Sunday, February 1, 2015

အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့ ငြိမ်းချမ်းရေးအ တွက် တွေ့ဆုံဆွေးနွေး


အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေးစာချုပ်အတွက် ဇန်န၀ါရီ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့်ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင် စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ‘၀’ပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော်(UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) (မိုင်းလားအဖွဲ့) မှ ကိုယ်စားလှယ်များသည် ဇန်န၀ါရီ ၃၀ ရက်တွင် တွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
‘‘အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ ကိစ္စပဲ သွားဆွေးနွေးတာ ပြန်မရောက်ကြသေးတော့ အသေးစိတ်မသိသေးဘူး’’ဟုကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့်ပြည်ထောင်စုနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးလိုကြောင်း ပြီးခဲ့သည့် လွတ်လပ်ရေးနေ့က တိုင်းရင်းသားများထံ ကမ်းလှမ်းခဲ့သည်။

၎ ပွင့်ဆိုင်ဆွေးနွေးပွဲ အချို့အချက်များ မပြေလည်၊ ဖေဖော်ဝါရီ ၃ ရက် ထပ်ဆွေးနွေးမည်





အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေ ဘက်က တင်ပြလာတဲ့ အချက် ၉ ချက်နဲ့ ပတ်သက်လို့ တချိ့အချက်တွေကို သဘောတူညီမှု မရရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ ဆက်လက်ဆွေးနွေး မှာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က မူလ ပြောဆိုထားတဲ့အချက် ၁၁ ချက်ထဲ မှာ မပါတာတွေ ထပ်မံတင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲမှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် မျိုးမင်းဦးက ပြောပါတယ်။
ကျောင်းသား ကိုယ်စားလှယ်တွေ ထပ်မံတင်သွင်းတဲ့ အချက် ၉ ချက်ထဲက ညီတူညီမျှ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာ သတင်းထုတ်ပြန်ရေး၊ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှု စတဲ့ အချက်တွေကို သဘောတူပေမယ့် နံပါတ် ၅ ဖြစ်တဲ့ လက်ရှိ ဖွဲ့စည်းထားတဲ့ ကျောင်းသား၊ ဆရာများ သမဂ္ဂတွေရဲ့ တရားဝင်မှုကို လေးစားစွာ အသိအမှတ်ပြုရမယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့နေရာမှာ သဘောတူညီမှု မရခဲ့ဘူးလို့ ဆိုပါတယ်။
နံပါတ် ၆ အချက်ဖြစ်တဲ့ ပညာရေး မူဝါဒ ဥပဒေ နည်းဥပဒေများ ရေးဆွဲရာမှာ ဆရာနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ရေးဆိုတဲ့အချက်ကိုလည်း ၀န်ကြီး ဦးအောင်မင်းတို့ဘက်က မူအရ သဘောတူခဲ့ပါတယ်။

KIA အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်မောင်း အပါအ၀င် ၄ ဦး ထိမှန်ဒဏ်ရာရရှိ






ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာ အ၀င်၌ ဇန်န၀ါရီ ၃၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ချိန်ခန့်တွင် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့၏ မိုင်းခွဲတိုက်ခိုက် မှုကြောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ယာဉ်ေ မာင်း စုစုပေါင်း ၄ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရ ရှိသည်။
အဆိုပါဖြစ်စဉ်မှာ တောင်းကော့ကျေးရွာနှင့် ကောင်ဆန်ကျေးရွာ လမ်းဆုံ အနီးရှိ စိန်လုံတောင်တန်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝန်းအတွင်းမှ မော်တော် ယာဉ် ၂ စီးဖြင့် ထွက်ခွာလာသော ရဲတပ်ဖွဲ့ဝင် များအား ယင်းကျေးရွာအ၀င်တွင် KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိရဲအရာရှိ တစ်ဦးထံမှ သိရသည်။

ရွှေမှော်အလုပ်သမား ၁၂၀ ကျော်အား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်



ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ မှော်ဒေသများတွင်လုပ်ကိုင်နေသော မှော် အလုပ်သမားများအား ဇန်နဝါရီ လ ၁၆ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် လာရောက် စုဆောင်းသွား ကြောင်း သိရ သည်။
“နယ်ကနေလာရောက်အလုပ်လုပ်ကိုင်သူများတယ်၊ ဒီဒေသမှာတော့ မှော် လုပ်ငန်း ၈ ခုလောက်ေ တာ့ရှိ တယ်။ ဒီမှော်တွင်းက ကျား/မ ၇၅ ယောက်ေ လာက်ခေါ် သွားတယ်”ဟု အောင်ဘာမှော်မှ အလုပ်သမား တစ်ဦးက ပြော သည်။

