁၁)ရက်နေ့တွင် ကစားမည့် ဆီမီးဖိုင်နယ်ပွဲစဉ်(၁)တွင် မြန်မာနှင့် ဗီယက်နမ်တို့ တွေ့ဆုံနေပြီး

သမ္မတဦးသိန်းစိန်နှင့် နယ်သာလန်ဘုရင် Willem Alexander တို့ ဟိဂ်မြို့၌ တွေ့ဆုံ

Photo: သမ္မတဦးသိန်းစိန်နှင့် နယ်သာလန်ဘုရင် Willem Alexander တို့ ဟိဂ်မြို့၌ တွေ့ဆုံ 
Wednesday, September 10 , 2014

ဥရောပသုံးနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသော သမ္မတဦးသိန်းစိန်နှင့် နယ်သာလန်နိုင်ငံဘုရင် King Willem Alexander တို့သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ Noordeinde နန်းတော်တွင် စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီက တွေ့ဆုံခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား ဖော်ပြချက်အရ သိရသည်။

သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံမှထွက်ခွာခဲ့ပြီး ဂျာမနီနိုင်ငံသို့ ဦးစွာသွားရောက်ခဲ့ပြီး ဂျာမနီသမ္မတ၊ ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ယင်းမှတစ်ဆင့် ဆွစ်ဇာလန်နိုင်ငံသမ္မတနှင့် တွေ့ဆုံကာ နယ်သာလန်နိုင်ငံသို့ ဆက်လက်ခရီးဆက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သမ္မတဦးသိန်းစိန်သည် နယ်သာလန်နိုင်ငံ မိဖုရားနှင့်လည်းကောင်း နယ်သာလန်နိုင်ငံ ပါလီမန်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် ပထမအကြိမ် ဥရောပခရီးစဉ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၈ ရက်ထိ နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အထိ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ 

Eleven
ဥရောပသုံးနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသော သမ္မတဦးသိန်းစိန်နှင့် နယ်သာလန်နိုင်ငံဘုရင် King Willem Alexander တို့သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ Noordeinde နန်းတော်တွင် စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီက တွေ့ဆုံခဲ့ကြောင်း မြန်မာ့ ရုပ်မြင်သံကြား ဖော်ပြချက်အရ သိရသည်။

မြန်မာ-အိန္ဒိယနယ်စပ်ဒေသ ပြည်တွင်းကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်ဟားခါးမြို့၏ အနောက်တောင်ဘက် ၄၄ မိုင်ခန့်အကွာကိုဗဟိုပြု၍ စက်တင်ဘာ ၉ ရက် ညနေ ၃ နာရီ ၅၉ မိနစ် ၄ စက္ကန့်က အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ မရှိသော်လည်း ငလျင်ကြောင့် နောက်ဆက်တွဲဆိုးကျိုး အနေဖြင့် မြေပြိုမှုများ၊ တောင်ပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားသည်။

“ငလျင်က အရမ်းကြီးတော့ မကြီးဘူး။ ဒါပေမဲ့ မြေပြို၊ တောင်ပြိုတာတွေဖြစ်မှာကို