လူကုန်ကူးမှုတိုက်ဖျက်ရန် ထိုင်းအရပ်သားလက်နက်ကိုင်အဖွဲ့ ဖွဲ့စည်း




ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့မှာ လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းတွေအတွက် ကိုင်တွယ်ဖြေရှင်းဖို့ လက်နက်ကိုင် လုပ်အား ပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်အခြေစိုက် Trafficking in Person TIP အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
အာရှရဲ့ အစည်ကားဆုံး လူကုန်ကူးမှုလမ်းကြောင်းတွေထဲက တခုအပါ အ၀င်ဖြစ်တဲ့ တောင်ပိုင်းမှာ အစိုးရက ကင်းလှည့်ဖို့ အားထုတ်မှုတွေကို စိတ်ပျက်နေတဲ့ အရပ်သားတွေက ကိုယ်တိုင် လှုပ်ရှားနေတာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။
လူကုန်ကူးမှုပြဿ နာကို ဖြေရှင်းဖို့ ရွာသား အယောက် ၁၀၀ လောက် ပါတဲ့ အုပ်စုက တောင်ပိုင်းခရိုင်မှာ ကင်းလှည့်နေရပါတယ်။
လူသားချင်းစာနာမှု စိုးရိမ်ချက်တွေနဲ့ လုပ်နေတာ ဖြစ်ပေမယ့် လက်နက်ကိုင် လူမှောင်ခိုတွေနဲ့ ဆင်းရဲတဲ့ ဒုက္ခသည်တွေကြောင့် ရာဇဝတ်မှုတွေ တိုးလာပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း ထိခိုက်မှာကို စိုးရိမ်နေတယ်လို့ သူတို့က ပြောပါတယ်။

ဧက ၁၀၀ ကျော် ကျယ်ဝန်းသော သမိုင်းဝင် ကျိုက္ကဆံကွင်းကို အား/ကာ ၀န်ကြီး ဌာနမှတစ်ဆင့် စီးပွားဖြစ် အထပ်မြင့် အဆောက်အအုံ လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်မှု အလွှာအသီးသီးက ၀ိုင်းဝန်း ကန့်ကွက်



ဗိုလ်ချုပ်အောင်ဆန်း လူထုစည်းအဝေးပွဲ လုပ်ဖူးတဲ့ သိမ်ဖြူ အားကစားကွင်းကို ပုဂ္ဂလိက လက်ကိုအပ် စီးပွားဖြစ်ကွန်ဒို ပြောင်းလဲတည်ဆောက်ခွင့် ပေးပြီး တဲ့နောက် အခု ဧက ၁၀၀ ကျော် ကျယ်ဝန်းတဲ့ သမိုင်းဝင် ကျိုက္ကဆံကွင်းကြီးကို အားကစား ၀န်ကြီးဌာနက တစ်ဆင့် ပုဂ္ဂလိက ကုမ္ပဏီ အချို့က စီးပွားဖြစ် လုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ဖို့ စီစဉ်နေကြ ပြန်ပါတယ်။
ရန်ကုန်မှာ ပန်းခြံ ၆၃ ခု၊ ကစားကွင်း ၉၉ ခုလို့ ဆိုပေမယ့် စာရင်းအဖြစ်ပဲ ရှိနေပြီး တကယ် လောက်လောက်လားလား အပန်းဖြေနိုင်တဲ့ ပန်းခြံနဲ့က လက်နှစ်ဖက် မပြည့်ပါဘူး။

ပန်းခြံနဲ့ ကစားကွင်းတွေ ရှားပါးလာတဲ့ ရန်ကုန်မြို့မှာ ဧကကျယ်ကျယ်နဲ့ အများပြည်သူအတွက် နေရာလပ် ကျန်တာ ဆိုလို့ သမိုင်းဝင် ကျိုက္ကဆံကွင်း တစ်ခုပဲ ရှိပါတော့တယ်။ ကျန်တဲ့ မြေကွက်ကျယ်တွေကတော့ လုပ်ငန်းရှင်တွေက အုပ်ချုပ်သူ အဆက်ဆက်နဲ့ ပေါင်းပြီး အမွေခွဲသလို ခွဲယူထားလို့ မကျန် သလောက်ပါပဲ။ အခု တစ်ခုတည်းကျန်တဲ့ သမိုင်းဝင် ကွင်းကြီးကိုပါ စီးပွားဖြစ်လုပ်ဖို့ စီစဉ်နေတာပါ။

အများပြည်သူကိုလည်း ချပြမှု လုံးဝမရှိ၊ လွှတ်တော်ကိုလည်း လုံးဝ အသိမပေးဘဲ လုပ်မယ့် ကုမ္ပဏီက နိုင်ငံတော်သမ္မတထံကို လုပ်ကိုင်ခွင့်ပြုဖို့ အဆိုပြုလွှာတောင် တင်ထားပြီးပြီလို့ သိရပါတယ်။

ဒီပုံစံက ဘာနဲ့တူသလဲ ဆိုတော့ ခွင့်ပြုချက်ရပြီး လုပ်တော့မယ်ဆိုမှ ပြည်သူနဲ့ လွှတ်တော် သိခွင့်ရလိုက်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ခွင့်ရဖို့ လုပ်သွားတဲ့ပုံစံ၊ လက်သိပ်ထိုး ပုံစံနဲ့ အတူတူပါပဲ။

ဒေသထွက် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ဗိုလ်ချုပ်ရုပ်တု မတ္တရာမြို့တွင် စိုက်ထူမည်



မတ္တရာမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ဂုဏ်ပြုသည့်အနေဖြင့် ဒေသထွက် စကျင်ကျောက်သားဖြင့် ပထမဦးဆုံး ထုလုပ်ထားသော ဗိုလ်ချုပ်ေ အာင်ဆန်းရုပ်တု စိုက်ထူမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မတ္တရာမြို့နယ် စည်ပင်သာယာပိုင် ဗိုလ်တေဇပန်းခြံ၌ အပေါ်တစ်ပိုင်းပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရှိသော်လည်း ပျက်စီးယိုယွင်းနေပြီဖြစ်သည့်အတွက် တစ်ကိုယ်လုံးပါသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူရန်စီစဉ်နေကြောင်း မတ္တရာမြို့၊ ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် ကျင်းပရေးကော်မတီဝင်များက ပြောသည်။
‘‘မတ္တရာကိုယ်စားပြု ကိုယ့် ဒေသထွက် စကျင်ကျောက်နဲ့ ဗိုလ်ချုပ်ရုပ်တု ပထမဆုံး ထုလုပ်ပြီး ဂုဏ်ပြုတဲ့ သဘောပါ’’ဟု ကော်မတီမှ ပြန်ကြားရေးဥက္ကဋ္ဌ ဦးညီညီဦး ကပြောသည်။

ဘရာဇီးတွင် နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေရ






ဘရာဇီးနိုင်ငံရဲ့ နေရာအတော်များများမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေကြရပါတယ်။
မိုးခေါင်မှုကြောင့် ရီယိုဒီ ဂျနေရိုပြည်နယ်က လယ်သမားတွေဟာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေ၊ လယ်ယာသုံး တိရစ္ဆာန်တွေနဲ့ ကုန်ထုတ်လုပ်မှုတွေ အကြီးအကျယ် ဆုံးရှုံးနေကြပါတယ်။
ပြည်နယ်ကို ဖြတ်စီးနေတဲ့ မြစ်ဟာလည်း ပျမ်းမျှထက် ၁.၂ မီတာ မြစ်ရေ မျက်နှာပြင် ပိုနိမ့်ခဲ့လို့ နှစ် ၆၀ အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။

ဦးသန့်အရေးအခင်း ဓာတ်ပုံပြပွဲ အာဏာပိုင်များ တားမြစ်





ဓာတ်ပုံဆရာထိန်ဝင်းရဲ့ ၁၉၇၄ ခုနှစ်၊ ဦးသန့်အရေးအခင်းဓာတ်ပုံပြပွဲကို ပြပွဲလုပ်တော့မယ့် ရက်ကပ်မှ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြသခွင့် ပိတ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ ၅ ရက်အထိ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ Orchid ဟိုတယ်မှာ ပြသမယ့်ဓာတ်ပုံပြပွဲကို ဇန်န၀ါရီ ၃၁ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးရုံးက ပိတ်လိုက်တာလို့ ကာယကံရှင် ဓာတ်ပုံထိန်ဝင်းက ပြောပါတယ်။

သွေးမထွက်သည့် စစ်မြေပြင်ဖြစ်ရေး ဆင်နွှဲနေဟု ဗိုလ်ချုပ်ကြီး မူတူးပြော





လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲကို အခြေခံပြီး သွေးထွက်သံယို စစ်မြေပြင်ကနေ သွေးမထွက်တဲ့ စစ်မြေပြင်ကို ဆင်နွှဲနေတယ်လို့ ကေအန်ယူ ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့က တပ်မဟာ ၇ ဌာနချုပ်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ ကရင် အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေဖိုးက အခုလို ပြောကြားလိုက်တာပါ။
“ပြည်သူတွေဒုက္ခရောက်ကြတယ်၊ ဒုက္ခရောက်တယ်။ ကရင်တွေချည်းပဲ ရောက် တာမဟုတ်ဘူး၊ နှစ်ဖက်စ လုံးရောက်ကြ တယ်။ အဲ့တော့ တယောက် နဲ့ တေ ယာက် သတ်နေကြတော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ သွေးထွက်သံယို စစ်မြေပြင်ကနေ သွေးထွက် သံယိုမဟုတ်တဲ့ စစ်မြေပြင်ကို ပြောင်းသွားမယ်။”

အနာဂတ် ခရီးသည်တင် လေယာဉ်များတွင် မိနစ်အလိုက် အချက်ပြလှိုင်း ထုတ်လွှင့်သည့်စနစ် တပ်ဆင်ရန် ရည်ရွယ်



အနာဂတ်ကာလ၌ ခရီးသည်တင် လေယာဉ်များတွင် မိနစ်အလိုက် အချက်ပြ လှိုင်းများ ထုတ်လွှင့်ပေးနေသည့် စနစ်မျိုး တပ်ဆင်သွားဖွယ် ရှိနေကြောင်း သိရှိရသည်။
တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက် ပျံသန်းနေသည့် ခရီးသည်တင် လေယာဉ်များတွင် မိနစ်ပိုင်းမျှ သတ်မှတ်အချိန်တစ်ခု ကုန်ဆုံးသွားတိုင်း အချက်ပြလှိုင်းများ ထုတ် လွှင့်သော စနစ်မျိုးကို တပ်ဆင်လိုက်ခြင်းဖြင့် လေယာဉ်ပျက်ကျချိန်၌ ကယ် ဆယ်ရေးများက ပိုမိုလျင်မြန် လွယ်ကူစွာ ရှာဖွေနိုင်မည် ဖြစ်သည်။ အဆိုပါ စံနှုန်းသတ်မှတ်ချက် စည်းမျဉ်းသစ်ကို ယခုနှစ်ကုန်ပိုင်းခန့်တွင် အတည်ပြု ကျင့်သုံးနိုင်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီ တစ်ခုဖြစ်သည့် နိုင်ငံတကာ အရပ်ဘက်လေကြောင်း အဖွဲ့ကြီး (ICAO)က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်၊ မတ်လ ၈ ရက်က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်းစဉ် အကြောင်းရင်းမသိ ပျောက်ဆုံး သွားသည့် MH370 ခရီးသည်တင် လေယာဉ် သည် တစ်နှစ်နီးပါး ကြာလာသည်အထိ ပြန်လည် ရှာမတွေ့တော့ သည့်နောက် ယင်းကိစ္စကို အခြေခံကာ ယခုစနစ်သစ်ကို စဉ်းစားလာခြင်း ဖြစ်သည်။

ကချင်ဆရာမတွေ အသတ်ခံရမှု KIA တပ်ဖွဲ့ဝင်နဲ့ မပတ်သက်ဘူးလို့ ငြင်း



ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါး ကျေးရွာ ကချင် ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းမှာ ဇန်နဝါရီလ ၁၉ ရက်နေ့တုန်းက အဓမ္မ ပြုကျင့် အသတ်ခံ ခဲ့ရတဲ့ ကချင် လုပ်အားပေး ဆရာမတွေရဲ့ အမှုကိစ္စမှာ KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့က ဒုတပ်ကြပ်တဦး ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ သတင်းတွေ အင်တာနက် လူမှု ကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
အဲဒီ KIA ဒုတပ်ကြပ်ဟာ သေဆုံးသူ ဆရာမလေးတဦးနဲ့ ချစ်ကြိုက်နေသူ လို့လည်း ဖေါ်ပြထားပါတယ်။
ဒါပေမယ့် KIA ကတော့ ဒီကိစ္စဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လုံးဝ ပတ်သက်မှု မရှိဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။

ဖားကန့်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းရှေ့လမ်းမပေါ်၌ KIA အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲ



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းရှိ နန့်ယားကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ရှေ့လမ်းမပေါ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် မိုင်း ထောင်ဖောက် ခွဲမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးမှပြောသည်။
ဖြစ်စဉ်မှာဇန်န၀ါရီလ ၃၀ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းမုခ်ဝရှေ့လမ်းမ၊ နန့်ယားကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် တက်ရောက် ပညာ သင်ကြား နေသော ကျောင်းသူ/သား များ အသုံး ပြုနေသည့် လမ်းကြောင်းဖြစ်ပြီး စတုတ္ထတန်း ကျောင်းသူ (၁၀၀) ကျော် အချိန်ပို စာ သင်ကြားနေချိန်တွင် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရှိမှုမရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ပါ သည်။

တပ်နှင့် ကေအိုင်အေ အောက်ခြေအဆင့်ညှိနှိုင်းမှုများ ရပ်ဆိုင်းနေ



တပ်မတော်နှင့်ကချင် လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ကြားအောက်ခြေအဆင့်ညှိနှိုင်းမှုများ လွန်ခဲ့သည့်နှစ်လကျော်မှစ၍ လုံးဝရပ်ဆိုင်းသွားပြီး နည်းပညာအထောက်အကူပြုအဖွဲ့ များလည်း ဆွေးနွေး မှုမပြုဘဲ ရပ်နားနေကြကြောင်း က ချင်လွတ်မြောက်ရေး တပ်မတော် အလုပ် အဖွဲ့(KIA-TAT)မှ သ တင်းရရှိသည်။
ထို့ကြောင့် ဇန်န၀ါရီအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက် ညှိနှိုင်းဆွေးနွေးဖြေ လျှော့ခြင်းများ မပြုလုပ်နိုင်ခဲ့ဟုဆိုသည်။
‘‘အစိုးရဘက်က စစ်ရေးပြ ဿနာတွေကို စစ်ရေးလိုပဲ ဖြေ ရှင်းလိုတဲ့ သဘောတွေ့ရ တဲ့အ တွက် အောက်ခြေအဆင့် ဆက်ဆံ ရေးအားလုံးကို ရပ်ပစ်လိုက်တာ ပါ’’ဟု KIA-TATပြောရေးဆိုခွင့် ရပုဂ္ဂိုလ်ဦးဒေါင်ခါး ကပြောကြား သည်။
၂၀၁၄ ဧပြီက နှစ်ဖက်ကြား နည်းပညာအထောက်အကူပြုအ ဖွဲ့များရုံးဖွင့် လှစ်ေ ဆာင်ရွက်ပြီး နောက်ပိုင်း ထိတွေ့ တိုက်ပွဲများ သိသိသာသာ လျော့ ကျသွားခဲ့ သည်။ ထို့နောက် ထိတွေ့မှုအ သေးစားများ သုံး၊လေးကြိမ် ခန့် ဖြစ်ပွားခဲ့ ရာတွင် လည်း နှစ်ဖက်ညှိနှိုင်းထိန်းသိမ်းနိုင်ခဲ့သည်။ သို့ သော်နိုဝင်ဘာ ၁၉ရက်တွင် လိုင်ဇာရှိ ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းပေါ် လက်နက်ကြီးကျ ရောက်ခဲ့ပြီး အသေအပျောက်များ ဖြစ်ပေါ်ခဲ့ပြီးက တည်းက နှစ်ဖက် အောက်ခြေ ဆက်ဆံရေး များအ လုပ်မလုပ်နိုင်တော့ကြောင်း သိရ သည်။

ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းရန် အင်အား ၇၅၀၀ ပါ တပ်ဖွဲ့ကြီး ဖွဲ့စည်းမည်





ဘိုကိုဟာရမ်သူပုန်အဖွဲ့တွေကို နှိမ်နင်းရေးအတွက် နိုင်ငံပေါင်းစုံက ပူးပေါင် လုပ်ဆောင်ဖို့ အာဖရိကသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ကြိုဆို ထောက် ခံလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အီသီယိုးပီးယား နိုင်ငံရဲ့ မြို့တော် အဒစ် အဘာဘာမြို့ မနေ့က အခုလို ပြောကြား လိုက်တာပါ။
အာဖရိကသမဂ္ဂ (အေယူ) ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ဂျီးရီး ယား သူပုန်တွေကို နှိမ်နင်းတိုက်ခိုက် ဖို့အတွက် တပ်ဖွဲ့ဝင်ဦးရေ ၇၅၀၀ ပါတဲ့ ဒေသ တွင်း တပ်ကို ဖွဲ့စည်းဖို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။
လောလောဆယ် နိုင်ဂျီးရီးယားနဲ့ အိမ်နီးချင်းလေးနိုင်ငံ ဖြစ်တဲ့ ဘီနင်း၊ ကင်မရွန်း ချဒ်နဲ့ နိုက်ဂျာနိုင်ငံတို့က နိုင်ငံတကာတပ်ထဲမှာ ပါဝင်ဖို့ တပ်ဖွဲ့ တွေကို စေလွှတ်ရေး ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။

ကုန်လှေတစ်စင်း နစ်မြုပ်၊ တပ်မတော်(ရေ)မှ လှေလုပ်သားများအား ကယ်ဆယ်



တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အနီး ကလွင်မီးပြ၏ အနောက်မြောက်ဘက် ၂မိုင်ခန့်တွင် ကုန်လှေတစ်စင်း နစ်မြုပ်သွားကြောင်း သတင်းအရ ဇန်နဝါရီ ၂၄ရက် မွန်းလွဲ ၁နာရီ မိနစ် ၂ဝခန့်တွင် မြိတ်ဆိပ်ကမ်း၌ လုံခြုံရေးတာဝန် ထမ်းေ ဆာင်နေသော တပ်မတော်(ရေ)မှ စစ်သည်များက လှေနစ်မြုပ်ရာ နေရာသို့ သွားေ ရာက်၍ နစ်မြုပ် လှေပေါ်ပါ လှေသား ၁ဝဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ပုသိမ် သပိတ်မှောက်ကျောင်းသူကို ကျောင်းကဆင့်ခေါ်



သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ အထက်တန်းကျောင်းသူတဦးကို ပုသိမ် အထက (၁) ကျောင်းဆရာဆရာမတွေက ကျောင်းခေါ်ချိန်မပြည့်တဲ့အတွက် ကျောင်းကနေ ထုတ်ပစ်ဖို့ အိမ်မှာ လာရောက်ပြီး လက်မှတ်ထိုးခိုင်းတယ်လို့ မိဘဖြစ်သူက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရေး ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ် ၀င်တန်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသူမချောစုစံရဲ့အိမ်ကို ဆရာဆရာမ ၅ ဦးက လာရောက်ပြီး လက်မှတ် ထိုးခိုင်းတယ်လို့ ဖခင် ဦးအောင်ကျော်သူက ပြောပါတယ်။

“ချောစုစံကို ကျောင်းခေါ်ချိန်လည်း မပြည့်ဘူး၊ အဲဒါ တခါတည်း ကျောင်းထုတ် လိုက်မယ်တဲ့။ အိမ်မှာတင် လက်မှတ်ထိုးခိုင်းတယ်။ ဒါကို ကျနော် မထိုးပေးဘူး။ လက်မှတ်ထိုးတာ ကျနော့်သဘောတခုတည်းမဟုတ်ဘူး၊ သူ့အမေနဲ့ တိုင်ပင်ပြီးမှ ဒါကို ပြောလို့ရမယ်လို့ ပြောတယ်။ တယောက်တည်း သဘောထားနဲ့ လုပ်လို့မရ ဘူးလားလို့ ပြန်မေးသေးတယ်။ ဒါဆို ဆရာကြီးရုံးခန်းကို ဆက်ဆက်လာခဲ့ပါဆိုပြီး ပြောသွားတယ်။”

အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်တွေ့ဆုံမူ



အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်တွေ့ဆုံမူကတော့ နေ့လည်ထမင်းစားနား ချိန်ထိ အစိုးနှင့်ကျောင်းသား တွေကြားမှာကျောင်းသား သမဂ္ဂ စာလုံးအသုံးအနှုန်းအသိအမှတ်ပြုမူနဲ့ ပတ်သက်ပြီးပြေလည်မူမရရှိသေး ပါဘူး။
လက်ရှိအခြေအနေကတော့ အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်ပြီးဆွေးနွေး မူမပြုရသေးခင်မှာ ယနေ့ဆွေးနွေးပွဲ မစခင်ကျောင်းသားေ တွေ တာင်းဆို ထားတဲ့အချက် ကိုးချက်ကိုသာအရင်ဆွေးနွေး နေရခြင်းဖြစ်ပါတယ်။

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေ၍ ဂျပန်က မြန်မာလုပ်သား နှစ်ဆကျော်ခေါ်ယူ


ဂျပန်နိုင်ငံသည် တရုတ် နှင့်ဆက်ဆံရေး တင်းမာခဲ့ပြီး နောက် တရုတ် လုပ်သား အင်အား လျှော့ချခဲ့ပြီး မြန်မာလုပ်သားခေါ် ယူမှုမှာ ယခင်နှစ်ကထက် နှစ် ဆကျော် တိုးမြင့်လာသည်ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)မှ ဘဏ္ဍာ ရေးတာဝန်ခံဦးပီတာညွန့်မောင် က ပြောသည်။

ယခင်က လစဉ်လုပ်သား ၂၀ ဦးခန့် စေလွှတ်နေရာမှ ယခု နောက်ပိုင်းတွင် ၅၀ ကျော်အထိ စေလွှတ်ရမှုများ ရှိနေသည်ဟု ဂျပန်နိုင်ငံသို့ သီးသန့်လုပ်သား စေလွှတ်သည့် အေဂျင်စီများထံမှ သိရသည်။

‘‘ခေါ်ယူတာက သိသိသာ သာကို တက်လာတာပါ။ ထပ်ပြီး တော့လည်း လမ်းပန်း ဆက်သွယ် ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ အတွက် တိုးမြှင့်ခေါ်ယူမယ့် အ ခြေအနေရှိတယ်’’ ဟု ဦးပီတာ ညွန့်မောင်က ပြောသည်။

ဂျပန်နိုင်ငံသည် လာမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပ ရမည်ဖြစ် ယင်းပွဲကျင်းပနိုင်ရေး အားကစား ကွင်းနှင့် အဆောက်အအုံများ အ ချိန်မီ တည်ဆောက်ပြီးစီးနိုင်ရန် ဆောက်လုပ်ရေး လုပ်သားအင်အား လို အပ် ချက်မြင့်နေကြောင်း သတင်းရရှိသည်။

အမျိုးသားပညာရေး သပဒေ ပြင်ဆင်ရေး ၄ပွင့်ဆိုင် တွေ့ဆုံပွဲ

နေ့လည်စာ ထမ်ငးစားချိန် ရပ်နားလိုက်ပြီ။

ငြိမ်းချမးရေးအတွက် ၄နှစ်ကြာနေသလို PRE CONDITION ကိုးချက်ကို သဘောတူညီမှုရဖို့ လည်း ကြာမှာစိုးရိမ်တယ်လို့ ကျောင်းသားတွေပြော။
------------------------------------------------------------------
(နေ့လည် ၁၂း၃၀ နာရီ update)
NNER က နံပါတ်ငါး (သမဂ္ဂတွေ တရားဝင်မှု) နဲ့ပတ်သက်ပြီး ကျောင်းသားတွေဘက်က ထောက်ခံဆွေးနွေး။ သမဂ္ဂဆိုတာနဲ့ ပတ်သက်ပီးလူကြီးတွေက မကြောက်ကြဖို့ NNER တိုက်တွန်း။
သမဂ္ဂအပါအဝင် အဖွဲ့အစည်းများဖွဲ့စည်းခွင့်ကို လွှတ်တော်တင်ပေးမယ်၊ ပါမလာရင် ဦးအောင်မင်းကို ထွက်ခိုင်းလိုက်ဆိုပြီး ဦးအောင်မင်းပြော။
နံပါတ်(၄)အချက်ကို အားလုံးရဲ့သဘောတူညီချက်ရမှ ဆိုပြီးပြင်ဖို့ဆွေးနွေးခဲ့။
------------------------------------------------------------------

မန်ချက်စတာ ၂ သင်း နှင့် ရီးရဲမက်ဒရစ်စတားများ



မန်ချက်စတာစီးတီး အသင်းသည် ရီးရဲမက်ဒရစ်စတား ခရစ္စတီယာနိုရိုနယ်လ်ဒို ကသာ အင်္ဂလန် ပရီးမီးယားလိဂ် သို့ ပြန်လာရန်ဆုံးဖြတ်ခဲ့မယ်ဆိုရင် ရိုနယ်လ်ဒို ကို ကမ္ဘာ့ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်း ဖို့ အဆင်သင့်ဖြစ်နေ တယ် လို့သိရပါတယ်။ မန်စီးတီး အားကစား ဒါရိုက်တာ ဘီဂရီစတိန်း သည် ရီးရဲ စူပါ စတား ရိုနယ်လ်ဒို ရဲ့ အေးဂျင့် မန်ဒက်စ် နှင့် ပုံမှန် အဆက်အသွယ် ရှိနေတယ်လို့ The Sun သတင်းအရသိရပါတယ်။

ဝန်ကြီးဌာနများ၏ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် မညီသည့် သုံးစွဲခြင်း များကို နှစ်စဉ်တွေ့ရှိသော်လည်း အရေးယူဆောင်ရွက်မှု အားနည်းနေ၍ စာရင်း စစ်ချုပ်မှ တရားစွဲဆိုနိုင်သည့် ဥပဒေများပြဋ္ဌာန်းရန် လိုအပ်နေကြောင်း ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီ သုံးသပ်


ပြည်ထောင်စုစာရင်းစစ်ချုပ်အစီရင်ခံစာအရ ဝန်ကြီးဌာနများ၏ ဘဏ္ဍာရေး စည်း မျဉ်းစည်းကမ်းများနှင့် မညီသည့် သုံးစွဲခြင်းများကို နှစ်စဉ်တွေ့ရှိသော်လည်း အရေးယူဆောင်ရွက်မှု အားနည်းနေ၍ လိုက်နာမှုမရှိသကဲ့သို့ ဖြစ်နေသည့် အတွက် စာရင်းစစ်ချုပ် မှ တရားစွဲဆိုနိုင်သည့်ဥပဒေများ ပြဠာန်းရန် လိုအပ်ေ နကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ် ထားသည်။

ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် လွှတ်တော်ပေါ်ပေါက်ပြီး လေးနှစ် တာကာ လအတွင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် မညီသည့် သုံးစွဲခြင်းမျိုးကို နှစ်စဉ်တွေ့ရကြောင်း၊ ငွေကြေးများကို စုဆောင်း ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားခြင်းများကိုလည်း နှစ်စဉ်တွေ့ရကြောင်း၊ အရေးယူဆောင်ရွက်မှု အားနည်းသည့်အတွက် နှစ်စဉ် လိုက်နာမှုမရှိ သကဲ့ သို့ဖြစ်နေသည်ဟု ယူဆရကြောင်း၊ ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင် သင့်ကြောင်း သုံးသပ်ထားသည်။

အချို့ငွေကြေးများ ပြန်လည်ပေးသွင်းခြင်းမရှိသည်ကို စာရင်းစစ်ချုပ်ရုံးက တွေ့ရှိ သည့်အတွက် ပြန်လည်ပေးသွင်းစေကြောင်း၊ သို့ရာတွင် အရေးယူဆောင်ရွက်မှု မရှိသည့်အတွက် ပေးသွင်းရန် မလိုသကဲ့သို့ဖြစ်နေကြောင်း၊ ထို့အတွက် ပြည်သူ့ ဘဏ္ဍာများ ဆုံးရှုံးရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်လခန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်အလုံးရေ ၁၀၀၀၀ ကျော် ထပ်မံတွေ့ရှိ



ကချင်ပြည်နယ်အတွင်း တစ်လခန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်အလုံးရေ ၁၂၃၂၈ ကျော် တွေ့ရှိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
လက်ရှိအချိန်အထိ တရုတ်နိုင်ငံဘက်သို့ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်များကို လိုက်လံရှာဖွေ သိမ်းဆည်းနေရဆဲဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
တရုတ်နိုင်ငံသားများအနေဖြင့် ယင်းကဲ့သို့ သစ်ခိုးထုတ်မှုကို နှစ်စဉ် ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး စီမံကိန်းကြီးတစ်ခုသဖွယ် သစ်ထုတ်လုပ်သည့် လုပ်ငန်း သုံးပစ္စည်း အများအပြားဖြင့် လုပ်ကိုင်နေခြင်းလည်း ဖြစ်သည်။
သစ်ခိုးထုတ်နေသည့် တရုတ်နိုင်ငံသားများကို တပ်မတော်၏ ကင်းထောက်လှမ်း မှုမှ စတင်သိရှိခဲ့ရခြင်းဖြစ်ပြီး ဇန်နဝါရီ ၂ ရက် မှ ၃ဝ ရက်အထိ ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်းရှိ သစ်အလုံးရေ ၁၂၃၂၈ အထိ သိမ်းဆည်းနိုင်ခဲ့ပြီး ဆက် လက်ရှာဖွေရမည့် လမ်းကြောင်းများ ကျန်ရှိနေသည်ဟု မြစ်ကြီးနားသစ်တော ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
ဝိုင်းမော်မြို့အတွင်း သိမ်းဆည်းရမိသည့် သစ်များကို တိုင်းတာရန် မြစ်ကြီးနား သစ်စစ်ဆေးရေးဌာနသို့ ပေးပို့မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ပူးပေါင်းလေတပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း IS တပ်ဖွဲ့၏ ဓာတုလက်နက် ပါရဂူတစ်ဦး သေဆုံး



အမေရိကန် ဦးဆောင်သည့် ပူးပေါင်းလေတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့မှ ဓာတုလက်နက် ပါရဂူ တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဓာတုလက်နက် ပညာရှင်သည် တစ်ချိန်က အီရတ် အာဏာရှင် ဆက်ဒမ် ဟူစိန်ထံ အလုပ်လုပ်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး IS တပ်ဖွဲ့ အင်အား ကြီးထွား လာချိန် တွင် ဆက်သွယ် ပေါင်းစည်းမိခဲ့ခြင်းဟု အမေရိကန် စစ်ဘက်က ဇန်နဝါရီ ၃၀ တွင် ကြေညာခဲ့သည်။
မိုဆူးလ်မြို့အနီးတွင် ပြီးခဲ့သည့် သီတင်းပတ်က ဆင်နွှဲခဲ့သည့် လေကြောင်း ထိုးစစ် တစ်ရပ်၌ အဘူမာလစ်ခ် သေဆုံးသွားသည်ဟု မိမိတို့ အတည်ပြုချက် ပေးနိုင်ေ ကြာင်း အမေရိကန် စစ်ဘက်က ဆိုသည်။ မာလစ်ခ်သည် IS တပ်ဖွဲ့များကို ဓာတု လက်နက်များ ကိုင်တွယ် အသုံးပြုနိုင်စွမ်း ရှိလာအောင် လေ့ကျင့် သင်ကြားပေးေ နကြောင်း သိရသည်။

မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများ စတင်ပို့လွှတ်



မြန်မာ- တရုတ်ရေနံ စိမ်းပိုက်လိုင်းမှ ရေနံစိမ်းများကို ဇန်န၀ါရီ ၃၀ ရက်မှစတင်၍ တရားဝင်ပို့လွှတ်သည်။
၇၇၀ ကီလိုမီတာ (မိုင် ၄၈၀) ရှည်လျားသော ရေနံစိမ်းပိုက်လိုင်းသည် မဒေး ကျွန်းမှ တစ်ဆင့်တိုင်းနှင့် ပြည် နယ်လေးခုကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ပေးပို့မည်ဖြစ်သည်။
နှစ်စဉ်ရေနံစိမ်းတန်ချိန် ၂၂ သန်းပို့ဆောင်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနို င်ငံ၏ ပြည်တွင်းဒေသအချို့ကို ခွဲဝေ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း နိုင်ငံ ပိုင်သတင်း ဌာနက သတင်းထုတ် ပြန်သည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လေးပွင့် ဆိုင်ဆွေးနွေးနေ


ကျောင်းသားကိုယ်စားလှယ်များနှင့် အစိုးရ သဘောတူညီထားသည့်အတိုင်း အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁) ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ပြုလုပ်နေကြောင်းသိရသည်။ ယင်းလေးပွင့်ဆိုင်တွေ့ဆုံပွဲတွင် အစိုးရ ဘက်မှ သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်ခင်စန်းရီတို့ဦးဆောင်ပါဝင်ဆွေးနွေးလျက် ရှိသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်မှကိုယ်စားလှယ်များတက်ရောက်ပြီး NNER ဘက်မှ ဒေါက်တာသိန်းလွင် ဦးဆောင်သော အဖွဲ့နှင့် ကျောင်းသား ကိုယ်စားလှယ်ဘက်မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလျက်ရှိသည်။

သန်းခေါင်စာရင်းထုတ်ပြန်ရာတွင် တိုင်းရင်းသား ၁၃၅ မျိုးထက် ပိုများလာနိုင်

ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည်ဖြစ်ပြီး တိုင်းရင်း သားအရေအတွက် မူလရှိသည့် ၁၃၅ မျိုးထက်ပိုများလာရန်ရှိ ကြောင်း ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့် ကြိုင်က ပြောသည်။

ယခုနှစ်ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ်အစိုးရ ကြီးမှူးကျင်းပပေးမည်




လာမည့် ဗိုလ်ချုပ်မွေးနေ့တွင် ကလေးများနေ့ အခမ်းအနားကျင်းပရန် အစိုးရက ဇန်န၀ါရီ ၃၀ ရက်က ဆွေးနွေးနေစဉ် (ဓာတ်ပုံ − moi)

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ယခင်နှစ်များတွင် အစိုးရ ကကြီးမှူးကျင်းပလေ့မရှိသော်လည်း ယခုနှစ်တွင်နိုင်ငံအနှံ့၌ ကျင်းပပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ဒုတိယ​မြောက် ဂျပန်​ဓားစာခံ ကို ခေါင်း​ဖြတ်သတ်​တဲ့ ဗီ​ဒီ​ယို IS တွေ ထု​တ်ပြန်


အသက် ၄၇ နှစ် အရွယ် မစ္စတာ ဂိုတိုဟာ ထင်ရှားတဲ့ အလွတ် သတင်းစာ ဆရာ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လိုက်တုန်းက ဆီးရီးယား နိုင်ငံထဲမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ IS က သူတို့ ဖမ်းဆီး ထားတဲ့ ဂျပန် စာနယ်ဇင်း သမား ကင်ဂျီ ဂိုတို ကို ခေါင်းဖြတ် သတ်လိုက်တာ ကို ရိုက်ပြ ထားတာ လို့ ယူဆရ တဲ့ ဗီဒီယို ထုတ်ပြန် လိုက်ပါ တယ်။